အာရုံစိုက်မှုတွေရဲ့ ဗဟိုချက် လင်းဖန်
Vol. 23 Ch. 332
“လင်းဖန်”
“လင်းဖန်”
“လင်းဖန်”
“ဘုရားရေ လင်းဖန်က ဒီနေ့ Suit တစ်စုံဝတ်လာပြီး ဆံပင်ကိုလည်း ပြင်ဆင်ထားသေးတယ်။ ငါ့မင်းသားလေးက ချောလိုက်တာ”
“ချောရုံတင်မကဘူး ကိုယ်လုံးကိုယ်ပေါက်ကလည်း မိုက်သေးတယ်။ လင်းဖန်ရဲ့ အသားအရေကို ကြည့်ပါဦး။ သဘောကျလိုက်တာ”
“လင်းဖန်နဲ့ ကလေးယူချင်တယ်။ သူက အရမ်းချောတာပဲ။ သူ့ရုပ်ရည်ကို အသုံးချပြီး ဘာမှမလုပ်ဘဲ နေလို့တောင်ရတယ်။ ဒါပေမယ့် သူက ကိုယ့်အားကိုယ်ကိုးခဲ့တယ်။ လင်းဖန်က အရမ်း သန်မာတာပဲ”
“လင်းဖန်ရဲ့ ပါရမီကို အထင်ကြီးမိသွားပြီ။ ငါ့မင်းသားလေးပဲ။ တစ်သက်လုံး ငါ့မင်းသားလေးပဲ ဖြစ်သွားမှာ”
“လင်းဖန်က အကောင်းဆုံး သရုပ်ဆောင်၊ အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ဇာတ်ညွှန်းဆရာပဲ”
“ဆု ၃ ဆုကို တစ်ပြိုင်တည်း ရတဲ့ လူမျိုး ဒါ ပထမဆုံး မြင်ဖူးတာပဲ။ တရုတ်ရာဇဝင်မှာလည်း ပထမဆုံးအကြိမ် ဖြစ်လောက်တယ်”
“အနုပညာလောကထဲမှာ တစ်ယောက်တည်းနဲ့ သရုပ်ဆောင်လည်းဆောင်တတ်၊ ဇာတ်ညွှန်းလည်းရေးတတ်၊ ဒါရိုက်တာလည်း လုပ်တတ်တဲ့လူမျိုး များများစားစား မရှိဘူးလေ။ လင်းဖန်က တကယ်အရမ်းတော်တာပဲ”
မီးအလင်းတန်းများစွာ လင်းဖန်ပေါ်သို့ ကျရောက်လာ၏။
လင်းဖန် စင်မြင့်ပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။
ယခု လင်းဖန်က အာရုံစိုက်မှုအားလုံး၏ ဗဟိုချက် ဖြစ်နေပါပြီ။
တီဗီရှေ့မှာ ကြည့်ရှုနေသူတွေကော အခမ်းအနားထဲက ပရိတ်သတ်တွေကော အားလုံး လင်းဖန်ကို မျှော်လင့်တကြီး ကြည့်နေကြပါသည်။
လင်းဖန်က မိုက်ခရိုဖုန်းကို ယူကာ ပြုံးလိုက်သည်။
ယခု အားလုံး လင်းဖန်ကိုသာ အာရုံစိုက်နေကြပါသည်။
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 နာမည်ကြီးလာရတာက ကုမ္ပဏီထဲက လူအားလုံးနဲ့ ရိုက်ကူးရေး အဖွဲ့ထဲက သရုပ်ဆောင်အားလုံးရဲ့ ကျေးဇူးကြောင့်လည်း ပါပါတယ်။ ဒီနေ့ရလဒ်တွေက အားလုံးရဲ့ ကြိုးစားအားထုတ်မှု မပါဘဲ ရမလာနိုင်ပါဘူး”
“ရှောင်းယွီ ကျေးဇူးတင်ပါတယ်။ နင် မရှိရင် ဒီနေ့ ဒီလိုနေရာအထိ ငါရောက်လာနိုင်မှာမဟုတ်ဘူး”
“ဝမ်ချွေ့ နင်က ငါ့ကောင်မလေးပါ။ အနုပညာလောကထဲ ဒီလိုနေရာမှာ ရပ်တည်နေနိုင်တာ အားလုံး နင့်ကျေးဇူးကြောင့်ပါပဲ”
“အနာဂတ်က အဝေးကြီး လိုပါသေးတယ်။ ပရိတ်သတ်တွေအားလုံးရဲ့ အားပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်။” လင်းဖန်က ပြုံးလိုက်ပြီး ဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကြည့်လိုက်ပါသည်။
ဒီကောင်မလေး နှစ်ယောက်ထဲက တစ်ယောက် မပါဘဲ လင်းဖန် ယနေ့ဒီလိုနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါ။
