← Chapters

ကောင်းကင်ဘုရင်

Vol. 69 Ch. 956

ကောင်းကင်ဘုရင်

Vol. 69 Ch. 956

“အဲဒါဆိုတော့ နောက်ထပ် ဘာလုပ်မှာလဲ။ ရှင်နဲ့အတူ အခု ထွက်သွားစေချင်တာလား။” သုံ့လီဖန်းက မေးလိုက်သည်။

“အဲဒါက မင်းအပေါ် မူတည်တယ်။ မဟာရှားအတွက် မင်းရဲ့ အစီအစဉ်က ဘယ်လိုလဲ”

သုံ့လီဖန်းက ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

“ကျွန်မရဲ့ နဂိုအစီအစဉ်အရ နောက်တစ်ဆင့်က တိုင်းပြည်နဲ့ ပေါင်းစည်းဖို့ပဲ”

သူမ ဖန်တီးထားသည့် ကံကြမ္မာလမ်းစဉ်အရ အုပ်ချုပ်သူက မဟာတာအိုအရင်းအမြစ်ကို သူတို့၏ ချီကံကောင်းမှုဖြင့် ငှားယူနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်နှင့် နောက်အဆင့်က တိုင်းပြည်နှင့် ထာဝရပေါင်းစည်းကာ တာအိုဘိုးဘေး၏ အတွင်းကမ္ဘာ တစ်ခုနှင့် ဆင်တူသည့်အရာ ဖြစ်လာဖို့ ဖြစ်သည်။

“ဒီလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဝန်လေးနေတာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဟုတ်တယ်။ တကယ်လို့ တခြားသူတွေ လုပ်တယ်ဆိုရင် အဆင်ပြေပေမဲ့ ကျွန်မအတွက်ကျ တိုင်းပြည်က အားနည်းချက် ဖြစ်လာလိမ့်မယ်” သုံ့လီဖန်းက ရှင်းပြလိုက်သည်။ သူမ၏ လမ်းစဉ်က တာအိုဘိုးဘေးများနှင့် ယှဉ်လိုက်လျှင် အရေးသာချက် ရှိထားပြီး အဓိကအချက်က သူမ၏ လမ်းစဉ်ရှိသူများ၏ အခြေခံစွမ်းအားက ချီကံကောင်းမှု နဂါး၏ ကောင်းချီးကြောင့် တာအိုဘိုးဘေးများထက် ပိုမိုအားကောင်းပေသည်။

ထို့အပြင် လုံလောက်ပြီး ကြီးမားသည့် ကံကောင်းမှုဖြင့် သူမ၏ လမ်းစဉ်ရှိ လူများက ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာဖို့ ပိုမိုလွယ်ကူသည်။ သို့သော်လည်း ထိုလမ်းစဉ်တွင် ဆိုးကျိုးတစ်ချက် ရှိနေလေသည်။

အကယ်၍ တာအိုဘိုးဘေး၏ အတွင်းကမ္ဘာ ပျက်စီးသွားပါက သူတို့အင်အားသည် သိသိသာသာ လျော့ကျသွားမည် ဖြစ်သော်လည်း ပြန်လည်တည်ဆောက်နိုင်သေး၏။ သို့သော်လည်း တိုင်းပြည်တစ်ခုအတွက်မူ ကွဲပြားပေသည်။ တိုင်းသူပြည်သားများစွာကို ဆုံးရှုံးပြီးသည့်နောက်တွင် တိုင်းပြည်၏ ချီကံကောင်းမှုက ပျက်သုဉ်းသွားမည်ဖြစ်ကာ ထိပ်သီးသို့ ပြန်ရောက်ဖို့ မဖြစ်နိုင်တော့ပေ။

တခြားနည်းဖြင့် ပြောရလျှင် သူမ၏ လမ်းစဉ်ရှိ လူများက သူတို့တိုင်းပြည်ကြောင့် အပြင်းအထန် ကန့်သတ်ခံထားရသည်။ အကယ်၍ သူတို့သာ ထိုအရာကို ဆုံးရှုံးလိုက်ပါက သူတို့၏ စွမ်းအားကို ဆုံးရှုံးသွားမည်ဖြစ်ကာ မသေမျိုးဘဝကိုပင် ဆုံးရှုံးသွားရနိုင်သည်။

