← Chapters

ပြင်ဆင်မှုများ

Vol. 69 Ch. 957

ပြင်ဆင်မှုများ

Vol. 69 Ch. 957

သုံ့လီဖန်းက အချိန်မဖြုန်းဘဲ ပေါင်းစည်းမှုသတင်းကို ပို့ဆောင်ကာ ကျင့်ကြံသူများအား စိတ်ကြိုက်ရွေးချယ်ခိုင်းခဲ့သည်။ ထင်ထားသည့်အတိုင်း ၉၆ ရာခိုင်နှုန်းကျော်က သူမနောက် လိုက်ဖို့ ရွေးချယ်ခဲ့ကြ၏။ ထိုသူများက သူတို့၏ အရှင်ကသာ သူတို့ကြွယ်ဝမှု၏ အရင်းအမြစ် ဖြစ်ကြောင်း သိထားသည့်အတွက် သူမ မရှိဘဲ သူတို့၏ ဘဝက မဟာရှားက မသိမ်းပိုက်ခင် အခြေအနေ ဆိုးဆိုးရွားရွား အနေအထားကို ပြန်လည်ရောက်ရှိသွားလိမ့်မည်။

တခြားလမ်းစဉ်ကို ရွေးချယ်ကြသည့်သူများအတွက်မူ

သူတို့တွင်လည်း အကြောင်းအရင်းများစွာ ရှိလေသည်။ လူအများစုက သုံ့လီဖန်း၏ အစစ်အမှန် ထောက်ခံသူများ မဟုတ်ကြဘဲ သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကြောင့် တိုင်းပြည်ကို အသုံးပြုလိုရုံမျှသာ ဖြစ်၏။ တခြားသူများကမူ သူတို့၏ ဘဝ သို့မဟုတ် မသေမျိုးဘဝကို ရရှိဖို့အတွက် တစ်စုံတစ်ယောက်အပေါ် မှီခိုဖို့ အစီအစဉ်ကို ငြင်းပယ်ခဲ့ကြသည်။ တချို့ကမူ သာမန်ဘဝမျိုးကိုသာ နေထိုင်လိုကြ၏။

ထိုသူများက မည်သို့ပင် ရွေးချယ်စေကာမူ သုံ့လီဖန်းက သူတို့ကို မတားဆီးခဲ့ပေ။ သူမက ထိုသူများအား တခြားကမ္ဘာဆီ ပို့ဆောင်ဖို့ လေဟာနယ်သင်္ဘောကို ချန်ထားပေးခဲ့သည်။ ထို့နောက် သူမက ပေါင်းစည်းရေးကို စတင်လိုက်၏။

သုံ့လီဖန်း၏ နိဝမ်ဆုံမှတ်မှ ကြောက်မက်ဖွယ် ဝါးမျိုရေးစွမ်းအားတစ်ခု ထုတ်ဖော်လာကာ ကမ္ဘာတစ်ခုလုံးက အလျင်အမြန် ကျုံ့သွားပြီး သူမ၏ ခေါင်းအတွင်း ဝင်ရောက်သွားသည်။ ထိုအရာက သူမ၏ နဖူးအလယ်တွင် မမြင်နိုင်သည့် တွင်းနက်ကြီးရှိနေသလိုမျိုး လမ်းတွင် ရှိသည့် အရာအားလုံးကို ဝါးမျိုသွားသကဲ့သို့ ဖြစ်၏။

သုံ့လီဖန်း၏ အရှိန်အဝါမှ စွမ်းအားကြီး အငွေ့အသက်တစ်ခု ပျံ့လွင့်လာခဲ့သည်။ သူမရှေ့တွင် သံကြိုးများဖြင့် ပြုလုပ်ထားသည့် မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး မဟာတာအိုအရင်းအမြစ်ကို လှုံ့ဆော်ဖို့ ခေါင်းမော့ကြည့်လိုက်စဉ် သူမ လက်ထဲတွင် အိပ်မက်နှင့် အိပ်မက်ဆိုး စွမ်းအားအဖြစ် ဖွဲ့စည်းသွားပြီး ပျောက်ကွယ်သွားလေ၏။

