← Chapters

စကားတစ်ခွန်း ဖြစ်ပေါ်လာပုံ

Vol. 42 Ch. 619

စကားတစ်ခွန်း ဖြစ်ပေါ်လာပုံ

Vol. 42 Ch. 619

"ဘာကို နေရခက်စရာ ရှိလို့..."စုန့်ယွိထင် ထူးမခြားနားနေဟန်ဖြင့် ပြောလိုက်ပြီး "ကျောင်းက ငါတို့ကို နေရာတစ်နေရာ ပေးထားတယ်... အစွမ်းအစရှိတဲ့သူက ရမှာပဲ... တကယ်လို့ သူမက လုံလောက်အောင် အစွမ်းအစ မရှိမှတော့ နေရာကို လက်လွှတ်ပေးရမှာ သဘာ၀ပဲလေ..."

"အမှန်ပဲ.. ဒါပေမယ့် ငါ မျက်နှာ ဘယ်လိုထားရမှန်းမသိ ဖြစ်နေလို့..."

စုန်ယွိထင် အဘယ်ကြောင့် ၀မ်လု၏ နေရာတွင် အစားထိုးနိုင်လဲဆိုတာကို ၀မ်ချီ ကောင်းစွာ သဘောပေါက်သည်။

အကြောင်းမူကား စုန့်ယွိထင်၏ ခဖင်မှာ စာရင်း၀င် ကုမ္ပဏီ တစ်ခု၏ စီအီးအိုတစ်ယောက်ဖြစ်ပြီး သူမကို နေရာ၀ယ်ပေးရန်အတွက် ငွေကြေးမြောက်များစွာ အကုန်ခံထားရ၏။

၀မ်လု သိသွားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်မှာ အကြီးအကျယ် ရန်ဖြစ် စကားများကြလိမ့်မည်။

ယခုတော့ ၀မ်လုမှ ထိုအကြောင်း မသိသေးပါစေနှင့်ဟု ကြိတ်ဆုတောင်းရုံသာ တတ်နိုင်တော့၏။

သို့မှသာ နှစ်ယောက်ကြားရှိ ရန်ပွဲကို ရှောင်ကြဉ်နိုင်ပေလိမ့်မည်။ မဟုတ်ပါက အတန်းဖော်များ ကမ္ဘာမကြေရန်ဘက်များ ဖြစ်သွားပါက ကောင်းလိမ့်မည် မဟုတ်ချေ။

"ကဲပါ.. အဲ့ဒီ အရေးမပါတဲ့ဟာတွေ စဉ်းစားပြီး အတွေးလွန်မနေနဲ့.. မြန်မြန် သွားစားကြစို့.. ခနနေဆို ငါ့အဖေ လာကြိုတော့မှာ...."

"ဟဲ့ ဖြေးဖြေးသွားလေ..."

နှစ်ယောက်သား ခပ်သွက်သွက် လမ်းလျှောက်လိုက်ကြပြီး စားသောက်ဆိုင် ၀င်ပေါက်၀သို့ ရောက်လာခဲ့ကြကာ တံခါးတွန်းဖွင့်၍ အထဲသို့ ၀င်လိုက်ကြ၏။

"ဟစ်... သူဌေးက တကယ်ချောတာပဲ..."၀မ်ချီ မနေနိုင်ပဲ နှုတ်မှ လွှတ်ကနဲ ပြောထွက်မိသွားသည်။

မူလကတော့ သူဌေးမှာ အင်မတန်ချောမောသည်ဟု လူတိုင်းပြော‌နေကြသော်လည်း သူမ မည်သို့မျှ မယုံကြည်နိုင်ချေ။ ယခုလို မျက်မြင်ဒိဠ ကြုံတွေ့လိုက်သည်အခါမှသာ သူဌေးလေး၏ နောက်‌ကျောမှပင် မြင့်မြတ်သည့် ရောင်ဝါတို့ လွင့်ထုတ်နေသည့်သယောင် ခံစားနေရ၏။

အသံကို ကြားမိတော့ ၀မ်လုနှင့် တူးယွီရွှမ်းတို့ မသိစိတ် အလိုကျ အသံ လားရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။

