ခေါ်ယူခြင်း
Vol. 69 Ch. 955
“ကျွန်မကို ဘာလို့ခေါ်တာလဲ။ ပြီးတော့ ကျွန်မက ဘာလို့ ၁၃ယောက်မြောက် ဧကရာဇ်ဖြစ်တာလဲ။ တကယ်လို့ ကျွန်မ မှတ်မိတာသာ မှန်တယ်ဆိုရင် ရှင်က ဆယ်ယောက်မြောက်မလား”
ဝမ်ဝေ့က လက်တစ်ဖက်မြှောက်ကာ သတင်းအချက်အလက်ပါဝင်သည့် အဆောင်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ သူက သူမ၏ စိတ်ထဲ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သော်လည်း သူမအပေါ် လေးစားမှု ပြသခဲ့၏။ သူတို့၏ ယခင်ဆက်ဆံရေးကြောင့်သာမက သူမ၏ အောင်မြင်မှုများကြောင့်လည်း ဖြစ်သည်။
သုံ့လီဖန်းက အဆောင်ကို ယူကာ အံ့ဖွယ်အသိစိတ်ဖြင့် အားလုံးကို စစ်ဆေးကြည့်လိုက်သည်။
“ဧကရာဇ် ၉ပါးကျိန်စာ၊ အတိုင်းအတာမဲ့ ဧကရာဇ်၊ ကောင်းကင်ဧကရာဇ်၊ ကောင်းကင်ခုံရုံး၊ ဧကရာဇ်၁၂ပါးကျိန်စာ၊ မျှခြေညီစက်ယန္တရား”
သူမက ထိုအဓိကအချက်များကို ရေရွတ်ပြီး ဝမ်ဝေ့အား ပိုမိုအံ့အားသင့်စွာဖြင့် ကြည့်လိုက်မိသည်။ ယခင်က သူမအနေဖြင့် ထိုသူအား ပိုအားကောင်းသည့် ထာဝရဧကရာဇ်တစ်ယောက်အဖြစ် တွေးထင်ထားပြီး များများစားစား ဂရုမစိုက်ခဲ့ပေ။ သူမ၏ လက်ရှိအင်အားဖြင့် သူမက တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ ယုံကြည်ချက် အပြည့်အဝ ရှိ၏။ သို့သော် ယခုတွင် သူမ မိတ်ဆွေဟောင်း၏ အောင်မြင်မှုများက သူမထက်ပင် ဒဏ္ဍာရီဆန်နေသည်။
“ရှင့်ဆီကဆိုတော့ မအံ့ဩသင့်ဘူးလို့ ထင်တယ်”
သူမက သူတို့စတွေ့စဉ်အခါက မသိနားမလည်သည့် ကောင်မလေး မဟုတ်တော့ပေ။ ဤနှစ်များစွာ ကြာပြီးသည့်နောက်တွင် သူမက အဝေးကြီးထိ သွားကာ ဝမ်ဝေ့၏ အတွေးနှင့် အစီအစဉ်များက မည်မျှပင် ထူးခြားကြောင်း သိလာခဲ့သည်။ ထို့ကြောင့် သူမက ထိုသို့သော တစ်စုံတစ်ယောက်သည် သူ့ခရီးစဉ်တစ်လျှောက်အတွင်း လျှို့ဝှက်ဆန်းကြယ်မှုများကို ဖန်တီးမည်ကို အံ့ဩမိမည် မဟုတ်ပေ။
သုံ့လီဖန်းက အခြေအနေတစ်ခုလုံးကို သုံးသပ်လိုက်သည်။
“ကျွန်မက ရှင်နဲ့ တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ကျွန်မ အသက်ကို ကယ်တင်ပြီးတော့ ကျွန်မဆရာကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးကြွေးတင်နေတယ်”