“ဘယ်လိုခံစားရလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ပြီးပြည့်စုံသွားပြီးတော့ ပြစ်ချက်မဲ့သွားသလိုပဲ” သူမက ပြောလိုက်သည်။ တိုင်းပြည်က သူမ၏ အားနည်းချက် မဟုတ်တော့ပေ။ သူမ၏ အသိစိတ်ပင်လယ်ထဲရှိ ချီနဂါးကပင် သူမ ခန္ဓာကိုယ်၏ အခြေခံ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေသည်။ သူမက နဂါးနှင့် သက်ဆိုင်သည့် ထူးကဲရုပ်ခန္ဓာကို နိုးထလာသကဲ့သို့ ဖြစ်နေ၏။

အတွေးတစ်ချက်ဖြင့် သုံ့လီဖန်း ဝန်းကျင်တွင် ခရမ်းရွှေရောင် နဂါးတစ်ကောင်ပေါ်ထွက်လာ၏။

“ချီကံကောင်းမှုကို ထိန်းချုပ်ရတာ ပိုပြီးတော့ လွယ်ကူလာတယ်။ ကျွန်မခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ” သုံ့လီဖန်းက ဆက်ပြောလိုက်သည်။ ထိုမတိုင်ခင် သူမက သူမစွမ်းအားကို တိုးမြှင့်ဖို့ သို့မဟုတ် ခုခံဖို့အတွက် နဂါးဖြင့် ပေါင်းစည်းရသည်။ သို့သော် ယခုတွင် သူမက နဂါးကို ထုတ်ဖော်နိုင်ပြီး ခုခံရေးလက်နက်အဖြစ် အသုံးပြုနိုင်သည်။

“ဒါက မင်းရဲ့ အိပ်မက်ဝိညာဉ်ကြောင့် တိုင်းပြည်က ဆင့်ကဲပြောင်းလဲသွားတဲ့ပုံပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဟုတ်လောက်တယ်။ တိုင်းသူပြည်သားတွေက သန့်စင်တဲ့ စိတ်ဝိညာဉ်သက်ရှိတွေအစား အိပ်မက် ဒါမှမဟုတ် အိပ်မက်ဆိုး သက်ရှိပုံစံလိုမျိုး ဖြစ်လာတယ်လို့ ယူဆလို့ရတယ်” သုံ့လီဖန်းက ခေါင်းညိတ်လိုက်၏။ ထိုသို့သော အပြောင်းအလဲက သူမအတွက် အကျိုးကျေးဇူးရှိလေသည်။

ဝမ်ဝေ့က ထိုအရာကိုကြားက အကြည့်များ တောက်ပလာ၏။

“မင်းရဲ့ စိမ့်ထွက်နေတဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ဖို့ အချိန်တစ်ခု ယူသင့်တယ်” သူက သတိပေးလိုက်သည်။ ပေါင်းစည်းပြီးသည့်နောက်တွင် သူမ၏ ဝိညာဉ်က သိသိသာသာ တိုးမြင့်သွားသည့်အတွက် သူမအနေဖြင့် ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးပေ။

“ကျွန်မ လုပ်လိုက်ပါ့မယ်” သုံ့လီဖန်းက သူမ ဝိညာဉ်၏ အသွင်ပြောင်းမှုသည် မပြီးမြောက်သေးဘဲ အချိန်တစ်ခု လိုအပ်ကြောင်း သိထား၏။ ထို့ကြောင့် သူမက အလျင်လိုနေခြင်း မရှိပေ။

“ဒီလိုဆိုရင် သွားရအောင်” ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူတို့က ဂိုဏ်းဆီ ပြန်ရောက်လာကြသည်။

“မင်းကို ဘိုးဘေးတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”

သူက သတင်းကို ပို့ဆောင်ထားပြီးသားဖြစ်သည့်အတွက် လူများစွာက လျို့ဝှက်နယ်မြေတစ်ခုအတွင်း သူတို့ကို စောင့်ဆိုင်းနေကြသည်။

“ဒါက သုံ့လီဖန်း။ ကျုပ်တို့ ဂိုဏ်းရဲ့ ၁၃ယောက်မြောက် ဧကရာဇ်ပဲ”

