← Chapters

ကျောင်းတော်၏ တုံ့ပြန်မှု

Vol. 69 Ch. 964

ကျောင်းတော်၏ တုံ့ပြန်မှု

Vol. 69 Ch. 964

ရှုရှစ်က ကျောင်းတော်သို့ ပြန်ရောက်လာပြီး အထက်ပိုင်းအားလုံးက သူမ ပြန်ရောက်လာမှုကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက ခုံရုံးဆီမှ သတင်းအချက်အလက်အားလုံးကို လက်ခံရရှိထားပြီးသားဖြစ်ကာ ကမ္ဘာ၏ အပြောင်းအလဲများအလိုက် မည်သို့လိုက်လံ ပြောင်းလဲမည်ကို ဆွေးနွေးဖို့ရာ လိုအပ်နေဆဲ ဖြစ်၏။

အားလုံးက ရှုရှစ် ထိုင်ပြီးသည်အထိ စောင့်ဆိုင်းလိုက်ကြပြီး ဆွေးနွေးပွဲကို စတင်လိုက်ကြသည်။

“ကျောင်းအုပ် အခု ဘာလုပ်သင့်တယ်လို့ ထင်လဲ”

“အရင် တွေးမိတာကို ပြောပါဦး” ရှုရှစ်က ပြောလိုက်သည်။

“ပထမဦးဆုံး ကျုပ်တို့က အဲဒီလုပ်ဆောင်ချက်အားလုံးကို သူတို့ရဲ့ စွမ်းအားအပြည့် ထုတ်သုံးဖို့ လိုတယ်” ယခင်ကျောင်းအုပ်ဟောင်း စုန့်လီက ပြောလိုက်သည်။

“နောက်ထပ်ခြေလှမ်းက အဆင့်မြင့်ကောင်းကင်ရွေးချယ်ခံတွေကို ဘယ်လောက်ပဲ တန်ကြေးပေးရပေးရ ပြုစုပျိုးထောင်ဖို့ပဲ။”

တိုက်ပွဲမျှော်စင်ကြောင့် အနာဂတ်မျိုးဆက်၏ ပါရမီရှင်များ၏ အရေးပါပုံကို သိထားကြသည်။ ကောင်းကင်အလိုဆန္ဒ ပြိုင်ပွဲက တာအိုကို သက်သေပြဖို့ အခွင့်အရးတစ်ခုတည်းသာမက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးဆီမှ ကံကောင်းမှုနှင့် ကြမ္မာကို စုဆောင်းဖို့ တိုက်ပွဲလည်း ဖြစ်လာလိမ့်မည်။

“ကျုပ်တို့တွေ [အိမ်]လုပ်ဆောင်ချက်နဲ့ ရှင်းကို သုံးပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ တာအိုနှလုံးသား မျှော်နန်းဆောင်နဲ့တူတဲ့ အရာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ အဲလိုဆိုရင် ဧကရာဇ်ငယ်တွေကို ပြုစုပျိုထောင်ဖို့ အကောင်းဆုံးပဲ”

အတိတ်တုန်းက ကမ္ဘာကြီးက တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ရာ အာရုံစိုက်ထားခြင်း မရှိဘဲ တာအိုဘာသာသဘောတရားများကို ပိုမိုမှီခိုခဲ့ပြီး ကျင့်ကြံသူများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် မရောက်ခင် သူတို့ဘာသာသူတို့ ကြိုးစားဖို့ ခွင့်ပြုထားသည်။ သို့သော်လည်း ဤမျိုးဆက်အတွင်း လက်ရှိကောင်းကင်ဧကရာဇ်က ထိုမျှော်နန်းဆောင်ကို အသုံးပြုပြီး ဧကရာဇ်ငယ် ဖြစ်လာသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ကိစ္စများစွာ ပြောင်းလဲသွားခဲ့၏။

