← Chapters

စိတ်ဝင်စားပေမယ့် ကောင်မလေး ရှိပြီးသား

Vol. 23 Ch. 342

စိတ်ဝင်စားပေမယ့် ကောင်မလေး ရှိပြီးသား

Vol. 23 Ch. 342

"ချူးယောင်ယောင်နဲ့ လင်းချင်းရွှမ်။ ကုမ္ပဏီက နင်တို့ရဲ့ စာချုပ်ကို အသစ်ပြန်ချုပ်ချင်တယ်"

"အရင် စာချုပ်တွေ အကုန်လုံးက အကျုံးမဝင်တော့ဘူး။ အခု စာချုပ်ကို ချုပ်ဖို့အတွက် ခုပြောမယ့် နည်းလမ်းတွေထဲက ရွေးချယ်လို့ ရတယ်"

"၃ နှစ်တာအတွက် စာချုပ်ချုပ်မယ်ဆိုရင် နင်တို့ လုပ်ငန်းရဲ့ အကျိုးအမြတ်က ၈၀ - ၂၀ အချိုးနဲ့ ခွဲယူရမယ်။ ၂၀ ရာခိုင်နှုန်းပဲ ဆိုပေမယ့် ကုမ္ပဏီက နင်တို့ကို အရင်းအနှီး လုံလုံလောက်လောက် ထုတ်ပေးမှာပါ။ အဲ့တာ ဘယ်လိုကုမ္ပဏီမျိုးမှ မယှဉ်နိုင်တဲ့ အကျိုးကျေးဇူးမျိုးပဲ"

"၃ နှစ်ကုန်တဲ့အခါ စာချုပ်သစ်ချုပ်ဖို့ရွေးမယ်ဆို ၇၀ - ၃၀ အချိုး အဖြစ် ပြောင်းလဲသွားမယ်။ ဘယ်လို သဘောရလဲ" လင်းဖန်က မေးလိုက်သည်။

"ရပါတယ်~~"

"ဘော့စ်လင်း ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ နောက်ဆုံးတော့ လင်းခဲ့ရှင်းနဲ့ ပြန်တွေ့နိုင်ပြီ~" ချူးယောင်ယောင်က တောက်ပစွာ ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"ဘော့စ်လင်း ကျွန်မလည်း တူတူပါပဲ" လင်းချင်းရွှမ်က ခေါင်းငြိမ့်လိုက်ပါသည်။

ဒီလိုနဲ့ ကျားရှင်းဖျော်ဖြေရေးက ကောင်မလေး နှစ်ယောက်နဲ့ စာချုပ်သစ် ပြန်ချုပ်လိုက်ကြပါသည်။

စာချုပ်ချုပ်ဆိုပြီးနောက် လင်းဖန်က သူတို့နှစ်ယောက်ကို အရင်းအမြစ် အသစ်စက်စက် '၂၀ ကျော်ဘဝများ' ကို လင်းခဲ့ရှင်းနဲ့ အတူတူ ရိုက်ကူးခွင့်ပေးလိုက်ပါသည်။

လင်းဖန် ပျင်းနေတုန်းက ဒီဇာတ်ညွှန်းကို ရေးခဲ့ခြင်း ဖြစ်သည်။ ရေပန်းစားလာနိုင်မလားဆိုတာကတော့ ဒီကောင်မလေးများ၏ သရုပ်ဆောင်စွမ်းရည်အပေါ် မူတည်ပါသည်။

အကျိုးခံစားခွင့်အသစ်များကို အတည်ပြုပြီးနောက် ကုမ္ပဏီက အားလုံးကို တရားဝင် ကြေညာပေးလိုက်ပါသည်။

ကုမ္ပဏီတစ်ခုလုံး အောင်ပွဲခံလိုက်ကြသည်။

"အား ငါအလုပ်ဖြုတ်ခံရမှာကိုတောင် ကြောက်နေတာ။ ဘော့စ်ဖေးက ငါတို့ကို လစာ တိုးပေးလိမ့်မယ်လို့ မထင်ထားဘူး'