ဝမ်ဝေ့က သူမ၏ တုံ့ဆိုင်းမှုကို နားလည်သည်။

“တိုင်းပြည်ကို ဆုံးရှံးလိုက်တာက အဓိက ထိနှက်ချက်ကြီးပဲ။ မင်းတို့လမ်းစဉ်က လူတွေက သူတို့ရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားမှာတော့ မဟုတ်ပေမဲ့ အချိန်အတော်ကြာပြီးတဲ့နောက်မှာတောင် သူတို့ရဲ့ စွမ်းအားကို ပြန်လည်မရနိုင်တာမျိုး ဖြစ်လာနိုင်တယ်။ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက တာအိုဘိုးဘေး လမ်းစဉ်ကို ပြောင်းလဲဖို့ပဲ”

“အဲဒါက ကျွန်မ စိုးရိမ်နေရတဲ့ အရာပဲ” သုံ့လီဖန်းက ခေါင်းညိတ်လိုက်၏။ အကယ်၍ သူမကသာ မဟာရှားတိုင်းပြည်ကို ဆုံးရှုံးသွားပါက သူမသည် မဟာတာအိုအရင်းအမြစ်ဖြင့် ထိတွေ့ခဲ့သည့်အတွက် အားကောင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း သူမ လမ်းစဉ်ကို လျှောက်လှမ်းသည့် သူများအတွက် သူတို့က သူမ၏ နမူနာအတိုင်း လိုက်လုပ်ကာ ခန္ဓာကိုယ်ကို မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်အောင် မလေ့ကျင့်ထားသရွေ့ ကံကောင်းမည် မဟုတ်ပေ။

သို့သော်လည်း လူတချို့ကသာ ခန္ဓာကိုယ် လေ့ကျင့်ရေးလမ်းစဉ်တွင် အောင်မြင်နိုင်ကြသည့် အကြောင်းအရင်းတစ်ချက်လည်း ရှိနေသည်။

ထို့အပြင် သူမက ထိုလမ်းစဉ်၏ တည်ထောင်သူအနေဖြင့် လုပ်ပိုင်ခွင့်တချို့ရှိ၏။ အစစ်အမှန် ကောင်းကင်တာအိုအနေနှင့် သူမသည် ဧကရာဇ်လမ်းစဉ်ကို ပြောင်းလဲလျှင် ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း တခြားသူများအတွက် အတူတူဖြစ်မည် မဟုတ်ပေ။

ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများက ကောင်းကင်အလိုဆန္ဒအတွင်း ပါဝင်မဆင်နွှဲနိုင်သလို မဟာဧကရာဇ် ဖြစ်မလာနိုင်ကြပေ။

“မင်းအတွက် အကြံပေးချင်တာက တိုင်းပြည်ကို မင်းရဲ့ ဝိညာဉ်နဲ့ ပေါင်းစည်းလိုက်ဖို့ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အိုး ဘာလို့လဲ”

“အဲ့လိုဆိုရင် တိုင်းသူပြည်သားတွေအားလုံးကို မင်းရဲ့ ဝိညာဉ်နဲ့ ဆက်နွယ်ထားတဲ့ စိတ်ဝိညာဉ်သက်ရှိပုံစံအဖြစ် ပြောင်းလဲပစ်လိမ့်မယ်။ မင်းက တာအိုကို သက်သေပြပြီးတဲ့နောက်မှာ မင်းရဲ့ ဝိညာဉ်က ထာဝရ ဖြစ်တည်လာလိမ့်မယ်”

သုံ့လီဖန်းက ထိုနည်းလမ်း၏ အကျိုးကျေးဇူးကို နားလည်သည့်အတွက် အကြည့်များ တောက်ပလာသည်။ သူမသာ အသက်ရှင်နေသရွေ့ ထိုလူများကလည်း အသက်ရှင်မည်ဖြစ်ကာ မသေမျိုးဘဝ ပုံစံတစ်မျိုးကို ရရှိလိမ့်မည်။

