စနစ်နှစ်ခုကို နှိုင်းယှဉ်ခြင်း
Vol. 69 Ch. 953
ဂိုဏ်းရှိ လူများအား လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ညွှန်ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့က လုပ်စရာတချို့ရှိ၍ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ပထမဦးစွာ သူက ဓားဧကရီ ပေးထားသည့် ဆေးဖော်စပ်နည်းကို စစ်ဆေးကြည့်လိုက်၏။
ထင်ထားသည့်အတိုင်း ထိုအရာက အင်မတန်ရှုပ်ထွေးကာ ပါဝင်ပစ္စည်းများက သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ကံကြမ္မာစွမ်းအားကို အသုံးပြုကာ ထိုပစ္စည်းများအကြောင်းနှင့် ပတ်သက်၍ သူတို့၏ အသုံးပြုပုံများ၊ ကြီးထွားရာ ပတ်ဝန်းကျင်နှင့် သမိုင်းကြောင်းကိုပင် သင်ယူခဲ့သည်။ မိနစ်ပိုင်းလေးအတွင်း သူက ထိုပါဝင်ပစ္စည်းများအကြောင်းကို ယွမ်ခေတ်ကာလများစွာ လေ့လာထားသည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ထက်ပင် ပိုမိုကျွမ်းကျင်စွာ သိလာခဲ့သည်။
“ ငါ ထင်ထားတာထက် ပိုပြီး အဆင်ပြေနေတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ နောက်တစ်ဆင့်က သူ့စိတ်ထဲ ထိုဆေးလုံးကို ဖော်စပ်ဖို့ သရုပ်ပြရန် ဖြစ်သည်။
သို့သော်လည်း သိပ်မကြာခင် သူ့လက်ရှိ ဆေးဝါး မဟာတာအိုအရင်းအမြစ်ဖြင့် ထိုအဆင့်မြင့် ဧကရာဇ်အဆင့် ဆေးလုံးကို မဖော်စပ်နိုင်သေးကြောင်း တွေ့ရှိသွားခဲ့သည်။
ကိစ္စတော့မရှိပါဘူး။ ငါ ဆေးဖော်စပ်ရေး ဖြစ်စဉ်ကို အောင်အောင်မြင်မြင် လှုံ့ဆော်နိုင်ရင် ငါ့အစီအစဉ်က အလုပ်ဖြစ်နိုင်တယ်…
သူက ဆေးဝါးနှင့် လက်နက်သန့်စင်ခြင်းကဲ့သို့ အရန်မဟာတာအိုအရင်းအမြစ်များကို မြှင့်တင်ဖို့ ယခုအခိုက်အတန့်အား အသုံးပြုလိုက်သည်။
ထို့နောက် ဝမ်ဝေ့က ရှေးဟောင်းခေတ်ကာလမှ ကျင့်ကြံရေးနည်းစနစ်များစွာကို ထုတ်ယူလိုက်၏။ ပတ်ဝန်းကျင်အသစ်ဖြင့် မူလစနစ်ကို အဆင့်မြှင့်တင်ဖို့ အချိန်ကျရောက်လာလေပြီ။
သို့သော်လည်း သူက ကမ္ဘာ၏ တုံ့ပြန်မှုများကို လေ့လာရင်းဖြင့် ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်ထား၏။
ပထမဦးစွာ ရှေးဟောင်းမျိုးနွယ်က ကမ္ဘာဦးနတ်ဘုရားစနစ်ကို တိတ်တဆိတ် ဖြန့်ဝေပြီး တာအိုအခွင့်အလမ်းဂိုဏ်း၏ တာအိုဖခင် ကံကောင်းမှုကို နှောင့်ယှက်ဖို့ ကြိုးစားသည်လား သိချင်မိသည်။ သူတို့က ပြောင်းလဲသွားသည့်ဟန်ပေါ်သော်လည်း သူ့အနေဖြင့် မယုံကြည်သေးပေ။