ဝမ်ဝေ့က လူအားလုံးကို သုံ့လီဖန်းနှင့် မိတ်ဆက်ပေးလိုက်သည်။ ထိုသူများက သူမ၏ အောင်မြင်မှုများကြောင့် အံ့အားသင့်နေကြ၏။

မူလအရှင်က သူမကို ကယ်တင်ဖူးပြီး သူမ လမ်းစဉ်ကို သိထားသူဖြစ်သည့်အတွက် အတည်ငြိမ်ဆုံးသူ ဖြစ်ပေသည်။ သူ့အနေနှင့် သူမက သူမ၏ လမ်းစဉ်အသစ်ကို တရားဝင် ထုတ်မပြောရသေးသည့်အတွက် သူမအပေါ် သို့မဟုတ် ဤမသေမျိုး လမ်းစဉ်အသစ်၏ ကံကြွေးကို မထမ်းဆောင်လိုသည့်အတွက် ဘယ်သူ့ကိုမှ ပြောမပြခဲ့ပေ။

“စီနီယာ ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” သုံ့လီဖန်းက မူလအရှင်ကို ပြောလိုက်၏။

“မင်းရဲ့ ဆရာက ငါတို့ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတော့ ငါတို့ထဲက တစ်ယောက် ဖြစ်နေပြီးသားပါ။ ဘာမှ အားနာနေဖို့ မလိုဘူး”

ဝမ်ဝေ့က ထိုမြေခွေးအိုကြီးအား တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ထိုသို့သော နည်းလမ်းမျိုးက အုပ်ချုပ်သူတစ်ယောက်အဖြစ် နေထိုင်လာခဲ့သည့် သုံ့လီဖန်းအပေါ်တွင် အလုပ်ဖြစ်မည် မဟုတ်သော်လည်း ဤသို့သော အပြုအမူမျိုးက ဂိုဏ်း၏ သဘောထားကို သူမထံ ဖော်ထုတ်ပြီးသား ဖြစ်သွားလေသည်။

“မသေမျိုးလမ်းစဉ် အသစ်လား။ ငါတော့ စိတ်ဝင်စားမိတယ်” ငရဲအရှင်က ပြောလိုက်သည်။

“ငါတို့က ဧကရာဇ်တစ်ပိုင်းအဆင့် တစ်ယောက်ကို တိုင်းပြည် တည်ထောင်ခိုင်းပြီးတော့ ကမ္ဘာတွေကို အတင်းအကြပ် အုပ်စိုးပြီး ပေါင်းစည်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ငါတို့တွေ နောက်ထပ် ကောင်းကင်ဘုရင်အသစ်ကို လုပ်နိုင်မှာလား”

“ဘယ်လုပ်နိုင်ပါ့မလဲ” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။

“မဟာတာအိုအရင်းအမြစ်ကို ခံနိုင်ရည်ရှိမဲ့ ချီကံကောင်းမှုနဂါးအတွက် လိုအပ်ချက်က အတော်လေး‌ မြင့်မားလိမ့်မယ်။ အဲ့လိုတိုင်းပြည်မျိုးက စံနှုန်းနဲ့ ကိုက်ညီမှာ မဟုတ်ဘူး”

ကျယ်ပြောသည့် ပိုင်နက်က တိုင်းပြည်ကြွယ်ဝခြင်းကို ဖော်ပြနေသည့် တစ်ခုတည်းသော အချက် မဟုတ်ပေ။

လူများ၏ ဘဝ၊ ပျော်ရွှင်မှု၊ တိုးတက်မှု၊ ပညာရပ်နှင့် နည်းပညာများက အားကောင်းသည့် တိုင်းပြည်တစ်ခုအတွင်း ပါဝင်နေသည်။

ထို့အပြင် ကံကြမ္မာတိုင်းပြည် တစ်ခုက အားကောင်းသည့် ကျင့်ကြံသူများကို နောက်ခံအဖြစ် လိုအပ်လေသည်။ ထိုကျင့်ကြံသူများကလည်း တိုင်းပြည်အပေါ် သစ္စာရှိရမည်။ အားကောင်းသည့် အစီအရင် သို့မဟုတ် အသုံးအဆောင်ပစ္စည်းကဲ့သို့သော အုတ်မြစ်များကို လိုအပ်လာသည့်အခါ ထည့်သုံးရပြီး ဆေးပညာနှင့် လက်ရွေးစင်တပ်ဖွဲ့များကို လေ့ကျင့်ပေးရမည့်အကြောင်း ထည့်မပြောရသေးပေ။

