← Chapters

ကောလဟာလများ

Vol. 69 Ch. 965

ကောလဟာလများ

Vol. 69 Ch. 965

မြောက်ပိုင်းကုန်းမြေ

အောင်းရှန်က နတ်ဆိုးမျိုးနွယ်ဆီ ပြန်ရောက်လာကာ ရောက်ရှိလာမည့် အပြောင်းအလဲများအတွက် မည်သို့ဖြေရှင်းမည်ကို စတင်ဆွေးနွေးလိုက်ကြသည်။ သူတို့၏ ဖြေရှင်းမှုက ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်နှင့် သိပ်မကွာခြားလှပေ။

နတ်ဆိုးမျိုးနွယ်တွင် ပါရမီရှင်များစွာ မရှိသည့်အတွက် သူတို့အနေဖြင့် ပြင်ပမှ လူများကို ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြ၏။ အထူးသဖြင့် တခြားကမ္ဘာ အသိုက်အဝန်းများမှ ဖြစ်သည်။ ပါရမီရှင်များစွာ လိုအပ်နေမှုက အောင်းရှန်အား သူစောင့်ဆိုင်းနေသည့် အခွင့်အရေးတစ်ခုကို ပေးအပ်လာသည်။

သူက အားနည်းသည့် သွေးမျိုးဆက်များရှိသည့် နတ်ဆိုးများ ဖြစ်သော သားရဲမျိုးနွယ် အဆင့်အတန်းကို မြှင့်တင်လိုခဲ့သည်။ သူတို့က အသိဉာဏ်ရလာကာ ကျင့်ကြံနိုင်သည့် တိရစ္ဆာန်များ ဖြစ်ကြ၏။

လတ်တလောလေးက သူသည် ထိုနတ်ဆိုးမျိုးနွယ်ဝင်များက ပုံမှန်နတ်ဆိုးမျိုးနွယ်ထက် ယေဘုယျ နားလည်နိုင်စွမ်းမြင့်မားကြောင်း သဘောပေါက်သွားခဲ့သည်။ သူတို့က သူတို့၏ သွေးမျိုးဆက်အပေါ် များစွာ နိုးထခြင်းလည်း မရှိသည့်အတွက် သူတို့ဆီ ဖွံ့ဖြိုးတိုးတက်မှု အရိပ်အမြွက် ရှိလာခဲ့သည်။

ထို့ကြောင့် အောင်းရှန်က ထိုသူများသည် ကျွမ်းကျင်အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ဖို့အတွက် ပြီးပြည့်စုံသည့် ပါရမီရှင်များ ဖြစ်ကြောင်း ယုံကြည်ထား၏။

နတ်ဆိုးမျိုးနွယ်က သဘာဝအားဖြင့် ကြမ်းတမ်းမှုရှိပြီး သူတို့၏ စိတ်အခြေအနေ သို့မဟုတ် တာအိုနှလုံးသား လေ့ကျင့်ဖို့ မလိုအပ်သည့်အတွက် အခြေအနေ ပိုမိုဆိုးရွားသွားသည်။ သို့သော်လည်း အောင်းရှန်အနေဖြင့် အပြောင်းအလဲတချို့ လုပ်ကာ [အိမ်] လုပ်ဆောင်ချက်ကို အသုံးပြုဖို့ ဆုံးဖြတ်ထားသည်။ အရာအားလုံး ပြီးမြောက်သွားသည်နှင့် သူက သူ့ကိုယ်သူ အာရုံစိုက်ထားလိုက်၏။