ဒုတိယအနေဖြင့် လက်ရှိ မူလစနစ်က လက်ရှိပတ်ဝန်းကျင်တွင် မည်သို့ပြောင်းလဲသွားကြောင်း သိချင်မိသည်။ ပတ်ဝန်းကျင်အပြောင်းအလဲက အချိန်မှားယွင်းစွာ မွေးဖွားလာသည့် ပါရမီရှင်များအတွက် သူတို့၏ ကျင့်စဉ်ကို ဆင့်ကဲပြောင်းလဲကာ တုယီနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် အခွင့်အခါကောင်း ဖြစ်၏။
ထို့ကြောင့် သူ့အနေနှင့် သူတို့သည် သူ့ကို လှုံ့ဆော်ပေးနိုင်သည့် အရာတစ်ခုခုများ ရှိလာမလားဟု သိချင်နေမိသည်။ ဝမ်ဝေ့က အစီအစဉ်တချို့ ရှိထားသော်လည်း နောက်ဆုံးရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်သေးသည့်အတွက် ရှေးဟောင်းစနစ်မှ လှုံ့ဆော်မှုတချို့ လိုချင်နေသည်။
ရှေးဟောင်းစနစ်တစ်ဖြစ်လည်း ကမ္ဘာဦးနတ်ဘုရား စနစ်၏ ပထမအဆင့်ကား သွေးချီ အဆင့် ဖြစ်၏။ ထိုအဆင့်က လက်ရှိခန္ဓာကိုယ် လေ့ကျင့်ရေးအဆင့်နှင့် တူညီပြီး ခန္ဓာကိုယ်၏ သွေးချီကို ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။
ရှေးဟောင်းစနစ်မှ ပြုစုပျိုးထောင်ထားသည့် သွေးချီက ပင်ကိုချီနှင့် ဟော်သဲ့ချီတွေကို ကျင့်ကြံထားတာဆိုတော့ မူလစနစ်ထက်စာရင် ပိုပြီးတော့ သန့်စင်လိမ့်မယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သေမျိုး သူ့ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်၏။
ထို့နောက် ထိုကိုယ်ပွားက မူလစနစ်ကို ပင်ကိုချီ အသုံးပြု၍ ပထမအဆင့်ကို စတင်ကျင့်ကြံလိုက်သည်။
“သွေးချီက ပတ်ဝန်းကျင်အပေါ်မူတည်ပြီး တကယ်ကို သန့်စင်ပြီး အလားအလာကောင်းလာတယ်” ဝမ်ဝေ့က ဒုတိယသေမျိုး ကိုယ်ပွားကိုပါ ဆက်လက် ဖန်တီးလိုက်သည်။ သို့သော် ထိုကိုယ်ပွားကမူ ရှေးဟောင်းစနစ်ကို အသုံးပြုပြီး သွေးချီကို ကျင့်ကြံနေသည်။
“သန့်စင်မှုနဲ့ အလားအလာက ဘယ်ကျင့်ကြံရေးစနစ်ပဲဖြစ်ဖြစ် အတူတူပဲ”
သူ့ကိုယ်ပွားက တူညီသည့် ရုပ်ခန္ဓာ၊ ဝိညာဉ်၊ မှတ်ဉာဏ်နှင့် တူညီသည့် ပင်ကိုချီပမာဏကို စုပ်ယူနေကြသည်။ ရလဒ်ကမူ သူတို့၏ သွေးချီက အတူတူဖြစ်သည့်အတွက် ထိုစနစ်နှစ်ခု၏ စမှတ်က အတူတူသာဖြစ်ကြောင်း ဆိုလိုနေသည်။
ရလဒ်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဒုတိယအဆင့်ဖြစ်သည့် သံမဏိအရိုး ကြေးနီအရေပြားအဆင့်ကို အာရုံစိုက်ထားလိုက်သည်။ ရှေးဟောင်းစနစ်က သူတို့၏ စွမ်းအင်ဗဟိုချက် သို့မဟုတ် အံ့ဖွယ်ပင်လယ်ကို မဖွင့်လှစ်ဘဲ ခန္ဓာကိုယ်ကို အရေပြား၊ ကြွက်သား၊ အရွတ်၊ အရိုးနှင့် အတွင်းအင်္ဂါများအထိ ဆက်လက် လေ့ကျင့်ပေးကြသည်။
