တေးဂီတ သုံးဆောင်ပွဲည
Vol. 23 Ch. 333
“အီးဟီး ငါ့ဆရာ ဘာလို့ ဒီလောက် အဆိုကောင်းရတာလဲ။ ငါ့နားတွေ ကိုယ်ဝန်ရသွားသလိုတောင် ခံစားလိုက်ရတယ်” စုရှောင်းယွီက မီးလင်းချောင်းကို အားရပါးရ ယိမ်းနွဲ့ရင်း ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
သူမက လင်းဖန်ရဲ့ အမာခံပရိတ်သတ်ဖြစ်သည်။ သူမ သဘောကျတဲ့ လူတစ်ယောက် ဿီချင်းကောင်း တစ်ပုဒ်ကို သီဆိုနေတာကို မြင်ရသဖြင့် သူမ အလွန်ပျော်ရွှင်နေပါသည်။
“လင်းဖန်ရဲ့အသံက တကယ့်ကို… သာမန်ထက် ထူးကဲတာပဲ” ရှားဝမ်ချွေ့လည်း မျက်လုံးလေးများကို မှိတ်လိုက်ပြီး ဒီလို လှပသည့် အခိုက်အတန့်လေးကို ခံစားကြည့်လိုက်ပါသည်။
“ငါအထင်ကြီးသွားပြီ။ လင်းဖန်က အင်္ဂလိပ်သီချင်းတွေကိုတောင် ကောင်းကောင်း သီဆိုနိုင်တယ်။ ငါ အင်္ဂလိပ်စကား နားမလည်ပေမယ့် လင်းဖန်က… တော်လွန်းပါတယ်” ရှုယန်လည်း လက်မ ထောင်လိုက်သည်။
“ဧွန်း လင်းဖန်က သီချင်းဆို အရမ်းကောင်းတာပဲ။ လင်းဖန်ကို ငါ့ဖျော်ဖြေပွဲဆီ ဆွဲခေါ်သွားရမယ်~” လင်းကျင်းကျင်းက လင်းဖန်ကို ပရိတ်သတ်တစ်ယောက်လိုမျိုး ကြည့်လိုက်ပါသည်။
သူ့ကောင်မလေး လင်းဖန်ကို ဒီလောက် သဘောကျနေပုံကို မြင်ကာ ရှုယန် သက်ပြင်းချလိုက်သည်။
သူ ဘာမှ မလုပ်နိုင်ပါ။
လင်းဖန် ဒီလောက် ထူးချွန်နေတာ ဘယ်သူ့အပြစ်မို့လို့လဲ။
သူလည်း ယောက်ျားတစ်ယောက်ဖြစ်ကာ ခံနိုင်ရည် မရှိတော့ပါ။
ထို့အပြင် လင်းကျင်းကျင်းကလည်း မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် လင်းဖန်ရဲ့ သီဆိုမှုကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ။
“ငါ့မင်းသားလေး… သူ့သီဆိုပုံက တကယ်ပဲ သာမန်လူတစ်ယောက်ရဲ့ သီဆိုမှု ဟုတ်ရဲ့လား”
“အရမ်းကောင်းတာပဲ။ သူ့ အင်္ဂလိပ်သီချင်းကလည်း အရမ်းကောင်းတာပဲ”
“ငါ လင်းဖန်ကို ချစ်မိသွားပြီ။ ငါ့မင်းသားလေးရဲ့ သီဆိုမှုက အမြဲတမ်း ကောင်းနေမှာပဲ။ အဆိုတော်ကြီးတွေထက်တောင် ပိုကောင်းသေးတယ်”
“666666 ဒီသီချင်းကို ထပ်ခါထပ်ခါ နားထောင်လို့တောင် ရတယ်။ လင်းဖန် ဘာတွေဆိုနေတာလဲ နားမလည်ပေမယ့် လင်းဖန်ရဲ့ သီချင်းတွေကို အရမ်းကြိုက်တာပဲ”
ပရိတ်သတ်အားလုံး အော်ဟစ်နေကြပါသည်။
