← Chapters

အိပ်မက်အုပ်စိုးသူ

Vol. 69 Ch. 954

အိပ်မက်အုပ်စိုးသူ

Vol. 69 Ch. 954

သရုပ်ဖော်မှုက ဝမ်ဝေ့အတွက် ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရသည်။ ထိုအချိန်က ကမ္ဘာကြီးသည် လတ်တလော အပြောင်းအလဲများဖြင့် မည်သို့ ရင်ဆိုင်နေကြောင်း မြင်တွေ့ဖို့ရာ လုံလောက်လေ၏။

သူက တစ်ကမ္ဘာလုံးကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ထိုအင်အားစုများက ဤသည်မှာ ကုသိုလ်ရယူဖို့ အခွင့်အရေးကောင်း ဖြစ်မှန်း သိသည့်အတွက် သူတို့၏ သေမျိုးပိုင်နက်နှင့် နယ်မြေများကို ကာကွယ်ဖို့ အားကုန်ကြိုးစားခဲ့ကြသည်။ ယခင်ရက်ပိုင်းအတွင်း ကမ္ဘာထဲ အင်မော်တယ်မျိုးနွယ် အသစ်တချို့ ပေါ်ထွက်လာခဲ့သည်။ အကြောင်းအရင်းမှာ အထွတ်အထိပ်ကုန်းမြေက ကုသိုလ်အမှတ်များကို အသုံးပြုကာ မသေမျိုးနန်းဆောင်ဖြင့် လဲလှယ်ခဲ့ကြသည်။ သူတို့က ယခင်နှစ်ရာချီအတွင်း စုဆောင်းထားသမျှ အရာအားလုံးဖြင့် လဲလှယ်ခဲ့ကြသော်လည်း ထိုက်တန်ပေသည်။

ဒီအလဲအလှယ်က ကောင်းလား၊ မကောင်းလား မသိတော့ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သေမျိုးလူမှုအဖွဲ့အစည်းက အထွတ်အထိပ်သို့ ရောက်လာပြီးသည့်နောက်တွင် ကုသိုလ်ရမှတ်ကို ရယူဖို့ရာအတွက် လွယ်ကူတော့မည် မဟုတ်ပေ။

ထို့အပြင် ဝမ်ဝေ့အနေဖြင့် ကောင်းကင်တာအိုသည် မသေမျိုးနန်းဆောင်နှင့် မဟာတာအိုအရင်းအမြစ် မျိုးစေ့တို့၏ တန်ကြေးကို မြှင့်တင်မည်ကို ကြိုမြင်နေ၏။

ကောင်းပြီလေ။ ငါ့အတွက်တော့ ကိစ္စမရှိပါဘူး…

ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးလိုက်သည်။

သူက လက်ဝှေ့ပြီး ထာဝရအိပ်မက်ဂိုဏ်းဆီ တစ်စုံတစ်ခု ပို့ဆောင်လိုက်၏။ ထို့နောက် သူက ကမ္ဘာမှ ပျောက်ကွယ်သွားကာ တခြားကမ္ဘာ့အသိုက်အဝန်းတွင် ပေါ်ထွက်လာသည်။ ထိုအသိုက်အဝန်းကို အထီးကျန်အစွန်အဖျားကမ္ဘာဟု ခေါ်ဆိုသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာမှ အုပ်စိုးခြင်း ဖြစ်သည်။

ဝမ်ဝေ့က ထိုကောင်းကင်အလိုဆန္ဒကမ္ဘာကို ကြည့်ရင်း သူ သိထားသည့် သတင်းအချက်အလက်ကို ပြန်လည်တွေးတောမိသွားသည်။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်က ထိုကမ္ဘာသည် ထာဝရဧကရာဇ်အဆင့် လေဟာနယ်သားရဲပုံစံဖြင့် ဆိုးဆိုးရွားရွား ကပ်ဘေး တွေ့ကြုံခံစားခဲ့ရပြီး သူတို့၏ ကျင့်ကြံရေးအဖွဲ့အစည်းက ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်။