သူက ပိုင်ရှယ်မျိုးနွယ်မှ ကြယ်တာရာဝိဇ္ဇာအား အသုံးပြုခွင့်ရအောင် အပေးအယူ တစ်ခု လုပ်ခဲ့သည်။ ကံဆိုးစွာဖြင့် ပင်လယ်မျိုးနွယ်ဘက်က တောင်းဆိုသည့် တန်ကြေးက အဆမတန် ကြီးလွန်းနေသည့်အတွက် အောင်းရှန်က အားသုံးလုနီးပါးအထိ ဖြစ်ပျက်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်က ပင်လယ်မျိုးနွယ်ကို သဘောမကျဘူး။ အဲဒါဆိုတော့ အခုနေ သူတို့က ထိတ်ထိတ်ပျာပျာ ဖြစ်နေလောက်ပြီ။ ဒါက ငါ့အနေနဲ့ အပေးအယူကို လုပ်ဖို့ အခွင့်ကောင်းပဲ…

အောင်းရှန်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးလာသည်။ ပင်လယ်မျိုးနွယ်အတွက် ယခု အကောင်းဆုံးအပြုအမူက မဟာမိတ်တစ်ခု ရှိဖို့ ဖြစ်၏။ အထူးသဖြင့် ကုန်းမြေနှင့် ဆက်နွယ်မှုကို ဆောင်ရွက်ပေးနိုင်သည့်သူ ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်က ထိုသို့လုပ်ဆောင်ဖို့ရာ ပြီးပြည့်စုံသည့် အင်အားစုတစ်ခု ဖြစ်နေသည်။

ထာဝရဦးသျှောင်ရှိတဲ့ အင်အားစုနှစ်ခုက ပင်လယ်မျိုးနွယ်နှစ်ခုလုံးကို ကိုယ်စားပြုနိုင်တယ်။ ငါသာ မဟာမိတ်ဖွဲ့ဖို့ ဖျောင်းဖျနိုင်သရွေ့ ပိုင်ရှယ်မျိုးနွယ်က ငါ့ကို လိုလိုလားလား ကူညီလာလိမ့်မယ်။ ဘာတန်ကြေးမှတောင် ပေးနေစရာ လိုလောက်မှာ မဟုတ်ဘူး…

အောင်းရှန်က နတ်ဆိုးမျိုးနွယ်၏ ပိုင်နက်မှ ပျောက်ကွယ်သွားလေသည်။

………………

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က သူ့လှည့်ကွက်တချို့ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အိပ်မက်လောကမှ ထွက်လာပြီး ကျင့်ကြံရေးအခန်းဆီ ဦးတည်လိုက်သည်။ သူက ကြိုးမျှင်များဖြင့် ပြုလုပ်ထားဟန်ပေါ်သည့် မီးခိုရောင်ဘောလုံး တစ်လုံး ရှိနေသည့် အခန်းအတွင်း ရောက်လာသည်။

“ဒီလောက်တောင် ကြီးနေပြီလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“သေမျိုးလူမှုအဖွဲ့အစည်းက ငါ ထင်ထားတာထက် ပိုပြီးတော့ အောင်မြင်နေတဲ့ပုံပဲ”

သူက ပြုံးကာ ထိုဘောလုံးကြီးကို ကြည့်လိုက်သည်။ ကျင့်ကြံရေးလောက၌ လူများစွာသည် စည်းမျဉ်း သို့မဟုတ် တာအိုနားလည်နိုင်စွမ်းကို ကူညီဖို့ အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည့် [အပြောနှင့် လက်တွေ့ လေ့ကျင့်ခြင်း] ဟု ခေါ်ဆိုသည့် တစ်စုံတစ်ခု တည်ရှိလေသည်။ ထိုနည်းလမ်းအတွက် ပြီးပြည့်စုံသည့် နမူနာတစ်ခုက ဝမ်ဝေ့၏ ကြမ္မာလူဝင်စား ဖြစ်သည်။

ဝမ်ဝေ့က တစ်ကမ္ဘာလုံး၏ ကြမ္မာကို ထိန်းချုပ်ပြီး မဟာကမ္ဘာရှိ သက်ရှိအားလုံး၏ ကြမ္မာကို အကဲဖြတ်ကာ ထိန်းချုပ်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူ့ကြမ္မာတာအို၏ နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာ၏။

