အရည်ပျော်ခြင်း - ထူးကဲသော ကိုယ်ခံပညာများ (၂)
Vol. 6 Ch. 82
"ဘာဖြစ်တာလဲ”
"ဒါက ကိုယ်ခံပညာတစ်ခုလား?နေမီးတောက် လက်ဝါးပဲလား”
"မဖြစ်နိုင်ဘူး၊ နေမီးတောက်လက်ဝါးက ဘယ်တုန်းက ဒီလောက် အစွမ်းထက်သွားတာလဲ။ ပြီးပြည့်စုံခြင်း အဆင့်တောင်မှ အဲ့လို
မလုပ်နိုင်ဘူး။"
"ဒီစွမ်းအားက ကြောက်စရာကောင်းလွန်းတယ်”
စီနီယာ ကျောင်းသား တော်တော်များများက အံ့အားသင့်သွားကြသည်။
ခွမ်းပေါင်၏ သံမဏိဓားသည် နိုင်ယန်းကျောင်း၏ ဖန်တီးမှုအဆောက်အအုံမှ ထုတ်ကုန်တစ်ခုဖြစ်သည်။ ၎င်းသည် ဆန်းကြယ်သော လက်နက်မဟုတ်သော်လည်း
ရာနှင့်ချီသော သန့်စင်ရေးလက်နက်အဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်း၏အရည်အသွေးသည် သာမန် စွမ်းအားမြင့် လက်နက်များထက် များစွာသာလွန် ကောင်းမွန်သည်။ နာရီဝက်ကျော်ကြာအောင် မီးရှို့ထားလျှင်တောင် နီရဲတာမျိုး မဖြစ်တဲ့အပြင် ပုံပျက်သွားတာမျိုးလည်း မဖြစ်ပေ။ တစ်ချက်တည်းနဲ့ လင်းရှန်က ဖျက်ဆီးပစ်ပြီး ပုံပျက်သွားလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ။
"ဒါက ဘာကိုယ်ခံပညာနည်းစနစ်လဲ သိလား"
"အဲဒါဘာလဲဆိုတာ ငါသိမယ်ထင်တယ်။ သူကအရည်ပျော်ခြင်းကို သုံးနေပုံရတယ်”
"အရည်ပျော်ခြင်းလား။ အရည်အသွေးဌာနမှာ အရည်အသွေး အမှတ်(၈)ခုလောက် တန်တဲ့အစွမ်းထက်တဲ့ ကိုယ်ခံပညာမလား”
“ဟုတ်လောက်တယ်။ အရည်ပျော်ခြင်းက လက်နက်အမျိုးအစားအားလုံးကို ဖျက်စီးနိုင်ပြီး သတ္တုကိုတောင် အရည်ပျော်စေနိုင်တယ်။ သာမန်လက်နက်တွေက အဲ့တာကို လုံးဝခံနိုင်ရည်မရှိဘူး”
" လင်းရှန်က ဒီလို အစွမ်းထက်တဲ့ ကိုယ်ခံပညာကို တကယ်ကျင့်ကြံထားမယ်လို့
မျှော်လင့်မထားဘူး”
"ငါသိသလောက်တော့ လင်းရှန်က စာမေးပွဲမှာ ကိုယ်ခံပညာသုံးခုကို သရုပ်ပြထားပြီးသား။ အရည်ပျော်ခြင်းနဲ့ပါဆို.. ဒီကောင်လေးက တကယ်ပဲ ကျောင်းသားသစ်လား။ ဒီလိုကိုယ်ခံပညာအများကြီးကို တစ်ချိန်တည်းမှာ ကျင့်ကြံဖို့ အချိန်နဲ့ စွမ်းအားတွေ ဘယ်လိုတောင်ရတာလဲ”
စီနီယာ ကျောင်းသားတွေ အားလုံး စိတ်ညစ်နေပုံရသည်။
ကျောင်းသို့ ဝင်ရောက်လာချိန်မှာ ကိုယ်ခံပညာသုံးခုကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်စွာ တတ်မြောက်နေသူများမှာ ထူးချွန်ပြီးသားသူများ ဖြစ်သည်။
သို့သော် လင်းရှန်သည် ၎င်းတို့လေးခုကို တစ်ချိန်တည်းတွင် ကျွမ်းကျင်လာခဲ့သည်။
