လမ်းပြတိုက်ပွဲ
Vol. 6 Ch. 77
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
လူငယ်က ပြုံးပြီး လက်ခုပ်တီးလိုက်ပြန်သည်။
သိပ်မကြာခင်မှာဘဲ။
သူက ကျောင်းသားသစ်တွေကို လှည့်ကြည့်ပြီး "ညီအကို မောင်နှမတွေ ငါ့နာမည် မုန့်သုန်ပါ။ နိုင်ယန်းကျောင်းကနေ ကြိုဆိုပါတယ်။ မင်းတို့ကို ဒီနေရာမှာ ရပ်ခိုင်းလိုက်ရတာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် တော်တော်များများက အကြောင်းပြချက်ကို သိပြီးသားလို့ ယုံကြည်ပါတယ် “
သူပြောပြီးသည်နှင့် ကျောင်းသားသစ်များကြားတွင် ဆွေးနွေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း အများစုက စိတ်ရှုပ်ထွေးနေပုံ မပေါ်ချေ။
မုန့်သုန် ပြောခဲ့သလိုပဲ လူအများစုက လမ်းပြတိုက်ပွဲအကြောင်း သိထားပြီးသားပင်။
ဒါကိုမြင်တော့ မုန့်သုန်ရဲ့ မျက်နှာပေါ်က အပြုံးက ပွင့်လန်းလာပြီး " ကျောင်းရဲ့အစဉ်အလာကို ဖျောက်ဖျက်လို့က မရဘူး။ နှစ်စဉ် ကျောင်းသားသစ်တွေ ကျောင်းကို ဝင်လာတဲ့အခါ ကျောင်းသားကြီးတွေက သူတို့ရဲ့ ဂျူနီယာ ညီအကိုတွေ၊ ဂျူနီယာ ညီအစ်မတွေနဲ့ လေ့ကျင့်ဖို့ လူ ဆယ်ယောက်ကို လွှတ်ကြတယ်။ ဒီနှစ်တစ်ခုတည်းက ခြွင်းချက် မဟုတ်ဘူး။ ဒါက လမ်းပြတိုက်ပွဲပဲ”
"ပြီးတော့ လူတစ်ယောက်ကို လွှတ်လိုက်တိုင်း သက်ဆိုင်ရာ လောင်းကြေးငွေကို သတ်မှတ်ပေးထားမှာ၊ ဒီမှာ ဂျူနီယာ ညီအကိုတွေနဲ့ ညီအစ်မတွေက သူတို့ကို နိုင်သရွေ့လောင်းကြေးကို ယူနိုင်တယ်”
"အချိန် သုံးနာရီကန့်သတ်ထားတဲ့အတွင်း ဂျူနီယာ ညီအကိုမောင်နှမတွေက အဲ့ဒီဆယ်ယောက်ကို အနိုင်ယူနိုင်ရင် မင်းတို့ဘက်က အနိုင်ရတယ်။ မဟုတ်ရင် ငါတို့ဘက်က အနိုင်ရတာပဲ။ မင်းတို့ရှုံးရင် မြို့ပြင်မှာ ကျောက်အမြုတေရှာဖို့ သုံးရက်ကြာအောင် ကျောက်တူးသွားရမယ်”
မုန့်သုန် စကားဆုံးသွားချိန်မှာပဲ အလယ်အလတ် ကျောင်းသားသစ်တစ်ယောက်က " စီနီယာ အစ်ကိုမုန့်၊ အလှည့်ကျ တိုက်ခိုက်ရင်ရော အဆင်ပြေလား" ဟု အော်လိုက်သည်။
မုန့်သုန်က တည်ငြိမ်စွာ ပြုံးပြီး “ ရတယ်။ မင်း မတိုက်ချင်သေးသရွေ့ ဂျူနီယာ ညီအကိုတွေနဲ့ ညီအစ်မတွေကို ကြိုက်သလောက် လွှတ်လို့ရတယ်”
"ဒါပေမယ့် နောက်ထပ် စည်းမျဉ်းတစ်ခုရှိတယ်။ မင်းတို့က အဆောင်တွေနဲ့ ဆေးပြားတွေလို ပစ္စည်းတွေကို သုံးလို့မရဘူး။ လက်နက်ကတော့ ခြွင်းချက်ပေါ့”
လူအုပ်ကြီး၏ ဆွေးနွေးမှုများသည် ပို၍ ကျယ်လောင်လာသည်။
ကျောင်းသားသစ်များစွာသည် စိတ်အားထက်သန်သော အမူအရာများဖြင့် ၎င်းတို့၏ လက်ဖဝါးများကို ပွတ်သပ်ကြသည်။
၎င်းတို့သည် တစ်ဦးချင်းတိုက်ပွဲတွင် စီနီယာများ၏ ပြိုင်ဘက် ဖြစ်မလာနိုင်ပေ။
သို့သော် အချင်းချင်း စုတိုက်ကြမည်ဆိုလျှင် အောင်ပွဲခံရန် အခွင့်အလမ်းရှိသည်။
နောက်ဆုံးတွင် စီနီယာများက မည်မျှပင် သြဇာကြီးမားစေကာမူ သူတို့တွင် ဆယ်
ယောက်သာရှိပြီး ၎င်းတို့က စုစုပေါင်း(၂၀၀)ရှိသည်။
