အနက်ရောင်အဆင့်သို့ တိုးမြှင့်ခြင်း၊ စွန့်စားမှု နှင့် အခွင့်အလမ်း (၂)
Vol. 6 Ch. 86
ထိုလူက အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။ သူ့ခြေထောက်ပေါ်ရှိ အဆောင်သည် ပြာအဖြစ်သို့ ပြောင်းပြီး ပျံ့လွင့်သွားသည်။
"ဆရာကြီး စစ်ရဲ့ အမိန့် နဲ့ လာခဲ့ တာပါ”
လူငယ်က ကျယ်လောင်စွာ အော်လိုက်သဖြင့် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
"လင်းရှန်က ထူးခြားကောင်းမွန်ပြီး အရည်အချင်းပြည့်မီတယ်။ အဲ့တာကြောင့် ယနေ့ကစပြီး အနက်ရောင်အဆင့်ကို တိုးမြှင့်ပေးသွားမှာပါ”
ရင်ပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
သိပ်မကြာခင်မှာဘဲ
လူအုပ်ကြီးက ချက်ချင်းထကြွ သွားသည်။
"မဖြစ်နိုင်တာ၊ အနက်ရောင်အဆင့် တပည့်လား ?"
"နောက်နေတာမဟုတ်ဘူးလား?"
"ရယ်စရာပဲ၊ အနက်ရောင်အဆင့် တပည့်တစ်ယောက်အဖြစ် တိုးမြှင့်ခံရတဲ့ကျောင်းသားအသစ်တဲ့လား။ ငါ တစ်ခါမှ မကြားဖူးဘူး။"
"ဆရာကြီးက အဲ့လို တကယ်ပြောတာလား"
လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မရေမတွက်နိုင်သော လူများက ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။
အထူးသဖြင့် သူတို့ရဲ့မျက်လုံးတွေကို မယုံနိုင်တဲ့ စီနီယာကျောင်းသားတွေက ပိုဆိုးသည်။
သူတို့တွေ ဒီလောက်ထိ တုန်လှုပ်သွားတာ အံ့သြစရာ မဟုတ်ချေ။ ဒီသတင်းက အံ့ဩစရာကောင်းလွန်းသည်။
ကျောင်းကို တည်ထောင်ပြီးကတည်းကကျောင်းကို ဝင်ဝင်ချင်း အနက်ရောင်အဆင့် တပည့်ဖြစ်လာတဲ့ ကျောင်းသားသစ်ကို တစ်ခါမှ မတွေ့ဖူးပေ။
လင်းရှန်က တကယ်ကို အစွမ်းထက်ပြီး အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေရှိပေမယ့် သူက ကျောင်းသားသစ်တစ်ယောက်သာ ဖြစ်သည်။
လင်းရှန်ထက် သန်မာသော အဝါရောင်အဆင့် တပည့်များစွာ ရှိခဲ့သည်။ သူက အနက်ရောင်အဆင့်တပည့်အဖြစ် ရာထူးတိုးခံရမည့် အလှည့် မဟုတ်ပေ။
အဝါရောင်အဆင့်တပည့်တွေကရော
"တိတ်ကြ”
လူငယ်က ရုတ်တရက် အော်လိုက်သည်။ဝိညာဉ်ရေးရာအနှစ်သာရပါရှိသော သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ပြန့်ကျဲသွားပြီး ရင်ပြင်မှ ရုန်းရင်းဆန်ခတ်မှုကို ချက်ချင်း နှိမ်နှင်းလိုက်သည်။
