← Chapters

မေးခွန်းတစ်ခု

Vol. 005 Ch. 487

မေးခွန်းတစ်ခု

Vol. 005 Ch. 487

ကောလာဟလများအရ မူကျိချူကား တော်ဝင်ကျဲနန်းတော်ကို ဝင်ရန် သေချာနေပြီး ဖြစ်သည်။ သို့သော် တကယ့် အကြောင်းအရင်းကို ဘယ်သူမှ မသိပေ။

​မှန်သည်… ခေါင်းဆောင်က အကြောင်းအရင်းကို သိသည်။ မူကျိဖန်က တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများကို သူ၏ညီမနှင့်ပတ်သက်၍ ပြောပြခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲတစ်ယောက် ကိုယ်တိုင် ကျိုက်ရှင်း အိမ်တော်ကို ကိုယ်တိုင် ရောက်လာကာ မူကျိချူ၏ စွမ်းရည်များကို ကိုယ်တိုင် စမ်းသပ်ခဲ့သည်။ ထို့နောက်တွင် သူမက တော်ဝင်ကျဲနန်းတော်တွင် လေ့ကျင့်ရန် တိုက်ရိုက်ဝင်ခွင့် ရခဲ့၏။

သူ၏မြေးမက အလွန်ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည်ကိုလည်း ခေါင်းဆောင်က သိသည်။ နန်းတော်သို့ တိုက်ရိုက်ဝင်ခွင့် ရသည့်တိုင် သူမက ကိုယ်ပိုင်အစွမ်းအစဖြင့် နန်းတော်တွင်းသို့ ဝင်ရန် ပြင်ဆင်နေခဲ့၏။

မြေရိုင်းဒေသ တစ်ခုလုံးတွင် တော်ဝင်ကျဲနန်းတော်၌ ဝင်ရောက် လေ့ကျင့်ခွင့် ရသောလူကား သိပ်မရှိပေ။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များပင် ဝင်ခွင့် အလွယ်တကူ မရပေ။ အတော်ဆုံး အကောင်းဆုံး လူများသာ နန်းတော်သို့ ဝင်ခွင့်ရ၏။ ရီဖူရှင်း၏ တန်ခိုးအဆင့်က မူကျိချူထက် များစွာ နိမ့်ကျသော်လည်း ယခုထက်ထိ လက်ရည်တူ တိုက်ခိုက်နိုင်သည်။ ခေါင်းဆောင်၏ ရီဖူရှင်းအပေါ် အမြင်က ပြောင်းလဲနေပြီ ဖြစ်သည်။ ချန်းယွန်က အမှန်ပင် သည်တစ်ခေါက် ကောင်းကောင်း ရွေးချယ်ခဲ့သည်။

ကြယ်မင်းကျောင်းက အမှန်ပင် တခြားလူများ အားလုံးကို ကျော်ဖြတ်နိုင်စွမ်းသော ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ခဲ့သည်။ သူက လောင်ရီထျန်းထက်ပင် အောင်မြင်ရန် အလားအလာ ရှိသည်။ သို့သော် ပါရမီမြင့်သည် ဆိုသော်လည်း ယခုတိုက်ပွဲ၏ရလဒ်က ထူးခြားမည် မဟုတ်ဟု သူယုံသည်။

ရီဖူရှင်းက မူကျိချူကို ကြည့်သည်နှင့် သူကိုယ်တိုင်က ကြယ်တာရာ ကောင်းကင်ထဲကို နစ်ဝင်သွားသလို ခံစားရသည်။ ထိုအရာက မှော်မျက်လုံးမှ ဖန်တီးသော လောကတစ်ခု ဖြစ်ဟန်ရသည်။ မူကျိချူကား အမှန်ပင် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင် အထူးပြု မှော်ထိန်းချုပ်သူ ဖြစ်နေသည်။ ထို့အပြင် သူမက တခြား ဓာတ်သဘောဝများတွင်လည်း ကျွမ်းကျင်သည်။

ကြယ်တာရာ ကောင်းကင်တွင် ကြယ်များ လင်းလက် နေကြသည်။ မဆုံးနိုင်သော ကြယ်အလင်းများက ရီဖူရှင်းပေါ်ကို ကျဆင်းလာနေကာ သူ့အား မှန်းဆ မရနိုင်သော ဖိအားများကို ထမ်းပိုးစေသည်။ သူ၏စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာနှစ်ခုလုံးက ခံနိုင်ရည်စွမ်း မရှိသော ဖိအားကို ခံစားနေရသည်။

