← Chapters

ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်တဲ့ လင်းဖန်

Vol. 23 Ch. 338

ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်တဲ့ လင်းဖန်

Vol. 23 Ch. 338

"ဘော့စ် လင်းဖန်ကို ဆက်ပြီး ပစ်မှတ်ထားချင်သေးလား" လက်ထောက်က မေးလိုက်၏။

"မလိုတော့ဘူး"

"လင်းဖန်က ဒဏ္ဍာရီတွေ တစ်ခုပြီးတစ်ခု ဖန်တီးနေတာ။ သူ့ကို ပစ်မှတ်ထားဖို့ မလိုတော့ဘူး"

"အဓိကက... သူ့ရဲ့ ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 1 နဲ့ 3 တို့က အရမ်းကောင်းလွန်းတာကိုး။ ဘဝရဲ့ပျော်ရွှင်မှု Season 1 နဲ့ 2 တို့လည်း ရှိသေးတယ်။ အားလုံးက အရမ်းကောင်းကြတယ်။ ငါတောင် အဲ့ဒီ ရုပ်သံဒရမ်မာတွေကို သဘောကျပါတယ်" လျို့ရှမ့် ပြောလိုက်ပါသည်။

"ဒါပေမယ့် လင်းဖန်က ကျားရှင်းဖျော်ဖြေရေးရဲ့ ဘက်တော်သား တစ်ယောက်ဖြစ်နေတုန်းပဲလေ" လက်ထောက်က ပြောလိုက်၏။

"လင်းဖန် ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ သူက အနုပညာလောကထဲ ဒီလောက် ရေပန်းစားနေပြီပဲ။ သူ့ကို ပစ်မှတ်ထားတာနဲ့ ဒီရုပ်သံစီးရီးတွေ ရေပန်းစားနေတယ် ဆိုတဲ့ အချက်ကို မပြောင်းလဲနိုင်ဘူး"

"တကယ်တော့ ငါလင်းဖန်ရဲ့ ရန်သူမလုပ်ချင်တော့ဘူး။ လင်းဖန်ရဲ့ အစွမ်းအစမျိုးက အနုပညာလောကထဲမှာ အရမ်း ရှားပါးတယ်။ လင်းဖန်က ကုမ္ပဏီတစ်ခု မတည်ထောင်ခဲ့ရင် ငါ သေချာပေါက် သူ့ကို သိမ်းသွင်းမိမှာပဲ" လျို့ရှမ့် ပြောလိုက်သည်။

"ဒါပေမယ့် စီအီးအိုလျို့... အရင်က လင်းခဲ့ရှင်းကို စီအီးအို နာကျင်အောင် လုပ်ဖူးတယ်နော်။ Weibo နဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာကော..." လက်ထောက်က ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ လျို့ရှမ့် နောင်တ ရသွားမိသည်။

သူ လင်းဖန်ကို တိုက်ခိုက်ခဲ့ပါသည်။

လင်းဖန် ဘယ်လိုလူမျိုးလဲဆိုတာကိုလည်း သင်ခန်းစာ ရခဲ့သည်။

လင်းဖန်က သေချာပေါက် အနာဂတ်မှာ ပိုမို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပြီး ကျားရှင်းဖျော်ဖြေရေးကလည်း အဆင့်မြင့်တက်လာဦးမှာ ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာပေါ်က သူ့ပို့စ်တွေအကုန်လုံးကို ဖျက်ပစ်လိုက်ကာ လင်းခဲ့ရှင်း၏ ဖုန်းနံပါတ်ကို ရှာခဲ့သည်။

လျို့ရှမ့်သည် ယခုအခါမှာတော့ လင်းဖန်ရဲ့ ရန်သူ ဆက်လုပ်လို့မရတော့မှန်း အလိုလိုသိနေပါပြီ။