မယုံကြည်နိုင်ဖွယ်‌ ကောင်းလောက်အောင် ဆိုင်ထဲသို့ ၀င်ရောက်လာကြသူများက သူမ၏ အတန်းဖော်များဖြစ်သည့် စုန့်ယွိထင်နှင့် ၀မ်ချီတို့ဖြစ်နေကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရလေသည်။

"ချီချီ... နင်တို့လည်း ဒီလာစားကြတာလား..."တူယွီရွှမ်း နှုတ်ဆက်လိုက်၏။

"ဟယ်... တိုက်ဆိုင်လိုက်တာနော်.. နင်တို့လည်း ဒီဆိုင် လာစားကြတာပဲလား..."၀မ်ချီ ကိုးရို့ကားယား အမူအရာဖြင့် ပြန်ပြောလိုက်ပြီး

"တော်တော်များများက ဒီဆိုင်ကောင်းတယ် ပြောနေကြလို့ လာကြည့်ကြည့်တာ.. နင်တို့နဲ့ ဆုံဖြစ်မယ်တောင် ထင်မထားဘူး... "

"ဒါဆိုလည်း ထိုင်ပြီး တူတူစားကြမယ်လေ..."တူးယွီရွှမ်း ပြောလိုက်၏။ လေသံကတော့ မကောင်းတတ်သောကြောင့် လောက၀တ်အရ ပြောလိုက်ရသည့်နှယ်ပင်။

အဘယ်ကြောင့်ဆို‌သော် ၀မ်လုနှင့် စုန့်ယွိထင်တို့မှာ ပြဇာတ်နေရာအတွက် ယှဉ်ပြိုင်နေကြပြီး သူမတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း မကောင်းမွန်လှချေ။ ၀မ်လု၏ အကောင်းဆုံး သူငယ်ချင်း တစ်ယောက် အနေဖြင့် ၀မ်လုဘက်မှ ရပ်တည်ရမည်က သဘာ၀ပင်။

၀မ်လု စုန့်ယွိထင်ကို လျစ်လျူရှုထားပြီး တစ်ဖက်သူကလည်း သူမကို လျစ်လျူရှုကာ ဘေးချင်းကပ် စားပွဲတွင် ထိုင်လိုက်၏။

လေထုမှာ အနည်းငယ် ထူးဆန်းနေကြောင်း လင်းရီ ခံစားမိသော်လည်း များများ စဉ်းစားမနေချေ။ သူကား လက်ရှိတွင် ဆိုင်ရှင်တစ်ယောက်ဖြစ်၏။ စီးပွားရေးလုပ်ရန် ကျန်ရှိနေသေးလေသည်။

"ဘာစားကွမလဲ..."

မီနူးကို မြင်တော့ စုန့်ယွိထင် လန့်ဖျပ် မသွားချေ။ သူမစားနေချေ မီချယ်လင်းကြယ်သုံးပွင့်ဆိုင်နှင့် နှိုင်းယှဉ်ပါက ဥထမင်းကြော်တစ်ပွဲကို ၁၈၉ ယွမ်ပေးရသည်က အရမ်း ဈေးကြီး မနေချေ။

သို့သော်လည်း သူမ အော်ဒါမမှာမီ ဘေးရှိ ၀မ်လု၏ စားပွဲဝိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းမော့ရင်ကော့ ဟန်ပန်တစ်ခွဲထားဖြင့် ဟင်းလျာတစ်ချို့ မှာလိုက်၏။

"ဥထမင်းကြော် နှစ်ပွဲ "

"ကဏန်းကြော် တစ်ပွဲ "

"ဂုံးမှိုနက်ခရု စွပ်ပြုတ် "

"ပြီးတော့ ထူးရှယ် အမဲသား မြေအိုးနှပ် ..."

"အိုး... နောက်ပြီး ဂျပန် မက်မွန်ပွင့် ဆာကေးတစ်ပုလင်းကောပဲ..."

"သူဌေး ခနလေးနော်..."

