ဆင်းရဲလွန်း၍ ရူးသွားခြင်း
Vol. 47 Ch. 639
နတ်ဘုရားချိရှီက ပန်ကုန်းစုန်ကို မခေါ်ပေးဘဲ နှာခေါင်းရှုံ့လိုက်သည်။ “မင်းလက်ထဲ နတ်ဘုရားစီရင်ရာဓားမ ခဏလောက် မပေးထားနိုင်တာ မဟုတ်ဘူး... ဓားမ စားတာ ခံရရင် မင်းထိုက်နဲ့ မင်းကံပဲ”
ချင်မူ ဘူးလေးကို သိမ်းလိုက်ပြီး အကြည့်များ လှုပ်ခတ်သွား၏။ “ဆရာကြီးချိရှီက ဒီရတနာကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ချိမင်ခေတ်ရဲ့ အာဏာပါးကွပ်သားဆိုတော့ ပူဆွေးသောကတွေကို ဘယ်လိုဖယ်ရှားရမလဲ သိလောက်ပါတယ် ဟုတ်တယ်မလား”
ချိရှီ မြိုသိပ်ထားသည့် ဒေါသများ ပေါက်ကွဲတော့မလို ဖြစ်သွားသည်။ “မင်းက ငါ့ရတနာကိုလည်း ခိုးသေး၊ သုံးပုံသုံးနည်းကိုလည်း ငါ့ဆီက တောင်းနေသေးတယ်လား... အရှက်မရှိလိုက်တာ”
ချင်မူက ပထမလူသားဧကရာဇ်ဆီသို့ လှမ်းကြည့်သည်။ ချိရှီ နည်းလမ်းပြောပြအောင် နောက်တစ်ကြိမ် ရိုက်လိုက်ရန် မျက်စိပစ်ပြနေ၏။
ပထမလူသားဧကရာဇ်မှာ သူဆိုလိုသည်ကို နားလည်သော်လည်း အခက်တွေ့နေသော အမူအရာဖြင့် ခေါင်းယမ်းပြသည်။ “ငါ သူ့ကို ထပ်ရိုက်လို့ မရလောက်အောင် ရိုက်ထားပြီးပြီ... မင်း ဒီနေ့ကစပြီး ဓားအိမ်ထဲက ဓားကို မသုံးတော့နဲ့... ဒီလက်နက်ဆိုးမျိုးက မင်း ကျွေးလေလေ ပိုဆိုးလာလေလေပဲ... ဘယ်တော့မှ ဝ,မှာ မဟုတ်ဘူး... တစ်နေ့ မင်း လူသတ်လို့ အဲဒီလက်နက် အဆာမပြေသေးရင် ဘာလုပ်မယ်ထင်လဲ... မင့်သွေးကို သောက်လိမ့်မယ်”
ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ ပထမလူသားဧကရာဇ် ပြောခဲ့သည့်အတိုင်း ဤဓားမသည် ပြိုင်ဘက်ကင်းလောက်အောင် အန္တရာယ်များ၏။ ချိမင်ကောင်းကင်ဘုံက ဤလက်နက်ဆိုးဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်သို့ အတင်ခံရသည့် နတ်ဘုရားများအား ကွက်မျက်ခဲ့သည်။ ထိုစဉ်တုန်းက နေ့စဉ်နေ့တိုင်း အပြစ်သားတို့၏ သွေးကို သောက်သုံးခဲ့ရသည့်အတွက် နတ်ဘုရားစီရင်ရာဓားမမှာ အာသီသပြည့်ဝနေခဲ့လေသည်။
ချိရှီ၏စကားက ချင်မူ့အား ကြောက်လန့်လာစေ၏။ ဤဘူးလေးကို သူ မထိန်းချုပ်နိုင်ကြောင်း ထင်ရှားပေသည်။
ချိရှီသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် ရင်ဆိုင်ခဲ့ရတုန်းက ဒဏ်ရာရခဲ့၏။ ရလဒ်အနေဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမက သူ၏ ချီနှင့် သွေးကို စုပ်ယူခဲ့သောကြောင့် သူ့ရုပ်ခန္ဓာပင် သေဆုံးလုဆဲဆဲ ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူ့မှာ သူ့ကိုယ်သူ အကြောပိတ်ကာ ခြောက်ကပ်နေသော အလောင်းအဖြစ် ပြောင်းလဲခဲ့ရသည်။
