← Chapters

ရုပ်ရည်တစ်ခုတည်းနဲ့ ထိုင်စားနေလို့ ရတယ်

Vol. 23 Ch. 340

ရုပ်ရည်တစ်ခုတည်းနဲ့ ထိုင်စားနေလို့ ရတယ်

Vol. 23 Ch. 340

ဧကရာဇ်ဖျော်ဖြေရေး၏ စီအီးအိုနေရာကို လင်းဖန် အစား ဝင်လာခဲ့၏။

ဧကရာဇ်ဖျော်ဖြေရေးထဲ ပွက်လောရိုက်မှုတချို့ ဖြစ်သွားခဲ့သည်။

"ကြားပြီးကြပြီလား။ ငါတို့ကုမ္ပဏီ စီအီးအို ပြောင်းသွားပြီတဲ့"

"ဟုတ်တယ် အရင်စီအီးအိုက ထွက်သွားပြီး သူ့ကုမ္ပဏီရှယ်ယာ အကုန်လုံးကို အခြားတစ်ယောက်စီ လွှဲပေးခဲ့တာတဲ့"

"အဲ့တာဆို... ငါတို့ကုမ္ပဏီအရောင်းခံလိုက်ရတဲ့ သဘောလား"

"ဘော့စ်သစ်က ဘယ်လိုပုံစံဖြစ်မလဲမသိဘူး။ ဘော့စ်သစ်သာ သာမန်လူတစ်ယောက်ဆိုရင် ငါတို့ ကုမ္ပဏီတော့ သွားပြီ"

ကုမ္ပဏီ ဘော့စ်များပြောင်းလဲခြင်းက ဧရာမ ကသောင်းကနင်းဖြစ်မှုများနဲ့ ညီမျှပါသည်။

ဝန်ထမ်းတွေရဲ့ အမြင်မှာတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်သည်။

ဒီဘော့စ်သစ်က စီးပွားရေးအကြောင်း ဘာမှ နားမလည်တဲ့လူဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

ဒီဘော့စ်သစ်က ဝန်ထမ်းဦးရေလျှော့ချပစ်ချင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ပြဿနာ အကြီးကြီး တတ်ပါလိမ့်မည်။

တချို့ မိန်းကလေးတွေတောင် စိတ်ပူနေကြပါသည်။ အနုပညာလောကထဲမှာ နှာဘူးဘော့စ်တွေ များပြားကြသည်။

သူတို့ဘော့စ်က မိန်းကလေးတစ်ယောက်နဲ့ အိပ်ချင်သည်ဆိုလျှင် ငြင်းလို့ မရပါ။

မဟုတ်ပါက သူတို့ ထုတ်ပယ်ခံရနိုင်ပါသည်။

အသက် ၂၀ ဝန်းကျင် မိန်းကလေးများက အကောင်းဆုံး အရွယ်မှာ ရှိကြပြီး ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွင့်ကောင်း ရှိကြသည်။

ဆယ်လီတစ်ယောက်ကိုသာ နှစ်အနည်းငယ်လောက် အနုပညာလောကထဲမှ ထုတ်ပယ်လိုက်ပါက ထိုဆယ်လီရဲ့ ဘဝ ပျက်စီးသွားပါလိမ့်မည်။

အရင်းအနှီးက ရက်စက်လွန်းသည်။ လူမှုဘဝကလည်း လက်တွေ့ဆန်ပါသည်။

ကုမ္ပဏီ၏ မိန်းကလေးကြယ်ပွင့်များစွာ စိုးရိမ်လာကြသည်။

အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေကြသည့် ဝန်ထမ်းများစွာလည်း ရှိနေပါသည်။

ဧကရာဇ်ဖျော်ဖြေရေးက အနုပညာလောကထဲမှာ ကြီးမားသည့် ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖွံ့ဖြိုးမှု မကောင်းခဲ့တာ သိသာပါသည်။