မဟုတ်ပါက အနုပညာလောကထဲမှ ဟွာစဲပစ်ချား ပျောက်ကွယ်သွားနိုင်သည်။

အရေးအကြီးဆုံးက လင်းဖန်ရဲ့ အစွမ်းအစမှာ လျို့ရှမ့်ကို လုံးဝ ဖမ်းစားနိုင်ခဲ့ပါသည်။

တကယ့် ပညာရှင်ဆိုတာ ဘယ်ပုံဘယ်ဝါမှန်း လျို့ရှမ့် မြင်လိုက်ရပါပြီ။ လေးစားထိုက်သည့် ပညာရှင်မျိုး ဖြစ်၏။

လင်းဖန်ကို တိုက်ရိုက် မဆက်သွယ်ဘဲ လင်းခဲ့ရှင်းကို ဖုန်းဆက်လိုက်ပါသည်။

"လင်းခဲ့ရှင်း။ ငါ လျို့ရှမ့်ပါ။ ငါတို့ စကားပြောလို့ ရမလား" လျို့ရှမ့်က ပြုံးကာ လင်းခဲ့ရှင်းကို ပြောလိုက်ပါသည်။

"ဘာပြောချင်တာ ရှိလို့လဲ" လင်းခဲ့ရှင်းလေသံက ကျေနပ်နေပုံမပေါ်ပါ။ အရင်တုန်းက လျို့ရှမ့် သူမကို ဘာလုပ်ဖို့ ကြိုးစားခဲ့သလဲ မမေ့သေးပါ။

"လင်းခဲ့ရှင်း ငါတောင်းပန်ပါတယ်။ ငါအရင်တုန်းက လုပ်ခဲ့တာတွေအတွက် ငါက တကယ့် အရူးတစ်ယောက်လိုပါပဲ။ နင့်ကို စာချုပ်လျော်ကြေး သန်း ၂၀၀ ပြန်လွှဲပေးလိုက်ပါ့မယ်။ ငါ့ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်ပါတယ်" လျို့ရှမ့်က ပြောလိုက်ပါသည်။

ထိုစကားကို ကြားတော့ လင်းခဲ့ရှင်း၏ မျက်လုံး လှလှလေးထဲ ခံစားချက် မရှိပါ။

"စိတ်မကောင်းပါဘူး စီအီးအိုလျို့။ ကျွန်မက အခု ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်သွားပါပြီ။ ရှင့်မှာ ပြောစရာ တစ်ခုခုရှိရင် ကျွန်မရဲ့ ဘော့စ်ကို သွားပြောလို့ ရပါတယ်။ ပြီးတော့ ရှင့်ကို ကျွန်မ စိတ်လည်း မဆိုး အငြှိုးလည်း မထားဘူး။ ဟွာစဲပစ်ချားက ကျွန်မကို ဆယ်လီတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးပေးခဲ့တာပဲ။ ကျွန်မအပေါ်မှာ ရှင်တို့ ကျေးဇူးရှိပါတယ်။ အရင်တစ်ခေါက်က ကျွန်မကို ထုတ်ပယ်ခဲ့တဲ့အတွက်တော့ ဒေါသထွက်တယ်။ အခု ကျေသွားပြီဆိုတော့ ဘာကျေးဇူးမှ မရှိတော့ဘူးနော်"

လင်းခဲ့ရှင်း၏ သဘောထားကို ကြားလိုက်ရသောအခါ လျို့ရှမ့် အနည်းငယ် ဝမ်းနည်းသွား၏။ "ငါ့ကြောင့် နင်နာကျင်ခဲ့ရတာပဲ။ လေးလေးနက်နက် လာတောင်းပန်တာပါ"

"ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး။ ဒီတိုင်း ငါလိပ်ပြာ လုံနိုင်အောင်လို့ပါ။ တကယ်တော့ ကျားရှင်းဖျော်ဖြေရေးကို ဟွာစဲပစ်ချား ပစ်မှတ်ထားတာက နင့်ကို ကာကွယ်ပေးဖို့ပါ။ ဟွာစဲပစ်ချားသာ နင့်ကို ပစ်မှတ်မထားဘူးဆိုရင် တခြားတစ်ယောက်ယောက်က ပစ်မှတ်ထားလိမ့်မယ်။ ကံကောင်းလို့ နင်တို့ ရိုက်ကူးထားတဲ့ ရုပ်သံစီးရီးက ရေပန်းစားသွားလို့ပဲပေါ့။ လင်းခဲ့ရှင်း နင့်အတွက် ဂုဏ်ယူပါတယ်"