ထို့အပြင် သူ၏ နေမီးတောင်လက်ဝါးသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပုံရသည်။
ဒါက ဝါးနိုင်တာထက် ပိုပြီး ကိုက်တယ်ဆိုတဲ့ နိယာမကို လုံးဝဆန့်ကျင်သွားသည်။
သူ အဲ့တာကို ဘယ်လိုလုပ်တာလဲ။
အံ့အားသင့်စွာ အော်ဟစ်သံများကြားတွင် ၎င်းတို့၏ ကိုယ်ခံပညာ ဖြတ်ကျော်မှုများက လင်းရှန်ထက် မမြင့်မားတာကြောင့် စီနီယာ ကျောင်းသားများက ကြည့်ပြီး ရှက်ရွံ့နေကြသည်။
ဖန်းရှင်းယွမ်သည် လင်းရှန်ကို ဒေါသတကြီး မျက်နှာအမူအရာဖြင့် စိုက်ကြည့်ကာ သူ့ခေါင်းထဲတွင် အံ့သြခြင်းများဖြင့် ပြည့်နေသည်။
"သူက အရည်ပျော်ခြင်းကို ဘယ်က ရတာလဲ။"
သို့သော် အအံ့ဩဆုံးဖြစ်နေသူမှာ ခွမ်းပေါင်ဖြစ်သည်။
သူသည် ပူလောင်နေသော လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့မျက်နှာက နာကျင် နေကာ လင်းရှန်ကိုဒေါသတကြီးနဲ့ စိုက်ကြည့်နေသည်။
"အရည်ပျော်ခြင်း..မင်း..."
ကံမကောင်းစွာပဲ လင်းရှန်သည် ခွမ်းပေါင်နဲ့ အချိန်ဖြုန်းဖို့ ရည်ရွယ်ချက် မရှိပေ။ သူသည် ရှေ့သို့တိုးပြီး ခွမ်းပေါင်ကို ထပ်မံတိုက်ခိုက်သည်။
ခွမ်းပေါင်သည် ထိတ်လန့်ကာ ဒေါသတကြီး ဖြစ်နေသော်လည်း တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ့ဘာသာ ထိန်းနိုင်ခဲ့သည်။
သူ့၏ သိုလှောင်ကျောက်စိမ်းပြားထဲက အပိုလက်နက်တစ်ခုကို ချက်ချင်းထုတ်လိုက်ပေမယ့် သူ့လက်မှာက ဒဏ်ရာရနေပြီပင်။
တောက်လောက်နေသော တိမ်တိုက်ဓား၏ စွမ်းအားသည် ယခင်စွမ်းအား၏ ထက်ဝက်မျှပင် မရှိတော့ပေ။
လက်နက်ကို အရည်ပျော်ခြင်းနဲ့ ထိန်းချုပ်ထားတာကြောင့် ခွမ်းပေါင်သည် လင်းရှန် ကို ထိပ်တိုက် မတိုက်ဝံ့ပေ။
ကန့်သတ်ချက်များကြောင့် ခွမ်းပေါင်မှာအခွင့်အရေးကို မရှိတော့ပေ။
အရိုက်ခံရတာကတော့ စိတ်မကောင်းဖြစ်ရတဲ့အထိပင်။
ဒီမြင်ကွင်းကိုမြင်တော့ အားလုံးတိတ်ဆိတ်သွားသည်။
မကြာသေးမီကတော့ ၎င်းတို့သည် လင်းရှန်အတွက် နောင်တရပြီး စာနာစိတ်များ ရှိနေခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ခွမ်းပေါင်နဲ့ တိုက်ပွဲမှာ အသာစီးရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
အခု ခွမ်းပေါင်က ရှုံးတော့မည်ပင်။
ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုကြောင့် ပရိသတ်များက ကမောက်ကမ ဖြစ်ခဲ့ရသည်။
ဝိုး..
