← Chapters

ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ

Vol. 23 Ch. 344

ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ

Vol. 23 Ch. 344

ရှန်ဟိုင်းမြို့ရှိ တန်ဖိုးအကြီးဆုံး ဗီလာအိမ်ရာကြီး တစ်ခု ဖြစ်သောကြောင့် Tomson Riviera ရှိ လုံခြုံရေးများက အကောင်းဆုံး ဖြစ်ကြသည်။

သာမန်လူတွေဆို အိမ်ပိုင်ရှင် မဟုတ်ပါက Tomson Riviera ထဲ ဝင်ခွင့်ရမှာတောင် မဟုတ်ပါ။

အပြင်လူတွေ သေချာပေါက် Tomson Riviera ထဲကို မဝင်နိုင်ပေ။

အမှန်ပင်။ ခြွင်းချက်တွေတော့ ရှိပါသည်။

ဥပမာအားဖြင့် သန်းဆယ်ချီတန်သည့် ပြိုင်ကားကြီး မောင်းလာသည့် သန်းကြွယ်သူဌေးတစ်ယောက်က Tomson Riviera ထဲ ဝင်ချင်တယ်ဆိုရင် ဘယ်သူက အကြောင်းအရင်းမရှိဘဲ တားရဲမှာလဲ။

ဒီပြိုင်ကားကို လင်းဖန်ပိုင်မှန်း လုံခြုံရေးအစောင့်များ သိလိုက်ရသောအခါ ပို၍ပင် ထိတ်လန့်သွားကြသည်။

လင်းဖန်က တော်လွန်းပါသည်။ Tomson Riviera မှာတောင် ဗီလာတစ်လုံး ဝယ်နိုင်ခဲ့သည်။

ထို့ကြောင့် လင်းဖန်က Tomson Riviera ကို လာပြီး ဗီလာတွေ လာကြည့်တာ ဖြစ်နိုင်ပါသည်။

လင်းဖန် ကားမောင်းဝင်လာတော့ အထဲမှာ မတ်တပ်ရပ် ကြိုဆိုနေသည့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမက Tomson Riviera ၏ အိမ်ရာအေးဂျင့် လင်းယီယီ ဖြစ်သည်။

ဒီနေ့ လင်းယီယီက အလွန်လှပစွာ ဝတ်စားထားသည်။

သူမ အထူး VIP တစ်ယောက်ကို ဧည့်ခံရမယ်ဆိုတာ သိထားပြီးသား ဖြစ်သည်။

Tomson Riviera တွင် ဗီလာ နှစ်လုံး ပိုင်ဆိုင်ထားသည့် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်သည်။

ဘယ်မိန်းကလေးမှ အလှအပ မကြိုက်ဘဲမနေပါ။ လင်းယီယီက အလှအပကြိုက်ရုံတင် မကဘဲ သန်းကြွယ်သူဌေးတစ်ယောက်က သူမကို လာကြိုက်ပါစေဟုလည်း မျှော်လင့်နေသူ ဖြစ်သည်။

အားလုံးက လက်တွေ့ဆန်တာကို သဘောကျကြသည်။ လင်းယီယီလည်း ခြွင်းချက် မဟုတ်ပေ။ ဘယ်လို မိန်းကလေးမျိုးက ကိုယ့်ကောင်လေးကို အရပ်ရှည်ရှည်၊ ချမ်းချမ်းသာသာ၊ ရုပ်ချောချော မဖြစ်စေချင်ဘဲ နေပါ့မလဲ။

သူမ ရင်ထဲတွင် မျှော်လင့်ချက်တချို့ဖြင့် ပြည့်ဝနေ၏။

အိမ်ပိုင်ရှင်သစ်က ခပ်ချောချော ယောက်ျားလေး တစ်ယောက်ဆို ဘယ်လိုလုပ်မလဲ။

သူမကို သဘောကျပြီး နှစ်ယောက်အကြားထဲ တစ်ခုခု ဖြစ်သွားပါက ငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။

