ဌာနများ
Vol. 69 Ch. 962
စစ်ဆေးမှုများ ပြုလုပ်နေစဉ် တခြားကိုယ်စားလှယ်များက အချိန်မဖြုန်းဘဲ အိပ်မက်လောက၏ လုပ်ဆောင်ချက်တချို့ကို စမ်းသပ်ကြည့်ရန် အိပ်မက်ဒင်္ဂါးပြားတချို့ကို စတင်ဖွဲ့စည်းနေကြသည်။ လူအများစုက [အိမ်] လုပ်ဆောင်ချက်ကို အသုံးပြုပြီး သူတို့၏ အရိုင်းဆန်ဆုံး အိပ်မက်များထဲ နေထိုင်နေကြသည်။
ဒုတိယအဖွဲ့ကမူ တိုက်ပွဲမျှော်စင်ကို စမ်းသပ်ကြည့်နေကြ၏။
ဝမ်ဝေ့က ထိုအရာကို မြင်သည့်အခါ တိတ်တဆိတ် ပြုံးလိုက်၏။ သို့သော် သိပ်မကြာခင် မျက်မှောင်ကြုတ်မိသွားသည်။ သူက အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးသည် သူ့မျက်နှာနှင့် ခန္ဓာကိုယ်ကို သူတို့[အိမ်]အတွင်း ဖွဲ့စည်းဖို့ ကြိုးစားနေသည်ကို ချက်ချင်း သတိထားမိခဲ့၏။
ငါက ဒီမှာပဲ ရှိသေးတယ်လေ။ မစောင့်နိုင်တော့ဘူးလား…
ထိုသူ၏ အပြုအမူများကို မည်သို့အကဲဖြတ်ရမှန်း မသိတော့ပေ။ နှမြောစရာကောင်းလှသည်က သူမသည် သူ့ပုံရိပ်ကို မဖွဲ့စည်းနိုင်ကြောင်း သဘောပေါက်သွားသည့်အခါ အပြုံးအစား မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာလေ၏။
ဟေး ငါက လက်မထပ်ရသေးဘူးဆိုရင် ငါ့မျက်နှာနဲ့ ပုံရိပ်ကို သုံးခွင့်ပေးတာ ကိစ္စမရှိဘူး။ အိပ်မက်ဒင်္ဂါးပြားတွေရဖို့ နည်းလမ်းကောင်းတောင် ဖြစ်သေးတယ်။ ဒါပေမဲ့ ငါ့မိန်းမက သဝန်တိုပြီးတော့ နောင်အခါ ဒီကိစ္စနဲ့ ကိုင်ပေါက်မှာကိုတော့ မစွန့်စားရဲဘူး…
ဝမ်ဝေ့က သက်ပြင်းချကာ တွေးလိုက်မိ၏။ သူက ဤအခွင့်အရေးမျိုးကို ဖြုန်းတီးလိုက်ရသည်က ဆိုးရွားလွန်းသည်ဟု ခံစားမိလိုက်သည်။
သိပ်မကြာခင် ထိုအမျိုးသမီးက မျက်နှာနီရဲလာသည်။ သူက ဘေးပတ်လည်တွင် တစ်ယောက်ယောက်များ ရှိနေလားဟု စစ်ဆေးကြည့်လိုက်၏။
သူမ၏ [အိမ်]က ကိုယ်ပိုင်နေရာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက အောင်မြင်မှုမရှိဘဲ အချိန်တချို့ ကြိုးစားပြီးသည့်နောက်တွင် တခြားတစ်ယောက်ကိုသာ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်သည်။ ထိုသူက လီကျွင်း ဖြစ်၏။
ဝမ်ဝေ့က ကိစ္စများသည် ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားကြောင်း ခံစားမိလိုက်၏။ ထိုအမျိုးသမီးက ထာဝရအရှင်တစ်ယောက်ဖြစ်ပြီး သူမက ထိုထက် အရှက်တရား ရှိသင့်၏။
သူက ဆွံ့အလျက်သာ နေနေလိုက်သည်။
