← Chapters

မိန်းမမာယာ သဲကိုးဖြာ

Vol. 23 Ch. 345

မိန်းမမာယာ သဲကိုးဖြာ

Vol. 23 Ch. 345

ဝုန်း…

မိုးခြိမ်းသံများ ကျယ်လောင်နေပြီး မိုးတွေလည်း သည်းထန်စွာ ရွာသန်းလျက်ရှိပါသည်။

စုရှောင်းယွီက သူမ အခန်းထဲမှာသူမ နားနေပြီး လင်းဖန်ကတော့ တရုတ်စစ်တုရင် လေ့ကျင့်နေပါသည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

လင်းဖန် တံခါးဖွင့်ကြည့်လိုက်သောအခါ အိမ်ရာ အေးဂျင့် လင်းယီယီ ဖြစ်နေပါသည်။

လင်းယီယီ၏ အဝတ်အစားများက မိုးရေကြောင့် အနည်းငယ် စိုရွှဲနေသည်။

"အပြင်မှာ မိုးတွေအရမ်းသည်းနေလို့ ကျွန်မ အိမ်ပြန်လို့ မရလို့ပါ။ မိုးတိတ်တဲ့အထိ ဒီမှာ ခဏနေလို့ ရမလားဟင်" လင်းယီယီက လင်းဖန်ကို သနားစရာ မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။

လင်းဖန်က အပြင်မှာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးများကို ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အလုပ်လုပ်ပေးနေသည့် အိမ်ရာအေးဂျင့်ပဲ မဟုတ်လား။ သူမ ခဏ မိုးခိုတာ ကိစ္စ မရှိပါ။ သူ ဘာမှ ဆုံးရှုံးစရာ မရှိပေ။

"ဟုတ်ပြီ။ ဒါဆို တစ်နေရာရာမှာ ခဏလောက် မိုးခိုနေလိုက်ပါ။ မိုးတိတ်မှ သွားလေ"

ထိုသို့ ပြောပြီးနောက် လင်းဖန် သူ့အခန်းထဲ သူ ပြန်ဝင်သွားပါသည်။

ဧည့်ခန်းထဲမှာ စောင့်ကြည့်ကင်မရာများလည်း ရှိသဖြင့် လင်းယီယီ တစ်ခုခု ခိုးသွားမှာကို စိုးရိမ်ဖို့ မလိုအပ်ပါ။

၁ နာရီကျော်ကြာသောအခါ လင်းဖန် အနားယူနေစဉ် လင်းယီယီက တံခါးခေါက်လာ၏။

ယောက်ျားတစ်ယောက်၏ နှလုံးသားကို ဖမ်းစားချင်ပါက ဒီနည်းလမ်း တစ်ခုတည်း ရှိမှန်း သူမ သိပါသည်။

မိန်းမလှလေးတစ်ယောက်က ကိုယ်တိုင် မြှူဆွယ်လာသည့်အခါ ယောက်ျားတစ်ယောက် ငြင်းဆန်ဖို့ ခက်ခဲပါသည်။

လင်းဖန်လို ရုပ်လည်းချော ချမ်းလည်းချမ်းသာသည့် လူမျိုးကို အထာပေးသည့် မိန်းကလေးများစွာ ရှိလောက်မည်။

လင်းဖန်ကို မြင်လိုက်ကတည်းက လင်းယီယီ မက်မောသွားခဲ့သည်။

နောက်ဆုံးတော့ အလွန်ချမ်းသာသည့် ကောင်လေးတစ်ယောက်နဲ့ သူမ ဆုံခဲ့ပါပြီ။

သူမ အမြဲတမ်း မျှော်လင့်ချက်ထားလေ့ ရှိသည်။ ဘာပဲဖြစ်ဖြစ် ဒုတိယမျိုးဆက်သူဌေးသား အများစုမှာ ကောင်မလေး ၁ ယောက်ထက် ပိုရှိကြတာပဲ မဟုတ်လား။

လင်းဖန်မှာ ကောင်မလေးရှိရှိ မရှိရှိ သူမ ဂရုမစိုက်ပါ။

သူမ လင်းဖန်၏ ကောင်မလေး ဖြစ်လာနိုင်ပါက တစ်ကြိမ်တစ်ခါပဲ ဆိုရင်တောင် အကျိုးအမြတ် အများကြီး ရနိုင်ပါလိမ့်မည်။

