အရည်အသွေးအမှတ် နှင့် လဲလှယ်ခြင်း ၊ ခိုမင်၏ သတိပေးချက် (၃)
Vol. 6 Ch. 89
"အနက်ရောင်အဆင့် တပည့်လား”
လင်းရှန်သည် ယနေ့မှ ကျောင်းသို့ သတင်းပို့တာကြောင့် သူသည် ကျောင်းသားသစ်ဖြစ်သည်။
သို့သော် ကျောင်းသားအသစ်က အနက် ရောင်အဆင့်တပည့် ဘယ်လိုဖြစ်လာနိုင်မှာလဲ
ထောင်က သူပြောတာ မှန်ရဲ့လားလို့ တွေးနေမိသည်။
"ဟုတ်တယ်၊ သူက အနက်ရောင်အဆင့် တပည့်ပဲ”
ခိုမင်က ရယ်လိုက်ပြီး ထောင်၏ အံ့ဩမှုကြောင့် သိသိသာသာ ကျေနပ်သွားသည်။
"ဂျူနီယာ ညီလေးလင်း" က လမ်းပြတိုက်ပွဲမှာ စီနီယာကျောင်းသားတွေကို အနိုင်ယူပြီး ထူးထူးခြားခြား ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့တယ်လေ။ အဲ့တော့ ဆရာစစ်က သူ့ကို အနက်ရောင်အဆင့် တပည့်အဖြစ် အဆင့်တိုးဖို့ အမိန့်ပေးခဲ့တာ”
ထောင်သည် ချက်ချင်းပင် လေးစားသွားသည် ။ လင်းရှန်ကို နောက်တစ်ကြိမ် ကြည့်
လိုက်တော့ သူ့အမူအရာက ဖားတဲ့ပုံစံ ဖြစ်နေပြီ ဖြစ်သည်။
ဆရာကြီးစစ် တန်ဖိုးထားသော ပါရမီရှင်သည် တောက်ပသော အနာဂတ်ကို ရရှိမှာ
သေချာသည်။
သူလျစ်လျူရှုလို့ မရချေ။
"တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ထောင်ကျုံးပေါင်ပါ ။ ငါ့ကို အကိုထောင်လို့ ခေါ်လို့ရပါတယ်။"
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က လင်းရှန်ပါ “ လင်းရှန်က ပြန်ပြောသည်။
စကားစမြည် ပြောပြီးနောက် ခိုမင်သည် နေရာတစ်ခုသို့ တည့်တည့်သွားခဲ့သည်။
"ထောင် ငါ သူ့ရဲ့အထောက်အထားကတ်နဲ့ တာအိုဝတ်ရုံကို ယူဖို့ ဒီကို ခေါ်လာခဲ့တာ၊ နောက်ပြီး ညီလေးလင်းက ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ရောက်နေပြီ၊ ဒါကြောင့် မင်းရှိနေတုန်း သူ့ကို ရွှေရောင်ကျီးကန်းကျမ်းစာ ယူလာပေးပါလား”
ဒါကိုကြားတော့ ထောင်ကျုံးပေါင်က လျှာကို ကိုက်လုမတတ်ပင်။ ဒါပေမဲ့ သူက တံတွေးကိုသာ မျိုချခဲ့ရသည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျောင်းသားအသစ်။
ဆရာကြီးစစ်ကိုယ်တိုင်က သူ့ကို အနက်ရောင် တပည့်အဖြစ် အဆင့်တိုးဖို့ အမိန့်ပေးတာ အံ့သြစရာတော့ မရှိပေ။
သူက အရမ်းထက်မြက်ပေသည်။