"အရင်တုန်းက ငါ့လစာက ၆,၀၀၀ ပဲ ရှိတာ။ အခုတော့ ၈,၄၀၀ အထိ တက်သွားပြီ။ မျက်ရည်တောင်ဝဲမိတယ်။ ဘော့စ်လင်းကို အရမ်း သဘောကျသွားပြီ"

"ဘော့စ်လင်း ဘာလို့ ဒီလောက် သဘောကောင်းရတာလဲ။ ငါတို့ကို လစာ တန်းပြီး တိုးပေးလိုက်တာပဲ"

"ဘော့စ်လင်း လက်အောက်က ဝန်ထမ်းတစ်ယောက် ဖြစ်ရတာ အရမ်းကံကောင်းတာပဲဟေ့။ ဘော့စ်လင်း ကျွန်တော် သေချာပေါက် အလုပ်ကြိုးစားပါ့မယ်"

"ရိုးရိုးသားသား ပြောရရင် ဘော့စ်လင်းလောက် သဘောကောင်းနိုင်တဲ့လူမျိုးက ရှားတယ်။ အရင်တုန်းက ငါတို့ ကုမ္ပဏီမှာ အချိန်ပို အလုပ် လုပ်ရရင်တောင် အချိန်ပိုလစာ မရဘူး။ ဒီတိုင်း လုပ်အားပေး အချိန်ပို လုပ်ရတာပဲ။ အခု ဘော့စ်လင်း ရောက်လာမှ အချိန်ပိုလစာကို ချက်ချင်း သတ်မှတ်လိုက်တယ်။ ပြီးတော့ အနိမ့်ဆုံး အချိန်ပိုလစာက ငါတို့ လစာ ၂ ဆဖြစ်ပြီး အားလပ်ရက်တွေဆို လစာ ၃ ဆတဲ့။ ငါ့ကို ဘယ်သူမှ လာမတားနဲ့။ ငါအချိန်ပို လုပ်မယ်"

"ဘော့စ်လင်းက တော်လိုက်တာ"

"ငါသေသေရှင်ရှင် ဘော့စ်လင်းရဲ့ ဝန်ထမ်း ဖြစ်သွားပြီ။ အခုချိန်ကစပြီး ဒီကုမ္ပဏီက ငါ့အိမ်ပဲ"

ကုမ္ပဏီဝန်ထမ်းများ၏ စိတ်အားထက်သန်မှုများ ကြီးကြီးမားမား မြင့်တက်သွားခဲ့သည်။

ထို့အပြင် လင်းဖန်က ကုမ္ပဏီထဲက လူအားလုံးကို ထရိန်နင်တွင် ပါဝင်ခွင့်ပေးသည်။ ထိုလူများကို လေ့ကျင့်ပေးပြီးသောအခါ ရုပ်သံဒရမ်မာ ရိုက်ကူးဖို့ အစွမ်းအစတောင် ရသွားကြပါလိမ့်မည်။

လင်းဖန်က အမျိုးအစားချင်းလုံးဝ ခြားနားသည့် ရုပ်သံစီးရီးနှစ်ခုဖြစ်သည့် ဓားထုတ်အနုပညာနဲ့ ၂၀ ကျော်ဘဝများ တို့ကို သူ့ဝန်ထမ်းများလက်ထဲ အပ်ခဲ့ပါသည်။

သူက ဇာတ်ညွှန်းကိုသာ တာဝန်ယူထားသည်။ တစ်ခါတစ်လေ မေးစရာ မေးခွန်းများ ရှိလာရင်လည်း သူ့ကို လာတိုင်ပင်လို့ ရပါသည်။