လျှပ်စီးကြောင်းကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ငုံ့ကြည့်ကာ "ဒါက ဆရာကြီးရဲ့ ဆုံးဖြတ်ချက်ပဲ၊ ကန့်ကွက်စရာရှိရင် ဆရာကြီးဆီ သတင်းပို့လို့ရတယ်။"
လူတိုင်း၏ အမူအရာက ရပ်တန့်သွားသည် ။
သူက ဘယ်သူတွေကို နောက်နေတာလဲ။
ဆရာကြီး စစ်လို အခွင့်အာဏာနဲ့ ဤအဝါရောင်အဆင့် တပည့်တွေကို မည်သို့ အချိန်ပေးနိုင်မည်နည်း။
သူ့စကားကြောင့် လူတိုင်း ထိတ်လန့်သွားသော်လည်း လူငယ်သည် သူတို့ကို ဂရုမစိုက်တော့ပေ။ သူက လှည့်ပြီး လင်းရှန်ထံ သွားသည်။ သူ၏ ဂရုမစိုက်သော အမူအရာသည် ပြောင်းလဲသွားပြီး သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
"စီနီယာ ညီလေးလင်း၊ ဆရာကြီး ခယ်ရဲ့ ညွှန်ကြားချက်အရ မင်းကို ကျောင်းပတ်ပတ်လည်ကို ပြသဖို့ ငါတာဝန်ယူမယ်"
ထိုမှသာ လင်းရှန်သည် အနက်ရောင်အဆင့်တပည့်အဖြစ် တိုးမြှင့်သွားတဲ့အပေါ် ထိတ်လန့်နေရာမှ ပြန်လည်အသိဝင်လာခဲ့သည်။ ဒါကိုကြားတော့ သူက မုန့်သုန်ကို ကြည့်လိုက်သည်။
မုန့်သုန်က ချက်ချင်းပြောသည်။ "ဒါက စီနီယာအစ်ကို ခိုမင်၊ အနက်ရောင်အဆင့်တပည့်လေ”
"စီနီယာ အကို ခို ကျေးဇူးတင်ပါတယ်”
ခိုမင်က သူ့လက်ကို သဘောကျစွာ ဝှေ့ယမ်းလိုက်သည်။ “ငါတို့အားလုံးက အနက်ရောင်အဆင့် တပည့်တွေပဲ”
" ညီလေးလင်း၊ မင်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး"
ဒါကိုကြည့်ရင်း မုန့်သုန်က စကားမပြောနိုင်တော့ပေ။
သူသည် စီနီယာအကို ခိုမင်နှင့် အကြိမ် အနည်းငယ် တွေ့ဆုံခဲ့ဖူးပြီး အများအားဖြင့် ပြောဆိုရန် မလွယ်ကူပေ။ ယခုမူ ခိုမင်သည် လင်းရှန်ကို အလွန် ကြင်နာနေသည်။
ဆရာစစ်သည် လင်းရှန်ကို အလွန်အမင်း တွေးထားပုံရသည်။
မုန့်သုန်က တွေးနေတဲ့အချိန်မှာပဲ လင်းရှန်က လှည့်ပြီးပြောသည်။
"စီနီယာအစ်ကိုမုန့် ရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်"
မုန့်သုန်က အံ့သြသွားပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ငါက စီနီယာမဟုတ်တော့ပါဘူး၊ စီနီယာအကိုလင်း ငါ့ကို ဂျူနီယာ ဒါမှမဟုတ် မုန့်သုန်လို့ခေါ်လို့ရပါတယ်။"
လင်းရှန်က အနည်းငယ် အံ့အားသင့်သွားသည်။
ခိုမင်က အပြုံးဖြင့် ရှင်းပြသည်။