ထိုအရာအားလုံးက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို တောင့်ခံပြီး ကောင်းကင်ဘုရင်ဖြစ်လာဖို့ လုံလောက်သည့် ချီကံကောင်းမှုကို ဖွဲ့စည်းဖို့ စံနှုန်းတစ်ခု ရောက်ရှိသွားလိမ့်မည်။

“ဒီလမ်းစဉ်က ထာဝရအရှင်တွေနဲ့ တာအိုဘိုးဘေးတွေလိုမျိုး စမ်းသပ်ချက်ကို တွေ့ကြုံခံစားရမှာပဲ။ တကယ်လို့ ချီကံကောင်းမှုက အားနည်းနေတယ်ဆိုရင် အဲဒီဖြစ်စဉ်က ကျရှုံးသွားနိုင်တယ်” ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။

“ဟုတ်တယ်။ မသေမျိုးလမ်းစဉ်တိုင်းက ဒိုင်မေးရှင်းအနိမ့်မှာ အဖိုးတန်တယ်ဆိုတော့ ဒီလိုမျိုး ရိုးရှင်းနေမှာ မဟုတ်ဘူး” ငရဲအရှင်က ပြောလိုက်သည်။

“ငါတို့တွေ လမ်းစဉ်အသစ်ကို သုံးသပ်ဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်။ ငါတို့တွေ သူမရဲ့ ဧကရာဇ်လမ်းစဉ်အတွက် အစီအစဉ်ကောင်းတစ်ခုတော့ လိုတယ်”မူလအရှင်က ဝင်ပြောလိုက်သည်။

သုံ့လီဖန်းက အင်အားကြီးသော်လည်း မူလအရှင်က မတော်တဆဖြစ်ရပ် ဖြစ်မလာအောင် သတိထားလိုသည်။

“အစီအစဉ် ရှိထားလား”

“အင်း” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ကျုပ်တို့တွေ သူမကို လှည့်ဖျားရေးအစီအရင် သုံးပြီးတော့ အစစ်အမှန်ကောင်းကင်တာအို မသိအောင် သူမရဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ မပြိုင်ခင်အထိ ဖုံးကွယ်ထားမယ်။ အဲဒီနည်းလမ်းနဲ့ဆိုရင် သူမနဲ့ စွမ်းအား တူညီတဲ့သူ ဒါမှမဟုတ်ဘူးဆိုရင် နဝမအဆုံးစွန်အုတ်မြစ်ရှိတဲ့သူကို ဖန်တီးပြီး အကွက်ချနိုင်မှာ မဟုတ်တော့ဘူး”

“တိုက်ပွဲရူးလိုမျိုးပေါ့” မူလအရှင်က ပြောလိုက်သည်။ ချီယွမ်ကိုယ်တိုင်က တိုက်ပွဲရူး၏ ကံကြမ္မာကို ခန့်မှန်းထားပြီးသား ဖြစ်၏။ သူက ဓားဧကရီနောက်တွင် တာအိုကို သက်သေပြခဲ့သည်ဖြစ်ကာ မျှခြေညီစက်ယန္တရားသည် ထိုစဉ်အချိန်က ဂိုဏ်းတစ်ခုတွင် ထာဝရဧကရာဇ်သုံးပါးကို အလွယ်တကူ ခွင့်ပြုမည် မဟုတ်ကြောင်း အဓိပ္ပာယ်ရှိလေသည်။

ထို့ကြောင့် ဓားရေးစံအိမ်၏ တည်ထောင်သူဖြစ်သည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိပေ။ ယခင်က တိုက်ပွဲရူး၏ စွမ်းအားသည် သူ့အခြေခံအုတ်မြစ်ကို ချီယွမ်၏ အကူအညီဖြင့် ပြန်လည်ဖွဲ့စည်းပြီးသည့်နောက်တွင် အဆင့် ၂ တာအိုဘိုးဘေးစွမ်းအားသို့ ရောက်ရှိခဲ့၏။ ထို့အပြင် သူက သူ့တတိယညီမနှင့် မတူဘဲ သူက ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့သည်။

