← Chapters

Sign-in ဝင်ပြီး ဧကရာဇ်ဖျော်ဖြေရေးရဲ့ ရှယ်ယာများ ရယူခြင်း

Vol. 23 Ch. 339

Sign-in ဝင်ပြီး ဧကရာဇ်ဖျော်ဖြေရေးရဲ့ ရှယ်ယာများ ရယူခြင်း

Vol. 23 Ch. 339

ဘာမှန်း မသိလိုက်ဘဲ အချိန် ၁ လ ကုန်လွန်သွားခဲ့သည်။

လင်းဖန် Sign-in မဝင်တာလည်း အတော်ကြာပြီ ဖြစ်သည်။

ဒီစနစ်ရဲ့ ကောင်းကွက်တစ်ခုက Sign-in များကို စုထားနိုင်ခြင်းပင်။

ဥပမာအားဖြင့် တစ်လတွင် Sign-in မဝင်မိပါက လကုန်သည့်အခါ ၂ ခေါက် Sign-in ဝင်နိုင်ပါသည်။

ယခုလင်းဖန် Signn-in မဝင်တာ ၅ ကြိမ် ရှိပါပြီ။

"ဒင် သခင်လေး Sign-in ဝင်ဖို့ ရွေးချယ်ပါသလား" စနစ်၏ အသံထွက်ပေါ်လာခဲ့သည်။

"Sign-in ဝင်မယ်" လင်းဖန် ခေါင်းငြိမ့်၏။

"ဒင် အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ Bombardier Challenger 850 ပရိုက်ဗိတ် ဂျက်လေယာဉ်ကို ပိုင်ဆိုင်သွားပါပြီ"

"ဒင် အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ Tomson Riviera စမတ် နှစ်ထပ်အိမ်ကို ပိုင်ဆိုင်သွားပါပြီ"

"ဒင် အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ ဧကရာဇ်ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ရရှိသွားပြီး ဧကရာဇ်ဖျော်ဖြေရေးရဲ့ အများဆုံး ရှယ်ယာဝင် ဖြစ်သွားပါပြီ"

"ဒင် အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ အလိုလျောက် မောင်းနှင်နည်းပညာ (အဆင့်မြင့်ဗားရှင်း) ကို ပိုင်ဆိုင်သွားပါပြီ"

"ဒင် အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ စီးပွားရေး စွမ်းရည် အမှတ် ၁,၀၀၀ ကို ပိုင်ဆိုင်သွားပါပြီ"

Sign-in ဝင်ပြီးနောက် လင်းဖန် မျက်လုံးများ ပြူးသွားရသည်။

လင်းဖန် မျှော်လင့်မထားတာက ယခင် Sign-in မဝင်ခဲ့သည့် ၅ ကြိမ် ဆက်တိုက်ကို ပြန်ရခဲ့သည်။

ထို့အပြင် သူ ရရှိလိုက်သည့် အရာအားလုံးကလည်း ပစ္စည်းကောင်းတွေချည်းသာ ဖြစ်သည်။

"ဒင် သက်ဆိုင်ရာ ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းများကို စနစ်သိုလှောင်ကွက်ထဲ ပို့ဆောင်လိုက်ပါပြီ။ အချိန်မရွေး သခင်လေး ထုတ်ယူနိုင်ပါတယ်။ ပရိုက်ဗိတ်ဂျက်လေယာဉ်ကို ကွင်းပြင်တစ်ခုမှာသာ ထုတ်ယူဖို့ အကြံပြုလိုပါတယ်။ မဟုတ်ပါက ထုတ်ယူနိုင်မှာ မဟုတ်ပါ" စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ ယခု သူ Sign-in ဝင်ပြီး ရရှိလိုက်သည့် အရာအားလုံးကို ... ဂျက်ခ်ပေါ့ ထိသည်ဟု ပြောနိုင်ပါသည်။

