← Chapters

လက်ထပ်ခွင့်ပေးပါတယ်... လင်းဖန်

Vol. 23 Ch. 336

လက်ထပ်ခွင့်ပေးပါတယ်... လင်းဖန်

Vol. 23 Ch. 336

"လက်ထပ်ခွင့်ပေးပါ ရှားဝမ်ချွေ့"

ထိုစကားလုံးများက ကျဲဲကျန့်ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပဲ့တင်သံ ထပ်သွားခဲ့လေသည်။

ရှားဝမ်ချွေ့၏ ပါးပြင်များက နီရဲနေပြီး လင်းဖန်ကို ပီတိဖြာနေသည့် အပြုံးဖြင့် ကြည့်လိုက်ပါသည်။ သူမ ထိန်းချုပ်မရနိုင်စွာဖြင့် မျက်ရည်များ စီးကျလာသည်။

သူပေးတဲ့ စိန်လက်စွပ်လေးကို ယူလိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်၏။

သူ့ရဲ့ လေးနက်မှုပုံစံကို ကြည့်လိုက်သည်။ ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူမက အားလုံးရဲ့ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။

ဒီအချိန်မှာ ကောင်မလေးတွေအားလုံး သူမကို အားကျနေလောက်သည်။

လူတွေအားလုံးရှေ့မှာ လင်းဖန်ရဲ့ လက်ထပ်ခွင့် တောင်းခြင်းကို ခံရတာ ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်မလဲ။

လင်းခဲ့ရှင်း ပြုံးမိသွားပါသည်။

လင်းကျင်းကျင်းလည်း လက်ခုပ်တီးလိုက်၏။

ပရိတ်သတ်များက အော်ဟစ်နေကြသည်။ စုရှောင်းယွီက ဂရုတစိုက်ဖြင့် ဓာတ်ပုံများ ရိုက်ယူနေသည်။ သူမ မျက်လုံးတွေ နီနေတာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။

စုမူချင်းလည်း လင်းဖန်အတွက် ဝမ်းသာပါသည်။

ရှားဝမ်ချွေ့က မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူ့လက်စွပ်ကို မစွပ်ရသေးပေ။

"ဒါပေမယ့် ရုပ်ဆိုးဆိုးချွေးမလေးက ယောက္ခမတွေနဲ့မှ မတွေ့ရသေးတာ။ နင်လည်း နင့်ရဲ့ ယောက္ခမတွေနဲ့ မတွေ့ရသေးဘူးလေ~~" ရှားဝမ်ချွေ့က ပြုံးလိုက်ပါသည်။

"မကြာခင်မှာ တွေ့ကြမယ်လို့ ကတိပေးပါတယ်"

"အမေနဲ့ အဖေက နင့်ကို သဘောကျမယ်လို့ ကတိပေးရဲတယ်။ ပြီးတော့ ငါ့ယောက္ခမတွေလည်း ငါ့ကို သဘောကျကြမှာပါ"

"သူတို့ ဘယ်လိုသဘောထားထား အရေးမကြီးဘူး။ ဒါပေမယ့် နင်က ငါအချစ်ရဆုံးသူပဲ။ ဒါက ပြောင်းလဲလို့ မရတဲ့ အမှန်တရားတစ်ခုပဲ" လင်းဖန်က ရှားဝမ်ချွေ့ကို သစ္စာဆိုနေသလိုမျိုး ကြည့်ကာ ပြောလိုက်ပါသည်။

"~~~" ရှားဝမ်ချွေ့က လင်းဖန်ရှေ့တွင် ချစ်ဖို့ကောင်းစွာ မတ်တပ်ရပ်နေပြီး သူ့လက်ထဲက လက်စွပ်လေးကို ယူလိုက်ပါသည်။

"နင်ငါ့ကို အလိုရှိနေသေးသရွေ့ နင့်နားမှာ အမြဲတမ်း ရှိနေပေးပါ့မယ်~" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။ သူမ ပါးပြင်တွေမှာ ရှက်သွေးဖြာနေပါသည်။