ထိန်းချုပ်နည်း သိလျှင်ပင် ဓားမဆိုးက အတိုင်းထက်အလွန် အန္တရာယ်များသေးသည်ဟု ဆိုလိုသည်။
သို့သော် ချင်မူမှာ ဘူးလေးကို ပြန်မပေးချင်ပေ။
ပထမလူသားဧကရာဇ်က ချိရှီကို ကြည့်ပြီး ပြောလိုက်၏။ “နောင်တော်၊ ကျုပ်တို့ မဟာမိတ်ဖွဲ့ကြရအောင် ... နောင်တော် လူသားဧကရာဇ်နဲ့ တိုင်ပင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အဖြေတစ်ခု ရှာလိုက်ပါလား”
ချိရှီ ချင်မူ့ဆီသို့ ကြည့်လိုက်သည်။ ချင်မူ သူ့အား အဆိပ်ခပ်ခဲ့ပြီး လှည့်စားခဲ့ပုံများကို သူ ရုတ်တရက် သတိရလိုက်သည်။ “တော်ပြီ မဟာမိတ်မဖွဲ့တော့ဘူး... ဒီကောင်လေးက ကောက်ကျစ်လွန်းတယ်... သူနဲ့ ပူးပေါင်းလိုက်ရင် ငါ့ခေါင်းပေါ် ချီးတက် ပါသွားလိမ့်မယ်”
“ဆရာ မှန်တယ်”
ပန်ကုန်းစုန်က အဝေး၌ ပေါ်လာပြီး အော်လိုက်သည်။ “သူနဲ့ ပူးပေါင်းရင် နောက်ကျောဓားနဲ့ ထိုးခံရမှာပဲ.... ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ပြီးပြီ”
ချင်မူ ဒေါသထွက်သွားသည်။ သူက ဘူးလေးထုတ်ပြီး ပန်ကုန်းစုန်ကို ဓားစာကျွေးရန် ပြင်လိုက်သော်လည်း ချီရှီ၏အသံ ထွက်လာသည်။ “သူ့ကို သတ်ရင် မင်းလည်း သေမယ်”
ချင်မူ တွန့်ဆုတ်သွားပြီး ဘူးလေးကို ပြန်ထည့်လိုက်သည်။ “ကျွန်တော်က မှော်ဆရာကြီးနဲ့ သေအတူရှင်မကွာ တိုက်ခိုက်ခဲ့ဖူးပါတယ်.... မှော်ဆရာကြီးက ကျွန်တော့်အတွက် အစ်ကိုလိုပဲလေ... ကျွန်တော်က ဘယ်လို့ သူ့ကို ထိရမှာလဲ”
ပန့်ကုန်းစုန် ဒေါသမထိန်းနိုင်တော့ပေ။ “ဘယ်သူက မင်းရဲ့အစ်ကိုလဲ.... လုပ်ကြံဇာတ်တွေနဲ့ ဉာဏ်ဆင်မနေနဲ့”
ပထမလူသားဧကရာဇ်မှာ မဟာမိတ်ဖွဲ့ပေးရမည့် ကြားလယ်လူ မဖြစ်ချင်၍ ခေါင်းကိုက်လာသည်။
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဆရာကြီးချိရှီက ကျွန်တော်နဲ့ မဆွေးနွေးချင်ဘူးဆိုမှတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဧကရာဇ်နဲ့ဆွေးနွေးရင် ဘယ်လိုလဲ... အခုခေတ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်ပဲ.... ချိမင်ခေတ်ရဲ့ သံတမန်အနေနဲ့ ဧကရာဇ်ကို ကိုယ်တိုင်စကားပြောတာက ပိုသင့်တော်မယ်ထင်တယ်”