လင်းဖန် သူတို့ကို ပိုင်ဆိုင်ထားရတာ ကံကောင်းပါသည်။
“ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်တွေကြောင့်လည်း ဒီနေ့ ဒီနေရာကို ရောက်လာနိုင်ခဲ့တာပါ”
“ဒီနေ့ ဒီအခွင့်အရေးကိုအသုံးပြုပြီး ပရိတ်သတ်တွေအတွက် သီချင်းလေးတစ်ပုဒ် သီဆိုပေးချင်ပါတယ်”
“သီချင်းနာမည်က ‘မင်းရဲ့တစ္ဆေနဲ့ ကခုန်မယ်’ လို့အမည်ရပါတယ်။ အားလုံး သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လင်းဖန်က ပြုံးလိုက်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 1 နဲ့ 2၊ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 နဲ့ 3 အကုန်လုံး ဒီလို ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုမျိုး ရရှိနိုင်ခဲ့ခြင်းမှာ လင်းဖန်ရဲ့ အားထုတ်ကြိုးပမ်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ပရိတ်သတ်များ၏ အားပေးမှုကြောင့်လည်း ပါဝင်ပါသည်။
ဒီနေ့ ကျဲကျန့်ရုံသံ ပွဲတော်ကို တိုက်ရိုက်လည်း ထုတ်လွှင့်ပြသထား၏။
ထို့ကြောင့် ပရိတ်သတ်အားလုံးအတွက် သူသီချင်းတစ်ပုဒ် သီဆိုပေးပါမည်။
သူ့ပရိတ်သတ်တွေက သူ့သီချင်းကို နားထောင်ရတာ သဘောအကျဆုံး ဆိုတာကို လင်းဖန် သိပါသည်။
လင်းဖန် သီချင်းဆိုမည်ဆိုတာကို သူတို့ ကြားလိုက်ရတော့ ပွဲစီစဉ်သူနဲ့ တည်တည်ငြိမ်ငြိမ်ရှိသည့် တင်ဆက်သူ ဟဲ့လင်က လွဲပြီး ပရိတ်သတ်အားလုံး ကျယ်လောင်စွာ အော်ဟစ် အားပေးနေကြသည်။
ဆယ်လီတွေတောင် စတိတ်စင်ပေါ်က လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး အားရပါးရ လက်ခုပ်တီး အားပေးလိုက်ကြပါသည်။
စုရှောင်းယွီလည်း ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။
ကျားရှင်းဖျော်ဖြေရေး၏ ဆယ်လီများလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
တကယ်တော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့တောင် လင်းဖန်သီချင်းဆိုတာကို ကြားရခဲပါသည်။
လင်းဖန်၏ သီဆိုမှုက အလွန်ကောင်းလွန်းသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က လင်းဖန် သီဆိုတာကို သဘောကျသော်လည်း နားထောင်နိုင်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ပေ။
ဒီနေ့ကလည်း ဆုပေးအခမ်းအနားတစ်ခုသာ ဖြစ်သည်။
ဒီလို အစီအစဉ်မျိုး ရှိလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။
လင်းဖန် သီချင်းဆိုပါတော့မည်။
လင်းဖန် သီချင်းဆိုတာကို နားထောင်ရတာက ကောင်းကင်ဘုံတေးသွားတစ်ခုကို နားဆင်ရသလိုပင်။
ထို့အပြင် လင်းဖန်ရဲ့ သီချင်း အသစ်စက်စက်ကို နားဆင်ကြရမှာ ဖြစ်သည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့တောင် တစ်ခါမှ မကြားဖူးသည့် သီချင်း ဖြစ်ပါသည်။