လင်းဖန်က ကုမ္ပဏီတစ်ခုကိုတောင် တည်ထောင်ထားပြီးသား ဖြစ်သည်။ သူကိုယ်တိုင် ရုပ်သံဒရမ်မာများကို မရိုက်ကူးဘူးဆိုရင်တောင် ဒီလောက် ကောင်းမွန်သည့် ဇာတ်ညွှန်းများနဲ့ ရေပန်းစား ရုပ်သံဒရမ်မာများ ထုတ်လုပ်နိုင်ပါလိမ့်မည်။

တစ်ဖက်မှာလည်း လင်းဖန်က ကုမ္ပဏီရှယ်ယာစျေးကို အချိန်တိုအတွင်း တိုးမြှင့်နိုင်မည့် နည်းလမ်းကို လင်းဖန် ရှာဖွေနေပါသည်။

သို့သော်လည်း... အနည်းငယ် ခက်ခဲလွန်း၏။

လင်းဖန် ချက်ချင်းပဲ စုရှောင်းယွီကို ဖုန်းဆက်လိုက်ပါသည်။ ဒီပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ယောက်တည်းသောသူက စုရှောင်းယွီသာ ဖြစ်သည်။

"ဆရာ ဘာလို့ ဖုန်းဆက်တာလဲ"

"အာဝူး အာဝူး~" စုရှောင်းယွီရဲ့ ချိုမြိန်သည့် အသံလေး ထွက်လာပြီး အနည်းငယ် ချစ်ဖို့ကောင်းနေပါသည်။

"ချစ်ဖို့ကောင်းအောင် လုပ်နေနဲ့။ ဒါမျိုးကို ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ" လင်းဖန်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပါသည်။

"ဟွန်း ငါစိတ်ထိန်းနိုင်ရင် ပြီးတာပဲမဟုတ်လား" စုရှောင်းယွီက ပြုံးလိုက်သည်။

"ဟုတ်ပြီ။ ပေါက်ကရတွေ မပြောနဲ့တော့။ ဧကရာဇ်ဖျော်ဖြေရေးရဲ့ ရှယ်ယာစျေးကွက်က ၄.၆ ရာခိုင်နှုန်းလောက် ကျသွားပြီ။ ရှောင်းယွီ နင် ဖြေရှင်းချက် ကောင်းကောင်း တစ်ခုလောက် စဉ်းစားပေးပါလား" လင်းဖန် မေးလိုက်၏။

"ရပါတယ်။ ဒါပေမယ့်ဆရာ... ငါ့ကို အရင်ဆုံး ချက်ပြုတ်ကျွေးရမယ်" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။

လင်းဖန် မျက်လုံးများ အရောင်လက်သွား၏။ စုရှောင်းယွီသာ ရှိရင် သူ ဘာမှ စိုးရိမ်ဖို့ မလိုတော့ပါ။

"နင်စားချင်တာ မှန်သမျှ ချက်ပေးမယ်" လင်းဖန်က ပြောလိုက်၏။ ဘာာပဲဖြစ်ဖြစ် ကုမ္ပဏီရဲ့ ရှယ်ယာစျေးများကို သူတိုးမြှင့်နိုင်လျှင် ကုမ္ပဏီက ငွေအများကြီး ရနိုင်ပါလိမ့်မည်။

"ဟုတ်ပြီ ကတိနော်။ ငါ့ကို မညာနဲ့" စုရှောင်းယွီက ခေါင်းငြိမ့်လိုက်သည်။

"သေချာပေါက် မညာပါဘူး" လင်းဖန်က အတည် ပြောလိုက်ပါသည်။

"ဟီးဟီး ငါ့ကို ခဏစောင့်ဦး ဆရာ" စုရှောင််းယူက ပြောလိုက်သည်။

မကြာခင် စုရှောင်းယွီလည်း ဧကရာဇ်ဖျော်ဖြေရေး၏ ဝင်ပေါက်သို့ ရောက်လာခဲ့ပါသည်။

စုရှောင်းယွီက ဒီနေ့လည်း လှလှပပ ဝတ်ဆင်ထားသည်။

သူမ လင်းဖန်၏ ရုံးခန်းတံခါးဝနား ရောက်လာသည့်အခါ တံခါးခေါက်ပြီး ဖွင့်ကြည့်လိုက်ပါသည်။