ထိုမီးခိုရောင်ဘောလုံးက ထိုလေ့ကျင့်မှု၏ ရလဒ်သာ ဖြစ်၏။

ဝမ်ဝေ့က ကမ္ဘာကို ပြောင်းလဲခဲ့သည့်အတွက် လူသန်းပေါင်းများစွာ၏ ကံကြမ္မာကလည်း ပြောင်းလဲသွားခဲ့သည်။ သူက လူများ၏ ကံကြမ္မာကို ပြောင်းလဲခြင်းဖြင့် ထွက်ပေါ်လာသော စွမ်းအားများကို ထိုဘောလုံးအတွင်း စုစည်းထားခြင်း ဖြစ်၏။

နောက်ပိုင်းတွင် သူက ကံကြမ္မာလွှမ်းမိုးရေး ရုပ်ခန္ဓာကို အသုံးပြုကာ စုပ်ယူနိုင်ပြီး သူ့ကံကြမ္မာတာအို နားလည်နိုင်စွမ်းကို အဆင့်မြှင့်တင်နိုင်လိမ့်မည်။

ငါက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးရဲ့ ကြမ္မာကို ပြောင်းလဲဖို့ မစောင့်နိုင်တော့ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက သူ့အစီအစဉ်၏ သက်ရောက်မှုကို အထင်သေးမိသွားကြောင်း သဘောပေါက်သွားခဲ့သည်။ အရာအားလုံး ပြီးမြောက်သွားသည်နှင့် သူက မဟာတာအိုအရင်းအမြစ် ၈၀ ရာခိုင်နှုန်းအထိ ကျင့်ကြံနိုင်လိမ့်မည်။

ထို့နောက် သူက တက်လှမ်းပြီးသည့်နောက်တွင် စံပြအဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်ဖို့ ထိုအရာကို အသုံးပြုနိုင်သည်။

ဒီဖြစ်စဉ်မှာ ပြဿနာတချို့တော့ ရှိထားပေမဲ့ နောက်ဆုံးရလဒ်ကတော့ ငါ မျှော်လင့်ထားသလို ဖြစ်မှာပါပဲ…

ဝမ်ဝေ့က အခန်းမှ ထွက်မလာခင် တွေးလိုက်မိသည်။ ဤသည်က သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့ အချိန်မကြာသေးပေ။

သူက ကျင့်ကြံဆင့်ကို မြှင့်တင်ခြင်းဖြင့် တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ရာ မဖြစ်နိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူက တားမြစ်နယ်ပယ်အဆင့်ကို ပြီးမြောက်ဖို့ရာသာ အာရုံစိုက်ထားပြီး သူ့အတွက် အကောင်းဆုံးအုတ်မြစ်ကို ဖွဲ့စည်းနိုင်သည်။

ဝမ်ဝေ့က သူ့အမေနှင့် တွေ့ဖို့ အိမ်ပြန်လာလိုက်၏။

“အချိန်ကျပြီလား” ယုယန်က မေးလိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူ့နဂိုအစီအစဉ်အရ သူမက လီကျွင်းနှင့် ယန်းလီလင်းတို့ တာအိုသက်သေပြပြီးသည့်နောက်တွင် ထွက်ခွာသွားရမည် ဖြစ်သော်လည်း အစီအစဉ်က ပြောင်းလဲသွားရသည်။

“မစိုးရိမ်ပါနဲ့။ ကျွန်တော် မကြာခဏ လာတွေ့ပါမယ်”

“သား လာတွေ့ရမယ်နော်” ယုယန်က ပြောလိုက်သည်။

“အဖေကရော”

“သူက စိတ်ကြိုက် အချိန်ကုန်ဆုံးနေတယ်လေ”

“အဲ့လိုပဲ ဖြစ်လောက်ပါတယ်လေ” ဝမ်ဝေ့က တုံ့ပြန်ကာ သူ့အဖေ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူက ဓားရေးကမ္ဘာအတွင်း ရှိနေပြီး ဓားသမားအားလုံးနှင့် တိုက်ခိုက်နေလေ၏။ သူ့လူဝင်စားနှင့် ဝမ်ဝေ့ သူအတွက် ပြင်ဆင်ထားသည့် ကောင်းကင်ရွေးချယ်ခံများက ငယ်ရွယ်သေးသည့်အတွက် သူက ယခင်မျိုးဆက်ဟောင်းမှ လူများအား ပစ်မှတ်ထားနေသည်။

