အကြီးကျယ်ဆုံး ခေတ်ကာလ
Vol. 69 Ch. 961
ကြမ္မာ … ကြမ္မာအမြောက်အများ …
အဆင့်ဇယားများက ထိုအရာကို ကိုယ်စားပြုနေသည်။ ထိုအဆင့်ဇယားထဲ ဝင်ရောက်နိုင်သူအားလုံးက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးဆီမှ ကြမ္မာကို လက်ခံရရှိလိမ့်မည်။
ကောင်းကင်ရွေးချယ်ခံ အဆင့်ဇယားတွင် နံပါတ်(၁)က ကြမ္မာအမြောက်အများ ဖွဲ့စည်းနိုင်မှုဖြင့် ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေ ၉၀ ရာခိုင်နှုန်းရှိ၏။ ကျန်ရှိနေသည့် ထိပ်သီး အယောက်၂၀ကမူ ၆၀မှ ၈၀ ရာခိုင်နှုန်းအထိ အခွင့်အရေး ရှိသည်။ ယခုမှစ၍ ဒိုင်မေးရှင်းအနိမ့်သည် မျိုးဆက်တိုင်းတွင် အနည်းဆုံး ထာဝရဧကရာဇ် တစ်ယောက် ပေါ်ထွက်လာမည်ဟု အာမခံချက် ရှိလာသည်။
ထိုအဆင့်ဇယားပေါ်ရှိ လူများက သူတို့ကမ္ဘာ့အသိုက်အဝန်းမှ ပါရမီရှင်များကို တိုက်ခိုက်ကြည့်ရုံသာမက ကောင်းကင်အလိုဆန္ဒကမ္ဘာ ၃၈၀၀ရှိ ပါရမီရှင်အားလုံးနှင့် တိုက်ခိုက်ကြည့်နိုင်သည်။ အဆင့်ဇယားထဲ ထိပ်သီးရောက်ရှိသည့်သူများက အစစ်အမှန်ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဖြစ်၏။ ထိပ်သီးအဆင့် ရောက်ရှိနိုင်သည့် ဖြစ်စဉ်က ဒိုင်မေးရှင်းအနိမ့်ရှိ ကောင်းကင်ရွေးချယ်ခံတိုင်း ပါဝင်နေသည့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် ဆင်တူပေသည်။
မျှော်စင်ကို ဖန်တီးပြီးသည့်နောက်တွင် ဝမ်ဝေ့က သူသည် ဤအရာတည်ရှိပြီးသား ခေတ်ကာလတွင် မမွေးဖွားခဲ့သည့်အတွက် နောင်တရလာမိ၏။
အဆုံးသတ်တွင် သူက စည်ပင်ကြွယ်ဝသည့် ခေတ်ကာလကို ယူဆောင်လာသူအနေဖြင့်သာ ကျေနပ်လိုက်ရသည်။
ထို့အပြင် ကောင်းကင်ရွေးချယ်ခံများသာ အရေးကြီးခြင်း မဟုတ်ပေ။ အဆင့်ဇယားရှိ နံပါတ်တစ်မျိုးနွယ်ကလည်း ဒိုင်မေးရှင်းအနိမ့်တွင် ဇာတ်လိုက်ဖြစ်လာနိုင်ချေ ရှိပြီး တခြားကမ္ဘာများက အသင်္ချေအင်ပါယာကမ္ဘာ၏ အဓိကကမ္ဘာအနေဖြင့် ကြမ္မာကို ယူဆောင်နိုင်ချေလည်း ရှိလေသည်။ ထို့အခွင့်အရေးက သိပ်မမြင့်မားပေ။
ချီယွမ်က ပထမမူလစစ်ပွဲတွင် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲပြီး အနိုင်ရရှိခြင်းဖြင့် ထိုကြမ္မာကို ရယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် အခွင့်အရေးတစ်ခုတော့ ရှိနေသေး၏။
