လင်းမိသားစုက နှစ်တစ်ရာ တိုင်တိုင် ဂုဏ်ရှိန်ကြီးထွားနေလိမ့်မယ်
Vol. 42 Ch. 618
"ကျွန်တော်က အင်ကျူဘေးရှင်း စင်တာ အကြောင်း သိချင်လို့ အန်တီ့ဆီ ဖုန်းဆက်လိုက်တာ...."
"မီလိလေး နင့်ကို ပြောပြထားပြီးပြီ မဟုတ်ဘူးလား...."
"ပြောပြီးပြီ... ဒါပေမယ့် အကုန် ပြောမပြသွားဘူးဆိုပြီး ခံစားနေရလို့..."
ဖုန်းတစ်ဖက်ရှိ ရှန်းရှူးရီမှာ တခစ်ခစ် ရယ်မော သဘောကျသွားခဲ့ပြီး "နင်က ပိုပြီး နက်နက်ရှိုင်းရှိုင်း သိချင်နေတာမလား...."
"အဲ့လိုပြောလို့လည်း ရတယ်.. ကျွန်တော်သိချင်တာ အထက်ကြီးပိုင်းတွေ ဒီရဲ့ ပရောဂျက်အပေါ် ဘယ်လို သဘောရလဲ ဆိုတာပဲ..."
"စိတ်အေးအေးထားစမ်းပါ.... အထက်လူကြီးတွေရဲ့ စိတ်သဘောထားက တစ်ခါတစ်လေ နင်ထင်ထားတာထက် ပိုပြီးတော့တောင် သဘောကောင်းသေးတယ်... ဘာပဲဆိုဆို ငါတို့ နိုင်ငံက လူသားချင်း ရင်းနှီးဆက်ဆံရေးကို တန်ဖိုးထားကြသူတွေပဲလေ...ငါ့အမြင်ရဆိုရင် အထက်လူကြီးတွေက နင်လုပ်ပေးခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နင့်ကို အရမ်း သဘောကျကြနေတာ..."
"အန်တီရှန်း.. ကျွန်တော်တို့ အချင်းချင်းကြားမှာ အဲ့လို နား၀င်ပီယံရှိတဲ့ စကားလုံးတွေနဲ့ စကား ပလ္လင်ခံ မနေစမ်းပါနဲ့... ပျင်းဖို့ကောင်းတယ်..."
"နင် ကောင်စုတ်လေးကတော့... စိတ်ရှည်တယ်ရယ်ကို မရှိဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး
"နင့်ဘက်က မေးလာတော့လည်း အန်တီနင့်ကို အတွင်းသတင်းတစ်ချို့ ပြောပြပေးမယ်... တစ်ပိုင်းလျှပ်ကူးနယ်ပယ်က နောက်ငါးနှစ်တာ စီမံကိန်းရဲ့ မဏ္ဍိုင်ပရောဂျက်ကြီးပဲ.. ဒါကြောင့်မို့ အဲ့ဒီ နယ်ပယ်က အခွန်တွေနဲ့ ဥပဒေ မူဝါဒတွေကို ဖြေလျော့ပေးထားလိမ့်မယ်..."
" အင်ကျူဘေးရှင်း စင်တာဆိုတာကလည်း ကနေဦး ခြေလှမ်းပဲ ရှိသေးတာ.. အထက်ကြီးပိုင်းတွေက ဒီရဲ့ အခွင့်အရေးကို အသုံးချပြီးတော့ silicon valley လိုမျိုး နည်းပညာမြင့် စက်မှုဂေဟစနစ်တစ်ခုကို ဖန်တီးချင်နေတာ..."
"အဲ့တာကို ကျိုးဟိုင်မှာ အခြေပြုမယ်ဆိုတာက သိပ်ပြီးတော့ မသင့်လျော်သလိုပဲ... ကျုံးကွမ်းချွင်းက ဟွာရှရဲ့ Silicon valley ပဲလေ..."