လင်းယီယီက အတွင်းခံများသာ ဝတ်ထားသည်။

လင်းဖန် အိပ်ခန်းတံခါးကို ဖွင့်လိုက်ပြီး လင်းယီယီ အတွင်းခံများသာ ဝတ်ထားတာကို မြင်ပြီး သူမ ဒုက္ခရောက်လာသည်ဟု ထင်သွား၏။

"ဘာဖြစ်လို့လဲ" လင်းဖန်က မေးလိုက်သည်။

လင်းယီယီက ချက်ချင်း မဖြေပါ။ သူမ ပါးပြင်များက နီရဲနေ၏။ သူမ လင်းဖန်ကို ကြည့်လိုက်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။

"လင်းဖန်။ ကျွန်မ ရှင့်ရဲ့ အချက်အလက်တွေကို ရှာကြည့်ပြီးပြီ။ ရှင်က ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အရမ်းတော်တဲ့ လူတစ်ယောက်ပဲ။ ရှင် အရမ်း တော်လို့ ကျွန်မ အမြဲတမ်း လေးစားခဲ့ရတယ်"

"ပြဿနာက... ကျွန်မ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလိုက်ရင် ပြန်မရတော့မှာ စိုးရိမ်လို့ပါ။ ကျွန်မ... ရှင့်ကို သဘောကျတယ်" လင်းယီယီက ရှက်သွေးဖြာပြီး လင်းဖန်ကို ကြည့်ကာ ရှေ့တစ်လှမ်း တိုးလိုက်ပါသည်။

လှလှပပ မိန်းကလေးတစ်ယောက်၏ ဖွင့်ပြောမှုနဲ့ သွေးဆောင်မှုတချို့ကို ရင်ဆိုင်ရသည့်အခါ သာမန်ယောက်ျားလေးတွေကတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

လင်းဖန်ကတော့ တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်ပါသည်။ "ကျွန်တော့်မှာ ကောင်မလေး ရှိပြီးသားပါ"

လင်းယီယီက လင်းဖန်၏ ပခုံးနား ရောက်နေပါပြီ။ သူမ ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမယ့်... ဘာမှ မဖြစ်ပါဘူး"

"ရှင်က အရမ်းတော်တဲ့ လူတစ်ယောက်ပဲ။ မိန်းကလေး ၁ ယောက်တည်းနဲ့ ဘယ်လုံလောက်ပါ့မလဲ။ ပြီးတော့... ကျွန်မကို တာဝန်ယူစရာ မလိုပါဘူး" လင်းယီယီက လင်းဖန်ကို သွေးဆောင်စွာ ကြည့်လိုက်ပါသည်။

လင်းယီယီက လင်းဖန်၏ နားထဲသို့ တစ်ခုခု တီးတိုးပြောလိုက်သည်။ ဘာအကာအကွယ်မှ သုံးစရာ မလိုဘဲ သူမ ဆေးသောက်နိုင်ကြောင်း ဖြစ်သည်။

လင်းဖန်က လင်းယီယီကို တွန်းထုတ်လိုက်ပြီး ပြောလိုက်သည်။ "မစ္စလင်း ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားစမ်းပါ"

"ကျွန်တော့်မှာ မိန်းမ မရှားဘူး။ မူလတန်းကတည်းက ကောင်မလေးတွေ အများကြီး ကျွန်တော့်ကို ဖွင့်ပြောဖူးတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ အခုချိန်ထိတောင် ကောင်မလေးတွေ ဖွင့်ပြောနေကြတုန်းပဲ"

"အခု ကျွန်တော့်မှာ ကောင်မလေး ရှိနေပြီ။ ကျွန်တော်က အဲ့လိုလူမျိုး မဟုတ်ဘူး။ ခင်ဗျား ဒီလို ဆက်လုပ်နေရင် ကျွန်တော်ရဲခေါ်မှ အဆိုးမဆိုနဲ့" လင်းဖန်က လင်းယီယီကို ကြည့်ပင် မကြည့်ဘဲ ပြောလိုက်ပါသည်။

"ကျွန်မ...ကျွန်မ တောင်းပန်ပါတယ်" လင်းယီယီက လင်းဖန်ကို ကြည့်လိုက်သည်။

"မိုးလည်းစဲသွားပြီ။ အဝတ်အစားဝတ်ပြီး ပြန်ပါတော့။ ကျွန်တော် ဘာမှ မဖြစ်သလို ဟန်ဆောင်ပေးလိုက်မယ်" လင်းဖန်က ပြောလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထဲမှာလည်း ကင်မရာတွေ ရှိသည်။ လင်းယီယီ သူ့ကို နာမည်ဖျက်ဖို့ ကြိုးစားပါက လင်းဖန် အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ပါသည်။

