← Chapters

လင်းရီနှင့် ရှန်းရှူးရီတို့ကြား စကားဝိုင်း

Vol. 42 Ch. 617

လင်းရီနှင့် ရှန်းရှူးရီတို့ကြား စကားဝိုင်း

Vol. 42 Ch. 617

ဆိုင်ထဲရှိ လေထုမှာ အခြေအနေ မဟန်သည်ကို မြင်တော့ လျန်ရူရွှယ် သူမဖုန်းကို တိုးတိုးတိတ်တိတ် ဖွင့်လိုက်ပြီး ဝီချက်မှတစ်ဆင့် ကျိုးဟိုင် ပြည်သူ့လုံခြုံရေးဌာနသို့ စာတစ်စောင် ပို့လိုက်၏။

ဤလူများက သူမ မျက်စိရှေ့တွင် လင်းရီကို ခြိမ်းခြောက်၍ ဖျက်လိုဖျက်ဆီး ပြုချင်နေလေသည်။ အလွတ်ပေးရန် လုံး၀ မဖြစ်နိုင်ချေ။

"မင်း....မျိုးမစစ်... မင်း သူ့ကို ဘယ်လိုတောင် ကန်လိုက်တာတုန်းကွ..ဥပဒေကို လေးစား လိုက်နာရကောင်းမှန်း နားမလည်ဘူးလား...."ချိန်ရန်စုန့်မှ လက်ညိုးငေါက်ငေါက်ထိုးရင်း အော်လိုက်၏။

"ဟမ့်...အသေမသတ်လိုက်တာကို ကံကောင်းတယ်လို့မှတ်...."

"ငိုးပဲ.. ဘာလို့ လေကုန်ခံနေမှာ... ငါ ကျိူးဖန့် ကျိန်းရန်လမ်းမှာ ဆိုင်ဖွင့်လာတာ ဆယ်နှစ်ကျော်နေပြီ... ငါကပဲ သူများကို ရိုက်ခဲ့တာ... ဘယ်ကောင်မှ ငါ့ပြန်မလုပ်ရဲဘူး.... ခုပထမဆုံး အကြိမ်ပဲ...."ကျိုးဖန့်၏ မျက်နှာပေါ်တွင် သူ၏ ‌ဒေါသများကို ကောင်းမွန်စွာ ရေးထိုးထားသည်။

သူ ကျိုးဖန့်မှာ အကောင်ကြီးသော်လည်း ကြီးပေါလော မဟုတ်ပေ။ မြေအောက်လောကတွင် နှစ်အတန်ကြာ ကျင်လည်ဖူးပြီး နာမည်တစ်ခုကိုလည်း တည်ဆောက်ထားနိုင်လေသည်။သို့သော်လည်း ထို မျိုးမစစ်လေး၏ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

ငါ လုံး၀ လက်မခံနိုင်ဘူး....

မြေပြင်ပေါ်မှ ကုန်းရုန်းထပြီး ကျိုးဖန့် သူ့ဘေးရှိ ထိုင်ခုံကို မကာ အားအပြည့်ဖြင့် ရိုက်ချိုးလိုက်၏။

"အစ်ကိုဖန့် .. အစ်ကိုဖန့်.. စိတ်အေးအေးထား..."

ကျိုးဖန့်မှ မဆင်မခြင် ပြုတော့မည်ကို မြင်တော့ ချိန်ရန်စုန့်နှင့် သွမ်ကျားပေါင်တို့ ကမန်းကတမ်း ပြေးတားလိုက်ကြ၏။

နီးကပ်သူများ ဖြစ်သည့်အလျောက် ကျိုးဖန့်၏ စရိုက်နှင့် ဒေါသကို သူတို့‌ ကောင်းကောင်းကြီး နားလည်လေသည်။

ယခုနှစ်များတွင် ကျိုးဖန့်၏ ဒေါသက အများကြီး လျော့ကျသွားခဲ့သော်လည်း စိတ်မထင်ပါက ကျိန်းရန်လမ်းရှိ လူတိုင်းကို ဓားဖြင့် လိုက်ခုတ်တတ်သည့် မဆင်မခြင်နိုင်မှုတို့ကတော့ ကျန်ရှိနေဆဲပင်။

