← Chapters

အရည်အသွေးအမှတ် နှင့် လဲလှယ်ခြင်း ၊ ခိုမင်၏ သတိပေးချက် (၁)

Vol. 6 Ch. 87

အရည်အသွေးအမှတ် နှင့် လဲလှယ်ခြင်း ၊ ခိုမင်၏ သတိပေးချက် (၁)

Vol. 6 Ch. 87

အမျိုးအစားလေးမျိုးအပြင် ပြင်ပမစ်ရှင်များလည်း ရှိသော်လည်း အရေအတွက်မှာ အလွန်နည်းသည်။ ခိုမင်က ၎င်းတို့ကို အတိုချုံးသာ ဖော်ပြခဲ့သည်။

ခိုမင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရှန်သည် ရှေ့လျှောက် မစ်ရှင်ကို မည်သို့လက်ခံရမည်ကို အကြမ်းဖျင်း နားလည်ခဲ့သည်။

အဲဒီနောက်မှာတော့

ခိုမင်သည် လင်းရှန်ကို စင်္ကြံ၏ ညာဘက်ခြမ်းရှိ အခြားခန်းမတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

"ဒီနေရာက အရင်းအမြစ်တွေ ဖလှယ်တဲ့ နေရာလေ”

ခိုမင်သည် ဗီရိုတစ်ခုဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။

"ကျေးဇူးပြုပြီး အလဲအလှယ်စာရင်းလေး ပေးပါဦး။"

ဗီရို အအနောက်မှာ ရပ်နေသူက စာရင်းကို ချက်ချင်း လွှဲပေသည်။

ခိုမင်က လင်းရှန်ကို ပေးလိုက်သည် ။

"ဆေးလုံး၊ လက်နက်၊ မှော်လက်နက်၊ ကိုယ်ခံပညာနည်းစနစ်၊ အဆောင်နဲ့ ရှားပါးသစ်ဥသစ်ဖုတွေ... အခြေခံအားဖြင့်တော့ ငါတို့ ကျင့်ကြံဖို့ လိုအပ်တဲ့အရင်းအမြစ်အားလုံးကို ဒီနေရာမှာ ရှာတွေ့နိုင်တယ်။ မင်းမှာ အရည်အသွေးအမှတ် အလုံအလောက်ရှိသ၍ ကျောင်းမှာ ကျင့်ကြံမှု အရင်းအမြစ်တွေ ပြတ်လတ်မှာကို စိုးရိမ်စရာ မလိုဘူး “

လင်းရှန်သည် စာရင်းကိုယူပြီး သေချာစွာ လှန်ကြည့်လိုက်သည်။

ပထမအချက်မှာ ဆေးလုံးအပိုင်းဖြစ်သည်။

မြင့်တင်ခြင်း အဆီအနှစ်ဆေးလုံး၊ အရည်အသွေးအမှတ် ၄ မှတ် / ၁ပုလင်း (၁၂ လုံး)

မူလ ဆေးလုံး၊ အရည်အသွေးအမှတ် ၆မှတ် / ၁ပုလင်း (၁၂ လုံး)

အဆီအနှစ်ဆေး ၊ အရည်အသွေးအမှတ် ၃၆မှတ် / ၁ပုလင်း (၁၂ လုံး)

အခြေခံဆေးလုံး၊ အရည်အသွေးအမှတ် ၅၀မှတ် / ၁ပုလင်း

"စစ်မှန်သော ကိုယ်ခံပညာဆိုင်က အဆီအနှစ်ဆေးလုံး ဆေးတစ်ပုလင်းက ဝိညာဉ်ဒင်္ဂါး ၃၆၀,၀၀၀ ပေါက်ဈေးရှိသည်။ အဲ့တော့ အရည်အသွေးမှတ်တစ်ခုက ဝိညာဉ်ဒင်္ဂါး ၁၀,၀၀၀ ခန့် တန်တာပဲ”

လင်းရှန်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အခုလေးတင်တွေ့လိုက်ရတဲ့ မစ်ရှင်မှာ အနိမ့်ဆုံးဆုက အရည်အသွေး အမှတ် (၃၀)ဖြစ်ပြီး စုစုပေါင်း ဝိညာဉ်ဒင်္ဂါး သုံးသိန်းပင်။

တစ်နေ့တည်းနဲ့ ဝိညာဉ်ဒင်္ဂါး ၃,၀၀၀,၀၀၀ တန် ရတနာကို သူမည်ကဲ့သို့ ရခဲ့သည်ကို တွေးပြီးလင်းရှန်က သက်ပြင်းချမိသည်။