"ဂျူနီယာ ညီလေးလင်း၊ ကျောင်းမှာက အတန်းတူတပည့်တွေကို အသက်အရွယ်
အလိုက် အဆင့်သတ်မှတ်ထားတယ်။ အတန်းကွာတဲ့ တပည့်တွေကိုတော့ အတန်းအလိုက် အဆင့်သတ်မှတ်ပေးတယ်။ မင်းက အခုမှ အနက်ရောင်အဆင့် တပည့်ဖြစ်နေပြီ။ စည်းကမ်းအရ အဝါရောင် တပည့်တွေက မင်းကို စီနီယာအကိုလို့ ခေါ်သင့်တယ်”
လင်းရှန်က အံ့အားသင့်သွားသည်။ ဒီလို စည်းမျဥ်းစည်းကမ်းမျိုး ရှိမယ်လို့ သူ မျှော်လင့်မထားပေ။
သို့ရာတွင် ဒုတိယအတွေးအရ ဤအရာသည် သူတို့၏ခွန်အားအပေါ် နောက်ထပ်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်နိုင်သည်ကို သူနားလည်ခဲ့သည်။
သက်ပြင်းချလိုက်ရင်း လင်းရှန်သည် ခိုမင်နဲ့ ရင်ပြင်မှ မထွက်ခွါမီ ယန်ကျုံးရီနဲ့စုနျန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
လမ်းပြ တိုက်ပွဲက ပြီးသွားပြီပင်။လင်းရှန်သည် ယခင်အချိန်ကဲ့သို့ မနေချင်တော့သဖြင့် ခိုမင်နှင့် အရင်ထွက်လာခဲ့သည်။
လင်းရှန်သည် ခိုမင်ကဲ့သို့ အနက်ရောင်အဆင့် တပည့်တစ်ဦးနှင့်အတူရှိနေတာကြောင့် သူနှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်လိုသော တပည့်များက သူ့ကို ချဉ်းကပ်ဝံ့ခြင်းမရှိပေ။ သူတို့နှစ်ဦး ရင်ပြင်မှ ပျောက်ကွယ်သွားတဲ့အထိ
ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေကြရသည်။
သူတို့ နှစ်ယောက် ထွက်သွားပြီးမှ တိတ်ဆိတ်သော ရင်ပြင်သည် ဆူညံလာပြန်သည်။
" လင်းရှန်က တကယ်ပဲ အနက်ရောင်အဆင့် တပည့်ဖြစ်တာလား။"
"စီနီယာအကိုခိုက အနက်ရောင်အဆင့်တပည့်ပဲ။ လင်းရှန်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုတာဆိုတော့ အမှန်ဖြစ်ပုံပဲ”
“သူက အကယ်ဒမီကို ဝင်လာလာချင်းပဲ အနက်ရောင်အဆင့် တပည့်ဖြစ်လာတယ်”
"ဒါက ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ကို ရောက်သွားတာနဲ့ အတူတူပဲ။ ငါအရမ်း မနာလိုဖြစ်မိတယ်”
ယန်ကျုံးရီနဲ့ စုနျန်သည် မှင်သေသွားသေးသည် ။
လင်းရှန်က ရုတ်တရက် ဘယ်လို အနက်ရောင်အဆင့်တပည့် ဖြစ်လာတာလဲ။
ဘာတွေဖြစ်နေတာလဲ?
တစ်ဖက်မှာတော့ ကျောက်ရွှမ်ရင်၊ ရွှယ်ဖုန်နဲ့ ချုန်ယန်ဟယ်တို့သည် သူတို့၏ အတွေးထဲတွင်နစ်မြောနေခဲ့သည်။
သိပ်မကြာခင်မှာပဲ
ခိုမင်က လင်းရှန်ကို ခြံဝင်းကြီးတစ်ခုဆီ ခေါ်သွားသည် ။
