တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင် လင်းဖန်
Vol. 23 Ch. 331
နိုဝင်ဘာလ ၁၈ ရက်နေ့
ကျဲကျန့်ရုပ်သံဌာန နှစ်ပတ်လည် ပွဲတော် ပါတီတွင်…
နှစ်ပတ်လည်ပွဲတော်ပါတီအတွက် ကျဲကျန့်ရုပ်သံဌာနက နှစ်စဉ် နာမည်ကြီး ဆယ်လီများကို ဖိတ်ကြားလေ့ ရှိသည်။
ဒီပွဲတော်က တကယ့် မျက်စိအစာကျွေးပွဲကြီး ဖြစ်လိမ့်မည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ထုတ်လွှင့်ပြသခဲ့တာ ၁ လကြာသွားပါပြီ။
ရှားဝမ်ချွေ့အဖေကို လင်းဖန်တွေ့ရဖို့ ၁ လသာ လိုတော့သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 လည်း ပြီးဆုံသွားခဲ့ပြီ ဖြစ်သည်။
ရုပ်သံဒရမ်မာ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၈ ရာခိုင်နှုန်း ကျော်သွားခဲ့သည်။
တရုတ်ရုပ်ရှင် သမိုင်းကြောင်းတွင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၈ ရာခိုင်နှုန်း ကျော်လွန်သွားသည့် ပထမဆုံး ရုပ်သံ စီးရီးလည်း ဖြစ်သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က တကယ်ပဲ အင်တာနက် တခွင်လုံး ပေါက်သွားခဲ့ပါသည်။
ယနေ့ ကျဲကျန့်ရုပ်သံ ပွဲတော်ပါတီ၏ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကလည်း ပရိတ်သတ်ပေါင်းများစွာ၏ မျှော်လင့် စောင့်စားမှုကို ရရှိထားသည်။
ပွဲတော်ခမ်းမကြီးက မီးရောင်များ တောက်ပ လင်းထိန်နေပြီး ဒီလောကထဲက နာမည်ကျော် တင်ဆက်သူ ဟဲ့လင်ကိုတောင် ဖိတ်ကြားထားပါသည်။
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ကြယ်ပွင့်အားလုံးကို ဒီနေ့ပါတီမှာ ဖိတ်ကြားထားတယ်လို့ ကြားတယ်”
“အဲ့တာဆို ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းခဲ့ရှင်းနဲ့ လင်းဖန်တို့လို ဆယ်လီတွေအားလုံး ဒီကိုရောက်လာမယ့်သဘောလား”
“ဟုတ်တယ်။ ငါလင်းဖန်ကို မြင်ရတော့မယ်”
“အား ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က အရမ်းကောင်းလွန်းတယ်။ ပထမတစ်ခုလောက် ဇာတ်မနာပေမယ့် အရမ်းကောင်းတဲ့ရှိုးတစ်ခုပဲ”
“နောက်ဆုံးပိုင်းမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ဇာတ်သိမ်းသွားတယ်။ သူတို့ ပုံစံက အရမ်း လှပတာပဲ။ သူတို့က အပြင်မှာလည်း စုံတွဲတွေလေ။ အဲ့လိုခံစားချက်တွေက တကယ် ချိုမြိန်တာပဲ”
“ဒီနေ့ ငါ့အိုင်ဒေါ လင်းဖန်ကိုတောင် မြင်ရတော့မယ်။ လင်းဖန်မပါရင် ဒီလောက် ကောင်းတဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3
လို ရုပ်သံဒရမ်မာမျိုး ထုတ်လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး”
“လင်းဖန် ရောက်လာရင် ဖျော်ဖြေမှု လုပ်လောက်တယ်။ လင်းဖန်ရဲ့ အဆိုစွမ်းရည်က အရမ်းကောင်းတာ ငါမှတ်မိတယ်”