"အဲ့တာဆို..." လင်းဖန်က မျှော်လင့်တကြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

"လင်းဖန်။ နင့်ကို လက်ထပ်ပါ့မယ်လို့... ကတိပေးပါတယ်။” ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ မျက်နှာ နီနီရဲရဲဖြင့် ပြောလိုက်ပါသည်။

"ရှားဝမ်ချွေ့။ နင်ငါ့ကို ကတိပေးလိုက်ပြီဆိုတော့ တစ်သက်လုံး စကားကို ပြန်မရုတ်သိမ်းရဘူးနော်" လင်းဖန် အတည်ပေါက် ပြောလိုက်သည်။ သူ မတ်တပ်ရပ်ကာ လက်စွပ်ကို ယူပြီး ရှားဝမ်ချွေ့၏ လက်သူကြွယ်တွင် စွပ်ပေးလိုက်ပါတော့သည်။

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ "ရှေးခေတ်ကတည်းက မိန်းကလေးတွေက အမြဲတမ်း သစ္စာရှိတတ်ကြတာပဲကို"

ထိုစကားလုံးများကို ကြားသည့်အခါ လင်းဖန်က သူ့ဘဝမှာ အပျော်ရွှင်ရဆုံး အပြုံံးဖြင့် ပြုံးလိုက်ပါသည်။

ရှားဝမ်ချွေ့ကို ပွေ့ချီမြောက်လိုက်ပြီး လေထဲမှာ လှည့်လိုက်ပါသည်။

နောက်ဆုံးတော့ ရှားဝမ်ချွေ့ကို လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားခဲ့ပါပြီ။

သူ အချစ်ရဆုံး မိန်းကလေးက သူ့ရင်ခွင်ထဲ ရောက်လာခဲ့လေပြီ။

ရှားဝမ်ချွေ့ မိဘတွေရဲ့ ထောက်ခံချက်ကို မရသေးသော်လည်း ထိုနေ့ ရောက်ဖို့ သိပ်မလိုတော့မှန်း လင်းဖန် သိပါသည်။

"လခွမ်း.... လင်းဖန် ရှားဝမ်ချွေ့ကို တကယ် ရသွားပြီပဲ။ လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားပြီ" ကောင်းလီရှောင်းက ပြောလိုက်ပါသည်။ တီဗီပေါ်က လင်းဖန်ကို သူ မနာလိုစွာ ကြည့်နေမိ၏။

"လင်းဖန် တကယ် အချီကြီး ပေါက်တာပဲ။ ငါတို့ ကျောင်းက Queen လေးကိုမှ ရသွားတယ်လို့" ရှုယောင်ထင်လည်း ရယ်မောလိုက်၏။

"ဘယ်လိုမိန်းကလေးက လင်းဖန်ရဲ့ လက်ထပ်ခွင့် တောင်းတာကို ငြင်းဆန်နိုင်မှာလဲ။ လင်းဖန်က... အရမ်းချောတာပဲ" ရှီးထင်ထင်လည်း ကြည့်ကာ ပြောလိုက်ပါသည်။

"အစ်ကိုလင်းဖန်က အရမ်းချောတာပဲ~~ အစ်ကိုလင်းဖန် ပျော်ပါစေလို့ ဆုတောင်းပေးပါတယ်" ရှုရှိယင်လည်း ရုပ်မြင်သံကြားရှေ့တွင် ရေရွတ်လိုက်သည်။

လင်းဖန်ရဲ့ အထက်တန်း အတန်းဖော်များစွာက သူ့အတွက် အားပေးနေကြပြီး ၎င်းတို့၏ WeChat Moments များတွင် ပို့စ်တင်လိုက်ကြပါသည်။

ပရိတ်သတ်ကလည်း အော်ဟစ်နေကြဆဲ ဖြစ်ပါသည်။ လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားပါပြီ။

တခြား အစီအစဉ်များကို ကျဲကျန့်ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ဆက်လက် ပြသလိုက်ကြပါသည်။ ဒီအပိုင်းလေးက သေးငယ်သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့အတွက် အလွန်အဓိပ္ပာယ်ရှိပါသည်။