လွန်ခဲ့သည့် နှစ်လကပင် သူသည် ထောင်ဂဏန်းရှိသော ဝိညာဉ်ဒင်္ဂါးများအတွက် စိတ်ပူခဲ့သည်။

သို့သော် သူ၏ခွန်အားများ တိုးလာသည်နှင့်အမျှ သူနှင့် ထိတွေ့မိသော ငွေပမာဏသည် ပို၍ ကြီးမားလာသည်။ အခု သူ့မှာ သန်းချီတန်တဲ့ ပိုင်ဆိုင်မှုတွေရှိနေပြီပင်။

ထို့အပြင် သူပြီးမြောက်သည့် မည်သည့်မစ်ရှင်မဆို ဝိညာဉ်င်္ဒဂါး သိန်းနှင့်ချီ၍ ရရှိမည်ဖြစ်သည်။

အရင်တုန်းကတော့ ဒါက စိတ်ကူးယဉ်လို့ မရနိုင်လောက်အောင်ပင်။

"မျှော်လင့်ထားသလိုပဲ ငါ့ရဲ့ ကျင့်ကြံမှုအဆင့် မြင့်တက်လာတာနဲ့အမျှ ငွေက နံပါတ်တစ်ခုပဲ ဖြစ်သွားတာပဲ”

သူ့ဘာသာ စိတ်တည်ငြိမ်အောင်ထားပြီး လင်းရှန်က ဆက်ဖတ်သည်။

ဆေးပြားတွေနောက်မှာက လက်နက်တွေဖြစ်သည်။

သာလွန်ကောင်းမွန်သော ဓားရှည် (သာမန်အဆင့်)၊ အရည်အသွေးအမှတ် ၅/ တစ်ခု

အကြိမ်တစ်ရာ သန့်စင်ထားသော ဓားရှည်( သာမန်အဆင့် ၊ အရည်အသွေးအမှတ် ၃၀/ တစ်ခု

သိုလှောင်ကျောက်စိမ်းပြား၊ အရည်အသွေးရမှတ် ၅၀/တစ်ခု

ကြယ်ခုနစ်ပွင့်ဓား (သာမန်/အဆောင် လက်နက်)၊ သာမန် အရည်အသွေးရမှတ် ၁ခု

သိုလှောင်အိတ် (မှော်လက်နက်)၊ သာမန် အရည်အသွေးရမှတ် ၃ ခု

ယန်စွမ်းအားကြိုး(မှော်လက်နက်)၊ သာမန် အရည်အသွေးရမှတ် ၅ခု

နေသုံးစင်း အဆောင်ဓား(မှော်လက်နက်)၊သာမန် အရည်အသွေးရမှတ် ၁၀ ခု

လင်းရှန်သည် လက်နက်များနဲ့ မှော်လက်နက်များ ခင်းကျင်းထားမှုကြောင့် မှင်

တက်သွားသည်။ ၎င်းက ရာနှင့်ချီ၍ ရှိပေလိမ့်မည်။

အထဲမှာ နေသုံးစင်း အဆောင်ဓားကိုတောင် မြင်လိုက်ရသည်။

လင်းရှန်သည် အရည်ပျော်ခြင်းကို ခံနိုင်ရည်ရှိသော အစွမ်းထက်သည့်

မှော်လက်နက်ကို လိုချင်သည်။

ကံမကောင်းစွာပဲ နေသုံးစင်း အဆောင်ဓားကို သာမန် အရည်အသွေးအမှတ် ၁၀ခုနဲ့သာ လဲလှယ်နိုင်သည်။

မစ်ရှင်ဆုလာဘ်ကို အကဲဖြတ်ကြည့်တော့ သာမန် အရည်အသွေးအမှတ် ၁၀ခုက သေးငယ်တဲ့ပမာဏမဟုတ်ဘူးဆိုတာ သိသာသည်။ လင်းရှန်သည် စိတ်ဆန္ဒကို ခေတ္တမျှသာ ချိုးနှိမ်နိုင်ခဲ့သည်။

စာရင်းတွင်ဖော်ပြထားသော လက်နက်များနှင့် မှော်လက်နက်များအပြင် လက်နက်များကို စိတ်ကြိုက်ပြင်ဆင်ဖို့ ရွေးချယ်စရာများလည်း ရှိသေးသည်။

လှံ၊ ကြာပွတ်၊ ပုဆိန်၊ ကြိုး၊ တူ၊ လျှို့ဝှက်လက်နက် မျိုးစုံ... အရည်အသွေးအမှတ် ပေးဆောင်နိုင်သရွေ့ အသုံးအဆောင်ပစ္စည်းခန်းမသည် ကိုယ်လိုအပ်သော လက်နက်များကို လုပ်ပေးမည် ဖြစ်သည်။

