အထင်ကြီးသွားပြီ
Vol. 23 Ch. 337
ရှားဝမ်ချွေ့၏ ဝမ်းနည်းနေသည့် မျက်နှာထားကို ကြည့်ကာ လင်းဖန် သူမခေါင်းကို ပွတ်ပေးလိုက်ပါသည်။
"နင် မလုပ်ချင်ရင် ဒီနေ့ည ဘာမှ လုပ်စရာ မလိုပါဘူး။ ငါတို့စောင့်လို့ရပါတယ်"
"နင့်အတွက် ငါစောင့်ပေးမယ်" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ သူသဘောကျသည့် ကောင်မလေးကို ဘယ်တော့မှ တွန်းအားမပေးချင်ပါ။
"လင်းဖန် ခုနက ငါ့အဖေ ငါ့ကိုဖုန်းဆက်ပြီး... သဘောမတူဘူးလို့ ပြောတယ်။ သူ့ကို မတွေ့ရသေးဘဲ သဘောမတူဘူးတဲ့"
"ပြီးတော့ ငါ့အမေလည်း... ငါတို့အတူတူနေတာကို သဘောမတူဘူဘး" ရှားဝမ်ချွေ့၏ မျက်လုံးလှလှလေးများက ဝမ်းနည်းနေပါသည်။
"နင့်အမေနဲ့ အဖေ သဘောတူတာ မတူတာ အရေးမကြီးပါဘူး"
"နင်လက်ခံရင် အားလုံးပြီးတာပဲကို"
"သူတို့ ဘယ်လိုသားမက်မျိုးကို လိုချင်လိုချင် အဲ့လို သားမက်မျိုးဖြစ်လာအောငာ် ငါအကောင်းဆုံး ကြိုးစားပါ့မယ်။ ငါ့ကို သဘောကျလာအောင် လုပ်ပြီး သူတို့ရဲ့ သဘောတူမှုကို ရအောင်ယူမယ်" လင်းဖန်က ပြောလိုက်၏။
ရှားဝမ်ချွေ့ မိဘတွေ သဘောမတူလည်း ဘာဖြစ်လဲ။
ကမ္ဘာကြီးတစ်ခုလုံးက သဘောမတူရင်တောင် လင်းဖန် လက်လျှော့မှာ မဟုတ်ပေ။
သူ ရှားဝမ်ချွေ့ကို လက်ထပ်ခွင့်တောင်းထားပြီးသား ဖြစ်သည်။ သူမ လက်ခံရင် အားလုံး အဆင်ပြေပါပြီ။
တစ်နေ့တော့ ရှားဝမ်ချွေ့ မိဘတွေရဲ့ စမ်းသပ်ချက်ကို သူအောင်မြင်ရပေမည်။
နှစ်ဝက် သဘောတူညီချက်က ယခု ၁ လသာ လိုတော့သည်။
ဒီ ၁ လအတွင်း လင်းဖန် အလုပ်ပိုကြိုးစားရမည်။
ထိုအခါမှ ရှားဝမ်ချွေ့အဖေကို ၁ လအကြာတွင် တွေ့သည့်အခါ အားသာချက်တွေ အများကြီး ပြနိုင်မှာ ဖြစ်သည်။
ရှားဝမ်ချွေ့က နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်းပါ~ လင်းဖန် ဘာပဲဖြစ်ဖြစ် ငါလည်း နင်နဲ့ အတူတူ ကြိုးစားမယ်။ အတူတူ ကြိုးစားကြစို့"
သူ့ကောင်မလေးကိုကြည့်ရင်း လင်းဖန် ရှားဝမ်ချွေ့၏ နဖူးလေးကို နမ်းရှိုက်ကာ သူမကို သူမ အခန်းထဲ ပွေ့ချီပို့ပေးခဲ့ပါသည်။
ထိုနေ့ညက ဘာမှ မဖြစ်ခဲ့ကြပေ။ သို့သော်လည်း လင်းဖန်ကို ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားသွားစေသည်။
ထိုနေ့ညက လင်းဖန် မနက် ၂ နာရီအထိ တရုတ် စစ်တုရင်ကို လေ့ကျင့်ခဲ့ပါသည်။
ရှားဝမ်ချွေ့အဖေက တရုတ်စစ်တုရင်ကစားတာကို သဘောကျမှန်း သိသည်။ ထို့ကြောင့်လင်းဖန် လတ်တလော တရုတ်စစ်တုရင်ကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်၏။
ရှားဝမ်ချွေ့အဖေကို တွေ့ရဖို့ တစ်လသာ လိုတော့သည်။
ဒီတစ်လကို လင်းဖန် ကောင်းကောင်း အသုံးချပါမည်။
နောက်တစ်နေ့ လင်းဖန် QQ Music နဲ့ NetEase Music သို့သွားရောက်ခဲ့သည်။
ထိုဂီတ ကုမ္ပဏီ၂ ခုက အတူတူ အလုပ်လုပ်နေကြပါပြီ။