"ယွိထင် .. နင်မှာလိုက်တာက မများလွန်းဘူးလား...."၀မ်ချီ ပြောလိုက်၏။

"သူများတွေ ပြောတာ ဒီဆိုင်က အရမ်းစားကောင်းတယ်လို့ ပြောနေကြတာမလား... ငါတို့လည်း အပြင်ထွက်လာဖို့ ခဲယဉ်းတယ်ဆိုတော့ အကုန်လုံးကို မြည်းစမ်းကြည့်သွားရမယ်လေ... ဒီတိုင်း ဥထမင်းကြော်လေး နှစ်ပွဲလောက်မှာပြီး ပြီးသွားလို့မှ မဖြစ်တာ .. ဟုတ်တယ်မလား...."

"ဒါက....."

၀မ်ချီ ဘယ်လိုပြန်ပြောရမှန်း မသိတော့ချေ။

ဒါကြီးက တစ်ဖက်သူကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်နေတာပဲ မဟုတ်ဘူးလား...

"ပြီးတော့.. ဘလူးဖင်းတူနာ ဆာရှိမီ နဲ့ အသီးအရွက်သုတ်ကောပဲ..."

"အိုကေ.. ခနလေးပဲစောင့်..."

လင်းရီ အော်ဒါမှတ်ပြီး မီးဖိုချောင်ဘက်သို့ ထွက်ခွာသွားခဲ့၏။

တူးယွီရွှမ်း တီးတိုးလေသံဖြင့် "လုလု .. အဲ့ဟာမတွေကို လျစ်လျူရှုထားလိုက်.. ငါတို့ စားစရာရှိတာ စားကြမယ်..."

စုန့်ယွီထင်း ဘာမျှ မပြောချေ။ သို့သော်လည်း သူမစိတ်ထဲတွင်တော့ စက်ဆုပ် အထင်မြင်သေးမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

" ချီချီ...ဒီဆိုင်က စားစရာတွေက သာမန်လူတွေ အတွက် တော်တော်လေး ဈေးကြီးတယ်နော်... တစ်ချို့တစ်ချို့တွေများ ဥထမင်းကြော်လေးပဲ မှာစားနိုင်ကြတယ်..."

"ဒီဆိုင်က ငါ့ အစ်ကိုဆိုင်.. သူများတွေ ပိုမှာလေ.. ငါကတော့ ပိုပျော်လေပဲ..."

စုန့်ယွိထင် ရုတ်ချည်း တုန်တက်သွားခဲ့၏။

သူမအစ်ကို...

ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ဆိုင်ရှင်က သူ့အစ်ကို ဖြစ်နေတာလဲ...

တူးယွီရွှမ်း မနေနိုင်ပဲ ရယ်မောမိလိုက်၏။

ဒါက စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား...

မကြာမီ စုန့်ယွိထင်၏ စိတ်အခြေအနေမှာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူမ ထိုသို့ အရေးမပါသည့် အသေးအဖွဲ့လေးများအပေါ် လိုက်ခံစားမနေတော့ချေ။

မည်သို့ပင်ဆိုစေ မှာစရာရှိတာလည်း မှာပြီးဖြစ်၏။ ထမင်းတစ်နှပ်အတွက် ပိုက်ဆံနည်းနည်းပါးပါး ပိုသုံးလိုက်ရသည်က သူမအတွက် ဘာမျှ ဖြစ်မသွားချေ။

မိနှစ်နှစ်ဆယ် ကြာပြီးနောက် လင်းရီ စုန့်ယွိထင်၏ ဟင်းလျာများကို ကြွေရည်သုတ် လင်ဗန်းနှစ်ချပ်ဖြင့် သယ်ဆောင်လာခဲ့၏။

"ကျေးဇူးပါ သူဌေး..."၀မ်ချီ ပြုံးပြလိုကိ၏။

"ရပါတယ်..."

