Tomson Riviera ဗီလာကြီး
Vol. 23 Ch. 343
ဧကရာဇ်ဖျော်ဖြေရေးက လူအားလုံး လေးလေးနက်နက် တုန်လှုပ်သွားကြသည်။
လင်းဖန် ဧကရာဇ်ဖျော်ဖြေရေးကို ရောက်လာတာ ၃ ရက်သာ ရှိပါသေးသည်။
၃ ရက်အတွင်း ကုမ္ပဏီ၏ ရှယ်ယာစျေးကက ၁၀ ရာခိုင်နှုန်း တက်သွားခဲ့ပါသည်။
ဒီလိုရလဒ်မျိုးက ဘီလီယံဆယ်ချီတန်ဖိုးရှိသည့် ကုမ္ပဏီတစ်ခုအတွက် သမိုင်းဝင်စံချိန်ချိုးလောက်သည်။
ဧကရာဇ်ဖျော်ဖြေရေး၏ ဒုတိယအများဆုံးရှယ်ယာဝင် ထိုအကြောင်းကို သိလိုက်ရတော့ ပို၍ပင် အံ့အားသင့်သွားခဲ့ပါသည်။
"ကုမ္ပဏီရဲ့ ရှယ်ယာစျေးက ၁၀ ရာခိုင်နှုန်းတောင် တက်သွားတယ်... ဘုရားရေ..." ဝမ်မန်းဟန်က ပြောလိုက်ပါသည်။
ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်နောက်တစ်ယောက်ကလည်း တုန်လှုပ်သွားခဲ့ပါသည်။ "ဘော့စ်လင်း ဘယ်လိုများ လုပ်လိုက်တာလဲ။ အချိန်တိုအတွင်း ရှယ်ယာစျေး ၁၀ ရာခိုင်နှုန်း တိုးဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါ ဘော့စ်လင်းလေ။ သူလုပ်သမျှ အလုပ်တွေတိုင်းမှာ အရမ်းထူးချွန်တာ။ ငါတို့ ဧကရာဇ်ဖျော်ဖြေရေး အသက်ပြန်ရှင်လာပြီကွ"
မကြာခင် ဧကရာဇ်ဖျော်ဖြေရေး၏ စတော့စျေး မိုးထိုးတက်သွားသည့် သတင်းများ အွန်လိုင်းပေါ် အလျင်အမြန် ပြန့်နှံ့သွားခဲ့သည်။
အကြီးစား ဖျော်ဖြေရေးကုမ္ပဏီ အားလုံး နီးပါး ဒီအကြောင်းကို သိသွားကြပါသည်။
ဟွာစဲပစ်ချားမှ လျို့ရှမ့် ဒီသတင်းကို ကြားလိုက်ရတော့ ပို၍ပင် စိတ်ခံစားချက် ဖြစ်သွားရသည်။
"လင်းဖန်က... ဧကရာဇ်ဖျော်ဖြေရေးရဲ့ စီအီးအို တကယ်ကြီးဖြစ်လာတာလား"
"တော်လိုက်တာကွာ။ ဧကရာဇ်ဖျော်ဖြေရေးရဲ့ စျေးကွက်တန်ဖိုးက ၂၀ ဘီလီယံကျော်တာ။ ဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်နိုင်တယ်ဆိုတော့ လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ။”
"အရေးအကြီးဆုံးက ဧကရာဇ်ဖျော်ဖြေရေးရဲ့ စတော့စျေးကို လင်းဖန်က ၃ ရက်အတွင်း ၁၀ ရာခိုင်နှုန်းအထိ တက်သွားအောင် လုပ်နိုင်ခဲ့တာလေ။ လင်းဖန်က မယုံနိုင်စရာ ကောင်းလွန်းတယ်လို့ပဲ ပြောနိုင်တော့တယ်။ ဘယ်လို သာမန်လူမှ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး" လျို့ရှမ့် ခေါင်းခါလိုက်ပါသည်။
နောက်ဆုံးတော့ သူလည်း ခံစားသွားမိပါသည်။
လူတွေကြားထဲက ကွာခြားချက်က ပြောင်းလဲလို့ မရပါ။
ဧကရာဇ်ဖျော်ဖြေရေးရဲ့ အရင်ဘော့စ်ကြီးကလည်း ထူးချွန်တာပဲ မဟုတ်ဘူးးလား။