ဒီလို စိတ်ကြိုက်လက်နက်တွေက ဈေးကြီးသည်။

ထို့ကြောင့် အထူးကိုယ်ခံပညာ နည်းစနစ်များကို မကျင့်ကြံနိုင်ပါက တပည့်အများစုသည် စာရင်းထဲရှိ လက်နက်များကို ပိုမိုအသုံးပြုရန် လိုလားကြသည်။ လင်းရှန်က ဆက်ဖတ်နေသည်။

နောက်စာမျက်နှာကို လှန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေ တောက်ပလာသည်။

ကြယ်ပွင့် ရွေ့လျားခြင်း နည်းစနစ် သာမန် အရည်အသွေးရမှတ် ၂ခု

တောက်လောင်နေသော တိမ်တိုက်ဓား၊ သာမန် အရည်အသွေးရမှတ် ၃ခု

ယန်စွမ်းအားမြှင့် ဓားနည်းစနစ်၊ သာမန် အရည်အသွေးရမှတ် ၄ခု

မိုးကြိုးသွား သမာဓိ လက်သီး၊ သာမန် အရည်အသွေးရမှတ် ၅ခု

ကြက်သွေးရောင်တိမ်တိုက် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ၊သာမန် အရည်အသွေးရမှတ် ၇ခု

အရည်ပျော်ခြင်း ၊သာမန် အရည်အသွေးရမှတ် ၈ခု

အဆီအနှစ် ဓားသွား လက်ချောင်း၊ သာမန် အရည်အသွေးရမှတ် ၁၀ခု

ဆေးလုံး သို့မဟုတ် ထူးဆန်းသောမှော်လက်နက်များနှင့် နှိုင်းယှဉ်ပါက ကိုယ်ခံပညာဆိုင်ရာ လဲလှယ်မှုအခြေအနေများသည် သိသိသာသာမြင့်မားသည်။

အရည်ပျော်ခြင်းသည်လည်း သူတို့အထဲမှာ ပါနေတာကို တွေ့ရတော့ လင်းရှန် အံ့ဩသွားသည်။

ထို့အပြင် လဲလှယ်မှု လိုအပ်ချက်သည် သာမန် အရည်အသွေးရမှတ် ၈ခု အထိ မြင့်မားခဲ့သည်။ ယန်စွမ်းအားမြင့် ဝတ်ရုံလို မှော်လက်နက်တွေထက်တောင် ပိုစျေးကြီးသည်။ ၎င်းသည် ယန်းသုံးခု အဆောင်ဓားနှင့်တောင် ယှဉ်လုနီးပါးဖြစ်သည်။

ဆက်ဖတ်ရင်း လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

ရွှေရောင်ကျီးကန်း ကျမ်းဂန်၊ အလယ်အလတ် အရည်အသွေးအမှတ် ၁ခု

စာရင်းပါ ကိုယ်ခံပညာနှင့် ကျင့်ကြံနည်းစနစ်များ၏ နောက်ကွယ်တွင် ၎င်းတို့၏ တိကျသော စွမ်းအား၊ ကျင့်ကြံမှု အခြေအနေများနှင့် အခြားအရာတွေကို စာလုံးသေးသေးလေးဖြင့် ရေးသားဖော်ပြချက်များ ပါသည်။

ရွှေရောင် ကျီးကန်း ကျမ်းဂန်း၏ ကျင့်ကြံမှုအခြေအနေသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ဖြစ်သည်။

ဒါက ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံနည်းစနစ်ပင်။

"နောက်ဆုံးတော့ တွေ့ပြီ”

လင်းရှန်က ဝမ်းသာသွားသည်။

ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို တက်ပြီးနောက် မူလအသက်ရှူခြင်း နည်းစနစ်၏ စွမ်းဆောင်ရည်မှာ အလွန်ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် လင်းရှန်သည် နိုင်ယန်းကျောင်းသို့ဝင်ရောက်ပြီး ကြာရှည်စွာအသက်ရှုခြင်းအဆင့် နည်းစနစ်များကို ရှာဖွေခဲ့သည်။

ကံကောင်းထောက်မစွာပဲ ရလဒ်များကသူ့ကိုမစိတ်ပျက်စေခဲ့ပေ။ နိုင်ယန်ကျောင်းတွင် ကြာရှည်စွာ အသက်ရှုခြင်း နည်းစနစ်နဲ့ အမှန်တကယ်ပင် လဲလှယ်နိုင်သည်။