သူမ၏ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလျှင်ပင် သူမက ကုသခြင်း သို့မဟုတ် ပြန်လည်အသက်သွင်းနိုင်သရွေ့ ထိုတိုင်းပြည်ရှိ လူသေများက ပြန်လည်ရောက်လာနိုင်သည်။

“ဒီလမ်းစဉ်အတွက် နောက်ထပ် အကျိုးကျေးဇူးတွေလည်း ရှိသေးတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“မင်းရဲ့ ဝိညာဉ်မှာ တိုင်းပြည်တစ်ခုလုံး ရှိနေတာဆိုတော့ မင်းက တာအိုကို သက်သေပြပြီးတဲ့နောက်မှာ မဟာတာအိုအရင်းအမြစ် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ရရှိနိုင်တယ်။ တကယ်လို့ မင်းက ချီကံကောင်းမှုနဲ့ အားဖြည့်လိုက်မယ်ဆိုရင် နောက်ထပ် ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ရလာနိုင်တယ်”

ဝမ်ဝေ့က ချီကံကောင်းမှုဆီမှ အားမြှင့်တင်ခြင်းသည် ဆက်လက်တိုးပွားနေမည်ဖြစ်သည့်အတွက် ကန့်သတ်ချက် မဟုတ်ကြောင်း သိလေသည်။

“မင်းက စိတ်ဝိညာဉ်ကံကြမ္မာ တိုင်းပြည်လမ်းစဉ်ကို လျှောက်လှမ်းနိုင်တယ်” သူက ဆက်ပြောလိုက်သည်။ သူ့အကြည့်များက တောက်ပလာကာ ဆက်ပြောလိုက်၏။

“မင်းက တခြားထာဝရအရှင်၊ တာအိုဘိုးဘေးနဲ့ တခြားလမ်းစဉ်က လူတွေကို မင်းရဲ့ စိတ်ဝိညာဉ်တိုင်းပြည်မှာ ပေါင်းစည်းဖို့ ဖျောင်းဖျပြီး သူတို့ကို ထာဝရတစ်ပိုင်း ဂုဏ်သတ္တိတွေကို ချီးမြှင့်နိုင်တယ်”

သုံ့လီဖန်းက ထိုစကားများကို နားလည်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က ဧကရာဇ်လမ်းစဉ်နှင့် တခြားသော လမ်းစဉ်များ၏ ကွာဟချက်ဖြစ်ပြီး ကွဲလွဲမှုက ထာဝရ ဂုဏ်သတ္တိတွင် ဖြစ်သည်။

မဟာဧကရာဇ်နှင့် ထာဝရဧကရာဇ်များက သေခြင်းတရားမှ လွတ်မြောက်ဖို့ နည်းလမ်းများစွာ ရှိပေသည်။ ထိုစဉ် ထာဝရဦးသျှောင် သို့မဟုတ် တာအိုဘိုးဘေးက မည်မျှပင် အားကောင်းစေကာမူ သူတို့က အသတ်ခံရသည်နှင့် သေဆုံးသွားလိမ့်မည်။

သို့သော်လည်း ယခုတွင် သူတို့က သူမနှင့် ပေါင်းစည်းသရွေ့ တူညီသည့် ထာဝရ ဂုဏ်သတ္တိကို ရရှိနိုင်သည်။ သူတို့၏ မသေနိုင်စွမ်းအသစ် သည် သုံ့လီဖန်း၏ ရှင်သန်မှုအပေါ် မူတည်နေသည့်အတွက် လူများစွာက ထိုအပေးအယူကို မက်မောကြလိမ့်မည်။ အထူးသဖြင့် သူမက သတ်ဖို့ရာ မဖြစ်နိုင်လုနီးပါး အဆုံးစွန်မဲ့စံပြ ဖြစ်လာသည့်အခါတွင် ဖြစ်၏။

“ဒါက အကြံကောင်းပဲ”