မကြာသေးခင်က ရေပန်းစား ရုပ်သံဒရမ်မာ အားလုံးကို ယွဲ့ဟွာဖျော်ဖြေရေး၊ ဟွာစဲပစ်ချားနဲ့ ကျားရှင်းဖျော်ဖြေရေးတို့ကသာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အခြေခိုင်မြဲနေပြီဖြစ်သည့် ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုအနေဖြင့် ဧကရာဇ်ဖျော်ဖြေရေးသာ ရေပန်းစား ရုပ်သံဒရမ်မာတစ်ခုကို ထုတ်လုပ်ဖို့ ဆက်လက် ကျရှုံးနေဦးမည်ဆိုလျှင် အမြတ်အစွန်းလည်း ဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မည်။

အမြတ်အစွန်းသာ ကျဆင်းသွားပြီး ကုမ္ပဏီက ကောင်းမွန်စွာ လည်ပတ်မှုမရှိပါက အလုပ်သမားများ လျှော့ချရလိမ့်မည်။

ယခု ကုမ္ပဏီမှာ ဘော့စ်အသစ်ရောက်လာပြီ ဖြစ်တာကြောင့် အသိပေးချက်တစ်ခုလည်း ဖြစ်နိုင်သည်။

ကုမ္ပဏီမှ အလုပ်သမားများကို အလုပ်ထုတ်သည့်အခါ ဆယ်လီများ၏ ဝင်ငွေလည်း ပိုနည်းသွားလိမ့်မည်။ စာချုပ်ကြေးစသည်တို့ အပါအဝင်ဖြစ်၏။

ကုမ္ပဏီမှာ ငွေမရှိပါက ဆယ်လီတစ်ယောက်ကို မြေတောင်မြောက်ပေးဖို့ အရင်းအနှီးတွေလည်း ရှိမှာ မဟုတ်ပါ။ ဆယ်လီတစ်ယောက်ကို မြေတောင် မြောက်ပေးနိုင်ဖို့အတွက် ကုမ္ပဏီ၏ ရင်းမြစ်များက အလွန်အရေးကြီးသည်။

ကုမ္ပဏီထဲက လူအားလုံး အန္တရာယ်မကင်းပါ။

"ယောင်ယောင် ဘော့စ်အသစ်က ရှင့်ကို ပစ်မှားထားမယ်လို့ ထင်လား။ ရှင်က ဧကရာဇ်ဖျော်ဖြေရေးရဲ့ မျက်နှာစာ ဖြစ်ပြီး အသက် ၂၂ နှစ်ပဲ ရှိသေးတယ်" မန်နေဂျာက ပြောလိုက်သည်။

"မသိပါဘူး။ ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူး" ချူးယောင်ယောင် ခေါင်းကို ညင်သာစွာ ခါလိုက်ပါသည်။

"အရင်တစ်ခေါက်က လင်းခဲ့ရှင်းလည်း ဟွာစဲပစ်ချား ပစ်မှတ်ထားတာကို ခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတယ်။ ကျွန်မလည်း အဲ့လိုအရာမျိုးနဲ့ ကြုံလာရင် ဘာမှ မလုပ်နိုင်ဘူး"

"ဟူး... ယောင်ယောင် ဘော့စ်သစ်ရဲ့ နာမည်ကို တကယ် မသိဘူးလား" မန်နေဂျာက ထပ်မေးလိုက်၏။

"မသိဘူး" ချူးယောင်ယောင် ခေါင်းခါလိုက်ပါသည်။

ကုမ္ပဏီက ဘော့စ်အပြောင်းအလဲ လုပ်လိုက်သော်လည်း တရားဝင် အသိပေးစာတော့ ဘာမှ မထုတ်ပြန်သေးပါ။

ဘော့စ်အသစ်က ဘယ်သူမှန်း မသိသော်လည်း ချူးယောင်ယောင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေမှန်း သိသာပါသည်။