“သူ့ကို လျစ်လျူရှုထားလိုက်။ လာလာ … ညစာ စားရအောင်” ယုယန်က ပြောလိုက်သည်။

နှစ်ဦးသားက ညစာစားရင်း စကားစမြည် ပြောခဲ့ကြ၏။ ထို့နောက် ယုယန်က ဂိုဏ်း၏ လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုအတွင်း ဝင်ရောက်သွားသည်။ နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူမက ထွက်လာပြီး သူမ မိသားစုဆီ ပြန်သွားလေသည်။

……………

“ဒေါ်လေး ဘယ်လိုလုပ် အလျင်စလို ရောက်လာတာလဲ” ယုပိုထန်းက မေးလိုက်သည်။ ထိုသူက ဤမျိုးဆက်၏ ယုမျိုးနွယ် ခေါင်းဆောင်ဖြစ်သလို ဝမ်ဝေ့၏ တစ်ဝမ်းကွဲလည်း ဖြစ်၏။ သူက တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့မှန်း ခံစားချက်ရနေသည်။

“အဲဒီလူတွေနဲ့ စကားများလာတာလေ။ ငါ ဒီမှာ ခဏနေဦးမယ်”

“ကျွန်တော့် ဝမ်းကွဲ အဲလေ ကောင်းကင်ဧကရာဇ်က ကျွန်တော်တို့ မိသားစုကို မကူညီလို့လား”

“အဲဒီအကြောင်းကို မပြောစမ်းပါနဲ့။ ငါ စိတ်တိုနေပြီ”

ယုပိုထန်းက သတင်းအချက်အလက်ကို သိလိုသော်လည်း သူ့ဒေါ်လေးကို မနှောင့်ယှက်ရဲပေ။

“နင့်သားက ငါတို့အဖေကို ဒေါသထွက်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား”

ယုယန်က အခန်းအတွင်း ဝင်လာသည့် သူ့အစ်မကို ကြည့်ကာ ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းပါနဲ့။ ဝေ့အာက အမုန်းတရား ကိုင်စွဲထားမဲ့လူမျိုးမဟုတ်ဘူး”

“အဲဒါဆိုရင် ငါတို့အတွက် ရိုးရှင်းတဲ့ မဟာတာအိုဆေးကြောခြင်းမျိုးနဲ့ တာအိုစည်းချက် အနည်းငယ်တောင် ဘာလို့ လုပ်မပေးနိုင်ရတာလဲ”

ယုယန်က မျက်မှောင်ကြုတ်လိုက်ပြီး “အရင်ဆုံး သူက ငါတို့မိသားစုအပေါ်မှာ ဘာမှအကြွေးတင်မနေဘူး။ ဒုတိယအနေနဲ့ဆိုရင် ဒါက သူ့ကို တားခဲ့တာက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ့ကို စောင့်ဖို့ပဲ လိုတယ်။ အဲဒါကို မိသားစုအတွက် ငါကိုယ်တိုင် လုပ်ပေးမယ်။ တတိယအနေနဲ့ဆိုရင် သူက မိသားစုကို သွေးမျိုးဆက်အားဖြည့်ဖို့ ကူညီပေးခဲ့တယ် မဟုတ်ဘူးလား”

“ဝမ်မျိုးနွယ်ရဲ့ အကျိုးကျေးဇူးနဲ့ ယှဉ်လိုက်ရင် ငါတို့က အပြောင်းအလဲ ရှိတယ် ဆိုရုံလောက်လေးပါ။ သူ့မျိုးနွယ်ထဲမှာ ယုမျိုးနွယ်ရဲ့ သွေးက ဝမ်မျိုးနွယ်လောက် စီးဆင်းနေတာပဲလေ”