ဝမ်ဝေ့က ထိုနေရာမှ အကြည့်လွဲကာ တခြားတစ်နေရာဆီ ဦးတည်လိုက်၏။ ထိုနေရာက သူ့ဦးတည်ချက် မဟုတ်ပေ။ သူက တောင်ထိပ်တွင် ရှိနေသည့် ကမ္ဘာတစ်ခုတွင် ပေါ်ထွက်လာခဲ့သည်။ သူ့ သတိထားမိသည့် ပထမဦးဆုံးအရာက ဤကမ္ဘာ၏ ကျယ်ပြန့်မှုကို ဖြစ်၏။ သူ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤကမ္ဘာက အသင်္ချေအင်ပါယာကမ္ဘာ၏ ၃၀ရာခိုင်နှုန်း ရှိနေသည်။

ဤအရွယ်အစားက အံ့ဩဖို့ ကောင်းလှ၏။ မဟာကမ္ဘာအများစုက သူတို့ကမ္ဘာ့အသိုက်အဝန်း၏ ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း အရွယ်အစားသာ ရှိတတ်ကြသည်။

ဝမ်ဝေ့ ဒုတိယတစ်ခု သတိထားမိသည့်အရာက ဤကမ္ဘာရှိ ချီကံကောင်းမှု နဂါးက ကမ္ဘာတစ်ခုလုံးကို လှည့်ပတ်ကာ သွားလာနေသည်။ မည်သူကမှ မမြင်တွေ့ကြဘဲ နဂါးက သူ့ပိုင်နက်ကို စစ်ဆေးကြည့်ကာ လူအများက ကျေနပ်ပြီး ပြဿနာရှာသည့်လူများ မရှိအောင် သေချာအောင် စောင့်ကြပ်နေ၏။

ဒီချီကံကောင်းမှုနဂါးက ဝိညာဉ်ပုံစံပဲ။ အဲဒါဆိုတော့ သက်ရှိ ဖြစ်လုနီးပါးပဲ…

ဝမ်ဝေ့က တွေးကာ သက်ပြင်းချလိုက်သည်။

ဒီကမ္ဘာက မဟာရှားတိုင်းပြည်ငယ်လေးက ဖြစ်ပေါ်လာတယ်ဆိုတာကို တွေးကြည့်လိုက်ရင် လောကဓံတရားကို မတွေးပဲနဲ့ မနေနိုင်မိလောက်အောင်ပဲ…

ဝမ်ဝေ့က ကမ္ဘာအလယ်တွင် ရှိနေသည့် အဖြူရောင်နှင့် အနက်ရောင်နန်းတော်ဆီ ရောက်ရှိလာသည်။

သူက သူ့ကျင့်ကြံရေးစွမ်းအားကို ထုတ်လွှတ်ထားခြင်း မရှိသော်လည်း သူ့အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပိုင်ရှင်က သူ့ကို ဖိတ်ကြားသည်အထိ စောင့်ဆိုင်းနေလိုက်သည်။

ထင်ထားသည့်အတိုင်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင်ကုန်းကုန်းတစ်ယောက်က နန်းတော်မှ ထွက်လာကာ သူ့ကို ကြည့်လာသည်။

“အရှင်က ဝမ်…” ထိုကုန်းကုန်းက ထိုသူ၏ နာမည်ကို ပြောလိုက်ခြင်းက ရန်စမှုကြီးဟု ရုတ်တရက်ခံစားမိ၍ စကားကို ဆုံးအောင် မပြောရဲပေ။ သူ့အလိုလိုသိစိတ်က သူသာ ထိုသူ၏ နာမည်ကို ရေရွတ်လိုက်သည်နှင့် ဆိုးရွားလှသည့် ကံကပ်ဘေး ခံစားရမည်ဖြစ်ကြောင်း ပြောပြနေသည်။