ပွဲတော်ပါတီ ခန်းမတွင် ဧရာမ LED ဖန်သားပြင်ကြီးများ၊ မီးရောင်စုံများနဲ့ သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် ကြမ်းပြင်တို့ စုံလင်သည်။
ဒါက ဆယ်လီအားလုံးကို ဖိတ်ကြားသည့် လေးနက်ပြီး ခမ်းနားလှသည့် ပွဲတော်ကြီးတစ်ခု ဖြစ်သည်။
အပြင်ဘက်မှာလည်း ပရိတ်သတ်များစွာက ကိုယ်နှစ်သက်ရာ အိုင်ဒေါအတွက် အားပေးနေကြပါသည်။
အစီအစဉ် တင်ဆက်သူ ဟဲ့လင် စတိတ်စင်ပေါ်မှာ မတ်တပ်ရပ်နေပြီး ဆုပေါင်းစုံ ဆွတ်ခူးသွားသူများကို ကြေညာ ပေးနေသည်။
ဟဲ့လင်က ပရိတ်သတ်ကို ကြည့်ကာ ပြုံးပြလိုက်ပါသည်။
“အားလုံးပဲ ကျဲကျန့်ရုပ်သံဌာနမှာ ဒီနှစ် အရမ်းပြောင်မြောက်တဲ့ ရုပ်သံဒရမ်မာတွေ ပြသပေးခဲ့ပါတယ်”
“အခု တစ်နေ့တာ အကောင်းဆုံး ရုပ်သံစီးရီးရဲ့ အမည်ကို ထုတ်ဖော်သွားပါတော့မယ်”
“ကြည့်ရှုသူ သန်းဆယ်ချီပြီး ဆွဲဆောင်နိုင်ခဲ့တယ်။ အနုပညာလောကထဲမှာ စံချိန်ချိုးနိုင်ခဲ့တယ်။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၈ ရာခိုင်နှုန်း ရရှိခဲ့တယ်။ တရုတ်ရုပ်ရှင်သမိုင်းကြောင်းမှာ ကြည့်ရှုသူအဆင့်သတ်မှတ်ချက် ၈ ရာခိုင်နှုန်းကျော်တဲ့ တစ်ခုတည်းသော ရုပ်သံစီးရီး ဖြစ်လာခဲ့ပါတယ်”
“ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာခဲ့ပြီး ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီရုပ်သံစီးရီးထဲက အဓိကသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင် စွမ်းရည်၊ ဇာတ်ပို့တွေရဲ့ သရုပ်ဆောင်စွမ်းရည်၊ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ၊ ရုပ်ထွက် နည်းပညာပြုလုပ်ချက်တွေ၊ အသေးစိတ် ပြုလုပ်ချက်တွေ တစ်ခုချင်းစီတိုင်းက တရုတ်နိုင်ငံမှာ အမြင့်ဆုံး အဆင့်တစ်ခုကို ကိုယ်စားပြုထားပါတယ်”
“ဒီလို ရုပ်သံစီးရီးမျိုးက ဂန္တဝင် တရုတ်ရှန်းရှဒရမ်မာတစ်ခု ဖြစ်လာခဲ့တယ်”
“အခု ဒီရုပ်သံစီးရီးရဲ့ နာမည်ကို ဖော်ပြသွားပါတော့မယ်”
“သူ့ရဲ့နာမည်ကတော့…”
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ပဲဖြစ်ပါတယ်”
အစီအစဉ်တင်ဆက်သူ ဟဲ့လင် ပြောပြီးသွားသောအခါ စတိတ်စင်ကြီး တစ်ခုလုံး မှောင်မိုက်သွားသည်။
ဧရာမ LED မီးအလင်းရောင်များ လင်းလာခဲ့သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ပုံရိပ်တစ်ခုဖြစ်၏။ မြင်ကွင်းက ပြီးပြည့်စုံလွန်းပါသည်။
မီးအလင်းရောင်များ လင်းလာပြီး ပုံရိပ်တွင် စာကြောင်းကြီးတစ်ကြောင်း ပေါ်လာပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3။
ဝုန်း…
ထို့နောက် အော်ဟစ်အားပေးသံများ၊ ကြည့်ရှုသူ များစွာထံမှ အော်သံများဖြင့် စီစီညံသွားတော့သည်။
ပွဲတော်ခန်းမ အပြင်ဘက်မှာလည်း ပရိတ်သတ်များစွာ၏ မျက်လုံးများ နီရဲသွားသည်။