ထို့နောက်... လင်းယီယီ ငိုကြွေးရင်း ပြေးထွက်သွားတော့သည်။

ထို့နောက် ဘာဆက်ဖြစ်မလဲဆိုတာ အရေးမကြီးပါ။

လင်းဖန်က ဒီလိုဖွင့်ပြောပုံမျိုးကို လက်ခံမှာ မဟုတ်ပေ။

လင်းဖန် ဗီလာတံခါးကို ပိတ်လိုက်ပြီး အခန်းထဲ ပြန်ဝင်နားဖို့ ပြင်လိုက်စဉ်မှာပင် သူ့နောက်မှာ စုရှောင်းယွီကို မြင်လိုက်ရ၏။

စုရှောင်းယွီက တံမြက်စည်းတစ်ချောင်း ကိုင်ထားပြီး တစ်ယောက်ယောက်ကို ဝါးစားမတတ် ဒေါသထွက်လို့နေသည်။

သူမတောင် တစ်ခါမှ ဖွင့်မပြောရသေးတာကို လင်းယီယီက ဖွင့်ပြောရဲသည်။

သူမ စိတ်ဆိုးနေပါသည်။

လင်းယီယီသာ ထွက်မသွားသေးဘူးဆို သူမ ထွက်ရိုက်လောက်သည်။

"တံမြက်စည်းကြီး ကိုင်ပြီး ဘာလုပ်နေတာလဲ" လင်းဖန်က ပြုံးလိုက်သည်။

"သြော် ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း ကြမ်းပြင်ကို တံမြက်စည်း လှည်းမလို့ပါ" စုရှောင်းယွီက တခစ်ခစ် ရယ်မောပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်နေလိုက်ပါသည်။

"ဆရာ့ရဲ့ စိတ်ဓာတ်ကတော့ တကယ် သန်မာတယ်နော်။ အဲ့ဒီမိန်းမရဲ့ ထောက်ချောက်မှာ မိသွားတော့မယ်လို့ ထင်နေတာ" စုရှောင်းယွီက ပြောလိုက်၏။

"ဟာသပဲ။ နင့်ဆရာက အဲ့လိုလူမျိုးမို့လို့လား" လင်းဖန်က ရင်ဘတ်ကို ပုတ်ပြရင်း ပြောလိုက်ပါသည်။

လင်းယီယီကို သူ လက်ခံလိုက်ပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်တာနဲ့ တူသွားလိမ့်မည်။

စုရှောင်းယွီ အိမ်မှာ ရှိနေသည့်အပြင် ရှားဝမ်ချွေ့သာ သိသွားပါက သေချာပေါက် လင်းဖန်ကို ခွင့်မလွှတ်လောက်ပါ။

လင်းဖန်က သူ့ကြောင်မလေးကိုတောင် မချစ်နိုင်သေးသဖြင့် တခြားကောင်မလေးများကို ကြည့်ဖို့ အချိန်ရှိပါ့မလား။

"ဟီးဟီး ဆရာ... ငါလည်း နင့်ကို မေးစရာရှိတယ်" စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေပါသည်။

သူမက ညအိပ်ဝတ်စုံများဖြင့် ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ခြေတံဖြူဖြူ သွယ်သွယ်များက အထင်းသား ပေါ်နေပြီး ပြီးပြည့်စုံသည့် ခန္ဓာကိုယ်လည်း ပိုင်ဆိုင်ထားပါသည်။

"ခုနက ဖွင့်ပြောတဲ့ လူက ငါဆိုရင်ကော ဆရာက အဲ့လို နှလုံးသားမဲ့စွာနဲ့ ငြင်းမှာလား" စုရှောင်းယွီက ဟာသလုပ်ချင်ယောင် ဆောင်လိုက်သော်လည်း သူမ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။

လင်းဖန်က စုရှောင်းယွီကို ကြည့်လိုက်ပြီး ရှေ့တိုးလိုက်သည်။ စုရှောင်းယွီကို ခေါင်းခေါက်ကာ ပြောလိုက်ပါသည်။ "ကလေးတွေက အဲ့လို မေးခွန်းတွေ မမေးရဘူး။ ပြန်အိပ်တော့"