ထိုနေ့ညက Weibo ပေါ်မှာ ပွက်လောရိုက်သွားခဲ့သည်။

Weibo ထိပ်တန်း ရေပန်းစား ရှာဖွေမှုက လင်းဖန် ရှားဝမ်ချွေ့ကို လက်ထပ်ခွင့်တောင်းခြင်း ဖြစ်ပါသည်။

Weibo ပေါ်က ဒုတိယ ရေပန်းစား ရှာဖွေမှုက မိန်းကလေးများ အမြဲသစ္စာရှိကြခြင်း ဟူ၍ ဖြစ်သည်။

ရိုးသားဖြူစင်သည့် မိန်းကလေးတစ်ယောက်ကို ယောက်ျား မိန်းမမရွေး သဘောကျလေ့ ရှိကြပါသည်။

တတိယကတော့ လင်းဖန်၏ သီဆိုမှု ဖြစ်၏။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ သီချင်းများက TikTok မှာ နာမည်ကြီးလာခဲ့ပါသည်။

ရှားဝမ်ချွေ့ကို လင်းဖန် လက်ထပ်ခွင့် တောင်းခြင်းမှာလည်း ပေါက်သွားခဲ့သည်။

လုံးဝ အကြွင်းမဲ့ နာမည်ကြီးသွားခဲ့ပါသည်။

ဒီလို ရေပန်းစားမှုမျိုးနဲ့ဆို လင်းဖန်ရဲ့ ရုပ်သံဒရမ်မာလည်း အတူတကွ ရေပန်းစားလာနိုင်သည်။

အိမ်ပြန်ရောက်သောအခါ စုရှောင်းယွီက အိပ်ယာ ဝင်သွားပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ ခါးလေးကို ဖက်ကာ ပြုံးလိုက်၏။ "ဝမ်ချွေ့ နင်ငါ့ကို လက်ထပ်မယ်လို့ သဘောတူပြီးသွားပြီနော်။ အဲ့တာကြောင့်... ဒီနေ့ည နင့်အခန်းထဲမှာ ပြန်မအိပ်နဲ့တော့ ဟုတ်ပြီလား"

လင်းဖန် တကယ်ပဲ သည်းမခံနိုင်တော့ပါ။

ရှားဝမ်ချွေ့က အလွန်လှပပြီး လင်းဖန်ရှေ့မှာ ချစ်ဖို့လည်း ကောင်းနေပါသည်။ ကြောင်ကာတွန်း ရုပ်ပုံ ညအိပ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖြူဖွေးသည့် ခြေချောင်းသွယ်သွယ်လေးများလည်း ရှိသည်။

သူတော်စင် ဖြစ်နေရင်တောင် စိတ်တည်ငြိမ်နေမှာ မဟုတ်ပါ။

ဒါက သာမန် စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု ဖြစ်သဖြင့် လင်းဖန် မတွန်းလှန်ချင်ပေ။

သူ့ကောင်မလေးနဲ့သာ အတူတူနေရပါက ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ။

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ သူမ မငြင်းသလို စကားလည်း မပြောတော့ပါ။

ရှားဝမ်ချွေ့ကို ဒီလိုပုံစံမျိုး မြင်လိုက်ရသည့်အခါ အခွင့်အရေးရှိမှန်း လင်းဖန် သိလိုက်ပါသည်။