အားလုံး ငွေချစ်ကြသည်။ လင်းယီယီလည်း ထိုနည်းလည်းကောင်းပင်။

သူမက သိုက်တူးသမား မဟုတ်သော်လည်း ငွေမချစ်တဲ့လူဆိုတာ မရှိပါ။

သူမကိုယ်တိုင်ကလည်း လှပသဖြင့် မျှော်လင့်ချက်များ ထားခြင်းဖြစ်ပါသည်။ သူမတွင် ခြေတံသွယ်သွယ်များ၊ ဝင်းပသော အသားအရေများ ရှိကာ အလွန်လှပပါသည်။ သူမက အပျိုစင်တစ်ယောက်လည်း ဖြစ်သည်။

Bugatti La Voiture Noire ကြီး ရပ်တန့်သွားတော့ လင်းယီယီ၏ မျက်လုံးလှလှလေးများ အရောင် လက်သွားသည်။

Bugatti ပြိုင်ကားကြီးပဲ။

ဒီလို ပြိုင်ကားမော်ဒယ်မျိုးက အနည်းဆုံး သန်း ၂၀ တော့ တန်မှာပဲ။

တကယ်ပဲ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေပါသည်။ မဟုတ်ပါက ဒီလို ပြိုင်ကားမျိုး ဝယ်နိုင်စရာ အကြောင်း မရှိပေ။

လင်းဖန် ကားတံခါးကို ဖွင့်ပြီး ထွက်လာတော့ လင်းယီယီက သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ရှက်သွေးဖြာသွားသည်။

သူမ ရင်တွေခုန်လာပြီး ခြေထောက်တွေတောင် မခိုင်တော့ပါ။

သူ ဘာလို့ ဒီလောက်ထိ... ချောရတာလဲ။

သူမက ရုပ်သံဒရမ်မာ သိပ်မကြည့်တတ်ဘဲ Bugatti ကားမော်ဒယ် အတိအကျကိုလည်း မသိထားပါ။ ထို့ကြောင့် လင်းဖန်က ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်မှန်း သူမ မသိပေ။

လင်းဖန်က အလွန်ချောမောတာကိုသာ သိပါသည်။

လင်းဖန်လို အိမ်ပိုင်ရှင်မျိုးကို ကြိုဆိုဖို့ အခွင့်အရေး သူမ ရခဲ့ပါသည်။

"ဟယ်လို မစ္စတာလင်း။ ကျွန်မက လင်းယီယီပါ။ Tomson Riviera အိမ်ရာရဲ့ အိမ်ရာအေးဂျင့် တစ်ယောက်ပါ။ ပြဿနာတစ်ခုခုကြုံရင် ကျွန်မကို လာတွေ့လို့ ရပါတယ်။ နောက်ပိုင်း ရှင့်ရဲ့ ပြဿနာ အားလုံးကို ကျွန်မ တာဝန်ယူဖြေရှင်းပေးသွားမှာပါ" လင်းယီယီက ခေါင်းကို ထပ်မော့ပြီး လင်းဖန်ကို အပြုံးဖြင့် ကြည့်လိုက်ပါသည်။

"ဟယ်လို" လင်းဖန်ကလည်း ပြုံးပြီး လင်းယီယီကို ကြည့်လိုက်ပါသည်။ ထို့နောက် ကားရှေ့တံခါးနားသို့ လျှောက်သွားပြီး ဖွင့်လိုက်ကာ စုရှောင်းယွီကို ခေါ်လိုက်ပါသည်။

"သြော် ရောက်ပြီလား" စုရှောင်းယွီ ကားထဲက ထွက်လာပြီး လင်းယီယီကို ချက်ချင်း မြင်လိုက်ရပါသည်။

လင်းယီယီက အလွန်လှပသော်လည်း လင်းဖန်၏ အကြည့်က စုရှောင်းယွီအပေါ်မှာသာ ရှိပါသည်။

လင်းယီယီ၏ ပုံစံက အမှတ် ၉၀ လောက် ရနိုင်သော်လည်း စုရှောင်းယွီ၏ ကိုယ်လုံးကိုယ်ပေါက်နဲ့ ပုံစံတို့ကိုတော့ လင်းဖန် ၉၈ မှတ်လောက် ပေးနိုင်သည်။

တစ်ယောက်က ၉၈ မှတ်၊ နောက်တစ်ယောက်က ၉၀ မှတ်။ တကယ်တမ်း သူတို့နှစ်ယောက်သာ အတူတူ ရပ်နေပါက ချက်ချင်း သေသွားလောက်ပါသည်။