လျို့ရှမ့်၏ စကားကိုကြားသောအခါ လင်းခဲ့ရှင်း တိတ်ဆိတ်သွားသည်။ "တခြား ဘာမှပြောစရာ မရှိတော့ရင် ကျွန်မ ဖုန်းချလိုက်တော့မယ်နော်"

ဖုန်းချပြီးနောက် လျိ့ရှမ့်က စုမူချင်းကို ခေါ်လိုက်ပါသည်။

"မစ္စစု ကျွန်မ ဘော့စ်လင်းနဲ့ စကားခဏပြောချင်လို့ အဆင်ပြေမလား" လျိုံရှမ့်က ပြောလိုက်ပါသည်။

စုမူချင်း ဘာမှမပြောရသေးခင် လင်းဖန်က ဖုန်းကို လွှဲယူလိုက်သည်။

"ဘာလိုချင်လို့လဲ" လင်းဖန် မေးလိုက်သည်။

လျို့ရှမ့်ကို သူအမြင်မကြည်ပါ။ လျို့ရှမ့်က သူ့ဝန်ထမ်းကို ထိခိုက်အောင် လုပ်ခဲ့သည်။ သူ့ကြောင့်သာ မဟုတ်ပါက လင်းခဲ့ရှင်း လုံးဝ ပျောက်ကွယ်သွားနိုင်ပါသည်။

"လင်းဖန် ကျွန်တော် လာတောင်းပန်တာပါ။ ကျွန်တော် အရင်က လုပ်ခဲ့တာတွေမှားပါတယ်။ ကျွန်တော် လျို့ရှမ့် မှားပါတယ်"

"အရင်က စာချုပ်လျော်ကြေး သန်း ၂၀၀ ကို ကျားရှင်းဖျော်ဖြေရေးဆီ ပြန်လွှဲပေးလိုက်ပါ့မယ်။ ပြီးတော့ ဟွာစဲပစ်ချားက ကျားရှင်းဖျော်ဖြေရေးကို ဘယ်တော့မှ ပစ်မှတ်မထားတော့ဘူးဆိုတာ ကတိပေးပါတယ်"

"ကျားရှင်းဖျော်ဖြေရေးက အနုပညာလောကထဲ ဝင်တာ မကြာသေးဘဲ အခြေမခိုင်သေးဘူးဆိုတော့ ဟွာစဲပစ်ချားက အကူအညီပေးပြီး ရင်းမြစ်တွေအားလုံး ထောက်ပံ့ပေးပါ့မယ်" လျို့ရှမ့်က ပြောလိုက်ပါသည်။

သူ့အသံက စိတ်ရင်းနဲ့ ပြောသည့်ပုံ အလွန်ပေါ်ပါသည်။

လင်းဖန်ကို သန်း ၂၀၀ ပြန်ပေးလိုက်ခြင်းက လျို့ရှမ့် သူ့အမှားကို ဝန်ခံသည်ဟု ဆိုလိုပါသည်။

"စီအီးအိုလျို့ ဟွာစဲပစ်ချားက ကျားရှင်းဖျော်ဖြေရေးရဲ့ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် ဘာမှ အရေးမကြီးဘူး"

"ခင်ဗျားရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ ကျားရှင်းဖျော်ဖြေရေးက အဲ့ဒီ သန်း ၂၀၀ လည်း မလိုအပ်ဘူး။ အရင်က လင်းခဲ့ရှင်းအပေါ် ခင်ဗျား ဖြစ်စေခဲ့တဲ့ ထိခိုက်မှုတွေက အလွယ်တကူ ပြန်ပြုပြင်လို့ မရဘူး"