သူမက ဆရာဖြစ်သူကို နှစ်တစ်သန်းနီးပါး မမြင်တွေ့ခဲ့ရသော်လည်း သူမကို အမှတ်ရနေဆဲ ဖြစ်၏။ သုံ့လီဖန်းက သူ့ဆရာကို အနီးကပ်ဆုံး လူအဖြစ် မှတ်ယူထားခဲ့သည်။ ဆရာတပည့် ဆက်ဆံရေးက မိဘနှင့် သားသမီး ဆက်ဆံရေးကဲ့သို့ အားကောင်းသည်ဟူသော စကားရှိသည် မဟုတ်ပါလော။
“ဒါပေမဲ့ ရှင့်ဂိုဏ်းဆီ ဝင်ဖို့ မလုံလောက်သေးဘူး။ ရှင်က ကျွန်မကို ဘာပေးနိုင်မှာလဲ”
ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ သူမ၏ စကားများကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။ သုံ့လီဖန်း၏ လက်ရှိအောင်မြင်မှုများဖြင့် ကိစ္စတချို့ကသာ သူမ၏ စိတ်ဝင်စားမှုကို ရယူနိုင်သည်။ ထို့ကြောင့် ဧကရာဇ်မျိုးနွယ်က ပေးအပ်နိုင်သည့် အရာများ ဖြစ်သော အရင်းအမြစ်၊ ထူးကဲကျင့်စဉ်၊ နောက်ခံကာကွယ်ရေး သို့မဟုတ် လျှို့ဝှက်သတင်းအချက်အလက်များက သူမသည် တာအိုကို သက်သေပြပြီးသည့်နောက်တွင် အားလုံးကို ရယူနိုင်လိမ့်မည်။
“မင်း ဘာလိုချင်တယ်ဆိုတာအပေါ်မှာ မူတည်တယ်” ဝမ်ဝေ့က ပြောလိုက်၏။
“မင်းရဲ့ လမ်းစဉ်က ဘာလဲ။ မင်းက မဟာရှားတိုင်းပြည်နောက်ကို ဆက်လိုက်ချင်တာလား ဒါမှမဟုတ်ဘူးဆိုရင် တခြားရည်ရွယ်ချက် ရှိလား”
သုံ့လီဖန်းက ချက်ချင်း ပြန်မဖြေပေ။ သူမက အဝေးတစ်နေရာကို ကြည့်ကာ တိုင်းပြည်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ ထိုစဉ် သူမက တိုင်းသူပြည်သားများစွာ၏ ဘဝကို မြင်လိုက်ရ၏။
“ဟိုးတုန်းက ကျွန်မက တိုင်းပြည်ကို စွဲလမ်းပြီးတော့ စည်ပင်ကြွယ်ဝအောင် လုပ်ဖို့က ကျွန်မရဲ့ တာဝန်လို့ ယုံကြည်ထားခဲ့တယ်” သူက ညင်သာစွာ ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာ ကျွန်မက ဒီရည်မှန်းချက်ကို အောင်မြင်သွားပြီဆိုတာကို သဘောပေါက်သွားခဲ့တယ်။ ပိုပြီးဆိုးရွားတာက ကျွန်မရဲ့ ရည်မှန်းချက်နဲ့ လောဘတွေက ကျွန်မရဲ့ လူတွေကို ဒုက္ခတွေ့စေခဲ့တယ်”
“အဲဒါဆိုတော့ မင်း လက်လွှတ်လိုက်မှာလား”
“ရှင် အဲ့လိုပြောလို့တော့ ရပါတယ်”
“အဲဒါဆိုတော့ မင်း အခု ရှေ့ဆက်မဲ့ လမ်းစဉ်က ဘယ်လိုလဲ”
“ကျွန်မ ပျော်ရွှင်ချင်တယ်” သူမက တည်တည်ငြိမ်ငြိမ် ပြောလာသည်။
သူက ခွက်ကို ဝှေ့ယမ်းရင်း အဖန်ရည်တစ်ငုံ သောက်လိုက်သည်။