တချို့လူတွေက အဆိုတော်ဖြစ်ဖို့ မွေးဖွားလာတာဖြစ်ပြီး လူတိုင်းကို ဆွဲဆောင်နိုင်သည်။
လင်းဖန်ရဲ့ စိတ်ခံစားချက်အားလုံးကို ဒီသီချင်းထဲ နှစ်မြှုပ်ထားပါသည်။
သူ့မျက်လုံးတွေမှာတောင် မျက်ရည်များ ပြည့်နှက်နေ၏။
သူက အဆိုတော်တစ်ယောက်လည်းဖြစ် ဆယ်လီ တစ်ယောက်လည်း ဖြစ်သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို လင်းဖန် ရိုက်ကူးရေးလုပ်နေတုန်းက သူ သဘောအကျဆုံး NBA စူပါစတား တစ်ယောက် ဆုံးပါးသွားတာကို ကြားခဲ့ရသည်။ ထို့ကြောင့် စိတ်မကောင်းဖြစ်ပြီး ဒီသီချင်းကို အထူးတလည် ရေးသားခဲ့ခြင်း ဖြစ်၏။
သူ့ပရိတ်သတ်တွေကိုလည်း ကိုယ့်ရှေ့မှာရှိနေတဲ့လူ၊ ကိုယ့်နားမှာ ရှိနေတဲ့လူတွေကို တန်ဖိုးထားစေချင်ပါသည်။
လင်းဖန် စတင်ပြီး အသံကျယ်ဖြင့် သီဆိုသည်။
သူ့စိတ်ခံစားချက်အားလုံးကို ဒီသီချင်းထဲ ထည့်သွင်းလိုက်ပါသည်။
[ ကိုယ်တစ်ညလုံး အိပ်စက်မရခဲ့ဘူး
ကိုယ့်ကိုယ်ကို အဆင်ပြေမယ် နှစ်သိမ့်ပေမယ့်
ဘေဘီ၊ အရာအားလုံးထက် မင်းကိုမြင်ဖို့ ခက်ခဲသွားပြီ
ဓာတ်ပြားဟောင်းလေးကို ဖွင့်လိုက်တယ်
ကိုယ်တို့ သီချင်းကို နားဆင်သွားပါဦး
ညတိုင်း မင်းရဲ့ တစ္ဆေနဲ့ ကခုန်မယ်
ညတိုင်း မင်းရဲ့ တစ္ဆေနဲ့ ကခုန်မယ်
နောက်ဆုံး နှုတ်ဆက်ဖို့တောင်
အခွင့်အရေးမရခဲ့ပါ ]
လင်းဖန် သီချင်း၏ အထွတ်အထိပ်သို့ ရောက်အောင် သီဆိုလိုက်သည်။
သူ့သီဆိုမှုနဲ့ စိတ်ခံစားချက်အားလုံး လုံးဝ ပေါက်ထွက်သွားခဲ့သည်။
ပရိတ်သတ်အားလုံ လင်းဖန်ရဲ့ အသံထဲ စီးမျောနေကြသည်။
တချို့ ပရိတ်သတ်များ၏ မျက်လုံးများက စိုစွတ်ကာ မျက်ရည်များ စီးကျနေပါသည်။ တချို့ ပရိတ်သတ်များက လင်းဖန်ကို မျက်လုံးနီနီများဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ဆယ်လီများစွာကလည်း ဝမ်းနည်းစွာဖြင့် လင်းဖန်ကို ကြည့်နေကြပါသည်။
လင်းဖန် သီဆိုပြီးသွားသောအခါ ဒုတိယတစ်ကြိမ် ထပ်ပြီး သီဆိုလိုက်ပါသည်။
သူတို့ သီချင်းကို ဒုတိယအကြိမ် နားထောင်လိုက်ရသည်။
ဆယ်လီတွေလည်း လင်းဖန်နဲ့ အတူတူ တေးသွားကို ညည်းဆိုမိသည်။