“ကျင့်ကြံဆင့်က မြင့်လာလေလေ လူတွေက သေဆုံးမှုကို ပိုပြီးတော့ ကြောက်လာလေလေပဲ။ တကယ်လို့ သူတို့အသက်ကို ကယ်တင်နိုင်မဲ့နည်းလမ်းရှာတွေ့မယ်ဆိုရင် လူတော်တော်များများက သဘောတူလိမ့်မယ်”

သူမ၏ အကြည့်များက တောက်ပလာကာ “တခြားသူတွေကို စာချုပ်ချုပ်ပြီးတော့ ခေါ်လို့ ရနိုင်တယ်။ သူတို့တွေက ကျွန်မနဲ့ ပေါင်းစည်းပြီးတော့ ကျွန်မက သူတို့ရဲ့ စွမ်းအားကို သုံးမယ်။ ဒါပေမဲ့ ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာတော့ ရှိမှာ မဟုတ်ဘူး။

အပြန်အလှန်အနေနဲ့ဆိုရင် သူတို့က သူတို့အလိုရှိတဲ့ ထာဝရ ဂုဏ်သတ္တိကို ရယူနိုင်လိမ့်မယ်။ ဒီစာချုပ်တွေက နှစ်အရေအတွက်တော့ ကန့်သတ်ထားမှာပေါ့”

ဝမ်ဝေ့က တူညီသည့် အတွေးမျိုး ရှိနေသည့်အတွက် သူမကို တိတ်တဆိတ် ချီးကျူးလိုက်သည်။

“ဒါတွေအားလုံးက မင်း အလွယ်တကူ မသေနိုင်စွမ်းအပေါ်မှာ မူတည်နေတာပဲ။ မင်းက ထာဝရဧကရာဇ်၊ ထာဝရကောင်းကင်ဘုံအဆင့်နဲ့ အဆုံးစွန်မဲ့ စံပြ ဖြစ်လာရမယ်။ နောက်ဆုံးတော့ မင်းက တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး မျိုးဆက်တစ်ခုက နောက်ခံဂိုဏ်းအနေနဲ့ ရှိမယ်ဆိုရင် မင်းရဲ့ ရှင်သန်နိုင်စွမ်းကို လူတွေက ပိုပြီးတော့ ယုံကြည်လာကြလိမ့်မယ်”

သုံလီဖန်းက ခေါင်းညိတ်လိုက်၏။

တာအိုအခွင့်အလမ်းဂိုဏ်းကို ဝင်ဖို့ ရွေးချယ်ခဲ့တာက တကယ်ကို ရွေးချယ်မှုကောင်းပဲ…

သူမက မဟာရှားတိုင်းပြည်အပေါ် စွဲလမ်းမှုအား လက်လွှတ်လိုက်သော်လည်း အပြီးတိုင် စွန့်ပစ်ရမည်ဟု တွေးသည့်အခါ နာကျင်နေဆဲ ဖြစ်၏။ သို့သော်လည်း ဤနည်းလမ်းဖြင့် တိုင်းပြည်က သူမ၏ တာအိုခရီးလမ်းတစ်လျှောက်တွင် အဖော်ပြုပေးနိုင်လိမ့်မည်။

“ကျွန်မရဲ့ ကောင်းကင်ဘုရင် လမ်းစဉ်အတွက် ရှေ့ဆက်ရမဲ့ လမ်းက ဝိညာဉ်နဲ့ အသိစိတ်ပင်လယ်ကို ပေါင်းစည်းဖို့ပဲ။ တိုင်းသူပြည်သားတွေက အုပ်ချုပ်သူရဲ့ ဝိညာဉ်နဲ့ ဆက်နွယ်နေတဲ့ စိတ်ဝိညာဉ် သက်ရှိတွေ ဖြစ်လာလိမ့်မယ်။

ကောင်းကင်ဘုရင်က ထာဝရဂုဏ်သတ္တိ မရှိပေမဲ့ သူတို့သာ အသက်ရှင်နေပြီး သူတို့ရဲ့ ဝိညာဉ်က အပျက်အစီးတွေကို ကုစားနိုင်သရွေ့ သေဆုံးသွားတဲ့ တိုင်းသူပြည်သားတွေကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်။”