ထို့အပြင် သူက တိုက်ခိုက်ရေးစွမ်းအားဖြင့် အချိန်တိုမျှ အဆင့် (၃) တာအိုဘိုးဘေးကို တိုက်ခိုက်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ဓားရေးဧကရာဇ်ဆီ ရှုံးနိမ့်ခဲ့ရ၏။ သို့သော်လည်း ထိုသူကလည်း တန်ကြေး ပေးဆပ်ခဲ့ရသည်။

ကောင်းကင်တာအိုက ဓားရေးဧကရာဇ်ကို ဖန်တီးဖို့ အတွက် ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများ အသုံးပြုခဲ့ရသည့်အတွက် ထိုသူက ကောင်းကင်တာအိုအပေါ် ကံကြွေးအမြောက်အများ တင်ရှိသွားသည်။

ထို့ကြောင့် သူ တာအို သက်သေပြသည့်အခါ အတုအယောင် ထာဝရဧကရာဇ်မျှသာ ဖြစ်လာခဲ့၏။

ဝမ်ဝေ့က မူလအရှင်၏ စကားကိုကြားပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။ သူက ထိုသို့ဖြစ်လာမည်ကို စိုးရိမ်နေသည့်အတွက် သုံ့လီဖန်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သူ့အစီအစဉ်က အစစ်အမှန် ကောင်းကင်တာအိုအား သူမသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ဝင်ရောက်ဆင်နွှဲမည့် နောက်ဆုံးသော စက္ကန့်အချိန်အထိ မသိစေဖို့ရာ ဖြစ်သည်။

ဒုတိယတစ်ခုကမူ ကောင်းကင်ရွေးချယ်ခံအား ဝင်ခွင့်အမှတ်အသားကို သွားရောက်ယူစေဖို့ ဖြစ်၏။ အကယ်၍ လိုအပ်လာပါက သူမကို ပေးအပ်နိုင်သည်။ ထိုအခါ သူမက ပေါ်ထွက်လာပြီး အားလုံးကို လွှမ်းမိုးဖွယ် အင်အားဖြင့် ဖိနှိပ်သွားလိမ့်မည်။

ဝမ်ဝေ့က တိတ်တဆိတ်သာ သက်ပြင်းချလိုက်၏။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်တွင် စီမံခန့်ခွဲပုံက တင်းကြပ်လွန်းလှသည်။ ထိုအရာက အားကောင်းပြီး ပါရမီရှိသည့် မဟာဧကရာဇ်များကို ပြုစုပျိုးထောင်လိုသော်လည်း အင်အားစုများက အင်အားကြီးလွန်းခြင်း သို့မဟုတ် အခြေအနေတစ်ခုလုံးကို လွှမ်းမိုးခြင်းအား ခွင့်ပြုမထားပေ။

“ဒီနည်းလမ်းနဲ့ဆိုရင် လက်ဦးမှုက ငါတို့လက်ထဲမှာပဲ” မူလအရှင်က ခေါင်းညိတ်လိုက်သည်။ သူတို့က ပါရမီထူးကဲသည့် ကောင်းကင်ရွေးချယ်ခံ မရှိသည့် မျိုးဆက်တစ်ခုကို ရွေးချယ်ကာ သူမကို စေလွှတ်နိုင်သည်။

“ဒါက အကြံကောင်းပဲ။ ကောင်းကင်တာအိုကို သတိထားလိုက်ရုံနဲ့ ကျန်တာအားလုံး အဆင်ပြေသွားလိမ့်မယ်” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။ အဆိုးဆုံးအခြေအနေ တစ်ခုက သူတို့သည် မျိုးဆက်တစ်ခုအတွင်း ပါရမီထူးကဲသည့်သူ မရှိသည်ဟု ယုံကြည်ထားပြီး သူမကို တာအိုသက်သေပြဖို့ ရွေးချယ်လိုက်သည့်အခါမှ မကောင်းဆိုးဝါးအဆင့် ပါရမီရှင် ပေါ်ထွက်လာမည်ကို ဖြစ်၏။