ဝမ်ဝေ့က သူ့ကိုယ်ပွားများ ဒုတိယအဆင့် ရောက်ရှိသည့်အခါ တိုက်ခိုက်ကြည့်ခိုင်းလိုက်၏။ ရလဒ်က ရှေးဟောင်းစနစ် ကိုယ်ပွားက နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာခဲ့သည်။ ထိုသူက မူလစနစ် ကိုယ်ပွား၏ မူလချီမှ အပျက်အစီးများကို လျစ်လျူရှုထားနိုင်သည်။ ထို့ကြောင့် မူလစနစ်ဘက်မှ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။
“ဒါက ဂရုစိုက်ရမဲ့အရာပဲ” ဝမ်ဝေ့က ထိုပြဿနာ၏ အရင်းအမြစ်ကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။ ကိုယ်ပွားမှ ဖွဲ့စည်းထားသည့် မူလချီက ပင်ကိုချီ အသုံးပြုထားသည့်အတွက် ပိုမိုသန့်စင်သော်လည်း မြင့်မားသည့် အဆင့်သို့ မရောက်ရှိသေးပေ။
ဝမ်ဝေ့က တတိယအဆင့်ဖြစ်သည့် သင်္ကေတခန္ဓာအဆင့်ကို ဆက်လက် လေ့လာကြည့်လိုက်သည်။ ထိုအဆင့်တွင် ရှေးဟောင်း ကိုယ်ပွားက သူ့အားကောင်းသည့် သွေးချီနှင့် ဝိညာဉ်စွမ်းအားတို့ဖြင့် သင်္ကေတများကို ဖွဲ့စည်းပြီး ထိုသင်္ကေတများက မိုးမြေနှင့် သဟဇာတ ဖြစ်နေခဲ့သည်။ ထိုသင်္ကေတများကို ခန္ဓာကိုယ်အတွင်း ပေါင်းစည်းပြီးသည့်နောက်တွင် နောက်တစ်ဆင့်သို့ ရောက်ရှိသွား၏။
"ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က အမျိုးသမီး ကမ္ဘာဦးနတ်ဘုရား ကျင့်ကြံနေတာကို မြင်တွေ့ပြီးတဲ့နောက်မှာ ဒီအဆင့်ကို ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်။ သူမ ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ တာအိုစည်းချက်တွေကို မြင်တွေ့ခဲ့ပေမဲ့ သူက နားမလည်ခဲ့ဘူး။
အဲဒါကြောင့် သူတို့ကို ကူးပြီးတော့ သင်္ကေတတာအိုရဲ့ အဆင့်နိမ့်ပုံစံအဖြစ် ဖန်တီးခဲ့တာ။ အဲ့လိုဆိုရင် အဆင့်နှစ်ပဲ ဖြစ်သင့်တာပေါ့။ ဒီလိုမျိုး အောင်မြင်မှုမျိုး အထိ ရတယ်ဆို သူ့နားလည်နိုင်စွမ်းက အတော်လေးကို မြင့်မားရမယ်။ တကယ်ကို ငါ့ဘိုးဘေးဆိုတဲ့အတိုင်းပဲ” သူက ရေရွတ်လိုက်သည်။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ကို ချီးကျူးပြီးသည့်နောက်တွင် ကိုယ်ပွားနှစ်ခုကို ဆက်လက် တိုက်ခိုက်ခိုင်းပြီး အံ့ဖွယ်ပလ္လင်အဆင့်နှင့် သင်္ကေတရုပ်ခန္ဓာအဆင့်ကြားမှ ရလဒ်ကို ကြည့်လိုက်သည်။ နောက်ဆုံးရလဒ်က ရှေးဟောင်းစနစ်မှ အနိုင်ရရှိလေသည်။ သို့သော်လည်း စွမ်းအားကွာဟချက်ကြောင့် မဟုတ်ဘဲ ရှေးဟောင်းကိုယ်ပွားက ပြိုင်ဘက်ကင်းခံနိုင်ရည် ရှိထားသည့်အတွက် မူလကိုယ်ပွားအား မူလချီများကို ပတ်ဝန်းကျင်မှ အားဖြည့်ဖို့ စုပ်ယူနှုန်းထက် မြန်ဆန်အောင် သုံးဖို့ ဖိအားပေးခဲ့၍ ဖြစ်သည်။