ကျိန်းရန်လမ်းတွင် နာမည်ကြီးဆိုင် ဖြစ်နေသောကြောင့် ဟင်းလျာများ ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ဂုဏ်သတင်းများနှင့် ကိုက်ညီခြင်းရှိမရှိ မြည်းစမ်းကြည့်ရန် အရင်ဆုံး တစ်လုတ် မြည်းစမ်းကြည့်လိုက်၏။

အရသာမှာ လျှာပေါ်တွင် ပေါက်ကွဲထွက်လာပြီး ကြည်နူးဖွယ် စိတ်ခံစားချက်က ရုတ်ချည်းဖြစ်ပေါ်လာကာ နှစ်ယောက်မှ တစ်ခဏမျှ အေးခဲမှင်တက်သွားခဲ့ကြ၏။

အထူးသဖြင့်တော့ စုန့်ယွိထင်အတွက် ပိုမှန်ပေသည်။ ဤဆိုင်ငယ်လေးရှိ အစားအသောက်များက မီချယ်လင်းကြယ်သုံးပွင့်ဆိုင်ရှိ အစားအသောက်များထက်ပင် သာလွန်သည်ဟု ခံစားနေရ၏။

ဘာလို့ ဆိုင်ရှင် အချောလေးရဲ့ လက်ရာက အရမ်းကောင်းနေတာလဲ...

ဟင်းပွဲများအားလုံး ရောက်ရှိပြီးသည်နှင့် နှစ်ဖက်မှာ မိမိတို့ဝိုင်းရှိ စားစရာများကိုသာ ခေါင်းမဖော်တမ်း အားပါးတရ စားသောက်ကြတော့၏။ မည်သည့်ဘက်ကမျှ ကျန်တစ်ဖက်ကို အရေးစိုက်နေခြင်း မရှိတော့ချေ။

လင်းရီကတော့ ၎င်းကို ပူပန်ရန်ပင် ပျင်းရိနေတော့၏။ တက္ကသိုလ် ကျောင်းသူများကြားတွင်ယခုလို ဓာတ်မတည့်ကျသည်က သာမန် ကိစ္စလေးများပင်။

မဟုတ်ပါက catfight(မိန်းမသားချင်း ထေ့ငေါ့ရန်ဖြစ်တာ) ဆိုသည့် စကားလုံးမှာ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။

ကလင် ကလင်….

ဝမ်လု၏ ဖုန်း အသံမြည်လာခဲ့၏။

“ ဟယ်လို တီချယ်လျို…” ဝမ်လု ရိုသေလေးစားသည့် လေသံဖြင့် ဖုန်းဖြေလိုက်၏။

“ အစားထိုးလိုက်ပြီ….”

“နား… နားလည်ပါပြီ…”

ဖုန်းပြောချိန်မှာ တစ်မိနစ်မျှသာ ကြာမြင့်သော်လည်း ဖုန်းချပြီးနောက် ဝမ်လု၏ အမူအရာမှာ ဒရာမာဆန်ဆန် ပြောင်းလဲသွားခဲ့လေသည်။ လင်းရီနှင့် တူးယွီရွှမ်းတို့ကတော့ တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိထားမိလိုက်၏။

“ ဘာဖြစ်တာလဲ…. ဘာကို အစားထိုးသွားတာ…”

တူးယွီရွှမ်း မေးလိုက်၏။

“ ငါ့ရဲ့ နေရာက သူများဆီ ပြောင်းသွားပြီ…” ဝမ်လု အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

“ ဟမ်… အဲ့တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…” တူးယွီရွှမ်း ပြောလိုက်ပြီး “ နင်ဒီလောက်ထိ ကြိုးစားပမ်းစားနဲ့ လေ့ကျင်နေတာကို ဘာအမှားမှ မလုပ်ထားဘူးလေ… ဘာလို့ အစားထိုးခံလိုက်ရမှာလဲ…”

“ နင် သူ့ကို မေးကြည့်ကြည့်လေ…”

ဝမ်လု၏ အကြည့်များနောက်သို့ လိုက်ပါရင်း လင်းရီနှင့် တူးယွီရွှမ်းတို့ စုန့်ယွိထင်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

“ သူမ ယူသွားတာလား…”

“ အမ်… နင်တို့ ဘာအကြောင်းတွေ ပြောနေကြတာ…” စုန့်ယွိထင် ဘာမျှမသိဟန် ဆောင်လိုက်၏။

“ နင် လာပြီး ဟန်ဆောင်မနေနဲ့… နင် ဒီကိစ္စမသိဘူးဆိုတာ ငါ မယုံဘူး…”

“ လုလု… နင်ဘာတွေ လာပြောနေတာ…. ငါတကယ်ကြီး ဘာမှ မသိပါဘူးဆိုဟာ…” စုန့်ယွိထင် ပြောလိုက်ပြီး “ နင်က အဲ့ဒီပြဇတ်မှာ တစ်ချိန်လုံး လေ့ကျင့်နေတာ မဟုတ်ဘူးလား… တကယ်လို့ နင်သာ ကောင်းကောင်လေး မဆောင်ရွက်နိုင်ဘူးဆိုရင် သူတို့က နင့်ကို အဲ့ဒီအခွင့်အရေး ပေးပါ့မလား… ဘာလို့ ငါ့ကို ဘလိုင်းကြီး လာစွပ်စွဲနေတာ..”