“အနှောင့်အယှက် ပေးမိရင် ကျွန်တော် တောင်းပန်ပါတယ်။” ကုန်းကုန်းက တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အရှင်မက စောင့်နေပါတယ်” သူက ထိုသူကို မော့မကြည့်ရဲပေ။

“ရှေ့ကနေ လမ်းပြပါ”

ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လေ့လာရင်း သူ့နောက်မှ တည်တည်ငြိမ်ငြိမ် လိုက်သွားလိုက်၏။ ထိုစဉ် ကုန်းကုန်းက ရှေ့မှ နေရင်း တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ သူက ထိုသက်ရှိမျိုး၏ ရှေ့တွင် သွားလာနေခြင်းက ကြီးမားသော ရန်စမှုတစ်ခုဖြစ်ကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ ကံဆိုးစွာဖြင့် ထိုအရာက သူ့အလုပ် ဖြစ်နေလေ၏။

ဝမ်ဝေ့က ကုန်းကုန်း၏ အပြုအမူကို သတိထားမိသော်လည်း သူ တတ်နိုင်သည့်အရာ မရှိပေ။

သူ့သက်ရှိပုံစံက ထိုလူနှင့် ကွဲပြားသည့် ဒိုင်မေးရှင်း သက်ရှိ ဖြစ်၏။ သူက အရှိန်အဝါ ထုတ်လွှတ်ထားခြင်း မရှိလျှင်ပင် လူအများစုက သူ့ရှေ့တွင် ထိုသို့သာ ပြုမူကြလိမ့်မည်။

သို့သော်လည်း ကုန်းကုန်း၏ အခြေအနေအတွက် အဓိကအကြောင်းအရင်းကမူ စိတ်ပိုင်းဆိုင်ရာ ပြဿနာ သို့မဟုတ် စိတ်အခြေအနေကြောင့်သာ ဖြစ်၏။ အကယ်၍ သူ့စိတ်စွမ်းအားကသာ ခိုင်မာပါက အခြေအနေသည် ဤမျှ အနေအထားထိ ရောက်ရှိလာမည်မဟုတ်ပေ။

“မင်း ထွက်သွားလို့ ရပြီ။ ငါ့ဘာသာငါ သွားလိုက်မယ်”

ကုန်းကုန်းက လွတ်လပ်သွားသည့်အလား စိတ်သက်သာရာရသွားမိသည်။

“ကိစ္စမရှိပါဘူး။ သူမက မင်းကို အပြစ်တင်မှာ မဟုတ်ဘူး”

သူက သက်ပြင်းချပြီးသည့်နောက်တွင် ဝမ်ဝေ့ထံ ၉၀ဒီဂရီ ဦးညွှတ်၍ အမြန်အဆန် ထွက်သွားလေသည်။

ဝမ်ဝေ့က ထိုအရာကို စိတ်ထဲ မထားဘဲ နန်းတော်ဥယျာဉ်ဆီသာ ဦးတည်လိုက်၏။

သူက အေးချမ်းကာ အေးဆေးသည့် လေထုမျိုးကို လိုအပ်လာသည့်အခါ ခုံရုံး၏ ဥယျာဉ်သို့ လူများ ခေါ်ဆောင်လာတတ်သည်ကို တွေးမိသွားသည်။

ကြည့်ရတာ အုပ်ချုပ်သူတွေအကုန်လုံးက အတူတူတွေးကြတယ် ထင်တယ်…

သူက သူ့ဦးတည်ရာသို့ မသွားခင် တွေးလိုက်မိသည်။

ပန်းဥယျာဉ်၏ အနီးတွင် မျှော်နန်းဆောင်ငယ်တစ်ခု ရှိနေပြီး ရွှေရောင်နဂါး ၉ကောင်၊ အနီရောင်ဇာမဏီ ၉ကောင်တို့ဖြင့် ပန်းထိုးထားသည့် အဖြူရောင် အုပ်ချုပ်သူဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦး ရှိနေသည်။