ချိရှီ ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူက ခေါင်းညိတ်လိုက်၏။ “ဧကရာဇ်နဲ့မတွေ့ခင် မင်းရဲ့ဖန်ဆင်းပညာကို ငါ့ဆီ အရင်ပေးရမယ်”
ပထမလူသားဧကရာဇ်က ခေါင်းညိတ်တော့မည့်အချိန် ချင်မူ ခေါင်းခါနေသည်ကို မြင်လိုက်သဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရ၏။
ချင်မူ့အကြည့်က လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ “ချိမင်ခေတ်ရဲ့ နတ်ဘုရားသားတော်လို့ ကျွန်တော် ကြားလိုက်တယ်နော်... သူက ဆုံးဖြတ်ရတဲ့လူမဟုတ်လား... အရင်ဆုံး အပေးအယူဆွေးနွေးကြတာပေါ့.... ဖန်ဆင်းပညာကတော့ ပထမလူသားဧကရာဇ် ခင်ဗျားရဲ့မျိုးနွယ်တွေကို စစ်ဆေးကြည့်ပြီး ကယ်တင်နိုင်သေးတယ်ဆိုရင် ကယ်တင်ပေးလိမ့်မယ်... ဒါပေမဲ့ နတ်ဘုရားသားတော်နဲ့မတွေ့ခင် ကျွန်တော်တို့ ခင်ဗျားကို မသင်ပေးနိုင်ဘူး”
ချိရှီက အင်တင်တင်ဖြင့် လက်ခံကာ ပြောသည်။ “ကောင်းပြီ... အချိန်လည်းမရှိဘူး.... အခုချက်ချင်း ဧကရာဇ်ကို သွားတွေ့ရအောင်”
ချင်မူ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြသာဒ်ဆောင်ဆီသို့ လှမ်းကြည့်လိုက်ပြီး အောက်တွင် ပုံနေသော ကောင်းကင်လက်နက်များကို မြင်လိုက်ရ၏။ သူတစ်ယောက်တည်း စုပ်သပ်နေလေသည်။ “ပစ္စည်းနည်းနည်းပါးပါး သွားယူလို့ရရင် ကောင်းမှာပဲ... ဖန်ဆင်းကောင်းကင်စက်ကွင်းကို လှည့်ပတ်လိုက်ရင် ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ချုပ်ပေးနိုင်တယ်... အဲဒီလိုနည်းနဲ့ လူတွေကို သတ္တဝါအသွင် ပြောင်းပေးလိုက်တာ .... ငါ့လက်ထဲသာ ရောက်လို့ကတော့ ရန်သူတွေ လာထားစမ်းပဲ’
ဖန်ဆင်းကောင်းကင်စက်ကွင်းက ချုပ်နှောင်ပေးသည့် လက်နက်တစ်ခုဖြစ်သော်လည်း ချင်မူ့အမြင်အရမူ ဤလက်နက်တွင် မခန့်မှန်းနိုင်သော စွမ်းအားတို့ ပါရှိသည်။ ဤစက်ကွင်းကို လှည့်ပတ်၍ သင်္ကေတအမှတ်အသားများအား ရန်သူ့အပေါ် ဖြန့်ကျက်လိုက်လျှင် သာမန်နတ်ဘုရား၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့ အသွင်ပြောင်းလဲသွားပြီး အန္တရာယ်မရှိသော သတ္တဝါများဖြစ်နိုင်သွား၏။
အရေးကြီးဆုံးအချက်က ဤကောင်းကင်စက်ကွင်းသည် အရပ်မျက်နှာတစ်ခွင်သို့ သက်ရောက်နိုင်၏။ သင်္ကေတအလင်းရောင်တို့အား အရပ်မျက်နှာတခွင်တွင် မိုင်ပေါင်းရာချီအထိ ဖြန့်ကျက်နိုင်ချေရာ နတ်ဘုရားစစ်မြေပြင်တွင် အသုံးပြုပါက နတ်ဘုရားအားလုံး ငါးကြီးများ၊ ပင်လယ်သတ္တဝါကြီးများ ဖြစ်သွားနိုင်သည်။