"ကျွန်တော်တို့ကို ဗီလာဆီ လိုက်ပို့ပေးပါဦး။ သန်း ၁၀၀ ကျော် တန်တဲ့ ဗီလာက ဘယ်လိုပုံစံမျိုးလဲ အရင်ကြည့်လိုက်ရအောင်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ကောင်းပါပြီ” လင်းယီယီ ခေါင်းငြိမ့်လိုက်သည်။ သူမ စုရှောင်းယွီကို မြင်လိုက်တော့ သူမမှာ အခွင့်အရေး မရှိတော့မှန်း နားလည်လိုက်ရပါသည်။

လင်းဖန်ဘေးနားက ကောင်မလေးတွေ အကုန်လုံးမှာ လှပလွန်းသည်။ သူမမှာ အခွင့်အရေး ရှိပါ့မလား။

သို့သော်လည်း လင်းယီယီ အနည်းငယ် မကျေမနပ် ဖြစ်မိသည်။

သူမ၏ သားကောင် ဖြတ်ခုတ်ခံလိုက်ရသလို ခံစားမိသည်။

သူမအတွက် ဒီလိုရုပ်ချောချော ကောင်လေး တစ်ယောက်ကို တွေ့ဖို့ဆိုတာ မလွယ်ကူပါ။ သို့သော် သူ့ဘေးမှာ သူမထက် ပိုလှပသည့် ကောင်မလေး တစ်ယောက် ရှိနေပြီးသား ဖြစ်သည်။

လင်းဖန်နဲ့ စုရှောင်းယွီတို့က စုံတွဲတွေ မဟုတ်ရင် ဘယ်လိုလုပ်မလဲ။ ဒီလိုသာဆို သူမ အခွင့်အရေး ရနိုင်ပါသေးသည်။

သန်း ၁၀၀ ကျော်တန် ဗီလာကြီးထဲကို ဝင်လိုက်ပြီးနောက် စုရှောင်းယွီလည်း အံ့အားသင့် မှင်သက်သွားပါသည်။

Tomson Riviera ဗီလာကြီး ဟူသည့်အတိုင်းပင်။ ဒီက ဗီလာကြီးတွေကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြလို့ ရပါသည်။

တန်ဖိုးကြီးမားလွန်းသည်။

ထို့အပြင် ဒီက ဗီလာကြီးတွေက အလွန် ကြီးမားလွန်းပါသည်။

ထို့နောက် လင်းဖန်နဲ့ စုရှောင်းယွီတို့ သန်း ၃၀၀ တန် ဗီလာကြီးထံသို့ သွားခဲ့ပါသည်။

သန်း ၃၀၀ တန် ဗီလာကြီးက သန်း ၁၀၀ ကျော်တန် ဗီလာထက် သိသိသာသာ ပိုကောင်းပါသည်။

"မစ္စတာလင်း ဒီဗီလာကြီးက Tomson Riviera မှာ အကောင်းဆုံး ဗီလာကြီးပါပဲ" လင်းယီယီက ချီးကျူးလိုက်ပါသည်။

"အင်း" လင်းဖန် ခေါင်းငြိမ့်လိုက်သည်။

"ဝါး... ဆရာ ဆရာ ဒီဗီလာကြီးက အကြီးကြီးပါလား။ သဘောကျတယ် ကြိုက်တယ်~' စုရှောင်းယွီက ဗီလာကြီးကို ကြည့်ရင်း အံ့အားသင့်နေပါသည်။

သူမက ထူးထူးခြားခြား လိုက်စားမှုဆိုတာ မရှိခဲ့သည့် ကောင်မလေး တစ်ယောက်ဖြစ်သည်။ သူမ နေထိုင်ခဲ့သည့် နေရာများက အလွန် ကြီးမားသော်လည်း ဒီက ဗီလာများ၏ အပြင်အဆင် စတိုင်များကို အထူးတလည် သဘောကျမိပါသည်။