"ကျွန်တော်တို့ ကုမ္ပဏီနှစ်ခု ရန်သူတွေ မဖြစ်အောင် နေလို့ရတယ်ဆိုပေမယ့် မိတ်ဆွေဖြစ်ဖို့ကတော့ ခက်ခဲသွားပြီ" လျို့ရှမ့်၏ အကြံပြုမှုကို သူငြင်းဆန်လိုက်ပါသည်။

တစ်ချိန်တုန်းက ယွဲ့ဟွာဖျော်ဖြေရေးနဲ့ ကျားရှင်းဖျော်ဖြေရေးတို့ကို လျို့ရှမ့် ပြင်းပြင်းထန်ထန် ရိုက်ချခဲ့သည်။

အနုပညာလောကထဲမှာ သို့မဟုတ် စီးပွားရေး လောကထဲမှာတောင် အရင်းအနှီးများက အရေး အကြီးဆုံး ဖြစ်ပါသည်။

သို့သော်လည်း တချို့အရာတွေကို ငွေအရင်းအနှီးနဲ့ ပြောင်းလဲလို့ မရပါ။

လင်းဖန်က ထို သန်း ၂၀၀ လောက် မရှိတာလည်း မဟုတ်ပေ။ ဟွာစဲပစ်ချားနဲ့ ရင်းနှီးအောင် ထို သန်း ၂၀၀ ကို အသုံးပြုဖို့လည်း မလိုပါ။

သို့သော်လည်း လင်းဖန်က ဟွာစဲပစ်ချားနဲ့ ရန်သူတွေ ဆက်လုပ်မှာတော့ မဟုတ်တော့ပေ။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မသက်ဆိုင်သည့် သူစိမ်းတွေသာ ဖြစ်သွားကြလိမ့်မည်။ ဒီလောက်ဆို လုံလောက်ပါပြီ။

လျို့ရှမ့်က သက်ပြင်းချလိုက်ပါသည်။ "လင်းဖန် ကျွန်တော် တစ်ခုပဲ တောင်းဆိုချင်ပါတယ်"

"ကျွန်တော်တို့ မိတ်ဆွေတွေ မဖြစ်နိုင်တော့တာ မှန်ပါတယ်။ ဒါပေမယ့် ဟွာစဲပစ်ချားကတော့ ခင်ဗျားတို့ကို မိတ်ဆွေလို သဘောထားသွားမှာပါ"

"ဒီတိုင်း... အနာဂတ်မှာ ရုပ်ရှင်လောကထဲဝင်ဖို့ ခင်ဗျားကို တောင်းဆိုချင်လို့ပါ။ တရုတ်ရုပ်သံဒရမ်မာတွေက တရုတ်နိုင်ငံမှာပဲ ရေပန်းစားလာနိုင်တာ။ နိုင်ငံခြားအထိ ပေါက်နိုင်ဖို့က အရမ်းခက်တယ်"

"တရုတ် ရုပ်ရှင်စျေးကွက်ကလည်း တော်တော်လေး စိတ်ဓာတ်ကျစရာပဲ။ အနောက်တိုင်းတွေရဲ့ အနိုင်ယူမှုကို လုံးဝ ခံနေရတယ်။ အနောက်တိုင်းတွေက အထင်သေးနေကြပြီး ဟောလိဝုဒ်နဲ့ မယှဉ်နိုင်ဘူး။ အနောက်တိုင်းတင်မကဘဲ အာရှသားတချို့ကတောင် တရုတ်ရုပ်ရှင်တချို့ကို အထင်သေးကြတယ်"

"ဟွာစဲပစ်ချားကလည်း ရုပ်ရှင်လောကထဲမှာ အကောင်းဆုံး ကြိုးစားကြည့်ပြီးပါပြီ။ တရုတ်နိုင်ငံရဲ့ လက်ရှိ ရုပ်ရှင်စျေးကွက်မှာ မကောင်းတဲ့ရုပ်ရှင်တွေက နေရာတိုင်းလိုလိုပဲ။ လင်းဖန်... တရုတ်ရုပ်ရှင်တွေရဲ့ ခေတ်ကို ပြောင်းလဲပေးဖို့ မင်းကို တောင်းဆိုချင်တယ်။ တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှာ ဒီလိုလုပ်နိုင်စွမ်းရှိတာ မင်းတစ်ယောက်တည်းလို့ ငါတော့ ထင်တယ်"

