အရည်အသွေးအမှတ် နှင့် လဲလှယ်ခြင်း ၊ ခိုမင်၏ သတိပေးချက် (၂)
Vol. 6 Ch. 88
လင်းရှန်က အံ့အားသင့်သွားသည်။ စာရင်းကို လက်ညှိုးထိုးပြပြီး "ဒါပေမယ့် ဒီမှာ..."
"အဲဒါက ချီအသွင်ပြောင်းခြင်းအဆင့်က တပည့်တွေအတွက်ပဲ။ တချို့တပည့်တွေက ဘွဲ့ရတဲ့အထိ ကျောင်းမှာ ဆက်မနေနိုင်တော့ဘူးလို့ ယူဆတဲ့အခါ ရွှေရောင်ကျီးကန်းကျမ်းစာနဲ့ ဆက်ပြီး ကျင့်ကြံဖို့အတွက် အရည်အသွေးရမှတ်တွေ ရဖို့ အသက်အန္တရာယ်နဲ့ စွန့်စားကြတယ်။ အဲ့တော့ သူတို့ ကျောင်းကထွက်ပြီး တစ်ရက်ရက်မှာတော့ ကြာရှည်စွာ အသက်ရီုခြင်းအဆင့်ကိုရောက်သွားကြတယ်”
"အဲ့လိုလား။" လင်းရှန်သည် နားလည်ခဲ့သည်။
ထို့နောက် သူသည် ရှားပါးသော ဆေးဖက်ဝင်အပင်များစာရင်းကို လှန်ကြည့်လိုက်သည်။
မျှော်မှန်းထားသည့်အတိုင်း အမျိုးအစားတစ်ခုစီတွင် သူရေတွက်နိုင်သည်ထက် အမျိုးကွဲများစွာရှိသည်။
လင်းရှန်က ပစ္စည်းအများကြီးအတွက် အံ့ဩသွားသည်။
သို့သော် ၎င်းတို့အတွက် လဲလှယ်ရန် လိုအပ်သော အရည်အသွေးအမှတ်များကို မြင်သည်နှင့် လင်းရှန်သည် ခေါင်းယမ်းလိုက်သည်။ သူ့စိတ်လှုပ်ရှားမှုကို ထိန်းကာ အဝေးကို လှမ်းကြည့်လိုက်သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် လင်းရှန်သည် စာရင်းကို အကြမ်းဖျင်းနားလည်လာပြီး ယေဘုယျအကြံတစ်ခုရခဲ့သည်။
"တစ်ခုခုကိုမေ့တော့မလို့။"
ခိုမင်သည် ရုတ်တရက် နဖူးကို ပုတ်ကာ ပြုံးလိုက်သည်။
"ညီလေးလင်း၊ မင်းက အခု အနက်ရောင်အဆင့် တပည့်ဖြစ်နေပြီ။ ကျောင်းရဲ့ စည်းမျဉ်းတွေအရ မင်း လစဉ် သာမန်အရည်အသွေး အမှတ်(၃)ခု ရနိုင်တယ်”
" ဒါက အနက်ရောင်အဆင့်တပည့်ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ”
သာမန်အရည်အသွေးအမှတ် ၃ခု
လင်းရှန်သည် အံ့သြသွားခဲ့သည်။
၎င်းသည် ဝိညာဉ်ဒင်္ဂါးသုံးသန်းနှင့် ညီမျှသည်။
၎င်းသည် အရည်အသွေးအမှတ်များထဲမှ တစ်ခုသာဖြစ်ခဲ့သည်။
နိုင်ယန်းကျောင်းသည် အမှန်တကယ် ချမ်းသာသည်။
"စီနီယာ အစ်ကိုကြီး၊ တခြားသူတွေကရော ဘယ်လိုလဲ။"
“ရာထူးမရှိတဲ့ တပည့်တွေက လစဉ် အရည်အသွေးရမှတ် ၃၀ ရတယ်”
အဝါရောင်အဆင့် တပည့်တွေက လစဉ် သာမန်အရည်အသွေးအမှတ် ၁ခု ရတယ်။ကောင်းကင်အဆင့်နှင့် ကမ္ဘာမြေအဆင့် တပည့်တွေအတွက် လစဉ် အလယ်အလတ် အရည်အသွေး အမှတ်တစ်ခုနှင့် သာမန်