ယခုလို လူမြင်ကွင်းတွင် အကန်ခံလိုက်ရသောကြောင့် သူ လုံး၀ အရှက်ရသွားမည်မှာ သေချာ‌လေသည်။ အကယ်၍ သူတို့သာ မတားဆီးဘူးဆိုပါက လူသတ်မှုများ ဖြစ်ပွားသွားနိုင်၏။

"ငါယိုးပဲကွာ.... မင်းတို့ ငါ့ လာမတားကြနဲ့..."ကျိုးဖန့် စိမ်းစိမ်းဝါးဝါးကြည့်၍ အော်ဟစ်လိုက်ပြီး "ငါ ကျိန်းရန်လမ်းမှာ ငယ်ကတည်းကနေ ဒီအလုပ်တွေ လုပ်လာခဲ့တာ.. ခုလို စော်ကားခံရတာတော့ ပထမဆုံးပဲ... လုံး၀ အလွှတ်မပေးနိုင်ဘူး..."

"အစ်ကိုဖန့်... မင်း စိတ်အေးအေးထားပြီး စဉ်းစားပါကွာ... ဒီကိစ္စကြောင့် မင်း ပြဿနာ တက်သွားနိုင်တယ်...."

" ငါ့လက်စကို ငါသိတယ်.. သူ့ကို သင်ခန်းစာ ပေးရုံလောက်လေးပဲ လုပ်မှာ..."

ကျိုးဖန့် ကျန်သူများကို လျစ်လျူရှုလိုက်ပြီး ထိုင်ခုံကို လင်းရီထံ အားနှင့် ပစ်ပေါက်လိုက်၏။

ချိန်ရန်စုန်းနှင့် ကျန်သူများအားလုံး သက်ပြင်းချလိုက်ကြသည်။

ဒီကောင်လေးက တကယ့်ကို အကြောက်အလန့်ကင်းလွန်းတာပဲ....

ကျိုးဖန့်နဲ့ စကားအေးဆေး ပြောနိုင်ရင်ပဲ ကံကောင်းနေပြီကို တကယ်ကြီး သွားကန်တယ်တဲ့လား...

ရုပ်လေးချောတာနဲ့ပဲ သူ့သောက်ခွက်ကို ဘယ်သူမှ မရိုက်ရဲဘူးများ မှတ်နေလား မသိဘူး...

ဝှစ်...

လင်းရီ ပြေး၀င်လာသည့် ထိုင်ခုံကို ရှောင်တိမ်း၍ ကျိုးဖန့်ကို ယခင်နည်းအတိုင်း ပြန်ကန်လိုက်၏။

ချိန်ကိုက်ထားသလား အောက်မေ့ရလောက်အောင် ကျိုးဖန့်မှာ စောနက နေရာသို့ ပြန်လွင့်စင်သွားခဲ့လေသည်။

ထိုအခါ ဆိုင်ထဲရှိ လူတိုင်း အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။

စောနက လျှပ်တစ်ပြက် ကန်လိုက်တာ ဆိုတော့ ထားပါတော့.. ဒါပေမယ့် ခုတစ်ခေါက်က တိုက်ရိုက်ကြီးလေ...

ဒီ ဆိုင်ရှင်ကောင်လေးက အဲ့သလောက်တောင် ကြမ်းလား...

ကျိုးဖန့် မာကျောသည့် ကြမ်းပြင်နှင့် မျက်နှာအပ်သွားခဲ့ပြီး ရှေ့သွားနှစ်ချောင်း ကျွတ်သွားခဲ့သည်။

"ချီး ချီး ချီး ချီးပဲ...."

ကျိုးဖန့် ပါးစပ်ကို သုတ်ပြီးနောက် သွေးများ မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ အနည်းငယ် ရှိန်သွားခဲ့ပြီး လင်းရီကိုလည်း သတိနှင့် ကြည့်လာခဲ့၏။ စောနကကဲ့သို့ နွားရိုင်းခွေ့သလို လိုက်ခွေ့မနေတော့ချေ။

"အစ်ကိုဖန့် .. အဆင်ပြေရဲ့လား..."

ချိန်ရန်စုန့်နှင့် ကျန်သူများ အလောတကြီးနှင့် ပြေးလာခဲ့ကြ၏။

"ပြေတယ်.. ဒီလောက်လေးနဲ့တော့ မသေနိုင်ပါဘူး...."