ရီဖူရှင်း၏အနီးမှ ကြယ်တာရာ မုန်တိုင်းက သူ၏စိတ်ထဲတွင် မြင်နေရသည်များကို ပြန်ပြနိုင်သည်။ ရီဖူရှင်း၏အနီးတွင် ဥက္ကာခဲများက အရောင်များ လင်းလက်လျက် အစီအစဉ်တကျ လှည့်ပတ် လာနေကြသည်။

မရေမတွက်နိုင်သော လူများက ထိတ်လန့်ကြသည်။ သူတို့ မြင်နေရသည်က အကာနာအဆင့်များ ထုတ်လွှတ်နိုင်သော စွမ်းရည်များ မဟုတ်ပေ။ မူကျိချူက ရှီအသိအနည်းငယ်အား နားလည်ထားပုံရကာ ကြယ်များကို ရွေ့လျားရန် သူမ၏ကိုယ်ပိုင် နိုဘယ်အသိဖြင့် ပေါင်းစပ်ခဲ့ပုံရသည်။ ထိုမျှ ကြီးမားသော စွမ်းအားဖြင့် သူမအား နိုဘယ်အဆင့်မှ လွဲ၍ ဘယ်သူမှ ယှဉ်နိုင်တော့မည် မထင်။

လူတိုင်းက ကောင်းကင်တွင် မားမားမတ်မတ် ရပ်နေသော မိန်းကလေးအား ကြည့်ကာ ဆွံ့အရသည်။ ထိုသို့သော မိန်းမလှအား ဘယ်လိုလူက ထိုက်တန်နိုင်ဦးမလဲ...။ သူမကို ကြည့်ခွင့်ရသည်ကပင် သူတို့အတွက် ဂုဏ်ယူဖွယ်ရာ အခိုက်အတန့် ဖြစ်သည်။

ရီဖူရှင်း၏ နှင်လုံးကလည်း သွေးများ ဆူပွက်လာသည်နှင့်အညီ မြန်ဆန်စွာ ခုန်နေသည်။ သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားသော ဖိအားဒဏ်ကို ခံစားနေရကာ စိတ်ဝိညာဉ်ကလည်း တစ်ဖက်လူ၏တိုက်ခိုက်မှု အောက်တွင် အချိန်မရွေး ပြိုပျက်သွားနိုင်၏။

“အခုထိ အရှုံးမပေးသေးဘူးလား…” အေးစက်သော်လည်း သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။ သီးသန့်နယ်ထဲကို ဝင်လာကတည်းက ပထမဆုံး မူကျိချူက စကားပြောခြင်း ဖြစ်သည်။ သူမ ထုတ်လွှတ်နေသော စွမ်းအားက မည်မျှ ကြီးမားသည်ကို သူမသိသည်။ အကယ်၍ သူမက ဆက်လက် ထုတ်လွှတ်နေမည် ဆိုပါက သူမ၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ရာ အကယ်၍ ရီဖူရှင်းကသာ မခုခံနိုင်ပါက ထိုနေရာတွင်ပင် သေဆုံး သွားနိုင်သည်။

ရီဖူရှင်းက သူမအား လျစ်လျူရှုထားသည်။ သူ့ထံမှ အလင်းရောင်များ ဖြာထွက်နေသည်။ သူ၏စိတ်နယ်ပယ်ထဲမှ ကြယ်တာရာ ကောင်းကင်ထဲတွင် ရီဖူရှင်းက နှင်တံကို ကိုင်၍ ဝင့်ကြွားစွာ ရပ်နေသည်။ သူက ကောင်းကင်ကို ကြည့်လိုက်သည်နှင့် အပေါ်မှ အလင်းတန်းများ သူ့ခန္ဓာကိုယ်ကို ကျဆင်းလာကာ စီးဆင်း သွားကြသည်။ ကြယ်များ တုန်ခါသွားကြကာ သူ၏ အကြည့်အောက်၌ ကြယ်တာရာများ၏ လှုပ်ရှားမှုများ နှေးကွေးသွားရကာ သီးသန့်နယ်က သူ့ဆန္ဒအလျောက် လည်ပတ်နေသကဲ့သို့ ထင်မှတ်ရသည်။