သူမက အရာအားလုံးကို ရောနှောထားသည့်အလား ထူးထူးဆန်းဆန်း အငွေ့အသက်မျိုး ရှိနေသည်။ တချို့က မပေါင်းစပ်သင့်သော်လည်း ပြီးပြည့်စုံစွာ ပေါင်းစပ်ထားလေသည်။

သူမက လှပကာ မြင့်မြတ်ပြီး သန်းပေါင်းများစွာ၏ အသက်ကို ဆုံးဖြတ်ပေးနိုင်သည့် အထွတ်အထိပ် အုပ်ချုပ်သူ တစ်ယောက်အလား လွှမ်းမိုးမှု ရှိသည်။ သူမက မည်သူမှ မမေ့လျှော့နိုင်သည့် ချိုမြိန်သည့် အိပ်မက်အလား၊ ထိုအဆုံးမဲ့ ချိုမြိန်မှု နောက်ကွယ်တွင် အဆုံးမဲ့အိပ်မက်ဆိုးနှင့် တူညီသည့် အမှောင်ထုမျိုးလည်း ရှိနေသည်။

“မိန်းကလေးသုံ့ မတွေ့ရတာကြာပြီ” ဝမ်ဝေ့က မျှော်နန်းဆောင်ကို ချဉ်းကပ်လာသည်။ သူက သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။

“ဟုတ်ပါတယ်။ မတွေ့ရတာ အရမ်းကို ကြာသွားပြီ” သုံ့လီဖန်းက အဖန်ရည် လောင်းထည့်ရင်း ပြောလိုက်သည်။ သူမ၏ အမူအရာက အင်မတန် တည်ငြိမ်နေသော်လည်း ဖြူဖျော့နေသည့် အသားအရည်သည် ဒဏ်ရာ အပြည့်အဝ မပျောက်ကင်းသေးကြောင်း ပြသနေသည်။

အဖန်ရည်ကို နှစ်ယောက်လုံးအတွက် တည်ခင်းပေးပြီးနောက်တွင် သူမက စကားဝိုင်းကို အစပြုလိုက်၏။

“ထင်ထားတဲ့အတိုင်း ရှင်က နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်လာတာပဲ”

သူမက အထီးကျန်အစွန်အဖျားကမ္ဘာ၏ ဧကရာဇ် တာအိုသက်သေပြသည်ကို တိတ်တဆိတ် ကြည့်ဖူးသည်။ ထိုသူက ထိပ်သီးပထမတန်းစား ဧကရာဇ်မျှသာ ဖြစ်ပြီး အတုအယောင်ထာဝရ ဧကရာဇ်ဖြစ်လာဖို့ အနည်းငယ် လိုအပ်နေခဲ့သည်။ သို့သော်လည်း သူ ထုတ်လွှတ်သည့် အရှိန်အဝါက သူမရှေ့တွင် ရှိနေသည့်သူနှင့် မယှဉ်နိုင်ပေ။

“အမှန်ပဲ” ဝမ်ဝေ့က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ မင်းသာ ခေါင်းမမာရင် ဒီမျိုးဆက်မှာ တာအိုကို သက်သေပြနိုင်လောက်တယ်”

“ခေါင်းမာတာတဲ့လား။ ဟုတ်ပါတယ်လေ။ ကျွန်မက နည်းနည်းတော့ ခေါင်းကြောမာတယ်။” သူမက ခေါင်းညိတ်လိုက်သည့်အတွက် ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူ့အနေဖြင့် သူမက သူ့စကားကို ပြန်လည်ချေပကာ သူမ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။

“အံ့ဩသွားတာလား”

“နည်းနည်းပေါ့” ဝမ်ဝေ့က သူ့တာဝန်ကို ပြီးမြောက်မည့်အခွင့်အရေးသည် သိသိသာသာ တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။

သုံ့လီဖန်းက ခေါင်းခါကာ ပြောလိုက်သည်။

“သေလုနီးပါးဖြစ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ လမ်းစဉ်က ဘယ်လောက် လိုအပ်နေတယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်”