စုရှောင်းယွီက အဖြူရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ နှင်းလို ဖြူဖွေးသည့် ခြေတံ သွယ်သွယ်များက ပေါ်လွင်နေပါသည်။

ခြေတံသွယ်တွေ ထပ်မြင်ရပြန်ပြီ။

စုရှောင်းယွီက အစားပုပ်တစ်ယောက်ဖြစ်မှန်း သိသာသော်လည်း ဘာကြောင့် သူမ၏ ခြေထောက်တွေက ဒီလောက် ဖြူစင်သွယ်လျနေရတာလဲ။

အရေးအကြီးဆုံးက စုရှောင်းယွီ၏ ကိုယ်လုံးကိုယ်ပေါက်လည်း ပိုပြီး လှပလာပါသည်။

ဖွံ့ဖြိုးသင့်သည့် နေရာများတွင် ဖွံ့ဖြိုးလာပြီး နဂိုက ပါးလှပ်သည့် ရင်ဘတ်လည်း မရှိတော့ပေ။

တစ်ချက်ကြည့်လိုက်ပြီး လင်းဖန် အကြည့်လွှဲလိုက်သည်။

"ဆရာ ဘာကြည့်တာလဲ။ တော်တော်ဆိုးတဲ့ လူပဲ" စုရှောင်းယွီက လျှာထုတ်ကာ ရှက်သွေးဖြာသွား၏။

"ဒီမှာ လာထိုင်စမ်းပါ။ အဲ့လို အတိုအပြတ်တွေ ထပ်ဝတ်ရင် နင့်ကို ရိုက်မယ်" လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကို ခေါက်လိုက်ပါသည်။

"နာတယ်..." စုရှောင်းယွီက ဝမ်းနည်းစွာ ပြောလိုက်ပါသည်။

"ဆရာ ငါ့ကို အနိုင်ကျင့်ပြန်ပြီ။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အချက်အလက်တွေနဲ့ စတော့ရှယ်ယာစျေးကွက် အချက်အလက် တချို့ ပြကြည့်ပါဦး" စုရှောင်းယွီက ပြောလိုက်သည်။

တောင်းတာတွေကို လင်းဖန် ပေးလိုက်သောအခါ စုရှောင်းယွီ အတည်ပေါက် ယူလိုက်ပါသည်။

ခဏလောက်ကြာသောအခါ စုရှောင်းယွီ ပျင်းကြော ဆန့်လိုက်သည်။ သူမရဲ့ ပြီးပြည့်စုံပြီး ဆွဲဆောင်မှု ရှိသည့် ကိုယ်လုံးကိုယ်ပေါက်က အထင်းသား ပေါ်လာပါသည်။

"မခက်ပါဘူး ဆရာရဲ့။ ကုမ္ပဏီရဲ့ ရှယ်ယာစျေးကို တိုးမြှင့်ချင်ရင် ဘာကြောင့်ကျသွားရတာလဲဆိုတာ အရင်ဆုံး အဖြေရှာကြည့်လိုက်လေ"

"ဧကရာဇ်ဖျော်ဖြေရေးက ဖောင်ဒေးရှင်း ခိုင်မာပြီး တည်ထောင်ထားတာ ကြာပြီဖြစ်တဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုပဲ။ ရှယ်ယာစျေး ကျသွားရတဲ့ အကြောင်းအရင်းက အပြင်လောကက ကုမ္ပဏီကို သိပ်ပြီး အထင်မကြီးတော့လို့ပဲလေ"

"ဆရာက ကြယ်ပွင့်လည်းဖြစ် ဘော့စ်လည်းဖြစ်သွားပြီ။ ဧကရာဇ်ဖျော်ဖြေရေးထဲ ဆရာရောက်လာရင် ကုမ္ပဏီစတော့စျေးကွက်က မြင့်လာမှာပါ~"

