← Chapters

သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်

Vol. 78 Ch. 1091

သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်

Vol. 78 Ch. 1091

အခန်း (၁၀၉၁) သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်

ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်နှင့် မန်ဝမ်တို့အားလုံး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက မျက်စိရှေ့မှ အလင်းပုံရိပ်ကိုသာကြည့်နေပြီး မည်သည့်စကားမှ မဆိုပေ။

ပျက်ပြယ်စပြုနေသော အလင်းပုံရိပ်ထဲတွင် ဖန်းယွင်ရှန်းက လက်နှစ်ဖက်ဆုပ် ဂါရဝပြုပြီးနောက် မီးလျှံများတောက်လောင်နေသည့် နတ်ဆိုးနန်းတော်အတွင်းသို့ ပေါ့ပါးစွာပင် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထို့နောက် အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး သူတို့ရှေ့မှ အလင်းပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အချိန်နောက်ပြန်လှည့်ခြင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

မည်သည့်အရာမှ မရှိတော့သော နန်းတော်ခန်းမအလွတ်ကြီးကို ငေးကြည့်ရင်း ရန်ကျောက်ကဲ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။

လွှမ်းခြုံဧကရာဇ်က ချောင်းတစ်ချက်ဟန့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“မိတ်ဆွေလေး’ရန်’ ၊ ဒီကိစ္စက ရာဟုကြယ်ထက်ယံအရှင်သခင်နဲ့ ပတ်သက်နေတယ်ဆိုတော့... ငါတို့ အထက်ဘုံကမ္ဘာကလူတွေ ဝင်ပါရလိမ့်မယ်”

“အနည်းဆုံးတော့ ဒီကိစ္စကို ဧကရာဇ် (၃)ပါးကို တင်ပြရမယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ ဒီကိစ္စမှာ ရာဟုကြယ်ထက်ယံ မျက်စိကျသွားတဲ့ ထိပ်တန်းအဆင့် မဟာနတ်ဆိုးတစ်ယောက်လည်း ပါဝင်နေတယ်ဆိုတော့... သေချာပေါက် ထူးခြားဖြစ်ရပ်တစ်ခုပဲ”

“မိတ်ဆွေလေး’ဖန်း’ ရဲ့ သဲလွန်စတွေကို ဆက်လက်ရှာဖွေဖို့ ခက်ခဲပေမယ့် အခွင့်အရေးရရင်တော့ သူ့ကို အမြန်ဆုံး ပြန်တွေ့ဆုံနိုင်ဖို့ ငရဲကိုးထပ်နက်ရှိုင်းရာအထိ သွားရောက်ရှာဖွေဖို့ ကြိုးစားမှာပါ”

ရန်ကျောက်ကဲမျက်ဝန်းများ လှုပ်ရှားသွားပြီး လွှမ်းခြုံဧကရာဇ်ကို ကြည့်လိုက်သည်။

ရှည်လျားသည့် ငွေရောင်ဆံနွယ်များနှင့် ငယ်ရွယ်သောရုပ်သွင်ပိုင်ဆိုင်သည့် ဧကရာဇ်မင်းကလည်း ရန်ကျောက်ကဲကို တိတ်ဆိတ်စွာပင် ပြန်လည် စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက...

“ဧကရာဇ်မင်းတို့ ကူညီပေးမယ်ဆိုရင်တော့ ဒီကိစ္စ အောင်မြင်နိုင်ခြေ အများကြီးရှိပါတယ်”

သူက ဆက်ပြောသည်။

“ဒီ’ရန်’ က ဇနီးဖြစ်သူကို အမြန်ဆုံး ပြန်တွေ့ချင်နေပါပြီ ၊ ပြောရတာ အားတော့နာပေမယ့်...  ဒီ’ရန်’ လည်း ဇနီးလေးနဲ့အတူ မင်္ဂလာဦးည ဖြတ်ကျော်ချင်သေးတယ်လေ”