“အံ့ဖွယ်သွေးကြောတွေက တကယ့်ကို ပြောင်မြောက်တဲ့ နည်းလမ်းတစ်ခုပဲ။ ကျင့်ကြံသူတွေရဲ့ မိုးမြေကြားက ဝိညာဉ်ချီ ထိန်းချုပ်မှုကို တိုးမြှင့်ပေးတယ်။ ဒါပေမဲ့ တာအိုသင်္ကေတတွေက ဒီလိုတူညီတဲ့ သက်ရောက်မှုမျိုး ရှိတယ်။ တစ်ယောက်က ချီလမ်းစဉ်ကို လျှောက်လှမ်းရင် တခြားသူက အဆီအနှစ် (ခန္ဓာကိုယ်)လမ်းစဉ်ကို လျှောက်လှမ်းရမယ်”
၄ဆင့်မြောက်ကမူ သွေးမျိုးဆက်မျိုးစေ့အဆင့်ဟု ခေါ်ဆိုပြီး ရှေးဟောင်း ကျင့်ကြံသူများက သူတို့၏ ပထမဦးဆုံး သွေးမျိုးဆက်ကို ပြီးမြောက်စေခဲ့သည်။ ထိုအဆင့်တွင် ရှေးဟောင်းကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပင်ကိုနတ်ဆိုး သို့မဟုတ် ကမ္ဘာဦးနတ်ဘုရားများ၏ သွေးမျိုးဆက်၏ ပေါင်းစည်းမှုအား ရှင်သန်နိုင်လောက်အောင် အားကောင်းနေပြီ ဖြစ်၏။
သူတို့၏ စွမ်းအားက သူတို့ရွေးချယ်ထားသည့် သွေးမျိုးဆက်၏ ဆေးကြောမှုကို ကြုံတွေ့ပြီးသည့်နောက်တွင် နောက်တစ်ဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကာ အံ့ဖွယ်စွမ်းရည်များ နိုးထလာလိမ့်မည်။
သို့သော်လည်း သွေးမျိုးဆက်က အလားအလာ မျိုးစေ့အဖြစ်သာ မှတ်ယူနိုင်သည်အတွက် ကျင့်ကြံသူများက မြင့်မားသည့် သွေးမျိုးဆက်ကို မခံယူနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ သွေးမျိုးဆက် စွမ်းအားကို ဆက်လက်မြှင့်တင်ရမည်။
ဝမ်ဝေ့က ထိုအဆင့်ရှိ ကိုယ်ပွားများကြားမှ တိုက်ပွဲကို ဆက်လက် လှုံ့ဆော်လိုက်သည်။ မူလစနစ်က မူလအရင်းအမြစ်၏ စွယ်စုံသုံးမှုကြောင့် အရေးသာချက် ပြလာခဲ့၏။ ထိုစဉ် ရှေးဟောင်း ကျင့်ကြံသူများကမူ သူတို့သွေးမျိုးဆက်ပေါ် မူတည်သည့် အံ့ဖွယ်စွမ်းရည် တချို့ကိုသာ အသုံးပြုနိုင်ကြသည်။ သို့သော်လည်း သွေးမျိုးဆက်က မည်မျှအားကောင်းလဲအပေါ် မူတည်၍ သဘာဝလွန်အဆင့် ကျင့်ကြံသူကို လွှမ်းမိုးဖို့ရာ ဖြစ်နိုင်ချေရှိ၏။
သို့သော်လည်း မူလကိုယ်ပွားက ထူးကဲသည့် ပင်ကိုစွမ်းရည်ကို အသုံးပြုလာနိုင်သည်။ အဆိုးဆုံးအခြေအနေအားဖြင့် သူတို့သည် စတေးပြီး ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုနိုင်ကြသည်။
၅ ဆင့်မြောက်ကမူ သွေးမျိုးဆက် နိုးထခြင်းအဆင့် ဖြစ်၏။ ထိုအဆင့်တွင် ရှေးဟောင်းကျင့်ကြံသူများက သူတို့၏ သွေးမျိုးဆက်ထဲ ဒုတိယမြောက် အသက်ဝင်နိုးထခြင်းကို ရရှိမည်ဖြစ်ကာ သူတို့၏ ခန္ဓာကိုယ်ကို ပိုမိုမြင့်မားအောင် ကျင့်ကြံပြီး ပိုမိုအလားအလာကောင်းသည့် အံ့ဖွယ်စွမ်းရည်များ နိုးထလာလိမ့်မည်။