Bombardeir Challenger 850 ပရိုက်ဗိတ် ဂျက် လေယာဉ်က အနည်းဆုံး သန်း ဆယ်ဂဏန်းကျော် တန်ကြေးရှိနိုင်ပြီး သန်း ရာဂဏန်းတောင် ရှိနိုင်ပါသည်။ သို့မဟုတ် ဘီလီယံတောင် ချီနိုင်သည်။

လင်းဖန် Bombardier Challenger 850 ပရိုက်ဗိတ် ဂျက်လေယာဉ်၏ အချက်အလက်များကို ဖတ်ကြည့်သောအခါ လင်းဖန် ပို၍ပင် မှင်သက်သွားခဲ့ရသည်။

Bombardier Inc ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံး ပြည်သူစီး လေယာဉ်များ ထုတ်လုပ်သူဖြစ်ကာ ခရီးသည်တင်လေယာဉ်များ ထုတ်လုပ်ရာတွင် အလွမ်းစွမ်းဆောင်မှု ရှိသည်။ Learjet, Challenger နဲ့ Global စီးရီးများကိုလည်း ပိုင်ဆိုင်သည်။ ၎င်းတို့အနက် Challengerက ရောင်းအား အကောင်းဆုံး ဘော်ဒီကျယ် ခရီးသည်တင် လေယာဉ်စီးရီး ဖြစ်သည်။ Challenger 850 က စီးရီးထဲက အကောင်းဆုံး မော်ဒယ်ဖြစ်ကာ သက်တောင့်သက်သာရှိမှုနဲ့ ယုံကြည် စိတ်ချရမှုတို့အတွက် ခရီးသည်တင် ဂျက်လေယာဉ်များ၏ စံပြ ဖြစ်သည်။ လေယာဉ်ကို General Electric CF34-3B1 တာဘိုင်နှစ်လုံး၏ စွမ်းအင်သုံး တပ်ဆင်ထားပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၈၅၀ ကီလိုမီတာ အထိ ရှိနိုင်သည်။ ခရီးသည် ၈ ယောက်ကို တင်ဆောင်ပြီး ၅,၂၀၆ ကီလိုမီတာအထိ ပျံသန်းနိုင်ပါသည်။

ဒီလိုလေယာဉ်မျိုးက သန်း ၃၆၀ တန်ပါသည်။

လင်းဖန်က Sign-in ဝင်လိုက်ရုံနဲ့ သန်း ၃၆၀ တန် ပရိုက်ဗိတ် ဂျက်လေယာဉ်တစ်စင်းကို ပိုင်ဆိုင်သွားပါသည်။

ပရိုက်ဗိတ် ဂျက်လေယာဉ်တစ်စင်းနဲ့ဆို နောက်ပိုင်း လင်းဖန်တစ်ယောက် နိုင်ငံခြား သွားရသည့်အခါ ပိုပြီး အဆင်ပြေ ချောမွေ့နိုင်ပါသည်။ လေယာဉ်ပျံသန်းချိန်များကြောင့် ကန့်သတ်မှု ရှိတော့မှာ မဟုတ်ပေ။

တကယ့် သန်းကြွယ်သူဌေးကြီးများသာ ပရိုက်ဗိတ် ဂျက်လေယာဉ်များကို ပိုင်ဆိုင်နိုင်ကြပါသည်။

သူဌေးအများစုက ပရိုက်ဗိတ် ဂျက်လေယာဉ် တစ်စင်း ဝယ်ဖို့လောက်အထိ မချမ်းသာကြပေ။ သူတို့ ဝယ်နိုင်ခဲ့ရင်တောင် လေယာဉ်ခရီးစဉ် လမ်းကြောင်းကို ထပ်ဝယ်ရဦးမည်။

စနစ်က လင်းဖန်ကို ဒီပြဿာအတွက်လည်း ကူရှင်းပေးခဲ့ပါသည်။ ထိပ်တန်း သန်းကြွယ်သူဌေးတွေသာ လင်းဖန် ပရိုက်ဗိတ် ဂျက်လေယာဉ်တစ်စင်းကို ပိုင်ဆိုင်သွားမှန်း သိသွားကြပါက ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်ပါသည်။