" ဒါက ဗဟိုမှတ်နှစ်ခုပါတဲ့ အစီအစဉ်တစ်ခု... ရန်ကျင်းမှာရှ်ိတဲ့ ကျုံးကွမ်းချွင်းက မြောက်ပိုင်းမှာ ဗဟိုပြုပြီးတော့ ကျိုးဟိုင်လိုမျိုး စီးပွားရေး အချက်အချာကျတဲ့ မြို့က တောင်ဘက် ကမ်းရိုးတန်းဒေသ တစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အရေးပါတယ်.. ဒါကြောင့်မို့ အဲ့လို အစီအစဉ်မျိုး လုပ်လိုက်တာ... "
"နောက်ပြီးတော့ မီလိလေးနင့်ကို အသေးစိတ် ပြောပြပြီးလောက်ပါပြီ... ကနေဦး အနှစ် ၂၀ မှာတော့ နင့်ရဲ့ အပိုင်ပဲ.. ဒါပေမယ့် အဲ့ကာလကို ကျော်လွန်သွားရင်တော့ နိုင်ငံကို ပြန်လွှဲပေးရမယ်.. ဒါပေမယ့် အဲ့ဒီ အစီအစဉ်သာ အောင်မြင်သွားလို့ကတော့ အထက်ကြီးပိုင်းတွေက သူတို့ မယူတော့တာလည်း ဖြစ်နိုင်တယ်... ဒါကတော့ ငါ့ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်ပဲ.. ဘယ်လိုလာမလဲ ဆိုတာတော့ ငါလဲ မပြောတတ်သေးဘူး... "
လင်းရီ သဘောပေါက်ဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ "ဒါပေမယ့် ဘာလို့ ကျွန်တော့်ကိုလဲ.. ဟွာဝေးရဲ့ မစ္စတာရန်က ပိုပြီးတော့ သင့်လျော်မယ် မဟုတ်ဘူးလား..."
"အရင်ဆုံး ပြောရမယ်ဆိုရင် ပရောဂျက် ရှိတာနဲ့ လုပ်ချင်နေတဲ့သူတွေက တန်းစီနေကြတာ.. ဟွာရှရဲ့ စီးပွားရေးက သူ့ လမ်းကြောင်းနဲ့သူ တည်ငြိမ်နေပြီးသား... တကယ်လို့ အထက်ကြီးပိုင်းတွေကသာ တစ်သီးတစ်သန့်ကြီး ထောက်ပံ့ပေးလိုက်မယ်ဆိုရင် အဲ့ဒီသူက အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပြီး လုပ်ငန်း လက်ဝါးကြီး အုပ်တာတွေ ဖြစ်ပေါ်လာတော့မှာ .. သူတို့တွေက အဲ့လို မြင်ကွင်းမျိုးကို မမြင်ချင်ဆုံးပဲ... "
"ဒုတိယအနေနဲ့ နင်နဲ့ မစ္စတာရန်က နှိုင်းယှဉ်လို့ မရဘူး..."
"ဟွာဝေး လက်ထဲက 5G နည်းပညာနဲ့ နင့်လက်ထဲက ဖိုတိုလီတိုဂရပ်ဖီစက်တွေဆိုတာ ဟွာရှလို နိုင်ငံအတွက် အဖိုးတန် ရတနာတွေပဲ...နင်တို့နှစ်ယောက်ရဲ့ ပြည်တွင်းက တိုးတက်မှုတွေကို ထောက်ပံ့ပေးမှုနဲ့ဆိုရင် ဟွာရှက နိုင်ငံတကာ စံချိန်စံညွှန်းကို တည်ငြိမ်တဲ့ အဟုန်နဲ့ ရောက်ရှိသွားမှာ.. မဟုတ်ရင် ငါတို့က သေချာပေါက် နောက်ကျကျန်နေရစ်ခဲ့တော့မှာ... "
"ဒီလို အခြေအနေမျိုးမှာ ဟွာဝေးက မစ္စတာရန်က နင့်ထက်ပိုပြီး သင့်လျော်တယ်ဆိုပေမယ့် နင်က သူ့ထက် အများကြီးငယ်တယ်... ဒါက နင့်ဆီကနေ ဘယ်သူကမှ လုယူသွားလို့ မရတဲ့ အားသာချက်ပဲ..."
စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားပြီးနောက် လင်းရီ ပြောလိုက်၏။
"ကျွန်တော် မယူဘူး ငြင်းလို့ရလား..."
