အနက်ရောင်အဆင့်သို့ တိုးမြှင့်ခြင်း၊ စွန့်စားမှုနှင့် အခွင့်အလမ်းများ (၁)
Vol. 6 Ch. 85
ရင်ပြင်မှာလည်း ဆူညံသံများဖြင့် စည်ကားနေသကဲ့သို့ မီတာတစ်ထောင်အကွာရှိ သစ်သားအဆောက် အအုံတစ်ခုပေါ်မှာလည်း ထူးထူးခြားခြား ဝတ်ရုံရှည်ဝတ်ထားတဲ့ လူလေး၊ ငါးဦးသည် မြင်ကွင်းကို အံ့ဩမှုအမျိုးမျိုးနဲ့ ကြည့်နေသည်။
အကယ်၍ စီနီယာ ကျောင်သားတစ်ယောက်သာ ဤနေရာတွင်ရှိနေပါက ထိုနေရာတွင်ရပ်နေသောလူများအားလုံးသည် ဆရာများနှင့် ကျောင်း၏အကြီးအကဲများဖြစ်ကြောင်း တမ်းသိနိုင်မည်ဖြစ်သည်။
ခေါင်းဆောင်မှာ အောက်အိမ်တော်၏ ကျောင်းအကြီးအကဲ သုံးဦးအနက်မှ တစ်ဦးဖြစ်သည့် စစ်ယွမ်ဖေးဖြစ်သည်။
"တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာ.."
စစ်ယွမ်ဖေးက သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့အမူအရာက ဘာမှ အပြောင်းအလဲမရှိပေ။
ခဏအကြာတွင် သူထပ်ပြောပြန်သည်။
"မစ္စတာခယ်”
ခယ်ယာ သည် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာစစ် ကျွန်တော် ဘာလုပ်ပေးရမလဲ"
"အနက်ရောင်အဆင့် တပည့်အတွက် လစ်လပ်နေရာ ရှိသေးလား”
ခယ်ယာက ခဏလောက်စဉ်းစားပြီး "လွန်ခဲ့တဲ့နှစ်ရက်က မစ်ရှင်တစ်ခုမှာ အနက်ရောင်အဆင့် တပည့်တစ်ယောက်က မတော်တဆ ဆုံးပါးသွားခဲ့ပါတယ်။ နောက်ဆုံး တပည့်အဆင့် စိန်ခေါ်မှုတွေကို လွန်ခဲ့တဲ့ငါးရက်ကမှ ကျင်းပခဲ့တာမလို့ ကိုယ်စားလှယ်လောင်းတွေကို အချိန်မီ အစားထိုးလို့မရသေးပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်လောင်းအသစ်တွေကို ဆရာတွေ ဆွေးနွေးပြီးမှ ဆုံးဖြတ်မှာပါ”
"ဆွေးနွေးစရာ မလိုတော့ဘူး။ လင်းရှန်ကို အဲ့နေရာကို ဖြည့်လိုက်”
ထိုစကားကို ပြောပြီးသည်နှင့် ခယ်ယာအပါအဝင် ဆရာများအားလုံး အံ့အားသင့်သွားကြသည်။
ခဏလောက် အံ့အားသင့်သွားပြီးနောက် ခယ်ယာက တုံ့ဆိုင်းသွားကာ "ဆရာစစ် ၊ ဒါက မသင့်တော်မှာကို စိုးရိမ်ရပါတယ်။ လင်းရှန်က ထက်မြက်ပြီး ထူးကဲတဲ့ ခွန်အားတွေ ရှိပေမယ့် သူက ကျောင်းသားသစ်တွေထဲမှာပဲ ထူးချွန်တာပါ။ အဝါရောင်အဆင့် တပည့်တွေထဲမှာတောင် သူက အကောင်းဆုံး မဟုတ်ပါဘူး။ အနက်ရောင်အဆင့်တပည့်ကြားမှာ ထားမလို့လား”
"ကျွန်တော်တို့က လင်းရှန်ကို အနက်ရောင်အဆင့် တပည့်အဖြစ် ရုတ်ချည်း ရာထူးတိုးပေးရင် သူက လူထုဝေဖန်မှုဗဟိုချက် ဖြစ်လာမှာကို စိုးရိမ်မိပါတယ်။"
စစ်ယွမ်ဖေးသည် ကန့်ကွက်သံကို ကြားသောအခါ ဒေါသမထွက်ပေ။ သူက လက်ကို ကျောနောက်မှာချထားပြီး "လင်းရှန်က အခုလည်း လူအများရဲ့ဝေဖန်မှု ဗဟိုချက်ပဲမဟုတ်ဘူးလား။"
"ကောင်းပါပြီ..."