ထိုစကားကိုကြားတော့ လွှမ်းခြုံဧကရာဇ်မျက်ဝန်းများထဲ အပြုံးယှက်သမ်းသွားသည့်တိုင် မည်သည့်စကားမှ မဆိုခဲ့ပေ။

သူ့အရှေ့မှလူငယ်အား အလွန်သဘောကျမိသော်လည်း ဤကိစ္စက ရာဟုကြယ်ထက်ယံအရှင်သခင်နှင့် အကြောင်းအရာများစွာ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ သူ့အနေဖြင့် အလေးအနက်ထား ကိုင်တွယ်ရမည် ဖြစ်၏။

ဖန်းယွင်ရှန်းက ကျန်းရွှင်ဟွားကို အနိုင်မရသလို ကျန်းရွှင်ဟွားကလည်း ဖန်းယွင်ရှန်းကို ရှုံးနိမ့်သွားမည်ဆိုလျှင်... ကျန်းရွှင်ဟွားကို တိုက်ခိုက်ရန်ကြံစည်နေသည့် တတိယပုဂ္ဂိုလ်ဖြစ်သော မဟာနတ်ဆိုးကြီး ထွက်ပေါ်လာပေလိမ့်မည်။

ထိုသို့ဆိုလျှင် အဆိုးဆုံး အခြေအနေများ ဖြစ်လာပေမည်။

ကျန်းရွှင်ဟွားပဲဖြစ်ဖြစ် ၊ ဖန်းယွင်ရှန်းပဲဖြစ်ဖြစ် ၊ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပါက အလွန်ကြောက်စရာကောင်းသွားမည် ဖြစ်သည်။

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်အနေဖြင့် ဖြစ်နိုင်ခြေများကို သဘာဝကျကျ စဉ်းစားရမည်ဖြစ်သလို ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက်လည်း စဉ်းစားပေးရမည် ဖြစ်၏။

သူ့အရှေ့မှ ဤလူငယ်သည် များပြားလှစွာသောကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းရှိသလို ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်နှင့် ဆက်နွယ်နေသည့်အပြင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်လည်း ဆက်စပ်နေသည်။

မုန်တိုင်းများစွာဖြတ်သန်းခဲ့ရသဖြင့် အတွေ့အကြုံရင့်ကျက်သူ လွှမ်းခြုံဧကရာဇ်သည် ဤကိစ္စကို တည်တည်ငြိမ်ငြိမ်ဖြင့် သတိထားပြီး ကိုင်တွယ်ရန် စဉ်းစားနေရသည်။

ပိုးသားဧကရာဇ်က မန်ဝမ်ကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်ရင်း...

“ဝမ်အာ... အဖေတို့ ဒီနေရာမှာပဲ ရပ်ရတော့မယ်ထင်တယ်”

သူက ဆက်ပြောသည်။

“သမီးရဲ့သူငယ်ချင်း ကံကောင်းထောက်မပြီး ဒီကပ်ဘေးကိုကျော်လွန်နိုင်ဖို့ အဖေ မျှော်လင့်ပါတယ်”

ဗလာကျင်းနေသော မီးလျှံနန်းတော်ကြီးကိုကြည့်ရင်း မန်ဝမ်မှာလည်း စိတ်ပျက်လက်ပျက် ဖြစ်လျှက် ရှိသည်။

ပိုးသားဧကရာဇ်၏စကားကိုကြားတော့ သူမက ခေါင်းညိတ်ရင်း...