လျို့ရှမ့်က အလွန်လေးနက်စွာ ပြောလိုက်သည်။

အနုပညာလောကထဲက စီအီးအိုတိုင်း ဒီလိုဆန္ဒမျိုး ရှိတတ်ကြပါသည်။

အကောင်အထည်ဖော်ဖို့ အလွန်ခက်ခဲနေလို့သာ ဖြစ်သည်။

တရုတ်ရုပ်ရှင်စျေးကွက်က အနောက်တိုင်းထက် အများကြီး နောက်ကျကျန်ခဲ့ပါပြီ။

ကမ္ဘာပေါ်က တရုတ်ရုပ်ရှင် အဆင့်အတန်းကို ပြောင်းလဲဖို့ လင်းဖန်ကိုသာ အားကိုးရတော့မည်။

လင်းဖန်က ထိုစကားကို ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ "ကျွန်တော် ကြိုးစားမှာပါ"

ရုပ်သံဒရမ်မာများနဲ့ ယှဉ်ပါက ရုပ်ရှင်တွေက ဝင်ငွေ အကောင်းဆုံး ဖြစ်သည်။

ရုံတင်ဝင်ငွေ ဘီလီယံနဲ့ချီပြီး ရရှိနိုင်ပါက ကုမ္ပဏီလည်း ငွေတွေ အများကြီးရလိမ့်မည်။

ကမ္ဘာပေါ်မှာ တရုတ်ရုပ်ရှင် အဆင့်အတန်းကို ပြောင်းလဲဖို့ဆိုတာ အလွန်ရှည်ကြာသည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ ဒီလောက် လေးလံသည့် ဝတ္တရားကြီးကို လက်ခံနိုင်လိမ့်မည်ဟု လင်းဖန် မထင်ပါ။ သို့သော် ရုပ်ရှင်စျေးကွက်ကိုတော့ သူ တတ်နိုင်သမျှ အထောက်အကူ ပြုပေးပါမည်။

သို့သော်လည်း ရုပ်ရှင်ရိုက်ကူးရေးများနဲ့ ပတ်သတ်ပြီး သင်ယူစရာတွေက အများကြီး ရှိနေပါသေးသည်။ ယခု လင်းဖန်အတွက် အရေးအကြီးဆုံး တာဝန်က ရှားဝမ်ချွေ့ရဲ့ အဖေကို တွေ့ဖို့သာ ဖြစ်သည်။

ဖုန်းချပြီးနောက် ကုမ္ပဏီဝင်ပေါက်တွင် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ သူ့ကို စောင့်ကြိုနေကြမှန်း လင်းဖန် မြင်လိုက်ရ၏။

ဒီကောင်မလေးနှစ်ယောက်ကတော့ အမြဲတမ်း ပူးတွဲနေတတ်ပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မြင်ပြီးနောက် လင်းဖန်၏ ဘဝတစ်ခုလုံး စိတ်အားတက်ကြွမှုများဖြင့် ပြည့်ဝသွားသလို ခံစားလိုက်ရသည်

သူဘယ်လောက်ခက်ခဲတဲ့ အဟန့်အတားနဲ့ပဲ ရင်ဆိုင်ရပါစေ၊ သူကျော်ဖြတ်နိုင်ပါသည်။

အချိန် တစ်လသာ လိုတော့၏။

တစ်လကုန်ဆုံးသည့်အခါ ရှားဝမ်ချွေ့အဖေနဲ့ တွေ့ပြီး သဘောတူညီမှု ရယူနိုင်လျှင် လင်းဖန် ရှားဝမ်ချွေ့နဲ့ တစ်ဆင့်ပို နီးစပ်သွားနိုင်ပါပြီ။

All Chapters