"ဒီနေ့လည်ခင်း ရုံးကို အဲ့ဒီဘော့စ်လာမယ်လို့ ကြားတယ်။ အဲ့ကျရင် သိရမှာပါ" မန်နေဂျာက ပြောလိုက်၏။

"အင်း ဟုတ်ပါတယ်" ချူးယောင်ယောင်က ခေါင်းငြိမ့်လိုက်သည်။ ဘော့စ်သစ်က သူမကို ပစ်မှတ် မထားဖို့သာ မျှော်လင့်မိပါသည်။

ထိုနေ့ နေ့လည်ခင်းတွင်...

လင်းဖန် အချိန်တစ်ခုရွေးကာ ထွက်လာခဲ့သည်။ Bugatti La Voiture Noire ကြီးဖြင့် ကုမ္ပဏီရှေ့တံခါးသို့ ရောက်အောင် မောင်းလာခဲ့၏။

စုမူချင်း ရှေ့ခရီးသည်ခုံမှ ဆင်းလိုက်ပြီး လင်းဖန် အတွက် ကားတံခါး ဖွင့်ပေးလိုက်ပါသည်။

ဧကရာဇ်ဖျော်ဖြေရေး ဝင်ပေါက်နားမှာ Bugatti La Voiture Noire ကားကြီး ရပ်သွားတော့ ကုမ္ပဏီ၏ ကြယ်ပွင့်ကြီးများနှင့်တကွ ဝန်ထမ်းအားလုံး ကြက်သေ သေသွားကြလေသည်။

ရှန်ဟိုင်းတစ်မြို့လုံး Bugatti La Voiture Noire ပြိုင်ကားအကြောင်း သိကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီပြိုင်ကားက ထပ်မထုတ်တော့မည့် ပြိုင်ကားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်စီးသာ ရှိသည့် Limited Edition ပြိုင်ကားကြီး ဖြစ်သည်။

ဒီပြိုင်ကားကို မောင်းနှင်နေသူက လင်းဖန်ပဲ ဖြစ်ပါသည်။

"မဟုတ်တာ။ ငါတို့ ကုမ္ပဏီရဲ့ ဘော့စ်သစ်ကြီးက လင်းဖန်လား"

"လခွမ်း လင်းဖန် ငါတို့ ကုမ္ပဏီကို ရောက်လာတယ်။ လင်းဖန်က ငါတို့ရဲ့ ဘော့စ်အသစ်များ ဖြစ်နေမလား"

"အဲ့တာအမှန်ပဲဆိုရင် အရမ်းကံကောင်းသွားပြိပေါ့။ အား ငါက လင်းဖန်ရဲ့ ပရိတ်သတ်ပါ။ ဒါပေမယ့် လင်းဖန် ကိုယ်တိုင် ငါတို့ကုမ္ပဏီကို ဘော့စ်တစ်ယောက် အဖြစ်ရောက်လာပြီ"

"မဟုတ်ဘူး သူ့ကို လင်းဖန်လို့မခေါ်နဲ့လေ။ သူ့ကို ဘော့စ်လင်းလို့ ခေါ်။ ဘော့စ်လင်းရဲ့ ပုံစံကို ကြည့်ပါဦး။ ဘော့စ်တစ်ယောက်ဖြစ်တဲ့အပြင် ဘယ်သူက သူ့ပုံစံကို ယှဉ်နိုင်မှာလဲ"

"ဘော့စ်လင်းသာ ငါတို့ကုမ္ပဏီရဲ့ ဘော့စ်ဖြစ်နိုင်မယ် ဆိုရင် ငါတို့ကုမ္ပဏီကို ကယ်တင်နိုင်လောက်တယ်။ ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းနဲ့ ရုပ်သံဒရမ်မာတွေအကုန်လုံးက ဂန္တဝင်လက်ရာတွေချည်းပဲ"