အချိုးက နှစ်ဆယ့်အချိုး တစ်ပင်။ စီနီယာများ၏ ခံနိုင်ရည်အား ကုန်ဆုံးတဲ့အချိန်ကျ အနိုင်ရဖို့ မခက်ခဲနိုင်တော့ပေ။
မုန့်သုန် အပါအဝင် စီနီယာကျောင်းသားအားလုံးသည် ကျောင်းသားသစ်များ၏ အမူအရာများကို မြင်သောအခါ သူတို့၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
လူအုပ်ထဲတွင် လင်းရှန်သည် သူ့အပေါ် မကောင်းသော အကြည့်နှစ်ခုကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ လှည့်
ကြည့်လိုက်တော့ ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်၏ အကြည့်တွေကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးသည် လင်းရှန်အား ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူ့တို့ကို လင်းရှန်က လှမ်းကြည့်နေတာကို တွေ့လိုက်တဲ့အခါမှာတော့ သူတို့မျက်နှာမှာ အေးစက်တဲ့အပြုံးတွေ ပေါ်လာသည်။
လင်းရှန်သည် မတုန်မလှုပ်ပေ။ သူက အေးအေးဆေးဆေးပဲ အဝေးကို ကြည့်ပြီး သူတို့ကို လျစ်လျူရှုလိုက်သည်။
တစ်ဖက်တွင်မူ မုန့်သုန်သည် စည်းကမ်းများကို ပြီးအောင်ရှင်းပြပြီးပြီဖြစ်သည်။ သူက လှည့်လိုက်ပြီး စီနီယာတွေကို ကြည့်လိုက်သည်။
"ဘယ်သူအရင်သွားချင်လဲ"
စီနီယာများက ရင်ပြင်ဘက်သို့ လှမ်းကြည့်ကြသည်။ အဲဒီမှာ လူဆယ်ယောက် ရပ်နေကြသည်။ ၎င်းတို့သည် လမ်းပြတိုက်ပွဲတွင် ပါဝင်ရန် ရွေးချယ်ထားသော အဝါရောင်အဆင့် တပည့်ဆယ်ယောက်ဖြစ်သည်။
ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့ပါ အပါ ဖြစ်သည်။
သို့သော် နှစ်ယောက်သားက ချက်ချင်းမလှုပ်ရှားကြပေ။ အဲဒီအစား အရပ်ပုပုနဲ့ သန်မာတဲ့ လူငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်သည်။
"ငါအရင်သွားမယ်”
ထိုလူငယ်သည် ရင်ပြင်၏ အလယ်ဗဟိုသို့ လျှောက်သွားကာ မတ်တပ်ရပ်ပြီး ကျောင်းသားသစ်များကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဂျူနီယာညီအကို ညီအမတွေ ငါ့နာမည် ချောင်းဟယ်ပါ ၊ ငါက အောက်အိမ်တော်ရဲ့ အဝါရောင်အဆင့် တပည့်ပါ။ လမ်းပြတိုက်ပွဲရဲ့ ပထမအချီတိုက်ပွဲကို ငါဦးဆောင်ပါရစေ”
သူစကားပြောနေစဉ်တွင် လက်ဖဝါးအရွယ်ရှိ အနက်ရောင်သံတုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
"လောင်းကြေးနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ ဘာမှ အရမ်းကောင်းတာတော့ မရှိပါဖူး။ ဒါပေမဲ့ ဒီအနက်ရောင်သံတုံး အလောင်းအစားအဖြစ် သုံးကြည့်ရအောင်နော် မုန့်သုန်”
နောက်ဆုံးစကားက မုန့်သုန်ကို တိုက်ရိုက်ပြောတာပင်။
မုန့်သုန်က ပြုံးပြီး ခေါင်းညိတ်သည်။
“လမ်းပြတိုက်ပွဲမှာ စီနီယာတွေက ဘယ်လောက်လောင်းကြေးထပ်မယ်ဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ မပါပေမယ့် အလောင်းအစားရဲ့ တန်ဖိုးက များသောအားဖြင့် ဝိညာဉ်ဒင်္ဂါး ၃သိန်းထက်တော့ မနည်းရဘူး။ ဒီအနက်ရောင်သံက အနည်းဆုံး (၂၀)ကီလိုဂရမ်ကနေ (၃၀)ကီလိုဂရမ်ထိ အလေးချိန်ရှိတာဆိုတော့ အနည်းဆုံးက ဝိညာဉ်ဒင်္ဂါး ငါးသိန်းပဲ။ လောင်းကြေးအနေနဲ့ သုံးဖို့က လုံလောက်တာထက် ပိုပါတယ်။"
