← Chapters

ရန်ကျောက်ကဲအင်္ကျီလက်ထဲကဝှက်ဖဲ

Vol. 78 Ch. 1095

ရန်ကျောက်ကဲအင်္ကျီလက်ထဲကဝှက်ဖဲ

Vol. 78 Ch. 1095

အခန်း (၁၀၉၅) ရန်ကျောက်ကဲအင်္ကျီလက်ထဲကဝှက်ဖဲ

မဟူရာပမာ နက်မှောင်နေသော နတ်ဘုရားရုပ်တုကြီးက ငရဲကိုးထပ်မိုးမြေတခွင် တင်ပျဉ်ခွေထိုင်နေပြီး ကမ္ဘာတစ်ခုလုံး အဆုံးသတ်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဤနတ်ဘုရားက ငြိမ်းချမ်းငြိမ်သက်ခြင်းကို လုံးဝမပြသဘဲ သူ့ထံမှ နတ်ဆိုးအငွေ့အသက်များက လူတစ်ယောက်၏ စိတ်အစဉ်နှင့် ပတ်ဝန်းကျင်အား ညစ်ညမ်းရူးသွပ်သွားစေသည်။

“နတ်ဆိုးက အသင်္ချေသောသက်ရှိများကို အောင်နိုင်တယ်...”

ကြီးမားလှသော နတ်ဘုရားရုပ်တုကြီးပါးစပ်မှ ရန်ကျောက်ကဲ၏အသံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ သို့သော် ပုံမှန်နှင့်မတူဘဲ ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

ထို့နောက် နတ်ဘုရားရုပ်တုကြီး၏ နဖူး ၊ ရင်ဘတ်နှင့် လက်ဖဝါးများတွင် '卍' အသွင်ရှိသော ‘ဝမ့်စကြာ’ ထွက်ပေါ်လာ၏။

ပိုးသားဧကရာဇ်က အံ့အားသင့်သွားပြီး...

“မင်းက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ဒီအတိုင်းအတာထိ တတ်မြောက်နေပြီလား ၊ ဒါပေမဲ့ မိစ္ဆာလမ်းစဉ်ထဲကျရောက်သွားတဲ့ အရိပ်အယောင် လုံးဝမတွေ့ရဘူး”

သူက အံ့အားသင့်စွာဖြင့်ပင် ဆက်ပြောသည်။

“မင်းက ဒါကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တာပဲ ၊ ဒါမှမဟုတ် မင်းစိတ်က လုံးဝ မယိမ်းယိုင်ဘူးလား ၊ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံအောင်မြင်သွားတာတောင် မင်းက အမှောင်ဘက်ခြမ်းကို ကျရောက်မသွားဘူး ၊ ဒါက တကယ့်ကိုရှားပါးတဲ့အောင်မြင်မှုတစ်ခုပဲ”

အနက်ရောင်နတ်ဘုရားရုပ်တုကြီးက...

“အခုချိန်မှာ ဧကရာဇ်မင်းရဲ့အတွေးတွေက ခန့်မှန်းရခက်လွန်းတော့ ဒီ ‘ရန်’ သေချာပေါက် သတိထားရမှာပေါ့ ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်မလာဘဲ ဧကရာဇ်မင်းနဲ့အတူ ငရဲကိုးထပ်ကို လိုက်လာရဲမှာမဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ ဒီနေရာမှာ လူတစ်ယောက်ကို တိတ်တဆိတ်သတ်ပစ်လိုက်လို့ ရတယ်လေ”

ထိုစကားကြားတော့ ပိုးသားဧကရာဇ်က လုံးဝသက်ညှာမည့်ဟန်မရှိဘဲ ပြုံးလိုက်သည်။

“အခုရော ဘာထူးခြားသွားမှာ မို့လို့လဲ”

ထို့နောက် ကြီးမားသော ထိုက်ကျိသင်္ကေတကားချပ်ကြီးက ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး အရာခပ်သိမ်းကို ထင်ယောင်ထင်မှားအဖြစ် ပြောင်းလဲစေကာ ယင်နှင့်ယန်သာ ထင်ကျန်ရစ်ခဲ့သည်။