“ မသိချင်ယောင်ဆောင်နေတဲ့ပုံများ ရွံဖို့ကောင်းလိုက်တာ…” တူးယွီရွှမ်းမှ ရွံရှာနေသည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်၏။

“ ဟဲ့ … နင်တို့ စကားကို ဆင်ဆင်ခြင်ခြင် ပြောတာကောင်းမယ်…” စုန့်ယွိထင် ပြောလိုက်ပြီး “ ဒီလိုကိစ္စမျိုးတွေမှာ အပြိုင်အဆိုင်ရှိတာ ဆန်းသလား… နင့်မှာ လုံလောက်တဲ့ အစွမ်းအစ မရှိလို့ နှင်ထုတ်ခံလိုက်ရတယ်… နင့် အရည်အချင်း မပြည့်၀တာကို သူများနားလာပြီး အပြစ်ပုံချနေတယ်ပေါ့လေ…. ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရကောင်းမှန်း နားမလည်ဘူးလား…”

“ ဟက် .... ဆန်းစစ်ရမယ်...နင့်အဖေက ကျောင်းက တီချယ်တွေကို လက်ဆောင်တွေ အများကြီးပေးလိုက်လို့ နင်ဒီနေရာရလာတာများ ငါတို့ မသိဘူး ထင်နေတာလား…” တူးယွီရွှမ်း ဒေါသကြောင့် တဆတ်ဆတ်တုန်ရင်း ပြောလိုက်ပြီး “ ဘာကြောင့်လဲဆိုတာ ကာယကံရှင်ဖြစ်တဲ့ နင့်ကိုယ်နင် အသိဆုံး ဖြစ်မှာပါ…”

“ လက်ဆောင်ပေးတယ်ဆိုတာက ဘာစကားပြောတာ… နင်လာပြီး စော်ကားမနေနဲ့…”

“ ယွိထင်… တော်လိုက်တော့… ဘာပဲဆိုဆို ငါတို့က တစ်တန်းတည်းသားချင်းတွေပဲဟာ… စကားများလို့ ဘယ်သင့်တော်မှာ…” ဝမ်ချီ ဘေးမှ နေ၍ တိုးတိုးလေးပြောပြီး ဖြောင်းဖြလိုက်၏။

“ သူတို့အရင်စတာလေ…. ငါ့မှာ သူတို့နဲ့ အချင်းများဖို့ အချိန်တွေလည်း အားယားမနေဘူး…” စုန့်ယွိထင် ပြောလိုက်ပြီး “ မစ္စတာလျိုကလည်း အရမ်းလွန်တယ်… ငါ ဒီအခွင့်အရေး မလိုချင်ပါဘူးဆိုတာကို အတင်းပဲ လာလာပြီးပေး… ခုတလော အလုပ်များလွန်းလို့ လေ့ကျင့်ချိန်တောင် မရှိပါဘူးဆိုနေမှ ခုတော့ နောက်လအထိ ရှော့ပင်းထွက်ဖို့တောင် မဖြစ်နိုင်လောက်တော့ဘူး…”

“ နင်….”

“ ရပြီ ရပြီ… အသေးမွှားကိစ္စလေးကို ဘာလို့ စကားတွေ များနေကြတာ…” လင်းရီဝင်၍ လက်ကာလိုက်ပြီး “ သူက မလိုချင်ဘူးဆိုမှတော့ လုလုက တိုက်ခိုက်ပြီး ယူလိုက်ပေါ့…မဟုတ်ဘူးလား...”