“ကောင်းကင်ဘုရင်လား။ ဒါက မင်း ရွေးချယ်ထားတဲ့ နာမည်လား”

“ဟုတ်တယ်။ တစ်ခုခုများ မှားလို့လား”

“မဟုတ်ပါဘူး။ ကွဲပြားတဲ့လမ်းစဉ်တွေက တူညီတဲ့ နာမည်တွေနဲ့ဆိုတော့ နည်းနည်းစိတ်ရှုပ်ထွေးစရာ ကောင်းတယ်လို့ ထင်လို့ပါ”

ဝမ်ဝေ့က သာမန်သေမျိုး တစ်ယောက်သည် ထိုနာမည်များနှင့် လမ်းစဉ်များကို မည်သို့မှတ်သားကြည့်မည်ကို တွေးကြည့်၍ ရပေသည်။ အဆင့်(၁၂)ဖြစ်သည့် ကောင်းကင်ယွမ်ထီ ရှိခဲ့ပြီး ယခုအခါ တခြားစနစ်၏ အဆင့် (၁၀)ဖြစ်သည့် ကောင်းကင်ဘုရင်လည်း ရှိလာသည်။ ထိုအရာက တခြားနည်းစနစ်တစ်ခု၏ အဆင့်(၁၂)ဖြစ်သည့် ထာဝရဘုရင်များအကြောင်း ထည့်မပြောရသေးပေ။

အကယ်၍ သူ ဖန်တီးတော့မည့် ဝိညာဉ်လမ်းစဉ်ကိုသာ ထည့်ပေါင်းလိုက်ပါက ဘုရင်၊ အုပ်ချုပ်သူ သို့မဟုတ် အုပ်စိုးသူ အစရှိသည့် တူညီသည့် နာမည်များစွာ ထွက်ပေါ်လာလိမ့်မည်။

သုံ့လီဖန်းက သူ့ကို ကြည့်ကာ ဘာမှမပြောပေ။ ထို့ကြောင့် ဝမ်ဝေ့က ခေါင်းစဉ်ပြောင်းကာ ပြောလိုက်၏။

“ဒီနေရာက ကိစ္စတွေကို ဖြေရှင်းဖို့ ဘယ်လောက်အချိန်လိုလဲ”

သုံ့လီဖန်းက ခေတ္တမျှ ကြည့်လိုက်သည်။

“ပေါင်းစည်းမှုကို ကြေညာပြီးတော့ လူတွေကို ထွက်သွားမလား၊ ပေါင်းစည်းမလားဆိုတာကို ရွေးချယ်စရာ ပေးမယ်။ မပေါင်းစည်းချင်တဲ့ သာမန်လူတွေအတွက်တော့ လေဟာနယ်သင်္ဘော တချို့ ချန်ထားပေးပြီးတော့ တခြားကမ္ဘာဆီ ပို့ဆောင်ပေးမယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးဆိုရင်တော့ တစ်လတာ ကြာမြင့်နိုင်တယ်”

“သိပ်မကြာဘူးပဲ” ဝမ်ဝေ့က ထိုအချိန်ကို စောင့်စားနိုင်သည့်အတွက် ခေါင်းညိတ်လိုက်သည်။

“ရှင်က ရှင့်အတွက် ကံကြမ္မာပါတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို ပြောခဲ့ဖူးတာ မှတ်မိတယ်။ ရှင် သူမကို ရှာတွေ့သွားပြီလား” သုံ့လီဖန်းက ရုတ်တရက် ပြောလာသည်။

“ရှာတွေ့ခဲ့ပြီ” ဝမ်ဝေ့က အတောက်ပဆုံး ပြုံးကာ ပြောလိုက်သည်။

“သူမက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်”

“ဟုတ်တာပေါ့”

“သူမနဲ့ တွေ့ဖို့ မစောင့်နိုင်တော့ဘူး”