“ရိုးရှင်းတဲ့ ရည်မှန်းချက်ဆိုပေမဲ့ ရရှိဖို့တော့ မလွယ်ကူဘူး”
“ဟုတ်တယ်” သုံ့လီဖန်းက သဘောတူလေသည်။
“ကျင့်ကြံရေးလောကက ရက်စက်တယ်။ ကျွန်မသာ ကမ္ဘာကနေ ထွက်သွားရင် အဲဒီအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ကျွန်မရဲ့ ပျော်ရွှင်မှုကို လာရောက်ဖျက်ဆီးနိုင်တယ်။”
“အဲဒါဆိုတော့ မင်းရဲ့ ပျော်ရွှင်မှုကို ကာကွယ်ဖို့ အင်အား လိုအပ်တာပေါ့”
ဝမ်ဝေ့က ထိုစကားကို သဘောတူလေသည်။ သူ့လိုအင်ဆန္ဒက အချုပ်အနှောင်များမှ လွတ်မြောက်ဖို့ ဖြစ်၏။ သို့သော်လည်း သူ့လိုအင်ဆန္ဒက စည်းမျဉ်းများနှင့် ဥပဒေများရှိသည့် လူမှုအဖွဲ့အစည်းဖြင့် ဆန့်ကျင်နေသည်။ ထို့ကြောင့် ကမ္ဘာမြေတွင်ပင် သူ့ရည်ရွယ်ချက်က ပြီးမြောက်ဖို့ မဖြစ်နိုင်လေရာ အဆသန်းပေါင်းများစွာ ပိုရှုပ်ထွေးသည့် ကျင့်ကြံရေးလောကတွင် ဆိုထားဖွယ် မရှိတော့ပေ။
“မဟာဧကရာဇ်ပြီးတဲ့နောက်မှာ ဘာအဆင့်လဲဆိုတာ သိလား” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မ မသိဘူး” သုံ့လီဖန်းက ဝန်ခံလိုက်သည်။ သူမ၏ အားနည်းချက်တစ်ခုက နောက်ခံကင်းမဲ့နေခြင်း ဖြစ်သည့်အတွက် ထိုသို့သော သတင်းအချက်အလက်များကို မသိရပေ။ သို့သော်လည်း သူမက တာအိုကို သက်သေပြပြီးသည့်နောက်တွင် အခြေအနေက ပြောင်းလဲသွားမည် ဖြစ်သည့်အတွက် အရေးမကြီးလှပေ။
“အဆင့် ၁၁ ဆိုတာ သူတို့ရဲ့ လက်တစ်ချက်အဝှေ့မှာ ကမ္ဘာနဲ့ သက်ရှိတွေကို ဖန်တီးနိုင်တဲ့ သာမန် ကောင်းကင်ဘုံအဆင့် ရှိတယ်။ အဲဒီနောက်မှာ သူတို့ရဲ့ [အစစ်အမှန်ကိုယ်] ကို နားလည်ပြီး ပြန်လည်ဝင်စားခြင်း အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတဲ့ ထာဝရကောင်းကင်ဘုံအဆင့် ရှိတယ်။
အဆင့် ၁၂ မှာတော့ စံပြ နဲ့ အဆုံးစွန်မဲ့ စံပြဆိုပြီး ရှိတယ်။ ငါလည်း အဲဒီအကြောင်းကို များများစားစားတော့ မသိဘူး။ ဒါပေမဲ့ အဲဒီအဆင့်မှာ အဲဒီသက်ရှိတွေက အချိန်မြစ်ကြောင်းကို သူတို့ရဲ့ နောက်ဖေးလိုမျိုး မှတ်ယူပြီးတော့ အဆင့်နိမ့်သူတွေရဲ့ ကံကြမ္မာကို လွှမ်းမိုးနိုင်တယ်”
သုံ့လီဖန်းက ထိုစကားများကို ကြားသည့်အခါ ခေတ္တမျှ ဆွံ့အသွားသည်။ သူမက ထိုအဆင့်သည် မည်မျှအားကောင်းကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူမ၏ မျက်ဝန်း၌ လိုအင်ဆန္ဒတချို့ ထွက်ပေါ်လာခဲ့သည်။