ထို့အပြင် ဝမ်ဝေ့က မျှော်စင်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲများကိုသာ အသုံးပြုမည် မဟုတ်ပေ။ ကျွမ်းကျင်အတတ်ပညာရှင်များအတွက်လည်း ပြိုင်ပွဲများ ရှိ၏။ ထို့ကြောင့် အကောင်းဆုံး အဂ္ဂိရတ်ပညာရှင်၊ လက်နက်သန့်စင်သူ၊ ဆေးအစီအရင်ဆရာနှင့် အဆောင်ပြုလုပ်သူများလည်း အဆင့်ဇယား ရှိလာလိမ့်မည်။ တချို့ကမ္ဘာများက သူတို့၏ ထူးကဲသည့် ကျွမ်းကျင်အတတ်ပညာရှင်များ ရှိသည့်အတွက် ထိုအဆင့်ဇယားတွင် ပါဝင်လာနိုင်၏။
အချုပ်အားဖြင့် အိပ်မက်လောကကသာ တခြားကမ္ဘာ့အသိုက်အဝန်းဆီ ပျံ့နှံ့သွားသည်နှင့် ကမ္ဘာတစ်သောင်း တိုက်ပွဲမျှော်စင်သည် ကံကောင်းမှုနှင့် ကြမ္မာအတွက် တိုက်ခိုက်မည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။ မျှော်စင်က အိပ်မက်လောက နာမည်ကြီးလာပြီး သူ့ထံ အကျိုးအမြတ်မြောက်များစွာ ယူဆောင်ပေးကာ သူ့ကောင်းကင်ဧကရာဇ်ခေတ်ကာလကို ရှည်ကြာနိုင်မည့် အဓိက လုပ်ဆောင်ချက်တစ်ခု ဖြစ်၏။
ထိုအရာက ဒိုင်မေးရှင်းအနိမ့်တွင် သူ့အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မည်။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ရှိ စည်းမျဉ်းများကို ပါရမီထူးကဲသည့် မဟာဧကရာဇ်များကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်ဖြင့် တင်းကြပ်လေ့ရှိသည်။
မျှော်စင်၏ ရည်ရွယ်ချက်က ထိုကိစ္စကို ကူညီပေးနိုင်သည်။
ဝမ်ဝေ့က မျှော်စင်ကိုကြည့်ကာ တွေးလိုက်မိသည်။
ဒီအစီအစဉ် အလုပ်ဖြစ်ပါစေပဲ မျှော်လင့်ရမှာပဲ…
မျှော်စင်ကို ဖန်တီးနေစဉ် သူက လီကျွင်းနှင့် ယန်းလီလင်းတို့သည် တန်ကြေးအနည်းငယ် ပေးဆပ်ရုံမျှဖြင့် မသေမျိုးဘဝ ရယူနိုင်မည့် အစီအစဉ်တစ်ခုကို တွေးမိကာ ထိုအရာ၏ အရေးပါမှုကို သဘောပေါက်လာခဲ့သည်။ ထိုအစီအစဉ်၏ ပထမအဆင့်က သူတို့သည် ထိုစာရင်း၏ ထိပ်သီးသို့ ဝင်ရောက်ကာ ကြမ္မာနှင့် ကံကောင်းမှုအမြောက်အများ စုစည်းဖို့ ဖြစ်၏။
သူ့အနေဖြင့် သူတို့အား အစစ်အမှန်ကောင်းကင်တာအိုက သူတို့ကို အလွယ်တကူ လျစ်လျူမရှုနိုင်လေက်အောင် များများ စုဆောင်းထားစေလိုသည်။ ထိုအရာ ပြီးမြောက်သွားသည်နှင့် သူက ဒုတိယအဆင့်ကို စတင်နိုင်လိမ့်မည်။