အရည်အသွေးအမှတ် ငါးခုစီ အသီးသီး ရရှိကြတယ်”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
အဆင့်တစ်ခုစီကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။
“ တစ်လ ၊ နှစ်လလောက်က များများစားစား မဟုတ်ပေမဲ့ တစ်နှစ်ပတ်လုံး ကွာဟမှုက ဒါဇင်နဲ့ချီတဲ့ သာမန်အရည်အသွေးရမှတ်တွေ ဖြစ်လာမှာပဲ “
တပည့်များစွာက အဆင့်တက်ချင်ကြသည်မှာ အံ့သြစရာမဟုတ်ပေ။
"အရင်းအမြစ်တွေကို လဲလှယ်ဖို့က အထောက်အထား တိုကင်တစ်ခု လိုအပ်
တယ်။ ဂျူနီယာ ညီလေး လင်း၊ သွားကြစို့။အကိုက မင်းဖို့ အထောက်အထား တိုကင်
တစ်ခုယူလို့ရမဲ့နေရာကို ခေါ်သွားပေးမယ်”
ထို့နောက် နှစ်ယောက်သား အရည်အသွေးခန်းမမှ ထွက်ခွာသွားကြသည်။
လမ်းတွင် တောင်တန်းတစ်ခုနှင့် ဆန့်ကျင်ဘက်တွင် တည်ဆောက်ထားသော သစ်သားအဆောက် အအုံအချို့ကိုဖြတ်သွားသောအခါ ခိုမင်က လက်ညှိးထိုးပြသည်။
"ဂျူနီယာ ညီလေးလင်း၊ အဲဒါ တပည့်တွေ နေထိုင်တဲ့ နေရာ”
လင်းရှန်သည် တချက်ကြည့်လိုက်သည်။ ထိုသစ်သားအဆောက်အဦများသည် ဇိမ်ကျကျမဟုတ်သော်လည်း ၎င်းတို့သည် ကျက်သရေရှိပြီး ရှေးဟောင်းဆန်မှုကို ခံစားရသည်။
ထို့အပြင် ၎င်းသည် သူ၏စိတ်ကူးထဲက အတိုင်းမဟုတ်သော်လည်း ထိုနေရာသည် အခြားနေရာများထက် ပိုမိုလှပသည်ဟု သူခံစားမိခဲ့သည်။ အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက်မှာ သူတကယ်ကို စိတ်အေးချမ်းသလို ခံစားလိုက်ရသည်။
လင်းရှန်၏ အံ့အားသင့်မှုကို သတိပြုမိပြီး ခိုမင်က "ဒီနေရာက သစ်သား အဆောက်အဦးအားလုံးကို ဝိညာဉ်စုဆောင်းခြင်း အခင်းအကျင်း၊ တိတ်ဆိတ်မှု အခင်းအကျင်း၊ နှလုံးသားသန့်စင်ခြင်း အခင်းအကျင်း၊အိမ်တော်ကာကွယ်ခြင်း အခင်းအကျင်းအပြင် တခြားများပြားတဲ့ အခင်းအကျင်းတွေနဲ့ တည်ဆောက်ထားတာ။ အဲ့တာတွေက ကျင့်ကြံမှု စွမ်းဆောင်ရည်ကို တိုးမြင့်စေပြီး အသံလုံတဲ့လုပ်ဆောင်ချက်ကို ပံ့ပိုးပေးတဲ့အပြင် တပည့်တွေကို ကာကွယ်ပေးပြီး စိတ်ကို အေးချမ်းစေတယ်လေ။ ဝိညာဉ်ရေးရာ အနှစ်သာရသိပ်သည်းမှုအရ အဲ့တာက သင်ကြားရေးအခန်းအဆင့်နီးပါးရှိနေပြီ”
လင်းရှန်၏ အမူအရာ ပြောင်းသွားသည်။
ကျင့်ကြံသူများ၏ ကျင့်ကြံရာနေရာများကို ဗိမာန်ဟု ခေါ်ဆိုကြသည်။