စုရှောင်းယွီ သူမခေါင်းကို ကိုင်လိုက်သည်။ "နာတယ်"

"မြန်မြန် ပြန်အိပ်တော့။ ကိုယ့်ဖာသာကို သွားနေ" လင်းဖန်က စုရှောင်းယွီကို အခန်းထဲ ပြန်မောင်းထည့်ကာ သူ့အိပ်ခန်းထဲသူ ပြန်ဝင်လာခဲ့ပါသည်။

အခန်းထဲပြန်ရောက်လာသည့် စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး စောင်အောက်တွင် ပုန်းနေလိုက်ပါသည်။

လင်းဖန်က အဖြေမပေးခဲ့ပါ။ သို့သော်လည်း သူ့အဖြေကို သူမ သိနေပြီးသား ဖြစ်သည်။

ဒီလိုမေးခွန်းနဲ့ ရင်ဆိုင်ရသည့်အခါ သူမကို တန်းငြင်းရုံကလွဲပြီး ဘယ်လိုအဖြေရှိနိုင်ဦးမှာလဲ။

တချို့ မေးခွန်းတွေကို တိုက်ရိုက်အဖြေမဟုတ်ဘဲနဲ့ ဖြေလို့တောင် ရပါသည်။

သူလျှိုဂိမ်း ကစားနေသလိုပင်။ တစ်ယောက်ယောက်က ကိုယ့်ကို သူလျှိုလားဟု မေးလာပါက စက္ကန့်ပိုင်းလောက် တွန့်ဆုတ်သွားပြီးမှ သူလျှို မဟုတ်ဘူးဟု ဖြေလျှင် ဘယ်သူက ယုံကြည်မည်နည်း။

"ဟွန်း... ဆရာက မဆိုးပါဘူး" စုရှောင်းယွီက လျှာထုတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် အိပ်ပျော်သွားပါတော့သည်။

အိပ်ခန်းထဲတွင် လင်းဖန် အိပ်မပျော်နိုင်သေးပေ။

သူက လင်းယီယီကို စိတ်ထိန်းနိုင်ပါသေးသည်။

သို့သော်လည်း စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ကို စိတ်ထိန်းဖို့က ခက်ခဲလွန်းသည်။

လင်းဖန် ကိုယ့်ကိုယ်ကို ရိုးသားစွာ မေးကြည့်လိုက်သည်။ ခုနက အတွင်းခံသာ ဝတ်ထားသည့်လူက ရှားဝမ်ချွေ့ဖြစ်နေလျှင် လင်းဖန် ၂၅ နှစ်တာ လူပျိုဘဝကို နှုတ်ဆက်သွားရနိုင်သည်။

စုရှောင်းယွီသာဆိုရင်ကော... သူထိန်းသိမ်းနိုင်ပါ့မလား။

လင်းဖန်က ကိုယ့်ကိုယ်ကို စိတ်မဖောက်ပြားသည့် သူတော်စင်ဟု မထင်ပါ။

လင်းဖန် ခေါင်းခါပြီး ရေသွားချိုးလိုက်ပါသည်။

ရှားဝမ်ချွေ့ ဆွဲဆောင်မှုရှိတာ ကိစ္စမရှိသော်လည်း စုရှောင်းယွီကပါ ဘယ်လိုလုပ်ပြီး တတ်မြောက်လာတာလဲ။

ကံကောင်းစွာဖြင့် လင်းဖန်က ဆုံးဖြတ်ချက် ပြတ်သားနေဆဲ ဖြစ်သည်။

သူ ဘာမှ လွန်လွန်ကျူးကျူးလုပ်လို့ မရပေ။ ရှားဝမ်ချွေ့က အခု သူ့ကောင်မလေးဖြစ်နေပါပြီ။

လှပလွန်းသည့် စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့၏ အပြစ်သာ ဖြစ်သည်။ သူတို့က တကယ်ပဲ အမေ တစ်ယောက်တည်းမှ မွေးဖွားလာသူများ ဖြစ်သည်။