ပရိတ်သတ်များစွာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကြပြီး အော်ဟစ်သောင်းကျန်းနေကြပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုရှိ အသံတိုင်းစနစ်ကလည်း ထပ်မံ မြင့်တက်လာသည်။
ပရိတ်သတ်တွေ အော်ဟစ်နေကြပါသည်။
ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းတွေလည်း အော်ဟစ်နေကြ၏။
တစ်နှစ်တာ အကောင်းဆုံး ရုပ်သံစီးရီး၊ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ဖြစ်ပါသည်။
သူတို့ အောင်မြင်ခဲ့ပါသည်။
“အခု တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်တွေရဲ့ နာမည်ကို ကြေညာ ပေးသွားပါတော့မယ်…”
“ရှားဝမ်ချွေ့”
“စုရှောင်းယွီ”
“တစ်နှစ်တာာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင် လင်းခဲ့ရှင်းနဲ့ လင်းကျင်းကျင်း”
“တစ်နှစ်တာ အကောင်းဆုံး တက်သစ်စ သရုပ်ဆောင် ဖန်တုံတုံ”
“ဒီလူတွေကို စင်မြင့်ပေါ်မှာ ကြိုဆိုလိုက်ကြရအောင်လား” ဟဲ့လင်၏ စိတ်လှုပ်ရှားနေသည့် အသံထွက်ပေါ်လာပါသည်။
စင်အောက်မှာလည်း အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ကြသည်။
တရုတ်နိုင်ငံမှာ နှစ်စဉ် ရုပ်သံဒရမ်မာများစွာကို ထုတ်လုပ်ပါသည်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ကြည့်ရှုသူတွေနဲ့ ပရိတ်သတ်တွေအားလုံးထံမှ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြပါသည်။
စတိတ်စင်အောက်က ပရိတ်သတ်တွေ ပိုပြီးတောင် မျက်ရည်ဝဲသွားကြပါသည်။
သူတို့ သဘောကျတဲ့ ကြယ်ပွင့်တွေ နောက်ဆုံးတော့ အလွန်မြင့်မားသည့် ဂုဏ်တစ်ခု ရရှိခဲ့ကြပါပြီ။
“ညီမရဲ့ အတွေးအမြင်လေးတွေ ပြောပြပါဦး” ဟဲလင်က မိုက်ခရိုဖုန်းကို စုရှောင်းယွီအား ပေးလိုက်ပါသည်။
မျက်လုံးတွေအားလုံး စုရှောင်းယွီထံသို့ ကျရောက်လာသည်။
စုရှောင်းယွီက သူမရဲ့ ပွဲတက်ဝတ်စုံဖြင့် ပုံမှန်ထက်တောင် ပိုမို လှပနေပါသေးသည်။
ယခင်တုန်းက စုရှောင်းယွီမှာ ချစ်ဖို့ကောင်း၊ အပြစ်ကင်းစင်ပြီး လှပပါသည်။
ဒီနေ့ စုရှောင်းယွီက တကယ့်နတ်သမီး တစ်ပါးလိုပင်။ သူမရဲ့ အရှိန်အဝါက ထူးခြားပြီး ၎င်းရဲ့ နက်မှောင်သည့် ဆံကေသာများက သန့်စင်ကာ ပြစ်ချက် ကင်းသည်။
ယခု စင်မြင့်ပေါ်မှာ တောက်ပစွာ ရပ်တည်နေပါသည်။
မိတ်ကပ်ပါးပါးလေး တင်ထားသဖြင့် အသက်ရှူ မှားလောက်အောင် လှပလွန်းနေပါသည်။
ထိုကောင်မလေး စတိတ်စင်ပေါ်မှာ ရပ်နေတော့ လင်းဖန် ပျော်ရွှင်သွားပါသည်။
ယခင်တုန်းက စုရှောင်းယွီမှာ ဆယ်လီ တစ်ယောက် ဖြစ်သော်လည်း ပရိတ်သတ် များများစားစား မရှိခဲ့ပါ။
ဒီနေ့ စုရှောင်းယွီရဲ့ ပရိတ်သတ်တွေ သန်း ၈၀ လောက်အထိ တိုးမြင့်သွားပါပြီ။
“ဒီနေ့ ကျွန်မ ဒီလိုရလဒ်မျိုးတွေရခဲ့တာ အားလုံး လင်းဖန်ရဲ့ ကျေးဇူးတွေကြောင့်ပါ။ သူ မရှိရင် ရှောင်းယွီဆိုတာလည်း ဒီနေ့ ဒီမှာ ရှိနေနိုင်မှာ မဟုတ်ဘူး~”