သို့သော်လည်း ဒီလိုထူးချွန်တဲ့ ဘော့စ်ကြီး အတွက်တောင် ဧကရာဇ်ဖျော်ဖြေရေးရဲ့ ရှယ်ယာစျေး ကျဆင်းမှုကို တားဖို့ဆိုတာ အခွန် ခက်ခဲခဲ့ပါသည်။
သို့သော်လည်း လင်းဖန် ဘော့စ်ဖြစ်လာပြီးနောက် အားလုံး ခြားနားသွားသည်။
ဒါက... လင်းဖန်ရဲ့ ထူးခြားသည့် ကိုယ်ပိုင် ဆွဲဆောင်မှု တစ်ခု ဖြစ်သည်။
အနုပညာလောကထဲတွင် အကြီးစား ဖျော်ဖြေရေး ကုမ္ပဏီအားလုံးက လင်းဖန်နဲ့ တွဲလုပ်ချင်ကြသည်။
လင်းဖန် ချိုးနိုင်ခဲ့သည့် စံချိန်များကလည်း အလွန် အထင်ကြီးဖို့ ကောင်းလွန်းပါသည်။
လင်းဖန်ရဲ့ ထူးချွန်မှုကြောင့်ပဲ ဖျော်ဖြေရေး ကုမ္ပဏီများစွာက သူ့ကို သိမ်းသွင်းကာ အလုပ် အတူတူ လုပ်ချင်ကြခြင်း ဖြစ်သည်။
"ဘော့စ်လင်း ကုမ္ပဏီတစ်ခုက ရှင်နဲ့ အတူတူ အလုပ်တွဲလုပ်ချင်နေပါတယ်။ သူတို့ကုမ္ပဏီအတွက် ရုပ်သံဒရမ်မာတစ်ခု ဘော့စ်လင်းကို ရိုက်ကူးပေးစေချင်နေတယ်"
"ဘော့စ်လင်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ IEO ကလည်း အလုပ်တွဲလုပ်ချင်နေပါတယ်။ သူတို့ရဲ့ ဇာတ်ညွှန်းကို ပြောင်းလဲပေးဖို့ ယွမ် ၁၀ သန်းကို ကမ်းလှမ်းထားပါတယ်"
"ဘော့စ်လင်း ME ဖျော်ဖြေရေးကလည်း သူတို့ ကုမ္ပဏီအတွက် ဘော့စ်လင်းကို ရှယ်ယာဝင် ဖြစ်လာစေချင်လို့ ဆွေးနွေးချင်တာ ရှိနေပါတယ်" စုမူချင်းက သူမလက်ထဲက အချက်အလက်များကို ကိုင်ရင်း လင်းဖန်ကို ကြည့်လိုက်ပါသည်။
"ဟုတ်ပြီ။ ဖျော်ဖြေရေးကုမ္ပဏီ ဘယ်နှခုက ငါနဲ့ အလုပ်တွဲလုပ်ချင်တာလဲ" လင်းဖန် မေးလိုက်သည်။
"၁၂ ခုပါ" စုမူချင်း ပြောလိုက်၏။
"သူတို့ အတူတူ အလုပ်လုပ်ချင်တယ်ဆိုရင် ငါ့ကုမ္ပဏီထဲက တခြားတစ်ယောက်ယောက်ကို ခေါ်လို့ရပါတယ်။ လောလောဆယ် ငါ့မှာတော့ အချိန်မရှိသေးဘူး" လင်းဖန်က ပြောလိုက်သည်။
သူက တရုတ်စစ်တုရင်လေ့လာနေခြင်းကြောင့် ဖြစ်ပါသည်။ ဒါတွေ အကုန် လိုက်လုပ်ဖို့ အချိန် ဘယ်မှာ ရှိမည်နည်း။
တစ်လ မကြာတော့သည့် အချိန်အတွင်း ရှားဝမ်ချွေ့ရဲ့ အဖေကို သူတွေ့ရတော့မည်။
တရုတ်စစ်တုရင်မှာ ရှားဝမ်ချွေ့၏ အဖေကို လင်းဖန် ရှုံးနိမ့်သွားပါက သူ့ကို ကျော်နိုင်မှာ မဟုတ်တော့ပေ။
ငွေရှာတာကတော့ လင်းဖန်လည်း လောလောဆယ် ငွေမလိုပါ။
"ကောင်းပါပြီ" စုမူချင်းက ခေါင်းငြိမ့်ပြီး ထွက်သွားပါသည်။
လင်းဖန် တရုတ်စစ်တုရင် လေ့ကျင့်ပြီးနောက် ပျင်းကြောဆန့်လိုက်ပြီး တံခါးနားက စုရှောင်းယွီကို မြင်သွားပါသည်။
စုရှောင်းယွီက မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ဆရာ နင့်ကို တောင်းဆိုစရာရှိလို့..."