“ဟာ ငါ့အစ်ကို သီချင်းဆိုတော့မယ်” ပေကျင်းတွင် ရှိနေသည့် လင်းယွီရှစ်လည်း တီဗီကို ပျော်ရွှင်စွာ ကြည့်နေသည်။
“တကယ်လား တကယ်လား။ လင်းဖန် တကယ် သီချင်းဆိုတော့မှာလား။ ဘာလို့ ရုတ်တရက်ကြီးလဲ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေမိလို့ တော်သေးတာပေါ့။ လင်းဖန် သီချင်းဆိုတာကို လွတ်သွားလို့ မဖြစ်ဘူး” လင်းယွီရှစ်၏ အခန်းဖော်က ပြောလိုက်သည်။
“ဒါပေါ့ ငါ့အစ်ကိုက အရမ်း အဆိုကောင်းတာလေ။ အချိန်ရရင် ငါ့အစ်ကိုရဲ ဂီတဖျော်ဖြေပွဲကို သွားရမယ်” လင်းယွီရှစ်က တခစ်ခစ် ရယ်မောလိုက်ပါသည်။
လူအုပ်ကြီးက လင်းဖန်၏ အမည်ကို အော်ဟစ်အားပေးနေကြသည်။
ဆယ်လီများစွာလည်း လင်းဖန်ကို ကြည့်လိုက်ကြသည်။
လင်းဖန်အသံရဲ့ ဆွဲဆောင်မှုကို သူတို့ သိကြပါသည်။
လင်းဖန် အဆိုဘယ်လောက်ကောင်းသလဲ ဆိုတာကိုလည်း သိထားကြပါသည်။
“လင်းဖန်က ဒီမှာ သီချင်းဆိုမှာလား။ ငါ ဘာလို့ သတင်းမကြားခဲ့မိပါလိမ့်”
“အရေးမကြီးပါဘူး။ လင်းဖန် သီချင်းဆိုတာကို နားထောင်ရရင် ပြီးတာပဲလေ။ မင်းတို့ ကြားလိုက်လာ။ လင်းဖန်က မူရင်းသီချင်းသစ်တစ်ပုဒ် ထပ်ထုတ်လိုက်ပြီတဲ့”
“အင်္ဂလိပ် သီချင်းကြီးထင်တယ်။ ဘုရားရေ လင်းဖန်က အင်္ဂလိပ် သီချင်းလည်း ဆိုတတ်တာပဲလား”
“သရုပ်ဆောင်ပညာအပြင် အဆိုပညာက လင်းဖန် အားသန်ရာပဲ”
ကောမန့်များကို ပြောဖို့ မလိုတော့ပါ။ လင်းဖန် သီချင်းဆိုတော့မည်ဟု ပရိတ်သတ်တွေ သိသွားကြတော့ တိုက်ရိုက်ထုတ်လွှင့်မှု အောက်က ကောမန့်များ ပေါက်ထွက်သွားခဲ့ပါသည်။
[666666666666666]
[သူ တကယ် သီချင်းဆိုတော့မှာလား။ လင်းဖန် သီချင်းဆိုတာကို ထပ်နားထောင်လို့ ရပြီကွ]
[မင်းရဲ့ တစ္ဆေနဲ့ ကခုန်မယ်တဲ့။ လင်းဖန်ရဲ့ အင်္ဂလိပ်သီချင်းကို ကြားဖူးတာ ဒါပထမဆုံးပဲ]
[လင်းဖန်က အချောဆုံးပဲ။ လင်းဖန် သီချင်းဆိုရင် ပိုတောင် ချောသေးတယ်]
အခမ်းအနားထဲရှိ မီးရောင်များ အမှောင်ကျသွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာလည်း ပိန်းပိတ်အောင် မှောင်မိုက်သွားခဲ့ပါသည်။
ခဏလောက် ကြာသောအခါ…
ဝှစ်…
မီးအလင်းရောင်များစွာ တစ်ပြိုင်တည်း ပြန်လင်းလာကြသည်။
မီးအလင်းရောင်များ အားလုံးက စတိတ်စင် အလယ်တွင် ကျရောက်နေကြ၏။
တောက်ပမှု အားလုံးက လင်းဖန်တစ်ယောက်တည်း အတွက်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ကျဲကျန့်ရုပ်သံ ပွဲတော် အခမ်းအနားထဲတွင် ဧရာမ LED ဖန်သားပြင်ကြီး လေးလုံး ပေါ်လာခဲ့သည်။
အားလုံးက နောက်ဆုံးပေါ် LED ဖန်သားပြင်များ ဖြစ်ကာ အရောင်အသွေး စုံလင်လှပါသည်။
ဖန်သားပြင်ကြီး ၄ ခုစလုံးတွင် လင်းဖန်ကို ပြသနေသည်။