အိပ်မက်လောက၏ [အိမ်] လုပ်ဆောင်ချက်ဖြင့် ထိုဖြစ်စဉ်က ပိုမိုလွယ်ကူကာ ဈေးသက်သာလိမ့်မည်။ ကျင့်ကြံဖို့ အသက်အရွယ်ဖြစ်သည့် ၁၅နှစ် မတိုင်ခင် သူတို့က တပည့်များနှင့် ကောင်းကင်ရွေးချယ်ခံများကို ဘဝများစွာနှင့် သံသရာများစွာကို တွေ့ကြုံခံစားပြီး သူတို့၏ စိတ်နှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးနိုင်သည်။

“ဒီသရုပ်ဖော်မှုက တပည့်တွေရဲ့ ကျင့်ကြံနှုန်းကို မြှင့်တင်ပေးပြီးတော့ ကျွမ်းကျင်အတတ်ပညာရှင်တွေကိုလည်း ပြုစုပျိုးထောင်နိုင်လိမ့်မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ နည်းစနစ်အသစ်တွေကိုလည်း ဖန်တီးပြီးတော့ အသုံးပြုနိုင်လိမ့်မယ်” စု့န်လီက ပြောလိုက်စဉ် အားလုံးက သဘောတူခေါင်းညိတ်ကြသည်။

နောင်အနာဂတ်တွင် ကျွမ်းကျင်အတတ်ပညာရှင်များ၏ အဆင့်အတန်းက ကျွမ်းကျင်အတတ်ပညာရှင်များ၏ အရေအတွက်ကြောင့် မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခြင်း သို့မဟုတ် ပို၍ နိမ့်ကျသွားခြင်း ဖြစ်လာနိုင်သည်။ တစ်စုံတစ်ခုက မရှားပါးတော့သည်နှင့် တန်ကြေးက ကျလာလိမ့်မည်။

သို့သော်လည်း ကျွမ်းကျင်အတတ်ပညာ အဖွဲ့အစည်းက ခုံရုံးသည် နယ်ခြားချဲ့ထွင်မှုကို စတင်သည်နှင့် ထိုအခွင့်အရေးကို အရယူလျှင် ထိုကံကြမ္မာမှ လွတ်မြောက်နိုင်လိမ့်မည်။

“နောက်ဆုံးတော့ တိုက်ပွဲမျှော်စင် ရှိတယ်။ ဒီဟာက ဘယ်လောက်အရေးကြီးလဲဆိုတာကို အားလုံးလည်း သိထားကြတယ်ဆိုတော့ ထပ်ပြောဖို့ မလိုလောက်တော့ဘူး”

ဆရာအားလုံးက ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးက သူတို့အင်အားစု၊ ကမ္ဘာနှင့် လူသားမျိုးနွယ်၏ ကြမ္မာအတွက် တိုက်ခိုက်ကြရမည်။

“အိပ်မက်လောကရဲ့ အကျိုးကျေးဇူးတွေက ကျုပ်တို့လို အင်မော်တယ်အဆင့်အတွက်တောင် အကျိုးကျေးဇူးရှိတယ်လို့ ထင်တယ်” နောက်ထပ် ဆရာတစ်ယောက်က ပြောလိုက်သည်။ သူတို့က သေချာအသုံးပြုသရွေ့ ကျောင်းတော်၏ ယေဘုယျအင်အားက သိသိသာသာ တိုးမြင့်လာမည် ဖြစ်၏။ ကမ္ဘာကြီးရှိ အင်အားစုတိုင်းအတွက်လည်း အတူတူဖြစ်နေသည်က နှမြောစရာကောင်းလှသည်။

“ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်ဆိုရင် အိပ်စက်နေတဲ့သူတွေကိုရော စည်းဖွင့်ပေးရမှာလား” ဆရာတစ်ယောက်က မေးလိုက်သည်။

“ဒီမေးခွန်းက ဖြေဖို့တော့ မလွယ်ဘူး။ စာရင်းအပေါ်မှာ ကြမ္မာအတွက် တိုက်ခိုက်ဖို့က အခွင့်အရေးကောင်းတစ်ခုဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်တာက ပါရမီရှင်မြောက်များစွာရဲ့ အားစိုက်ထုတ်မှုကို အလကားဖြစ်သွားစေလိမ့်မယ်”