ထိုအမျိုးသမီးပြီးနောက် သိပ်မကြာခင် မျက်မှောင်ကြုတ်ရမည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ နောက်ထပ် ကိုယ်စားလှယ်တစ်ယောက်ကလည်း သူ့ပုံရိပ်ယောင် အမှတ်အသားကို ရွေးချယ်ကာ မျှော်စင်အတွင်း တိုက်ခိုက်နေလေ၏။
ထိုကိုယ်စားလှယ်က ပထမဦးစွာ အထွတ်အထိပ်အဆင့်ကို ရွေးချယ်ခဲ့သော်လည်း တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။ ထို့ကြောင့် သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ရွေးချယ်လိုက်၏။
သို့သော်လည်း ပုံရိပ်၏ ဖွဲ့စည်းတည်ဆောက်ထားပုံအရ ထိုအဆင့်တွင်ပင် ဝမ်ဝေ့က နဝမအဆုံးစွန်အုတ်မြစ်ကို ဖွဲ့စည်းထားပြီဖြစ်သည့်အတွက် လူဝင်စားများ၏ စွမ်းအားကို အချိန်တိုမျှ ငှားယူနိုင်သည်။
ထို့ကြောင့် စိန်ခေါ်သူက ထာဝရအရှင် ဖြစ်နေသော်လည်း ဤတိုက်ပွဲတွင် ကြာကြာ အသက်မရှင်နိုင်ခဲ့ပေ။
ထိုကိုယ်စားလှယ်က ဒေါသထွက်ကာ ဝမ်ဝေ့၏ သဘာဝလွန်အဆင့်ကို ရွေးချယ်ပြီး စတင်သတ်ဖြတ်တော့သည်။
ကိုယ်စားလှယ်က ခေတ္တမျှ ပျော်ရွှင်နေသေး၏။ ထို့ကြောင့် ခေတ္တမျှ ဝမ်ဝေ့၏ ပုံရိပ်ယောင်က ရုတ်တရက် ဒေါသထွက်ကာ အဆုံးစွန်သော နည်းလမ်းတစ်ခုကို ထုတ်သုံးလာခဲ့သည်။ သူက သူ့ဝိညာဉ်မှ စွမ်းအား အားလုံးကို ထုတ်သုံးပြီး ဖြစ်စဉ်၏ အဟန့်အတားအားလုံးကို ဖယ်ရှားပစ်ခဲ့၏။
ထို့နောက် ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအားကို ထိုကိုယ်စားလှယ်၏ စိတ်ဝိညာဉ်သဏ္ဍာန်ကို ခြေမွပစ်ခဲ့သည်။
သူ့အိပ်မက်ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီးသည့်နောက်တွင် ကိုယ်စားလှယ်က ကြောက်ရွံ့ပြီး ထိုနည်းဗျူဟာကို ရပ်တန့်လိုက်တော့၏။
(အိပ်မက်ခန္ဓာကိုယ် = စိတ်ဝိညာဉ်သဏ္ဍာန်)
ဝမ်ဝေ့က တိတ်တဆိတ်သာ ခေါင်းခါလိုက်သည်။
ကံကောင်းလို့ ငါ တစ်ယောက်တည်း ခံစားနေရတာတော့ မဟုတ်ဘူးပဲ…
သူက လူများစွာသည် ဤမျိုးဆက်အတွင်းရှိ ထာဝရဧကရာဇ်များကို တိတ်တဆိတ် စိန်ခေါ်နေကြောင်း ပြောနိုင်လေ၏။ တချို့က ထိုဧကရာဇ်များသည် ငယ်ရွယ်စဉ်အခါက မည်မျှအားကောင်းကြောင်း သိချင်လိုကြပြီး တခြားသူများကမူ ထိုငယ်ရွယ်သည့် ဧကရာဇ်များအား သူတို့၏ သာယာမှုအတွက် အနိုင်ကျင့်လိုရုံမျှသာဖြစ်၏။
ကဲ လူတစ်ယောက်က သူတို့ထက်အားနည်းတဲ့သူကို စိန်ခေါ်နိုင်တဲ့ အကြိမ်အရေအတွက်ကို သတ်မှတ်ဖို့တော့ လိုလာပြီ…