“အဲဒါက အဆုံးသတ်လို့ ထင်လား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“စံပြတွေဆိုတာက စကြဝဠာရဲ့ အုပ်ချုပ်သူတွေ ဖြစ်ခဲ့တာပေါ့။ အဲဒါက ငါ့ဘိုးဘေးက ဒိုင်မေးရှင်းအမြင့်မှာ ကမ္ဘာကို ပြောင်းလဲစေတဲ့ အဖြစ်အပျက်တွေကို မဖန်တီးခင် အချိန်အထိပဲ။ အဲဒီအဖြစ်အပျက်အပြီးမှာ ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်တွေ ပေါ်ထွက်လာတယ်”
“ထူးကဲသာလွန်မှု” သုံ့လီဖန်းက ရေရွတ်လိုက်သည်။ သူမက ထိုစကားများကို ရေရွတ်လိုက်သည့်အခါ သူတို့ထဲတွင် ပါဝင်နေသည့် စွမ်းအားကို ချက်ချင်းခံစားမိလိုက်၏။
သူမက သက်ရှိအားလုံး၊ ကျင့်ကြံသူအားလုံးသည် ထိုစကားတစ်ခွန်းနောက် လျှောက်လှမ်းသင့်သည်ဟု ခံစားချက် ရရှိလိုက်သည်။
ဝမ်ဝေ့က သူမ၏ တုံ့ပြန်မှုကို မြင်သည့်အခါ တိတ်တဆိတ် ပြုံးလိုက်သည်။
“တကယ်လို့ မင်းရဲ့ ပျော်ရွှင်မှုကို ကာကွယ်ချင်တယ်ဆိုရင် စွမ်းအား လိုအပ်တယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက ဒိုင်မေးရှင်းအနိမ့်မှာ အကူအညီ များများစားစား မပေးနိုင်ဘူးဆိုတာကို ဝန်ခံတယ်။
ဒါပေမဲ့ မင်း တက်လှမ်းသွားပြီးတဲ့နောက်မှာ ကိစ္စ နောက်ထပ်တစ်ခု ဖြစ်သွားပြီ။ မင်းရဲ့ အတွေ့အကြုံအပြီးမှာ မှန်ကန်တဲ့နောက်ခံနဲ့ ကျင့်ကြံတာက ဘယ်လောက် လွယ်ကူတယ်ဆိုတာကို နားလည်သွားမှာပါ”
သုံ့လီဖန်းက ထိုနောက်ဆုံးစကားကို သဘောတူလေသည်။ ကိုယ်ပိုင်အောင်မြင်အောင် ကြိုးစားခဲ့ရသည့် ကျင့်ကြံသူအနေဖြင့် သင့်တော်သည့် နောက်ခံမရှိဘဲ မည်မျှခက်ခဲကြောင်း သိထားခဲ့သည်။ သူမက သူမရှေ့တွင် ရှိနေသည့် မိတ်ဆွေ၏ အကူအညီကြောင့် ယခုအခြေအနေအထိ ဖြစ်လာမှန်း ဝန်မခံလောက်အောင် မောက်မာနေခြင်း မဟုတ်ပေ။
သူသာ သူမကို တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာကို ထိန်းချုပ်ခွင့်မပေးခဲ့ပါက သူမ၏ ဘဝတွင် မည်သည့်လမ်းစဉ် လျှောက်လှမ်းမိမည်ကို မသိပေ။ သို့သော် ယခုကဲ့သို့ အောင်မြင်နိုင်မည့် အခွင့်အရေးက အရမ်းကို နည်းပါးလွန်းလှသည်။
“ကျွန်မ တပ်မက်မိတယ်လို့ ပြောရမှာပဲ” သုံ့လီဖန်းက ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချနိုင်ဘူး”