ခြံဝင်းအဝင်ဝရှိ ကမ္ပည်းပြားပေါ်တွင် "အရည်သွေးခန်းမ" ဟူသော စာလုံးကို တွေ့ရသည်။
" ညီလေးလင်း၊ ဒါက အရည်အသွေး ခန်းမပဲ။ဒီနေရာက ကျောင်းကို ဝင်လာတဲ့ တပည့်တွေအားလုံး ရှေ့လျှောက် အမြဲ ဆက်ဆံနေရမဲ့ နေရာပဲ”
လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကျောင်း၏ တပည့်များအား ၎င်းတို့၏ အဆင့်အတန်း နှင့် အဆင့်အလိုက် ခွဲဝေပေးသည့် အရင်းအမြစ်များအပြင် ကျင့်ကြံမှု အရင်းအမြစ်များကို ပိုမိုရယူလိုပါက ကျောင်းမှ ထုတ်ပေးသော တာဝန်များကို ပြီးမြောက်အောင်လုပ်ပြီး လဲလှယ်နိုင်သည့် အရည်အသွေးရမှတ်များ ရရှိနိုင်ကြောင်း ယန်ကျုံးရီထံမှ သိခဲ့ရသည် ။
တာဝန်များကို လက်ခံတာဖြစ်စေ၊ အရင်းအမြစ်များကို လဲလှယ်ချင်တာ ဖြစ်
စေ ၎င်းတို့အားလုံးကို သူ့ရှေ့ရှိ အရည်အသွေးခန်းမတွင် ပြုလုပ်ရသည်။
နှစ်ယောက်သား ခြံဝင်းထဲကို ဘေးချင်းကပ်ပြီး လျှောက်သွားကြသည်။
ခြံဝင်းကို ဖြတ်သွားပြီးနောက် လင်းရှန်သည် ရှည်လျားပြီး ကျယ်ဝန်းသော စင်္ကြံတစ်ခုကို တွေ့လိုက်ရသည်။
ခိုမင်သည် ဘယ်ဘက်သို့ ညွှန်ပြပြီး "ဒီကနေ ဝင်လိုက်ရင် မစ်ရှင် လက်ခံရမယ့် နေရာပဲ။ လာခဲ့၊ ငါ မင်းကို ပြမယ်"
ထို့နောက် သူတို့နှစ်ဦးသည် စင်္ကြံကိုဖြတ်ကာ အမြင့်ဗီဒိုများဖြင့် ပြည့်နေသော ခန်းမတစ်ခုသို့ ရောက်ရှိလာကြသည်။
အပေါ်ကို မော့ကြည့်လိုက်တော့ ဗီဒိုတွေကို သပ်သပ်ရပ်ရပ် စီထားသည် ။ ၎င်းတို့ထဲတွင် အလျားလိုက် သစ်လုံးတန်းများရှိပြီး အတန်းတိုင်းတွင် သစ်သားပြားများဖြင့် ပြည့်နေသည်။
အနီးကပ်ကြည့်လိုက်ရင် သစ်သားပြားတွေမှာ စာလုံးသေးသေးလေးတွေနဲ့ ပြည့်နေတာကို သတိပြုမိမှာပင်။
"ဒီသစ်သားပြားတွေက မစ်ရှင်နဲ့ပတ်သက်တာတွေပဲ”
ခုရိုမင်သည် တစ်ခုကို ယူပြီး လင်းရှန်ကို လွှဲပေးလိုက်သည် ။
လင်းရှန်က သူ့ကို ကျေးဇူးတင်လိုက်ပြီး အနီးကပ်ကြည့်ဖို့ ယူလိုက်သည်။
"မြို့အပြင်ဘက်ရှိ ဝိညာဉ်ရေးရာမိုင်းတွင်းကို ဆယ်ရက်ကြာ ပြောင်းရွှေ့ပါ။ လိုအပ်ချက်-ချီအသွင်ပြောင်းခြင်း အဆင့်။ ဆုလာဘ်- အမှတ် (၃၀)”
သူက တခြားသစ်သားပြားတွေကို ကြည့်လိုက်သည်။