မူကျိချူ၏ မျက်လုံးများကလည်း ကြယ်တာရာများ အလား လင်းလက်နေသည်။ သူမက ရီဖူရှင်းအား စိုက်ကြည့်နေသလို ရီဖူရှင်းကလည်း သူမကို စိုက်ကြည့်နေသည်။ ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားဟန် ရ၏။

အားလုံးက ထူးဆန်းသော မြင်ကွင်းကို ကြည့်ကြသည်။ ဘာဖြစ်နေသနည်း။ တစ်ယောက်က မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ပြိုင်ဘက်ကင်းပါသည် ဆိုသော လူငယ်ဖြစ်ပြီး နောက်တစ်ယောက်က တော်ဝင်ကျဲနန်းတော်သို့ ဝင်ခွင့်ရထားသော ပါရမီရှင် ပြိုင်ဘက်ကင်း မိန်းမလှဖြစ်သည်။ သူတို့နှစ်ယောက်က စိတ်ဝိညာဉ် တိုက်ပွဲ ဆင်နွှဲနေကြသည်ဟု ပရိသတ် တချို့က ရိပ်မိကြသည်။

ကောင်းကင် ခေါင်မိုးထဲတွင် ဥက္ကာခဲများက ထူးဆန်းသော ဟန်ချက်ဖြင့် လှည့်ပတ်လာကာ မုန်တိုင်းတစ်ခုလို ဖြစ်လာသည်။ ရီဖူရှင်းက အောက်ကို နစ်မြုပ်တော့မည်ကဲ့သို့ ခံစားရသည်။ ရုတ်တရက် မဆုံးနိုင်သော ကြယ်အလင်းတန်းများက မိုးရွာသလို အပေါ်မှ ဆင်းသက် လာကြသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြယ်အလင်းများ ဖြာထွက်နေရကား သူ၏ အသွေးအသားတို့က လူသားတို့နှင့် မသက်ဆိုင်တော့ဘဲ​ ကောင်းကင်ကြယ်များဖြင့် ဖွဲ့စည်းထားသည့်အလား ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်နှင့် နှင်တံတို့က ပြင်းထန် အားကောင်းကာ တောက်ပသော ကြယ်အလင်းများ တစ်ဖိတ်ဖိတ် ထနေသည်။

ထို့နောက် ရီဖူရှင်းက သူ၏နှင်တံကို စတင် ဝှေ့ယမ်းသည်။ သူ၏လှုပ်ရှားဟန်က ထူးဆန်းကာ သိမ်မွေ့သည်။ နှင်တံနောက်မှ​ လိုက်ပါလာသည်ကား အတိုင်းအဆမဲ့သော ကြယ်တာရာ စွမ်းအင်များ ဖြစ်သည်။

ဥက္ကာခဲများက သူ့ထံ ကျဆင်းလာလျှင် ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းရုံမျှဖြင့် အပိုင်းပိုင်း အစစ ကြေပျက်ရသည်။ နှင်တံ၏ လှုပ်ရှားမှုကြောင့် ကြယ်တာရာ သီးသန့်နယ်ပင်လျှင် တုန်ခါနေသကဲ့သို့ ထင်ရ၏။ သို့တိုင်အောင် ပိုမိုများပြားသော ဥက္ကာခဲများက အဆက်မပြတ် ကျရောက် လာနေသည်။

နှင်တံအား အရှိန်ယူကာ ရီဖူရှင်းက ဒုတိယ ရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ လေထုက ကြွေးကြော်ကာ ဥက္ကာခဲများက နေရာအနှံ့ လွင့်ပျံ့သွားကြသည်။

“ဒါ…” အားလုံးက စိတ်လှုပ်ရှား သွားကြသည်။ သူတို့အားလုံးက ရီဖူရှင်း၏စွမ်းအားကို ခံစားမိကြ၏။

မူကျိချူကား နတ်သမီးတစ်ပါးလို ကြယ်များ၏ နိယာမများကို ထုတ်ဖော်ကာ ဥက္ကာခဲများကို ထုတ်လွှတ်နေသည်။ တခြားတစ်ဖက်တွင် ရီဖူရှင်းကလည်း တော်ဝင် ပညာရပ်များကို ထုတ်သုံးလိုက်သည်။ ကြယ်အလင်းများက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထား၏။