“မင်း စိုးရိမ်စရာရှိရင် ငါ့ကို မေးလို့ရတယ်”
သူမက သူ့ကို ကြည့်ကာ “ကျွန်မရဲ့ အလိုလိုသိစိတ်က ရှင်က အားလုံးကို ပြောပြနေတာ မဟုတ်ဘူးလို့ ပြောနေတယ်။”
“အဲဒါက ဘာကိုပြောတာလဲ”
“ကျွန်မ ဘယ်လိုရှင်းပြရမလဲ။ ရှင့်ရဲ့ ကတိစကားက တကယ်ဆိုပေမဲ့ တစ်ချိန်ထဲမှာ ဗလာကျင်းနေသလိုမျိုး ခံစားရတယ်။ ကျွန်မလည်း ဒီလိုခံစားချက်မျိုး ဘာလို့ ရှိတယ်ဆိုတာကို နားမလည်ဘူး”
ဝမ်ဝေ့က ထိုစကားကို ကြားကာ ရယ်မောလိုက်သည်။
“မင်းရဲ့ အလိုလိုသိစိတ်က မှန်တယ်”
“အဲဒါဆိုတော့ လျှို့ဝှက်ချက်တချို့များ ရှိတာလား”
“ဒိုင်မေးရှင်းအမြင့်ရဲ့ လက်ရှိအခြေအနေက သိပ်မဟန်ဘူး” ဝမ်ဝေ့က သတင်းအချက်အလက်များကို စုစည်းပြီး သူမထံ ပေးလိုက်သည်။ ထို့ကြောင့် သုံ့လီဖန်းက ဒိုင်မေးရှင်းအနိမ့်၏ ပိတ်ဆို့ထားမှုအကြောင်း၊ နေမင်းနှစ်စင်း၏ ထိပ်တိုက်တွေ့ဆုံမှုနှင့် ကပ်ပါးများ ပါဝင်ပတ်သက်မှုကို သိလိုက်ရသည်။
“အခု ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမက ရေရွတ်လိုက်သည်။ သူမက ဒိုင်မေးရှင်းအမြင့်တွင် ဤသို့ အပြောင်းအလဲမှုကြီး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူမက ထိုနေရာအကြောင်း အနည်းငယ်မျှသာ သိထားသော်လည်း ဤမျှ ဆိုးရွားနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“တာအိုအခွင့်အလမ်းဂိုဏ်းကရော ဘယ်လိုလဲ” သူမက ပြဿနာ၏ အရင်းအမြစ်ကို တိုက်ရိုက်သာ မေးလိုက်သည်။
“မင်းရဲ့ အနာဂတ်ဂိုဏ်းအကြောင်း စိုးရိမ်နေပြီလား”
“ရှင်က ကျွန်မ မှတ်မိထားသလိုမျိုး အရှက်မဲ့နေတုန်းပဲ”
“အဲဒါက အရေထူတယ်လို့ ခေါ်တယ်။ အင်း မဟုတ်သေးဘူး။ ဒါက နည်းဗျူဟာကျကျ တွက်ချက်တတ်တာ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့ မေးခွန်းကို ပြောရမယ်ဆိုရင်တော့ အဲဒါက ပိတ်ဆို့ထားတယ်။ ဘယ်သူ့ကိုမှ ဝင်ခွင့်ထွက်ခွင့်ပြုမထားဘူး”
သုံ့လီဖန်းက ခေါင်းညိတ်လိုက်ပြီး ရွေးချယ်မှုကို စဉ်းစားရင်း တိတ်ဆိတ်သွားလေသည်။
“သူတို့အကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ရှင်က ဘာလို့ အဲ့လိုပြောရတာလဲ”