လင်းရီ၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီးနောက် ကျိုးဖန့်နှင့် အပေါင်းအပါတစ်သိုက်မှာ လင်းရီအပေါ် အကဲဖြတ်မှုကို ပြန်ပြောင်းလိုက်ကြ၏။

"ကောင်လေး.. မင်း မဆိုးဘူး... ဒါပေမယ့် ငါပြောပြမယ်... ဒီနေ့ လူအသိုင်းအဝိုင်းကြီးက ရိုက်ပုတ်ပြီးတော့မှ လူသတ်လို့ ရတဲ့ခေတ်မဟုတ်တော့ဘူး... တခြားနည်းလမ်းတွေမှ အများကြီးပဲ... မင်းရဲ့ မြူဆွယ်ပြီး စီးပွားရှာနေတဲ့ နည်းလမ်းကို ထုတ်ဖော်လိုက်တာနဲ့ မကြာဘူး.. မင်းဆိုင် အပိတ်ခံရပြီ...."

" ဘာလဲလုပ်မှာ.. ရဲခေါ်မှာလား.. ခေါ်လေ... ဘယ်ကောင် ငါ့ဖမ်းရဲလဲဆိုတာ ကြည့်စမ်းမယ်..."

"ငိုးမ... ဇောင်းကြွနေတယ်ပေါ့လေ...ရတယ်.. မင်းစောင့်နေစမ်း.. မင်းဆိုင် တစ်လအတွင်း မပိတ်ရဘူးဆိုရင် ငါ့မျိုးရိုးနာမည် ကျိုးမဟုတ်တော့ဘူး... "

"အစ်ကိုဖန့်.. ဘာလို့ ထွက်သွားဖို့ အလျင်လိုနေတာ..."ချိန်ရန်စုန်း သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး "ဒီအမျိုးသမီးကို ဓာတ်ပုံရိုက်ထားလိုက်မယ်.. အနာဂတ်ကျ သက်သေအနေနဲ့ သုံးရင် သုံးလို့ ရတယ်လေ...."

"ဟုတ်တယ် ဟုတ်တယ်... သက်သေ ယူထားတာ အကောင်းဆုံးပဲ... "သွမ်ကျားပေါင်လည်း ၀င်ပြောလိုက်ပြီး အပြင်သို့ လက်ညိုးထိုးကာ "အပြင်မှာလည်း စားဖို့ စောင့်နေတဲ့ ကျောင်းသူလေးတွေ အများကြီးပဲ...သူတို့ကိုပါ ဓာတ်ပုံရိုက်လိုက်... ဒီကောင် ဖျားယောင်းပြီး စီးပွားရေး လုပ်နေတာ ဘယ်လောက် အောင်မြင်လဲဆိုတာ ပြလို့ရတာပေါ့..."

"ပြောစရာ မလိုဘူး... ငါသိတယ်..."

ကျိုးဖန်း သွားကျိုး၍ လေထွက်နေသည့် လေသံဖြင့် ပြောလိုက်ပြီး "ငါမင်းကို နာအောင် မရိုက်နိုင်ဘူးဆိုပေမယ့် ရှေ့လျောက် အလုပ်ကောင်းကောင်း လုပ်နိုင်မယ် မထင်နဲ့..."

"ဟမ့်... သောက်ရူးတစ်သိုက်တွေ... ဒီလို ဦးနှောက်တွေနဲ့မှတော့ ရောင်းမကောင်းတာ မဆန်းပါဘူး..."

"မင်းဘာမင်း ပြောချင်သလိုပြော.. ငါတို့ကတော့ မင်းရဲ့ ယုတ်ညံ့တဲ့ နည်းလမ်းတွေကို အင်တာနက်ပေါ် တင်ဖို့ ဆုံးဖြတ်ပြီးသား.. အနာဂတ်ကျ မင်း ဘယ်လိုရပ်တည်ဦးမလဲဆိုတာ လာကြည့်စမ်းမယ်...."

ခရိခ် ...

ခရိခ်...

ခရိခ်...

"ဖယ်ကြ ဖယ်ကြ... ကျေးဇူးပြုပြီး လမ်းလေး နည်းနည်းလောက်ပါ..."