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သုံ့လီဖန်း၏ ကျင့်ကြံရေးခရီးလမ်းက ဒဏ္ဍာရီလာ တစ်ခု ဖြစ်၏။ သူမ၏ အောင်မြင်မှုများက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ သမိုင်းကြောင်းမှတ်တမ်းတွင် အမြဲတမ်း မှတ်မိနေလိမ့်မည်။ အကြောင်းအရင်းမှာ သူမက မသေမျိုးလမ်းစဉ် တစ်ခုကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်၏။

သူမဆီ မဟာရှားတိုင်းပြည်နှင့် တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်မှု ပေးပြီးသည့်နောက်တွင် သူမက အထွတ်အထိပ် အုပ်စိုးသူလမ်းစဉ်ကို စတင်ခဲ့သည်။ အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံဆင့်ဖြင့် တိုင်းပြည်၏ ချီကံကောင်းမှုကို ထိန်းချုပ်မှုတို့ဖြင့် သူမ၏ စွမ်းအားက ပြိုင်ဘက်ကင်းလှသည်။

သုံ့လီဖန်းက ကိစ္စများကို ထိန်းချုပ်ရာတွင် ပြဿနာမရှိဘဲ ဘုရင် ထွက်ခွာသွားသည့်အတွက် သူတို့တွင် အခွင့်အရေးရှိနေပြီဟု ထင်ထားသည့်သူများကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ ထို့နောက် သူမက ကျင့်ကြံရေးကို အာရုံစိုက်ထားခဲ့၏။

ဝမ်ဝေ့က ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ရောက်ရှိနိုင်သည့် ထာဝရအိပ်မက်ဂိုဏ်းမှ ကျမ်းတစ်ခုကို ချန်ထားပေးခဲ့သည်။ သူက သူမအား ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်တွင် ၉ဆင့်မြောက်အထိသာ ရောက်ရှိထားခဲ့သည့်အချက်ကို ကာမိစေရန် ကံကောင်းမှုကို အခြေခံအုတ်မြစ်ကို ပြင်ဆင်ဖို့ရာ အသုံးပြုဖို့ ပြောခဲ့သည်။

သူမက သဘာဝအလွန်အဆင့် ရောက်ရှိပြီး အဆင့်မြင့်သူများကို ရင်ဆိုင်နိုင်သည့် တိုက်ခိုက်စွမ်းရည် ရှိလာပြီးသည့်နောက်တွင် သူမ၏ အစီအစဉ်ကို စတင်ခဲ့ပြီး အလယ်အလတ်ကမ္ဘာတစ်ခုကို ကျူးကျော်ခဲ့သည်။

သုံ့လီဖန်းက သဘာဝလွန်အဆင့် ကျင့်ကြံသူများကို တက်လှမ်းစေခဲ့၏။ ထိုသူများ၏ တာဝန်က သူမ၏ ကျူးကျော်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ခင်းကျင်းပေးကာ သတင်းအချက်အလက်နှင့် အရင်းအမြစ်များကို စုဆောင်းဖို့ရာ ဖြစ်သည်။ သူမက တိတ်တဆိတ် တက်လှမ်းကာ ကျင့်ကြံခဲ့၏။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ရောက်ရှိပြီးသည့်နောက်တွင် သူမက ကမ္ဘာကို ထိန်းချုပ်ဖို့ ယုံကြည်ချက် ရှိနေပြီဖြစ်ကာ ထိုအတိုင်း အတိအကျ လုပ်ဆောင်ခဲ့သည်။

မဟာရှားတိုင်းပြည်သည် ခေတ်သစ်ပစ္စည်းများအပေါ် ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မှုဖြင့် ယွမ် ၆ပါးကမ္ဘာဟု ခေါ်ဆိုသည့် ကမ္ဘာကို လွှမ်းမိုးဖို့ မကြာမြင့်ခဲ့ဘဲ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာဖြင့် ပေါင်းစည်းနိုင်ခဲ့သည်။