နောက်တစ်နေ့ လင်းဖန် ရှားဝမ်ချွေ့နဲ့ တွေ့ခဲ့ပါသည်။

ရှားဝမ်ချွေ့ကို မြင်တော့ ချက်ချင်း ပွေ့ဖက်လိုက်သည်။

"မြောင် မြောင် "ရှားဝမ်ချွေ့က အနည်းငယ် ကြက်သေ သေသွားပြီး လင်းဖန်ကို ကြည့်လိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး။ ငါ့မိန်းမက အရမ်းလှတာကိုး။ ဖက်လို့ မရဘူးလား" လင်းဖန်က ပြုံးလိုက်သည်။

ရှားဝမ်ချွေ့မှာ သူ့စိတ်ကူးတွေကို အထိန်းအကွပ် ကင်းမဲ့သွားစေမှာ မဟုတ်ပါ။

"လာ~" ရှားဝမ်ချွေ့က လက်ဆန့်တန်းပေးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားသော်လည်း ဘာကြောင့်မှန်းမသိဘဲ အပြစ်ရှိသလို ခံစားနေရဆဲ ဖြစ်သည်။

ရှားဝမ်ချွေ့က သူ့ကောင်မလေး ဖြစ်သည်။ တခြား ကောင်မလေးတစ်ယောက်အပေါ် ဘယ်တော့မှ စိတ်ယိုင်လို့ မဖြစ်ပါ။ မဟုတ်ပါက သူ တကယ့် လူယုတ်မာ ဖြစ်လာပါလိမ့်မည်။

မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှားဝမ်ချွေ့အား ပြန်ပြောပြပြီးနောက် ရှားဝမ်ချွေ့က တခစ်ခစ် ရယ်မောပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "အဲ့တာတွေ ငါ့ကိုပြောပြစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါနင့်ကို ယုံတယ် ~"

"နင်တကယ် စိတ်မထိန်းနိုင်ဘူးဆို အပျော်ကောင်မလေး တစ်ယောက် ထပ်ရှာလိုက်ပေါ့~ ဘာရောဂါမှ သယ်မလာရင် ပြီးတာပဲ" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။

ရှားဝမ်ချွေ့ ထိုစကားပြောတာကို ကြားသောအခါ လင်းဖန်၏ မျက်နှာ ပြောင်းလဲသွားပြီး မသေချင်သည့် စိတ်များ ပေါက်ဖွားလာသည်။ "မဖြစ်နိုင်တာတွေ။ အပျော်ကောင်မလေး ရှာစရာလား။ နင်တစ်ယောက်တည်းနဲ့ လုံလောက်တယ်"

ရှားဝမ်ချွေ့ စကားအတိုင်းသာ တကယ်လိုက်လုပ်ပါက လင်းဖန် လွတ်လမ်း မမြင်ပါ။

ထိုစကားကို ကြားတော့ ရှားဝမ်ချွေ့ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ သူမ လင်းဖန်၏ လက်မောင်းကို လက်နှစ်ဖက်စလုံးဖြင့် ဖက်လိုက်၏။ "နင် အောင်တယ်"

"နောက်ပိုင်း တခြား ကောင်မလေးတွေနဲ့ နီးစပ်ခွင့် မရှိဘူးနော်။ ရှောင်းယွီက လွဲပြီးပေါ့။ ရှောင်းယွီက ငါ့ညီမလေးလေ~ ရှောင်းယွီရဲ့ အဖေက သူ့ကို ဂရုစိုက်ဖို့တောင် နင့်ကို တာဝန်ပေးထားတာ မဟုတ်လား" စုရှောင်းယွီက ပြောလိုက်သည်။

"အင်းပါ" လင်းဖန် ခေါင်းငြိမ့်ပြီး သဘောတူလိုက်ပါသည်။

စုရှောင်းယွီက ရှန်ဟိုင်းမြို့မှာ တစ်ယောက်တည်း ဖြစ်သည်။ သူမ မိသားစုက နိုင်ငံခြားမှာဖြစ်၏။ သူမကို ကောင်းကောင်း ကာကွယ်ပေးရပါမည်။

သို့သော်လည်း လင်းဖန် သဘောတူလိုက်စဉ်မှာပင် ရှားဝမ်ချွေ့က လင်းဖန်ကို စူးစိုက်စွာ ကြည့်လိုက်သည်။

သူ တစ်ခုခု စကားပြောမှားသွားသည်ဟု လင်းဖန် ခံစားလိုက်ရသည်။

ပွဲပြီးသွားပြီ။ ငါလှည့်စားခံလိုက်ရပြီ။

မိန်းမမာယာ သဲကိုးဖြာဆိုတာ ဒါမျိုးလား။

All Chapters