ဝမ်ဝေ့က ထိုကိုယ်ပွားနှစ်ခုကြားမှ တိုက်ပွဲကို လှုံ့ဆော်ကြည့်သည့်အခါ သရေသာ ဖြစ်နေသည်။ အံ့ဖွယ်ခန္ဓာအဆင့် ကိုယ်ပွားက လူသားအဆင့်တွင် ထပ်ခါထပ်ခါ လေ့ကျင့်ထားသော်လည်း အားနည်းသည့် ခန္ဓာကိုယ်ကြောင့် ဒုက္ခတွေ့ခဲ့သည်။ မူလကိုယ်ပွားကမူ မြေကမ္ဘာအဆင့်တွင် ဒွာရများကို ဖွင့်လှစ်ပြီးသည့်နောက် သူတို့စိတ်ဝိညာဉ်နှင့် ဝိညာဉ် ပြောင်းလဲသွားစေ၍ အရေးသာချက် အနည်းငယ် ရှိလာခဲ့၏။
မိုးမြေစွမ်းအားကို ထိန်းချုပ်နိုင်သည့် ကောင်းကင်အဆင့်အတွက်မူ ရှေးဟောင်းကိုယ်ပွားက သူတို့၏ သွေးမျိုးဆက်ဖြင့် တူညီစွာ လုပ်ဆောင်နိုင်ကြသည်။
၆ ဆင့်မြောက်ကမူ အစစ်အမှန် စိတ်ဝိညာဉ်အဆင့် ဖြစ်ပြီး ရှေးဟောင်းကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ် သို့မဟုတ် ဝိညာဉ်ကို သူတို့၏ ခန္ဓာကိုယ်ထဲ ပေါင်းစည်းကာ အစစ်အမှန် စိတ်ဝိညာဉ်ကို ရယူနိုင်ကြ၏။ ထိုအဆင့်တွင် သူတို့က မယုံနိုင်လောက်ဖွယ် ပြန်လည်ကုစားနိုင်စွမ်း ရရှိလာလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း ကျန်ရှိနေသရွေ့ သူတို့၏ ဝိညာဉ်ကြောင့် အလိုလို အသက်ပြန်ရှင်လာနိုင်သည်။
ထိုအဆင့်ရှိ တိုက်ပွဲကလည်း လက်ရည်ညီနေလေ၏။ ရှေးဟောင်းကိုယ်ပွားက သတ်ဖို့ ခက်ခဲစဉ် မူလကိုယ်ပွားကမူ သူ့ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် ထွက်ပြေးခြင်းဖြင့် အသက်ကို ကယ်တင်နိုင်သည်။
၇ ဆင့်မြောက်ကမူ စည်းမျဉ်းနိုးထခြင်း အဆင့် ဖြစ်ပြီး ရှေးဟောင်းကျင့်ကြံသူများက သူတို့သွေးမျိုးဆက်ထဲမှ စည်းမျဉ်းကို အသက်သွင်းပြီး သူတို့၏ ပင်ကိုစည်းမျဉ်းကို အသက်သွင်းနိုင်သည့် အနေအထားလည်း ဖြစ်ပေသည်။
ထိုအဆင့်တွင် မူလစနစ်က အနိုင်ရရှိခဲ့၏။ အကြောင်းအရင်းမှာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများက စည်းမျဉ်းကို နားလည်သွားပြီးပြီဖြစ်ကာ ရှေးဟောင်းစနစ်ကမူ နိုးထနေသည့် ဖြစ်စဉ်အတွင်းသာ ရှိနေသေး၏။
၈ ဆင့်မြောက်ကမူ စည်းမျဉ်းနားလည်ရေးအဆင့် ဖြစ်ပြီး နာမည်က ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသထားသည်။ ထိုစနစ်နှစ်ခုကြားမှ တိုက်ပွဲက အတော်လေး ထူးကဲလှ၏။ မူလစနစ်၏ ကိုယ်ပွားက ရှေးဟောင်းစနစ်မှ ကိုယ်ပွားအား သူ့ပိုင်နက်ဖြင့် လွှမ်းမိုးကာ အသုံးမဝင်အောင် တားဆီးခဲ့သည်။
သို့သော်လည်း ထိုအရာသည် ပင်ကိုစည်းမျဉ်းများ မနိုးထလာသေးသည့်လူများအတွက် တစ်ခုတည်းသော အသုံးပြုစရာ ဖြစ်၏။ ထိုအခါ ပိုင်နက်စွမ်းအားက အသုံးမဝင်ဖြစ်သွားမည်ဖြစ်ကာ နောက်ဆုံးအနိုင်ရရှိသူက တစ်ယောက်ချင်းစီ၏ နားလည်နိုင်စွမ်းအပေါ် မူတည်နေသည်။