“အမေ” ယုပိုထန်းက ပြောလိုက်သည်။

“ပါးစပ်ပိတ်ထား။ မင်းက သူ့ကို ကြောက်ရင် ကြောက်လိမ့်မယ်။ ငါက မကြောက်ဘူး” ယုထိုက်ယွိက ပြန်ပြောလိုက်သည်။

ယုယန်က သက်ပြင်းချကာ “အစ်မ အားကောင်းတဲ့ သွေးမျိုးဆက်နဲ့ ပတ်သက်လာရင် ကြမ္မာကို တောင့်ခံထားနိုင်မယ်လို့ ထင်လို့လား။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်အတွက် ကောင်းချီးက တခြားသူတွေအတွက် ကပ်ဘေး ဖြစ်နေနိုင်တယ်”

ယုတိုက်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်ပေါ်သည်။ ထို့နောက် သူမက အေးစက်စက် ပြောလိုက်သည်။

“ငါ ကြားသမျှတွေ အားလုံးကတော့ မင်း သူ့အတွက် လုပ်ပေးနေတဲ့ အကြောင်းပြချက်တွေချည်းပဲ”

သူမက အိမ်မှ ထွက်ပြေးလာပြီး မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထိုစဉ် ယုယန်က တိတ်တဆိတ် ပြုံးလိုက်၏။

ငါ အစ်မရဲ့ ရန်ငြိုးကို တိတ်တဆိတ် လှုံ့ဆော်ပေးလိုက်တာ မကောင်းတာတော့ မဟုတ်ဘူးပဲ။ ဒီအပြုအမူလေးက လှည့်ဖျားရေးပညာရပ်နဲ့ဆိုရင် လုံလောက်မှာပါ…

သူမ၏ မျက်ဝန်းအထက် ဖျတ်ခနဲ ဖြတ်ပြေးသွားသည့် ထူးထူးဆန်းဆန်း အလင်းရောင်ကို မည်သူကမှ သတိမထားမိလိုက်ပေ။

“ကျွန်တော် တောင်းပန်ပါတယ်” ယုပိုထန်းက နေရခက်စွာ ပြုံးရင်း ပြောလိုက်သည်။

“ဒါက မင်းအမှား မဟုတ်မှန်း သိပါတယ်”

သူက ထိုစကားကိုကြားကာ စိတ်အေးမိသွားသည်။

“အားနည်းတဲ့ မျိုးနွယ်ဝင်တွေကို ဒီသတင်း မသိအောင် လုပ်ထား”

“မစိုးရိမ်ပါနဲ့။ ကျွန်တော် ဂရုစိုက်လိုက်မယ်” ယုပိုထန်းက ရှင်းပြလိုက်သည်။ ပထမဦးစွာ မဟာတာအိုဆေးကြောမှုကို မည်သူကမှ လက်ခံရခြင်း မရှိသည့်အတွက် တီးတိုးပြောဆိုသံများ ရှိနေသည်။

သို့သော်လည်း သွေးမျိုးဆက် အပြောင်းအလဲနှင့် မျိုးနွယ်အတွင်း ပါရမီရှင်များစွာ ပေါ်ထွက်လာပြီးသည့်နောက်တွင် ယုပိုထန်းက ထိုအခွင့်အရေးကို အသုံးပြုကာ အရာအားလုံးကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခဲ့သည်။

“ကောင်းပြီလေ” ယုယန်က ခေါင်းညိတ်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူမက ယုမျိုးနွယ်၏ ဘိုးဘေးတချို့ကို မဖျောင်းဖျနိုင်သရွေ့ အစီအစဉ်က မပြီးမြောက်သေးပေ။