"Tomson Riviera စမတ်နှစ်ထပ်အိမ်တဲ့... ဒီဗီလာက သန်း ၁၃၀ ကျော် တန်တာပဲ" လင်းဖန် ထိုဗီလာကြီးကို ကြည့်လိုက်၏။

စနစ်မစ်ရှင်ကို အောင်မြင်ပြီးနောက် ရရှိခဲ့သည့် ယွမ် သန်း ၃၀၀ တန်ဗီလာကြီးနဲ့ မယှဉ်နိုင်သော်လည်း သန်း ရာချီ တန်ကြေးရှိသည့် ဗီလာတစ်လုံးတော့ ဖြစ်နေဆဲပင်။

စနစ်က သဘောကောင်းလွန်းပါသည်။

"ဧကရာဇ်ဖျော်ဖြေရေးမှာ ၃၅ ရာခိုင်နှုန်း ရှယ်ယာ ရသွားတာလည်း ကောင်းတာပဲ" လင်းဖန်မျက်လုံးများ အရောင်လက်သွားသည်။

သူလျို့ရှမ့်ရဲ့ အကြံပေးချက်ကို ငြင်းဆန်ခဲ့၏။ ကျားရှင်းဖျော်ဖြေရေးက တည်ထောင်ထားတာ မကြာသေးသည့် ကုမ္ပဏီသစ်တစ်ခု ဖြစ်သော်လည်း ဧကရာဇ်ဖျော်ဖြေရေးက ဖောင်ဒေးရှင်းများစွာ ရှိသည့် ကုမ္ပဏီဟောင်းကြီးတစ်ခုဖြစ်ပါသည်။

ယခု လင်းဖန်က ဧကရာဇ်ဖျော်ဖြေရေး၏ အဓိကရှယ်ယာဝင် ဖြစ်လာခဲ့သဖြင့် ကုမ္ပဏီ ၂ ခုကို လင်းဖန် တစ်ပြိုင်တည်း ပိုင်ဆိုင်ထားသလိုပင်။ တစ်ခုက ဖောင်ဒေးရှင်းခိုင်မာသည့် ကုမ္ပဏီတစ်ခု ဖြစ်ကာ တခြားတစ်ခုကတော့ သူ ကိုယ်တိုင် တည်ထောင်ထားသည့် ကျားရှင်းဖျော်ဖြေရေး ဖြစ်ပါသည်။

"အလိုလျောက်မောင်းနှင်စနစ် အဆင့်မြင့်ဗားရှင်းလည်း ပါသေးတယ်။ Sign-in ဝင်ပြီး ဒီလိုအရာမျိုးရတာက ငွေနဲ့ တိုင်းတာလို့ ရတဲ့ အရာမျိုး မဟုတ်တော့ဘူး" လင်းဖန် ပြောလိုက်သည်။

ယခင် ၃ မျိုးစလုံးက ငွေနဲ့ ဝယ်ယူနိုင်သည့် အရာများ ဖြစ်ကြသည်။

အလိုလျောက် မောင်းနှင်စနစ်ကို ငွေနဲ့ ဝယ်ယူလို့ မရနိုင်ပါ။

ယခု တစ်ကမ္ဘာလုံးမှာ ပြီးပြည့်စုံသည့် အလိုလျောက် မောင်းနှင်စနစ်ဆိုတာ မရှိသေးပေ။ သို့သော်လည်း လင်းဖန်က အဆင့်မြင့်ဗားရှင်းကိုတောင် စနစ်ထံမှ ရရှိလိုက်ပါသည်။

တစ်နည်းအားဖြင့် လင်းဖန်မှာ အစွမ်းအစရှိပါက အလိုလျောက်မောင်းနှင်နည်းပညာကို လက်တွေ့ အသုံးချနိုင်သည်။