“ငါက တွက်ဆထားသလောက်ဆိုရင် အစစ်အမှန် ကောင်းကင်တာအိုက ငါ တက်လှမ်းသွားပြီးတဲ့နောက်မှာ အချိန်စီးဆင်းနှုန်းကို ပြောင်းလဲပြီးတော့ ဒိုင်မေးရှင်းအမြင့်ရဲ့ အချိန်က မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလိမ့်မယ်။ မင်း တက်လှမ်းလာတဲ့အခါ ငါက အဲဒီကပ်ပါးတွေကို ဖြေရှင်းပြီးသွားလောက်ပြီ။”
“ကြမ္မာလား” သူမက မေးလိုက်သည်။
“ဟုတ်တယ်။”
“ရှင်က အဲ့လိုအရာမျိုးကို ငြင်းဆန်မယ်လို့ ထင်ထားတာ”
“ငါက စာအုပ်ကြီးသမား မဟုတ်ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒီလူတွေက ငါ့လမ်းမှာ တစ်နည်းမဟုတ် တစ်နည်း ပိတ်ရပ်နေကြမှာပဲ။ တကယ်လို့ မိုးမြေရဲ့ အကူအညီကို သုံးပြီးတော့ သူတို့ကို ဖယ်ရှားနိုင်မယ်ဆိုရင် ကြမ္မာဆိုတဲ့ ဝန်ထုပ်ကို ဘာလို့များ မသယ်ပိုးပဲ နေရမှာလဲ”
“အမှန်ပဲ” သုံ့လီဖန်းက အခြေအနေကို သုံးသပ်ကာ ခေါင်းညိတ်လိုက်သည်။
အချိန်စီးဆင်းနှုန်းကို ပြောင်းလဲခြင်းက ဤတိုက်ပွဲကြောင့် ဒိုင်မေးရှင်းအနိမ့်အပေါ် သက်ရောက်မှုရှိခြင်းမှ ကာကွယ်ဖို့ရာအတွက် လှုပ်ရှားမှုကောင်းတစ်ခုပဲ…
အကယ်၍ ထိုကပ်ပါး ၇ယောက်ကို မဖြေရှင်းနိုင်ပါက ဒိုင်မေးရှင်းအနိမ့်မှ မဟာဧကရာဇ်များသည် တက်လှမ်းသွားပြီး ထိုရှုပ်ထွေးနေသည့် အခြေအနေကြားတွင် ပိတ်မိသွားလိမ့်မည်။ ထို့ကြောင့် သူတို့အား တတ်နိုင်သမျှ ဖြေရှင်းပြီး လွှမ်းမိုးမှုကို လျော့ချသည်က အကောင်းဆုံး ဖြစ်၏။
“အဲဒါဆိုတော့ ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မ စိတ်ဝင်စားတယ်။ ဒါပေမဲ့ နည်းနည်းတော့ ဝန်လေးနေတုန်းပဲ”
“ငါ့ကို ပြောပြလေ။ ဖြေရှင်းနည်း တွေ့မလားဆိုတာကို ကြည့်ရတာပေါ့”
“ပထမဦးဆုံး တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေနဲ့ ကျွန်မ ဝင်ဆံ့ပါ့မလားဆိုတာ မသိဘူး” သုံ့လီဖန်းက ပြောလိုက်သည်။
“ဒုတိယအချက်အနေနဲ့ ယုံကြည်မှု ပြဿနာ ရှိနိုင်တယ်။ ကျွန်မက ဂိုဏ်းအတွင်းမှာ အရွယ်ရောက်လာတာ မဟုတ်သလို သစ္စာရှိမှုကို မပြဖူးဘူး။ အဲဒါဆိုတော့ သူတို့တွေက ကြမ္မာကို သူတို့ရဲ့ ဂိုဏ်းသားအနေနဲ့ ယုံကြည်ပြီး သတ်မှတ်နိုင်ပါ့မလား”