“အမှန်ပဲ” ဝမ်ဝေ့က သုံ့လီဖန်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“မင်းရော ဘယ်လိုထင်လဲ။ ဒါက မင်းရဲ့ တာအိုသက်သေပြတဲ့ အတွေ့အကြုံနဲ့ ပတ်သက်နေတယ်”

သုံ့လီဖန်းက တုံ့ဆိုင်းနေမိ၏။

“ပြောစရာရှိရင် ပြောလိုက်ပါ”

“ကျွန်မလည်း မသိဘူး။ ပါရမီထူးကဲတဲ့ ပြိုင်ဘက်တစ်ယောက်က ကျွန်မကို တွန်းပို့နိုင်တာကလည်း ကိစ္စဆိုး မဟုတ်ဘူးလို့ ခံစားမိတယ်။ တိထျန်းက ရှင့်အပေါ် လုပ်ခဲ့သလိုမျိုးပေါ့”

ဝမ်ဝေ့က ရှုံ့မဲ့သွား၏။ ဧကရာဇ်လမ်းစဉ်တွင် ပြိုင်ဘက်ရှိထားခြင်းက အကြံကောင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက နောက်ဆုံးအနိုင်ရရှိသူဖြစ်လာမှသာ ဖြစ်သည်။

“တကယ်လို့ အားကောင်းတဲ့ ပြိုင်ဘက် လိုချင်တယ်ဆိုရင် မင်းကို လေ့ကျင့်ပေးမဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ အဲဒါကြောင့် စိုးရိမ်နေစရာ မလိုဘူး”

“အဲဒါဆိုလည်း ရှင် ပြောသလိုပါပဲ”

“သွားကြစို့။ ငါတို့တွေ လုပ်စရာတွေ အများကြီး ရှိသေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

သုံ့လီဖန်းက ဂိုဏ်းသားတစ်ယောက်အနေဖြင့် နာမည်စာရင်း သွားသွင်းခြင်း၊ သူမ၏ ဝိညာဉ်မီးအိမ်ကို ဖန်တီးခြင်းနှင့် တခြားအသေးစား ကိစ္စများလုပ်ဖို့ လုပ်ဆောင်မှုများစွာ ရှိနေသည်။

ထို့နောက် သူမက သူမ၏ ဆရာကို သွားရောက်တွေ့ဆုံခဲ့၏။

“ဘယ်လိုလဲ။ ငါ မင်းဆရာကို အနိုင်မကျင့်ထားဘူးဆိုတာ စစ်ဆေးကြည့်ပြီးသွားပြီလား”

သုံ့လီဖန်းက ပြုံးကာ ဘာမှမပြောပေ။

သူမက ဆရာဖြစ်သူ၏ ဘဝသည် အတော်လေး ပြီးပြည့်စုံကြောင်း ပြောနိုင်လေ၏။ သူမ၏ အိပ်မက်နှင့် ရည်မှန်းချက်များက အမြဲတမ်း သေမျိုးဘဝကို လျှောက်လှမ်းဖို့သာ ဖြစ်ပြီး သူမ၏ ရည်မှန်းချက်ကို မကြာခင် ပြီးမြောက်သွားလိမ့်မည်။ ထို့နောက် သူမက ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းကာ တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်သည်။

“ကောင်းပြီ။ သွားကြစို့” ဝမ်ဝေ့က ပြောလိုက်သည်။ နှစ်ဦးသားက ထာဝရအိပ်မက်ဂိုဏ်းဆီ ဦးတည်လိုက်ကြ၏။

ဝမ်ဝေ့က တားမြစ်နယ်မြေတစ်ခုဆီ သွားရောက်လည်ပတ်ဖို့ တွေးထားခဲ့သော်လည်း အချိန်မကျန်တော့ပေ။ ထို့ကြောင့် နှစ်ရာချီ ကုန်ဆုံးသွားခဲ့ပြီး တတိယမြောက် ခုံရုံးအစည်းအဝေး ကျင်းပမည့် အချိန်သို့ ရောက်လာခဲ့၏။

All Chapters