တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ ၊ ကြောက်စရာကောင်းသော အလားအလာ (၁)
Vol. 6 Ch. 83
"နေသုံးစင်း အဆောင်ဓား "
"ဖန်းရှင်းယွမ်က တကယ်မိုက်တာပဲ၊ သူက မှော်လက်နက်ကို ဘယ်ကရခဲ့တာလဲ။"
"အဲဒါတော့ မဟုတ်သေးဘူး။ နေသုံးစင်း ဓားသွားက အရည်အသွေး ၁၀ မှတ် ပေးရတယ်။ ဖန်းရှင်းယွမ် အရည်အသွေး ရမှတ်တွေ ဘယ်ကရတာလဲ။ ကျင်ကြံမှု အရင်းအမြစ်တွေကို လဲလှယ်ဖို့ မလိုဘူးလား"
"မင်း ဘယ်လိုထင်လဲ၊ ဖန်းရှင်းယွမ်ကို ငွေကြေးထောက်ပံ့နေတာက ဘယ်သူလဲ ၊စဉ်းစားကြည့်" စီနီယာ ကျောင်းသားများက တက်ကြွစွာ ဆွေးနွေးကြသည်။
လူတော်တော်များများက မနာလိုတဲ့ ပုံစံတွေတောင် ရှိနေကြသည်။
အဲလို လက်နက်ကို တပ်ဆင်နိုင်ဖို့တ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြသူ အများအပြား၏ စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်တစ်ခုဖြစ်သည်။
သို့သော် မှော်လက်နက် ရဖို့က မလွယ်ကူတဲ့အပြင် အများစုသည် အဓိကဂိုဏ်းကြီးသုံးခု၏လက်ထဲတွင် ရှိနေသည်။ ဈေးကွက်ထဲမှာ တောင် တစ်ခါမှ မရောင်းချေ။ စစ်မှန်သော ကိုယ်ခံပညာဆိုင်တွေမှာတောင် မရောင်းချေ။
ဝိညာဉ်ဒင်္ဂါးပြား မည်မျှပင်ကုန်စေကာမူ မှော်လက်နက်ကို အလွယ်တကူ မဝယ်နိုင်ပေ။
မှော်လက်နက်တစ်ခုရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းတို့၏ဆက်နွယ်နေသော ကျောင်းများ အပါအဝင် အဓိကဂိုဏ်းကြီးသုံးခုသို့ ဝင်ရောက်ရန်ဖြစ်သည်။
ဥပမာအားဖြင့် နိုင်ယန်းကျောင်း၏ အရည်အသွေးဌာနတွင် လဲလှယ်နိုင်သော
မှော်လက်နက်တစ်ခုဖြစ်သည့် နေသုံးစင်း အဆောင်ဓားသွား ရှိသည်။
သို့သော် လဲလှယ်မှုအခြေအနေက အလွန်မြင့်မားခဲ့သည်။ အဝါရောင်အဆင့်ရှိသော တပည့်အနည်းငယ်မျှသာ နေကိုးစင်း အဆောင်ဓားကို လဲလှယ်ရန် လုံလောက်သော အရည်အသွေးအမှတ်များကို စုဆောင်းနိုင်သည်။
ဖန်းရှင်းယွမ်ကတော့ သူတို့ထဲက တစ်ယောက်မှ မဟုတ်ချေ။
အဲဒီအခါမှာ သူ့ရဲ့ နေကိုးစင်းဓားသွားက ဘယ်ကလာတယ်ဆိုတာ သိသာသည်။
"ယန် ညီအကိုတွေက တကယ်ကို အားထုတ်နေကြတာပဲ”
မလှမ်းမကမ်းတွင် လှောင်ပြောင်နေသော ရွှယ်ဖုန်က ယန်ရှင်းကို ပြုံးကာ ကြည့်
နေသည်။
