← Chapters

ရိုက်ချက်တစ်ခု

Vol. 6 Ch. 79

ရိုက်ချက်တစ်ခု

Vol. 6 Ch. 79

သူတို့၏အကြည့်များသည် လင်းရှန်ဆီသို့ရောက်သွားပြီး စီနီယာများက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။

"အဲ့တာ လင်းရှန်လား?"

"သူကတော့ သိပ်ထူးခြားပုံတော့ မပေါ်ပါဘူး။"

"သူက ချီအသွင်ပြောင်းခြင်း နဝမအဆင့်မှာ ရှိနေပြီး နေမီးတောက်လက်ဝါးမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ ကြားတယ်”

"ဒါတင် မဟုတ်ဘူး၊ အငွေပျံကြိုးတွေအကြောင်း မင်းသိတယ်မဟုတ်လား ၊ လင်းရှန်က အငွေ့ပျံကြိုးတွေကိုတောင် နှိမ်နင်းနိုင်တဲ့ အသံလှိုင်း ကိုယ်ခံပညာနည်းစနစ်ကိုလည်း ကျွမ်းကျင်တယ်လို့ ငါကြားခဲ့တယ်”

"တကယ်လား? သူ့မှာ အဲ့လို ရှားပါး ကိုယ်ခံပညာတစ်ခုတောင် ရှိတယ်ပေါ့”

"ဒါဆိုလည်း ဘာဖြစ်လဲ။ ကိုယ်ခံပညာ တတ်မြောက်မှု အရဆိုရင် ငါတို့ထဲက တစ်ယောက်ယောက်ကလည်း အနည်းဆုံးတော့ သူနဲ့အတူတူလောက်ပဲလေ”

စီနီယာ ကျောင်းသားတော်တော်များများက နောက်ဆုံးစကားကို သဘောတူကြသည်။

စီနီယာ ကျောင်းသားများသည် ကျောင်းတွင် အနည်းဆုံး တစ်နှစ်ခန့် ကျင့်ကြံခဲ့သည်။

သူတို့၏ ကျင့်ကြံမှုအဆင့်သည် လင်းရှန်ထက် မမြင့်မားနိုင်သော်လည်း ကိုယ်ခံပညာ နည်းစနစ်များကို ဖြတ်ကျော်နိုင်မှုအရ ၎င်းတို့သည် သူ့ထက်နိမ့်ကျသည်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။

ချောင်းဟယ်လည်း ဒါကို တွေးမိသည်။

ဖန်းရှင်းယွမ်က လင်းရှန်ကို အနိုင်ကျင့်ပြီး စင်ပေါ်တက်ခိုင်းတာကို ချောင်းဟယ်က

သိပေမယ့် ဒါကို ဂရုမစိုက်ပေ။

ရိုးရိုးသားသားပြောရလျှင် ချောင်းဟယ်သည် ဩဇာကြီးမားသောမိသားစုမှ မဟုတ်သောနိုင်ယန်းကျောင်း၏သမိုင်းတွင် ပထမဆုံးထိပ်တန်းကျောင်းသားသစ် ဖြစ်သည့် လင်းရှန်ကိုတိုက်ခိုက်လိုသည်။

ချောင်းဟယ်သည် ထိပ်တိုက်တိုက်ပွဲတွင် လင်းရှန်ကို အနိုင်ယူနိုင်ခဲ့ပါက ကျောင်းတွင် သူ၏ဂုဏ်သတင်း တက်လာမည်မှာ သေချာသည်။

ထိုသို့သော အခွင့်အရေးကောင်းသည် ရှားသည်။

ထို့ကြောင့် ချောင်းဟယ်သည် လင်းရှန်ကို ချက်ချင်းကြည့်ကာ အသံထွက်လာသည်။ " ဂျူနီယာ ညီလေး လင်း၊ မင်းက ငါနဲ့ တိုက်ချင်လား"

ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

မျှော်လင့်ချက်က အရမ်းမြင့်နေပြီပင်။

လင်းရှန်သာ စင်ပေါ်မတက်ပါက သူရဲဘောကြောင်သူအဖြစ် တံဆိပ်ကပ်ခံရမှာ သေချာသည်။

ကျင့်ကြံသူက အားနည်းနေတာ ပြသနာမဟုတ်ချေ။ ကြိုးစားအားထုတ်ပြီး တိုးတက်အောင်လုပ်လို့ရသည်။

သို့သော် အတားအဆီးအားလုံးကို ကျော်လွှားပြီး သန်မာသူများကို အနိုင်ယူဖို့

မကြောက်မရွံ့သော နှလုံးသားမရှိပါက မည်မျှပင် အရည်အချင်းရှိပါစေ၊ သူ၏ နောက်ဆုံးအောင်မြင်မှုများသည် အကန့်အသတ်ရှိမည်မှာ သေချာသည်။

ကျင့်ကြံမှုလမ်းကြောင်းသည် အရည်အချင်းပေါ်တွင်သာ မူတည်သည်မဟုတ်ပေ။ စိတ်ဓာတ်သည်လည်း မရှိမဖြစ် အရေးပါသော အချက်တစ်ခု ဖြစ်သည်။

ထို့ပြင်...

ဖန်းရှင်းယွမ်သည် အဝေးမှ သစ်သား အဆောက်အအုံကို လှမ်းကြည့်လိုက်သည်။ တတိယထပ်ရှိ င်္စကြံလမ်းပေါ်တွင် ရုပ်ပုံအချို့ကို ယောင်ဝါးဝါးမြင်နိုင်သည်။

ယနေ့ လမ်းပြတိုက်ပွဲမှာ ကျောင်းသားသစ်များနှင့် စီနီယာများသာမက တက္ကသိုလ်မှအကြီးအကဲနှင့် ဆရာအများအပြားကလည်း ကျောင်းသားသစ်များ၏ စွမ်းဆောင်ရည်ကို အာရုံစိုက်နေကြသည်။

လင်းရှန်သည် တိုက်ရမှာ သို့မဟုတ် ရှုံးမှာကို ကြောက်နေလျှင် ကျောင်းအကြီးအကဲနှင့် ဆရာများ၏အမြင်တွင် ၎င်း၏တန်ဖိုး ကျဆင်းသွားမည်ဖြစ်သည်။

လင်းရှန်က သာမာန်နောက်ခံမှ တပည့်တစ်ဦးပင်၊။ အကယ်၍ သူသည် ကျောင်းအကြီးအကဲနှင့် ဆရာများ၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့ပါက နောင်တွင် ကျောင်း၌ ခက်ခဲသောအချိန်ကို ဖြတ်ကျော်ရလိမ့်မည်ပင်။

ဒါကိုတွေးပြီး ဖန်းရှင်းယွမ်ကပြုံးကာ လင်းရှန်ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။

"မင်း ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ချင်တယ်”

ယန်ကျုံးရီနဲ့ စုနျန်တို့သည်မျက်မှောင်ကြုတ်ကာ လင်းရှန်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

တစ်ဖက်တွင် လင်းရှန်သည် လူတိုင်း၏မျှော်လင့်ချက် သို့မဟုတ် ရယ်မောသော အကြည့်များကြားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

လင်းရှန်သည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး ရင်ပြင်အလယ်တွင် ရပ်နေလိုက်သည်။

"စီနီယာ အစ်ကို ချောင်း၊ တွေ့ရတာ ဝမ်းသာပါတယ်။"

"တွေ့ရတာဝမ်းသာပါတယ် ဂျူနီယာ ညီလေးလင်း”

ချောင်းဟယ်ရဲ့ မျက်လုံးတွေမှာ စိတ်လှုပ်ရှားမှုတွေ ပေါ်လာပြီး ပထမဆုံးအကြိမ် သူ့ခါးမှလက်နက်ကို ဆွဲထုတ်လိုက်သည်။