“ဒီလိုဆိုရင်တော့ မင်း စိတ်ပျက်သွားရလောက်တယ်” သူက သူမ၏ နားမလည်သည့် အကြည့်ကို မြင်လိုက်သည့်အခါ ထပ်ပြောလိုက်သည်။

“ကိစ္စတွေက ရှုပ်ထွေးတယ်လေ။ သူမက အခု ဒီမှာ ရှိမနေဘူး” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။

“ကျွန်မ သိပြီ” သူမက ခေါင်းညိတ်ကာ ဘာမှဆက်မမေးတော့ပေ။

“မင်းရော ဘယ်လိုလဲ။ ထူးခြားတဲ့သူ တွေ့ပြီလား”

“တွေ့ပြီ။ ကျွန်မရဲ့ ခင်ပွန်းလေ” သုံ့လီဖန်းက ညင်ညင်သာသာ ပြုံးကာ ပြောလိုက်၏။

“အိုး” ဝမ်ဝေ့က ကြုံရာကျပန်း မေးလိုက်သော်လည်း နန်းဆောင်တွင် နဂါးကံကြမ္မာ ရှိနေသေးသည့်လူကို မမြင်မိသည့်အတွက် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထို့ကြောင့် သူ့အနေဖြင့် သူ့တွင် ဘုရင် မရှိသေးကြောင်း တွေးမိလိုက်ခြင်း ဖြစ်၏။

“ကံကောင်းတဲ့ အမျိုးသားက ဘယ်သူများလဲ”

“ကျွန်မ တွေ့ဖူးသမျှထဲမှာ အသန့်စင်ဆုံး စိတ်နှလုံးသားရှိတဲ့ ပညာသင်သားတစ်ယောက်ပေါ့” သုံ့လီဖန်းက တောက်တောက်ပပ ပြုံးကာ ပြောလိုက်၏။

“သူမက ရှင် မရောက်လာခင်တုန်းက ကျွန်မ ငယ်ငယ်တုန်းက ကျွန်မကို ပြန်ပြီးတော့ အမှတ်ရစေတယ်”

သူမက သူတို့တွေ့ဆုံစဉ်အခါကို ပြန်လည်အမှတ်ရမိလိုက်သည်။ တစ်ရက်တွင် သူမက တိုင်းပြည်ကို လှည့်ပတ်ကြည့်ရှုစဉ် မြို့ထဲတွင် နာမည်ကျော်ကြားပြီး မြို့ခေါင်းဆောင်အဖြစ် ထမ်းဆောင်နေသည့် လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ လူတွေက သူ့ကို ချစ်မြတ်နိုးကြသည်မှာ သူ၏ ကြင်နာတတ်သည့် စိတ်ထားကြောင့် ဖြစ်၏။

သို့သော် ကုန်သည်များနှင့် ဆွေကြီးမျိုးကြီးများက သူ့ကို ငတုံးအဖြစ် မှတ်ယူကာ သူ့ကြင်နာတတ်သည့် သဘာဝကို အခွင့်ကောင်းယူကြသည်။

သုံ့လီဖန်းက စိတ်ဝင်စားကာ ထိုပညာရှင်နှင့် တွေ့ဆုံချင်မိသည်။ သူက အရာရှိတစ်ဦးသည် မည်မျှတုံးအနိုင်လဲဟု စဉ်းစားနေမိသည်။

သူမက သူ့ကို စစ်ဆေးကြည့်ပြီးသည့်အခါ ထိုသူက တုံးအနေခြင်း မဟုတ်ဘဲ ကြင်နာတတ်လွန်းခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ထိုသူများ အခွင့်ကောင်းယူသည်ကို သိသော်လည်း ဂရုမစိုက်ခဲ့ပေ။