အစီအစဉ် အဆုံးသတ်သွားသည့်အခါ ထိုသူနှစ်ဦးက အချိန်တော်ကြာပြီးသည့်နောက်တွင်ပင် ဂိုဏ်း၏ တရားဝင် ဧကရာဇ် ဖြစ်မလာနိုင်သေးသော်လည်း ထာဝရဧကရာဇ်များ ဖြစ်လာလိမ့်မည်။ သူ့မူလအစီအစဉ်အရ ထိုသူနှစ်ဦးသည် အတုအယောင်ထာဝရ ဧကရာဇ်များ ဖြစ်လာကြလိမ့်မည်။ သို့သော် သူတို့၏ ကုသိုလ်ကို ရယူပြီးသည့်နောက်တွင် သူတို့က အစစ်အမှန်ကောင်းကင်တာအိုနှင့် တည်ရှိမှုကို နားလည်အောင် လုပ်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခုကို တောင်းဆိုနိုင်လိမ့်မည်။ သို့သော်လည်း ထိုအစီအစဉ်က စွန့်စားရာကျ၏။ အကြောင်းအရင်းမှာ လီကျွင်းနှင့် ယန်းလီလင်းတို့သည် ထာဝရဧကရာဇ်တစ်ယောက်၏ ကာကွယ်မှု မရှိဘဲ ထမ်းဆောင်ရမည် ဖြစ်သည်။
ဒီအစီအစဉ်အသစ်က ပိုကောင်းတယ်…
ဝမ်ဝေ့က ယုံကြည်မှုအပြည့်ဖြင့် တွေးလိုက်မိသည်။ ယခင်က သူသည် လီကျွင်းအတွက် ထိပ်သီးသို့ ရောက်ရှိဖို့ရာ မျှော်လင့်ချက် များများစားစား မထားရှိပေ။ သို့သော် ယခုတွင် ထိုသူ၏ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်နှင့် သူ့သင်ကြားမှုတို့ဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
ယန်းလီလင်းအတွက်မူ
သူမ၏ ဆေးဖော်စပ်ခြင်း ပါရမီကို အပြည့်အဝ ယုံကြည်မှု ရှိ၏။ ဒိုင်မေးရှင်းအနိမ့်တွင် သူမနှင့် ယှဉ်နိုင်သည့်သူ အနည်းငယ်သာ ရှိလိမ့်မည်။
ဝမ်ဝေ့ ပြုံးကာ တာအိုအခွင့်အလမ်းဂိုဏ်းက ထိုအဆင့်ဇယားကို လွှမ်းမိုးထားမည်ကို တွေးလိုက်မိသည်။ ပထမဦးစွာ လီကျွင်းဖြစ်ပြီး နောက်ပိုင်းတွင် သူ့အဖေ ရောက်လာလိမ့်မည်။ သူက ထိပ်သီးအယောက်နှစ်ဆယ်အား ကံကြမ္မာဆေးကြောရေစင် အသုံးပြုခွင့် ဆုလာဘ် ထားထားသည့်အတွက် ပြိုင်ပွဲက ပြင်းထန်လိမ့်မည်။
ဝမ်ဝေ့၏ မူလအစီအစဉ်က ထိုရေကန်ကို ဂိုဏ်းအတွက် လျှို့ဝှက်ချက်အနေဖြင့် သိမ်းဆည်းထားဖို့ ဖြစ်၏။ သို့သော်လည်း သူ သုံးသပ်ပြီးသည့်နောက်တွင် အစစ်အမှန် ကောင်းကင်တာအိုအား ထိုအရာ၏ လုပ်ဆောင်ချက်အပေါ် တားဆီးမှုမရှိစေဘဲ အသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူက ထိုအရာကို ကောင်းကင်ရွေးချယ်ခံ အဆင့်ဇယားအတွက် ဆုလာဘ်အနေဖြင့် သုံးဖို့ ဆုံးဖြတ်လိုက်၏။ ထိုအခါ အဆုံးမဲ့လေဟာနယ်တစ်လျှောက်မှ အင်အားစုများသည် သူတို့၏ အိပ်စက်နေသော ကောင်းကင်ရွေးချယ်ခံများကို ယှဉ်ပြိုင်ဖို့ရာအတွက် နိုးထစေဖို့ တုံ့ဆိုင်းနေတော့မည် မဟုတ်ပေ။ ထိုအခါ ပြိုင်ပွဲက ပြင်းထန်လာမည်ဖြစ်ကာ ထာဝရဧကရာဇ်များ ပိုမိုပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။
ဤအစီအစဉ်ဖြင့် ဝမ်ဝေ့က ကုသိုလ်အမြောက်အများ ရရှိမည်ဖြစ်ကာ ကောင်းကင်ဘုံအဆင့်ကိုပင် ကျော်လွန်သွားနိုင်သည်။