ယန်ရှင်း၏ယခင်တုံ့ပြန်မှုအရ ယန်ညီအစ်ကိုများသည် လင်းရှန် ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်သွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိခဲ့ကြပေ။
ထိုသို့သောအခြေအနေအောက်တွင် ၎င်းတို့သည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် တပည့်နှစ်ယောက်ဖြစ်သည့် ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့ကို စေလွှတ်ခဲ့တာ ဖြစ်သည်။ သူတို့သည် ဖန်းရှင်းယွမ်အား မှော်လက်နက်ကို ပေးခဲ့သည်။ သူတို့သည် လင်းရှန်အပေါ်အကုန်အကျခံကာ ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့ကြသည်
ဒါပေမယ့်လည်း ခွမ်းပေါင် ရှုံးပြီးကတည်းက သူတို့အရမ်းသတိထားနေတာကြောင့် လင်းရှန်ကို ဖိနှိပ်ဖို့ သူတို့ရဲ့အကြံအစည်က လုံး၀ မအောင်မြင်နိုင်တော့ပေ။
ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့ရဲ့ အားသာချက်တွေက အတူတူပင်။ သူတို့နှစ်ဦးစလုံးသည် ကြာရှည်စွာ အသက်ရှုခြင်း ပထမအဆင့်တွင်ရှိခဲ့ကြသည်။
ခွမ်းပေါင်သည် လင်းရှန်ကို ရှုံးနိမ့်ခဲ့ပြီး ဖန်းရှင်းယွမ်သည်လည်း ထိုထက် ပိုတော်မည်မဟုတ်ပေ။
လင်းရှန်က ဒီလောက်တောင် သန်မာမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူသည် ကြာရှည်စွာအသက်ရှုခြင်း အဆင့်သို့ တက်လှမ်းခဲ့ရုံသာမက အရည်ပျော်ခြင်းကဲ့သို့ အစွမ်းထက်သည့် ကိုယ်ခံပညာကိုလည်း ကျင့်ကြံခဲ့သည်။
"ကံမကောင်းစွာနဲ့ပဲ အရည်ပျော်ခြင်းရဲ့ အကြီးမားဆုံး အားသာချက်က နေသုံးစင်း အဆောင်ဓားနဲ့ကျ ကြာရှည် မခံတော့ဘူး။ တကယ်က လင်းရှန်မှာ အားနည်းချက်
ရှိနေပြီ။ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကျင့်ကြံသူအတွက် မှော်လက်နက်ကို ယူဆောင်လာနိုင်တဲ့ အားသာချက်က အရမ်းကြီးတယ်။"
ရွှယ်ဖုန်က သက်ပြင်းချလိုက်သည်။
ချုန်ယန်ဟယ်က မျက်မှောင်ကြုတ်ပြီး ပါးစပ် အဟောင်းသားဖြစ်နေပေမဲ့ အဆုံးမှာတော့ သူ ဘာမှ ပြန်မပြောနိုင်ပေ။
သြဇာကြီးသော မိသားစု၏ တပည့်တစ်ဦးအနေဖြင့် သူသည် အခြားသူများထက် မှော်လက်နက်များ၏ စွမ်းအားကို ကောင်းစွာသိသည်။
လင်းရှန်သည် တိုက်ပွဲတွင် မရှုံးနိုင်သော်လည်း လက်ထဲတွင် နေသုံးစင်း အဆောင်ဓားကို ကိုင်ဆောင်ထားသော ဖန်းရှင်းယွမ်နဲ့ ရင်ဆိုင်ရတာကြောင့် အနိုင်ရရန်အခွင့်အရေး အလွန်နည်းပါးသွားခဲ့သည်။