ဒါကိုစဉ်းစားရင်း ထောင်ကျုံးပေါင်က ပေါ့ပေါ့ဆဆမနေရဲပေ။ တစ်စုံတစ်ဦးကို ပစ္စည်းယူဆောင်လာရန် ချက်ချင်းတောင်းဆိုခဲ့သည်။
သိပ်မကြာခင်မှာပဲ
ဂိုဏ်းသုံးခု၏ ဝတ်စုံများ၊ အထောက်အထားကတ် ၊ လက်ချောင်းအရွယ် ကျောက်စိမ်းတုံးအဆောင်နှင့် စာအုပ် အရှေ့ဘက်တွင်"ရွှေရောင်ကျီးကန်းကျမ်း" ဟူသော စာလုံးပါသည့် အပြာရောင်လျှို့ဝှက်လက်စွဲစာအုပ်ကို လင်းရှန်အား ပေးအပ်ခဲ့သည်။
" ညီလေးလင်း ၊ မင်းရဲ့သာမန်အရည်အသွေးအမှတ် ၃ခုကို ဒီလမှာ ပေးပြီးပြီ။ မင်းရဲ့ အထောက်အထားကတ်နဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေကို လဲလှယ်ဖို့ အရည်အသွေးခန်းမကို သွားလို့ရပြီ”
"ပြီးတော့ ဒါက သင်ကြာရေးအခန်း C171 ရဲ့ အဆောင် ။ ဒီအဆောင်ကို ကိုင်ထားမှသာလျှင် သင်ကြားရေးခန်းကို ဖွင့်နိုင်မှာ။ သန့်ရှင်းရေးလုပ်ပေးဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်ထားပြီးသား။ အတွင်းထဲမှာ ပရိဘောဂတွေနဲ့ ပစ္စည်းတွေအကုန်ရှိတယ်”
"မင်း ရှေ့လျှောက် တခြားအရာတွေ လိုအပ်ရင် ငါ့ဆီ လာခဲ့။ မင်းကို ကူညီဖို့ ငါ့အစွမ်းအစ ရှိသမျှ အကုန်လုပ်ပေးပါ့မယ်” ထောင်ကျုံးပေါင်က သူ့ရင်ဘတ်ကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
လင်းရှန်က သူ့ကို ကျေးဇူးတင်ပြီး ပစ္စည်းတွေကို ယူသွားသည်။
ပြည်တွင်းရေးရာဌာနမှ ထွက်လာပြီးနောက် ခိုမင်က ပြုံးပြီး ပြောသည်။
"ထောင်က ပြည်တွင်းရေးရာဌာနရဲ့ တာဝန်ရှိသူ တစ်ဦးလေ။ သူ့က အဆင့်အတန်းမမြင့်ပေမယ့် သူက ကျောင်းမှာ အချိန်အတော်ကြာအောင် ရှိခဲ့တာမလို့ အဆက်အသွယ်တွေ အများကြီးရှိတယ်။ သူက ကြီးကြီးမားမား ကိစ္စတွေ မဖြေရှင်းနိုင်ပေမယ့် အသေးအမွှားကိစ္စတွေအတွက်ဆို သူ့ဆီသွားလို့ရတယ်။ ရှေ့လျှောက် အခက်အခဲတစ်ခုခု ကြုံလာရရင် သူ့အကူအညီကို ယူလို့ရတယ်။"
လင်းရှန် နှလုံးက ခုန်တက်သွားသည်။ သူက အေးအေးဆေးဆေးနဲ့ ခေါင်းညိတ်ပြီး ပြုံးလိုက်သည် "ကျွန်တော်နားလည်ပါပြီ။"
"ကောင်းပြီ ငါ့တာဝန်ပြီးသွားပြီ။ မင်းကို မနှောင့်ယှက်တော့ဘူး"
ထိုအချိန်တွင် ခိုမင်သည် တုံ့ဆိုင်းသွားပြီး ရုတ်တရက် အသံကို နိမ့်ပြောလိုက်သည်။