လင်းဖန်က မနေ့က တိုက်ရိုက်ထုတ်လွှင့်မှု ပွဲမှာ သီဆိုခဲ့သည့် သီချင်းနှစ်ပုဒ်ကို အသံသွင်းဖို့ လင်းဖန် ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
"မင်းရဲ့ တစ္ဆေနဲ့ ကခုန်မယ်"
"See You Again"
သူ့ခရီးလမ်းက ခက်ခဲမှန်း လင်းဖန် သိလိုက်ရသည့်အခါတွင် ပိုပြီး အားသွန်ခွန်စိုက် ကြိုးစားခဲ့ပါသည်။
အသံသွင်း စတူဒီယိုထဲတွင် လင်းဖန်က သူ့စိတ်ခံစားချက် အားလုံးကို သီဆိုမှုထဲ ထည့်သွင်းလိုက်သည်။
အားလုံး ဖိအားများနေကြသည်။ လင်းဖန် ကိုယ်တိုင်တောင် ပါဝင်ပါသည်။
ဖိအားများကို ဖြေလျှော့ဖို့အတွက် အကောင်းဆုံး နည်းလမ်းက လင်းဖန်ရဲ့ သီဆိုမှုသာ ဖြစ်သည်။
QQ Music နဲ့ NetEase Music တို့၏ ခေါင်းဆောင်များ၊ ကုမ္ပဏီနှစ်ခု၏ ဝန်ထမ်းအားလုံးလည်း မှင်သက်သွားကြလေသည်။
ကုမ္ပဏီက ငှားရမ်းထားသည့် အသံညှိဆရာများကလည်း လင်းဖန်၏ အသံကို ထိန်းညှိပေးဖို့ မကူညီကြပေ။ ထို့အစား လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ်ကြောင့် အားလုံး ယစ်မူး သွားကြပါသည်။
"လင်းဖန်ရဲ့ သီချင်းတွေက... အခုထိ ကောင်းနေတုန်းပဲ"
"ဟုတ်တယ်. ငါ့မျက်လုံးရှေ့မှာ လှပတဲ့ ပုံရိပ်တွေ ပေါ်လာသလို ခံစားနေရတယ်။ ဒါ လင်းဖန်ပေါ့။ ငါအထင်ကြီးရတဲ့ လင်းဖန်လေ"
"လင်းဖန် ဒီမှာဆိုတဲ့ သီချင်းတွေက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆိုတာထက် ပိုပြီး ကောင်းသလို ခံစားရတယ်။ လင်းဖန်က... ကြမ်းတမ်းလွန်းပါတယ်ကွာ"
"ငါလုံးဝ ယုံကြည်သွားပြီ။ လင်းဖန်က ဂီတ နယ်ပယ်ထဲ ရောက်လာရင် အနှေးနဲ့ အမြန်ဆိုသလို ဂီတနတ်ဘုရား ဖြစ်လာမှာပဲ"
"လင်းဖန်က ဘာလို့ ဂီတလောကထဲ မဝင်တာလဲ မသိဘူးနော်။ သူ့လို ပါရမီရှင်မျိုးက ဂီတလောကထဲ ဝင်သင့်တာ။ သူဝင်လိုက်တာနဲ့ သေချာပေါက် စူပါစတား တစ်ယောက် ဖြစ်လာလိမ့်မယ်"
သီချင်း ၂ ပုဒ်ကို သီဆိုပြီးနောက် QQ Music နဲ့ NetEase Music တို့တွင် တစ်ပြိုင်တည်း တင်လိုက်ကြပါသည်။
လင်းဖန်က မူပိုင်ခွင့်ကြေး ၁၀ သန်း ရရှိခဲ့၏။ အဆိုတော်အများစုက ဒီလောက်များသည့် မူပိုင်ခွင့်ကြေးကို မရနိုင်သော်လည်း လင်းဖန်၏ သီချင်းများက တကယ်ထိုက်တန်ပါသည်။
လင်းဖန်၏ သီချင်းတိုင်းက ပေါက်သွားနိုင်သည်။
ဒီ အင်္ဂလိပ် သီချင်း ၂ ပုဒ်လည်း ခြွင်းချက် မရှိပါ။
QQ Music တာဝန်ရှိသူက လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "ဘော့စ်လင်း ခင်ဗျားရဲ့ သီချင်းတွေက အရမ်းကောင်းတာပဲဗျာ။ ခင်ဗျား ဂီတ နယ်ပယ်ထဲ ဝင်ဖို့ အကြံပေးချင်တယ်။ ခင်ဗျားရဲ့ အောင်မြင်မှုတွေ အရမ်းမြင့်မားသွားလိမ့်မယ်"
"နောက်ပိုင်းကျမှ ကျွန်တော် စဉ်းစားလိုက်ပါ့မယ်"
"ကျွန်တော် သွားတော့မယ်နော်" လင်းဖန် ပြုံးလိုက်ပြီး Bugatti ထဲဝင်ကာ ထွက်သွားပါတော့သည်။