"ဟုတ်တယ်။ ဘော့စ်လင်းမှာ ကိုယ်ပိုင်ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုတောင် ရှိတယ်။ အခု ငါတို့ ဖျော်ဖြေရေး ကုမ္ပဏီကိုပါ ပိုင်ဆိုင်သွားပြီ။ မိုက်ချက်ပဲ"

Bugatti La Voiture Noire ပြိုင်ကားကြီးထဲမှ လူတစ်ယောက် ထွက်လာတာကို ဝန်ထမ်းများစွာ ကြည့်နေကြသည်။

Suit တစ်စုံကို ဝတ်ဆင်ထားပြီး နက်ကတိုင်တစ်ခုနဲ့ ဆံပင်ပုံစံကလည်း သပ်သပ်ရပ်ရပ်ရှိသည်။

မျက်လုံးတွေအားလုံး လူတစ်ယောက်အပေါ်သာ ကျရောက်လာပါသည်။

လင်းဖန် ထွက်လာတော့ အချိန်တွေ ရပ်တန့်သွားသလိုပင်။

ဧကရာဇ်ဖျော်ဖြေရေး၏ ကောဇောနီကြီးပေါ်သို့ သူ နင်းလိုက်ပါသည်။

လင်းဖန်ကို မြင်တော့ ကုမ္ပဏီထဲက ကောင်မလေး အားလုံး သူ့ကို ဝိုင်းကြည့်ကြ၏။

တချို့ကောင်မလေးများက ရှက်သွေးဖြာနေကြပါပြီ။

ကုမ္ပဏီတွင် အလုပ်လုပ်သည့် ကောင်မလေး အများစုက ၉၀ခုနှစ် သို့မဟုတ် ၂၀၀၀ ခုနှစ်များတွင် မွေးဖွားကြသူများ ဖြစ်သဖြင့် အလွန်ငယ်ပါသေးသည်။

တခြားကောင်မလေးများစွာကလည်း ရည်းစား မရှိကြသေးပေ။

လင်းဖန်က အလွန်ချောမောလွန်းသဖြင့် ထိုကောင်မလေးများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ါပသည်။

ယောက်ျားလေးများက လှပသည့် မိန်းကလေးများကို ကြည့်တတ်သလို မိန်းကလေးများကလည်း ရုပ်ချောချော ယောက်ျားလေးများကို ကြည့်တတ်ကြပါသည်။

အထူးသဖြင့် လင်းဖန်လို ရုပ်ချောချော ယောက်ျားလေးမျိုး ဖြစ်သည်။ သူတို့ တစ်ချက်လောက် ကြည့်ပြီး ထပ်မကြည့်ဘဲ မနေနိုင်တော့ပါ။

"အားး လင်းဖန်က အရမ်းချောတာပဲ"

"လင်းဖန် ငါတို့ဆီ လျှောက်လာတယ်။ ဧကန္တ ငါတို့ရဲ့ ဘော့စ်ကြီးက သူများလား"

"ကောင်းလိုက်တာ ကောင်းလိုက်တာ... ဒီလို ရုပ်ချောတဲ့ လူမျိုးနဲ့ ဆုံရတာ ကံကောင်းတာပဲ"

ချူးယောင်ယောင်လည်း လင်းဖန်ကို ကြည့်လိုက်၏။ သူမ ရင်တွေခုန်နေပါသည်။

သူမကလည်း ရည်းစား မရှိသေးဘဲ လင်းဖန်၏ ဆွဲဆောင်မှုကို ခုခံဖို့ အကောင်းဆုံး ကြိုးစားနေသည်။

သို့သော်လည်း သူမ မခုခံနိုင်ပေ။

ဒီလို ထူးချွန်သည့်၊ ရုပ်ရည်ချောမောသည့်၊ ပြိုင်ဘက်ကင်းသည့်၊ ဆွဲဆောင်မှုရှိသည့်၊ လှပသည့် ယောက်ျားလေးက လင်းဖန် ဖြစ်သည်။

