ထာဝရမင်းသားလေး လင်းဖန်
Vol. 23 Ch. 334
လင်းဖန် စတိတ်စင်ပေါ်တွင် မတ်တပ်ရပ်နေသည်။
ထိုအချိန်တွင် တောက်တောက်ပပ မီးအလင်းရောင်များက လင်းဖန်အပေါ်သို့ ကျရောက်လာ၏။
လင်းဖန်၏ မျက်နှာလည်း LED ဖန်သားပြင်ကြီး ၄ ခုအပေါ်တွင် ပေါ်လာခဲ့သည်။
ပရိတ်သတ်များက ပျော်ရွှင်အားပေးနေကြပြီး စိတ်အားထက်သန်စွာ အော်ဟစ်နေကြပါသည်။
လင်းဖန် သီချင်း တစ်ပုဒ်သာ သီဆိုလိမ့်မည်ဟု သူတို့ထင်ထားခဲ့၏။
လင်းဖန် ပြန်ထွက်လာဦးမည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။
သူတို့ လင်းဖန် သီချင်းဆိုတာကို ထပ်ပြီး နားဆင်နိုင်ပါဦးမည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်လည်း လုံးဝ ရူးသွပ်သွားကြ၏။
“ဘုရားရေ လင်းဖန် သီချင်းဆိုတာ ထပ်နားထောင်ရတော့မယ်”
“ဒီတစ်ခေါက် လင်းဖန် ဘာသီချင်းဆိုမှာလဲ။ အင်္ဂလိပ်သီချင်းပဲလား။ လင်းဖန်သီချင်းဆိုတာ ဘာလို့ ဒီလောက် ကောင်းရတာလဲ…”
“လင်းဖန်အသံက အရမ်းကောင်းတာပဲ။ ငါကြားဖူးသမျှထဲမှာ အကောင်းဆုံးအသံပဲ”
“အင်္ဂလိပ်သီချင်းကိုတောင် ဒီလောက် ကောင်းကောင်းဆိုနိုင်တယ်။ အင်္ဂလိပ်စကား နားမလည်ပေမယ့် လင်းဖန်ရဲ့ သီချင်းဆိုရင်တော့ အကုန်ကြိုက်တယ်”
“...”
ပရိတ်သတ်များ၏ အော်သံများအောက်တွင် လင်းဖန် ရှေ့တိုးလိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်လိုက်က်ပါသည်။ “အားလုံးပဲ တကယ်တော့ ကျွန်တော် ဒီနေ့ သီချင်း ၂ ပုဒ် ပြင်ဆင်လာခဲ့တာပါ”
“ဒုတိယသီချင်းနာမည်က ‘See you again’ လို့ အမည်ရပါတယ်”
“ဒီနေ့တော့ ပရိတ်သတ်တွေကို တေးဂီတ သုံးဆောင်ပွဲကြီးတစ်ခု ယူဆောင်လာပေးမှာပါ”
လင်းဖန် ပြောပြီးသွားတော့ ပရိတ်သတ်များ ထပ်မံ အော်ဟစ်ကြပြန်သည်။
ဒုတိယသီချင်း တကယ် ဆိုတော့မည်။
နောက်ခံတီးလုံးသံ ထွက်ပေါ်လာပြီး ပြင်းထန်သည့် အားပေးသများက ပွဲအခမ်းအနားနဲ့ ကောင်းကင်တစ်ခုလုံးသို့ ပဲ့တင်သံထပ်သွားခဲ့သည်။
“လင်းဖန်”
“လင်းဖန်”
“လင်းဖန်”
ထိုအားပေးသံများအောက်တွင် စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ လင်းကျင်းကျင်း၊ လင်းချမ့်ဝေ၊ ဖန်တုံတုံတို့လည်း ပါဝင်ကြသည်။
လုပမ်ခိုင်းနဲ့ လျို့မောင်တို့က အပြုံးမျက်နှာများဖြင့် ကတောင် ကခုန်နေပါပြီ။
ကျားကျင်းဖျော်ဖြေရေးရှိ ဝန်ထမ်းများနဲ့ ဆယ်လီများက လင်းဖန်အတွက် လေးလေးနက်နက် ဂုဏ်ယူနေကြသည်။