အားနည်းသည့် ဧကရာဇ်မျိုးနွယ်အနေဖြင့် ယုမျိုးနွယ်က ကြာရှည်အောင် ရှင်သန်နိုင်သည့် အကြောင်းအရင်းများ ရှိလေသည်။ ထိုသူများက ယုယန်အနေဖြင့် အမှန်တရားကို ခေတ္တမျှ ဖုံးကွယ်ထားဖို့ လိုအပ်သည့်သူများ ဖြစ်ပေသည်။

“ငါ့အတွက် နေရာတစ်ခု စီစဉ်ပေး။ ဒီမှာခဏနေဦးမယ် ”

“ဒေါ်လေး … အဲဒါဆို ဦးလေးကရော”

“သူက သီးသန့်ကျင့်ကြံနေတယ်” သူမက ပြန်ဖြေလိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာထားကို မြင်ကာ ဖျောင်းဖျလိုက်သည်။

“ငါတို့က ပြဿနာ မရှိပါဘူး။ ဘိုးဘေးတွေနဲ့ပဲ စကားများခဲ့တာ”

“အဲဒါဆို ကောင်းပါပြီ”

ယုပိုထန်း၏ အကြောက်ဆုံးက သူ့ဒေါ်လေး၏ အိမ်ထောင်ရေးသည် ပြဿနာ ဖြစ်လာမည်ကို ဖြစ်၏။ သူမက သူ့ဦးလေးနှင့် လက်ထပ်ထားသရွေ့ မျိုးနွယ်က သူ့ဝမ်းကွဲနှင့် ဆက်နွယ်မှု ရှိနေလိမ့်မည်။

“သွားကြစို့။ မျိုးနွယ်က ဒေါ်လေးရဲ့ ကျင့်ကြံရေး မျှော်နန်းဆောင်ကို အကောင်းအတိုင်း ထိန်းသိမ်းထားတယ်” ယုပိုထန်းက ရှေ့ကနေ လမ်းပြလိုက်သည်။

…………………………………….

တာအိုအခွင့်အလမ်းဂိုဏ်း

ဝမ်ဝေ့က အရာအားလုံးကို မြင်လိုက်ရသည်။

ကြည့်ရတာ ပထမခြေလှမ်းနဲ့ ပတ်သက်ပြီး ပြဿနာတော့ မရှိဘူးပဲ…

သူက တွေးလိုက်မိပြီး မိုးမြေ၏ လျှို့ဝှက်ချက်များကို ဆက်လက် စောင့်ကြည့်လိုက်သည်။ သူ့တွက်ဆထားမှုအရ သူ့အစီအစဉ်နှင့် ပတ်သက်ပြီး ပြဿနာ မရှိသင့်ပေ။

ငါ ခဏလောက် စောင့်ကြည့်ပြီး ကိစ္စတွေ အနည်ထိုင်သွားစေရမယ်။ အဲဒီအခါကျမှ သူမက တာအိုသက်သေပြမှာကို ကုသိုလ်အလုံအလောက် စုဆောင်းနိုင်လိမ့်မယ်…

ယုယန် ထွက်သွားပြီးနောက် သိပ်မကြာခင် ဧကရာဇ်မျိုးနွယ်၏ သူလျှိုတချို့က သတင်းစကားကို လက်ခံရရှိလိုက်ရသည်။ လူတချို့က သူမသည် သူမ အစ်မ၊ ယုပိုထန်းတို့နှင့် စကားဝိုင်း အတိအကျပင် သိနေကြသည်။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းကို မထိုးဖောက်နိုင်သော်လည်း ယုမျိုးနွယ်အတွက်မူ အတူတူ မဟုတ်ပေ။

သို့သော်လည်း ထိုအကြောင်းအရာကို လူသိရှင်ကြား မည်သူကမှ ထုတ်မပြောရဲကြပေ။

လူများစွာက ထိုအပြောင်းအလဲသည် ကမ္ဘာကြီးအပေါ် မည်သို့သက်ရောက်မှု ရှိလာနိုင်ကြောင်း သုံးသပ်နေကြ၏။

“အခု တားမြစ်နယ်မြေတွေအပေါ် အာရုံစိုက်လိုက်ရအောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

All Chapters