မူလက ချောင်းဟယ်ရဲ့ သံချောင်းကို သိပ်ပြီး မတွေးတတ်တဲ့ ကျောင်းသားသစ်တွေက မုန့်သုန်ရဲ့ စကားကိုကြားတော့ ထိတ်လန့်သွားကြသည်။
ချောင်းဟယ်ရဲ့လက်ထဲက အနက်ရောင်သံတုံးကို ပြန်ကြည့်တဲ့အခါမှာတော့ သူတို့ရဲ့ အကြည့်တွေက စိတ်အားထက်သန်နေသည်။
ဝိညာဉ်ဒင်္ဂါးငါးသိန်း
မူလဆေးလုံး ခြောက်ပုလင်းကနေ ခုနစ်ပုလင်းလောက်ဝယ်ဖို့ လုံလောက်နေပြီပင်။
လင်းရှန်လည်း အနည်းငယ် အံ့သြသွားသည်။
ဒီစီနီယာကျောင်းသားတွေ ဒီလောက် ရက်ရောကြတာလား
သူသည် အလောင်းအစားအဖြစ် အနည်းဆုံး ဝိညာဉ်ဒင်္ဂါး ငါးသိန်းတန်သော အနက်
ရောင်သံတုံးကို ထုတ်ခဲ့သည်။
ပြီးတော့ ဒါက ကောင်းတဲ့အရာတွေ မဟုတ်ဘူးလား?
၎င်းကိုကြည့်ခြင်းအားဖြင့် နိုင်ယန်းကျောင်းမှ ပံ့ပိုးပေးသော အရင်းအမြစ်များသည် သူတို့မျှော်မှန်းထားသည်ထက် များစွာ ပိုပေါများသည်။
တန်ဖိုးမြင့်သော လောင်းကြေးကြောင့် ကျောင်းသားသစ်များသည် ပို၍ ဂနာမငြိမ်
ဖြစ်လာသည်။ မကြာခင်မှာပဲ တစ်စုံတစ်ယောက်က မတ်တပ်ရပ်လာသည်။
"ကျွန်တော် အရင်စလိုက်မယ်”
အနက်ရောင် မျက်ခုံးမွှေးထူထူနှင့် အရပ်ရှည်သော လူငယ်တစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။
"ဒါက ကျိုးဖေးကျို့ပဲ”
"ငါ သူ့ကို မှတ်မိတယ်။ သူက စာမေးပွဲရဲ့ ထိပ်တန်း (၃၀) ထဲမှာ ပါပုံရတယ်။"
"ဟုတ်တယ်။ သူက အဆင့်(၂၅)ပဲ။ သူ့ရဲ့ ကျင့်ကြံမှုက ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်မှာ ရှိနေတယ်။"
"ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်လား? သူပထမဆုံးတက်ဖို့ သတ္တိရှိတာ အံ့သြစရာမရှိပါဘူး။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပုံရတယ်။"
လူတိုင်း၏အကြည့်များအောက်တွင် ကျိုးဖေးကျို့သည် ရင်ပြင်၏ဗဟိုသို့ ရောက်လာပြီး မတ်တပ်ရပ်လိုက်သည်။ သူသည် ချင်းဟယ်၏ ဆယ်မီတာကျော် အကွာမှနေပြီး လက်ခုပ်တီးလိုက်သည်။
"ကျွန်တော်က ကျိုးဖေးကျို့ပါ။ တွေ့ရတာဝမ်းသာပါတယ် စီနီယာ အကို ချောင်း”
ချောင်းဟယ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာက ငြိမ်သက်နေ၏။
သူက ကျိုးဖေးကျို့ကို အလေးအနက်မထားဘူးဆိုတာ သိသာသည်။
ဒါကိုမြင်တော့ ကျိုးဖေးကျို့က ဒေါသထွက်သွားသည် ။ “အကိုကြီး၊ သတိထားပါ” ဟု ပြောလိုက်သည်။ ထို့နောက် သူက ချောင်းဟယ်ဆီသို့ ပြေးသွားလိုက်သည်။
ဝူး
ပူပြင်းသော အပူလှိုင်းသည် ရှေ့သို့ တိုးလာသည်။
ကျိုးဖေးကျို့သည် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်နဲ့အတူ ကောင်းကင်ကို ပြည့်လျှံနေသော လောင်မြိုက်သည့်
လှိုင်းလုံးများက သူ့ပြိုင်ဘက်ဆီသို့ ပြောင်ပြောင်မြောက်မြောက် ပြေးဝင်သွားသည်။