ကြီးမားသော နတ်ဘုရားရုပ်တုကြီးက လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး အဆုံးမရှိ နတ်ဆိုးချီစွမ်းအားများအလယ် ပြောင်းပြန်လည်ပတ်နေသည့် '卍' သဏ္ဌန် ဝမ့်စကြာသင်္ကေတဖြင့် ပိုးသားဧကရာဇ်၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို အတင်းအကျပ် ပိတ်ဆို့တားဆီးလိုက်သည်။

ရန်ကျောက်ကဲက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံထားသည့်တိုင် သာမန်အချိန်များတွင် ထိုတန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသလေ့ မရှိပေ။

သို့သော် ယခု သူက ငရဲကိုးထပ်တွင် ရောက်ရှိနေသည်။

ပြီးတော့ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ဖြစ်၏။

အရာအားလုံးအဆုံးသတ်ခြင်း ၊ အရာအားလုံး မွေးဖွားဖြစ်တည်ခြင်း ၊ အလုံးစုံကို လက်ခံခြင်း။

ဤကောင်းကင်ကျမ်းစာက လောကတစ်ခွင်မှ အခြားသောသိုင်းပညာရပ်များထက် ပိုမိုနက်နဲပြီး အခြေခံကျသည့် ကျမ်းစာ ဖြစ်သည်။

ရန်ကျောက်ကဲခန္ဓာကိုယ်အတွင်းမှ သွေးကြောဆုံချက်များက ပြိုင်ဘက်ကင်းအဆုံးမဲ့ ပုံရိပ်ယောင်ဖြစ်စဉ်များအသွင်ဖြင့် ပရမ်းပတာအနေအထားကို ပြသနေသည်။

ထို့နောက် ငရဲကိုးထပ်မှ အဆုံးမရှိသော နတ်ဆိုးချီများကို စုစည်းကာ မရေမတွက်နိုင်အောင်များပြားသော အနက်ရောင် နတ်ဘုရားရုပ်တုများအဖြစ် ပြောင်းလဲသွားစေသည်။

များပြားလှစွာသော နတ်ဘုရားရုပ်တုများက တရားသံရွတ်ဆိုသည့်ပမာ ၊ ကြုံးဝါးသံပမာ အသံများ ပြုလုပ်လိုက်ကြသည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက နတ်ဆိုးချီများနှင့် လုံးဝပေါင်းစပ်ထားပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ဗဟိုမဏ္ဍိုင်ထား လှည့်ပတ်ကာ ပြိုင်ဘက်ကင်းကောင်းကင်နတ်ဆိုးအသွင် ပြောင်းလဲသွားသည်။

ဤအရာက ငရဲကိုးထပ်တွင်သာ ရန်ကျောက်ကဲ ပြုလုပ်နိုင်သောအရာ ဖြစ်သည်။

အဆုံးမဲ့နတ်ဆိုးချီများ ပိုမိုများပြားလာသည်နှင့်အမျှ ကြီးမားသော နတ်ဘုရားရုပ်တုကြီးက ပိုမိုမြင့်မားခမ်းနားလာကာ မိစ္ဆာလည်းဆန်လာသည်။

ပိုးသားဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“မင်းက နတ်ဆိုးချီတွေကို စုစည်းပြီး နတ်ဘုရားနဲ့ နတ်ဆိုးတွေအဖြစ် အသွင်ပြောင်းထားတာ ၊ ဒါက မင်းရဲ့ရုပ်ခန္ဓာကို စောင့်ရှောက်ထားနိုင်ပေမယ့် အားလုံးက အတုအယောင်တွေပါပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ဒါမှမဟုတ် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်တွေ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံမယ်ဆိုရင်တောင် မင်းထက်သာနိုင်မယ်မထင်ဘူး”

“အခု မင်းက အားသာချက်မှန်သမျှကို စွန့်လွှတ်ပြီး သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ထုတ်ဖော်လိုက်တယ် ၊ ဒါက လုံးဝ အဆုံးအဖြတ်ပေးမယ့် အပေးအယူတစ်ခုပဲ”

ထိုက်ကျိသင်္ကေတကားချက အောက်ဘက်သို့ ဆက်တိုက်ကျဆင်းလာသည့်အခါ ကြီးမားသော နတ်ဘုရားရုပ်တုကြီးထက်မှ '卍' အသွင် ‘ဝမ့်စကြာ’ သင်္ကေတက ဆက်လက်လည်ပတ်ခြင်းမရှိတော့ပဲ ရပ်တန့်သွားသည်။