"ဆရာ ကြည့်ပါဦး မျက်နှာကြက်နဲ့ နံရံတွေကို သံမဏိပါးနဲ့ လုပ်ထားတာ။ ကြမ်းပြင်ကိုလည်း ရှေးဥရောပကြမ်းပြင်တွေလိုမျိုး ကျွန်းသစ်နဲ့ ဝက်သစ်ချသားစစ်စစ်တွေနဲ့ လုပ်ထားတာ။ ပြတင်းပေါက်တွေကလည်း ဘယ်လ်ဂျီယံနိုင်ငံက Glaverbal အဆောက်အဦးလို ဖန်သားမျိုးနဲ့ လုပ်ထားတာပဲ" စုရှောင်းယွီက ပတ်ကြည့်လိုက်သည်။

ဒီက နေထိုင်မှု အဆင့်အတန်းများကို လင်းဖန် အလွန် ကျေနပ်မှု ရှိပါသည်။

ဒီက ဗီလာကြီးတွေက တကယ်ပဲ ကြီးမားပါသည်။

ဝရန်တာတွေအားလုံးကိုလည်း နိုင်ငံခြားမှ တင်သွင်ထားသည့် ထုံးကျောက်များဖြင့် ပြုလုပ်ထားပြီး ဂရက်နိုက်တံခါးဖရိန်တွေလည်း ရှိပါသည်။

ဝင်ပေါက်တွင် ခမ်းနားထည်ဝါစွာ လက်ဖြင့် ထွင်းထားသည့် ကြေးနီတံခါးကြီး ရှိသည်။

မီးဖိုချောင်သုံးပစ္စည်းများကလည်း နာမည်ကြီး နိုင်ငံခြားထုတ် ဘရန်းများသာ ဖြစ်သည်။

ထို့အပြင် ဗီလာကြီးက ၁,၅၀၀ စတုရန်းမီတာအထိ ကျယ်ဝန်းသည်။

ဘေးပတ်လည် နံရံတွေကိုတောင် အဆင့်မြင့် နမ်နိုနည်းပညာဖြင့် ဖန်တီးထားပါသည်။

ဟောခန်းမကြီးတစ်ခုလုံးကို ထည်ဝါလှပသည့် ဥရောပစတိုင်မျိုးဖြင့် အလှဆင်ထားသည်။ ပြင်သစ် ပြတင်းပေါက်များ အပြင်ဘက်မှ မြင်နေရသည့် လှလှပပ မိုးကုပ်စက်ဝိုင်းကြီးကလည်း မြင်သူကို တစ်မြိုလုံးအား ပိုင်ဆိုင်ထားသည်ဟူသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

အိပ်ခန်းတိုင်းမှာ လသာဆောင် တစ်ခုစီရှိကြပြီး အိပ်ယာပေါ်မှာ အိပ်ရင်း အပြင်ကို ကြည့်လိုက်သည့်အခါ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းက ထင်ရှားသည့် ဆီဆေးပန်းချီကားတစ်ချပ်လိုဖြစ်ကာ မေ့မရနိုင်စရာပင်။

ဒီလိုဗီလာကြီးမျိုးက သန်း ၃၀၀ လုံးဝတန်ပါသည်။

ဒီမှာ စုစုပေါင်း အထပ် ၂ ထပ်ရှိ၏။ အခန်းတိုင်းနဲ့ နေရာတိုင်းကို ဂရုတစိုက် ပြုပြင်ထားပါသည်။

လင်းဖန်နဲ့ စုရှောင်းယွီတို့ ဗီလာကြီးထဲ နာရီဝက်လောာက် လျှောက်ကြည့်လိုက်ကြပြီးမှ ရပ်တန့်လိုက်ကြပါသည်။

ဒီလို ဗီလာကြီးမျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာ လူပေါင်းများစွာအတွက် အိပ်မက်တစ်ခု ဖြစ်သည်။

စုရှောင်းယွီက နူးညံ့သည့် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး သူမ ဘဝကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်.