ထိုလွှမ်းမိုးမှုအပြီး နောက်တဆင့်ကမူ ရိုးရှင်းလှ၏။ ကမ္ဘာကို ပြန်လည်အားဖြည့်ကာ ကြင်နာမှုဖြင့် အုပ်ချုပ်ပြီး လူများအား စည်ပင်ကြွယ်ဝစေရန် ဖြစ်သည်။ လူများ၏ နေထိုင်မှုဘဝကို အလေးထားပြီး ကျင့်ကြံသူများအပေါ် တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းဖြင့် သုံ့လီဖန်းသည် ဤကမ္ဘာရှိ လူများအား မဟာရှားနှင့် အံဝင်ခွင်ကျဖြစ်စေခဲ့သည်။

သူမ တိုင်းပြည်၏ ကံကောင်းမှုက တိုးတက်လာကာ သူမ၏ ကျင့်ကြံဆင့်က အလယ်အလတ်ကမ္ဘာရှိ ကန့်သတ်ချက်ကို ချိုးဖောက်သွားခဲ့ပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် နောက်တဆင့်က သိသာလှပြီး မဟာကမ္ဘာဆီ သွားဖို့ရာ ဖြစ်၏။

သုံ့လီဖန်းက တူညီသည့်အဆင့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ပို၍ကောင်းမွန်သည်က သူမ၏ ကျင့်ကြံဆင့်ဖြင့် သူမက တစ်ကမ္ဘာလုံးကို ဖိနှိပ်ထားနိုင်ပြီး အစစ်အမှန်အုပ်ချုပ်သူ အားလုံးကို အနိုင်ယူကာ သာမန်ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် သတ်နိုင်ခဲ့သည်။

သူမ၏ စွမ်းအားဖြင့် သုံ့လီဖန်းက မဟူရာပင်လယ်ကမ္ဘာဟု ခေါ်ဆိုသည့် မဟာကမ္ဘာကို လွှမ်းမိုးဖို့ စိတ်လောလာခဲ့သည်။

နှမြောစွာဖြင့် ကံကြမ္မာက သူမကို ဆန့်ကျင်နေခဲ့၏။ သို့မဟုတ် သူမ၏ လမ်းစဉ်က ချောမွေ့လွန်း၍ ကပ်ဘေး ကျော်ဖြတ်ဖို့ လိုအပ်လာသည်လား မပြောတတ်ပေ။ သူမ ပစ်မှတ်ထားသည့် ကမ္ဘာက တာအိုဘိုးဘေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်သည့် ရှားပါးမဟာကမ္ဘာမျိုး ဖြစ်နေခဲ့၏။

ထို့ကြောင့် တစ်ရက်တွင် သုံ့လီဖန်းက နောက်ထပ် ပိုင်နက်ကို သိမ်းပိုက်ဖို့ ကြံစည်နေစဉ် ကောင်းကင်မှ ဧရာမလက်ဝါးချက်ကြီး ကျဆင်းလာခဲ့သည်။ သူမတွက် ကံကောင်းသွားသည်က သူမသည် တိုင်းပြည်၏ ကံကောင်းမှုကို ငှားယူကာ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ခဲ့၏။

ထို့အပြင် တစ်ဖက်လူကလည်း သူမကို သတ်ဖို့ ရည်ရွယ်ချက်ရှိဟန် မပေါ်ပေ။ ထို့ကြောင့် သုံ့လီဖန်းက ဒဏ်ရာအပြင်းအထန် ရလျက်ဖြင့် ထွက်ပြေးနိုင်ခဲ့ပြီး ထိုကမ္ဘာရှိ အခြေခံအုတ်မြစ်နှင့် သူမ၏ တပ်ဖွဲ့အားလုံးကို ဆုံးရှုံးလိုက်ရသည်။

ထို့သို့သော ရှုံးနိမ့်မှုမျိုးက အိပ်မက်အုပ်စိုးသူကို တားဆီးဖို့ရာ မလုံလောက်သေးပေ။ ဒဏ်ရာနှင့် ဆုံးရှုံးမှုတို့မှ ပြန်လည်အားဖြည့်ပြီးသည့်နောက်တွင် သူမက တခြားမဟာကမ္ဘာတစ်ခုကို ပစ်မှတ်ထားခဲ့၏။