ကားဘရိတ်အုပ်သံများကြားပြီးနောက် အပြင်ရှိ လူအုပ်ကြီးနောက်မှ အလျင်လိုနေသည့် ခြေလှမ်းများနှင့် အသံများကို ကြားလိုက်ရသည်။

ရဲအရာရှိ တစ်ဒါဇင်ကျော်မှာ ယူနီဖောင်း အပြည့်ဖြင့် ဆိုင်ထဲသို့ ၀င်ရောက်လာကြလေသည်။

ရဲများ ၀င်ရောက်လာသည်ကို မြင်တော့ ကျိူးဖန့်နှင့် ကျန်သူများ အားလုံး အံ့အားသင့်သွားခဲ့ကြ၏။

"ဘာတွေ ဖြစ်နေတာ... ငါတို့ ရဲမခေါ်ရသေးဘူးလေ.. မခေါ်ပဲနဲ့ ဘာလို့ ရောက်လာခဲ့ကြတာ..."ကျိုးဖန့် ကြောင်အမ်းအမ်း ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

"တစ်ယောက်ယောက် တိုင်လိုက်တာပဲ ဖြစ်ရမယ်...."ချိန်ရန်စုန်း အသံနိမ့်၍ ပြောလိုက်ပြီး "ဒီလိုမျိုး တရားမ၀င်နည်းလမ်းနဲ့ လည်ပတ်နေတဲ့ ဆိုင်က ကြာကြာ မမြဲတာ မဆန်းပါဘူး..."

"ကြည့်ရတာ ဒီကောင် တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိသွားတယ်နဲ့တူတယ်.. အဲ့တာကြောင့် အတိုင်ခံလိုက်ရတာဖြစ်မယ်....."

"ဒါ ကံတရားပဲလေ...."

ရဲများ ၀င်ရောက်လာသည်ကို မြင်တော့ လင်းရီမူကား စိုးရွံ့ခြင်း မရှိ၊ မည်သူက ရဲခေါ်လိုက်လဲ ဆိုတာကိုသာ ဝေခွဲမရ ဖြစ်နေလေသည်။

လျန်ရူရွှယ်လား...

ဒါမှမဟုတ် တခြား တစ်ယောက်လား....

"မြို့တော်၀န်လျန်လည်း ဒီမှာ လာစားနေတာလား..."သက်လတ်ပိုင်း လူကြီးတစ်ယောက်မှ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။

သူကတော့ ကျိုးဟိုင် ရဲဌာန၏ ဒါရိုက်တာ ချိန်ပင်းချန်ပင်။

"ဒီမှာ စီးပွားတူခြင်း ခြိမ်းခြောက် အကြပ်ကိုင်တဲ့ ကိစ္စလေးတွေ ရှိနေလို့.. အခြေအနေတွေကလည်း ပြင်းထန်တယ်.. အဲ့တာ နင် သေချာလေး ကိုင်တွယ်လိုက်..."

"နားလည်ပါပြီ.. ဒီကိစ္စကို သေချာလေး ကိုင်တွယ်လိုက်ပါ့မယ်..."

"ဟမ်...."

ကျိုးဖန့်နှင့် အပေါင်းအပါ တစ်သိုက်တို့ မူးဝေသွားခဲ့ကြ၏။

ဘာ...ဘာတွေ ဖြစ်နေတာလဲ....

အဲ့ဒီ အမျိုးသမီးက မြို့တော်၀န်တဲ့လား...

ဗုဒ္ဓေါ.. ဒါဆို ငါ မြို့တော်၀န်တစ်ယောက်ကို စော်ကားမိခဲ့တာပေါ့...

"ငါ့ဘာငါ ကိုင်တွယ်နိုင်တာကို ဘာလို့ ရဲခေါ်လိုက်တာ.. အလုပ်ရှုပ်အောင်လို့..."လင်းရီ ပြောလိုက်၏။

"ခေါင်းဆောင်ချိန်က ဒီကိစ္စကို ကိုင်တွယ်ဖို့ နင့်ထက်ပိုပြီး သင့်တော်တယ်....အတွန့်တက်မနေနဲ့..."

"ဒါပေမယ့် သူတို့ရဲ့ အချိန်တွေက အဖိုးတန်တယ်လေ.. ဘာပဲဆိုဆို ငါလည်း အားနေတာပဲ မဟုတ်ဘူးလား.. တစ်ယောက်ပြီးတစ်ယောက် အမှောက်သိပ်လိုက်ရင် ဒီကိစ္စက ပြေလည်သွားပြီကိုပဲ...."

"အာ....."