ဆရာများက ထိုခေါင်းစဉ်နှင့်ပတ်သက်ပြီး စတင်ဆွေးနွေးကာ တချို့က ထိုလူများကို နိုးထဖို့ သဘောတူကြစဉ် တချို့ကမူ သဘောမတူကြပေ။ နောက်ဆုံးတွင် သူတို့က ဆုံးဖြတ်ဖို့ရာအတွက် ရှုရှစ်ကို ကြည့်လိုက်ကြ၏။

“သူတို့ကို စည်းဖွင့်ပြီး နှိုးရမယ်။” သူမက ပြောလိုက်သည်။

“အကြောင်းအရင်းများ ရှိလား” စုန့်လီက နောက်ကွယ်မှ လျှို့ဝှက်ချက်တချို့ရှိနေသည်ကို ခံစားမိ၍ မေးလိုက်သည်။

“ကျွန်မက ကံတာအိုကို အရန်အနေနဲ့ ကျင့်ကြံတယ်။ အဲဒါကြောင့် ကံကြမ္မာဆေးကြောရေစင်တချို့ကို ဖွဲ့စည်းနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ပင်မတာအိုအဖြစ် ကျင့်ကြံထားခဲ့တာ”

“သူက အဆင့်ဇယားထဲက ကောင်းကင်ရွေးချယ်ခံတွေအတွက် ဆုလာဘ်အနေနဲ့ အသုံးပြုမယ်လို့ ထင်တာလား”

“နယ်ခြားအင်အားစုတွေအတွက် သူတို့ရဲ့ ပါရမီရှင်တွေကို နိုးထစေပြီးတော့ စာရင်းအတွက် ယှဉ်ပြခိုင်းဖို့အတွက်က အဲဒါ အကောင်းဆုံးနည်းလမ်းပဲ”

ရှုရှစ်က ကောင်းကင်ဧကရာဇ်၏ အတွေးတချို့ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ ထိုသူက သူ့ကောင်းကင်ဧကရာဇ်ခေတ်ကာလကို စည်ပင်ကြွယ်ဝလိုပြီး ကံကောင်းမှု အထွတ်အထိပ်တိုက်ပွဲက ဒိုင်မေးရှင်းအနိမ့်ရှိ အင်အားစုအားလုံး ပါဝင်လာလိမ့်မည်။

“ပြီးတော့ မျှခြေညီစက်ယန္တရားကို တုံ့ပြန်ဖို့ နောက်ထပ် နည်းလမ်းတစ်ခုလည်း ဖြစ်နေသေးတယ်လေ”

“အမှန်ပဲ။ တကယ်လို့ သူကသာ တာအိုအခွင့်အလမ်းဂိုဏ်းမှာ ကံဆေးကြောရေး ရေစင်တွေ အမြောက်အများထားရှိချင်ရင် အကောင်းဆုံးနည်းလမ်းက သူ့ဂိုဏ်းကပဲ အကျိုးအမြတ်ရနေတာ မဟုတ်တဲ့အကြောင်း သေချာအောင် လုပ်ရမှာ” စုန့်လီက သဘောပေါက်သွားကာ ပြုံးလိုက်သည်။

“အဲဒါဆိုရင် ကျုပ်တို့တွေ ဘယ်သူ့ကို နှိုးမှာလဲ။ ဘယ်လောက်များများလဲ”

အဲဒီမေးခွန်းရဲ့ အဖြေက အခု ဖြေဖို့ မလွယ်ဘူး” ရှုရှစ်က ပြောလိုက်သည်။

“ကျွန်မတို့က အိပ်မက်လောကကို အသုံးပြုမဲ့ ပထမဦးဆုံးလူဆိုတော့ အရေးသာချက် ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့က ဝမ်ထျန်းလိုမျိုး ပါရမီရှင်တွေနဲ့အတူ ဒီမျိုးဆက်ရဲ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားတဲ့သူတွေနဲ့လည်း ယှဉ်ပြိုင်ရလိမ့်မယ်။ အဲဒါဆိုတော့ ပြိုင်ပွဲက ပြင်းထန်မှာပဲ”

ဆရာများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုပါရမီရှင်က အကြွင်းမဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဖြစ်ကြ၏။ အနှစ်ချုပ်အားဖြင့် သူတို့အများစုက နောက်ဆုံးတိုက်ပွဲတွင် ရှင်သန်သည့်အတွက် ကံကောင်းမှုနှင့် ကြမ္မာပြိုင်ပွဲတွင် ဝင်ရောက်ဆင်နွှဲလို့ရဆဲသာ ဖြစ်၏။

“ဒီလိုဆိုရင် ကျုပ်တို့ရဲ့ ကောင်းကင်ရွေးချယ်ခံတွေကို ပြန်လည်သုံးသပ်ပြီးတော့ ဘယ်သူ့ကို နိုးထမလဲဆိုတာကို ဆုံးဖြတ်ရမယ်” စုန့်လီက ပြောလိုက်သည်။

“ဒါတွေအကုန်လုံးကို ရှင်တို့ဆီ အပ်ထားလိုက်မယ်” ရှုရှစ်က ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။

“ကျွန်မတို့တွေ အလွှာနိမ့်မှာ ချဲ့ထွင်နေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုနေလဲ”

“တခြားကမ္ဘာတွေကို ရှာရတာက အတော်လေးခက်တယ်” စုန့်လီက ပြောလိုက်သည်။ ဤမျှအထိ ကျောင်းတောက် မဟာကမ္ဘာတချို့နှင့် အလယ်အလတ်ကမ္ဘာဆယ်ခုလောက်သာ တွေ့ထားသေးသည်။ ထိုအရာက ရှုရှစ်၏ စွမ်းအားဖြင့် ရှာဖွေထားခြင်း ဖြစ်၏။

“ဘာလို့အဲ့လောက်တောင် နည်းနေရတာလဲ” ရှုရှစ်က မေးလိုက်သည်။

“တစ်ယောက်ယောက်က တမင် ဖုံးကွယ်ထားတယ်လို့ ထင်တယ်” စုန့်လီက ပြောကာ လက်ညှိုးဖြင့် အပေါ်ကို လက်ညှိုးထိုးပြလိုက်သည်။

“အခြေအမြစ် မရှိတဲ့ ယူဆချက်တွေ မလုပ်နဲ့”

“ကျုပ် မလုပ်ပါဘူး။ ကျုပ်တို့တွေ ရှာတွေ့ထားတဲ့ ကမ္ဘာတစ်ဝက်လောက်မှာ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အဖွဲ့ခွဲတွေကို တွေ့သွားပြီ”

ရှုရှစ်က မျက်မှောင်ကြုတ်ကာ “သူက အဲ့လောက်အကြာကြီး ပြင်ဆင်ထားခဲ့တာလား”

“ဟုတ်တယ်။ သူက လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်လောက်ကတည်းက အားလုံးကို ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်” စုန့်လီက သက်ပြင်းချကာ ပြောလိုက်၏။

“တချို့လူတွေရဲ့ ဘဝက ဒဏ္ဍာရီဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့တာပဲ”

ရှုရှစ်က ပြောလိုက်သည်။

“အဲဒါဆိုရင် ကမ္ဘာတွေကို တတ်နိုင်သမျှ မြန်မြန် ထပ်ပြီးတော့ ရှာထားလိုက်။ ခုံရုံးက အလွှာနိမ့်မှာ နတ်ဘုရားရာထူးတွေ ချထားမယ်ဆိုတာကို ခန့်မှန်းမိပေမဲ့ အဲဒီကမ္ဘာတွေမှာ ကျွန်မတို့ရဲ့ အဖွဲ့ခွဲရှိထားတယ်ဆိုရင် လွှမ်းမိုးမှုကို မြှင့်တင်နိုင်လိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ရှုရှစ်က ခေါင်းညိတ်လိုက်ပြီး

“ကုသိုလ်စုဆောင်းတာကရော ဘယ်လိုအခြေအနေရှိလဲ”