အခုချိန်ကစပြီး ဒီဗီလာက သူမ အိမ် ဖြစ်ရမည်။

"ဆရာ အိမ်ပြောင်းကြရအောင်~ ငါတို့နောက်ကို ဒီမှာပဲ နေတော့မယ်။ ဒီနေရာကြီးက အရမ်းကြီးတာပဲ။ လှိုင်းပြာပင်လယ်အော်က ငါတို့ရဲ့ ဗီလာထက်တောင် ပိုကောင်းသေးတယ်" စုရှောင်းယွီက ပြောလိုက်သည်။

"ဟုတ်ပါပြီ" လင်းဖန်က ပြုံးလိုက်သည်။ ရှားဝမ်ချွေ့ကို နောက်မှ ပြောလို့ရပါသည်။ ရှားဝမ်ချွေ့သာ သဘောတူလျှင် သူတို့ အတူတူ အိမ်ပြောင်းနေနိုင်သည်။

Tomson Riviera က ကျားရှင်းဖျော်ဖြေရေးနဲ့ ပိုနီးပြီး အလုပ်အတွက် ပိုသင့်တော်ပါသည်။

သို့သော်လည်း သူ အိမ်ပြောင်းချင်ပါက အနည်းဆုံးတော့ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲ ပြီးသည့်အချိန်အထိ စောင့်ရပါမည်။

နေ့လည်ခင်းတစ်ခု ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့ပါသည်။

လင်းဖန်နဲ့ စုရှောင်းယွီတို့ အိမ်ပြန်ဖို့ ပြင်လိုက်စဉ်မှာပင် အပြင်မှာ မိုးတွေ သည်းထန်စွာ ရွာသွန်းလာ၏။

ဒီလိုမိုးသည်းထဲမှာ ကားမောင်းတာ အန္တရာယ်များလိမ့်မည်။

သေချာစဉ်းစားပြီးနောက် လင်းဖန်နဲ့ စုရှောင်းယွီတို့ အိမ်မပြန်သေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

"အင်း ဆရာ။ ဒါဆို ငါ အရင်သွားနားတော့မယ်နော်။ မနက်ဖြန်မှ အိမ်ပြန်ကြမယ်~" စုရှောင်းယွီက ပြောလိုက်၏။

"ဟုတ်တယ်။ မိုးတွေ အရမ်းသည်းလွန်းတယ်" လင်းဖန်က ပြောလိုက်သည်။ ရှားဝမ်ချွေ့ကိုတောင် ဗီဒီယီုကော ခေါ်လိုက်ပါသေးသည်။

"မြောင် မြောင်" ရှားဝမ်ချွေ့က ဗီဒီယိုကောကို ကိုင်လိုက်သည်။ သူမက အပြင်မှာ အန်ဒိုစာတစ်ခု ရိုက်ကူးနေသဖြင့် အိမ်မပြန်ရသေးပါ။

"မိန်းမ၊ ရှောင်းယွီနဲ့ ငါတို့ Tomson Riviera ဗီလာကို လာကြည့်ကြတာ။ ဒီနေ့ မိုးတွေသည်းနေတယ်။ အဝတ်အစား ထူထူဝတ်ထား ကြားလား" လင်းဖန် ပြောလိုက်သည်။ ရှားဝမ်ချွေ့ကို မဖျားစေချင်ပေ။

"သိပါတယ် လင်းဖန်ရဲ့။ မနက်ဖြန် ပြီးပါပြီ။ ငါ့ကို ဗီလာဆီ လိုက်ပို့ပေးဦး~" ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"ဒါဆို အိမ်ပြောင်းမယ့်ကိစ္စကော..." လင်းဖန်က ပြောလိုက်သည်။

"နင့်သဘောအတိုင်းပဲ နားထောင်ပါ့မယ်~" ရှားဝမ်ချွေ့က ချစ်စရာ ပုံစံလေး လုပ်ပြလိုက်ပါသည်။

လင်းဖန်က သူမ၏ ချစ်ဖို့ကောင်းမှုကြောင့် အရည်ပင် ပျော်ကျတော့မည်။

ချစ်ဖို့ကောင်းမှုဆိုတာ ဆွဲဆောင်မှုရှေ့ရောက်ရင် တန်ဖိုးမရှိဘူးဟု ဆိုကြသော်လည်း ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ယောက်က ရုတ်တရက် ချစ်ဖို့ကောင်းလာလျှင် ... ဘယ်သူက စိတ်ထိန်းနိုင်မှာလဲဆိုတာကိုတော့ မေးခွန်းထုတ်ရပါမည်။

All Chapters