ချိန်ပင်းချန် နဖူးပေါ်မှ ချွေးအေးများ သုတ်လိုက်ပြီး

'မြို့တော်၀န်ကို အဲ့လို လေသံနဲ့ ပြောနေတယ်... ဒီကောင်လေးက ဘယ်သူများတုန်း...'

"ရိုက် ရိုက် ရိုက် .. နင် က အားတိုင်း ရိုက်ဖို့ပဲ သိတယ်... လူတိုင်းသာ နင့်လို စရိုက်မျိုးနဲ့ ဆိုလို့ကတော့ လူ့ပတ်၀န်းကျင်ကြီးက ပရမ်းပတာတွေ ဖြစ်ကုန်တော့မှာပဲ..."လျန်ရူရွှယ်မှ မကျေမနပ် အတွန့်တက်လိုက်၏။

"အေးပါ အေးပါ.. မင်းက မြို့တော်၀န်ဆိုတော့ မင်းပြောသမျှက အမှန်တွေချည်းပေါ့...မြန်မြန် ဒီကောင်တွေကို ခေါ်ထုတ်သွားခိုင်းလိုက်... ငါတို့ ဆိုင်ဆက်ဖွင့်ရဦးမှာ...."

နှစ်ယောက် စကားဆုံးသည်ကို မြင်တော့ ချိန်ပင်းချန် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။ "ဒီကောင်တွေကို စခန်း ခေါ်သွားလိုက်ကြ...."

"အရာရှိကြီး.. မင်းဖမ်းရမှာ ငါတို့ကို မဟုတ်ဘူးလေ.. တကယ်ဖမ်းရမှာက အဲ့ကောင်... သူ ကျောင်းသားတွေကို ဖျားယောင်းသွေးဆောင်ပြီးတော့ တရားမ၀င်နည်းနဲ့ စီးပွားရှာနေတာ...အဲ့ကောင် အရန် ၀န်ဆောင်မှုတွေ လုပ်နေတာ လူတိုင်း သိတယ်..."ကျိုးဖန့် လင်းရီကို လက်ညိုးထိုးရင်း အသည်းအသန် ရှင်းပြလိုက်၏။

"သူက ကြည့်ကောင်းတာနဲ့ပဲ အရံ၀န်ဆောင်မှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲနေတယ်ပေါ့... မင်း ဘယ်လိုကောင်တုန်းကွ...."

ချိန်ပင်း ပြောပြီးနောက် သူ့နောက်မှ လူများကို မျက်စပစ်ပြလိုက်ပြီး ကျိုးဖန့်နှင့် ကျန်သူများကို လက်ထိပ်ခတ်ခိုင်းလိုက်၏။

ထိုစဉ် ရဲကားများ ရောက်လာသောကြောင့် ဆိုင်အပြင်ဘက်၌ လာစားသူများနှင့် အနီးတစ်ဝိုက်ရှိ ဆိုင်ရှင်များမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသည်ကို ကြည့်ရှုနေကြလေသည်။

"ရဲတွေပါလားဟ... ညီကို ဒီဆိုင်က ဘာလဲ လုပ်ထားလို့ ရဲတွေ ၀င်သွားတာ ...."

"ဟာ... မင်းမသိ‌သေးဘူးပေါ့...ကျိုးဖန့်နဲ့ ကျန်တဲ့ကောင်တွေ ဒီမနက်တုန်းက အဲ့ဆိုင်ပိုင်ရှင်နဲ့ ညှိမယ်ဆိုပြီး ထွက်သွားကြတာပဲ.. အဆင်မပြေဖြစ်တော့ တိုင်တောလိုက်ကြတာနေမှာ... "

" သူလည်း ငါတို့လို ဆိုင်ဖွင့်ပြီး ကောင်းရောင်းကောင်း၀ယ် လုပ်စားနေတာ မဟုတ်ဘူးလား.. ဘာတိုင်တောစရာ ရှိလို့..."

"အရန်၀န်ဆောင်မှုကြောင့်ပေါ့... တစ်လောတုန်းကတောင် ဒီဆိုင်က စားပွဲထိုး ချောချောလေးတွေ လိုက်ငှားနေတယ်လို့ သတင်းတွေ ထွက်နေသေးတယ်.... ကတ်စတန်မာတွေလာရင် အတွင်းခံတွေ စကတ်တိုတွေ ရောင်းတာလေ... အဲ့တာကြောင့် ဆိုင်ဖွင့်ပြီး တစ်ပတ်ကြာတာနဲ့ အတိုင်ခံလိုက်ရတာ.... "

"မှတ်မိပြီ.. ဒီဆိုင်မှာ တကယ်ကြီး ကြည့်လို့ကောင်းတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်... မင်းပြောသလိုမျိုး ဖြစ်နိုင်လောက်တယ်...."