ခယ်ယာသည် ပြောစရာမရှိတော့ပေ။
လမ်းပြတိုက်ပွဲတွင် လင်းရှန်ကို နှိမ်နင်းရန် သြဇာကြီးမားသောမိသားစုမှ တပည့်အချို့ကပူးပေါင်းခဲ့သည်ကို ခယ်ယာ ကြားသိခဲ့ပြီး ဖြစ်သည်။
ဒါပေမယ့် ကျောင်းက ပြိုင်ဆိုင်မှုကို အမြဲအားပေးပြီး သန်မာသူတွေက အားနည်းသူတွေကို ဖမ်းစားတဲ့ တောတွင်းဥပဒေကို လိုက်နာတဲ့အတွက် ရပ်တန့်ဖို့ မလုပ်ခဲ့ပေ။
ရိုးရိုးသားသားပြောရရင် လင်းရှန်ရဲ့ ယနေ့လုပ်ရပ်က ခယ်ယာကိုပင် အံ့ဩစေသည်။
သို့သော် ယခု သူနားလည်တာက ကျောင်းမှာ လင်းရှန်၏ ဂုဏ်သတင်း တက်လာချိန်တွင် သူသည် ပို၍ပင် ရန်လိုမှုများကို ကြုံတွေ့ရပေလိမ့်မည်။
၎င်းသည် သူ့ကို မကြိုက်သော ဩဇာကြီးမားသည့် မိသားစုများမှ တပည့်များ သို့မဟုတ် သူတို့နေရာကို ယူပြီး အရင်းအမြစ်များကို လုယူခံရမည်ကို ကြောက်ရွံ့သော စီနီယာကျောင်းသားများမှ ဖြစ်လာမည်ဖြစ်သည်။
စစ်ယွမ်ဖေးပြောခဲ့သည့်အတိုင်း လင်းရှန်သည် အနက်ရောင်အဆင့်သို့ မတက်ခဲ့လျှင်
ပင် သူသည် လူအများ၏ဝေဖန်မှု ဗဟိုဖြစ်နေပြီဖြစ်သည်။
သူ့အတွေးတွေ များလာသည်နှင့်အမျှ ခယ်ယာသည် စစ်ယွမ်ဖေး၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်လာသည်။
လင်းရှန်သည် လူအများ၏ဝေဖန်မှု ဗဟိုချက် ဖြစ်နေပြီဖြစ်သောကြောင့် သူသည် လင်းရှန်ကို တွန်းအားပေးရမည်ပင်။
ဒါက လင်းရှန်ကို မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ပေးမှာ သေချာပေမယ့် တစ်ချိန်တည်းမှာပဲ အရင်းအမြစ်နဲ့ အခွင့်အလမ်းတွေ ပိုရလာဖို့လည်း ခွင့်ပြုပေးလိုက်တာပင်။
လင်းရှန်ကသာ ဒါကို ကျော်ဖြတ်နိုင်ခဲ့ရင် သူ့မှာ ပိုပြီး အလားအလာရှိတဲ့ အနာဂတ်တစ်ခု ရှိမှာသေချာသည်။
ခဏလေး
ခယ်ယာ၏ နှလုံးက ခုန်တက်သွားသည်။
သူသည် တစ်နှစ်ပတ်လုံး ကျောင်းတွင် နေခဲ့တာကြောင့် ဂိုဏ်းခွဲများနှင့် ဂိုဏ်းခွဲများ၏ ရုန်းကန်မှုများကို နက်ရှိုင်းစွာ နားလည်ခဲ့သည်။
ကျောင်းသည် ဂိုဏ်း၏အသေးစားဗားရှင်းတစ်ခုဖြစ်ပြီး အတွင်းတွင် စွမ်းအားအတွက် ရုန်းကန်မှုများ ရှိသည်။
သူသိသလောက် စစ်ယွမ်ဖေးသည် သြဇာကြီးသော မိသားစုများနှင့် ဆန့်ကျင်နေပုံရသည်။
ဤဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်မှာ လင်းရှန်ကို သြဇာကြီးသော မိသားစုများအတွက် စံနမူနာပြုရန် လက်သပ်မွေးခြင်း ဖြစ်သည် ။
အနက်ရောင်အဆင့်တပည့်တစ်ဦးအဖြစ် တိုးမြှင့်ခြင်းသည် လင်းရှန်အတွက် စစ်ယွမ်ဖေး၏စမ်းသပ်မှုဖြစ်သည်။
ထိုအတွေးနဲ့အတူ ခယ်ယာက ရုတ်တရက် ရိပ်မိသွားသည်။ သူက ပါးစပ်ပိတ်ထားပြီး တခြားဘာမှ မပြောပေ။
နှစ်ဖက် အင်အားစုတွေကြား တိုက်ပွဲမှာ သူမပါဝင်ချင်ပေ။
သို့သော်လည်း ခယ်ယာ နှုတ်ဆိတ်နေချိန်တွင် အခြားသော ဆရာက မတ်တပ်ရပ်ကာ "ဆရာ၊ လင်းရှန်က ဆင်းရဲတဲ့ဘနောက်ခံကနေလာတာ။ ဒါပေမဲ့ သူ့က အစွမ်းထက်တဲ့ ကိုယ်ခံပညာတွေကို ကျင့်ကြံထားတယ်။ သူ့နောက်မှာ အခြားတစ်ယောက် ရှိနေနိုင်မလား။"
သူစကားမဆုံးသေးသော်လည်း သူဆိုလိုရင်းကို လူတိုင်းနားလည်ကြသည်။
ခယ်ယာသည် ထိုဆရာကို တစ်ချက်ကြည့်လိုက်တော့ စစ်ယွမ်ဖေး၏
ယုံကြည်ရသော လက်အောက်ငယ်သားမှန်း သိလိုက်သည်။ လင်းရှန်သည် အခြားသော ဩဇာကြီးမားသည့် မိသားစုများ၏ ပံ့ပိုးကူညီမှုကို ခံနေရမည်ကို သူ စိုးရိမ်နေသည်။
သို့သော် စစ်ယွမ်ဖေးစကားမပြောမီ အခြားဆရာက ရယ်မောကာ "ဒါကိုတော့ ကျွန်တော် နည်းနည်းသိတယ်။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ အလံအရာရှိ ဟန်ဝူရဲ့ အဆိုအရ လင်းရှန်မှာ ကြောင်ဗိုလ်ချုပ်ရဲ့ နတ်ဘုရားရှာဖွေခြင်းအဆောင် ရှိတယ်တဲ့။ သူ့နံဘေးမှာ ဝိညာဉ်ကြောင်တစ်ကောင်လည်း ရှိနေတယ်”
ဆရာများက ချက်ချင်းသက်သာရာရသွားသည်။
ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရား ရှာဖွေခြင်း အဆောင်ရှိသူသည် ကြောင်ဗိုလ်ချုပ်နှင့် ဆက်ဆံမှုမျိုး ပြုလုပ်နိုင်ခြေများသည်။ ဘာမှ အမှားအယွင်းမရှိရင် အဲဒီကိုယ်ခံပညာတွေကို ကြောင်ဗိုလ်ချုပ်ဆီကနေ ရယူနိုင်သည်။
ထိုနတ်ဘုရားသည် နဂါးမြို့တော်၏ အဓိကဂိုဏ်းကြီးသုံးခုနှင့် အဆက်အသွယ်များစွာရှိခဲ့သည်။
နှစ်တစ်ထောင်ကျော်ကြာပြီးနောက် ကြောင်ဗိုလ်ချုပ်သည် ဂိုဏ်းကြီးသုံးခု၏ မရေမတွက်နိုင်သော ကိုယ်ခံပညာများကို စုဆောင်းနိုင်ခဲ့သည်။