နတ်ဘုရားရုပ်တုကြီး၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ခါလာပြီး အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။

“သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံထားတဲ့ လူသားအထွတ်ထိပ်အဆင့် ပုဂ္ဂိုလ်တောင် ငရဲကိုးထပ်မှာ ငါ့ကိုအနိုင်ယူနိင်မှာ မဟုတ်ဘူး”

ပိုးသားဧကရာဇ်က သူ့စကား သက်သေပြလိုက်သည့်ပမာ အက်ကြောင်းများထင်နေသည့် အနက်ရောင် နတ်ဘုရားရုပ်တုကြီး ပြိုလဲကျတော့မည့်ပမာ ယိုင်နဲ့သွားသည်။

အနက်ရောင်နတ်ဘုရားရုပ်တုကြီးက...

“ဒီ’ရန်’ က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်ထိန်းတယ် ၊ အနည်းဆုံးတော့ အခြေခံအဆင့်အနေနဲ့ သတိမလွတ်အောင် ကြိုးစားတယ်လေ ၊ ဆိုတော့... ကျွန်တော်က ဧကရာဇ်မင်းကို ခုခံနိုင်မယ်လို့ ပြောလိုက်ရင် အဲဒါ စော်ကားတဲ့စကားမျိုး မဟုတ်ပါဘူး ၊ ကျွန်တော် တကယ်လုပ်နိုင်တာပါ”

ပိုးသားဧကရာဇ်က ညင်သာစွာဖြင့်...

“ဒါဖြင့် မင်းက ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကို စောင့်နေတာလား”

ရန်ကျောက်ကဲက နတ်ဆိုးချီများကို အထက်သို့ဆွဲငင်ရင်း ငရဲကိုးထပ်မှ အဆုံးမရှိမိစ္ဆာချီများကို ဆက်တိုက်ဆိုသလို ပေါင်းစည်းစေလိုက်သည်။

အလွန်တရာဝေးကွာသောနေရာမှ နတ်ဆိုးချီများကိုပင် ဆွဲငင်လျှက် ရှိ၏။

ထိုအချိန်...

အဆုံးမရှိ ထူထပ်မှောင်မိုက်နေသော နတ်ဆိုးချီများကြားတွင် ထူးဆန်းသော မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး လျှပ်စီးတစ်ချက် ရုတ်တရက် လင်းလက်သွားသည်။

ထို့နောက်မှာတော့ သူတို့မျက်စိရှေ့တွင် မိုးကြိုးပုံဆောင်ခဲတစ်ခု ထွက်ပေါ်လာသည်။

ထိုမိုကြိုးပုံဆောင်ခဲက မိုးကြိုးအလွှာများဖြင့် ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ပတ်ဝန်းကျင်မှ မိုးကြိုးစွမ်းအားများက ထို မိုးကြိုးပုံဆောင်ခဲဆီသို့ ရောက်ရှိလာပြီး အလင်းယိုင်ကာ ထိုးဖောက်ဝင်ရောက်သွားသည်။

ဤ မိုးကြိုးပုံဆောင်ခဲက တုနှိုင်းမရအောင်ကြီးမားလှသော ရန်ကျောက်ကဲ၏ နတ်ဆိုးရုပ်တုကြီးထက် အနည်းငယ်မျှသာ သေးငယ်ပေသည်။

ဤသည်မှာ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအား အစုလိုက်အပြုံလိုက် သိပ်သည်းနေသော မိုးကြိုးပုံဆောင်ခဲကြီး ဖြစ်သည်။

ငရဲကိုးထပ်ခရီးစဉ် အစောပိုင်းတွင် ရန်ရှင်းထန်နှင့် ယင်းရှီယန်တို့၏ ဓားဝိညာဉ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် သီးခြားနယ်မြေမှာ ဤသို့သော် မိုးကြိုးပုံဆောင်ခဲကြောင့် ဖြစ်တည်လာခြင်း ဖြစ်၏။

ထို့နောက် အခြားသောနေရာမှ မိုးကြိုးတိမ်တိုက်များသည်လည်း ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပုံဆောင်ခဲဆီသို့ စုဝေးရောက်ရှိလာသည်။