ပို၍အရေးကြီးသည်က မျှခြေညီစက်ယန္တရားသည် သူ့ကို အမြဲတမ်း ဖိနှိပ်ထားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက သိသိသာသာ စွမ်းအား တိုးမြင့်လာမည်ဖြစ်၏။ တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုတည်းသာ မဟုတ်တော့ပေ။
ဒီအစီအစဉ်အတွက် တစ်ခုတည်းသော ပြဿနာက လီကျွင်းနဲ့ ယန်းလီလင်းတို့ရဲ့ တာအိုသက်သေပြမည့်အချိန်ကို နှောင့်နှေးထားမှာပဲ…
သူ့နဂိုအစီအစဉ်အရ ထိုသူနှစ်ဦးသည် သူ့အမေ မတိုင်ခင် တာအိုကို သက်သေပြရမည် ဖြစ်သော်လည်း ယခုအခါ ထိုသို့ဖြစ်၍ မရပေ။
ဝမ်ဝေ့က ကိုယ်စားလှယ်များကို ကြည့်ကာ သူတို့စိတ်ထဲတွင် ရှိနေသည့်အရာကို မှန်းဆမိလိုက်သည်။
ဤအစည်းအဝေးအပြီးတွင် သူတို့က နည်းလမ်းကုန်သုံးကာ သူတို့၏ လူများကို ပြုစုပျိုးထောင်ကြပြီး ဤအဆင့်ဇယားအတွင်း ဝင်ရောက်နိုင်အောင် ကြိုးစားကြလိမ့်မည်။ သူတို့က ရှားပါးသည့် အရင်းအမြစ်များကိုပင် ဝှက်ထားမည် မဟုတ်ဘဲ အသုံးပြုကြလိမ့်မည်။
အိပ်မက်လောကက ရှားပါးအခွင့်အရေးတစ်ခု ဖြစ်၏။ ထိုအရာက တခြားကမ္ဘာ့အသိုက်အဝန်းများက အဖွဲ့ဝင်ဖြစ်လာဖို့ အချိန်တစ်ခု ကြာမြင့်ဦးမည်ဖြစ်သည့်အတွက် သူတို့က ထိုအချိန်ကို အခွင့်ကောင်းယူနိုင်သည်။ ဤအရေးသာချက်ဖြင့် အသင်္ချေအင်ပါယာကမ္ဘာက စာရင်းတချို့တွင် လွှမ်းမိုးမှုရယူထားနိုင်ပြီး အဆုံးမဲ့ လေဟာနယ်ထံ သူတို့သည် ပြန်လာပြီး ယခင်ကထက် ပိုမိုကောင်းမွန်ကြောင်း ပြသနိုင်လိမ့်မည်။
သူတို့က တခြားကမ္ဘာများမှ ကံကောင်းမှုနှင့် ကြမ္မာကိုရယူပြီး သူတို့ကိုယ်ပိုင် ကြွယ်ဝအောင် ပြုလုပ်နိုင်သည်။
အောင်းရှန်၏ ခန္ဓာကိုယ်မှ စိတ်လှုပ်ရှားမှုတို့ ထွက်ပေါ်နေသည်။ သူက နတ်ဆိုးမျိုးနွယ်သည် တခြားကမ္ဘာ့အသိုက်အဝန်းမှ ကံကြမ္မာကို ယူပြီး မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိနိုင်မည့် မျှော်လင့်ချက်ကို တွေ့ရှိလိုက်ရသည်။ အကယ်၍ ကိစ္စများကသာ ချောမွေ့နေပါက သူတို့မျိုးနွယ်သည် အသင်္ချေအင်ပါယာကမ္ဘာ၏ ဇာတ်လိုက်အသစ် ဖြစ်လာနိုင်သည်။
ဒါက လက်တွေ့တော့ မဆန်ဘူး…
သူက တွေးလိုက်မိသည်။ ဧကရာဇ်မျိုးနွယ်အားလုံးက လျှို့ဝှက်ထားသည့် ပါရမီရှင်များနှင့် အခြေခံအုတ်မြစ်များစွာ ရှိကြသည်။ ထိုစဉ် နတ်ဆိုးမျိုးနွယ်ကမူ အကြိမ်များစွာ ဖျက်ဆီးခံလိုက်ရ၍ သူတို့၏ အိပ်စက်နေသော ပါရမီရှင်အများစုက သေဆုံးသွားကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက အခွင့်အရေးတစ်ခုပဲ…