“အဖေ စိတ်မပူပါနဲ့ ၊ သမီးနားလည်ပါတယ် ၊ ဂိုဏ်းတူအစ်မ’ဖန်း’ ဘေးကင်းရန်ကင်းနဲ့ ပြန်လာနိုင်ဖို့ သမီး မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“သူ ပြန်ရောက်လာလို့ မင်းကိုသာတွေ့ရရင် အရမ်းအံ့သြဝမ်းသာသွားမှာ သေချာတယ်”

ထို့နောက် သူက ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ဧကရာဇ် (၂)ပါး ခဏလောက် စောင့်ပေးစေချင်ပါတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အနက်ရောက်မီးတောက်အား ဖိနှိပ်ထားသော အမှောင်ထုဆီသို့ လက်ကိုဆန့်တန်း ဖိနှိပ်လိုက်သည်။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်သည်နှင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်ပမာ ဝေဝါးသွားသည်။

သူ၏ဦးခေါင်းထက်တွင် မျက်နှာ (၄)ခုနှင့် လက် (၁၂)ဖက်ရှိသော အစိမ်းရောင်နတ်ဘုရားတစ်ပါးပုံရိပ် ထွက်ပေါ်လာသည်။

မျက်နှာ (၄)ခုလုံးက မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ်နေရာများ လုံးဝမရှိဘဲ ဗလာကျင်းနေသည်။

မြင်ကွင်းကိုကြည့်ရင်း ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့၏ မျက်ဝန်းများ တောက်ပသွားကြသည်။

“ဘယ်လောက်တောင် တော်လိုက်တဲ့ လူငယ်လည်း ၊ အတော်အရည်အချင်းရှိတာပဲ”

သူတို့ (၂)ယောက်လုံးက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို မကျွမ်းကျင်ကြသော်လည်း ထိုကျမ်းစာနှင့်ပတ်သက်သည့် ဒဏ္ဍာရီများကို သိရှိကြသည်။

ကောလဟလများအရဆိုလျှင်တော့ သဏ္ဌန်မဲ့နတ်ဆိုးသည် ရုပ်မရှိသလို တိကျသောအသွင်အပြင်လည်း မရှိပေ။

ထို့ကြောင့် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံရာတွင် သရုပ်ပြမှု ပြင်ပအသွင်အပြင် ထွက်ပေါ်လာခြင်းမရှိပါက ထိုကျမ်းစာကို ကျင့်ကြံအောင်မြင်ရန် အလှမ်းဝေးနေသေးသည်။

မဟုတ်လျှင်တော့ ထိုကျမ်းစာအယူအဆကို အခြားသော သိုင်းပညာအယူအဆများနှင့်ပေါင်းစပ်ထည့်သွင်းပြီး သရုပ်ပြမှု ပြင်ပအသွင်အပြင် ထွက်ပေါ်လာအောင် ပြုလုပ်ရပေမည်။

ယခု ရန်ကျောက်ကဲက ထိုသို့ ပြုလုပ်နေခြင်း ဖြစ်၏။

သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ နက်နဲမှုသရုပ်သကန်ကို ပြသလိုက်သည့်တိုင် သူက အမှောင်ဘက်ခြမ်းသို့ကျရောက်ပြီး နတ်ဆိုးတစ်ပါး ဖြစ်လာမည် အဟုတ်ပေ။

အစိမ်းရောင်နတ်ဘုရား၏ လက် (၁၂)ဖက်က တညီတညွတ်တည်း ရှေ့သို့ဆန့်တန်းကာ အလယ်ဗဟိုတွင်စုစည်းသွားပြီးအနက်ရောင်မီးတောက်ကို ဖိနှိပ်ထားသည့် အမှောင်ထုအလွှာကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

ထို့နောက် နတ်ဘုရားပုံရိပ်က ရန်ကျောက်ကဲဦးခေါင်းထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာ၏။

“မိတ်ဆွေလေး’ရန်’ သတိထားနော်... ဒီ အနက်ရောင်မီးတောက်က နတ်ဆိုးဧကရာဇ် ပြန်လည်ရှင်သန်လာမယ့် ရင်းမြစ်တစ်ခုပဲ”

လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲကို မတားဆီးသည့်တိုင် သတိပေးလိုက်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“လွှမ်းခြုံဧကရာဇ် စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ကျွန်တော် အဆင်ပြေပါတယ်”

ထို့နောက် ရန်ကျောက်ကဲ မျက်လုံးများကို မှေးမှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ ချက်ချင်းပင် ခုန်လှုပ်လာသည်။

ဒါကိုမြင်တော့ လွှမ်းခြုံဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့၏မျက်ဝန်းများ တောက်ပသွားကြသည်။

“အိုး...”