အနှစ်သာရသတ္တုအရေအတွက်နှင့် ဝိညာဉ်ရေးရာအနှစ်သာရ ပမာဏပေါ်မူတည်ပြီး ဗိမာန်များကို ကောင်းကင်ဘုံနေရာ၊ မင်္ဂလာမြေ၊ စစ်မှန်သော နန်းတော်၊ အနှစ်သာရ စီရင်စု၊ ထူးခြားသောအိမ်နှင့် သင်ကြားရေးအခန်းဟူ၍ အဆင့်ခြောက်ဆင့် ခွဲခြားနိုင်သည်။
၎င်းတို့အနက် ပထမအဆင့်နှစ်ဆင့်သည် အလွန်ရှားပါးပြီး ၎င်းတို့ကို ကောင်းကင်နှင့်မြေကြီးတို့က သဘာဝအတိုင်း ဖန်တီးထားတာပင် ။ ဘယ်သူကမှ အဲဒါတွေကို မဖန်တီးနိုင်ပေ။
ကျင့်ကြံသူသခင်ပင် မည်မျှ အစွမ်းထက် ပါစေ၊ ကောင်းကင်ဘုံနေရာနှင့် မင်္ဂလာမြေအနီးအနားကို ရွှေ့ပြောင်းနိုင်ပေမဲ့ ၎င်းတို့ကို ဘယ်သောအခါမှ ဖန်တီးနိုင်မည်မဟုတ်ပေ။
ကောင်းကင်ဘုံနေရာ သို့မဟုတ် မင်္ဂလာမြေသည် ဂိုဏ်းတစ်ခု၏အုတ်မြစ် ဖြစ်လာနိုင်သည်။
ထို့ကြောင့် သမိုင်းတွင် ကောင်းကင်ဘုံနေရာသစ် သို့မဟုတ် မင်္ဂလာမြေကို တွေ့ရှိတိုင်း မြို့ကြီးအများအပြားသည် ၎င်းအတွက် တိုက်ပွဲဝင်ကြသည်။ သွေးချောင်းစီးပြီး မရေမတွက်နိုင်တဲ့ သေကြေမှုများမှုများ ဖြစ်တတ်သည်။
လင်းရှန်သိသလောက်တော့ နဂါးမြို့တော်ရှိ အဓိကဂိုဏ်းကြီးသုံးခု၏ ဌာနချုပ်မှာ မင်္ဂလာနယ်မြေ သုံးခုဖြစ်သည်။
နိုင်ယန်းကျောင်း တည်ရှိရာနေရာကို တပည့်များက မင်္ဂလာနယ်မြေဟု ခေါ်ကြသော်လည်း အမှန်တကယ်မှာ အနှစ်သာရ စီရင်စုတစ်ခုသာဖြစ်သည်။ ကောင်းကင်ဘုံနေရာမပြောနဲ့၊ စစ်မှန်သောနန်းတော်ပင် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ နိုင်ယန်းကျောင်းသည် ကျင့်ကြံသူအများစု မျှော်လင့်တောင့်တခဲ့သော သန့်ရှင်းသောမြေဖြစ်နေပြီပင်။
မည်သည့် ဂူဗိမာန်မဆို အဖိုးတန်သည်။
သင်ကြားရေးခန်းသည် ကျင့်ကြံသူ သခင် အဆင့်အောက် ကျင့်ကြံသူများ အတွက် ရင်ဖိုစရာပင် ဖြစ်လေသည်။
အချိန်အကြာကြီး သက်ရောက်မှုရှိစေမယ့် အမျိုးအစားပင်။
အဝေးရှိ ရာနှင့်ချီသော သစ်သားအဆောက် အအုံများသည် သင်ကြားရေးအခန်းများ ဖြစ်သည်ဟု လင်းရှန်က တွေးကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူသည် နိုင်ယန်းကျောင်း၏ ချမ်းသာကြွယ်ဝမှုကို ခံစားမိပြန်သည်။
“ဝိညာဉ်ရေးအနှစ်သာရ ပါဝင်မှုအရ သင်ကြားရေးအခန်းတွေကို A, B, C, D ဆိုပြီးအဆင့်လေးဆင့် ခွဲခြားထားတယ်။ တပည့်ရဲ့အဆင့်မြင့်လေ၊ သင်ကြားရေးအခန်းအဆင့်က မြင့်လေပဲ။ စည်းမျဉ်းတွေအရ အနက်ရောင်အဆင့်တပည့်တွေကို C-တန်း သင်ကြားရေးခန်းမှာ နေထိုင်ဖို့ တာဝန်ပေးထားတယ်”