အဝေးတစ်နေရာမှ တိုက်ပွဲမြေပြင်တွင်လည်း ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအား ကျင့်ကြံထားသည့် တိကျန်းသားရဲ မဟာနတ်ဆိုးကြီးရှိနေသည်ဖြစ်ရာ ပတ်ဝန်းကျင်မိုးကြိုးစွမ်းအားများက အချင်းချင်း ဆွဲငင်လျှက် ရှိကြသည်။

ရန်ကျောက်ကဲက နတ်ဆိုးချီစွမ်းအားများကို လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာ လှည့်ပတ်လိုက်သည့်အခါ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးမှ ဖြစ်တည်လာသည့် ပုံဆောင်ခဲက သူနှင့် ပိုးသားဧကရာဇ်ရှိရာသို့ နီးကပ်စွာ ရောက်ရှိလာသည်။

ထို ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပုံဆောင်ခဲသာ ပေါက်ကွဲသွားမည်ဆိုပါက ငရဲကိုးထပ်မှ ဤနေရာပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး ပြိုကွဲသွားရန် လုံလောက်သည်။

ပေါက်ကွဲမှုဒဏ်ကို အစစ်အမှန်နတ်ဘုရားအဆင့်ရှိသော ဧကရာဇ်များသာလျှင် ခံနိုင်ရည်ရှိမည်ဖြစ်သည်။ သို့သော် သူတို့သည်လည်း ဗလာနယ်စီးကြောင်းများအတွင် မျောပါသွားသည်အထိ တိုက်ခိုက်ခံရမည်ပင်။

ထို ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးပုံဆောင်ခဲအား ရန်ကျောက်ကဲ အာရုံစိုက်နေသည်ကို ပိုးသားဧကရာဇ်ကလည်း ရိပ်မိလိုက်သည်။

အနက်ရောင်နတ်ဘုရားရုပ်တုကြီးက နဂိုကပင် ကြိုတင်ပြင်ဆင်ထားသည့်ပမာ မိုးကြိုးပုံဆောင်ခဲဆီသို့ လက်တစ်ဖက် အသာအယာ ဝှေ့ယမ်းလိုက်သည်။

ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကိုကာကွယ်ရန် ပိုးသားဧကရာဇ်အနေဖြင့် ‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ တစ်ခုတည်းဖြင့် လုံလောက်မည် မဟုတ်ပေ။

ပိုးသားဧကရာဇ်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ထိုမိုးကြိုးစွမ်းအားပုံဆောင်ခဲ အနားသို့တိုးကပ်လာနိုင်ခြင်းမရှိစေရန် တားဆီးထားလိုက်သည်။

ထိုအချိန် ပြိုကျလုနီးပါးဖြစ်နေသော ကြီးမားလှသည့် နတ်ဘုရားရုပ်တုကြီးက ထပ်မံ ရွတ်ဆိုလိုက်သည်။

“နတ်ဆိုးက အသင်္ချေသောသက်ရှိများကို အောင်နိုင်တယ်...”

ထို ရွတ်ဆိုသံ အဆုံးသတ်သွားသည်နှင့် တည်ငြိမ်နေသော ပိုးသားဧကရာဇ် ရုတ်တရက် မျက်နှာပျက်သွားသည်။

သူ့စိတ်နှလုံးထဲတွင် တစ်ခုခုပေါက်ကွဲသွားသည့်ပမာ ထင်မှတ်လိုက်ရ၏။

“စိတ်စေရာမိုးကြိုးစွမ်းအား...”

ပိုးသားဧကရာဇ် ရေရွတ်လိုက်သည်။

စိတ်စေရာမိုးကြိုးစွမ်းအားဆိုသည်က မိုးမြေတစ်ခွင်တွင် အထူးဆန်းဆုံးမိုးကြိုးစွမ်းအားဖြစ်ပြီး ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ရန်ကျောက်ကဲက ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကို တမင်သက်သက် ဟန်ပြအသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

တကယ်တမ်း ပိုးသားဧကရာဇ်ကို တိုက်ခိုက်မည့် သူ၏ဝှက်ဖဲက ‘စိတ်စေရာမိုးကြိးစွမ်းအား’ ဖြစ်၏။