အလိုလျောက်မောင်းနှင်စနစ်က ကမ္ဘာပေါ်က အော်တိုမိုဘိုင်းရာဇဝင်တွေ ကြီးမားသည့် ဆန်းသစ် တီထွင်မှုကြီးတစ်ခု ဖြစ်၏။

လင်းဖန်သာ အဆင့်မြင့် အလိုလျောက်မောင်းနှင် စနစ်ကို အသုံးချနိုင်ပါက အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကနဲ့ တစ်ကမ္ဘာလုံးကိုတောင် သက်ရောက်မှု ရှိနိုင်ပါသည်။

ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးမှာ နေ့စဉ်နဲ့အမျှ ကားအက်စီးဒင့်များကြောင့် လူတွေ သေဆုံးနေရသည်။ ဒီ အလိုလျောက်မောင်းနှင်စနစ်က အလွန်အဆင့်မြင့်လျှင် ကားအက်ဆီးဒင့်များကို ၁၀၀ ရာခိုင်နှုန်း ရှောင်ကျဉ်ဖို့ ဖြစ်နိုင်ပါလိမ့်မည်။

ထိုအချိန်ကျလျှင် ဒီနည်းပညာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလိမ့်မည်။ ငွေအများကြီး ရှာပေးနိုင်ရုံသာ မကဘဲ ခေတ်တစ်ခုကိုပါ ပြောင်းလဲပေးနိုင်သည်။

လင်းဖန်မှာ ဒီလောက်မြင့်မားသည့် အိပ်မက်တွေတော့ မရှိပါ။ သူငွေရနိုင်ရင်ပဲ လုံလောက်ပါပြီ။

Nokia ကို စတင်တည်ထောင်စဉ်တုန်းက ငွေဘယ်လောက် ရခဲ့ကြမှန်း သူတွေးကြည့်လိုက်သည်။ ထို့နောက် Apple ကို စတင်တည်ထောင်စဉ်တုန်းက ငွေဘယ်လောက် ရခဲ့မှန်း သူစဉ်းစားကြည့်လိုက်၏။

နည်းပညာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားခြင်းဖြင့် အဆုံးမဲ့ အကျိုးကျေးဇူးများ ရနိုင်လိမ့်မည်ဟု ဆိုနိုင်သည်။

"ကံမကောင်းစွာနဲ့ ငါ့မှာ အခု ဒီနည်းပညာ ရှိနေပြီ ဆိုပေမယ့် လက်တွေ့ အသုံးမချနိုင်သေးဘူး" လင်းဖန် ပြောလိုက်သည်။

သို့သော်လည်း ဒီနည်းပညာကို ပိုင်ဆိုင်ထားရတာနဲ့တင် အလွန်အထင်ကြီးစရာ ကောင်းနေပါပြီ။

အနာဂတ်မှာ လက်တွေ့အသုံးချနိုင်မည့် အခွင့်အရေး ရလာခဲ့ပါက သူ ငွေ ဘယ်လောက် ရနိုင်မလဲ တွေးကြည့်မိ၏။

"Sign-in ဝင်ပြီး ရလိုက်တဲ့ ၅ ခုမြောက်ကမှ တကယ်ကောင်းတာ။ စီးပွားရေးစွမ်းရည် အမှတ် ၁,၀၀၀ နဲ့ဆို အနုပညာလောကနဲ့ ကုမ္ပဏီထဲမှာ ငါကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ဖို့ လုံလောက်သွားပြီ" လင်းဖန် ပြောလိုက်ပါသည်။

စနစ်က သူ့ကို စီးပွားရေးစွမ်းရည် ၄၀ မှတ်သာ ပေးခဲ့၏။ ယခု သူမှာ အမှတ် ၁,၀၀၀ ပိုတိုးလာပြီ ဖြစ်သဖြင့် စီးပွားရေး ပါရမီရှင် ဖြစ်လာနိုင်ပါပြီ။ စုရှောင်းယွီကို မမှီနိုင်သေးသော်လည်း အလွန် တော်နေပါပြီ။