ခိုမင်က ရယ်မောလိုက်သည်။
"ဟုတ်တယ်၊ ကျောင်းက တပည့်တွေကို ဒီမှာနေဖို့ အတင်းအကြပ်မလုပ်ဘူး။ သူတို့ဘာသာ အပြင်မှာနေလည်း ရတယ်။"
လင်းရှန်က ရယ်ပြီး ခေါင်းယမ်းလိုက်သည်။
ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ ဂူဗိမာန်ရှိနေတာကို ဘယ်သူက အပြင်မှာနေချင်မှာလဲ။
၎င်းတို့က ပိုမိုကောင်းမွန်သော ကျင့်ကြံမှုပတ်ဝန်းကျင်ကို ရရှိနိုင်သည့် သြဇာကြီးမားသော မိသားစုများ၏ တပည့်များမဟုတ်ရင်ပေါ့
ခိုမင်က လင်းရှန် ဘာကို ရွေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားတော့ သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။ သူက ပြုံးပြီး လမ်းကို ဆက်လျှောက်သည်။
သိပ်မကြာခင်မှာပဲ
နှစ်ယောက်သား လူစည်ကားသော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြသည်။
လင်းရှန်ကြည့်လိုက်တော့ ခြံတံခါးဝမှာ ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထာတာကို တွေ့လိုက်ရသည်။ အဲဒီထဲမှာ “ပြည်တွင်းရေးရာ ဌာန” ဆိုတဲ့ စကားလုံး ပါသည်။
တာအို၀တ်စုံဝတ် တပည့်များသည် အရှိန်အဟုန်ပြင်းစွာ ဝင်ထွက်သွားလာ
နေကြသည်။
တံခါးကို ဖြတ်လျှောက်လာသောအခါတွင် အသက်သုံးဆယ်ကျော်ခန့်ရှိသော ရိုးရှင်းသည့်အသွင်အပြင်ဖြင့် လူတစ်ယောက် ဖြတ်သွားခဲ့သည်။
ခိုမင်က ရှေ့သို့ ခြေလှမ်း အနည်းငယ်လှမ်းပြီး ထိုလူကို တားလိုက်သည်။
"ထောင် ခဏလေး”
ထိုလူက မော့ကြည့်လိုက်တော့ ခိုမင်ဖြစ်နေတာကို သိသွားသည် ။ ထိုအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။
"အစ်ကိုကြီး၊ ပြည်တွင်းရေးရာဌာနကို လာဖို့ ဘယ်လိုတောင် အချိန်ရတာလဲ၊ ကျွန်တော်တို့ကို စစ်ဆေးဖို့ ဒီမှာရောက်နေတာလား။"
သူ့အမူအရာအရ ခိုမင်နဲ့ အလွန်ရင်းနှီးသည်မှာသိသာထင်ရှားသည်။
"ဘာတွေ ပြောနေတာလဲ?"
ခိုမင်က နောက်ပြောင်ပြီး လင်းရှန်ကို မိတ်ဆက်ပေးသည်။
"ဒါက ဂျူနီယာ ညီလေးလင်းလေ။ သူက ဒီနေ့ ပဲ ကျောင်းကို သတင်းပို့ပြီး အခုအနက်ရောင်အဆင့် တပည့်ဖြစ်နေပြီ။"
ပထမတော့ ထောင်က ပြုံးပြုံးရွှင်ရွှင်နဲ့ နားထောင်နေပေမယ့် နောက်ဆုံးစကားကြားတော့ သူ့အပြုံးက အေးစ်သွားပြီး ခိုမင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။