သို့သော် အလယ်အလတ် အရည်အသွေးအမှတ် တစ်ခု

လင်းရှန်သည် ခဏလောက် စဉ်းစားပြီး ခိုမင်ကို မေးရန် ခေါင်းကို မော့လိုက်သည်။

"စီနီယာအကိုခိုမင် အရည်အသွေးအမှတ်အတွက်ရော ရှင်းပြစရာရှိလား။"

ခိုမင်က ပြုံးပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။

“အနိမ့်ကနေ အမြင့်အထိဆို အရည်အသွေးအမှတ်တွေကို သာမန်၊ အလယ်အလတ်နဲ့ အဓိကဆိုပြီး ပိုင်းခြားထားတယ်။ ပစ္စည်းတွေ ရှားပါးလေ ၊ လဲလှယ်ဖို့ လိုအပ်တဲ့

အရည်အသွေးရမှတ်အဆင့်က မြင့်လေပဲ”

“အမြင့်ပိုင်းအမှတ်တွေက အနိမ့်ပိုင်းအမှတ်တွေကို ၁:၁၀ အချိုးနဲ့ လဲလှယ်နိုင်တယ်။ ဥပမာအားဖြင့် အဓိကအရည်အသွေးအမှတ် ၁ခုက အလယ်အလတ်အရည်အသွေး အမှတ် ၁၀ခုနဲ့ လဲလှယ်နိုင်တယ်”

အလယ်အလတ်အရည်အသွေးအမှတ်နဲ့ သာမန် အရည်အသွေးအမှတ်ကလည်း

အတူတူပင်။ သာမန် အရည်အသွေးအမှတ်နဲ့ အရည်အသွေးအမှတ်ကတော့ ခြွင်းချက်ဖြစ်သည်။ သာမန် အရည်အသွေးအမှတ်သည်

၁၀၀ အရည်အသွေးအမှတ်နဲ့ လဲလှယ်နိုင်သည်။

"ဒါပေမဲ့ အနိမ့်ပိုင်းအဆင့်အမှတ်တွေကိုအထက်အဆင့် အရည်အသွေးအမှတ်တွေနဲ့ လဲလှယ်တာတော့ ကန့်သတ်ထားတယ်။ ပြောင်းပြန် လဲလို့မရဘူး”

လင်းရှန်သည် နားလည်သွားပြီး သူ့နှလုံးက ခုန်သွားသည်။

ထိုအခြေအနေတွင် အရည်ပျော်ခြင်း၏ သာမန် အရည်အသွေးရမှတ်သည် ဝိညာဉ်ဒင်္ဂါး ရှစ်သန်းတန်ဖိုးရှိသည်။

ထျန်းတျန်းက သူ့ကို ရက်ရက်ရောရော လက်ဆောင်တစ်ခု ပေးခဲ့တာပင်။

လင်းရှန်က သက်ပြင်းချလိုက်သည်။

ကံမကောင်းစွာဖြင့် နိုင်ယန်ကျောင်းမှ တပည့်များအား ကိုယ်ခံပညာများကို အပြင်မှာသီးသန့်သင်ကြားပေးခြင်းမပြုရန် တားမြစ်ထားသည်။ မဟုတ်ပါက အရည်ပျော်ခြင်း လက်စွဲစာအုပ်ကို ဖြန့်ဝေရုံနဲ့ ငွေကြေး အနည်းငယ်ကို ရရှိနိုင်သည်။

ထိုအချိန်တွင် ခိုမင်သည် ရုတ်တရက် ရယ်မောကာ မေးလိုက်သည်။

" ဂျူနီယာ ညီလေး လင်း၊ မင်း ရွှေကျီးကန်းကျမ်းဂန်နဲ့ လဲလှယ်ချင်တာလား။"

လင်းရှန် အမူအရာက ပြောင်းသွားသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည် " ဟုတ်ကဲ့၊ စီနီယာ အစ်ကိုက ကျွန်တော်အတွက် အကြံဉာဏ်တွေ ပေးနိုင်မလား”

"တကယ်က အဲ့လို မဟုတ်ဘူး။"

ခိုမင်က ရယ်သည်။

"သင်တန်းကျောင်းမှာ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်ရောက်သွားတဲ့ တပည့်တိုင်းက ရွှေရောင်ကျီးကန်း ကျမ်းဂန်ကို အခမဲ့ ရယူနိုင်တယ် ။ အဲ့တာကို လဲလှယ်ဖို့ အမှတ်တွေကို ဖြုန်းတီးနေဖို့ မလိုဘူး”

All Chapters