အရိပ်၏ ပြီးပြည့်စုံခြင်းအဆင့် ခွန်အားအပြည့်အောက်တွင် လင်းရှန်သည် ခွမ်းပေါင် ပတ်ပတ်လည်တွင် အလင်းတန်းတစ်ခုလို လှည့်ပတ်နေပြီး တန်ပြန်တိုက်ခိုက်ဖို့ ပျာယာခတ်နေအောင် ဖိအားပေးနေသည်။
ခွမ်းပေါင်သည် အချိန်အတန်ကြာ ခုခံကာကွယ်ပြီးနောက် အမှားတစ်ခုကို ကျူးလွန်မိခဲ့သည်။ မှားယွင်းစွာ လှုပ်ရှားပြီးနောက် သွားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူ့လက်ထဲက ဓားရှည်ကို လမ်းရှန်က အနီရောင် သတ္တုဘောလုံးတစ်လုံးဖြစ်အောင် ထပ်မံ လှိမ်ချလိုက်ပြန်သည်။
ခွမ်းပေါင်၏ အမူအရာက ပြောင်းသွားသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူသည် လက်နက်အသစ်မထုတ်နိုင်မီ လင်းရှန်က လေပွေကဲ့သို့ လှုပ်ရှားနေပြီဖြစ်သည်။ သူက ခွမ်းပေါင်နောက်ကနေ ရုတ်တရက်
ရောက်လာပြီး သူ့နောက်ကျောကို ရိုက်ချလိုက်တယ်။
တခဏချင်းမှာပဲ လူတော်တော်များများ မျက်စိမှိတ်ထားရသည်။
အရည်ပျော်ခြင်းက အလွန်ပြင်းထန်သည်။ အသွေးအသားမပြောနဲ့ ၊ သံမဏိတွေတောင် အရည်ပျော်သွားနိုင်သည်။
မျှော်လင့်ထားသည့်အတိုင်း နောက်တစက္ကန့်တွင် အလွန်သနားစရာကောင်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ခွမ်းပေါင်သည် ရှေ့သို့ လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျလာသည်။
ကျောပေါ်ရှိအဝတ်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ အသားများက မီးလောင်ပြီး သွေးထွက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အဲ့တာက ကြေကွဲဖွယ်မြင်ကွင်းတစ်ခုလိုပင်။
လေထုထဲတွင် လောင်ကျွမ်းနေသော အနံ့အသက်ဆိုးတစ်ခုရှိသည်။
သူ့ဝိညာဉ်ရေးရာအနှစ်သာရနဲ့ ကာကွယ်ထားတာကြောင့် မဟုတ်ရင် ခွမ်းပေါင်အနေနဲ့ သူ့အသက်ကို သေချာပေါက် ဆုံးရှုံးလိမ့်မည်ပင်။
သို့သော်လည်း ခွမ်းပေါင်သည် ပြင်းထန်သော ဝေဒနာကြောင့် မူးမေ့လဲကျသွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေသည်။
ခွမ်းပေါင်က လင်းရှန်အပေါ် အနိုင်ရတာကို သူတို့မျက်လုံးနဲ့မြင်ရဖို့ မျှော်လင့်ထားမိတာကြောင့် အနီးနားက လူတွေက မောဟိုက်နေသည်။
လူအများက သူတို့ရှေ့က မြင်ကွင်းကို ကြောင်တက်တက်နဲ့ ကြည့်ရင်း
သူတို့ရဲ့ နှလုံးသားထဲမှာ မယုံကြည်နိုင်စရာတွေ ပြည့်နှက်နေသည်။
စီနီယာကျောင်းသားတွေ အားလုံး မှင်တက်သွားသည်။
လမ်းပြတိုက်ပွဲမှာ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် စီနီယာ ကျောင်းသားက အသစ်တစ်ဦးကို ရှုံးနိမ့်ခဲ့တာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
နိုင်ယန်းကျောင်း တည်ထောင်ပြီးနောက်ပိုင်း ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။
စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီးနောက် မုန့်သုန်သည် အိပ်မက်မှ နိုးလာပုံရသည်။ သူက လင်းရှန်ကို အံ့အားသင့်စွာ ကြည့်ပြီး ချက်ချင်း အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ဂျူနီယာ ညီလေးလင်းက ဒီအချီမှာ နိုင်သွားပြီ”
ဒီလိုနဲ့ သူသည် အရိုးအရည်ပါရှိသော ကြွေပုလင်းကို လင်းရှန်ဆီ ပစ်ချလိုက်သည်။