သူ့ရဲ့ပြီးပြည့်စုံတဲ့အသံနဲ့ အင်္ဂလိပ်သီချင်းစာသားများ၊ လင်းဖန်ရဲ့ သီဆိုမှုအပေါ် လေးနက်ခြင်းတို့က တီဗီရှေ့က ကြည့်ရှုသူတွေကိုကော အခမ်းအနားထဲက ပရိတ်သတ်တွေကိုကော ငိုကြွေးသွားစေသည်။
လင်းဖန်၏ သီချင်းက အားလုံးကို စိတ်ခံစားချက် ဖြစ်ပေါ်သွားစေ၏။
လင်းဖန်၏ သီဆိုမှုကြောင့် အားလုံး ကြည်နူးသွားရပါသည်။
ဒါ လင်းဖန်ကိုယ်တိုင်ဖြစ်ပြီး ပရိတ်သတ် အားလုံးအတွက် သူ ယူဆောင်လာပေးသည့် သီချင်းလည်း ဖြစ်သည်။
လင်းဖန်က မျက်လုံးများကို မှိတ်လိုက်ပြီး အသံလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့ပါသည်။
“ကိုယ် ဘယ်လို ထပ်ချစ်၊ ထပ်ချစ်ရမလဲ”
“ကိုယ် ဘယ်လို ထပ်ယုံ၊ ထပ်ယုံကြည်ရမလဲ”
လင်းဖန်က တူညီသည့် စာသားတစ်ခုကို နှစ်ကြိမ်သီဆိုသော်လည်း ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တို့က လုံးဝ ခြားနားနေပါသည်။
သူ့အသံက ထပ်မံလေးနက်လာပြီး တဖြည်းဖြည်း လွင့်ပြယ်သွားကာ သူ့ရဲ့ ပေါက်ကွဲခံစားချက်များလည်း နောက်ဆုံးအချိန်မှာ တည်ငြိမ်သွားခဲ့ပါသည်။
အဆုံးသတ်တွင် လင်းဖန်၏ သီဆိုမှု တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့သည်။
ရိုးရိုးရှင်းရှင်း သီချင်းတစ်ပုဒ်သာ ဖြစ်သော်လည်း လင်းဖန်ရဲ့ သီချင်းက လူပေါင်းများစွာကို စိတ်ခံစားသွားစေပြီး ငိုကြွေးသွားစေသည်။
လူအုပ်ကြီးက တည်ငြိမ်နေပြီး လင်းဖန်၏ ပုံရိပ် စတိတ်စင်ပေါ်ကနေ့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ပရိတ်သတ်တွေနဲ့ ဆယ်လီတွေကတော့ ထိုကမ္ဘာတွင် နစ်မျောနေကြဆဲဖြစ်သည်။
ယခု ပရိတ်သတ် သောင်းနဲ့ချီပြီး ရှိနေပါသည်။
အားလုံးက တိတ်ဆိတ်နေ၏။ ဘယ်သူမှ စကားမပြောကြပေ။
တချို့ ပရိတ်သတ်များက ငိုကြွေးနေပါသည်။
တချို့ ကောင်မလေးများက သူမကို ကောင်လေးများ၏ ပခုံးပေါ်တွင် မှီခိုနေပြီး နူးညံ့စွာ ရှိုက်ငိုနေပါသည်။
အချိန်တော်ကြာမှ လူတချို့ အသိ ပြန်ဝင်လာသည်။
“တကယ်… ကောင်းတာပဲ”
“လင်းဖန် သီချင်းဆိုတာ အရမ်းကောင်းတာပဲ”
“အရမ်းလှပတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားသလို ခံစားလိုက်ရတယ်။ အတွေးပေါင်းများစွာ၊ အမှတ်တရပေါင်းများစွာ၊ အချစ်တွေများစွာ ရှိနေသလိုမျိုး ခံစားလိုက်ရတယ်….”