သူက ထိုသူများကို အားနည်းသည့် ပြိုင်ဘက်များကို စိန်ခေါ်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်းကို တားဆီးဖို့ လုပ်မည် မဟုတ်ပေ။ ကျင့်ကြံသူအများစုက မျိုးဆက်တစ်ခုအတွင်း တာအိုကို သက်သေပြနိုင်သည့်သူတစ်ယောက်ထဲသာ ရှိသည့်အချက်ကို မုန်းတီးနေကြသည့်အတွက် ထိုနည်းလမ်းဖြင့် သူတို့၏ စိတ်ခံစားချက်များကို ဖွင့်ဟနေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသူများက ဤစနစ်ကို အလွယ်သုံးစားလုပ်မည်ကို မဖြစ်စေလိုပေ။
အချိန်ကုန်လွန်သွားပြီး စစ်ဆေးမှုက အဆုံးသတ်သွားခဲ့သည်။ ရလဒ်က ထင်ထားသည်ရော၊ မထင်ထားသည့်အရာပါ ဖြစ်လာခဲ့၏။ အထွေထွေရေးရာ ဌာနခေါင်းဆောင်က လေလွင့်ကျင့်ကြံသူမဟာမိတ်မှ တာအိုဆရာ အမြဲစိမ်းဟု ခေါ်ဆိုသူ ဖြစ်နေသည်။ ဝမ်ဝေ့နှင့် တခြားသူများက ထိုရလဒ်နှင့် ပတ်သက်ပြီး အံ့အားသင့်သွားကြ၏။ လေလွင့်ကျင့်ကြံသူမဟာမိတ်တွင် တာအိုဆရာ အမြဲစိမ်းကဲ့သို့ စွမ်းဆောင်နိုင်သည့်သူရှိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
မဟာမိတ်က နာမည်အတိုင်း သဲပွင့်များဖြင့် ဖွဲ့စည်းထားသလို ဖြစ်၏။ မဟာမိတ်က ဤမျိုးဆက်ရှိ ဟွမ်ယွမ်လို ပါရမီရှင်မျိုး ဖြစ်ပျက်သွားပုံအရ သူတို့၏ စီမံခန့်ခွဲမှုစွမ်းရည် လိုအပ်နေကြောင်း ပြသနေလေ၏။ သို့သော် တာအိုဆရာ အမြဲစိမ်းလို လူမျိုးက ပေါ်ထွက်လာခဲ့သည်။
ဒီမူမမှန်မှုတွင် ရှင်းပြချက်နှစ်ခုပဲ ရှိတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
အဲဒီလူက လေလွင့်ကျင့်ကြံသူမဟာမိတ်ကဆိုပေမဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ မပါဝင်ထားဘူး…
ဒုတိယအချက်အနေနဲ့ဆိုရင် သူက သူတို့တွေ အတွင်းရေးပဋိပက္ခတွေကနေ မပြိုလဲသေးတဲ့ အကြောင်းအရင်းပဲ ဖြစ်လောက်တယ်…
ဝမ်ဝေ့က တာအိုဆရာအမြဲစိမ်းကို ကြည့်ကာ သူ့ကံကြမ္မာကြိုးမျှင်ကို ချက်ချင်း ဖတ်ရှုလိုက်သည်။ သူ့၏ ဒုတိယကောက်ချက်ချမှုက မှန်ကန်နေကြောင်း သိလိုက်ရ၏။ တာအိုဆရာအမြဲစိမ်းက မဟာမိတ် ပြိုကွဲသွားခြင်းမှ ထိန်းထားသည့် ကြိုးမျှင်တစ်ခု ဖြစ်၏။ သူက လေလွင့်ကျင့်ကြံသူများ၏ အမှီအခိုကင်းမဲ့သည့် သဘာဝကို ဖြေရှင်းပြီး သူတို့သည် မဟာမိတ်အပေါ် ဆက်နွယ်မှုနှင့် ဆက်ဆံရေးတချို့ရှိအောင် လုပ်ဆောင်ထားခဲ့သည်။