လေးချက်မြောက် ရိုက်ချက်တွင် ဥက္ကာခဲများက ကောင်းကင်ယံသို့ထိ တိုင်အောင် ပြန်လည် ဆန်တက် သွားကြသည်။ သို့တိုင်အောင် မဆုံးနိုင်သော ဥက္ကာခဲများက ကျဆင်းဆဲ...။

ရီဖူရှင်းက အပေါ်ကို ခုန်တက်လိုက်သည်။ ကောင်းကင်တွင် များစွာသော နှင်တံကြီးများ ဖြစ်ပေါ်လာကာ မရေမတွက်နိုင်သော ဥက္ကာခဲများကို ဖျက်ဆီးသည်။ နောက်ဆုံးတွင် နှင်တံများက ဧရာမ နှင်တံကြီးတစ်ခု ဖြစ်သွားပြီး ရီဖူရှင်း၏လက်ထဲမှ နှင်တံနှင့် ပေါင်းစပ်သွားသည်။

ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်၏ ပဉ္စမရိုက်ချက်တွင် ကောင်းကင်တစ်ခွင်ရှိ ဥက္ကာခဲများ အားလုံး အမှုန့်ဖြစ်သွားကာ လေထုက တဝုန်းဝုန်း ပေါက်ကွဲသည်။

ပရိသတ်များ ကြည့်နေဆဲမှာပင် ရီဖူရှင်း၏ နှင်တံကြီးက ဘုန်းခနဲ မြည်ဟည်းသွားကာ မူကျိချူ ဖန်တီးထားသော သီးသန့်နယ်က ပြိုလဲသည်။ ကြယ်တာရာများ ပေါက်ကွဲကြကာ ကောင်းကင်က တုန်ခါသည်။ သူမ၏ခန္ဓာကိုယ်က အနီးမှ အလင်းများ မှေးမှိတ် သွားကြ၏။

မူကျိချူ၏လှပသော ခန္ဓာကိုယ်လေးကလည်း တုန်ခါသွားပြီး ချောင်းတစ်ချက် ဆိုးသွားပြီး သူမ၏ပါးစပ်မှ သွားများ ထွက်ကျလာကာ သူမ၏ အဝတ်အစားများအား သွေးခြင်းခြင်း နီစေသည်။

ထိုအခိုက်တွင် ကြယ်တာရာ ကောင်းကင်က တစ်ခါမှ​ မရှိခဲ့သလို ရှင်းလင်းနေသည်။ ထိုမိန်းမလှလေးက သွေးများ စွန်းထင်း သွားသည်ကို မြင်ကာ လူတိုင်းက ထိတ်လန့် ကြရသည်။ တစ်ဖက်တွင် တံရားခံဖြစ်သူ လူငယ်ကား ကောင်းကင်တွင် နှင်တံကို ကိုက်လျှင် ဝင့်ကြွားစွာ ရပ်နေသည်။

ဆရာယွန် ပြောခဲ့သည်များကို အားလုံးက ပြန်သတိရမိကြသည်။ သားတော်၏ ပါရမီက လောင်ရီထျန်းထက် မြင့်သည်။ မြေရိုင်းဒေသ အရှေ့ဘက်နယ် တစ်ခုလုံးတွင် ပြိုင်ဘက် ကင်းသည်။ သည်မတိုင်မီက သူတို့အားလုံးက ထိုစကားများကို ဟာသတစ်ခု အနေဖြင့်သာ​ တွေးခဲ့ကြသော်လည်း ယခုကား မည်သူကမှ အပိုကြွားဝါသည်ဟု မထင်ကြတော့။

လက်ရှိတွင်ကား အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်သည်။

မူကျိချူကား တော်ဝင်ကျဲနန်းတော်ကို ဝင်ခွင့်ရသော လူသား ရတနာတစ်ပါး ဖြစ်သည်။ သို့သော် သူမ၏ အကာနာအဆင့် အမြင့်ဆုံးဖြင့်ပင် သူမက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ ဤသို့ဆိုလျှင် ရီဖူရှင်းက သူ့မျိုးဆက်တွင် ပြိုင်ဘက် ကင်းသည်ဟု ပြောသည်က လွန်ကဲရာ ရောက်ပါသလော။

ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့၏ မျက်လုံးများမူကား ပြူးကျယ်နေသည်။ သူတို့၏ယုံကြည်မှုက သူတို့၏မျက်လုံးရှေ့တွင်ပင် နင်းခြေခံရသည်။

မူကျိချူအား အလယ်အလတ် အကာနာမျှဖြင့် အနိုင်ယူနိုင်သော လူတစ်ယောက် အမှန်တကယ်ပင် ရှိနေသည်။

မူကျိချူကား ပါရမီ အလွန်အမင်း မြင့်သည်။ မည်သူကမှ ထိုအချက်ကို မငြင်းနိုင်။ သို့တိုင်အောင် သူမက ရှုံးနိမ့်ခဲ့၏။ သူမ၏ အဝတ်အစားပေါ်မှ​ သွေးများက မြင်ရသည်မှာ စိတ်မသက်သာစရာ။

ခေါင်းဆောင်၏ အကြည့်ကလည်း အေးခဲသွားသည်။ သို့သော်လည်း သူ၏တည်ငြိမ်သော ဟန်ပန်ကိုမူကား ထိန်းသိမ်း ထားနိုင်၏။ ထို့နောက် သူ၏စူးရှသော အကြည့်က ရီဖူရှင်းထံ ရောက်လာကာ ချန်းယွန်က အမှန်ပင် ထူးခြား ထက်မြက်သော လူငယ်တစ်ယောက်ကို တွေ့ထားသည်ကို ဝန်ခံရသည်။ ချန်းယွန်က ရီဖူရှင်းအား ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ရယူရန် စေလွှတ်သည်မှာ မထူးဆန်းတော့။

ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင်ကို သူက ဘယ်နေရာမှာ သွားရှာခဲ့သနည်း သူမတွေးတတ်။

ရီဖူရှင်း၏စွမ်းရည်ဖြင့် တော်ဝင်ကျဲနန်းတော်သို့ ဝင်ရောက်ရန် လုံးဝ ပြဿနာမရှိပေ။

ရီဖူရှင်းက မူကျိချူအား တစ်ချက်ကြည့်သည်။ သူ၏လက်မှ​ နှင်တံက ပျောက်ကွယ်သွားကာ ကောင်းကင် ခေါင်မိုးပေါ်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံရှိရာသို့ ဆက်လက် ပျံတက်သွားသည်။

အပေါ်ကို တက်လေလေ ဖိအားက များလေလေ ဖြစ်သည်။ သို့သော် ရီဖူရှင်းက ကြယ်တာရာ အလင်းအား ဆင့်ခေါ်ကာ အပေါ်ကို တဖြည်းဖြည်း တက်ရောက်နိုင်သည်။

အောက်တွင်ကား မူကျိချူက ရီဖူရှင်းကို ဝိုင်းစက်သာ မျက်လုံးများဖြင့် မျက်တောင် မခတ်တမ်း ကြည့်နေသည်။ သူမအနီးတွင် လေများ တဟုန်းဟုန်းထကာ လှည့်ပတ် နေသော်လည်း သူမ၏တည်ငြိမ်မှုကို မလှုပ်ရှားစေနိုင်။

တန်ခိုးကျင့်ခြင်း ခရီးက ကြမ်းတမ်းကာ ရှည်လျားလှပေသည်။ တစ်ချိန်ချိန်တွင် သူမထက် ပိုမိုအားကောင်းသော လူကို တွေ့ရမည်သာ။ သူမထက် ပိုမိုအားကောင်းသော ပါရမီရှင်ထံတွင် ရှုံးနိမ့်ခြင်းက သူမ၏ စိတ်ဓာတ်ကို မပျက်စီးစေနိုင်။ မှန်သည်… ဤသို့သော တိုက်ပွဲက သူမအား ပိုမို သန်မာစေ၏။

အတန်ကြာသောအခါ ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ရှိနေရာသို့ ရောက်လာသည်။ ပေတစ်ထောင်မျှ ရှည်လျားသော ဧရာမ နှင်တံကြီးအား သူက လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ရန် လိုသည်။ သူက နှင်တံအား ခိုင်မာစွာ ဖက်တွယ်လျက် အပေါ်ကို မြှောက်တင်ရန် ကြိုးပမ်းသည်။