"ရတာပေါ့..."ရှန်းရှူးရီ ပြောလိုက်ပြီး "ဒါပေမယ့် နင်တစ်ခု နားလည်ရမှာက တကယ်လို့ နင်သာ ဖိုတိုလီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်သွားတာနဲ့ နင်နဲ့ နင့်ရဲ့ သားစဉ်မြေးဆက်တွေက အသက်အာမခံကတ်ရရှိမယ်ဆိုတာ သေချာတယ်.. ငါ အများကြီး မပြောရဲဘူးဆိုပေမယ့် လင်းမိသားစုက နောက်နှစ်ပေါင်း တစ်ရာလောက်အထိ ဂုဏ်ရှန်ကြီးပွားနေလိမ့်မယ်... "
"နောက်ပြီးတော့ အင်ကျူဘေးရှင်းစတင်တာ တည်ထောင်တယ်ဆိုတာကလည်း နင့်ရဲ့ ဖုန်းစစ်စတမ်အတွက် သေချာပေါက် အကျိုးအမြတ်ကောင်းတွေ ရရှိလာမှာပဲလေ... ဘယ်အချက်ကနေပဲ ကြည့်ကြည့် နင့်ဘက်က အရှုံးမရှိပါဘူး.. ဘာပဲဖြစ်ဖြစ်ပါ.. နင့်စိတ်တိုင်းကျ ဆုံးဖြတ်လို့ရတယ်...ပြီးတော့ အန်တီက နင့်ရဲ့ ရွေးချယ်မှုကို လေးစားပေးနေမှာ..."
"အဲ့လိုဆိုရင်တော့ လုပ်ရမှာ အကျိုးမယုတ်ပါဘူး..."
"အန်တီလည်း အဲ့လိုထင်တယ်..."ရှန်းရှုးရီ ပြောလိုက်ပြီး "ခု အထက်ကြီးပိုင်းတွေက နင့်ကို လမ်းရှင်းပေးပြီးသွားပြီ ဆိုတော့ တကယ်လို့ နင်စိတ်၀င်စားရင် မီလိလေးဆီကနေ အသေးစိတ် မေးကြည့်ကြည့်လိုက်...."
"ကောင်းပါပြီ..."
မိနစ်နှစ်ဆယ်ကျော်ကြာအောင် စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
လမ်းမှာ ယခု အနေအထားအထိ ရောက်ရှိနေပြီဖြစ်သောကြောင့် သူ ငြင်းဆိုစရာ အကြောင်းမရှိချေ။
မဟုတ်ပါက သူ၏ သုတေသန လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။
လင်းရီ စာရွက်နှစ်ရွက်ကို ဓာတ်ပုံရိုက်လိုက်ပြီး စွန်းဖုယွီထံ ပို့ပေးလိုက်၏။
အလုပ်တွေ အများကြီး လုပ်ရန် လိုအပ်သောကြောင့် ယခု ကုမ္ပဏီများနှင့် တတ်နိုင်သမျှ မြန်မြန်ဆက်သွယ်ရပေမည်။
"လူရှိလား..."
စွန်းဖုယွီနှင့် စစ်စတမ်အကြောင်း ဆွေးနွေးပြီးလျှင်ပြီးခြင်း အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရ၏။ ထို့ပြင် ထိုအသံလေးက သူနှင့် တော်တော်လေး ရင်းနှီးနေလေသည်။
ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လိုက်၏။
"အစ်ကိုကြီးလင်း..."
"လုလု...."
ထိုသူကတော့ ၀မ်ရင်း၏ ညီမငယ် ၀မ်လုနှင့် ကျိုးဟိုင် ဒရာမာ အကယ်ဒမီထဲသို့ အတူ၀င်ရောက်လာသည့် သူမ၏ အတန်းဖော်သူငယ်ချင်း တူယွီရွှမ်းတို့မှတစ်ပါး အခြားသူမဟုတ်ချေ။
"ဒီဆိုင်ဖွင့်ထားတယ်ဆိုတာ အစ်ကိုကြီးလင်းလား...."
"မင်းက ဘယ်သူဖြစ်မယ်ထင်နေတာ..."လင်းရီ ရယ်သွမ်းလိုက်၏။
"ညီမ အရင်နေ့တွေတုန်းက ဒီဆိုင်ပိုင်ရှင် သူဌေးလေး အရမ်းချောတယ်ဆိုပြီး သတင်းတွေ ကြားလိုက်သေးတယ်... ဒါပေမယ့် ဆိုင်ရှင်က အစ်ကိုကြီးလင်း ဖြစ်နေလိမ့်မယ်လို့တော့ တကယ်ထင်မထားဘူး..."