"အဂ္ဂိရတ်ဌာနခွဲတွင် အမျိုးမျိုးသောကိစ္စရပ်များကို လဝက်အထိ ကိုင်တွယ်ကူညီပေးပါ။ လိုအပ်ချက်- ချီအသွင်ပြောင်းခြင်းအဆင့်ဆုလာဘ်- အရည်အသွေးရမှတ် ၄၀”
"အနည်းဆုံး သက်တမ်း( ၃၀) ရှိသော ဝိညာဉ်ဆေးဖက်ဝင်အပင်ငါးခုကို စုဆောင်းပါ။ ဆုလာဘ်- အရည်အသွေးအမှတ် (၈၀)”
"မျက်လုံးဖြူနတ်ဆိုး ကျားတစ်ကောင်ကိုသတ်ဖို့ နဂါးသားရဲတွင်း တောင်တန်းကိုသွားပါ။ သက်သေအဖြစ် ကျားရဲ့ကျောရိုးကို ပြန်ယူဖို့ လိုပါတယ်”
လိုအပ်ချက်- ကြာရှည်စွာအသက်ရှုခြင်းအဆင့်၊ ဆုလာဘ်- အရည်အသွေးအမှတ်တစ်ခု
"မြို့ရဲ့အနောက်ဘက် (၁၅)ကီလိုမီတာက ကျောက်စိမ်းရေကန်ထဲမှာ ဝိညာဉ်သားရဲလို့ သံသယရှိတဲ့ပုံသဏ္ဍာန်တစ်ခု ပေါ်လာတယ်။ သွားပြီးတော့ စုံစမ်းကြည့်ပါ။ ဝိညာဉ်သားရဲတစ်ကောင်ကိုတွေ့ရင် သူ့ရဲ့အစွမ်းသတ္တိနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရှာရပါမယ်။ လိုအပ်ချက်- ကြာရှည်စွာ အသက်ရှုခြင်း အဆင့်။ ဆုလာဘ် : အရည်သွေးအမှတ်(၃)မှတ်
တာဝန်အခင်းအကျင်းသည် လင်းရှန်ကို စွဲလန်းစေခဲ့သည်။
သူက လှည့်ပတ်ကြည့်နေသည်။ ခန်းမအတွင်း အနည်းဆုံး အလားတူ ဗီဒို အလုံး ၂၀ မှ ၃၀ အထိ ရှိသည်။ ဗီရိုတစ်ခုစီရှိ သစ်သားပြားတိုင်းသည် မစ်ရှင်တစ်ခုကို ကိုယ်စားပြုပါက၊ မစ်ရှင်အရေအတွက်သည် အနည်းဆုံး၁၀၀၀ မှ ၂၀၀၀ ရှိမည်ဖြစ်သည်။
နိုင်ယန်းကျောင်းတွင် ယခုနှစ် ကျောင်းသားသစ်များအပါအဝင် တပည့် ၈၀၀ ထက်မပိုပေ။
မစ်ရှင်များစွာကို ပြီးမြောက်နိုင်ပါ့မလား။
လင်းရှန်၏အမူအရာ ပြောင်းလဲသွားသည်ကိုမြင်တော့ ခိုမင်သည် ခဏလောက်တွေးပြီး သူဘာကို ပဟေဌိဖြစ်နေသည်ကို နားလည်
လိုက်သည်။ သူက အပြုံးနဲ့ ရှင်းပြလေသည်။
"ဂျူနီယာ ညီလေးလင်း၊ ဒီမှာ တာဝန်တွေ အများကြီးရှိပေမယ့် တစ်ဝက်ကျော်က စုဆောင်းရေးမစ်ရှင်တွေချည်းပဲ၊ ဒါတွေလိုပေါ့”
ခိုမင်သည် ဝိဉာဉ်ဆေးပင်များကို စုဆောင်းရမည့် တာဝန်များပါသော သစ်သားပြားကို ညွှန်ပြလိုက်သည်။
"ဒီမစ်ရှင်အများစုကို အဂိရိတ်ဌာနခွဲနဲ့ အသုံးအဆောင်ပစ္စည်းခန်းမကနေ ထုတ်ပေးတာ။ ဒီနေရာနှစ်ခုက ဆေးပြားတွေ၊ လက်နက်တွေနဲ့ မှော်လက်နက်တွေကို တစ်နှစ်ပတ်လုံး သန့်စင်ဖို့အတွက် ပစ္စည်းအများအပြား လိုအပ်တော့ ခန်းမအတွင်းက ပစ္စည်းအမျိုးမျိုးအတွက် ဆုကြေးငွေတွေကို ထုတ်ပေးလေ့ရှိတယ်”