"ပြီးတော့လည်း ကုမ္ပဏီကို နင်ငွေကြေး ထောက်ပံ့ပေးတဲ့ သတင်းကလည်း ကုမ္ပဏီရဲ့ ရှယ်ယာစျေးကို တိုးမြင့်သွားစေနိုင်တယ်။ အဲ့တာကြောင့် ရှယ်ယာစျေး ထပ်ပြီး တိုးမြှင့်ချင်သေးတယ်ဆို ရုပ်သံဒရမ်မာအသစ်တွေအကြောင်း သတင်းလွှင့်ဖို့ပဲ လိုတယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။

"ဟုတ်ပြီ ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့။ အိမ်ပြန်ပြီး စားကြသောက်ကြစို့" လင်းဖန်ပြုံးလိုက်သည်။

"အိုကေ" စုရှောင်းယွီ လင်းဖန်အိမ်သို့ လိုက်လာခဲ့ပါသည်။

"ဆရာ ငါရေသောက်ချင်လို့ ရေဝယ်ပေးပါဦး~" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပြီး ပြိုင်ကား၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်ပါသည်။

"ဟုတ်ပီ" လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ စုရှောင်းယွီက သူ့ကို အများကြီး ကူညီထားသဖြင့် ရေတစ်ဗူးလောက်တော့ ဝယ်ပေးနိုင်ပါသည်။

လင်းဖန် ဆိုင်က ပြန်လာတော့ စုရှောင်းယွီက ခုံမှာ အိပ်ပျော်နေပါပြီ။

စုရှောင်းယွီက အပြစ်ကင်းစင်ပြီး ပင်ပန်းနေကာ အနည်းငယ်လည်း ချစ်ဖို့ကောင်းနေပါသည်။

သူမ ၁၀ နာရီကျော် အလုပ်လုပ်ခဲ့ရပြီး အန်ဒိုစာသစ် တစ်ခု မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးခဲ့ခြင်း ဖြစ်သည်။ လင်းဖန်ထံမှ ဖုန်းဝင်လာသောအခါ သူမ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ရောက်အောင် လာခဲ့ပါသည်။

သူမ ၁၀ နာရီကျော်အတွင်း ရေတစ်ခွက်မှ မသောက်ရသေးပါ။ ထို့ကြောင့် ရေဆာနေခြင်း ဖြစ်၏။

တကယ်တော့ အလွန်ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားခြင်း ဖြစ်သည်။ သို့သော် အိပ်ပျော်နေသည့်အခါ သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်နေပြီး သူမ ပျော်ရွှင်နေမှန်း မြင်သာပါသည်။

သူမ အန်ဒိုစာ လက်ခံရိုက်ကူးစရာ မလိုသလို လင်းဖန်ကိုလည်း ကူညီပေးဖို့လည်း မလိုအပ်ပါ။

သို့သော်လည်း သူမက ကူညီချင်သည်။ လင်းဖန်ဘေးမှာ ရှိနေနိုင်မည့် တရားဝင် အကြောင်းအရင်းတစ်ခု ရဖို့အတွက်သာ ဖြစ်သည်။

လင်းဖန်က သူမအတွက် ရေတစ်ဗူး ဝယ်ပေးသည်။ သူမ လုပ်ခဲ့သမျှ အရာအားလုံး တန်သည်ဟု ခံစားလိုက်ရပါသည်။

သူမ လိုချင်တာက ဒီလောက် ရိုးရှင်းပါသည်။

လင်းဖန်က စုရှောင်းယွီကို ထိုင်ခုံမှ ကျကျနန နေရာချပေးလိုက်ပြီး ခါးပတ် ပတ်ပေးလိုက်ပါသည်။

လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်၏။ သူမပခုံးပေါ် လက်ဖဝါး နူးညံ့စွာ တင်လိုက်ပြီး သူမ ကုတ်အင်္ကျီကို ချွတ်လိုက်ကာ သူမ ပခုံးပေါ် ခြုံထားပေးလိုက်ပါသည်။

စုရှောင်းယွီ၏ ပါးပြင်လေးကို လင်းဖန် ထိကြည့်ချင်သည်။ သူမရဲ့ ရှက်ရွံ့နေသည့် မျက်နှာလေးက ချစ်ဖို့ ကောင်းပြီး လှပပါသည်။

သူ မထိနိုင်ခင်မှာပင် လင်းဖန်၏ ဖုန်း မီးလင်းလာ၏။

သူ့ဖုန်းဖန်သားပြင်ပေါ်မှာ ရှားဝမ်ချွေ့ဓာတ်ပုံ ပေါ်လာသည်။

ဖုန်းဖန်သားပြင်ကို မြင်သောအခါ လင်းဖန်တစ်ယောက် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

လင်းဖန်၏ အကြည့်က စုရှောင်းယွီ၏ မျက်နှာပေါ်မှ ပျောက်ကွယ်သွားပါသည်။

သူ့ဖုန်းဖန်သားပြင်ပေါ်က ကောင်မလေးကို ကြည့်ကာ မျက်လုံးမှိတ်လိုက်သည်။ သူ့မျက်ခွံများ လှုပ်နေ၏။ လက်တစ်ဖက်က စတီယာရင်ဘီးကို ကိုင်ထားပါသည်။ သူ့ဆုပ်ကိုင်မှုက အနည်းငယ် တင်းကြပ်သွား၏။

၃ ရက်ကြာသည့်အခါ ဧကရာဇ်ဖျော်ဖြေရေးက လူအားလုံး ထပ်မံ တုန်လှုပ်သွားခဲ့ရပြန်ပါသည်။

၃ ရက်သာ ရှိသေးသော်လည်း လင်းဖန်က ကုမ္ပဏီ၏ စတော့စျေးကွက်ကို ၁၀ ရာခိုင်နှုန်း တိုးမြင့်သွားအောင် လုပ်နိုင်ခဲ့ပါသည်။

၃ ရက်အတွင်း လင်းဖန်က ဧကရာဇ်ဖျော်ဖြေရေး၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။

ဧကရာဇ်ဖျော်ဖြေရေး၏ စတော့စျေးလည်း လုံးဝ ပြန်လည်ကောင်းမွန်သွားပါပြီ။

လင်းဖန်က ဧကရာဇ်ဖျော်ဖြေရေးကို ရောက်လာတာ မကြာသေးသော်လည်း ဒီလို ရလဒ်မျိုးကို အရယူနိုင်ခဲ့သည်။

၃ ရက်အတွင်း ၁၀ ရာခိုင်နှုန်းတိုးမြင့်သွားခြင်းဆိုတာ သမိုင်းဝင် စံချိန်မျိုး ဖြစ်ပါသည်။

ကုမ္ပဏီ၏ ဒုတိယအများဆုံးရှယ်ယာဝင် ဝမ်မန်းဟန်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

"ဘော့စ်လင်း... သူ ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ။ ကုမ္ပဏီ တစ်ခုလုံးကို ၃ ရက်အတွင်း အခြေအနေတွေကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်ပစ်လိုက်နိုင်တယ်"

"ငါတို့ ကုမ္ပဏီစတော့စျေးက ၃ ရက်အတွင်း ၁၀ ရာခိုင်နှုန်းတောင် တက်သွားပြီး နောက်ထပ် သမိုင်းဝင် စံချိန်တစ်ခု ချိုးသွားပြီ။ ဘော့စ်လင်းက ကုမ္ပဏီတစ်ခုလုံးနဲ့ ကုမ္ပဏီထဲက လူအားလုံးကို ကယ်လိုက်တာပဲ"

"ဒါ ဘော့စ်လင်းရဲ့ ခွန်အားလား"

All Chapters