သုံ့လီဖန်းက သူကို ဖျောင်းဖျကာ လိုအပ်လာသည့်အခါ ကြမ်းတမ်းဖို့ ပြောခဲ့၏။ သူမက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့သည်။ သို့သော် လအချို့ ကြာမြင့်ပြီးသည့်နောက်တွင် ထပ်မံ သွားရောက်စစ်ဆေးကြည့်ခဲ့သည်။ သူမက သတိပေးခဲ့သော်လည်း သူက နဂိုအတိုင်းသာ ရှိနေသည်ကို တွေ့ရှိခဲ့ရ၏။ ထို့ကြောင့် သူမက သူ့ကို ပုံမှန်သွားရောက်စစ်ဆေးကြည့်ခဲ့မိသည်။

နောက်ဆုံးအားဖြင့် သူတို့က အချင်းချင်း သိကျွမ်းသွားကာ ချစ်ကျွမ်းဝင်သွားခဲ့ကြသည်။

“ကြည့်ရတာ သူက လူကောင်းပဲ။ သူနဲ့ တွေ့ချင်မိသား”

သုံ့လီဖန်း၏ မျက်ဝန်းက အနည်းငယ် မှေးမှိန်သွားကာ “သူက သေသွားပြီ”

သူမဘဝရှိ အခက်ခဲဆုံးနေ့ရက်များက မဟူရာပင်လယ်ကမ္ဘာကို လွှမ်းမိုးဖို့ ကျရှုံးမှုသာ ဖြစ်သည်။ သူမက သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည့် အချက်ကြောင့် မဟုတ်ပေ။ ထိုလက်ဝါးချက်မှ သူမ ရှင်သန်ခဲ့ရသည့် အကြောင်းအရင်းတစ်ချက်က သူမ၏ ခင်ပွန်းကြောင့်သာ ဖြစ်၏။

ထိုအမျိုးသားက သူမ တွေ့ဖူးသမျှထဲ စိတ်နှလုံးသား အဖြူစင်ဆုံးသူဖြစ်ကာ သူမကို ကာကွယ်ဖို့အတွက် ထိုအရာကို စတေးပြီး လက်ဝါးကို ပိတ်ဆို့ကာ သူမ၏ တိုင်းပြည်ကံကောင်းမှုကို အသက်သွင်းဖို့ အချိန်ဆွဲပေးခဲ့သည်။ သူက သူမ၏ ခန္ဓာကိုယ်အတွင်း ကာကွယ်မှုအနေဖြင့် ထားရှိခဲ့ကာ ကုစားဖို့အတွက် အသက်ဓာတ်ကိုပင် ပေးအပ်ခဲ့၏။

“မင်းအတွက် သူ့ကို အသက်ပြန်သွင်းပေးရမလား” ဝမ်ဝေ့က မေးလိုက်သည်။

“သူက ပြန်လည်ဝင်စားပြီးသွားပြီ။ ကျွန်မက စောင့်နေတာ” သူမက ပြောလိုက်သည်။

ဝမ်ဝေ့က သူမကို ကြည့်ကာ “အပြစ်ရှိသလို ခံစားနေရတာလား”

“နည်းနည်းပေါ့။” သူမက သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်မရဲ့ ရည်မှန်းချက်ကြီးကြောင့် သူ့ကို သေစေခဲ့တာလေ။ အဲဒီနောက်ပိုင်းလည်း ကျွန်မက မရပ်တန့်ခဲ့ဘူး။ သူ့ကို ထပ်တွေ့ရမှာ နည်းနည်းတော့ စိုးရိမ်နေမိတယ်”

“သူက မင်း ပြောသလိုမျိုး ကြင်နာတယ်ဆိုရင် သေချာပေါက် ခွင့်လွှတ်ပေးမှာပါ”

“သူ ခွင့်လွှတ်ပေးမယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးဘူး”

“ကိုယ်တိုင် ခွင့်လွှတ်မှုလိုမျိုး အရာအတွက်ကလည်း ငါလဲ ကူညီမပေးနိုင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အကြံပေးချင်တာကတော့ သူ့ကို တွေ့တဲ့အခါမှာ အမှန်အတိုင်း ပြောလိုက်ပြီးတော့ သူက မင်းကို ကူညီနိုင်မလားဆိုတာကို ကြည့်လိုက်ပေါ့”

“ရှင် ပြောသလို ဖြစ်မှာပါလေ … ”

All Chapters