လူအုပ်ကြီးက ချက်ချင်းပင် အော်ကုန်ကြသည်။
ယန်ကျုံးရီက မျက်ခုံးပင့်ကာ အံ့ဩပြီးပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ကျိုးဖေးကျို့မှာ အထင်ကြီးစရာတွေ ရှိနေတာပဲ။ စာမေးပွဲမှာ သူက နေမီးတောက်လက်ဝါးကျွမ်းကျင်အဆင့်ပဲရှိတာ။ အခု သူက အထူးကျွမ်းကျင်အဆင့် ကို ရောက်နေပြီ။ ဒီကောင်လေးရဲ့ခွန်အားက ဒီလမှာ အများကြီး တိုးလာပုံပဲ”
စုနျန်ကခေါင်းညိတ်ကာ သဘောတူလိုင်သည်။
ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်တစ်ခု တိုးတက်လာသောအခါ အလုံးစုံသော
ခွန်အားပါ တိုးလာမည်ဖြစ်သည်။
ဥပမာအားဖြင့် သူ၏ နေမီးတောက်လက်ဝါးသည် ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့ပါက
သူ၏ စုစုပေါင်းခွန်အားသည် အနည်းဆုံး ၂၀ % တိုးလာမည်ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူ၏ ခွန်အားကို အကဲဖြတ်ရာတွင် ကိုယ်ခံပညာသည် အရေးကြီးဆုံးအချက်ဖြစ်သည်။
"စိတ်ညစ်လိုက်တာ။ ငါ့မှာ နောက်ထပ် တစ်လအချိန်ရရင်တောင် အနည်းဆုံး၈၀%လောက်ပဲ ရှိအုံးမှာ”
နေမီးတောက်လက်ဝါးကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိဖို့ အခွင့်အရေးက ….
စုနျန် အနည်းငယ် ဝမ်းနည်းသွားကာ လင်းရှန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။
တကယ်တော့ သူတို့ အခုမှ စတွေ့ပေမဲ့ လင်းရှန်ကို မေးချင်နေတာပင်။
လင်းရှန် အရည်အချင်းနဲ့ဆို တစ်လသာရှိသော်လည်း သူ၏ ခွန်အားသည် အလွန်တိုးတက်လာပေလိမ့်မည်။
သို့သော်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုနျန်က မမေးပေ။
ထိုအချိန်တွင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ကွင်းအတွင်း အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။ ချောင်းဟယ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေသော ကျိုးဖေးကျို့သည် ချောင်းဟယ် လက်သီးကြောင့် မထင်မှတ်ပဲ လွင့်ထွက်သွားပြီး လုံးဝမတိုက်ခိုက်နိုင်တော့ပေ။
ဘုန်း
ကျိုးဖေးကျို့သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး အကြိမ်အနည်းငယ် ညည်းနေသည်။ သူ့မျက်နှာက နီရဲလာသည်။
တစ်ဝက်က နာကျင်မှုကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ ရှက်တာကြောင့်ပင်။
သူသည် ခံ့ညားသည့်ပုံစံဖြင့် ကွင်းထဲသို့ ဝင်ရောက်လာခဲ့သော်လည်း နောက်ဆုံးတွင် ဒီလို ဝမ်းနည်းစရာအခြေအနေနဲ့ ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် လူအများ၏ အကြည့်အောက်တွင် သူတကယ်ရှက်ရွံ့နေခဲ့သည် ။
"မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ် ဂျူနီယာ”
ချောင်းဟယ်က ပြုံးပြီး လက်ခုပ်တီးလိုက်သည်။ ထို့နောက် လူအုပ်ကို ကြည့်လိုက်သည်။
"ဘယ် ဂျူနီယာညီအစ်ကို ဒါမှမဟုတ် ဂျူနီယာ ညီမက ငါ့ကို စိန်ခေါ်အုံးမလဲ”