လင်းဖန်က သူတို့ဘော့စ်ဖြစ်၏။
သူတို့ အိုင်ဒေါလည်း ဖြစ်သည်။
ရှားဝမ်ချွေ့ကတော့ အော်ပြီး အားမပေးပေ။
လင်းဖန်အတွက် အလင်းချောင်းတစ်ချောင်းကို ယိမ်းနွဲ့ပေးနေလေသည်။
ခမ်းနားလှပသည့် ညကြီးတစ်ညဖြစ်သွားပါတော့သည်။
သူမကလည်း လင်းဖန်ရဲ့ ပရိတ်သတ်တွေလိုပဲ ဖြစ်ကာ သူတို့နဲ့ အတူ ပူးပေါင်းလိုက်ပါသည်။
ရှုယန်ကတော့ မအော်ဟစ်ဘဲ ဝိုင်သာ တစ်ငုံ သောက်လိုက်သည်။ လခွမ်းထဲမှ…၊ ကွာခြားချက်က ဒီလောက်တောင်မှလား။
အဓိကအချက်က… လင်းဖန်၏ အဆိုစွမ်းရည်မှာ တကယ်ကောင်းမွန်နေခြင်းပင်။
သူ့လိုယောက်ျားကြီးတစ်ယောက်တောင် စိတ်မထိိန်းနိုင်ပေ။
လင်းဖန်၏ လက်ထောက်၊ စုမိသားစုရဲ့ ဒုတိယသမီး စုမူချင်း လင်းဖန်ကို သူမရဲ့မျက်လုံးလှလှလေးများဖြင့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။
ဒီနေ့ည ပရိတ်သတ်တွေက လင်းဖန်အတွက် အားပေးနေကြသည်။
ဒီနေ့ည ပရိတ်သတ်တွေက လင်းဖန်အတွက် ဂုဏ်ယူနေကြ၏။
လင်းဖန် မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။ သူ့အသံက အလွန်နိမ့်သော်လည်း အလွန်ဆွဲဆောင်မှုရှိပါသည်။
“It’s been a long day without you my friend”
“And I’ll tell you all about it when I see you again”
လင်းဖန် သီချင်းစဆိုလိုက်တာနဲ့ အားပေးသံများက ပိုမို ပြင်းထန်လာသည်။
ပရိတ်သတ်တွေက စိတ်အားထက်သန်မှု များစွာဖြင့် အော်ဟစ်လိုက်ကြသည်။
ကျဲကျန့် ရုပ်သံဌနမှ ဘော့စ်လည်း လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ “လင်းဖန်က သရုပ်ဆောင် မဟုတ်ဘူးလား။ ဘာလို့ သီချင်းဆိုတာလည်း ဒီလောက် ကောင်းရတာလဲ”
လီချင်းချင်းလည်း လင်းဖန်ကို လေးစားအားကျစွာ ကြည့်ကာ ပြုံးလိုက်သည်။ “ဘော့စ်လင်းဖန်က တကယ်တော်တာပဲ~”
ကျဲကျန့်ရုပ်သံရဲ့ ဘော့စ်က ဝိုင်တစ်ငုံ သောက်လိုက်ပြီး လီချင်းချင်းကို ကြည့်လိုက်ပါသည်။ “သူ့ကို သဘောကျနေပြီလား”
လီချင်းချင်း ရှက်သွေဖြာသွားပြီး ခေါင်းကို အမြန်ခါလိုက်သည်။ “မဟုတ်တာ။ လင်းဖန်မှာ ကောင်မလေးရှိပြီးသားကို။ သူ့ကောင်မလေးကလည်း အရမ်းလှတယ်”
ကျဲကျန့်ရုပ်သံဘော့စ်က ပြုံးကာ ဘာမှ မပြောတော့ပေ။
လင်းဖန်က ထူးချွန်ပြီး ရုပ်ချောရုံသာမကဘဲ ပါရမီလည်း အလွန်ပါသေးသည်။ ဘယ်လို မိန်းကလေးမျိုးမဆို သူ့ကို မကြိုက်ဘဲ မနေနိုင်လောက်ပါ။
QQ Music နဲ့ NetEase Music တို့၏ မန်နေဂျာများလည်း လုံးဝမှင်သက်ကာ အပျော်လွန်သွားကြပါသည်။
“လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ်စလုံးကို ရိုက်ကူးထားကြ နောက်ပိုင်း ဒါကို သီချင်း နှစ်ပုဒ်အတွက် MV အဖြစ် သုံးလို့ ရတယ်။ လင်းဖန် MV တွေ ထပ်ရိုက်စရာ မလိုတော့ဘူး”
“တစ်ချိန်တည်းမှာပဲ လင်းဖန်ကို သီချင်းနှစ်ပုဒ် အသံသွင်းဖို့အတွက် ဖိတ်ကြားရဦးမယ်။ ဒီ အင်္ဂလိပ်သီချင်းနှစ်ပုဒ်က သေချာပေါက် ရေပန်းစားလာမှာပဲ”
“ဒီသီချင်းနှစ်ပုဒ်က ပြည်တွင်းမှာကော ပြည်ပမှာပါ ပေါက်လာနိုင်တဲ့ သီချင်းနှစ်ပုဒ်ပဲ။ တရုတ်က သီချင်းနားထောင်တဲ့သူအများစုက အင်္ဂလိပ်လို နားမလည်ပေမယ့် နိုင်ငံခြား နားဆင်သူတွေက နားလည်နိုင်တယ်။ ပရိုမိုးရှင်းလေး နည်းနည်းလုပ်ပေးလိုက်တာနဲ့ သေချာပေါက် အရမ်းပေါက်တဲ့ သီချင်းနှစ်ပုဒ် ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကမ္ဘာတစ်ဝှမ်း ရေပန်းအစားဆုံး သီချင်းတွေတောင် ဖြစ်လာနိုင်တယ်” QQ Music မန်နေဂျာက ပြောလိုက်ပါသည်။
လင်းဖန်က ဂီတလောကထဲမှာ ရှိတာ အချိန် အနည်းငယ်သာ ဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်း ရေပန်းစားလာနိုင်သည့် သီချင်းများကို ဖန်တီးနိုင်ပါသည်။
ထိုအချိန်တွင် သီချင်းက အကောင်းဆုံး အပိုင်းကို ရောက်ရှိသွားပါပြီ။
“We’ve come a long way from where we began”
“Oh I’ll tell you all about it when I see you again”
သီချင်းသံက အားလုံးရဲ့ နားထဲကို စီးဆင်းလာခဲ့သည်။
ပရိတ်သတ်များက ပျော်ရွှင်စွာဖြင့် ပြုံးလိုက်ကြသည်။
ဝမ်းနည်းစရာ ကောင်းသည့် ပထမ သီချင်းတစ်ပုဒ်နဲ့ ယှဉ်ရင် ယခုသီချင်းက ပိုပြီး တက်ကြွဖို့ကောင်းပါသည်။
ထို့အပြင် ရိုမန့်အရိပ်အယောင်လည်း မြင်ရသည်။
ပရိတ်သတ်များက လင်းဖန်ရဲ့ သီချင်းကို နားထောင်ရင်း အော်ဟစ် အားပေးနေကြလေသည်။
ဒီသီချင်းထဲ အားလုံး အကြွင်းမဲ့ နစ်မျောနေကြ၏။
စတိတ်စင်ပေါ်က လင်းဖန်ကို ကြည့်ရင်း သူတို့လက်ထဲက မီးလင်းချောင်းများကို ယိမ်းနွဲ့နေကြသည်။
"ကြိုက်တယ် ကြိုက်တယ်~ လင်းဖန်ရဲ့ သီချင်းက ကောင်းလွန်းလို့ ငါ့နှလုံးသားကို ဖမ်းစားသွားသလိုပဲ" လင်းခဲ့ရှင်းက ပြောလိုက်ပါသည်။ သူမ လင်းဖန်ကို ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်၏။
"လင်းဖန်ကို ငါအစောကြီးကတည်းက သိခဲ့ရင် သူ့ကို ပိုးပန်းမိလောက်တယ်" လင်းခဲ့ရှင်း အနည်းငယ် မနာလို ဖြစ်သွားမိပါသည်။