ထို့အပြင် သူက မဟာမိတ်၏ အုပ်ချုပ်သူသည် မိသားစုနှင့် မျိုးနွယ်များကို ဖန်တီးပြီး မဟာမိတ်ကို ဂိုဏ်း သို့မဟုတ် အင်အားစုအဖြစ် မပြောင်းလဲအောင်လည်း ထိန်းချုပ်ထားခဲ့သည်။
ပါရမီရှင်ကောင်းပဲ…
ဝမ်ဝေ့က ဒုခေါင်းဆောင်ဖြစ်သည့် မဟာဧကရာဇ်နှစ်ယောက် ရှိထားသည့် ဧကရာဇ်မျိုးနွယ်မှ လူကို ကြည့်လိုက်၏။ တချို့လူများက ထိပ်သီးဧကရာဇ်မျိုးနွယ်များသည် ထိပ်တန်းရာထူးများကို မထိန်းချုပ်နိုင်သည့်အချက်ကို အံ့အားသင့်နေကြသည်။
ဒီလိုမျိုးအားနည်းတဲ့ ဧကရာဇ်မျိုးနွယ်က ဒီလောက်ကြာကြာ ရှင်ကျန်နေတယ်ဆိုတော့ ဒီလူရဲ့ ကြိုးပမ်းမှုကြောင့်ပဲ ဖြစ်ရမယ်…
ဝမ်ဝေ့က အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးကို ကြည့်ကာ သုံးသပ်လိုက်သည်။ အားအနည်းဆုံး ဧကရာဇ်မျိုးနွယ်များက ကြာကြာ အသက်မရှင်ကြပေ။ အကြောင်းအရင်းမှာ ထိပ်သီးမျိုးနွယ်များက သူတို့ကို တိတ်တဆိတ် ဖျက်ဆီးပစ်ကာ အရင်းအမြစ်များကို လုယူလေ့ရှိ၏။
ဝမ်ဝေ့က ထိုဌာနရှိ တခြားရာထူးများကို ကြည့်လိုက်သော်လည်း များများစားစား အာရုံမစိုက်ထားပေ။ သူ့အာရုံက မကြာခင် တခြားဌာနသို့ ရောက်ရှိသွား၏။
ယခုအခါ စည်းကမ်းထိန်းသိမ်းရေး ဌာနခေါင်းဆောင်က စိတ်ဝိညာဉ်မျိုးနွယ်မှ လူတစ်ယောက် ဖြစ်၏။ သူ့ပင်မခန္ဓာကိုယ်က ပညာသင်သား တစ်ယောက် ပိုင်ဆိုင်ခဲ့သည့် ပေတံတစ်ချောင်း ဖြစ်ခဲ့သည်။ သူ့အတိတ်တုန်းက ပေတံသည် သေမျိုးလောက၌ ရှားပါးပစ္စည်းတစ်ခုဖြစ်ပြီး ပညာရှင်တစ်ယောက်မှ တစ်ယောက်ဆီ လက်ဆင့်ကမ်းကာ အသိဉာဏ်ကို ပြုစုပျိုးထောင်ခဲ့၏။
ပေတံက လူများစွာကို ခစားခဲ့ပြီး ထိုလူများအနက် အကြံပေးအမတ်များပင် ပါဝင်ခဲ့ပြီး သူ့အသိဉာဏ်ကို ရလာကာ ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့၏။
သူက ရွေးချယ်ခံရတယ်ဆိုတာ အဓိပ္ပာယ်တော့ ရှိတယ်။ ဒီလိုမျိုးစိတ်ဝိညာဉ်မျိုးနွယ်က စည်းကမ်းထိန်းသိမ်းရေး၊ အုပ်ချုပ်ရေးနဲ့ တရားမျှတရေးတို့အတွက် မွေးဖွားလာတာပဲ။ ဒီလူကသာ စစ်ဖြစ်နေတဲ့အချိန်မှာ မွေးဖွားလာခဲ့ရင် ဗျူဟာရှင်ကောင်း ဖြစ်လာလိမ့်မယ်…
ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက ထိုသူအား ဌာနခေါင်းဆောင်အဖြစ် စိတ်ချလေသည်။
ထိုဌာန၏ ဒုခေါင်းဆောင်က မိုမျိုးနွယ်မှ ခေါင်းဆောင်မို ဖြစ်၏။ သူ့အမူအရာက သိပ်မကောင်းလှပေ။ ဝမ်ဝေ့က အကြောင်းအရင်းကို ခန့်မှန်းမိ၏။