"အဲ့ဒါဆို ကြားကတည်းကရင် ဘာလို့ မလာခဲ့တာ...."
"အစ်ကိုကြီးလင်း မသိလို့နော... ခု လုလုက ခြားနားသွားပြီ.. သူက မကြာခင် နာမည်ကြီးလာတော့မှာလေ..."တူးယွီရွှမ်း ၀မ်လု လက်ကိုချိတ်လျက် စနောက်လိုက်၏။
"ဘာလဲဖြစ်လို့.. မင်းတို့က ခုမှ ပတမနှစ်ပဲ ရှိသေးတာကို လက်မှတ်ထိုးချင်နေတဲ့သူတွေ ရှိနေပြီလို့တော့ ငါ့ကို လာမပြောနဲ့..."
"လက်မှတ်ထိုးတဲ့ ကိစ္စ မဟုတ်ပါဘူး... အဲ့တာ ညီမတို့ကျောင်းက ပြဇာတ်အတွက် အစမ်းလေ့ကျင့်နေကြတာလေ... ပုံမှန်ဆို အဲ့ပြဇာတ်မှာ ပါ၀က်ခွင့် ရတဲ့သူတွေက စီနီယာတွေချည်းပဲ... ဒါပေမယ့် ဒီနှစ်ကျ ပထမနှစ်နဲ့ ဒုတိယနှစ်တွေကိုပါ နေရာတစ်နေရာ ချပေးလာခဲ့တယ်... "၀မ်လု စွယ်သွားနှစ်ချောင်း ပေါ်သည်အထိ ပြုံးလိုက်ပြီး
"အဲ့ဒီ နေရာက ခု ညီမလက်ထဲမှာ... ဒါကြောင့်မို့ စီနီယာ အစ်ကိုအစ်မတွေနဲ့ ပြဇာတ် အစမ်းလေ့ကျင့်နေရင်း အလုပ်များနေတာ.. ဒီနေ့လို နေ့တစ်၀က်နားခွင့်တောင် ရှားရှားပါးပါးလေး ရလို့ နာမည်ကြီးနေတဲ့ဆိုင် လာစားကြည့်တာလေ... ဟီးဟီး.. အစ်ကိုကြီးလင်းရဲ့ ဆိုင် ဖြစ်နေမယ်လို့တော့ မျှော်လင့်မထားဘူး..."
"ကောင်းတာပေါ့.... မင်း အစ်ကိုကို စိတ်မပျက်စေဘူးပဲ..."
"အစ်ကိုကြီးလင်း မသိလို့နော်.. ဒီရဲ့ နေရာကို လုဖို့ ယှဉ်ပြိုင်နေကြတဲ့ ဖရက်ရှာလေးတွေမှ အများကြီးပဲ... အဆုံးသတ်ကျတော့ လုလုက ရှေ့ထွက်လာပြီး ညီမတို့ အသုတ်ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုံရိပ်တစ်ခု ဖြစ်လာတာလေ..."တူးယွီရွှမ်းမှ ပြောလိုက်၏။
"ဟီးဟီး.. ညီမ ကံကောင်းသွားတာပါ..."
"မင်း အစ်မရန်ကိုကော ကျေးဇူးတင်လိုက်သေးလား...."
လင်းရီ ၀မ်လု၏ ပါရမီ မည်မျှကောင်းမှန်း မသိသော်လည်း ကျိုးဟိုင် ဒရာမာ အကယ်ဒမီသို့ ၀င်ရောက်နိုင်သူတိုင်းက ညံ့ဖျင်းလိမ့်မည် မဟုတ်ကြောင်းတော့ နားလည်ပေသည်။
ထိုသို့သောနေရာမျိုးတွင် ကျွမ်းကျင်ပြောင်မြောက်သူတို့မှာ ပေါများလှပြီး ၀မ်လုအတွက် အားသာချက် တစ်စုံတစ်ရာလည်း မရှိပေ။
သူမ ယခုလို တစ်နေရာ ရလာသည်ကလည်း သေချာပေါက် ရန်ရွှေ၏ ကူညီပေးမှုကြောင့် ဖြစ်နိုင်သည်။
"မမလည်း အဲ့လိုမျိုး ပြောတာပဲ . သူလည်း ဆရာမရန် ကူညီပေးလို့ဆိုပြီး ထင်နေတာ..."၀မ်လု ပြောလိုက်ပြီး "ဒါကြောင့်မို့ ညီမ ပစ္စည်းတစ်ချို့ ၀ယ်သွားပြီး ဆရာမရန်ဆီ ကျေးဇူးတင်ကြောင်း သွားပြောတော့ အဲ့ကိစ္စက ဆရာမရန်နဲ့ ဘာမှ မသက်ဆိုင်ဘူးတဲ့.. ဒီတော့......"