“နည်းနည်းတော့ လိုအပ်နေတုန်းပဲ” စုန့်လီအနေနှင့် တတ်နိုင်သမျှ မြန်မြန်ပြီးမြောက်လိုသည့် တာဝန်တစ်ခု ရှိသည်ဆိုပါက ကုသိုလ်အလုံအလောက် စုဆောင်းဖို့ရာသာ ဖြစ်၏။ ထိုအခါ ကျောင်းတော်က တရားဝင် ၉ယောက်မြောက် ဧကရာဇ် ရှိလာလိမ့်မည်။

“ဒီလိုဆိုရင် ဒုတိယအစီအစဉ်ကို သုံးရအောင်” ရှုရှစ်က ခရမ်းရောင်သတ္တုလုံးကို ထုတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက အကြံကောင်း ဟုတ်ပါ့မလား” စုန့်လီက သတ္တုလုံးကို ကြည့်ကာ မေးလိုက်၏။

ရှုရှစ်က ပြန်မဖြေပေ။ သူမက ဤသန့်စင်သည့် ကမ္ဘာဦးဟွင်သွမ်းချီကို သန့်စင်ဖို့အတွက် အားများစွာ စိုက်ထုတ်ထားရသည်။ သူမ၏ အစီအစဉ်က ကောင်းကင်တာအိုထံ ကုသိုလ်ဖြင့် လဲလှယ်ဖို့ ဖြစ်သည်။

ကမ္ဘာကြီးက ဟွင်သွမ်းချီ ရှိခဲ့သော်လည်း ကမ္ဘာဦးဟွင်သွမ်းချီ မပါဝင်ခဲ့ပေ။ ထို့ကြောင့် သူမ၏ အစီအစဉ်က သေချာပေါက် အောင်မြင်လိမ့်မည်။ သို့သော်လည်း အကျိုးဆက်တချို့တော့ ရှိနေ၏။ ကမ္ဘာကြီးထံ ဖြစ်လာသည့် အပြောင်းအလဲက လူများစွာ သို့မဟုတ် အင်အားစုများထက် ကောင်းသည့်အရာ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

“အချိန်က ဆက်တိုက်ပြောင်းလဲနေတာဆိုတော့ ကျွန်မတို့တွေ နေသားကျဖို့ လိုတယ်”

ရှုရှစ်က ပြောလိုက်သည်။

“ပြီးတော့ ကောင်းကင်ဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာကို ပြောင်းလဲနေတဲ့ တစ်ယောက်တည်းသောသူ မဖြစ်နိုင်ဘူး”

“အမှန်ပဲ” စုန့်လီက ခေါင်းညိတ်လိုက်သည်။ ကျောင်းတော်က အသစ်ရောက်ရှိလာမည့် ကမ္ဘာအတွက် အကြီးမားဆုံးအင်အားစုထဲမှ တစ်ခု ဖြစ်ဖို့ လိုပြီး ယခင်ယှဉ်ပြိုင်သူများအား အရာအားလုံးကို လွှမ်းမိုးဖို့ ခွင့်မပြုနိုင်ပေ။

“ကျောင်းအုပ် အခု လုပ်ချင်တာလား” ဆရာတစ်ယောက်က မေးလိုက်သည်။ သူက ကျောင်းတော်အနေဖြင့် ၉ယောက်မြောက် ဧကရာဇ်၏ ကံကောင်းမှုနှင့် ကြမ္မာကို လက်ခံဖို့ရာ မစောင့်ဆိုင်းနိုင်တော့ပေ။

“အခုက အချိန်မကျသေးဘူး” ရှုရှစ်က ခေါင်းယမ်းလိုက်၏။

“ကောင်းကင်ဧကရာဇ်က အခု ထင်ပေါ်နေတဲ့ အချိန်ဆိုတော့ သူ့ဆီကနေ ကျော်ကြားမှု ခိုးယူတာ အကြံကောင်း မဟုတ်ဘူး”