လင်းဖန်က ပြုံးလိုက်၏။ "မေးလေ"
စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း လင်းဖန်၏ ဘေးကို လျှောက်လာခဲ့ပါသည်။ "ဆရာ ငါ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲတစ်ခု သွားစရာ ရှိလို့ ကုမ္ပဏီကိစ္စတွေ အပြီးမသပ်နိုင်ဘူး။ ကူညီပေးပါဦး~"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "အိုကေ"
စုရှောင်းယွီက လင်းဖန်၏ လက်မောင်းကို ဆွဲလိုက်သည်။ "ပြီးတော့... နောက်တစ်ခု တောင်းဆိုစရာ ရှိသေးတယ်။။ ငါ့အတန်းဖော်တွေက ငါ့ကို လာတွေ့ကြမှာ။ ဆုံကြမယ့် နေရာက မရှိတော့ ငါတို့ ဗီလာကြီးမှာ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲ ကျင်းပကြရအောင်လေ"
လင်းဖန် သဘောတူစေဖို့အတွက် စုရှောင်းယွီ နားပူနားဆာ စလုပ်ခဲ့ပါသည်။
လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "Tomson Riviera ကို သွားကြမယ်လေ။ အဲ့မှာ ဗီလာ ၂ လုံးလောက် ရှိတယ်။ ဘယ်လိုပုံမျိုးလဲ ဆိုတာတောင် သွားမကြည့်ရသေးဘူး။ ဒီမှာ လိပ်စာ ရှိတယ်။ အိမ်သော့လည်း ပေးလိုက်မယ်"
"လှိုင်းပြာပင်လယ်အော်ကက ငါတို့အိမ်လေ။ လူတွေ အများကြီး ဝင်လာတာက အဆင်မပြေဘူး။ Tomson Riviera ဗီလာအသစ်ကြီးမှာ နင်တို့ ကြိုက်သလောက် ပျော်လို့ ရတယ်" လင်းဖန်က ပြောလိုက်ပါသည်။
အဓိကအားဖြင့်တော့ ရှားဝမ်ချွေ့က လှိုင်းပြာပင်လယ်အော်ဗီလာတွင် နေထိုင်နေဆဲဖြစ်ကာ နေ့တိုင်း အနားယူရမှာ ဖြစ်သောကြောင့်ပင်။ သူမ အခုဆို မကြာခဏ အလုပ် လုပ်နေရပါသည်။
လင်းဖန်က သူမကို ထိုအလုပ်များလုပ်ဖို့ တောင်းဆိုတာ မဟုတ်သော်လည်း သူမဖာသာသူမ လက်ခံခဲ့ခြင်း ဖြစ်ပါသည်။
ရှားဝမ်ချွေ့နဲဲ့ စုရှောင်းယွီတို့၏ ကိုယ်ပိုင်အခန်းများက အိမ်မှာ ရှိနေပြီး နေရာပေါင်းစုံမှာ ရှားဝမ်ချွေ့၏ ဓာတ်ပုံများစွာလည်း ရှိနေပါသည်။
ထို့အပြင် ရှားဝမ်ချွေ့က ဘောင်းဘီတိုများ ဝတ်တတ်သည်။ တခြားသူတွေ သူ့ကြောင်မလေးကို ဘောင်းဘီတိုနဲ့ လင်းဖန် မမြင်စေချင်ပါ။
ရှားဝမ်ချွေ့က လှပပြီးသား ဖြစ်သဖြင့် ဘယ်သူက သူမကို ဘောင်းဘီတိုနဲ့ မမြင်ချင်ဘဲ နေမှာလဲ။
"အိုကေ~" စုရှောင်းယွီက ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်ထံမှ သော့ကို ယူလိုက်ပါသည်။
"ဆရာ သန်ဘက်ခါကျရင် ငါ့အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီ လာလို့ ရမလား" စုရှောင်းယွီက မေးလိုက်သသည်။
"ငါလာနိုင်မယ် မထင်ဘူး" လင်းဖန်က ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက စုရှောင်းယွီရဲ့ အတန်းဖော်တွေနဲ့ သိပ်မသိပါ။
"ဟုတ်ပါပြီ" စုရှောင်းယွီ၏ မျက်လုံးလှလှလေးများတွင် ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လွင်သွားသည်။
"ဒါဆို ဗီလာကြီးတွေကို သွားကြည့်ဖို့ လိုက်ခဲ့လေ~ Tomson Riviera ဗီလာကြီးတွေက အရမ်းကြီးတာ။ အိမ်သစ်ကို သွားကြည့်ရအောင်။ နောက်ပိုင်း အဲ့မှာတောင် ပြောင်းနေလို့ ရလောက်တယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။