မီးလျှံနတ်ဆိုးနန်းတော်ကြီး၏ အနောက်ဘက်ခန်းမအလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှ ရုတ်တရက် အလင်းရောင်များ ထွက်ပေါ်လာသည်။

ကြယ်စင်များပမာ တောက်ပသည့် အလင်းရောင်စီးကြောင်းများက သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး နန်းတော်ကြီး၏ မီးလျှံနံရံများကို ဖောက်ထွင်းဖြာထွက်သွားသည်။

ညကောင်းကင်တွင် ကြယ်စင်များထွက်ပေါ်လာသည့်ပမာ အလင်းတန်းများက မှောင်မှိုင်းနေသည့် ငရဲကိုးထပ် နတ်ဆိုးနယ်မြေတစ်ခုလုံးအား တောက်ပသွားစေသည်။

ရုတ်တရက် ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များတစ်ခုမှ ထွက်ပေါ်နေသည့်အလင်းရောင်တစ်ခု မှိန်ဖျော့ငြိမ်းသတ်သွားသည်။

ထို့နောက် ဒုတိယတစ်ခု ၊ တတိယတစ်ခု ငြိမ်းသတ်သွားကြပြန်သည်။

သို့သော် ကျန်ရှိသည့် သွေးကြောဆုံချက်များမှ အလင်းရောင်များက  အဆက်မပြတ် တောက်ပလာပြီး အပြောင်းအလက်တစ်ခု ကြုံတွေ့ရသည်ပမာ ပိုမိုလင်းထိန်တောက်ပလာသည်။

အလင်းတန်းများက စကြာဝဠာအတွင်းလှည့်ပတ်နေသည့် ကြယ်စင်များစွာအလား ထင်မှတ်ရပြီး ရန်ကျောက်ကဲ၏ စွမ်းအားရောင်ဝါသည်လည်း တဟုန်ထိုး မြင့်တက်လာသည်။

လွှမ်းခြုံဧကရာဇ်က သက်ပြင်းသဲ့သဲ့ချရင်း...

“သူ သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်ကို အဆင့်တက်သွားပြီ...”

သူက ဆက်ပြောသည်။

“ငါ သိသလောက်... ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမတိုင်ခင််လေးကမှ သူ အမတကူးပြောင်းခြင်း ကနဦးအဆင့်ကို အဆင့်တက်ထားတာ မဟုတ်လား”

လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲအပေါ် အတော်လေးချီးကျူးမိသော်လည်း သူ၏မျက်ဝန်းများထဲတွင် နှမျောတသရိပ်လည်း ယှက်သမ်းနေသည်။

အကြောင်းမှာ ရန်ကျောက်ကဲသည်လည်း ကြယ်စင်ရောင်ပြန်ရေကန်တွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသော အမည်ကို ကြားလိုက်ရသည် မဟုတ်ပါလား။

လွှမ်းခြုံဧကရာဇ်က မကျေမနပ်ဖြင့် ပိုးသားဧကရာဇ်အား လှမ်းကြည့်လိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်မိသည်။

ဖန်းယွင်ရှန်း၏ကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ၏သဘောထားမည်သို့ရှိမည်ဆိုသောအချက်က သူ့ကို အနည်းငယ် ခေါင်းကိုက်စေသော်လည်း ရန်ကျောက်ကဲ၏ အရည်အချင်းရှိမှုကိုတော့ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ပိုးသားဧကရာဇ် စိတ်ဖောက်ပြန်ကာ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ အမည်ကို ထုတ်ဖော်ပြောလိုက်ပြီး အထက်ဘုံကမ္ဘာမှ အတော်ဆုံးပါရမီရှင်တစ်ယောက်ကို ဖျက်ဆီးလိုက်သည်မှာ အတော်လေး စိတ်မကောင်းစရာဖြစ်သည်ဟု လွှမ်းခြုံဧကရာဇ် ခံစားနေရသည်။