ရှားဝမ်ချွေ့လည်း ခံနိုင်ရည်မရှိတော့သည့် နေ့ရက်မျိုး ရှိလာမှာပဲ မဟုတ်လား။

ဟားဟား ဒီနေ့ညတော့ ငါလူဖြစ်ရကျိုးနပ်မယ့် ညပဲ

မိသားစုထဲက သူ့အဆင့်ကိုလည်း လုံးဝ သတ်မှတ်နိုင်မည့် ညဖြစ်ပါသည်။

လင်းဖန် ရှားဝမ်ချွေ့ကို သူ့အခန်းထဲ ပွေ့ချီကာ ခေါ်သွားခဲ့သည်။

ရှားဝမ်ချွေ့ မျက်နှာ နီရဲနေပါသည်။

"မြောင်~~~ ရေအရင်ချိုးဦး" ရှားတမ်ချွေ့က တီးတိုး ပြောလိုက်သည်။

"အင်းပါ" လင်းဖန်က ခေါင်းငြိမ့်ကာ ရေသွားချိုးလိုက်ပါသည်။

ဒီနေ့ညက ပျော်စရာ ညလေး ဖြစ်လာလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ သို့သော်လည်း ရှားဝမ်ချွေ့ထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့ပါသည်။

ရှားဝမ်ချွေ့၏ အဖေဖုန်းဖြစ်သည်။

"လင်းဖန်နဲ့ သမီး လက်ထပ်ဖို့ အဖေ သဘောမတူနိုင်ဘူး" ရှားဝမ်ချွေ့အဖေက မျက်နှာ တည်တည်တံ့တံ့ဖြင့် ပြောလိုက်ပါသည်။

"အဖေ ဘာလို့လဲ" ရှားဝမ်ချွေ့က မေးလိုက်၏။

"အကြောင်းပြချက် မရှိဘူး။ အဖေ သဘောမတူဘူး ဆိုရင် မတူဘူးပဲ။ နှစ်ဝက် သဘောတူညီမှုက အချိန်တောင် မကျသေးဘဲနဲ့ လင်းဖန်က သမီးကို အပိုင်သိမ်းချင်နေပြီလား" ရှားဝမ်ချွေ့၏ အဖေက ပြောလိုက်ပါသည်။

"အဖေ့ကို သဘောတူစေချင်ရင် လင်းဖန်နဲ့ အဖေ တွေ့တဲ့အချိန်အထိ အရင်စောင့်ရမယ်" ရှားဝမ်ချွေ့ အဖေက ပြောလိုက်သည်။

ရှားဝမ်ချွေ့ ဆွံ့အသွား၏။

သူမ အဖေ ဒီလောက် ပြင်းပြင်းထန်ထန် တုန့်ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ ချက်ချင်းပဲ ကန့်ကွက်လိုက်ပါသည်။

ရှားဝမ်ချွေ့ အဖေက ဆက်ပြော၏။

"ပြီးတော့ သမီးအမေလည်း သဘောတူမှာ မဟုတ်ဘူးဆိုတာ ပြောလိုက်ဦးမယ်။ ဘာလို့လဲ ဆိုတော့ စီးပွားရေးလောကမှာ အောင်မြင်တဲ့အပြင် သမီးအမေက ဆရာဝန်တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ သမီးအမေက ဆယ်လီတွေကို အထင်အသေးဆုံးပဲ ဆိုတာ မသိဘူးလား"

"လင်းဖန်ကို မိသားစုရဲ့ သဘောတူညီမှုမရှိဘဲ လက်ထပ်မယ်ဆိုရင် ရှားမိသားစုရဲ့ သခင်ကြီး ရှားလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ လင်းဖန်မှာ ဘယ်လို နောက်ခံပဲရှိရှိ ကပ်ဘေးတစ်ခု ခံစားသွားစေရမယ်"

ဆယ်လီတစ်ယောက်က ကြီးမားသည့် မိသားစု တစ်ခုကို ဘယ်လို ယှဉ်နိုင်မှာလဲ။

"အဖေ လင်းဖန်ကို အနိုင်မကျင့်ပါနဲ့။ သမီး လက်မခံဘူး။ ပြီးတော့... ရှောင်းယွီလည်း လက်ခံမှာ မဟုတ်ဘူး" ရှားဝမ်ချွေ့က ပြောလိုက်သည်။

"သမီး လက်မခံလည်း ဘာမှ လုပ်လို့ မရဘူး။ သမီး လင်းဖန်ကို တကယ်လက်ထပ်ချင်တယ်ဆိုရင် အဖေ့ဆီကို အရင်ဆုံး ခေါ်လာရမယ်"