ဖန်ဆင်းပညာကို ဤကဲ့သို့ အသုံးတည့်စွာ အသုံးချနိုင်သည်။ ချုပ်နှောင်ရန်အတွက်သာ အသုံးပြုခြင်းက စွမ်းအားကို ရောက်၏။
‘မြို့တော်ရောက်တာနဲ့ ဧကရာဇ် ဒီကောင်းကင်စက်ကွင်းကို ယူနိုင်အောင် ကြံဖန်ပေးရမယ်’ ချင်မူ တွေးလိုက်မိသည်။
ချိရှီက မှော်စွမ်းအင်ကို ဖြစ်ညစ်ထုတ်လွှတ်လိုက်၍ ကောင်းကင်လက်နက်များသည် ပြသာဒ်၏မူလနေရာများသို့ ပျံတက်သွား၏။ သူတို့က ခံ့ညားတင့်တယ်သော အလင်းရောင်များ ဖြန့်ကျက်လျက် ပြန်လည်ချိတ်ဆွဲနေကြလေသည်။
ချိရှီ မာန်သွင်းဟိန်းဟောက်၍ မှော်စွမ်းအင်ကို လှည့်ပတ်လိုက်သည့်အခါ ဤကိုက်သုံးထောင် ပြဿာဒ်ဆောင်မှာ သေးသထက် သေးလာပြီး သူ၏လက်ဝါးအပေါ် ဆင်းသက်လာသည်။ ၎င်းမှာ အရောင်ဆယ်ရောင်ဖြင့် တောက်ပနေပြီး အလင်းတန်းလေးများ ကွန့်မြူးနေသည်။
ချင်မူ အလွန်အားကျမနာလိုဖြစ်သွားသည်။
ချိရှီ ပန့်ကုန်းစုန်ကို လှမ်းခေါ်လိုက်ပြီး အားလုံး ရေအောက်နတ်ဘုရားမြို့မှ ထွက်၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ သွားလိုက်ကြသည်။
ပထမလူသားဧကရာဇ်နှင့် ချိရှီသည် အလွန်မြန်၏။ ဖန်းယွင်ရှောင်၏ အမြန်သင်္ဘောထက်ပင် မြန်သည်။ သူတို့ ချင်မူနှင့် ပန်ကုန်းစုန်ကို ခေါ်၍ ပျံသန်းနေစဉ် တောင်တန်းများမှာ သူတို့နောက်တွင် တရိပ်ရိပ် ကျန်ခဲ့လေသည်။ နာရီအနည်းငယ်ကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်သို့ သူတို့ ရောက်လာကြသည်။
ချင်မူမှာ ပန်ကုန်းစုန်ကို ဓားမစာကျွေးရန် ချောင်းနေပါသော်လည်း အခွင့်မသာခဲ့ပေ။
‘လူတွေကို ဘယ်လိုသတ်ရပါ့...’ လူငယ်လေးမှာ ထောင်ကျယ်အိတ်ထဲရှိ ဘူးလေးအား ပွတ်သပ်ရင်း တွေးနေမိသည်။
ပန်ကုန်းစုန်မှာ ချင်မူ ရုတ်တရက် ထခုန်ပြီး သူ့ကို သတ်မှာ ကြောက်နေ၍ တစ်ချိန်လုံး ရင်တဒိန်းဒိန်း ခုန်နေခဲ့ရသည်။ ကံကောင်း၍ ချိရှီက သူ့ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပေးထား၏။
နန်းစိုက်မြို့တော်သို့ ရောက်သည့်အခါ ပထမလူသားဧကရာဇ်က နန်းတွင်းထဲ တိုက်ရိုက်ဆင်းသက်လိုက်သည်။ ချင်မူက အစောင့်တစ်ယောက် လှမ်းခေါ်ကာ ဧကရာဇ်ဆီ လျှောက်တင်ခိုင်းလိုက်၏။ တခဏကြာသော် ခပ်စိပ်စိပ် ခြေလှမ်းများဖြင့် သုတ်သုတ်လျှောက်လာနေသော ယန်ကျစ်ကွေ့ ကို တွေ့လိုက်ရသည်။ သူက ပြုံးရွှင်စွာ ပြောလေသည်။ “လူသားဧကရာဇ်ချင်၊ အားလုံး... အရှင်မင်းကြီးက ချိမင်ခေတ်ရဲ့ သံတမန်ကို ညီလာခံခန်းမမှာ စောင့်နေတော်မူပါတယ်.... ကျေးဇူးပြုပြီး ကြွပါ...”