"အိုး... အဲ့လိုဆို လုလုက တော်တော် အထင်ကြီးဖို့ ကောင်းသွားပြီပဲ... "
"ဟီးဟီး...."
"ကောင်းပြီ.. ခု အစ်ကို့ဆိုင် ရောက်လာမှတော့ မီနူးပေါ်မှာ ရှိတာ ကြိုက်သာမှာကြ.. "
၀မ်ရင်းကြောင့် လင်းရီလည်း ၀မ်လုလေးကို ညီလေးတစ်ယောက်ကဲ့သို့ နှစ်နှစ်ကာကာ မြတ်နိုးမိသည်။
သို့သော်လည်း ထိုအကြောင်းတွေးမိတော့မှ သူပင် ၀မ်ရင်းနှင့် မတွေ့တာကြာပြီဖြစ်ကြောင်း သတိရမိသွား၏။
"ဒါဆို အစ်ကို့ဆိုင်ရဲ့ အထူးဟင်းလျာ ဥထမင်းကြော်ပဲ ပေးတော့..."
"ညီမကောပဲ..."တူးယွီရွှမ်း ပြောလိုက်သည်။
"ဥထမင်းကြော်အပြင် မီးနူးပေါ်က ကျန်တာတွေလည်း အရသာရှိပါတယ်ဟ.. ငါမင်းတို့နှစ်ယောက်ကို အမဲစတိတ်ခ် လုပ်ပေးမယ်... ဥထမင်းကြော်နဲ့ တွဲဖက်စားကြည့်ကြည့်ပေါ့.."လင်းရီ ပြောလိုက်သည်။
"ရပြီ အစ်ကိုကြီးလင်း... ညီမတို့က ဘာမှ ထူးခြားနေတာလည်း မဟုတ်ဘူး... ဥထမင်းကြော်ပဲဆိုရင်ကို အဆင်ပြေနေပြီ..."
၀မ်လုမှာ အလိုက်မသိသူ တစ်ယောက် မဟုတ်ပေ။ သူမ အစ်ကိုကြီးလင်း၏ ဆိုင်တွင် စားပါက သေချာပေါက် ပိုက်ဆံ ပေးရလိမ့်မည် မဟုတ်ကြောင်း သူမ နားလည်လေသည်။ ထို့ကြောင့် တစ်ဖက်သူမှ ကိစ္စမရှိသော်လည်း သူမဘက်မှ လွန်ရောကျွံရော တောင်းဆိုလို့ မသင့်တော်ပေ။
"ကောင်းပြီလေ.. ခုပဲ လုပ်ပေးမယ်..."
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ ဥထမင်းကြော် နှစ်ပွဲနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။
"အစ်ကိုကြီးလင်းရဲ့ လက်ရာက အရမ်းအရသာရှိတာပဲ... ၁၈၉ ယွမ်ပဲ ပေးရတာ အရမ်း တန်တယ်.... "တစ်လုတ်စားပြီးနောက် ၀မ်လုမှ လက်မထောင်လိုက်၏။
"ကြိုက်ရင် အားတဲ့အချိန် လာစားလေ.. တစ်နေ့ သုံးနှပ် ကျွေးဖို့လောက်ကတော့ ပြဿနာ မရှိဘူး...."
"အစ်ကိုကြီးလင်းက အရမ်း နိမ့်ချတာပဲ..."၀မ်လု ပြောလိုက်ပြီး "အစ်ကိုကြီးရဲ့ လွိုင်ကန်နဲ့သာဆိုရင် ညီမတစ်ယောက်တည်းမှ မဟုတ်ဘူး အကယ်ဒမီတစ်ခုလုံးက မိန်းကလေးတွေကို ကျွေးထားလို့ ရနေပြီ မဟုတ်ဘူးလား...."