ဤတစ်ခေါက် သူမက သတိကြီးကြီး ထားထားသည်။ နောက်ဆုံးရလဒ်ကမူ အောင်မြင်မှု ဖြစ်၏။ ထို့ကြောင့် သုံ့လီဖန်း၏ ရည်ရွယ်ချက်က ပိုမိုကြီးမားလာကာ ကောင်းကင်အလိုဆန္ဒကမ္ဘာကို ပစ်မှတ်ထားလာခဲ့သည်။ သို့သော်လည်း သူမက အမှားမှ သင်ယူထားပြီး မဟာကမ္ဘာများကို အုပ်စိုးပြီး တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာဖြင့် ပေါင်းစည်းဖို့ရာ ရွေးချယ်ခဲ့ပြီး မြင့်မားသည့် အဆင့်တစ်ခုသို့ တိုးမြှင့်ခဲ့သည်။

သူမက ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်းကို ထည့်သွင်းစဉ်းစားကာ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာကို တခြားကမ္ဘာ့အသိုက်အဝန်းဆီ ရွှေ့ပြောင်းခဲ့၏။

မဟာကမ္ဘာများကို အုပ်စိုးနေစဉ်အတွင်း သုံ့လီဖန်းက အထီးကျန်အစွန်အဖျားကမ္ဘာမှ ကောင်းကင်ရွေးချယ်ခံများဖြင့် တိုက်ခိုက်ခြင်းဖြင့် သူမကိုယ်သူမ စတင် လေ့ကျင့်ပေးခဲ့သည်။ နှမြောစရာကောင်းလှသည်က သူမအတွက် သူတို့အားလုံးက သာမန်မျှသာ ဖြစ်ပြီး သူတို့အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။ လက်ရှိ နောက်ဆုံးအနိုင်ရရှိသူ မဟာဧကရာဇ်ကိုပင် ယခင်က သူမသည် အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့၏။

အထီးကျန်အစွန်အဖျားကမ္ဘာမှ ပြန်လာပြီးသည့်နောက်တွင် သုံ့လီဖန်းက စိတ်ဝင်စားစရာကောင်းသည့် အတွေးတစ်ခု ရှိလာမိသည်။ ချီကံကောင်းမှုအား မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ဖို့အတွက် ကြားခံနယ်အဖြစ် အသုံးပြုဖို့ရာ ဖြစ်၏။

မဟာဧကရာဇ်များက သူတို့၏ ဝိညာဉ်ကို အသုံးပြုစဉ် တာအိုဘိုးဘေးများက သူတို့၏ အတွင်းကမ္ဘာကို အသုံးပြုကြရာ သူမအနေဖြင့် တိုင်းပြည်၏ ချီကံကောင်းမှုကို အဘယ်ကြောင့် အသုံးမပြုနိုင်ရမည်နည်း။

နှစ်များစွာ လေ့လာမှုနှင့် ကျင့်ကြံပြီးသည့်နောက်တွင် ကံကြမ္မာတိုင်းပြည် အင်မော်တယ်လမ်းစဉ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့သည်။

ထို့နောက် သူမ၏ ရည်မှန်းချက်က ပိုမိုကြီးမားလာပြီး ကောင်းကင်အလိုဆန္ဒကမ္ဘာကို အုပ်စိုးခဲ့လျှင် သို့မဟုတ် ဝါးမျိုနိုင်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို သိချင်လာမိသည်။

ကံကောင်းမှုက သူမဘက်တွင် ရှိလာ၏။ အကြောင်းအရင်းမှာ အထီးကျန်အစွန်အဖျားကမ္ဘာက ကပ်ဘေးကို ကြုံတွေ့ခဲ့ရသည့်အတွက် သိသိသာသာ အားနည်းသွားခဲ့သည်။