“သခင်ကြီးယန် ရှေ့က လမ်းပြပေးပါ” ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
သူတို့ ညီလာခံခန်းမသို့ လျှောက်နေကြစဉ် ယန်ကျစ်ကွေ့က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ချိရှီဆီသို့ လှည့်ကြည့်သည်။ သူ့ရင်ထဲတွင် အံ့အားသင့်နေမိ၏။ သူက ချင်မူအား တိုးတိုးမေးကြည့်လိုက်သည်။ “ချိမင်ခေတ်ရဲ့ သံတမန်တဲ့လား... သူက ဘယ်ကလဲ”
“လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ တုန်းက ချိမင်ကောင်းကင်နတ်ဘုံ ရှိခဲ့ဖူးတယ်... ကောင်းကင်နတ်ဘုံ တောင်ပင်လယ်ထဲ ကျသွားတော့ လူနည်းစု လွတ်မြောက်လာတယ်... ဒီချိရှီက အဲဒီခေတ်ရဲ့ ကောင်းကင်နတ်ဘုံက အာဏာပါးကွပ်သားတစ်ယောက်ပဲ.... သူ့အဆင့်က အစစ်အမှန်နတ်ဘုရားမဟုတ်ရင် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်လိမ့်မယ်”
ယန်ကျစ်ကွေ့ အံ့အားသင့်သွားသည်။
သူတို့ ညီလာခံခန်းမသို့ ရောက်သည့်အခါ ဧကရာဇ်ယန်ဖုန်း နဂါးပလ္လင်ထက်၌ ထိုင်နေသည်ကို မြင်လိုက်ရသည်။ ချိရှီက ဝင်သည်နှင့် အရိုအသေပေးလိုက်၏။ “ချိမင်ကောင်းကင်နတ်ဘုံ သံတမန်ချိရှီ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ကို အရိုအသေပေးပါတယ်”
ဧကရာဇ်ယန်ဖုန်းက လက်ကာကာ ပြုံးလိုက်၏။ “ထပြီး ပြောပါ... မောင်မင်းက ခေတ်ဟောင်းတစ်ခေတ်ရဲ့ သံတမန်ဆိုတော့ ကိုယ်တော် ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပါဘူး.. အစောင့်တွေ ခုံယူလာခဲ့”
သူက ပထမလူသားဧကရာဇ်ဘက်လှည့်ကာ နှုတ်ဆက်လိုက်၏။ “လူသားဧကရာဇ်ခန်းမရဲ့ ပထမလူသားဧကရာဇ်၊ အခုလို ဆုံတွေ့ရလို့ ကျွန်တော်မျိုး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”
ပထမလူသားဧကရာဇ်က ပြန်နှုတ်ဆက်လိုက်သည်။ “လူသားဧကရာဇ်က နာမည်ပဲ ရှိတာပါ.... အရှင်မင်းကြီးကမှ ကောင်းကင်ရဲ့ သားတော်ပါ ... ထုံးစံတွေ မလိုပါဘူး”
“လူသားဧကရာဇ် ကျေးဇူးပြုပြီး ထိုင်ပါ” ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။
ဘေးရှိ အစောင့်များက သူတို့အတွက် ထိုင်ခံများ ရွှေ့ပေး၏။ ချိရှီ ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်စဉ် ပန်ကုန်းစုန်က သူ၏ဘယ်ဘက်၌ ရပ်လိုက်သည်။ ပထမလူသားဧကရာဇ်လည်း ထိုင်လိုက်သည်။