"ဟဲ့.. ဟိုက ထောင်ချီတဲ့ မိန်းကလေးတွေလေ.. နင်က အစ်ကိုကြီးလင်းကို ပင်ပန်းပြီး သေစေချင်နေတာလား..."တူယွီရွှမ်းမှ ပြောလိုက်၏။
"မင်းတို့တွေက သရုပ်ဆောင် သွားသင်ကြတာလား.. ဒါမှမဟုတ် မြောင်းဖောက်တာ သွားသင်နေကြတာလား.. ရေလာမြောင်းပေး အရမ်းတော်တာပဲ... "လင်းရီ စနောက်လိုက်၏။
"ဘာလို့ဆို အစ်ကိုကြီးလင်းကို မြင်လိုက်တာနဲ့ မထိန်းချုပ်နိုင်တော့လို့လေ..."
သုံးယောက်သား ရယ်ရယ်မောမောဖြင့် စကားဝိုင်းဖွဲ့နေစဉ် ဆိုင်ထဲသို့ မိန်းကလေး နှစ်ယောက် ၀င်ရောက်လာခဲ့၏။
"ယွိထင် .. နင် ဒီဆိုင်မှာ စားချင်တာ သေချာလို့လား..."
ပြောလိုက်သူ မိန်းကလေးကတော့ ၀မ်ချီပင်။ သူမမှာ ရှည်လျားသည့် ဆံနွယ်၊ ဂျင်းစကတ်တိုနှင့် အဖြူရောင် တီရှပ်ကို ၀တ်ဆင်ထားကာ ဝါ၀င်းသည့် အသားအရေနှင့် ကြည့်ကောင်းသူ တစ်ဦးဟု ဆိုနိုင်လေသည်။
သို့သော််လည်း သူမဘေးရှိ ယွိထင်ဟု နာမည်တွင်သည့် အနှီမိန်းကလေးနှင့် ဘေးချင်းကပ် လမ်းလျှောက်လာသည့် အခါတွင်တော့ သူမ၏ အလှတို့မှာ မှိန်ပျသွားခဲ့ရ၏။
ကျိုးဟိုင်ဒရာမာ အကယ်ဒမီရှိ ဖရက်ရှာများထဲတွင် စုန့်ယွိထင်ကား အလှဘုရင်မတစ်ပါးပင်။သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်သွင်ပြင်တို့က ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်ရန်အတွက် စံချိန်မှီလေသည်။
နှိုင်းယှဉ်ရလျှင်တော့ ၀မ်လု၏ ကိုယ်လုံးကိုယ်ပေါက်မှာ ၀မ်ရင်းကဲ့သို့ လုံးကြီးပေါက်လှဖြင့် ပို၍ ညို့ယူနိုင်စွမ်း ပြင်းထန်သည်။
"ဘာလဲဖြစ်လို့..."စုန့်ယွိထင် မေးလိုက်ပြီး "ကျောင်းက လူတွေက ဒီဆိုင် စားကောင်းတယ်ဆိုပြီး ပြောနေကြတာလေ... ဒီနေ့တော့ ငါလည်း မြည်းစမ်းကြည့်ကြည့်ရမယ်..."
"ဒါပေမယ့် ငါကြားတာတော့ ၀မ်လုနဲ့ တူးယွီရွှမ်းတို့လည်း ဒီဆိုင်မှာ စားကြမှာတဲ့နော်.. သူတို့နဲ့ ဆုံလို့ မကောင်းဘူး ထင်တယ်..."
"ဆုံတော့ကော ဘာဖြစ်လဲ.. ငါလဲ သွားစားလို့ မရဘူးလား..."စုန့်ယွိထင် ပြောလိုက်ပြီး "ငါကြားတာတော့ ဆိုင်ရှင်က အဆင်လေးဆိုပဲ.. ပြောသလောက် ချောမချော သေချာပေါက် သွားကြည့်ကြည့်ရမယ်..."
"ဒါပေမယ့် နင်က သူ့ရဲ့ နေရာကို လုယူထားတာလေ.. တီချယ်က ခနနေဆို သူ့ကို အသိပေးလိုက်တော့မှာ... အဲ့လိုဆို ဘယ်လောက်တောင် နေရခက်လိုက်မလဲ..."၀မ်ချီမှ ပြောလိုက်၏။