လင်းဖန် ခေတ္တ စဉ်းစားကြည့်လိုက်သည်။ တကယ်ပဲ ဒီ Tomson Riviera ဗီလာတွေကို သွားကြည့်နိုင်ပါသည်။
ဗီလာ ၂ လုံး ရှိ၏။ တစ်လုံးက သန်း ၃၀၀ ကျော်တန်ပြီး နောက်တစ်လုံးက သန်း ၁၀၀ ကျော် တန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုဗီလာတွေကို သူ သွားကြည့်ရဦးမှာ သေချာသည်။
စနစ်က ပေးထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်ရောင်းချလို့ မရသော်လည်း ၎င်းတို့ကို ငှားရမ်းပြီး လင်းဖန် ငွေ အများကြီး ရှာနိုင်ပါသေးသည်။
"ဟုတ်ပြီ အခုပဲ သွားကြစို့။ ကားထဲဝင်" လင်းဖန်က ပြောလိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပါသည်။ သူ့အိမ်သစ်တွေရဲ့ ပုံစံကို ရှားဝမ်ချွေ့နဲ့ အတူတူ ကြည့်ချင်ခဲ့သည်။ သို့သော်လည်း သူမက အလွန် အလုပ်များနေပြီး အန်ဒိုစာ ၂ ခုတောင် ထပ်လက်ခံထားပါသေးသည်။
"ဆရာက အရမ်းသဘောကောင်းတာပဲ~" စုရှောင်းယွီက Bugatti ရှေ့ခုံတွင် ဝင်ထိုင်လိုက်ပြီး ထိုင်ခုံခါးပတ် ပတ်လိုက်ပါသည်။
လင်းဖန်နဲ့ အတူတူ ရှိနေသည့်အခါ သူမ တကယ်ပဲ ပျော်ရွှင်ရပါသည်။
ကျန်တာ ဘာမှ ဂရုမစိုက်တော့ပါ။
ဒီလိုဆက်ဆံရေးမျိုးက အဆင့်မတက်နိုင်မှာကို သိသော်လည်း သူမ လင်းဖန်၏ ဘေးမှာ နေချင်ဆဲ ဖြစ်သည်။
မကြာမီ လင်းဖန်က Bugatti La Voiture Noire ပြိုင်ကားကြီးဖြင့် Tomson Riviera ဝင်ပေါက်သို့ မောင်းလာခဲ့သည်။
Tomson Riviera ဝင်ပေါက်မှ လုံခြုံရေး အစောင့်များလည်း Bugatti ကို မြင်သောအခါ ခပ်မြန်မြန်ပဲ ဝင်ခွင့်ပေးလိုက်ပါသည်။
"လခွမ်း ငါ အမြင်များ မှားနေတာလား။ Bugatti ပြိုင်ကားတစ်စီးက သန်း ဆယ်ချီပြီး တန်မှာပဲ"
"ဒီ Bugatti ပြိုင်ကားကြီးက ဘာမော်ဒယ်လဲ။ စျေးကြီးမယ့်ပုံပဲ"
"မနှစ်က Bugatti ကနေ ထုတ်လိုက်တဲ့ Limited Edition ပြိုင်ကားထင်တယ်။ Bugatti ဘာဆိုလား ဘာဆိုလားပဲ။ အနောက်မှာ အင်္ဂလိပ်စာတန်းကြီး ပါတယ်လေ။ ငါမေ့သွားပြီ။ ဒါပေမယ့် အဲ့လိုပြိုင်ကားမျိုးကို ဒုတိယမျိုးဆက် သူဌေးသားတွေပဲ မောင်းနိုင်ကြတာပါကွာ"
"အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ။ ပြိုင်ကားထဲမှာလည်း အရမ်းလှတဲ့ကောင်မလေး တစ်ယောက် ထိုင်နေတဲ့ပုံပဲ။ ကြည့်ပါဦး။ ပြိုင်ကားကြီး တစ်စီး မောင်းပြီး ဘေးမှာလည်း မိန်းမလှလေးတွေ အများကြီး ရှိတယ်။ ငါတို့ကို ကြည့်လိုက်ဦး။ တော်တော်ကွာတာပဲ"
"နေဦး။ ငါတွေ့ပြီ။ ဒီပြိုင်ကားက Bugatti La Voiture Noire ကြီးပဲ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်စီးပဲ ရှိတဲ့ Limited Edition ကားကြီးကွ။ အရင်တုန်းက သတင်းမှာ ပါဖူးတယ်။ အဲ့တာ လင်းဖန်ရဲ့ ပြိုင်ကားမလား"
"ဘာ ဒီပြိုင်ကားပိုင်ရှင်က တကယ်လင်းဖန်ဆိုရင် လင်းဖန်က ငါတို့ရဲ့ အနာဂတ် အိမ်ပိုင်ရှင်ဖြစ်လာမယ် ဆိုတဲ့သဘောပေါ့"
"ဘုရားရေ ဒီက ဗီလာကြီးတွေအကုန်လုံးက အနည်းဆုံး သန်းရာကျော်ပြီး တန်ဖိုးရှိတယ်။ လင်းဖန် ဘယ်တုန်းက Tomson Riviera မှာ ဗီလာ လာဝယ်သွားတာလဲ..."