ဒီပြိုင်ပွဲက လင်းရှန်အတွက် မကောင်းပေ။
လူအုပ်ထဲမှာတော့ ကျောက်ရွှမ်ရင်သည် ဖန်းရှင်းယွမ်၏လက်ထဲမှ နေသုံးစင်းအဆောင်ဓားကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
နေသုံးစင်းအဆောင်ဓားကို လက်ထဲတွင်ကိုင်ထားသဖြင့် ဖန်းရှင်းယွမ်သည် ပို၍ယုံကြည်မှုရှိလာသည်။ ဘေးပတ်ဝန်းကျင်မှ အာမေဋိတ်သံများကို ကြားလိုက်ရသောအခါတွင် သူက အပြုံးမပျက်ပေ။
"မင်းမှာ အရည်ပျော်ခြင်း ရှိနေရင်ရော ဘာဖြစ်လဲ ။ ငါ့ရဲ့ နေသုံးစင်း အဆောင်ဓားကို ဖျက်ဆီးနိုင်မယ်လို့ ငါမယုံဘူး။"
ကျယ်လောင်သော ရယ်မောသံနှင့်အတူ ဖန်းရှင်းယွမ်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲက ဓားရှည်နဲ့ ခုတ်ချလိုက်သည်။
တခဏချင်းမှာပဲ ဓါးပေါ်က အလင်းတန်းအနီက ပေါက်ကွဲသွားသည်။ ၎င်းသည် ချက်ချင်းပင် ခုနစ်မီတာမှ ရှစ်မီတာအကွာအဝေးကို ဖုံးလွှမ်းသွားပြီး လင်းရှန်ဆီသို့ ဖြတ်သန်းသွားမည့် အပူလှိုင်းအဖြစ် ပြောင်းလဲသွားသည်။
လင်းရှန်ကို တိုက်ခိုက်သည့် အပူလှိုင်းတွင် သူ့ရင်ဘတ်ကို ဖိနှိပ်ထားသည့် နေသုံးစင်းအဆောင်ဓား၏ ထက်မြက်မှုမှာလည်း ပါနေသည်။
ချွန်ထက်ပြီး တိုတောင်းသော ဓားတစ်လက် အသံသည် လေထဲတွင် ထွက်ပေါ်လာသည်။
လင်းရှန်၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ အော်လိုက်သည်။ တဟုန်ထိုးထွက်နေသော အသံလှိုင်းများသည် လေထုကို ပုံပျက်သွားစေပြီး မျက်စိဖြင့် မြင်နိုင်သော ခြေရာလက်ရာများ ပေါ်လာသည်။ ကမ်းစပ်ကို ရိုက်ခတ်လာလာသော လှိုင်းလုံးများကဲ့သို့ ဝင်လာသော အပူလှိုင်းများကို ၎င်းတို့က တိုက်ချလိုက်သည် ။
ဘုန်း
အပူလှိုင်းနှင့် အသံလှိုင်းတို့သည် တိုက်မိကာကွဲအက်ကုန်ပြီး ပြင်းထန်သော လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖန်းရှင်းယွမ်၏ ဓားသည် လေကို ဖြတ်ကျော်သွားပြန်သည် ။
အေးစက်သောဓားဖျားသည် လင်းရှန်ကို ထပ်မံတိုက်ခိုက်ပြန်သည်။
လင်းရှန်က နောက်ဆုတ်သွားမည့်အစား ရှေ့ကို တိုးလာသည်။ သူက လက်ကိုဆန့်ပြီး ဝင်လာသောဓားအစွန်းကို လှမ်းကိုင်လိုက်သည်။
ရွှမ်
အနီရောင်ပူပြင်းတဲ့ သံတုံးတစ်တုံးက ရေထဲကျသွားသလိုပင် နေသုံးစင်းအဆောင်ဓားသည် ချက်ချင်းဆိုသလို ရှဲကနဲ မြည်လာပြီး ဓားက မီးခိုးဖြူတွေ ရုတ်တရက် ထွက်လာသည်။