“လင်းဖန် ကျေးဇူးတင်ပါတယ်~” စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
ရိုးရိုးရှင်းရှင်း အပြုံးလေးတစ်ခုက ပရိတ်သတ်များစွာ၏ နှလုံးသားကို အရည်ပျော်သွားစေသည်။
လင်းဖန်လည်း စုရှောင်းယွီကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့လည်း ခပ်ပါးပါး ပြုံးလိုက်ပြီး မိုက်ခရိုဖုန်းကို ယူလိုက်သည်။ “လင်းဖန်က ကျွန်မကောင်လေးဆိုတာ အားလုံးလည်း သိပြီးကြလောက်ပါပြီ~”
သူမ ပြောလို့ပြီးတာနဲ့ ပရိတ်သတ်တွေက အားတက်သရော အားပေးလိုက်ကြပြန်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို သူမ ကောင်လေးဟု ပြောလိုက်သည်။
“လင်းဖန်သာ အနားမှာရှိရင် ကျွန်မ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး ဒရမ်မာကောင်းတွေ အများကြီး ရိုက်ကူးနိုင်သွားပါပြီ။ သူက ကျွန်မရဲ့ အားကိုးရာဖြစ်သလို ကျွန်မရဲ့ ကျောထောက်နောက်ခံလေးလည်း ဖြစ်ပါတယ်~~”
ထိုရိုးရိုးရှင်းရှင်း စကားလေးက လင်းဖန်ကို ပြုံးသွားစေပါသည်။
“ကျွန်တော်လည်း ပြောရမှာလား” ဖန်တုံတုံက မိုက်ခရိုဖုန်းကို ပထမဆုံးအကြိမ် ကိုင်ဖူးသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။
“ကျွန်တော်တို့ စကားပြောခွင့်ပေးတယ်ဆိုတော့ အစ်ကိုဖန်ကို အထူးတလည် ကျေးဇူးတင်ပါရစေ။ အရင်တုန်းက ကျွန်တော်က သာမန် အသေးစား သရုပ်ဆောင်လေး တစ်ယောက်ပါပဲ။ အစ်ကိုဖန်က ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကျွန်တော့်ကို ဘဝ အသစ်စက်စက်တစ်ခု ပေးလိုက်တာနဲ့ အတူတူပါပဲ”
“အစ်ကိုဖန်က… ကျွန်တော့်ရဲ့ အိုင်ဒေါပါပဲ”
ဖန်တုံတုံက လင်းဖန်ကို ကျေးဇူးတင်စွာ ဦးညွတ်လိုက်ပါသည်။
ဖန်တုံတုံ ပြောပြီးသွားသောအခါ အားလုံး ကိုယ့်ထိုင်ခုံကိုယ် ပြန်ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် ဟဲ့လင်၏ အသံထွက်ပေါ်လာပြန်သည်။
“အားလုံးပဲ ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုအတွက် သရုပ်ဆောင်ကို ကြေညာလိုက်ရအောင်”
“လင်းဖန်ပါ”
“တစ်နှစ်တာ အကောင်းဆုံး ဇာတ်ညွှန်းဆရာ အမည်က…”
“လင်းဖန်ပါ”
“တစ်နှစ်တာ အကောင်းဆုံး ဒါရိုက်တာကလည်း… လင်းဖန်ပါပဲ”
“လင်းဖန်က တရုတ်နိုင်ငံမှာ အမြင့်ဆုံး ရုပ်သံအဆင့်တန်းကို ကိုယ်စားပြုပါတယ်”
ဟဲ့လင်ပြောပြီးသွားတာနဲ့ မီးအလင်းရောင်အားလုံး လင်းဖန်ကို ထိုးလိုက်ကြသည်။
လင်းဖန်က အာရုံစိုက်မှု ဗဟိုချက် ဖြစ်လာခဲ့၏။
ပရိတ်သတ်တွေအားလုံး အော်ဟစ်အားပေးနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုလည်း ပေါက်သွားခဲ့၏။
ကောမန့်ပေါင်းများစွာက ဖန်သားပြင်တွင် ပြည့်နှက်လာပြီး လင်းဖန်၏ နာမည်က ပွဲတော်ခန်းမထဲ ပဲ့တင်သံ ထပ်သွားခဲ့ပါသည်။
ထို့နောက် ဧရာမ LED ဖန်သားပြင်ပေါ်တွင် လူချောလေးတစ်ယောက်ပေါ်လာခဲ့သည်။
လင်းဖန်ပဲ ဖြစ်ပါသည်။