ထိုမိုးကြိုးစွမ်းအားက မိုးကြိုးစွမ်းအားဟုဆိုသော်လည်း ထင်ရှားသောအသွင်သဏ္ဌန်မရှိပေ။

ကျယ်ပြောလှသော စကြာဝဠာကြီးတွင် ထိုမိုးကြိုးစွမ်းအားကို မည်သူမှ တွေ့မြင်နိုင်ခြင်း မရှိပေ။ ထိုမိုးကြိုးစွမ်းအားက လူတစ်ယောက်၏ အမြုတေအတွင်းပိုင်းအကျဆုံးတွင် ပဲ့တင်ထပ်ထွက်ပေါ်လာပြီး လူတစ်ယောက်၏အတွေးများကို မိုးကြိုးသွားများပမာ ပေါက်ကွဲထွက်စေခြင်းသာ ဖြစ်သည်။

ထိုမိုးကြိုးစွမ်းအား အသုံးပြုရာတွင် ခက်ခဲသည့်အချက်မှာ အခြားသူတစ်ယောက်၏ နှလုံးသားထဲတွင် ထိုမိုးကြိုးပေါက်ကွဲထွက်အောင် ပြုလုပ်ရခြင်း ဖြစ်၏။

အောင်မြင်သွားလျှင်တော့ တိုက်ခိုက်ခံရသူအနေဖြင့် ပြင်ပ ခုခံကာကွယ်ခြင်းများ ပြုလုပ်ရန် ခက်ခဲပေမည်။

ထို့ပြင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဓိပ္ပါယ်မဲ့သွားမည် ဖြစ်ပြီး ထိုမိုးကြိုးစွမ်းအားကို ခုခံရန်အတွက် လူတစ်ယောက်စိတ်ထဲမှ ကိုယ်တွင်းမိစ္ဆာကို အနိုင်ယူနိုင်မှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ရန်ကျောက်ကဲက သူ၏အားသာချက်များစွာကို စွန့်လွှတ်ကာ ပိုးသားဧကရာဇ်နှင့် ခဏမျှ ကျင့်ကြံခြင်းအဆင့်တူသွားစေရန်အတွက် နတ်ဆိုးချီစွမ်းအားများကို အတင်းအကျပ် မြင့်တက်စေခဲ့သည်။ ထို့နောက် ပိုးသားဧကရာဇ်၏ နှလုံးသားထဲတွင် စိတ်စေရာမိုးကြိုးစွမ်းအားကို ပေါက်ကွဲစေလိုက်ခြင်းပင်။

သို့သော် သူက ခဏမျှသာ ပိုးသားဧကရာဇ်နှင့် တန်ခိုးစွမ်းအား တူညီသွားခြင်းဖြစ်ပြီး နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးလေရာ အခြားသော အစစ်အမှန်နတ်ဘုရားများနှင့် ရင်ဆိုင်ရပါက ဤသို့တိုက်ခိုက်ရန် သေချာပေါက် ခက်ခဲမည် ဖြစ်သည်။

သို့သော် ပိုးသားဧကရာဇ်ကတော့ မတူညီပေ။

စိတ်စေရာမိုးကြိုးစွမ်းအားက လောလောဆယ် မပေါက်ကွဲသေးသည့်တိုင် ပိုးသားဧကရာဇ်၏စိတ်ထဲတွင် တစ်ခုခု ထွက်ပေါ်လာပြီ ဖြစ်သည်။

ပေါက်ကွဲမှုကို စတင်ခံစားနေရပြီး သူ့အတွက်တော့ ဤသည်က ဝိပါက်ဂြိုဟ်ဆိုးတစ်ခုနှင့် ကြုံတွေ့နေရသလိုပင် ဖြစ်သည်။

ပိုးသားဧကရာဇ် ကူရာကယ်ရာမဲ့စွာ နောက်သို့ဆုတ်လိုက်ပြီး ထိတ်လန့်တခြား အော်ဟစ်လိုက်သည်။

သူ၏မျက်ဝန်းများထဲမှ ထိုက်ကျိ ယင်နှင့်ယန် အဖြူရောင်နှင့်အနက််ရောင်ရောယှက်နေခြင်းတွင် အက်ကွဲသည့်လက္ခဏာများ ထင်ရှားပေါ်လွင်လာလေသည်။

All Chapters