"ဒါကြောင့်မို့ ပြောပါတယ်... ကျိုးဖန့်က နည်းနည်းလေး စရိုက်ဆန်ပြီး ပေါင်းရခက်တာကလွဲရင် လူကောင်းပါလို့... မဟုတ်လို့ကတော့ ငါတို့ကောင်တွေ ဟင်းတောင် နှပ်မှန်မှာ မဟုတ်တော့ဘူး.. အဲ့ဆိုင်တစ်ဆိုင်တည်းကပဲ ကတ်စတန်မာတွေကို ခိုးယူသွားတော့မှာ... "

"ကောင်းတယ်.. ခု ရဲတွေ ရောက်လာပြီဆိုတော့ ကျိန်းရန်လမ်းလဲ အရင်လို ... ငါယိုး ... ဘာတွေ ဖြစ်နေတာတုန်းဟ... ဘာလို့ ကျိုးဖန့်ကို လက်ထိပ်ခတ်နေကြတာ....."

ကျိုးဖန့်နှင့် ချိန်ရန်စုန့်တို့ ကြက်နာကျသကဲ့သို့ ခေါင်းကြီးငိုက်စိုက်ကျလျက် လက်ထိပ်ခတ်သားဖြင့် အပြင်သို့ ထွက်လာကြသည်ကိုမြင်တော့ ဆိုင်ရှင်များအားလုံး အချင်းချင်း ကြည့်လိုက်ကြသည်။

ဘာဖြစ်နေလဲဆိုတာကို သူတို့အားလုံး လိုက်မမှီကြတော့ချေ။

ကျိုးဖန့်က အဲ့ဆိုင်ကကောင်တွေကို တိုင်လိုက်တယ်…

ဟုတ်ပြီ.. အဲ့နေရာထိ မှန်တယ်… ဒါပေမယ့် ရဲတွေရောက်လာတော့ကျ ကျိုးဖန့်ကို ဖမ်းသွားကြတယ်…

ဒါ ဘာကြီးတုန်းဟ… ဟာသလုပ်နေကြတာလား…

မကြာမီ ကျိုးဖန့်နှင့် ကျန်သူများအားလုံး ရဲကားထဲသို့ ဝင်ရောက်သွားကြလေသည်။ ၎င်းတို့၏ ဆိုင်အသီးသီးမှာလည်း ချိတ်ပိတ်ခြင်း ခံလိုက်ရ၏။ အနာဂတ်တွင် ပြန်ဖွင့်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

နာရီဝက်ကြာပြီးနောက် လင်းရီ၏ ဆိုင်မှာ ပုံမှန်အတိုင်း စားသုံးသူ ဧည့်သည်များဖြင့် လည်ပတ်နေလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အနီးရှိ ဆိုင်ရှင်များမှာ တစ်ဖန်ဆွံ့အသွားကြတော့၏။

ရဲတိုင်ခံရတာတောင် ဘာမှမဖြစ်ဘူးဆိုတော့ ဒီဆိုင်ရှင်က ဘယ်လို ကျောထောက်နောက်ခံတွေ ရှိနေတာလဲ….

ဆိုင်ပြန်ဖွင့်ပြီးနောက် စောနက ဖြစ်ရပ်ကြောင့် ကတ်စတန်မာများ လာသည့်နှုန်းကို မထိခိုက်သည့် အပြင် နဂိုကထက်ပင် ပို၍ အလုပ်များလာလေသည်။

အကြောင်းအရင်းကတော့ အမာခံစားသုံးသူတို့၏ ကြော်ငြာပေးမှုကြောင့်ပင်။ ထပ်ပေါင်းအနေနှင့် ကျန်းရှောင်ယွီ၏ တိုက်ရိုက်ထုတ်လွင့်မှုကလည်း လင်းရီ၏ ဆိုင်အခြေအနေကို မမျှော်လင့်ပဲနှင့် ကောင်းမွန်သွားစေခဲ့၏။