သုံ့လီဖန်းက ဂိုဏ်းများသည် ငယ်ငယ်ရွယ်ရွယ် တပည့်များကို လက်ခံသည့် အကြောင်းအရင်းကို သိထားလေသည်။ ထိုအရာက သစ္စာရှိမှုနှင့် နာခံမှုတို့ကို ပြုစုပျိုးထောင်ဖို့ လွယ်ကူ၍ ဖြစ်သည်။ သို့သော် သူမအတွက် ထိုအရာက ကွဲပြားနေ၏။
“အဲဒီပြဿနာတွေက ပြဿနာကြီး မဟုတ်ပါဘူး”
ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းရဲ့ ဆရာက ဂိုဏ်းရဲ့ ကာကွယ်သူ ဖြစ်လာဖို့ သဘောတူပြီးသွားပြီဆိုတော့ မင်းက သစ္စာရှိမှု အုတ်မြစ်ကို ရှိထားပြီးပါပြီ။
ယုံကြည်မှုဆိုတာက ဖြည်းဖြည်းချင်း တည်ဆောက်လို့ ရတယ်။ ငါ့ဆီမှာ အစီအစဉ်တွေ အများကြီးရှိပြီးတော့ တချို့က မင်းလိုမျိုး ပါရမီရှင်လိုမျိုးကို လိုအပ်တယ်။ အဲဒါဆိုတော့ မင်းက ဂိုဏ်းကို အကျိုးပြုနေသရွေ့ ယုံကြည်မှုဆိုတာက ပြဿနာရှိမှာ မဟုတ်တော့ဘူး။ သစ္စာဖောက်မှုအတွက်တော့ မင်းက အဲ့လိုတုံးအအအရာမျိုး မလုပ်ဖို့ သေချာပါတယ်”
သုံ့လီဖန်းက ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ သူမသာ ဂိုဏ်းကို သစ္စာဖောက်ပါက ကမ္ဘာကြီးထံ သူမအတွက် နေရာရှိမည် မဟုတ်ပေ။ သူမ၏ ကံကြမ္မာက အမဲလိုက်ခံရခြင်း သို့မဟုတ် သူမသာ အထက် တက်လှမ်းရဲပါက သူမ၏ အဆုံးသတ် ဖြစ်သွားနိုင်သည်။
“ဒါပေါ့။ မင်းဘက်က အခြေအနေကိုလည်း ထည့်ပြီးတော့ စဉ်းစားပေးရမှာပေါ့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ဂိုဏ်းဘက်က မင်းကို သစ္စာဖောက်တဲ့သူ ဖြစ်မယ်ဆိုရင်လည်း မင်းအတွက် တစ်စုံတစ်ခုကို ချန်ထားပေးခဲ့မယ်”
ဝမ်ဝေ့က သူ့ဂိုဏ်းသားများသည် အမှားကင်းသည်ဟု မထင်ပေ။ ထို့ကြောင့် သူသည် သုံ့လီဖန်းဘက်မှလည်း အခြေအနေကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
“ဒီလိုဆိုရင် ကျွန်မ သဘောတူတယ်” သုံ့လီဖန်းက သဘောတူလိုက်သည်။
“မင်းရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို လေးစားမိတယ်”
“ကျွန်မသာ ဒီလိုဆုံးဖြတ်ချက်ပြတ်သားမှုမျိုး မရှိရင် ဒီလိုအောင်မြင်မှုမျိုး ရလာမှာမဟုတ်ဘူး”
“အမှန်ပဲ” ဝမ်ဝေ့က အဖြေကို ကြားပြီးသည့်နောက်တွင် စိတ်သက်သာရာရသွားမိ၏။ သူ ဤနေရာကို မလာခင်က သုံ့လီဖန်းသည် မဟာရှားတိုင်းပြည်အပေါ် အင်မတန် သံယောဇဉ်ရှိနေမှန်း သိထားသည့်အတွက် မသေချာခဲ့ပေ။
ကံကောင်းစွာဖြင့် ကံကြမ္မာက သူ့ဘက်တွင် ရှိနေလေ၏။