"လင်းဖန်က တကယ် ထူးချွန်တဲ့လူဆိုရင် သမီးအမေနဲ့ သခင်ကြီးကို အဖေနားချဖို့ လွယ်မယ်။ အနည်းဆုံးတော့ လင်းဖန်ကို အရင်ဆုံး တွေ့ခွင့်ပေးပါ။ အဖေ့ကိုတောင် မကျော်နိုင်ဘူးဆိုရင်တော့ မေ့လိုက်တာ အကောင်းဆုံးပဲ" ရှားဝမ်ချွေ့အဖေ၏ လေသံ နက်နက် ထွက်ပေါ်လာခဲ့သည်။

"ပြီးတော့ ရှားမိသားစုရဲ့ မျိုးရိုးအစဉ်အလာ သင်ကြားမှုတွေကို သမီး မမေ့ဖို့ မျှော်လင့်ပါတယ်။ လက်မထပ်ရသေးရင် ဘာမှ စည်းကျော်တာမျိုး လုပ်လို့ မရဘူးနော်။ မဟုတ်ရင် ရှားမိသားစုက သမီးကို အိမ်တန်းပြန်ခေါ်မှာ။ လင်းဖန်နဲ့ ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်ဘူး" ရှားဝမ်ချွေ့ အဖေက ပြောလိုက်ပါသည်။

ဒီတစ်ခေါက် သူ့စကားလုံး ရွေးချယ်မှုများက အတော်လေး ရက်စက်ပါသည်။

နောက်ဆုံးမှာတော့ ရှားဝမ်ချွေ့ အင်အားချိနဲ့စွာဖြင့် ဖုန်းချလိုက်ရတော့သည်။

သူမအဖေရဲ့ ကုမ္ပဏီမှာ ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ချီပြီး ရှိပါသည်။ သူမအမေက ပို၍ပင် တော်သေးသည်။ သူမအမေက တကယ့် စီးပွားရေး ပါရမီရှင်ကြီး ဖြစ်သည်။

ထို့ကြောင့်လည်း သူမအမေက စုရှောင်းယွီလို သမီးမျိုးကို မွေးထုတ်ပေးနိုင်ခဲ့တာ ဖြစ်သည်။ ထို့အပြင် ရှားမိသားစု၏ သခင်ကြီးရှားကလည်း အလွန်ကြောက်ဖို့ကောင်းပါသည်။

လင်းဖန်က Estee Lauder ရဲ့ စီအီးအို ဖြစ်နေရင်တောင် ရှားမိသားစုက သူ့ကို ရှင်းထုတ်ဖို့ တကယ်ကြိုးစားပါက လင်းဖန် ယှဉ်နိုင်ပါ့မလား။

လင်းဖန်ကို သူမ လက်ခံထားသည်။

သို့သော်လည်း ရှားမိသားစုက သဘောမတူပေ။

သူမ ဖိအားများစွာကို ခံစားလိုက်ရ၏။

လင်းဖန် ရေချိုးခန်းထဲက ထွက်လာသောအခါ ရှားဝမ်ချွေ့မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေပါသည်။ သူမ ငိုကြွေးနေခဲ့၏။

"ငါတောင်းပန်ပါတယ်လင်းဖန်...." ရှားဝမ်ချွေ့ ပြောပြီးသွားသောအခါ မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

"ရှားဝမ်ချွေ့ ဘာတွေဖြစ်သွားတာလဲ ငါ့ကို ပြောပါဦး" လင်းဖန်က သူမနောက်ကို ပြေးလိုက်ကာ လက်ဆွဲလိုက်ပါသည်။ မကြာသေးခင်ကမှ လှပသည့် အိပ်မက်လေးကို စိတ်ကူးယဉ်နေခဲ့သေးသည်။

သို့သော်လည်း အခုတော့ သူ့ရဲ့ လှပတဲ့ အိပ်မက်လေး ရက်ရက်စက်စက် ပျက်စီးသွားခဲ့ပါပြီ။

All Chapters