လင်းရှန်က အဲ့တာကိုယူကာ ဖယ်ထားလိုက်သည်။ ထို့နောက် သူသည် ဖန်းရှင်းယွမ်ကို ဘာမှမထူးခြားသလို ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ လူတိုင်းက ဖန်းရှင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
ရုတ်တရက် သူ့အပေါ် ဖိအားများ ကျရောက်လာသည်။
ယခု ခွမ်းပေါင်ရှုံးသွားပြီဆိုတော့ သူကသာ လင်းရှန်ကို တိုက်ခိုက်နိုင်သည့် စီနီယာကိုယ်စားလှယ်များထဲမှ တစ်ဦး ဖြစ်သည်။
အကယ်၍ သူရှုံးခဲ့ပါက ကျောင်းသားသစ်များသည် လမ်းပြတိုက်ပွဲတွင် အနိုင်ရမည်မှာ သေချာသည်။
ဒီလိုသာဆိုရင် ဒါက သတင်းအကြီးကြီးပင်။
အကြည့်အားလုံးကို မြင်လိုက်ရသောအခါ ဖန်းရှင်းယွမ်၏မျက်နှာက တုန်လှုပ်သွားပြီး နက်မှောင်သောအမူအရာဖြင့် ကွင်းအလယ်သို့ လျှောက်သွားသည်။
ဒီလုပ်ရပ်က လူတွေကို ချက်ချင်း လောင်မြိုက်သွားစေပြီး စိတ်လှုပ်ရှားတဲ့ အငွေ့အသက်တွေက သူတို့ကြားမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်။
"ဖန်းရှင်းယွမ်က နောက်ဆုံးတော့ လှုပ်ရှားပြီ”
"ဒါနောက်ဆုံးတိုက်ပွဲပဲ”
" ကျောင်းသားဟောင်းတွေကို ကျောင်းသားသစ်တွေက ဒီအတိုင်းအတာအထိ ဖိအားပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
"မတတ်နိုင်ဘူး၊ ဒီနှစ်ထဲမှာ လင်းရှန်ပေါ်လာမယ်ဆိုတာ ဘယ်သူမှ မသိကြဘူးလေ”
စီနီယာကျောင်းသားတွေက သက်ပြင်းချကြသည်။
ကျောင်းသားသစ်များသည် ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ကြပေ။
တစ်ခုတည်းသောတူညီချက်မှာ လူတိုင်းသည် ဤတိုက်ပွဲ၏အစကို စိတ်အားထက်သန်စွာမျှော်လင့်ရင်း ကွင်းလယ်ကို စိုက်ကြည့်နေကြတာပင်။
လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဖန်းရှင်းယွမ်သည် ကွင်းလယ်သို့ ရောက်လာပြီး ရပ်နေသည်။ မုန့်သုန်ပြောတာ မစောင့်ဘဲ သူက တစ်ပေခန့်ရှည်သော သစ်သားသေတ္တာကို ပစ်ချလိုက်သည်။
"အဲဒီထဲမှာ ရွှေရောင်မြှားပျံသုံးစင်း ရှိတယ်”
မုန့်သုန်က သေတ္တာကိုဖွင့်ပြီး ကြည့်လိုက်သည်။၊ သစ်သားသေတ္တာထဲမှာ သုံးပေရှည်တဲ့ ရွှေရောင်မြှားပျံတွေ ရှိနေသည်။ မြှားများ၏ မျက်နှာပြင်တွင် ထူထပ်သော မှော်စာများရေးထွင်းထားပြီး ၎င်းကို သတ္တုဒြပ်စင်ဖြင့် ထုလုပ်ထားသည်။
"ဟုတ်တယ်၊ ဒါက ရွှေရောင်မြှားပျံပဲ”
မုန့်သုန်၏မျက်လုံးများ တောက်ပလာပြီး အပြုံးနဲ့ ခေါင်းညိတ်လိုက်သည်။
"ရွှေရောင်မြှားပျံက တစ်ခါသုံးရတနာတစ်ခုဆိုပေမဲ့ သူ့စွမ်းအားက တုနှိုင်းမရဘူး။ မှန်ကန်စွာအသုံးပြုနိုင်ရင် ရွှေရောင်မြှားတစ်စင်းက ကြာရှည်စွာ အသက်ရှုခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူကို အလွယ်တကူ ဒဏ်ရာရစေနိုင်တယ်”
"ရွှေရောင်မြှားပျံ တစ်ခုကို စစ်မှန်သောကိုယ်ခံပညာစျေးဆိုင်မှာ ဝိညာဉ်ဒင်္ဂါး ၅သိန်းနဲ့ ရောင်းချတယ်။ ဒီမြှားသုံးစင်းက စုစုပေါင်း ဝိညာဉ်ဒင်္ဂါး ၁.၅သန်းတန်ဖိုးရှိတယ် ။ လောင်းကြေးအဖြစ် အသုံးပြုဖို့ လုံလောက်ပါတယ်”
ကျောင်းသားသစ်တွေက အံ့အားသင့်စွာ ပြောဆိုကုန်ကြသည်။
အထူးသဖြင့် သာမန်ကျောင်းသားတွေပင်။