ဧကရာဇ်ယန်ဖုန်း၏အကြည့်က တစ်ယောက်ချင်းစီကို ကြည့်ပြီး ချင်မူ့အပေါ် ကျရောက်လာသည်။ သူ ခေါင်းကိုက်နေသော်လည်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဝန်မင်းချင်၊ ဒီနား လာပါဦး... မောင်မင်းကို မတွေ့ရတာ ကြာလှပြီ”
ချင်မူ ပလ္လင်ရှိရာ အခန်းပေါ် တက်သွားပြီး နဂါးပလ္လင်၏ ညာဘက်၌ ထိုင်လိုက်သည်။
ဧကရာဇ်ယန်ဖုန်းက အပြုံးပန်းများ ဝေဆာနေသော မျက်နှာရှိပြီး ခြင်အော်သံလို အသံတိုးတိုးဖြင့် ချင်မူအား ကပ်မေးလေသည်။ “ဘာဖြစ်နေတာလဲ... သူက ဘယ်ကလဲ.. ချိမင်ခေတ်က ဘယ်တုန်းတုန်း.. ဘယ်အချိန်တုန်းက ခေတ်လဲ”
ချင်မူက အသိစိတ်အလျဉ်ကို လှုံ့ဆော်ကာ ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ ဦးနှောက်လှိုင်းများအား သုံး၍ အသေးစိတ် ရှင်းပြလိုက်သည်။ “အရှင်မင်းကြီး၊ ချီရှိ ကျွန်တော်တို့ဆီက လိုချင်နေတာရှိတယ်... ကျွန်တော်တို့ သူ့ဆီကနေ အမြတ်ထုတ်လို့ရတယ်”
ဧကရာဇ်ယန်ဖုန်း စိတ်အေးလက်အေး ဖြစ်သွားပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။ “ချိမင်ကောင်းကင်နတ်ဘုံ တောင်ပင်လယ်ထဲ နစ်မြုပ်သွားတဲ့အကြောင်း ကိုယ်တော်ကြားဖူးတာ ကြာပါပြီ... ခမ်းနားကြီးကျယ်လှတဲ့ နိုင်ငံတစ်နိုင်ငံ မရှိတော့တာ အမှန်တကယ် နှမြောစရာကောင်းပါပေတယ်... ကိုယ်တော် ချိမင်ခေတ်ရဲ့ နောင်တော်တွေ၊ သိုင်းပညာရှင်တွေကို ဂါဝရပြုဖို့ တောင်ပင်လယ်ဆီ မကြာခဏ သွားတတ်ပါတယ်... သွားတိုင်းလည်း ဝမ်းနည်းကြေကွဲလွန်းလို့ မျက်ရည်ကျမိတယ်... ဒီနေ့မှာ အခုလို ချိမင်ခေတ်ရဲ့ သူရဲကောင်းတစ်ယောက်နဲ့ ဆုံတွေ့ရမယ် မထင်ခဲ့မိဘူး... သံတမန်ချိရှီ၊ မောင်မင်းက အဝေးကြီးကနေ ရောက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမိတ်ဖွဲ့ချင်တဲ့ ကိစ္စက ကိုယ်တော်တို့အတွက် အင်မတန် ကောင်းမွန်တဲ့အရာပါ.... ဒါပေမဲ့ ကိုယ်တော့်အင်ပါယာက အားနည်းနေတော့ ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်ကြဘူး... အပြင်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဒုက္ခပေးနေတဲ့ နတ်ဆိုးတွေ ရှိနေတယ်... အတွင်းမှာ အချိန်မရွေး ကျောက်ရုပ်တုအဖြစ်ကနေ အသက်ဝင်လာနိုင်တဲ့ ကောင်းကင်နတ်ဘုံရဲ့နတ်ဘုရားတွေ ရှိနေတယ်.. အတွင်းရောအပြင်မှာပါ မအေးချမ်းတော့ ကိုယ်တော့်အင်ပါယာမှာ ဘဏ္ဍာတွေ နည်း...”