ဖန်းရှင်းယွမ်က ဒါကိုမြင်တော့ အံ့ဩသွားသည်။ သူက အမြန်ပြန်ဆုတ်လိုက်ပြီး သူ့လက်ထဲက အဆောင်ဓားရှည်ကို ကြည့်လိုက်သည်။
သက်သာရာရတာက ဓားပေါ်တွင် လက်ချောင်းရာအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ဓားက ပျက်စီးမသွားဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရေးရာအနှစ်သာရဖြင့် အားဖြည့်လိုက်ရင် ပြန်လည်ကောင်းမွန်လာနိုင်သည်။
"ဒါကို မင်းမြင်လား? မင်းရဲ့ အရည်ပျော်ခြင်းက နေသုံးစင်း အဆောင်ဓားကို ဖျက်ဆီးလို့မရဘူး”
ဖန်းရှင်းယွမ်၏အမူအရာမှာ ပို၍ပင် ကျေနပ်လာသည်။ သူက ကျယ်လောင်စွာ ရယ်မောကာ ရှေ့သို့ တိုးသွားပြန်သည်။ သူ့လက်ထဲက ဓားရှည်နဲ့ လင်းရှန်ကို ခုတ်လိုက်ပြန်သည်။
လင်းရှန်က ပါးစပ်အဟောင်းသားဖြစ်ကာ အနည်းငယ် ဝမ်းနည်းသွားသည်။
လွန်ခဲ့သည့်နှစ်ရက်တွင် သူသည် အရည်ပျော်ခြင်းကို ကျွမ်းကျင်အဆင့်ထိသာ
ကျင့်ကြံခဲ့သည်။
အကယ်၍ သူသည် အချိန်အနည်းငယ်ပေးကာ အရည်ပျော်ခြင်းကို ပြီးပြည့်စုံခြင်းသို့ မြှင့်တင်ပြီး သူ့၏ သန့်စင်သော ယန်ခန္ဓာကိုယ် စွမ်းရည်နဲ့ ပေါင်းစပ်လိုက်ပါက ယန်းဓားကို ထိခိုက်ပျက်စီးစေနိုင်သည်။
နေသုံးစင်း ဓားသွားကိုတော့ သူ မကြောက်ပေ။ ဒါပေမဲ့ အရင်ကလို ပြိုင်ဘက်ရဲ့ လက်နက်ကို ဖျက်ဆီးဖို့က သူ့အတွက် မဖြစ်နိုင်ချေ။ ဒါတောင်မှ လင်းရှန်က မထိတ်လန့်ပေ။
အရည်ပျော်ခြင်းသည် သူ၏ တစ်ခုတည်းသော ဝှက်ဖဲမဟုတ်ပေ။
သူ့အတွေးတွေထဲမှာတော့ လင်းရှန်က အစီအစဉ်တကျ ရှိနေသည်။
ချလွမ် ချလွမ် ချလွမ်
ရင်ပြင်အထက် လေထုထဲမှာတော့ သတ္တု ပေါက်ကွဲသံများ ဆူညံစွာ ပဲ့တင်ထပ်နေသည်။
လင်းရှန်နဲ့ ဖန်းရှင်းယွမ်တို့သည် ဘောလုံးနှစ်လုံးအဖြစ် ပြောင်းလဲလုနီးပါးဖြစ်ကာ
ရင်ပြင်အလယ်ဗဟိုတွင် ပျံသန်းနေကြသည်။
သူတို့က အချင်းချင်းတိုက်မိပြီး လမ်းဆုံတွေလို ဖြတ်တိုက်ကုန်ကြသည်။
သူတို့ နှစ်ယောက် ထိပ်တိုက်တွေ့တိုင်း အနီရောင် တိမ်တိုက်ကဲ့သို့ မီးတောက်ကြီးများထွက်လာပြီး တခါတရံ နဂါးဟောက်သံများပါ ထွက်လာတတ်သည်။
တိုက်ပွဲကိုကြည့်နေတဲ့ လူတော်တော်များများ က အံ့သြသွားကြသည်။
အထူးသဖြင့် ကျောင်းသားသစ်များပင် ။ အတော်များများက အံဩနေသည်။