“အဆိုနတ်ဘုရား လင်းဖန်က တကယ့် အဆိုနတ်ဘုရားပဲ”
“ကောင်းကင်ဘုံတေးသွားတစ်ခုကို နားဆင်နေရသလိုမျိုးပဲ။ ဒါ လူသားတစ်ယောက် သီဆိုနိုင်တဲ့ အရာကော ဟုတ်ရဲ့လား”
“ငါငိုနေပါပြီ…”
ထိုအချိန်တွင် စတိတ်စင်ပေါ်မှာ လင်းဖန်ကို ပရိတ်သတ်တွေ ရှာလိုက်ကြသည်။
ဘာမှန်း မသိလိုက်ဘဲ စတိတ်စင်ပေါ်မှာ လင်းဖန် မရှိတော့ပါ။
ပရိတ်သတ်နဲ့ ဆယ်လီတွေ သူပျောက်သွားမှန်းတောင် သတိမထားလိုက်မိကြပေ။
“လင်းဖန်ကို စကားတစ်ခွန်းတည်းနဲ့ သုံးသပ်ရမယ်ဆိုရင် အဆိုနတ်ဘုရားပဲ တကယ့်စူပါစတားပဲ”
“သူ ဆိုတဲ့ သီချင်းတွေက… အမြဲတမ်း ထူးခြားတယ်နော်။ လူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်” လင်းကျင်းကျင်းက တောက်ပစွာ ပြုံးလိုက်ပါသည်။
သီချင်းတစ်ပုဒ်နဲ့ လူတွေရဲ့ နှလုံးသားကို လှုပ်ခါဖို့ဆိုတာ အလွန့်အလွန် ခက်ခဲပါသည်။
တကယ်တော့ မဖြစ်နိုင်သလောက်ရှိသည်။
သို့သော်လည်း လင်းဖန်၏ အသံတွင် အားကောင်းသည့် ထိုးခွင်းနိုင်စွမ်း ရှိသည်။
အားလုံးရဲ့နှလုံးသားထဲ ထိုးခွင်းသွားပြီး ၎င်းတို့ရဲ့ ထိခိုက်အလွယ်ဆုံး ရင်ထဲက ကမ္ဘာကို ဝင်ရောက်နိုင်စွမ်းရှိ သည်။
“ငါနားထောင်ချင်သေးတာကို။ ဆရာ ဘယ်ရောက်သွားလဲ။” စုရှောင်းယွီက မကျေနပ်သေးသည့် ပုံစံဖြင့် လိုက်ရှာလိုက်ပါသည်။
“ဟုတ်တယ်။ လင်းဖန် ဘယ်ရောက်သွားလဲ။ နောက်တစ်ပုဒ်ဆိုရင် ကောင်းမှာပဲ”
“လင်းဖန်ကို တောင်းဆိုပါတယ်။ သီချင်း နောက်တစ်ပုဒ်လောက် ဆိုပေးပါလား”
“လင်းဖန်”
“လင်းဖန်”
“လင်းဖန်”
အားလုံး လင်းဖန်၏ နာမည်ကို ထပ်ပြီး အော်ကြပါသည်။
ဒီတစ်ခေါက် ဆယ်လီတွေပါ အတူတူ အော်ဟစ်ကြသည်။
ဝန်ထမ်းတွေလည်း ရှိနေကြသည်။
ခေါင်းဆောင်တွေတောင် သဘောကျသွားကြပါသည်။
လင်းဖန်က နှစ်ပတ်လည် ပွဲတော်တွင် ဒီတိုင်း ဖျော်ဖြေခြင်းဖြစ်သည်ဟု သူတို့တွေးခဲ့ကြ၏။
လင်းဖန်ရဲ့ သီဆိုမှုက အားလုံးကို သိမ်းပိုက်သွားနိုင်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်ထဲမှာလည်း လင်းဖန်၏ အမည်များဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