ချွန်ထက်သောဓားသည် နေရောင်အောက်တွင် တောက်ပသွားကာ လူတိုင်း၏ နှလုံးကို ခုန်တက်သွားစေသည်။

"ညီလေး လင်း၊ မင်း လက်နက် မသုံးဘူးလား"

"လက်နက်အမျိုးအစား ကိုယ်ခံပညာကို ကျွန်တော် ကျင့်ကြံမထားပါဘူး”

ချောင်းဟယ်က အံ့အားသင့်သွားပြီးနောက် သဘောပေါက်လာသည်။

လင်းရှန်သည် သြဇာကြီးသော မိသားစုမှမဟုတ်သောကြောင့် သူ့တွင် လက်နက်အမျိုးအစား ကိုယ်ခံပညာများ မရှိတာက အံ့သြစရာမဟုတ်ပေ။

ဒါတောင်မှ ချောင်းဟယ်က သူ့လက်နက်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပေ။

လမ်းပြတိုက်ပွဲသည် လက်နက်အသုံးပြုခြင်းကို တားမြစ်ထားခြင်းမရှိသည့်အပြင် သူသည် လက်နက်အမျိုးအစား ကိုယ်ခံပညာများကိုလည်း ကျင့်ကြံခဲ့သည်။

သူလက်နက်ကို သုံးတာက လင်းရှန် အပေါ် အခွင့်ကောင်းယူတာဟု မထင်မိပေ။

ထို့အပြင် လင်းရှန်သည် ထိပ်တန်းကျောင်းသားသစ်ဖြစ်သည်။ သူကဲ့သို့ပင် လင်းရှန်က ချီအသွင်ပြောင်းခြင်း၏ နဝမအဆင့်တွင် ရှိနေသည်။ သူ့ခွန်အားကို လျှော့တွက်လို့မရပေ။

သူ့လက်နက်ကို အသုံးမပြုသောကြောင့် လင်းရှန်းကို ရှုံးခဲ့ပါက သူအနေနဲ့ နောင်တရပေလိမ့်မည်။

ဒါက ချောင်းဟယ် စိတ်ထဲမှ တစ်ခုတည်းသော အတွေးပင်။

ရင်ပြင်၏ အလယ်ဗဟိုသည် လျှင်မြန်စွာ တိတ်ဆိတ်သွားသည်။ သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုမှာ မျက်နှာချင်းဆိုင်လိုက်ကြပြီး ပတ်ဝန်းကျင်လေထုသည်လည်း ငြိမ်သက်သွားပုံရသည်။

တစ်စုံတစ်ခု ပေါက်ကွဲတော့မည်ကို သတိပြုမိသကဲ့သို့ ကျောင်းသားသစ်များသည် အချင်းချင်း ဆွေးနွေးကုန်ကြသည်။

"ဘယ်သူအနိုင်ရမှာလဲလို့ ငါတွေးမိနေတယ်။"

"ပြောရခက်တယ်။ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က အတူတူပဲ။"

"စီနီယာအကိုချောင်းက အနိုင်ရဖို့ အခွင့်အလမ်း ပိုများတယ်။ ဘာပဲဖြစ်ဖြစ် သူ့မှာ လက်နက်ရဲ့ အားသာချက် ရှိပြီး သူ့ရဲ့ ကိုယ်ခံပညာ စွမ်းရည်တွေက အရမ်းမြင့်မားတယ်။"

" လင်းရှန်ရဲ့ ကိုယ်ခံပညာကလည်း အားမနည်းဘူးလေ”

"ပြောမနေနဲ့။ တိုက်ပွဲကိုကြည့်တာနဲ့ သိလိမ့်မယ်”

ဆွေးနွေးမှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်း အသက်ရှုကြပ်လာပြီး ရင်ပြင်အလယ်ဗဟိုကို စိုက်ကြည့်နေကြသည်။