ကံဆိုးစွာဖြင့် သုံ့လီဖန်း၏ အင်အားက ဆန့်ကျင်ကျင့်ကြံသူများ ရှိထားသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို အုပ်စိုးဖို့ရာ အနေအထားနှင့် အလှမ်းဝေးနေသေးသည်။ သူမအတွက် ကံကောင်းသွားသည်က ဝမ်ဝေ့သည် သူမ၏ ရည်ရွယ်ချက်ကို မှန်းဆမိကာ သူမကို ကာကွယ်ဖို့ရာအတွက် ဂိုဏ်းမှ လူတစ်ယောက်ကို စေလွှတ်ထားခဲ့သည်။

ဝမ်ဝေ့က သူမကို ကြည့်နေရင်း သူမ၏ စွမ်းအားကို ခန့်မှန်းမိ၏။ သူမ၏ ရုပ်ပိုင်းဆိုင်ရာက အဆင့် ၂ တာအိုဘိုးဘေးနှင့် ယှဉ်နိုင်လေသည်။ မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူပြီးသည့်နောက်တွင် သူမ၏ စွမ်းအားက မဟာတာအိုအရင်းအမြစ် ၄.၉၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်စွမ်းရှိသည့် အဆင့် ၅ တာအိုဘိုးဘေး ကန့်သတ်ချက်သို့ ရောက်ရှိသွားလိမ့်မည်။

တကယ်လို့ အစစ်အမှန် ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမက ဒဿမသာလွန်အုတ်မြစ်ကို ရနိုင်လောက်တယ်…

သူက သုံးသပ်ကာ သက်ပြင်းချလိုက်သည်။

အကယ်၍ သုံ့လီဖန်းကသာ ပိုမိုကံကောင်းပြီး ထိပ်သီးဧကရာဇ်မျိုးနွယ်တွင် မွေးဖွားလာခဲ့ပါက သူမက သမာရိုးကျ မဟုတ်သည့် နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိခဲ့သလိုမျိုး ဒဿမသာလွန်အုတ်မြစ်ကိုပင် ရယူနိုင်လိမ့်မည်။

သူမ၏ အင်အားစုအနေနှင့် သူမအား အားနည်းသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို ဖျက်ဆီးဖို့ ကူညီပေးရုံမျှသာ လိုအပ်ပေသည်။ ထိုသို့သော တန်ကြေးမျိုးက ထာဝရအထွတ်အထိပ် တစ်ယောက်ကို ဖန်ဆင်းဖို့ရာအတွက် မပြောပလောက်ပေ။

“ဒီအခွင့်အရေးကို ရယူပြီး ရှင့်ကို ကျေးဇူးတင်ချင်ပါတယ်” သူမက ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ ငါတို့က မိတ်ဆွေဟောင်းတွေပဲလေ”

“အဲ့လိုဟုတ်မှာပါ” သူမက ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုတော့ ဒီကို ဘာလို့များ ရောက်လာတာပါလဲ။ ဒီကို တမင်လာတွေ့ရုံသက်သက်တော့ မဟုတ်ဘူးလို့ ခံစားချက် ရနေတယ်”

ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“မင်းကို ငါ တဲ့တိုးပဲ ပြောမယ်။ မင်းကို ခေါ်ဖို့ ရောက်လာတာ”

“ခေါ်ဖို့တဲ့လား”

“ဟုတ်တယ်။ ငါ မင်းကို ငါတို့ရဲ့ တာအိုအခွင့်အလမ်းဂိုဏ်းဆီ ဝင်ပြီး ငါတို့ရဲ့ ၁၃ယောက်မြောက် ဧကရာဇ် ဖြစ်လာစေချင်တယ်”

သုံ့လီဖန်းက စကားတစ်ခွန်းတည်းတွင် သတင်းအချက်အလက်များစွာ ပါဝင်နေသည်ကို ခံစားမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူမက အရင်ဆုံး ရှင်းပြချက် တောင်းဖို့သာ ဆုံးဖြတ်လိုက်၏။

All Chapters