သဘောတရားအရ သူတော်စင်များသည် စည်းမျဉ်းနားလည်ရေးအဆင့်ထက် နက်နက်နဲနဲ နားလည်သင့်သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ရှေးဟောင်းကျင့်ကြံသူများက သူတို့စည်းမျဉ်း နိုးထလာသည့်အချိန်သည် အလဟဿ မဖြစ်ခဲ့ပေ။ သူတို့က စည်းမျဉ်းဖြင့် ပိုမိုသဟဇာတဖြစ်လာပြီး မူလစနစ်ထက် ပိုမိုထိန်းချုပ်နိုင်မှု ရှိလာခဲ့၏။
၉ ဆင့်မြောက်ကမူ စည်းမျဉ်းခန္ဓာအဆင့် ဖြစ်သည်။ ရှေးဟောင်းကျင့်ကြံသူများက သူတို့၏ စည်းမျဉ်းကို အသုံးပြုကာ ရုပ်ပိုင်းခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲပြီး ပင်ကိုနတ်ဆိုး သို့မဟုတ် ကမ္ဘာဦးနတ်ဘုရားများဖြင့် ဆင်တူအောင် ပြောင်းလဲနိုင်ကြသည်။
ကိုယ်ပွားများ၏ ထိပ်တိုက်တွေ့ဆုံမှုက လက်ရည်ညီနေကြ၏။
ဝမ်ဝေ့အနေနှင့် ရှေးဟောင်းစနစ်ကို ပိုမိုသဘောကျမိသည်။ အကြောင်းအရင်းမှာ အထွတ်အထိပ်အဆင့် တစ်ယောက်၏ ခန္ဓာကိုယ်က အားနည်းလွန်းပြီး သူတို့၏ ဓမ္မခန္ဓာကိုယ်နှင့် မပေါင်းစပ်ခင် ကျိုးပဲ့လွယ်နေသည်။ သို့သော်လည်း စနစ်တစ်ခုချင်းစီ၏ စွမ်းအားက အတူတူသာ ဖြစ်နေသည်။
“တစ်ခုချင်းစီမှာ ကိုယ်ပိုင်အရေးသာချက်ရှိကြတာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“အစောပိုင်းအဆင့်တွေမှာ ရှေးဟောင်းစနစ်က သိသာတဲ့ အရေးသာချက် ရှိတယ်။ အလယ်ပိုင်းအဆင့်ထဲမှာ မူလစနစ်က ပင်ကိုစွမ်းရည်နဲ့ ကံကြမ္မာကောင်း မီးတောက်ရဲ့ မြှင့်တင်မှုကြောင့် အရေးသာချက် အနည်းငယ် ရှိခဲ့တယ်။
ဒါပေမဲ့ ရှေးဟောင်းစနစ်က သူတို့ရဲ့ သွေးမျိုးဆက်အပေါ်မှာ မှီခိုမှုအားကြီးတော့ သိပ်တော့ သဘောမကျဘူး။ မူလစနစ်ရဲ့ စည်းမျဉ်းလမ်းစဉ်က ပိုကောင်းတယ်လို့ ထင်တယ်။ ဒါပေမဲ့ အဆင့် ၇မှာ စည်းမျဉ်းတွေနဲ့ ဘယ်လိုသဟဇာတ ဖြစ်သွားအောင် လုပ်လိုက်သလဲဆိုတဲ့ အချက်အပေါ်မှာတော့ ရှေးဟောင်းစနစ်ကို လေ့လာရတာ ထိုက်တန်တယ်”
စည်းမျဉ်းလမ်းစဉ်တွင် ရှေးဟောင်းစနစ်က အားကောင်းသည့် ခန္ဓာကိုယ်မှ ထောက်ပံ့ပေးထားသည့်အတွက် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်မှုရှိလေသည်။ ထိုစဉ် မူလစနစ်ကမူ စည်းမျဉ်းကို နားလည်ဖို့နှင့် လှုံ့ဆော်ဖို့ရာသာ အာရုံစိုက်ထား၏။
“မူလစနစ်ကို ဘယ်လိုတိုးတက်အောင် လုပ်ရမယ်ဆိုတာကိုတော့ သိပြီ။ ဒါပေမဲ့ စောင့်ကြည့်ရဦးမယ်။ ငါ ဒီခေတ်ကာလရဲ့ ပါရမီရှင်တွေဆီကနေ ဘယ်လိုလှုံ့ဆော်မှုမျိုး ရဦးမလဲ…”