ချောင်းဟယ်က စီနီယာကျတာကြောင့် လင်းရှန် ပထမဆုံး တိုက်ခိုက်တာကို စောင့်ချင်သော်လည်း လင်းရှန်က မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်ကို တွေ့လိုက်ရသဖြင့် ချောင်းဟယ်၏ သည်းခံနိုင်မှု ကုန်ဆုံးသွားခဲ့သည်။ သူသည် အော်လိုက်ပြီး ဓားကို ရှေ့သို့ ပိုင်းဖြတ်လိုက်သည်။

ရွှမ်

လေထုသည် တခဏချင်း လောင်ကျွမ်းသွားပုံရပြီး မီးတိမ်တိုက်နှင့်တူသော လေလှိုင်းကြီး ရုတ်တရက် ပေါ်လာသည်။ ချောင်းဟယ်၏ ဓားရှည်သည် ရှေ့သို့ လှိမ့်သွားသောအခါ ၎င်းသည် အစွမ်းထက်သော အရောင်အဝါဖြင့် လင်းရှန်ဆီသို့ ရွေ့လျားသွားသည်။

တောက်လောက်နေသော တိမ်တိုက်ဓားသွား

စာမေးပွဲကာလအတွင်း ယန်ရှင်းသည်လည်း ဤဓားသွားနည်းစနစ်ကို အသုံးပြုခဲ့သည်။

သို့သော်လည်း အရှိန်အဟုန်နှင့် စွမ်းအားအရဆိုလျှင် ယန်ရှင်းသည် ချောင်းဟယ်ထက် သိသိသာသာ နိမ့်ကျသည်။

ဓားတစ်ချက်ခုတ်ချိန်မှာပဲ တက်ရောက်သူတိုင်း၏ အမြင်အာရုံတွင် မီးတိမ်များနှင့် ပြည့်နှက်နေသည်ဟု ထင်ယောင်ထင်မှားရှိခဲ့ကြသည်။

စိတ်စွမ်းအား အားနည်းသော ကျောင်းသားသစ်များအဖို့ မီးအိုင်ထဲတွင် ရှိနေသည်ဟု ထင်မှတ်လုနီးပါးပင်။သူတိုသည် ချက်ချင်းပင် ဇောချွေးများ ပျံလာကြသည်။

မုန့်သုန်၏ မျက်လုံးများက တောက်ပလာသည်။

" အထူးကျွမ်းကျင်အဆင့်၊ ချောင်းဟယ်ရဲ့ တောက်လောင်နေသာ တိမ်တိုက်ဓားသွားက ထပ်ပြီး ကျော်ဖြတ်သွားပြန်ပြီ” သူက ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။

တောက်လောင်နေသော တိမ်တိုက် ဝိညာဉ်ဓားသွားသည် အလွန်ရက်စက်ကြမ်းကြုတ်သည်။ လက်နက်မဲ့ လင်းရှန်သည် ၎င်းကို လုံးဝ မကိုင်တွယ်နိုင်ပေ။

သနားစရာပင်။ ချောင်းဟယ် မဖြတ်ကျောနိုင်ခဲ့ရင်တောင် လင်းရှန်က အနိုင်ရဖို့ အခွင့်အရေးသေးသည်။

ဒါကိုတွေးရင်း မုန့်သုန်က လင်းရှန်ကို နောင်တရတဲ့အရိပ်အမြွက်နဲ့ ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် စီနီယာကျောင်းသားအများအပြားသည် ချောင်းဟယ်ဓားသွား၏ နက်နဲမှုကို တွေ့ရှိခဲ့ပြီး အံ့သြသွားခဲ့သည်။

ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့ကတော့ အလွန်ဝမ်းသာခဲ့ကြသည်။

သူတို့ကို လှုပ်ရှားဖို့ မလိုအပ်တော့ဘူးဟု ထင်ရသည်။ ချောင်းဟယ်ပင် သူ့ကို အနိုင်ယူနိုင်သည်။