ငွေသုံးရင်တောင် သူ့စီးပွားရေးစွမ်းရည်ကို အချိန်တိုအတွင်း တိုးမြင့်အောင် လုပ်လို့ မရပေ။

လင်းဖန် ထုတ်ယူမှုများကို အတည်ပြုပေးလိုက်ပြီးနောက် စီးပွားရေးစွမ်းရည် ၁,၀၀၀ မှတ် သူ့ထံ ဝင်ရောက်လာခဲ့သည်။ အလိုလျောက် မောင်းနှင်နည်းပညာလည်း လင်းဖန်ရဲ့ စိတ်ထဲ ဝင်ရောက်လာခဲ့သည်။

ပြင်းပြင်းထန်ထန် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် အဆုံးမဲ့ အသိပညာများ သူ့အာရုံထဲ ဝင်ရောက်လာတာကို လင်းဖန် ခံစားလိုက်ရပါသည်။

လင်းဖန် သက်ပြင်းချလိုက်၏။

သူ သိပ်ပြီး အားမရသေးပါ။

သူ Sign-in ဝင်ကာ ပစ္စည်းကောင်းများစွာကို ရရှိခဲ့ပါသည်။ သို့သော်လည်း နတ်ဘုရားအဆင့် တရုတ်စစ်တုရင် စွမ်းရည်ကိုတော့ မပိုင်ဆိုင်ခဲ့ပေ။

ကြည့်ရတာ ရှားဝမ်ချွေ့ရဲ့ အဖေကို တရုတ်စစ်တုရင်မှာ အနိုင်ယူဖို့ ကိုယ့်အားကိုယ် ကိုးရတော့မည့် ပုံစံပင်။

တစ်ချိန်တည်းမှာပင် လင်းဖန်က ဧကရာဇ်ဖျော်ဖြေရေး၏ အများဆုံး ရှယ်ယာဝင် ဖြစ်လာခြင်းကြောင့် ကုမ္ပဏီတွင်း ကြီးကြီးမားမား ဆူညံပွက်လောရိုက်သွားခဲ့ပါသည်။

ဘော့စ် ပြောင်းလဲသွားပြီ။

ဧကရာဇ်ဖျော်ဖြေရေးရဲ့ စီအီးအိုက ... လင်းဖန်အဖြစ် ပြောင်းလဲသွားပါပြီ။

ဧကရာဇ်ဖျော်ဖြေရေးမှ ပိုင်ဆိုင်ထားသည့် ကြယ်ပွင့် အရေအတွက်က ဟွာစဲပစ်ချားထက် အများကြီး ပိုများပြားသည်။

ချူးယောင်ယောင်ကလည်း ဧကရာဇ်ဖျော်ဖြေရေး လက်အောက်က ကြယ်ပွင့်တစ်ယောက် ဖြစ်ပါသည်။ ယခင်တုန်းက ဟွာစဲပစ်ချားမှာ အတူတူ အလုပ်လုပ်ခဲ့စဉ်က ဟွာစဲပစ်ချား လင်းခဲ့ရှင်းကိုသာ အနိုင်ကျင့်ရဲပြီး ချူးယောင်ယောင်ကို မထိရဲခဲ့ပါ။

လင်းယီယီ၊ လင်းချင်းယွမ် စသည့် စူပါစတားများ ရှိသလို နာမည်ပျော် မိန်းကလေးအဖွဲ့ Youth Girl 303 လည်း ရှိပါသည်။

ဧကရာဇ်ဖျော်ဖြေရေး၏ စျေးကွက်တန်ဖိုးက ၂၀ ဘီလီယံကျော် ရှိသည်။

အနုပညာလောကထဲမှာ ဧရာမ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ထိုကုမ္ပဏီ၏ ဘော့စ်က လင်းဖန် ဖြစ်သွားလေပြီ။

ကုမ္ပဏီတစ်ခုလုံး လှုပ်ခါသွားခဲ့ရပါသည်။

All Chapters