အသံသွင်းစတူဒီယိုမှ ပြန်လာပြီးနောက် လင်းဖန် ကုမ္ပဏီကိုသွားပြီး အလုပ်စလုပ်ခဲ့သည်။
အရင်ကလို အေးအေးဆေးဆေး မနေတော့ပါ။
အချိန်က ၁ လသာ လိုတော့သည်။ လင်းဖန် ရှားဝမ်ချွေ့အဖေရဲ့ သဘောတူညီမှုကို အရယူရမည်။
လင်းဖန် သူ့အားအင်အကုန်လုံးကို ကုမ္ပဏီအတွက် ပုံအပ်ထားပြီး အချိန်ပိုများတွင် တရုတ်စစ်တုရင်ကို လေ့လာရင်း ကုန်ဆုံးစေခဲ့ပါသည်။
ဟွာစဲပစ်ချား၌...
လျို့ရှမ့်က Zhihu, Douban တို့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး တခြားနေရာများရှိ ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ၏ ကောမန့်များကို ဖတ်နေပါသည်။
"ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 က တကယ် ရေပန်းစားလာတာပဲ။ ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 က တရုတ်သူရဲကောင်းနဲ့ ယှဉ်ရင် လုံးဝ တခြား လယ်ဗယ်ကို ရောက်နေပြီ။ သရုပ်ဆောင် စွမ်းရည်ပဲဖြစ်ဖြစ်၊ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေပဲ ဖြစ်ဖြစ်၊ ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာပဲဖြစ်ဖြစ် ကဏ္ဍတိုင်းက တရုတ်သူရဲကောင်းကို လုံးဝ အနိုင်ယူပစ်နိုင်တယ်"
"ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 က ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 1 လောက် ဇာတ်မနာဘူး ဆိုပေမယ့် ဒီရုပ်သံဒရမ်မာရဲ့ ဇာတ်လမ်းဇာတ်ကွက်က လူတွေရဲ့ ရင်ထဲ စွဲမြဲသွားတုန်းပဲ။ ယှဉ်ကြည့်လိုက်ရင် တရုတ်သူရဲကောင်းက နည်းနည်း ကလေးဆန်သလိုတောင် ခံစားရတယ်။ ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 နဲ့ လုံးဝ အဆင့်ချင်း မတူဘူး"
"ဒါက လင်းဖန်ရဲ့ ရုပ်သံဒရမ်မာပဲ။ လင်းဖန်က သူ့ရဲ့ ရုပ်သံဒရမ်မာတွေမှာ ကဏ္ဍတိုင်းကို ပြီးပြည့်စုံအောင် ဖန်တီးတတ်တယ်။ အဲ့တာကြောင့် သူ့ရုပ်သံဒရမ်မာရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၉ ရာခိုင်နှုန်း ကျော်သွားတာပေါ့။ သမိုင်းကြောင်းထဲက ရုပ်သံဒရမ်မာ အားလုံးကို ကျော်တက်သွားပြီး တရုတ်ရုပ်သံဒရမ်မာ လောကကြီးတစ်ခုလုံးရဲ့ သမိုင်းဝင်စံချိန်ကို ချိုးသွားပြီ"
"လင်းဖန်က တရုတ်ရုပ်သံဒရမ်မာ စျေးကွက် တစ်ခုလုံးကို ကယ်တင်သွားတာပဲ။ ရှန်းရှဒရမ်မာတွေရဲ့ ရှေ့ဆောင်လမ်းပြကို တည်ထောင်ပြီး အထွတ်အထိပ်တစ်ခုကို ဖန်တီးခဲ့တယ်။ နောက်ပိုင်းမျိုးဆက်တွေ သူ့ကို ကျော်လွန်နိုင်ဖို့ဆိုတာ အရမ်းခက်သွားပြီပဲ "
"လင်းဖန်ကို... တရုတ်ရုပ်သံဒရမ်မာ နတ်ဘုရားလို့တောင် ခေါ်လို့ရတယ်"
"လင်းဖန်က ငယ်ရွယ်သေးတယ်။ နောက်ထပ် ၁၀ နှစ်အကြာမှာ သူဘယ်လို ရုပ်သံဒရမ်မာတွေ ထပ်ပြီး ထုတ်လုပ်နိုင်ဦးမလဲဆိုတာ ငါမျှော်လင့်နေမိပြီ"