ပိုးသားဧကရာဇ်ကတော့ ကြယ်စင်ရောင်ပြန်ရေကန်မှ ကိစ္စကို လုံးဝ မေ့သွားပုံရပြီး ရန်ကျောက်ကဲကို အလွန်တရာ အထင်ကြီးဟန်ဖြင့်...

“ဒီလူငယ်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုက တကယ့်ကိုချီးကျူးထိုက်စရာပဲ”

လွှမ်းခြုံဧကရာဇ်က ခေါင်းညိတ်ရင်း ရန်ကျောက်ကဲကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

အပြင်သို့ တမင်သက်သက် ထုတ်ဖော်ပြသခြင်း မရှိသည့်တိုင် ရန်ကျောက်ကဲ၏ စွမ်းအားရောင်ဝါကို လူတိုင်း ခံစားသိရှိနိုင်သည်။

သူ၏စိတ်ထဲမှ မကျေနပ်မှု ၊ ငြိုငြင်မှု ၊ စိုးရိမ်ပူပန်မှု ၊ ဒေါသတရား ၊ ဖိနှိပ်မှုနှင့် အခြားအသုံးမဝင်သော အတွေးများစွာကို မီးတောင်ပမာ အပြင်ဘက်သို့ ပေါက်ကွဲထွက်မည့်အစား အဆုံးစွန်သော ပန်းတိုင်သို့အရောက်လှမ်းနိုင်ရန် ပြတ်ပြတ်သားသား ကြိုးစားနေခဲ့သည်။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံက အလွန်တရာ မြင့်မားလေရာ ကြီးမားသော ကျင့်ကြံခြင်းတစ်ဆို့မှုများမှလွဲပြီး သာမန်အခက်အခဲများက သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

သူလျှောက်လှမ်းခဲ့သော စန်းချင်း (၃)ပါး တာအိုကျင့်စဉ်များ တပြိုင်တည်းကျင့်ကြံသည့် ရှားပါးလမ်းစဉ်၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ခြေလှမ်းတိုင် ခိုင်မာစွာလျှောက်လှမ်းခဲ့ပြီး ဘယ်သောအခါမှ အလျင်စလို မလုပ်ခဲ့ပေ။

လက်ရှိမှာတော့ အနက်ရောင်နတ်ဆိုးမီးလျှံကို သန့်စင်ရာမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လျစ်လျူရှုကာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားစေရန် ကြိုးစားနိုင်ခဲ့သည်။

လူငယ်၏ တည်ငြိမ်သောမျက်နှာအမူအရာကိုတွေ့မြင်လိုက်တော့ လွှမ်းခြုံဧကရာဇ် ခေါင်းပင်ကိုက်သွားရသည်။

ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...

“အခု သူ့ကို ပိုပြီးတောင်သဘောကျနေမိပြီ...”

လွှမ်းခြုံဧကရာဇ်က ပိုးသားဧကရာဇ်ကို ကြည့်လိုက်ရင်း...

“သူက မင်းနဲ့မတူဘူး...”

ပိုးသားဧကရာဇ်က ရယ်မောလိုက်ရင်း...

“သူနဲ့ငါမတူညီတာက ဘာမှမမှားပါဘူး ၊ ကြာပန်းနီလေးက သူ့ကိုအတော်လေး သဘောကျရှာတာ... အစကတော့ ငါလည်း သူ့ကို သမက်တော်မလားလို့တောင် စဉ်းစားခဲ့မိတာ ၊ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို အကဲဖြတ်ရရင် ဒီကောင်လေးက အရည်အချင်းတွေ မနည်းမနော ပြည့်လျှံနေတာပဲကိုး...”

All Chapters