မနေ့က တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများမှာ ‘စားကောင်းတယ်’ ဆိုင်လေး၏ အရသာ ကောင်းမွန်မှုကို သိရှိသွားပြီး လင်းရီ၏ ခန့်ညားသည့် ရုပ်ရည်နှင့် တွဲဖက်လိုက်သောအခါ အမျိုးသမီး အများအပြား လာရောက် အားပေးကြလေသည်။ ၎င်းတို့ သုံးစွဲသည့် အနိမ့်ဆုံး သတ်မှတ်ချက်ကတော့ ယွမ်ငါးရာပင်။ အချို့ ကြွယ်ဝသည့် အမျိုးသမီးများကတော့ လင်းရီကို‌ ထောက်ပံ့ပေးရန် အလို့ငှာ တစ်ဝိုင်းကို ယွမ် ရှစ်ထောင်အထိ သုံးပေးလာခဲ့ကြ၏။

ဝမ်ထျန်းလုံနှင့် သူ့လူများမှ အမယ်များကို အလျင်မှီအောင် ပို့ပေးနေသောကြောင့် မဟုတ်ပါက လင်းရီ မည်သို့မျှ အလျင်မှီအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

နေ့လည်စာ စားသောက်ပြီးနောက် ကတ်စတန်မာ အကျနည်းသွားလေသည်။

လူတစ်ချို့ ရောက်လာသော်လည်း လင်းရီမှ အားလုံးကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှု ပေးနိုင်သည့် အပြင် နားချိန်ပါ ရရှိလိုက်သေးသည်။

မီးဖိုချောင်ထဲတွင် လင်းရီ စနစ်၏ စာမျက်နှာကို ဆင့်ခေါ်ပြီး မစ်ရှင် ပြီးမြောက်မှုကို ကြည့်လိုက်တော့ (၈၄,၃၉၀/၁၀၀,၀၀၀) သို့ ရောက်နှင့်နေပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရ၏။

ထိုအကြောင်းစဉ်းစားရင်း လင်းရီ ရက်သတ္တပတ်ကို တစ်ချက်တွက်ချက်ကြည့်လိုက်သောအခါ မနက်ဖြန်က သူ့အလုပ်အကိုင်၏ သတ္တမမြောက်နေ့ဖြစ်ကြောင်း သတိထားမိသွားသည်။

ညသန်းခေါင်သို့ ကျော်သည်နှင့် အလုပ်အသစ်မှာ ပွင့်ဟလာပေတော့မည်။ လင်းရီလည်း သူ့ကို မည်သို့သော အလုပ်အကိုင်မျိုးက စောင့်ကြိုနေမလဲ ဆိုတာကို တွေးတောရင်း စိတ်လှုပ်ရှားနေတော့၏။

ထို့နောကိ စနစ်ကိစ္စကို ခေတ္တ ဘေးချိတ်ထားလိုက်ပြီး လင်းရီ လျန်ရွယ်ပေးလာခဲ့သည့် စာရွက်ကို ထုတ်လိုက်၏။ စာရင်းပြုစုထားသည့် ကုမ္ပဏီ သုံးဆယ်ကျော်ကို မြင်တော့ လင်းရီ အတွေးနက်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် လင်းရီ ဖုန်းထုတ်၍ ရှန်းရှူးရီထံ ဖုန်းဆက်လိုက်၏။

သို့သော်လည်း အကြိမ်အနည်းငယ်ကြာအောင် ဖုန်းဝင်ပြီးနောက် အလိုအလျောက် ဖုန်းကျသွားခဲ့လေသည်။

ထိုသို့ ဖြစ်သွားခဲ့သည့် အတွက်လည်း လင်းရီ အတွေးလွန်မနေချေ။ တစ်ဖက်သူမှ အလုပ်များနေသည့် အတွက် နောက်မှ စကားပြောချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း များမကြာမီ ရှန်းရှူးရီဘက်မှ ဖုန်းပြန်ခေါ်လာခဲ့၏။

“ဟယ်လို အန်တီရှန်း… အလုပ်များနေတာလား…”

“ ဟင်… ဒီလို စကားပလ္လင်ခံပြီး ပြောလာတယ်ဆိုတော့ ရီလေးက သေချာပေါက် တစ်ခုခု ပြောချင်နေလို့နဲ့တူတယ်..”

All Chapters