ကောင်းကင်ခေါင်မိုးက တုန်ခါသွားပြီး အလွန်အမင်း အားကောင်းသော ဖိအားတစ်ခု ထပ်မံ ဆင်းသက်လာသည်။ သူကား အလယ်အလတ် အကာနာအဆင့်တွင် ရှိကာ တောင်တန်းများနှင့် မြေပြင်ကို နှစ်ခြမ်းဖြစ်အောင် လုပ်နိုင်စွမ်းရှိကာ ပေါင်ကိုးသောင်းမျှအား ထမ်းပိုးနိုင်၏။ သို့သော် ယခု ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို မလိုက်သောအခါ သူခံစားရသော အလေးချိန်က မတန်တဆ ကြီးမားကာ ဖြစ်နိုင်ဖွယ်ပင် မမြင်။

ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်အပြင် အားလုံးက ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းက စွမ်းအားမြင့်လျှင်ကော အဘယ်အရေးနည်း။ သူက နှင်တံကို မနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ရီဖူရှင်း၏မျက်နှာက လေးနက်သွားသည်။ လူဝံကြီး၏ မာန်သွင်းသံက လေထုကို တုန်ခါသွားကာ ရီဖူရှင်းက နှင်တံအား ပွေ့ဖက်ကာ မသည်။

သိဒ္ဓိဝင် လက်နက်က တုန်ခါကာ အနည်းငယ် ကြွလာသော်လည်း ဝုန်းခနဲ မြည်ကာ နှင်တံက ပြန်ကျသည်။ ရီဖူရှင်းကလည်း နှင်တံကို ပြန်လည် လက်လွှတ်လိုက် ရသည်။

နှင်တံတွင် စိတ်အသိရှိသည်ဟု ရီဖူရှင်းက ခံစားရသည်။ သူ၏လက်ရှိ တန်ခိုးအဆင့်ဖြင့် နှင်တံအား အတင်း သယ်ယူသွားနိုင်စွမ်း မရှိပေ။ ခေါင်းဆောင်ကလည်း ထိုအချက်ကို သိဟန်ရကာ ထို့ကြောင့်ပင် စိန်ခေါ်မှုကို ရဲရဲ လက်ခံခဲ့ဟန်ရ၏။ သို့သော်လည်း ကျောင်းအုပ်ချန်းက သူ့အား စေလွှတ်ခြင်းက သေချာပေါက် အကြောင်းပြချက် တစ်ခုတော့ ရှိရမည်။

“လုပ်မနေနဲ့… မင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ယူနိုင်မှာ မဟုတ်ဘူး…” ခေါင်းဆောင်က ကောင်းကင် ခေါင်မိုးတွင် ရှိနေသော ရီဖူရှင်းကို ပြောသည်။

“တကယ်လား…” ရီဖူရှင်းက ခေါင်းဆောင် ရှိနေရာသို့ ငုံ့ကြည့်သည်။

ထို့နောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပိုမို အားကောင်းသော စွမ်းအင်များ ထွက်ပေါ်လာသည်။ မဆုံးနိုင်သော စွမ်းအင်များက သူ၏ လက်တစ်လျှောက် စီးဆင်းသွားကာ နှင်တံအား ရစ်ပတ်သွား၏။ သူ၏ စွမ်းအားများထဲတွင် ခိုအောင်းနေသော ကောင်းကင်အလင်းကို ခံစားမိသော နှင်တံက အနည်းငယ် တုန်ယင်သွားသည်။

မရေမတွက်နိုင်သော ကြယ်တာရာများက ပေတစ်ထောင်ရှည်သော နှင်တံအား ရစ်ပတ်သွားကြသည်။ ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ နှင်တံနှင့် ဆက်သွယ်ရန် ကြိုးစားသည်။ နှင်တံမှ အားကောင်းသော ခုခံမှုကို သူခံစားမိသည်။ သူက သည်နေရာတွင်ပင် ကျောက်ချနေကာ ဘယ်နေရာကိုမှ သွားလိုဟန်မရပေ။

“ငါမင်းကို မေးမယ်… မင်းက ငါနဲ့ လိုက်မှာလား မလိုက်ဘူးလား…”

***

All Chapters