"မင်းတို့တွေ သိမလားတော့ မသိဘူး။ ဒါပေမယ့် လင်းဖန် ရုပ်သံဒရမ်မာတစ်ခု ရိုက်လိုက်တိုင်း ၁ လပဲ ကြာတယ်။ အဲ့လို စွမ်းဆောင်ရည်မျိုး တရုတ်သမိုင်းကြောင်းမှာ မရှိခဲ့ဖူးဘူး။ ဟုတ်တာပေါ့။ ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးရတာ အရမ်းလည်း ပင်ပန်းရတယ်။ ဒါပေမယ့် လင်းဖန်က ရိုက်ကူးရေးအဖွဲ့ကို တခြားနေရာတွေထက် ၅ ဆလောက် ပိုပြီး ပေးခဲ့တာ။ အလုပ်ဝန်ထုပ်ဝန်ပိုးကလည်း အရမ်း များတယ်။ သူ အရမ်း အလုပ်ကြိုးစားခဲ့တာကြောင့် ဒီလို ဂန္တဝင်လက်ရာမျိုးကို ဖန်တီးနိုင်ခဲ့တာပေါ့"
ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ကို ကောမန့် အားလုံးနီးပါးက ချီးကျူးနေကြပါသည်။
လျို့ရှမ့်လည်း သက်ပြင်းသာ ချလိုက်ပြီး ရေတစ်ခွက် သောက်လိုက်ပါသည်။
သူ့ကွန်ပျူတာပေါ်မှာလည်း ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ၏ ၃၇ ပိုင်းလုံးကို အခုလေးတင် ကြည့်ပြီးသွားတာ ဖြစ်သည်။
"ဒီရုပ်သံဒရမ်မာက... တော်တော်လေး ကောင်းတယ် ဆိုတာတော့ ဝန်ခံရမယ်" လျို့ရှမ့်က ပြောလိုက်သည်။
ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ကို သူအနိုင်ယူခဲ့ချင်ပုံများကို ပြန်တွေးမိ၏။ နောက်ဆုံးတော့ လင်းဖန်သာ အနိုင်ရသွားခဲ့ပါသည်။
ကျားရှင်းဖျော်ဖြေရေးနဲ့ ဟွာစဲပစ်ချားတို့၏ တိုက်ပွဲတွင် ကျားရှင်းဖျော်ဖြေရေးက အပြတ်အသတ် အနိုင်ဖြင့် အဆုံးသတ်သွားခဲ့၏။ ပရိတ်သတ်အားလုံးနီးပါးက ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ကို အမှတ်ရကြသော်လည်း တရုတ်သူရဲကောင်းကို မမှတ်မိကြတော့ပါ။
လင်းဖန် အနိုင်ရရှိသွားပါသည်။
"ငါ့တစ်သက်တာလုံး ဘော့စ်တစ်ယောက် ဖြစ်ခဲ့တာ။ အခုလို နေရာမျိုးထိ ရောက်လာအောင် လှည့်ကွက် ပေါင်းစုံကို သုံးခဲ့တယ်။ ဒီနေ့တော့ ငါ့ထက် ပိုတော်တဲ့ လူဆိုတာ အမြဲတမ်းရှိနေမှာပဲလို့ သင်ခန်းစာ ရလိုက်ပြီ"
"လင်းဖန်ရဲ့ ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 1 နဲ့ 3 တို့က တရုတ်ရှန်းရှ ဒရမ်မာတွေထဲမှာ အကောင်းဆုံး ရုပ်သံဒရမ်မာ ၂ ခုလို့ ပြောလို့တောင် ရတယ်။ ဒီလို အဆင့်ထိရောက်အောင် ရိုက်ကူးနိုင်ခဲ့တာ... ငါ့အရှုံးကို ငါဝန်ခံပါတယ်"
"လင်းဖန်ရဲ့ အစွမ်းအစကို သာမန်အမြင်မျိုးနဲ့ သုံးသပ်လို့မရဘူး။ သူ့အစွမ်းအစက ငါတို့ ဟွာစဲပစ်ချား တစ်ခုလုံးထက်တောင် ပိုပြီး အားကောင်းတယ်" လျို့ရှမ့်က ပြောလိုက်သည်။
ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 1 နဲ့ Season 3 တို့ကို ရိုက်ကူးခဲ့သည့် လူမှာ လင်းဖန်ပဲ ဖြစ်သည်။
ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် လင်းဖန်ကို လေးစား ကိုးကွယ်မိသွားပါတော့သည်။