ချင်မူက ချောင်းဟန့်ကာ ပြောလေသည်။ “အရှင်မင်းကြီး၊ သံတမန်မင်းချိရှိရဲ့ လက်ထဲက ရတနာက ချိမင်ခေတ်ရဲ့ ရတနာပါ... စုစုပေါင်း အထပ်တစ်ထောင်ရှိပြီး တံစက်မြိတ်တွေမှာ ချိတ်ဆွဲနေတဲ့ ကောင်းကင်လက်နက်တွေဟာလည်း သိန်းသန်းချီပါတယ်.... အဲဒါကို ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်လို့ ခေါ်ပါတယ်”
ချိရှီ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “အရှင်မင်းကြီး၊ ကျွန်တော်မျိုးက သံတမန်တစ်ယောက်ပါ... ရတနာတစ်ခုမှ ယူမလာခဲ့ပါဘူး...”
ဧကရာဇ်ယန်ဖုန်း ကိုယ်ကို စောင်းကာ ခပ်တိုးတိုး မေးလိုက်သည်။ “ဝန်မင်းချင်၊ သံတမန်က ကိုယ်တော့်ကို တွေ့ဖို့ လက်ဆောင်ပဏ္ဍာတောင် ပါမလာဘူးတဲ့လား”
ချင်မူက တွန့်ဆုတ်သွားပြီး ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “ဆင်းရဲတာကိုး”
ဧကရာဇ်ယန်ဖုန်း သဘောပေါက်သွားကာ ပြောလိုက်သည်။ “မဟာမိတ်က မရိုးသားဘူးပဲ”
ချိရှီ မျက်မှောင်ကြုတ်၍ အံတင်းတင်းကြိတ်လိုက်သည်။ သူက ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို ပဏ္ဍာအဖြစ် ဆက်သရန် ပြင်လိုက်စဉ် ပန်ကုန်းစုန်က အလျင်အမြန် ကပ်ပြောလိုက်၏။ “ဆရာ၊ သူတို့ အရူးလုပ်တာ မခံနဲ့.... ဒီဧကရာဇ်နဲ့ ဒီခွေးသူတောင်းစားချင်က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းတွေပဲ... သူတို့ခေါင်းထဲမှာ လူလည်လုပ်ဖို့ အတွေးတွေပဲ ပြည့်နေတာ... ဆရာ သူတို့နဲ့ မျှောလိုက်တတ်ဖို့ လိုတယ်”
ချိရှီ သည်းခံလိုက်သည်။ သူက ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ထဲမှ နဂါးသဏ္ဍာန်ကျောက်စိမ်းလည်ဆွဲ ထုတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးအတွက် လက်ဆောင်လေးပါ”
အရာရှိတစ်ယောက်က လက်ခံယူပြီး ဧကရာဇ်ယန်ဖုန်းဆီသို့ ဆက်သသည်။ ဧကရာဇ်ယန်ဖုန်း ကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်သည့်အခါ ကျောက်စိမ်းလည်ဆွဲသည် ခြောက်ခုကွဲထွက်သွားပြီး တကယ့်နဂါးခြောက်ကောင်ပမာ အသက်ဝင်လာ၏။ နဂါးများက ခန်းမထဲ၌ ပျံသန်းနေပြီး တိုင်လုံးများအား ရစ်ပတ်လိုက်ကြသည်။