နိုင်ငံခြားက ကောင်မလေးတစ်ယောက်မှာ ကွန်ပျူတာအထူးပြုလုပ်ချက် ကျွမ်းကျင်သူ ဖြစ်ပြီး ဟောလိဝုဒ်အထူးပြုလုပ်ချက်များတွင် ထူးချွန်သူဖြစ်သည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ကွန်ပျူတာ အထူးပြုလုပ်ချက်များကို မြင်တော့ စိတ်လှုပ်ရှားသွားပြီး လင်းဖန်ကို အကြံဉာဏ်များ တောင်းချင်သွားသည်။ တစ်ချိန်တည်းမှာပင် သူမက သီချင်းနားထောင်ရတာ သဘောကျသည့် ကောင်မလေး ဖြစ်သည်။ သူမ နာမည်က လင်ဒါ ဖြစ်ပါသည်။
လင်ဒါက လင်းဖန်ကို တွေ့ချင်နေ၏။
သူမ လင်းဖန်၏ အသံကို ကြားလိုက်ရသောအခါ သူ့ကို သဘောကျသွားမိသည်။
“အင်္ဂလိပ်သီချင်းကို ဒီလိုဆိုနိုင်တဲ့လူမျိုး ကြားဖူးတာ ဒါပထမဆုံးပဲ။ ငါတို့ နိုင်ငံက အဆိုတော်တွေတောင် ဒီလောက် မဆိုနိုင်ကြဘူး”
“လင်းဖန်က ငါ့အိုင်ဒေါပဲ”
လင်ဒါလည်း ပရိတ်သတ်တွေလိုပဲ ခံစားလိုက်ရပါသည်။ လင်းဖန် သီိချင်း နောက်တစ်ပုဒ်လောက် ထပ်ဆိုရင် ကောင်းမှာပဲ။
အားလုံး မျှော်လင့်နေကြချိန်တွင် မီးအလင်းရောင်များ ထပ်မံ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် လင်းဖန်က နောက်ထပ် အဝတ်အစားတစ်စုံ လဲလိုက်ပြီး စတိတ်စင်ပေါ် ပြန်ပေါ်လာပါသည်။
နောက်ထပ် သီချင်းတစ်ပုဒ်၏ နောက်ခံ တီးလုံးသံများ ထွက်ပေါ်လာသည်။
လင်းဖန် ထပ်ပေါ်လာပြန်ပါသည်။
ပရိတ်သတ်တွေလည်း နက်နက်ရှိုင်းရှိုင်း အံ့အားသင့်သွားကြသည်။
လင်းဖန် သီချင်းဆိုတိုင်း အမြဲတမ်း တစ်ပုဒ်တည်းသာ ဆိုတတ်မှန်း သူတို့ သိကြ၏။
ဒီနေ့လင်းဖန်က ပထမဆုံးအကြိမ်အဖြစ် ဒုတိယ သီချင်းတစ်ပုဒ်ကို သီဆိုရပါမည်။
နောက်ခံတီးလုံးကို နားဆင်ကြည့်ခြင်းဖြင့် ဒီဒုတိယသီချင်းကိုလည်း ဘယ်သူမှ မကြားဖူးကြပေ။
မီးအလင်းရောင်များ လင်းဖန်ပေါ်သို့ ကျရောက်လာသည်။
လင်းဖန် ရှေ့တစ်လှမ်းတိုးပြီး ပြုံးလိုက်ပါသည်။
ဒီနေ့ည သူက ဒီနေရာမှာ ကြယ်ပွင့် ဖြစ်သည်။
ဒီနေ့ည သူ့ပရိတ်သတ်များအတွက် သီချင်းများ ထပ်သီဆိုပေးမည်။
ဒီနေ့ညက တေးဂီတ နားဆင်ပွဲကြီး ဖြစ်တော့မည်။
လင်းဖန်၏ အမည်က ကျဲကျန့်ရုပ်သံမှာ ပဲ့တင်သံ ထပ်သွားခဲ့ပါသည်။