“ ဂျူနီယာ ညီလေး လင်း၊ မင်းကို သတိပေးပါရစေအုံး။ ကျောင်းအဆင့် စိန်ခေါ်ပွဲက သုံးလ တစ်ကြိမ် ကျင်းပပြီး နောက်ဆုံး ပွဲက လွန်ခဲ့တဲ့ ငါးရက်ကမှ ပြီးသွားတာ။ နောက်ပြန်စဖို့ သုံးလလောက် ကျန်သေးတယ်”
"မင်းရဲ့ လက်ရှိအခြေအနေအရ လူတော်တော်များများက မင်းကို စိန်ခေါ်ကြမှာ။ သူတို့က မင်းရဲ့ အနက်ရောင်တပည့်နေရာကို အစားထိုးဖို့ အဆင့်စိန်ခေါ်မှု လုပ်ဖို့စောင့်နေကြမှာ။ မင်းအဆင်သင့်ဖြစ်ရမယ်။"
လင်းရှန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည် ။
"ကျွန်တော် နားလည်ပါတယ်။ စီနီယာရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် “
ခိုမင်သည် လင်းရှန်၏ ပခုံးကို ပုတ်ကာ ဘာမှ မပြောဘဲ ထွက်သွားသည် ။
သူက လင်းရှန်၏ အလားအလာကို တန်ဖိုးထားကာ သူ့ကို အထင်ကြီးစရာကောင်းအောင် ကြိုဆိုပေးလိုသောကြောင့် လင်းရှန်ကို သတိပေးခဲ့သည်။
ပို၍အရေးကြီးတာ အနက်ရောင်အဆင့်တပည့်တစ်ဦးအနေဖြင့် လင်းရှန် ၏တည်ရှိမှုသည် သူ့အကျိုးစီးပွားကို မထိခိုက်စေခဲ့ပေ။ တကယ်တော့ သူ့အတွက် အကျိုးရှိခဲ့သည်။
လင်းရှန်အနားမှာ ရှိနေသမျှ အဝါရောင်အဆင့် တပည့်အများစုက သူ့နောက်ကို လိုက်လာမှာ သေချာသည်။ သုံးလအတွင်း ခိုမင်ကို စိန်ခေါ်သူ နည်းပါးလာလိမ့်မည်။
ခိုမင်ထွက်ခွာတာကို ကြည့်ရှုပြီးနောက် လင်းရှန်သည် ပြည်တွင်းရေးရာဌာနမှ ထွက်ခွာသွားခဲ့သည်။
သူက သင်ကြားရေးခန်း C-171 ကို ချက်ချင်း မသွားပေ။ အဲဒီအစား သူလာခဲ့တဲ့လမ်းကို ပြန်လာပြီး အရည်အသွေးခန်းမကိုသွားခဲ့သည်။
မစ်ရှင် ခန်းမထဲမှာတော့
လင်းရှန်သည် စင်များကြားတွင် ဖြည်းညှင်းစွာ သွားနေပြီး သူ၏အကြည့်များသည် သစ်သားပြားများပေါ်သို့ လျင်မြန်စွာ ရောက်သွားသည်။
သိပ်မကြာခင်မှာပဲ
သူ့ပစ်မှတ်ကို တွေ့ခဲ့သည်။
"အနည်းဆုံး ၉၅% သန့်စင်ပြီးသော အနက်ရောင်သံတုံးကို စုဆောင်းပါ။
ဆုလာဘ်- အရည်အသွေး အမှတ် ၂မှတ်/၁ ကီလိုဂရမ်”
မျှော်လင့်ထားတဲ့ အတိုင်းပဲ။
လင်းရှန် မျက်နှာပေါ်တွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။ သူက လက်ကောက်ဝတ်ကို လှန်လိုက်တော့ လက်ဖဝါးထဲမှာ တစ်ခုခုပေါ်လာသည်။
အဲ့တာက ချောင်းဟယ်ထံမှ သူရရှိခဲ့သော အနက်ရောင်သံတုံးပင်ဖြစ်သည် ။