ဒီမြေခွေးအိုကြီးက သူ့မိသားစုနဲ့ အနောက်ပိုင်းမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို ပြန်လည်အားဖြည့်ဖို့ အာဏာကို ရဖို့ ကြိုးစားခဲ့တာပဲ ဖြစ်လောက်တယ်။ ကံဆိုးတာက သူက ကျရှုံးသွားပြီးတော့ ဒုခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့လောက်ဘူး…
ဝမ်ဝေ့က နောက်ဆုံးဌာနကို ကြည့်လိုက်သည်။ နယ်ခြားရေးရာဌာန ဖြစ်၏။ နောက်ဆုံးအနိုင်ရရှိသူက တာအိုအခွင့်အလမ်းဂိုဏ်းမှ ကြီးကြပ်ရေးမှူး ဖြစ်သည်။ ထိုဌာနက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ကာ ထိုမျိုးနွယ်အများစုက မတုံးအဘဲ ခုံရုံးသည် စတင်နယ်ချဲ့သည်နှင့် ထိုဌာန၏ အရေးပါလာမည့်ပုံကို သိထားကြသည်။
ထို့ကြောင့် ကြီးကြပ်ရေးမှူးက မည်မျှပင် ပါရမီထူးကဲစေကာမူ စီမံခန့်ခွဲရေးပါရမီတွင် သူနှင့် ယှဉ်နိုင်သည့်သူများစွာ ရှိနေသည်။ လူအများစုက ရှေးဟောင်းမျိုးနွယ်မှ ဆင်းသက်လာကြခြင်း ဖြစ်၏။ ထိုမျိုးနွယ်ဝင်များက ကိစ္စများကို ချောမွေ့အောင် လုပ်ပေးမည့်သူမရှိဘဲ ကြာကြာ ရှင်သန်နိုင်မည် မဟုတ်ပေ။
အဆုံးသတ်တွင် ကြီးကြပ်ရေးမှူးက သူ့နောက်ခံမှ အကျိုးအမြတ် ရရှိခဲ့၏။ အားလုံးက တစ်ယောက်နှင့် တစ်ယောက် ညီတူညီမျှ ဖြစ်နေသည့်အခါ ဝမ်ဝေ့က နောက်ဆုံး ဆုံးဖြတ်ချက် ချပေးရမဲ့သူဖြစ်လာပြီး သူ့ကို ရွေးချယ်ခဲ့သည်။
နောက်ဆုံးတွင် ဒုခေါင်းဆောင်ကမူ ယင်စန္ဒာနန်းဆောင်မှ အေးစက်ကာ မထူးမခြားနား အငွေ့အသက်မျိုး ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
အရာအားလုံး ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ထပ်မံ ပြောလိုက်သည်။
“ဒီနေ့ အစည်းအဝေးက အဆုံးသတ်ပြီ။ နောက်ထပ်အစည်းအဝေးက အချိန် သတ်မှတ်မထားရသေးဘူး။ အချိန်ကျလာရင် မင်းတို့ကို ဆင့်ခေါ်လိုက်မယ်”
အားလုံးက ထိုသတင်းနှင့် ပတ်သက်ပြီးကျေနပ်ကြသည်။ ကမ္ဘာကြီးက အချိန်တိုအတွင်း သိသိသာသာ ပြောင်းလဲလာပြီဖြစ်ကာ သူတို့အနေဖြင့် ကိစ္စအားလုံးကို အခြေကျဖို့ အချိန်ယူရမည် ဖြစ်၏။ အပြောင်းအလဲများက ကောင်းသော်လည်း အပြောင်းအလဲ များပြားလွန်းကာ မြန်ဆန်လွန်းခြင်းက ကိစ္စကောင်းတစ်ခု မဟုတ်ပေ။
“ဌာနခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံထားရတဲ့ လူတွေက ဌာနကို ဦးဆောင်ပြီးတော့ သတ်မှတ်တဲ့ စည်းမျဉ်းဥပဒေတွေ သတ်မှတ်ရမယ်။ တကယ်လို့ ထွက်သွားချင်တယ်ဆိုရင် အချိန်ကြာကြာ မယူနဲ့”
သူတို့က ခုံရုံးအတွင်း အချိန်ကြာကြာ ကုန်ဆုံးဖို့ ပြင်ဆင်ထားသည့်အတွက် မည်သူကမှ ထွက်မသွားလိုကြပေ။ လူအများစုက သူတို့ဌာနကို ဖွဲ့စည်းဖို့အတွက် အကြမ်းဖျင်း ပုံရိပ်တစ်ခု ဖန်တီးထားပြီးသား ဖြစ်သော်လည်း တခြားသူများနှင့် ဆွေးနွေးကာ နောက်ဆုံးရလဒ် ရလာဖို့အတွက် လိုအပ်နေသေးသည်။
ထို့အပြင် ထိုသူများက ထိုနေရာများကို သတ်မှတ်ပြီးသွားသော်လည်း အုပ်ချုပ်ရေးတိုက်ပွဲသည် ဖြစ်လာတော့မည် ဖြစ်ကြောင်း သိလေ၏။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် ထွက်သွားသည်က အကြံကောင်း တစ်ခုတော့ မဟုတ်ပေ။
ဝမ်ဝေ့က အားလုံးက ထွက်သွားခိုင်းလိုက်သည်။ ကိုယ်စားလှယ်အများစုက အိပ်မက်လောကမှ ထွက်သွားလိုက်ကြ၏။ သူတို့က သူတို့အင်အားစုဆီ ပြန်ကာ သူတို့အင်အားစု၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းဗျူဟာ ချလိုသည်။
ဝမ်ဝေ့ကလည်း ထွက်လာလိုက်၏။ သူက ပလ္လင်ကို တစ်ချက်ကြည့်လိုက်၏။ အားလုံးက ထွက်သွားလိုသော်လည်း တစ်စုံတစ်ယောက်က ကျန်ရှိနေသေးသည်။
ရှုရှစ် ဖြစ်၏။
“တစ်ခုခုများ လိုလို့လား”
“နောင်ကျရင် နောက်ထပ် တာအိုဆွေးနွေးပွဲတစ်ခုများ လုပ်ဦးမှာလားလို့ မေးချင်လို့ပါ”
“လုပ်မှာပါ။ ဒါပေမဲ့ ဟို့ဖုန်းဟွမ်နဲ့ အောင်းရှန်တို့ သူတို့ရဲ့ ပြဿနာကို ဖြေရှင်းပြီးတဲ့အထိ စောင့်ရအောင်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏။
ရှုရှစ်က ထိုစကားတစ်ခွန်းတွင် သတင်းအချက်အလက်များစွာ ပါဝင်နေသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သူမက အောင်းရှန်၏ အပြုအမူများကို သံသယရှိမိသော်လည်း ခိုင်မာသည့် သက်သေ အထောက်အထား မစုဆောင်းနိုင်ခဲ့ပေ။
ဒီကမ္ဘာကြီးက တကယ့်ကို စည်ပင်ကြွယ်ဝတဲ့ ခေတ်ကာလကို တွေ့ကြုံခံစားရတော့မယ်…
သူမက ဖိအားကို ခံစားမိကာ တွေးလိုက်မိ၏။
ငါ တုံ့ဆိုင်းနေလို့ မရတော့ဘူး…
ရှုရှစ်က ကျောင်းတော်၏ အဖွဲ့သားများနှင့် တွေ့ဆုံဖို့ ပြန်လာဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမက သူမ၏ ခင်ပွန်းဖြစ်သူ လင်းဖန်နှင့် ပတ်သက်ပြီး ရှင်းနှင့် စကားပြောဆိုဖို့ အိပ်မက်လောကအတွင်း ဝင်ရောက်ရမည်။