ကိုယ်ချင်းစာမှု၊ နောင်တရမှု၊ ပူပန်မှု၊ ကြည်နူးမှု... သူ့ပတ်ဝန်းကျင်က အမျိုးမျိုးသောလူများစွာရဲ့ အကြည့်တွေအောက်မှာတော့ လင်းရှန်က ငြိမ်သက်နေသည်။ မီးတိမ်များ ချဉ်းကပ်လာသောအခါတွင် သူက ရိုက်ချလိုက်သည် ။

သာမန် လက်ဖဝါးနဲ့ ရိုက်ချတာသာဖြစ်ပြီး သူသည် မည်သည့် ကိုယ်ခံပညာနည်းစနစ်ကိုမျှ အသုံးမပြုခဲ့ပေ။ သို့သော်လည်း အားကြီးသော မီးတိမ်သည် သွယ်လျသော လက်ဖဝါးနှင့် တိုက်မိသောအခါ သံနံရံနှင့် တိုက်မိသကဲ့သို့ ချက်ချင်း ကွဲအက်သွားသသည်။

ကောင်းကင်မှာ ပြည့်နေတဲ့ မီးတိမ်တွေ ရုတ်တရက် ပျောက်ကွယ်သွားပြီး အေးစက်နေတဲ့ဓါးကို ရုတ်တရက် လက်နဲ့ ဆုပ်ကိုင်လိုက်သည် ။

ချောင်းဟယ်က ထိတ်လန့်တုန်လှုပ်သွားပြီး အားအင်တွေ အကုန်သုံးကာ ရုန်းပေမဲ့

ဓါးက ဘယ်လောက်ပဲ တုန်နေပါစေ ၊ အဲဒီလက်ဖဝါးကနေ မလွတ်မြောက်နိုင်ပေ။

"ဘာဖြစ်တာလဲ?"

ချောင်းဟယ်က ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုမှသာ လင်းရှန်၏ လက်ဖဝါးမျက်နှာပြင်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အင်အားအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို သူသိလိုက်ရသည်။

စွမ်းအင်အလွှာသည် အလွန်ပါးလွှာသော်လည်း သူ၏လက်ဖဝါးကို ခိုင်ခံ့စွာ

ကာကွယ်ထားသည်။ ဓားရှည်သည် မည်မျှ ထက်မြက်နေပါစေ ၊ သူ့လက်ဖဝါးကို လုံးဝမထိခိုက်နိုင်ပေ။

"ဝိညာဉ်ရေးရာ အနှစ်သာရ”

ချောင်းဟယ်၏ အမူအရာ ပြောင်းသွားသည်။

ချောင်းဟယ် အော်လိုက်တဲ့အခိုက်မှာတော့ လင်းရှန်က သူ့လက်ချောင်းတွေကို ရုတ်တရက် ဆုတ်လိုက်သည်။ နားထဲကို ထိုးဖောက်လာတဲ့အသံနဲ့အတူ သူသည် ဓားရှည်၏ အရှေ့ပိုင်းကို ဘောလုံးတစ်လုံးအဖြစ် လိမ်လိုက်သည်။

ချောင်းဟယ်မတုံ့ပြန်ခင်မှာ လင်းရှန်က သူ့ရင်ဘတ်ကို ထိလိုက်သည်။

တခဏချင်းမှာပဲ ချောင်းဟယ်သည် ကြိုးပြတ်နေတဲ့ စွန်တစ်ကောင်လို လွင့်သွားခဲ့သည်။

သူက ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်ခြင်းမပြုမီတွင် အသိစိတ်လွတ်သွားခဲ့သည်။

တိတ်ဆိတ်ကုန်၏

အားလုံးတိတ်ဆိတ်သွားကြသည်။

စီနီယာတွေရော ၊ ကျောင်းသားသစ်တွေပါ ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း အံဩသွားကြသည်။ ပါးစပ် အဟောင်းသား ဖြစ်ကုန်ပြီး အတော်ကြာတဲ့အထိ စကား မပြောနိုင်ကြပေ။

All Chapters