ပင်ကိုပတ်ဝန်းကျင်က နတ်ဆိုးမျိုးနွယ်အား မြင့်မားသည့် အနေအထားတစ်ခု ရောက်အောင် ခွင့်ပြုပေးထားသည်။ သူတို့၏ မျိုးနွယ်ဝင်များကလည်း နိုးထလာနိုင်၏။
ပင်ကိုနတ်ဆိုး သွေးမျိုးဆက်…
ယခင်က သူသည် ထိုအဖွဲ့သားများအား နတ်ဆိုးမျိုးနွယ်၏ အခြေခံအုတ်မြစ်အဖြစ် လေ့ကျင့်ပေးဖို့ အားများ စိုက်ထုတ်ခဲ့ရသည်။ သို့သော် ယခုအခါ သူတို့အပေါ် ပို၍ အလေးထားလာမိသည်။
………………
ငါ ကံကြမ္မာဆေးကြောရေစင် အကြောင်းကို ထုတ်ဖော်လိုက်ရမလား…
ဝမ်ဝေ့က စဉ်းစားလိုက်၏။
ဤသတင်းဖြင့် ထိုအင်အားစုများက သူတို့လူများကို လေ့ကျင့်ပေးဖို့ ဘာမှတုံ့ဆိုင်းနေတော့မည် မဟုတ်ပေ။ စာရင်းများကို တရားဝင်ဖွင့်လှစ်သည့်အခါ အသင်္ချေအင်ပါယာကမ္ဘာက အဆင့်သင့် ဖြစ်နေလိမ့်မည်။
ထားလိုက်ပါတော့…
ဝမ်ဝေ့က ပြောလိုက်ပြီး ဤကိစ္စကို သူ့ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာ အလေးထားဖို့ ဆုံးဖြတ်လိုက်သည်။ သူက လီကျွင်းအပေါ် ယုံကြည်ချက် ရှိသော်လည်း သူ့အနေဖြင့် သွေးမျိုးဆက်ကို ဆင့်ကဲပြောင်းလဲဖို့ အချိန်တစ်ခု လိုနေသည့်အချက်ကို မပြောင်းလဲနိုင်ပေ။
ဝမ်ဝေ့အနေဖြင့် လီကျွင်းအတွက် အစပိုင်းခက်ခဲမှုများကို လျှော့ချဖို့ သတင်းကို ဖုံးကွယ်ထားရန် ရွေးချယ်ထားပြီး သူ့အတွက် အလားအလာအကုန် ထုတ်သုံးဖို့ရာ အချိန်ဆွဲပေးထားသည်။
“အိပ်မက်လောကအတွက်ကတော့ ဒီလောက်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိုအရာတွင် နောက်ထပ် လုပ်ဆောင်ချက်များစွာ ရှိနေသေးသော်လည်း ယခုအတွက်မူ လုံလောက်နေပြီ ဖြစ်၏။
“မေးစရာ ရှိသေးလား”
လူများစွာက မေးခွန်းများစွာ ရှိနေကြပြီး သူ ဖြေနိုင်သည့်အရာကို ဖြေခဲ့ကာ သူက မထုတ်လွှင့်ရသေးသည့် သတင်းအချက်အလက် သို့မဟုတ် လျှို့ဝှက်ချက်အဖြစ် ယူဆထားသည့်အရာများကိုမူ ဘာမှမပြောခဲ့ပေ။
“ငါတို့ရဲ့ နောက်တစ်ဆင့်က အိပ်မက်လောကကို အသုံးပြုပြီးတော့ ခုံရုံးရဲ့ ဌာနခေါင်းဆောင်တွေနဲ့ ဒုခေါင်းဆောင်တွေကို ရွေးချယ်ဖို့ပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“စစ်ဆေးမှုက စီမံခန့်ခွဲရေး စွမ်းဆောင်ရည်အပေါ် အကဲဖြတ်လိမ့်မယ်။ ငါက အိပ်မက်လောကထဲမှာ စစ်ဆေးမှု ဖန်တီးထားပြီးတော့ အဲဒီလူတွေက ဝင်ပြီးတော့ စမ်းသပ်ခံရမယ်။ မင်းတို့တွေကို လူရွေးဖို့ တစ်နာရီ အချိန်ပေးမယ်။”