ချူးယောင်ယောင် အနိုင်ယူခံလိုက်ရသည်။

ထို့နောက် ချူးယောင်ယောင် ရှက်သွေးဖြာသွားပါသည်။

သူမလင်းဖန်ကိုသာ စိုက်ကြည့်နေပြီး သူမ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်ဝနေပါသည်။

လင်းဖန်က အားလုံးကို ပြန်ကြည့်လိုက်ပါသည်။

"ဘော့စ်လင်းက အရမ်းချောတော့ ကောင်မလေးတွေ အများကြီးကို တစ်ခါတည်းနဲ့ ဆွဲဆောင်သွားတာပဲ" စုမူချင်းက ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်လား" လင်းဖန်က တောက်ပစွာ ပြုံးလိုက်၏။ သူ စုမူချင်းကို ကြည့်လိုက်ပြီး ဧကရာဇ်ဖျော်ဖြေရေး ဝင်ပေါက်ရှိ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများကို ကြည့်လိုက်ပါသည်။

သူမကြည့်လျှင် ပိုကောင်းပါလိမ့်မည်။ သူကြည့်လိုက်သောအခါ မိန်းကလေးများစွာကို ဆွဲဆောင်မိသလိုဖြစ်သွားခဲ့သည်။

သူကရုပ်ချောလွန်းနေသဖြင့် ဘာတတ်နိုင်မည်နည်း။

ဘာမှန်းမသိလိုက်ဘဲ မိန်းကလေးများစွာကို ယစ်မူးစေနိုင်သည့် မျက်နှာတစ်ခုကို သူရလာခဲ့သည်။

လင်းဖန်လည်း မလိုချင်ပါ။

သူက ကိုယ့်အားကိုယ်ကိုးပြီး ငွေရှာပါသည်။ သို့သော်လည်း သူ့ရုပ်ရည်က ကောင်မလေးများစွာကို ဆွဲဆောင်နိုင်မှန်း အသားကျနေပြီဖြစ်သည်။

ကံကောင်းစွာဖြင့် မိန်းမလှလေးများငယ်များ ဖြစ်နေသည်။ အန်တီကြီးများသာဆို လင်းဖန် ခံနိုင်ရည် ရှိမှာ မဟုတ်လောက်ပါ။

"အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ကနေစပြီး ကျွန်တော် ဧကရာဇ်ဖျော်ဖြေရေးရဲ့ ဘော့စ် ဖြစ်သွားပါပြီ"

"ကျွန်တော့်ရဲ့ ပထမနာမည်ကို ခေါ်လို့ ရပါတယ်။ အရမ်းကြီး သူစိမ်းမဆန်ကြပါနဲ့။ ခင်ဗျားတို့ရဲ့ ဘော့စ်တစ်ယောက်ဖြစ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်"

"အထက်လူကြီးအသစ်တွေက အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ပြီဆိုတာနဲ့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်တတ်တယ်လို့ လူတွေသိထားကြတယ်။ ကျွန်တော်က ဒီကို ဘော့စ်တစ်ယောက်အဖြစ် လာခဲ့တာပါ။ ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်ဖို့ မဟုတ်ပါဘူး။ အားလုံး စိတ်မပူပါနဲ့။ နောက်ပိုင်းကျရင် ဧကရာဇ်ဖျော်ဖြေရေးနဲ့ ကျားရှင်းဖျော်ဖြေရေးက မိသားစုတစ်ခုတည်း ဖြစ်လာမှာပါ။ ဧကရာဇ်ဖျော်ဖြေရေးရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျွန်တော် ရိပ်စားမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးကြပါ..."

"ကျွန်တော်သာရှိရင် ဧကရာဇ်ဖျော်ဖြေရေးက ဒီ့ထက် မြင့်တဲ့ အဆင့်တွေဆီ တက်လှမ်းနိုင်မှာပါ"

All Chapters