သူမက ဝမ်ဝေ့သည် ထိုသို့သော အသေးအဖွဲမျိုးကို ဂရုစိုက်နေမည့်သူ မဟုတ်ကြောင်း နားလည်၏။ သို့သော်လည်း ဤသို့သော ရိုးရှင်းသည့် အပြုအမူမျိုးက သူမနှင့် ဝမ်ဝေ့၊ တာအိုအခွင့်အလမ်းဂိုဏ်းကြားရှိ ဆက်ဆံရေးကောင်းကို ရှည်ကြာသွားစေလိမ့်မည်။ သူမအတွက် အနည်းငယ် စောင့်ဆိုင်းလိုက်သည်က ရိုးရှင်းသောကြောင့် အဘယ်ကြောင့် မလုပ်ဘဲနေရမည်နည်း။

“ကောင်းပါပြီ” သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီဖြစ်ကာ နှစ်အနည်းငယ် ထပ်စောင့်လိုက်၍ ဘာမှမဖြစ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဧကရာဇ်က သူတို့အား သူ့ကောင်းချီး ပေးလိုက်သည်နှင့် ထိုအရာက အောင်မြင်လိမ့်မည်။

“ကမ္ဘာကြီးရဲ့ နောက်ထပ် အပြောင်းအလဲကြီးတစ်ခုက မူလနည်းစနစ်ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်လိမ့်မယ်” ရှုရှစ်က ပြောလိုက်သည်။

“ကျွန်မတို့တွေ အဲ့အတွက်လည်း ပြင်ဆင်ထားသင့်တယ်”

ဆရာများက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ပတ်ဝန်းကျင်က လတ်တလောမှ ပြောင်းလဲလာပြီ ဖြစ်သော်လည်း လူများစွာက မူလနည်းစနစ်သည် လက်ရှိပတ်ဝန်းကျင်အတွက် ပြီးပြည့်စုံစွာ မသင့်တော်တော့ကြောင်း ခံစားမိနေကြသည်။ ထို့ကြောင့် လူတချို့က သူတို့၏ ကိုယ်ပိုင်နည်းစနစ်ကျင့်ကြံရေးကို ရှာဖွေခြင်း သို့မဟုတ် ရှေးဟောင်းအချိန်က ကျင့်စဉ်များကို လိုက်လံရှာဖွေနေကြသည်။

သို့သော်လည်း ထိပ်သီးဧကရာဇ်မျိုးနွယ်များက ကောင်းကင်ဧကရာဇ်သည် တာအိုအခွင့်အလမ်းဂိုဏ်းအား တာအိုဖခင်ကြမ္မာကို ဆုံးရှုံးသွားစေမည့် နောက်ထပ် ကျင့်ကြံရေးစနစ်တစ်ခု ပေါ်ထွက်လာခွင့်ပြုမည် မဟုတ်ကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က အဆင့်မြှင့်တင်မှုကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

“နောက်ဆုံးအနေနဲ့ ကျွန်မ ခုံရုံးကို မကြာခင် ရွှေ့ပြောင်းလိမ့်မယ်” ရှုရှစ်က ကြေညာလိုက်သည်။

အားလုံးက သူမကို အာရုံစိုက်ထားကြ၏။ လူတချို့က သူမအား အကြံဉာဏ်တချို့ ပေးချင်သော်လည်း ဤမျိုးဆက်၏ ထာဝရအဆင့် ပုဂ္ဂိုလ်များက ခုံရုံးထံ တစ်နေ့မဟုတ်တစ်နေ့ ရွှေ့ပြောင်းသွားမည်မှာ ရှောင်လွှဲလို့ ရသည့် ကိစ္စ မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။

“အဲ့လောက်တောင် စောတယ်လား” စုန့်လီက မေးလိုက်သည်။

“အချိန်က လူကို မစောင့်ဘူးလေ”

သူက သက်ပြင်းချကာ ဘာမှဆက်မပြောတော့ပေ။

ထိုစဉ် အစည်းအဝေးက အဆုံးသတ်သွားပြီး ရှုရှစ်က အချိန်မဖြုန်းတော့ဘဲ အိပ်မက်လောကအတွင်း ဝင်ရောက်ခဲ့သည်။ သူမက ရှင်းနှင့် တွေ့ဆုံကာ ဆွေးနွေးလို၏။

All Chapters