အစကတော့ အနက်ရောင်သံတုံးက စျေးကြီးနေပြီဟု ထင်ကြသည်။
တစ်သန်းတန်သော အရိုးအရည် နှင့် ဝိညာဉ်ဒင်္ဂါး ၁.၅သန်းလောက်တန်ဖိုးရှိသော ရတနာကို တွေ့ကြရမည်ဟု မျှော်လင့်မထားပေ။
သူတို့အနေနဲ့ ဤမျှလောက် အဖိုးတန်သော ရတနာများစွာနှင့် တစ်ခါမျှ မထိတွေ့ဖူးပေ။
ဒီနေ့ သူတို့ အသစ်အဆန်းတစ်ခုကို သင်ယူခဲ့ရသည်။
လင်းရှန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ တစ်စုံတစ်ဦးက သူ့ကိုကြံစည်
နေတာကို သိသော်လည်း မဆိုင်းမတွ တိုက်ခိုက်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။
စီနီယာတွေ ယူလာသည့် လောင်းကြေးတွေက အားလုံးကောင်းသည်။
ဖန်းရှင်းယွမ်ကို အနိုင်ယူပြီးလျှင် ယနေ့ရရှိသော ပစ္စည်းများ၏ တန်ဖိုးသည် ဝိညာဉ်ဒင်္ဂါးသုံးသန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။
သူအရင်က ဒီလောက်များပြားတဲ့ ဝိညာဉ်ဒင်္ဂါးတွေကို မစုဆောင်းဖူးပေ။
သူတို့သည် သူ့ကို လက်ဆောင်များ ပေးနေသလိုပင်။
ဒါကိုတွေးပြီး လင်းရှန်က ဖန်းရှင်းယွမ်ကို နူးညံ့သိမ်မွေ့တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်သည်။
လင်းရှန်၏အကြည့်ကို သတိပြုမိလိုက်တာကြောင့် ဖန်းရှင်းယွမ်သည် ပို၍ပင် ဒေါသထွက်လာသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ကောက်ဝတ်ကို လှန်လိုက်သည်။ နှစ်ပေခန့်ရှည်သော နီညိုရောင် ဓားတစ်လက်က သူ့လက်ဖဝါးတွင် ပေါ်လာသည်။
ဖန်းရှင်းယွမ်က ဘာမှ မလှုပ်ရှားပေမဲ့ သူ့လက်ထဲက ဓားရှည်မှ စူးရှတောက်ပသောအနီရောင် အလင်းတန်းတစ်ခု ချက်ချင်း တောက်ပလာပြီး ဓား၏ အဖျားကနေ မီတာဝက်နီးပါး ကျယ်သော မီးလှိုင်းတွေ ထွက်လာသည်။
အနီရောင်အလင်းတန်းများ ထွက်လာသည်နှင့်အမျှ မီးလှိုင်းများ တဟုန်းဟုန်းတောက်လာသည်။ တောက်လောင်နေသော အရောင်အဝါသည် ရုတ်တရက် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်လေထု၏ အပူချိန်သည် ချက်ချင်း မြင့်တက်လာသည် ။
ရုတ်တရက် အပြောင်းအလဲက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။
"နေသုံးစင်းအဆောင်ဓား”
ယန်ကျုံးရီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဖန်းရှင်းယွမ်ကို စိုက်ကြည့်လိုက်သည်။
"အရှက်မရှိတဲ့ကောင်ပဲ၊ သူက တကယ်ကို မှော်လက်နက်ကို သုံးနေတာ။"
စုနျန်၏ အမူအရာလည်း ပြောင်းလဲသွားသည်။
အမည်အတိုင်းပဲ မှော်လက်နက်များသည် ရတနာအဆင့်သို့ဝင်ပြီးသား လက်နက်များနှင့်ကိရိယာများကို ရည်ညွှန်းတာ ဖြစ်သည်။ ၎င်းသည် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သာမန်လက်နက်များထက် များစွာသာလွန်သည်။
သင့်လျော်သော မှော်လက်နက်တစ်ခုသည် ကျင့်ကြံသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာတိုးမြင့်စေနိုင်သည်။
ပို၍အရေးကြီးသည်မှာ မှော်လက်နက်များသည် သာမာန်လက်နက်များကဲ့သို့ မပျက်စီးနိုင်ပေ။
အရည်ပျော်ခြင်းသည်ပင်လျှင် မှော်လက်နက်များကို အလွယ်တကူ မထိခိုက်စေနိုင်ပေ။
ဖန်းရှင်းယွမ်သည် လင်းရှန်၏အရည်ပျော်ခြင်းကို တန်ပြန်တိုက်ခိုက်ရန်
မှော်လက်နက်ကို ထုတ်ယူလိုက်သည်။