ဒီနေ့ စတိတ်စင်ကြီးက လင်းဖန်အတွက် တည်ဆောက်ထားသလိုတောင် ဖြစ်နေပါသည်။
ယခင် ဆုပေးအခမ်းအနားက အဖွင့်အခမ်းအနားတစ်ခုသာ ဖြစ်သည်။
ယခုတော့ လင်းဖန်၏ သီဆိုတင်ဆက်မှုကြောင့် ဒီပွဲတော်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့ပါသည်။
လင်းဖန်နာမည်ကို အော်ဟစ်အားပေးနေကြသူများ ပင်လယ်ကြီးလောက် များပြားကျယ်ပြန့်သည်။
ထူးခြားသည့် သံစဉ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းဖန်က မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး အားလုံးကို ကြည့်လိုက်ပါသည်။
ပရိတ်သတ်များစွာကလည်း မီးလင်းချောင်းများ ကိုင်ထားကြပြီး လင်းဖန်ကို အော်ဟစ်အားပေးနေကြသည်။
ဒါက ကျဲကျန့်ရုပ်သံဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သော်လည်း လင်းဖန်၏ တစ်ကိုယ်တော် ဖျော်ဖြေမှု စတိတ်စင် ဖြစ်လာခဲ့သည်။ ခမ်းနားသည့် ဂီတဖျော်ဖြေပွဲကြီး တစ်ခုလိုပင်။
သာယာငြိမ့်ညောင်းသည့် သံစဉ်လေးနဲ့အတူ လင်းဖန်၏ အသံထွက်ပေါ်လာသောအခါ ပရိတ်သတ်တွေ အားလုံး တိတ်ဆိတ်သွားရပါသည်။
ဒီသီချင်းကို ယခင်က ဘယ်သူမှ မကြားဖူးပါ။
လင်းဖန်ရဲ့ ၃ ပုဒ်မြောက် မူရင်းသီချင်းလည်း ဖြစ်သည်။
လင်းဖန်ရဲ့ မူရင်းသီချင်းတိုင်းက ရေပန်းစားခဲ့သည်။
“အချစ်ကို ဝန်ခံချက်” ပဲဖြစ်ဖြစ် “ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း” ပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့ကြသည်။
ဒီနေ့က ၃ ပုဒ်မြောက် သီချင်းအလှည့် ဖြစ်သည်။
လင်းဖန်က မိုက်ခရိုဖုန်းကို မြောက်လိုက်ပြီး သီချင်းထဲတွင် ကိုယ့်ကိုယ်ကို စီးမျောလိုက်ပါသည်။
[ ကောင်းကင်ကြီးကို အော်ဟစ်ရင်း
ကမ္ဘာလောကကြီးကို အော်ဟစ်လိုက်တယ်။
ဘေဘီ ဘာကြောင့် ထွက်သွားခဲ့တာလဲ။
မင်းက ကိုယ့်ရဲ့ ကောင်မလေး ဖြစ်နေတုန်းပါပဲ ]
လင်းဖန်၏ အသံထွက်ပေါ်လာသောအခါ
ပရိတ်သတ်နဲ့ ဆယ်လီအားလုံး မတ်တပ်ရပ်လိုက်ကြသည်။
အားလုံးတစ်ပြိုင်တည်း မတ်တပ်ရပ်လိုက်ကြသည်။
မီးလင်းချောင်းများ ကိုင်ထားသည့် ပရိတ်သတ်တွေလည်း လှုပ်ရမ်းဖို့တောင် မေ့သွားကြပါသည်။
နဂိုက စကားများ ရယ်မောနေကြသည့် ဆယ်လီတွေလည်း စင်ပေါ်က လင်းဖန်ကို ရီဝေစွာ ကြည့်လိုက်ကြသည်။
ဝန်ထမ်းအားလုံး၏ အကြည့်က လင်းဖန်ပေါ်သို့ ကျရောက်သွား၏။
ပေကျင်းရှိ ကျင်းဟွာတက္ကသိုလ်ရှိ ကျောင်းသားတွေလည်း လုပ်နေတာ မှန်သမျှကို မေ့ကာ လင်းဖန်ကို ကြည့်လိုက်ကြသည်။
အားလုံး လင်းဖန်ကို မကြည့်မဖြစ် ကြည့်လိုက်ကြပါသည်။
သူတို့အားလုံး တကယ့် ကောင်းကင်ဘုံ တေးသွားသံတစ်ခုကို ကြားလိုက်ရသည်။
တရုတ်ဘာသာစကားနဲ့ကော အင်္ဂလိပ်ဘာသာစကားနဲ့ကော ဘယ်သူက ဒီလောက်ကောင်းကောင်း သီဆိုနိုင်ဦးမှာလဲ။