" ဒီတာဝန်တွေကိုက တစ်နှစ်ပတ်လုံး ဒီနေရာမှာ ကြော်ငြာထားတာ ။ တစ်စုံတစ်ယောက်က ပြီးသွားရင်တောင်မှ သစ်သားသင်္ကေတကို ဖြုတ်ချမှာ မဟုတ်ဘူး။"
လင်းရှန်သည် နားလည်သွားခဲ့သည်။ ဒါတွေအားလုံးဟာ အမြဲတစေတာဝန်တွေပင်။
ခိုမင်က ပြုံးပြီး ဆက်ပြောသည် " တာဝန်အမျိုးအစားတွေအကြောင်း အသေးစိတ်ပြောပြအုံးမယ်။ အရည်အသွေးခန်းမမှာ မစ်ရှင်တွေကို အကြမ်းဖျင်းအားဖြင့် လေးမျိုးခွဲနိုင်တယ်။ အခုပြောပြခဲ့တဲ့ စုစည်းမှုအမျိုးအစားကတော့ အဲဒီထဲက တစ်ခုပဲ။ နောက်ပြီးထောက်လှမ်းရေး၊ တိုက်ပွဲနဲ့ တာဝန်တွေ ရှိသေးတယ်။"
ခုံမင်၏ ရှင်းလင်းမှုကြောင့် လင်းရှန်သည် မစ်ရှင်များနှင့် ပတ်သက်ပြီး နားလည်လာခဲ့သည်။
ထောက်လှမ်းရေးမစ်ရှင်က မြို့တွင်းနှင့် အပြင်ဘက် အခြေအနေကို စုံစမ်းရန်ဖြစ်သည်။
ဥပမာ၊ ဝိညာဉ်ရေးရာ သားရဲများ သို့မဟုတ် ရိုးရာကိုဆန့်ကျင်တဲ့ ကျင့်ကြံသူတွေ ပုန်းအောင်းနေလား။
ထိုသို့သော မစ်ရှင်များသည် မသေချာမရေရာမှု မြင့်မားတတ်သည်။
တစ်ခါတစ်ရံတွင် ၎င်းတို့သည် မှားယွင်းသောနှိုးဆော်ချက်များသာဖြစ်ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြိုတင်မမြင်နိုင်သော အန္တရာယ်ကြီးတစ်ခုပါ ရှိနေတတ်သည်။
ထို့ကြောင့် ကျောင်း၏တပည့်များသည် ထိုသို့သောမစ်ရှင်များကို လက်ခံသောအခါတွင် အလွန်သတိထားရပြီး ထောင်ချောက်ထဲသို့ မတော်တဆရောက်သွားမည်ကို စိုးရိမ်ကြသည်။
အမည်အတိုင်း တိုက်ပွဲ အမျိုးအစားမစ်ရှင်များသည် တိုက်ခိုက်ရေးနှင့်သက်ဆိုင်သည်။
ထိုမစ်ရှင်တွေကတော့ ဝိညာဉ်သားရဲများ၊ နတ်ဆိုးများနှင့် ပြောင်းလဲသွားသော သတ္တဝါများကို သုတ်သင်ရန်ဖြစ်သည်။
တိုက်ခိုက်ရန် လိုအပ်သောကြောင့် ပို၍အန္တရာယ်များသော်လည်း ဆုလာဘ်များသည် ပို၍ ရက်ရောတတ်သည်။
နောက်ဆုံး မစ်ရှင်အမျိုးအစားကတော့ များသောအားဖြင့် မြို့ပြင်ရှိ ဝိညာဉ်မိုင်းတွင်များနှင့် သားရဲနယ်ပယ်များကို စောင့်ကြပ်ရန် သို့မဟုတ် ကျောင်း၏ အသုံးအဆောင်ပစ္စည်းခန်းမ၊ အဂ္ဂရိတ်ဌာနခွဲနှင့် ဆေးပင်ဥယျာဉ်တွင် ကူညီရန်ဖြစ်သည်။
ထိုသို့သော မစ်ရှင်များက အန္တရာယ်မရှိသလောက်ဖြစ်သော်လည်း နှိုင်းယှဉ်ကြည့်လျှင်တော့ ဆုကြေးက အမျိုးအစားလေးမျိုးတွင် အနိမ့်ဆုံးဖြစ်သည်။