ဧကရာဇ်ယန်ဖုန်း အကြီးအကျယ် ကျေနပ်သွားသည်။ ချင်မူက သူ၏နဂါးဝတ်ရုံကို ဆွဲပြီး စာလိပ်တစ်လိပ် ခိုးကြောင်ခိုးဝှက် ကမ်းပေး၏။ ထို့နောက် ခပ်တိုးတိုး ကပ်ပြောသည်။ “အရှင်မင်းကြီး၊ ဒါက ပင်လယ်ထဲက ရေစက်လေးပဲ ရှိသေးတယ်... ကျွန်တော် ဒီမှာ ပစ္စည်းစာရင်း ချပေးပြီးသား.... ဒါနဲ့ အရှင်မင်းကြီး အပေးအယူလုပ်”
ဧကရာဇ်ယန်ဖုန်းကလည်း စာလိပ်ကို ခိုးကြောင်ခိုးဝှက် ဖွင့်ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။ “ဝန်မင်းချင်၊ ဒါက ဆင်းရဲတာလား.... ငါ့ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောင်းရင်တောင် ဒီလောက်မရနိုင်ဘူး”
သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်ဖြစ်သော်လည်း ပစ္စည်းစာရင်းကို မြင်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။
“သံတမန်မင်းက အဝေးက လာရတာပဲ... အရင်ဆုံး အနားယူလိုက်ပါဦး”
ဧကရာဇ်ယန်ဖုန်း ဣန္ဒြေဆည်ပြီး မိန့်လိုက်သည်။ “မဟာမိတ်ကိစ္စနဲ့ပတ်သက်ပြီး ယန်ကျစ်ကွေ့က အပေးအယူလုပ်ပေးပါလိမ့်မယ်... ညီလာခံ ဒီမှာပြီးပြီ” ထိုသို့ပြောပြီးနောက် သူက ခန်းမအနောက်သို့ ခပ်သွက်သွက် လျှောက်သွားပြီး ချင်မူ့ကို ပြန်လှည့်ကြည့်ကာ လက်ယပ်ခေါ်၏။
ချင်မူ သူ့နောက်မှ လိုက်သွားသည်။ နန်းဆောင်ခန်းမအပြင်သို့ ရောက်သည့်အခါ ဧကရာဇ်ယန်ဖုန်းက နဂါးဝတ်ရုံကို ခါ၍ ခြေဆောင့်နင်းလိုက်သည်။ “သိပ်ချမ်းသာတာပဲ”
ချင်မူက အလျင်အမြန် ပြောလိုက်၏။ “မကြာခင် မွဲတော့မှာပါ”
ဧကရာဇ်ယန်ဖုန်းက လက်ဝါးနှစ်ဖက် ပွတ်ရင်း ရယ်နေသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ တိုက်ခိုက်နေတဲ့ ဧကရာဇ်အတိုင်ပင်ခံက ငါ့ဘဏ္ဍာတိုက်ပြောင်သွားတယ်... အခုတော့ ငွေတွေ ပြန်ဝင်လာတော့မယ်”
ချင်မူ မှင်သက်သွား၏။ ‘ဧကရာဇ်တော့ ဆင်းရဲလွန်းလို့ ရူးသွားပြီ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ငွေရှိလားမသိဘူး... ဧကရာဇ်ကို ပေးလိုက်သင့်လား’
၎
င
၎
၎