ကိုယ်စားလှယ်များက အချိန်မဖြုန်းဘဲ အိပ်မက်လောကမှ ထွက်ခွာကာ သူတို့ဂိုဏ်းဆီ ထိုအရေးပါလှသည့် ဖန်တီးမှုအကြောင်းနှင့် ခုံရုံး၏ ရာထူးများကို ယှဉ်ပြိုင်ဖို့အတွက် လူများ ရွေးချယ်ဖို့ တောင်းဆိုခဲ့ကြသည်။
သိပ်မကြာခင် စစ်ဆေးခံမည့်သူအားလုံးက ပေါ်ထွက်လာကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ကြီးကြပ်ရေးမှူးလည်း အပါအဝင် ဖြစ်၏။ သူက နယ်ခြားရေးရာဌာန၏ ခေါင်းဆောင်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဂိုဏ်း၏ သုံးသပ်ချက်အရ ထိုရာထူးသည် နောင်အနာဂတ်တွင် ခုံရုံး၌ အာဏာအများဆုံး ရှိလာမည်ဖြစ်ကာ သူတို့မှ ထိန်းချုပ်သင့်သည်။
ထိုရာထူးများအတွက် စစ်ဆေးမှုကို နှစ်ပိုင်း ပိုင်းထားပြီး ပထမတစ်ခုက အထွေထွေရေးရာနှင့် နယ်ခြားရေးရာဌာနများအတွက် အတူတူသာ ဖြစ်သည်။ ရွေးချယ်ခံ ကိုယ်စာလှယ်များက အိပ်မက်ဇာတ်ကြောင်းအတွင်း ဝင်ရောက်ကာ သူတို့က အားနည်းသည့် ဧကရာဇ်မျိုးနွယ်ကို စီမံခန့်ခွဲပြီး ကြွယ်ဝအောင် ပြုလုပ်ရသည်။
သူတို့က အတွင်းရေးပဋိပက္ခ၊ အရင်းအမြစ်ဖြန့်ဝေမှု၊ မဟာမိတ်များ ဖွဲ့စည်းမှု၊ နယ်ခြားယှဉ်ပြိုင်သူများကို သုတ်သင်ခြင်းနှင့် ကုန်သွယ်ရေးဗဟိုချက်များကို ပြန်လည်တည်ဆောင်ခြင်းနှင့် အစရှိသည့် အရာများကို ဖြေရှင်းရသည်။
စစ်ဆေးမှု ဒုတိယအပိုင်းကမူ ကွဲပြားပေသည်။
အထွေထွေရေးရာဌာနက ဇာတ်ကြောင်း၌ ခုံရုံးအဖွဲ့သားများ ဖြစ်လာပြီး သူတို့၏ တာဝန်က စည်းမျဉ်းများကို ဖန်တီးပြီး ပဋိပက္ခများကို ဖြေရှင်းဖို့ ဖြစ်သည်။ သူတို့က ထိုအင်အားစုများကြားမှ အတွင်းရေးပဋိပက္ခများကို ဖြေရှင်းပုံပေါ်မူတည်၍ အဆင့် သတ်မှတ်ပေးထားသည်။
ထိုစဉ် နယ်ခြားရေးရာဌာနတွင် တူညီသည့် စစ်ဆေးမှုမျိုး ရှိသော်လည်း သူတို့၏ ဇာတ်ကြောင်းတွင် တခြားနယ်ခြား ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် သူတို့အသိုက်အဝန်းများ ပါဝင်နေသည်။ ထိုစစ်ဆေးမှုတွင် တခြားကမ္ဘာများက ကွဲပြားသည့် ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ယုံကြည်မှုများ ရှိသည့်အတွက် ပို၍ ခက်ခဲပေသည်။ ထို့ကြောင့် သူတို့ကြားမှ ပဋိပက္ခများကို ဖြေရှင်းဖို့အတွက် စွမ်းဆောင်ရည်ကောင်း လိုအပ်၏။