"ဘာကြောင့်မှန်းမသိဘဲ ငါ သူ့ကို နည်းနည်း သဘောကျတယ်လို့ ခံစားမိနေတယ်။ ဒါပေမယ့် သူ့မှာ ကောင်မလေး ရှိပြီးသားပါလေ" လင်းခဲ့ရှင်းက ညင်သာစွာ ပြောလိုက်ပါသည်။
"ငါလည်း လင်းဖန်ကို သဘောကျပါတယ်~ ငါက သူ့သီချင်းတွေကိုပဲ သဘောကျတာ" လင်းကျင်းကျင်းက မျက်တောင်ခတ်ရင်း ပြောလိုက်၏။
ရှုယန် ဆွံ့အသွားမိသည်။
ဘာကြောင့်မှန်းမသိဘဲ ရှုယန် နှလုံးသားကို ဓားနဲ့ ထိုးခံလိုက်ရသလို ခံစားလိုက်ရပါသည်။
သူ ဘာမှ မတတ်နိုင်ပါ။
ဆယ်လီတွေကို မကြိုက်တတ်တဲ့ ချစ်သူ ကောင်မလေးမျိုး ဘယ်မှာရှိလို့လဲ။
"When I see you again~~" လင်းဖန်က သီချင်း အဆုံးထိ ဆိုလိုက်သည်။ ခန်းမထဲက အခြေအနေသွင်ပြင် အားလုံးကို သူ ထိန်းချုပ်ထား၏။
သူ့သီဆိုသံ ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။
အရသာတစ်ခုနဲ့ သံစဉ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဝှစ်…
အလင်းရောင်အားလုံး လင်းဖန်ပေါ်သို့ ကျရောက်လာခဲ့၏။
ကင်မရာလည်း ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် ပုံရိပ်များလည်း ရပ်တန့်သွားခဲ့၏။
သူတို့ရဲ့ နဂို စိတ်အားထက်သန်မှုများနဲ့ ယှဉ်လျှင် ပရိတ်များ ထပ်ပြီး မအော်ကြတော့ပေ။
ပရိတ်သတ်အားလုံးက လင်းဖန်ကို မော့ကြည့်နေကြ၏။
တချို့ ပရိတ်သတ်များက လင်းဖန်ကို စူးစိုက်စွာ ကြည့်နေကြသည်။
တချို့ပရိတ်သတ်တွေကတော့ လက်ထဲက မီးလင်းချောင်းများ လွတ်ကျသွားမှန်းတောင် သတိမထားမိတော့ပါ။
တခြားကောင်မလေးများ၏ လက်ကို ကိုင်မိသွားသည့် ပရိတ်သတ်များတောင် ရှိပါသည်။ သို့သော် ထိုကောင်မလေးတွေကလည်း သူမတို့ လက်ကို သူစိမ်းယောက်ျားလေးများက လာကိုင်ထားမှန်း သတိမထားမိကြပေ။
ခေတ္တကြာသောအခါ အားပေးသံများ လေထုထဲ ပြည့်နှက်သွားပါတော့သည်။
"ကောင်းလိုက်တဲ့ သီချင်းလေး..."
"ငါငိုနေပါပြီ။ လင်းဖန်လို အသံပိုင်ရှင်မျိုးကို နတ်သားလေးတစ်ပါးက ဖန်ဆင်းပေးလိုက်တာလား။ သူ့ကို လုံးဝ ချစ်မိသွားရင် ဘယ်လိုလုပ်ရမလဲ"
"လင်းဖန် တိုက်ရိုက်သီချင်းဆိုတာကို နားဆင်လိုက်ရတော့ နောင်ဆံမတင်းဘဲ သေလို့တောင်ရပြီ။ လင်းဖန် တစ်ခါတစ်လေ ဂီတဖျော်ဖြေပွဲ ကျင်းပရင် ကောင်းမှာပဲ။ ငါနားထောင်လို့ မဝသေးဘူး"
"လင်းဖန်က အမြဲတမ်း ငါ့ရဲ့ မင်းသားလေး။ ငါ့ရဲ့ ထာဝရ မင်းသားလေးပဲ"