ပြောရလျှင် ဤကိုယ်ခံပညာ ပညာရပ်များကို ကြောင်ဗိုလ်ချုပ်က ဖြန့်ဝေခြင်း မပြုသင့်ပေ။ သို့သော်လည်း ဂိုဏ်းသုံးခုမှ အဆင့်မြင့်အရာရှိကြီးများပင် ထိုကိစ္စကို မျက်ကွယ်ပြုခဲ့သည်။ ထုံးစံအတိုင်း အောက်ကလူတွေက ဒီကိစ္စကို ဝင်စွက်ဖက်မှာမဟုတ်ချေ။
အချိန်တွေကြာလာတာနဲ့အမျှ အဲ့တာက ဒီနေ့လိုဖြစ်လာသည်။
"ကျင့်ကြံမှု လမ်းကြောင်းမှာက အတားအဆီးတွေနဲ့ ပြည့်နှက်နေတာချည်းပဲ၊ အခက်အခဲတွေကို ရင်ဆိုင်ဖို့ စိတ်ဆုံးဖြတ်ထားမှုမရှိရင် မဟာတာအိုကို ဘယ်လိုအောင်မြင်နိုင်မလဲ။"
စစ်ယွမ်ဖေးသည် ရင်ပြင်ကို ကြည့်လိုက်ပြီးနောက် လှည့်ကာ စင်္ကြံမှ ထွက်သွားသည် ။
"ကျန်တာကို မင်းတို့နဲ့ ထားခဲ့မယ်။"
ဆရာများက တခဲနက် ဦးညွှတ်ကြသည်။
"နောက်မှတွေ့ပါမယ် ဆရာကြီးစစ်”
ရင်ပြင်အလယ်မှာတော့
မုန့်သုန်ထံမှရရှိသော ရွှေရောင်မြှားပျံများပါသည့် သစ်သားသေတ္တာကို ယူပြီး လင်းရှန်က သက်ပြင်းကိုချလိုက်သည်။
ထိုသို့သော အလောင်းအစားမျိုး အကြိမ်အနည်းငယ် ထပ်မံဖြစ်ပွားပါက နောက်လ
ကျင့်ကြံမှု အရင်းအမြစ်များ အတွက် စိတ်ပူစရာ မလိုတော့ပေ။
ကံမကောင်းစွာနဲ့ပဲ ကျန်တဲ့ အဝါရောင်အဆင့်တပည့် ခုနစ်ယောက်က တိုက်တောင် မ
တိုက်ဘဲ ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူက အရင်းအမြစ်အချို့ကို ရယူနိုင်သေးသည်။
"ဂုဏ်ယူပါတယ် ဂျူနီယာ အစ်ကို လင်း”
မုန့်သုန်က လက်ခုပ်တီးကာ ပြုံးပြီး လင်းရှန်ကို ဖက်လိုက်သည်။
မုန့်သုန်သည် လမ်းပြတိုက်ပွဲတွင် ရှုံးခဲ့ပြီး မြို့ပြင်ရှိ ဝိညာဉ်မိုင်းတွင်းသို့ သုံးရက်ကြာအောင် သွားရမည် ဖြစ်သော်လည်း လုံးဝမပျော်မရွှင် မဖြစ်ပေ။ ယင်းအစား သူသည် လင်းရှန်အတွက်ပို၍ စိတ်အားထက်သန်ခဲ့သည်။
လင်းရှန်းသည် ပြုံးပြီး စကားပြောတော့မည့်
အချိန်တွင် လေသံတစ်ခုက နှောက်ယှက်လိုက်သည်။
သူ လှည့်ကြည့်လိုက်တော့ အဝေးကနေအလင်းတန်းတစ်ခု ဝင်လာတာကို တွေ့လိုက်ရသည်။ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရင်ပြင်အနီးသို့ ရောက်ရှိလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်အလယ်သို့ ဆင်းသက်လာခဲ့သည်။
အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး အတွင်းက အသွင်အပြင်က ထွက်ပေါ်လာသည်။