“ အစ်ကိုကြီးလင်း… ဒီကိစ္စက တိုက်ခိုက်ပြီး ယူလို့ရတဲ့ ကိစ္စမှမဟုတ်တာ… သူ့မိသားစုကသာ အရမ်းချမ်းသာမနေဘူးဆိုရင် ကျောင်းက ညီမကို ဖယ်ရှားလိုက်မှာ မဟုတ်ဘူး…”

“ ဒါပေမယ့် သူမကမှ အဲ့ဒီနေရာကို မလိုချင်တာ… အဲ့လိုဆိုမှတော့ လိုချင်တဲ့သူဆီ ပေးသင့်တယ် မဟုတ်ဘူးလား…”

“ သူဌေး… နင် အဲ့လိုပြောတာ မမှန်ဘူး…” စုန့်ယွိထင် ပြောလိုက်ပြီး “ အစတုန်းက ကျောင်းပြဇာတ်မှာ ဝင်ပါပေးဖို့ ကျောင်းက ငါ့ဆီ အရင်ဆုံး ကမ်းလှမ်းလာခဲ့ပြီးမှ ငါက မလိုချင်တော့ တီချယ်တွေက သူ့ကို ပေးလိုက်တာ…. ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေက လုံလောက်အောင် မကောင်းတော့ ဖယ်ရှားပြီးတော့ ငါ့ကို ပြန်လာရှာတယ်လေ…. ငါ့မှာ ငြင်းပိုင်ခွင့်ရှိမယ်များ ထင်နေလား… ကျောင်းက ပြဇာတ်ရဲ့ အရည်အသွေးအတွက် သေချာပေါက် ငြင်းတာကို လက်ခံမှာမဟုတ်ဘူး…”

“ ရပါတယ်… ငါဖုန်းဆက်ပြီး မင်းအတွက် ကူညီပေးမှာပေါ့…”

သို့နှင့် လင်းရီ သူ၏ ဖုန်းကို ထုတ်လိုက်ပြီး ရန်ရွှေထံ ဖုန်းခေါ်လိုက်၏။

“ ဟယ်လို အစ်မရန်… ကျွန်တော် ကျောင်းပြဇာတ်ကိစ္စလေး မေးကြည့်ချင်လို့…. အဲ့ပြဇာတ်ထဲက နေရာတစ်နေရာကို အစက လုလုဆီ ပေးထားတာ မဟုတ်ဘူးလား…. ဘာလို့ ခု တခြားသူလက်ထဲ ပြန်ရောက်သွားတာ…”

“ အိုး… အိုကေ…အဲ့တာဆိုလည်း မေးကြည့်ကြည့်လိုက်ပေါ့… စုန့်ယွိထင်လို့ ခေါ်တဲ့ မိန်းကလေးက အဲ့ဒီ နေရာကို လိုချင်ပုံမရဘူး… သူမက ငြင်းချင်နေတာ….”

“ ဟားဟား… ရတာပေါ့ဗျ…. အချိန်ရရင် ကျွန်တော့်ဆိုင် လာခဲ့… တစ်နပ်လောက် ကောင်းကောင်းလေး ဧည့်ခံပေးပါ့မယ်…”

ရန်ရွှေနှင့် စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး စုန့်ယွီထင်ကို ပြုံးပြလိုက်၏။

“ ကဲ ကောင်မလေး .. ငါမင်းအစားပြောပေးပြီးသွားပြီ… မင်း ဒီပြဇာတ်မှာ ဆက်ပြီး ပါစရာ မလိုတော့ဘူး…”

“ အာ…”

စုန့်ယွိထင်နှင့် ဝမ်ချီတို့ ကြက်သေသေသွားကြ၏။

မည်သူကမျှ လင်းရီ တစ်ယောက်ထံ ဖုန်းခေါ်လိုက်လိမ့်မည်လို့ ထင်မှတ်မထားချေ။

“ မစ်ရန်က ဘယ်သူကြီးလဲ…”

“ ရန်ရွှေလေ… မင်းတို့ကျောင်းက ပရော်ဖက်ဆာ တစ်ယောက်ပဲ… မင်းသူ့ကိုတော့ သိမှာပါ…”

“ရန်ရွှေ….”

စုန့်ယွိထင်နှင့် ဝမ်ချီတို့ ရေရွတ်လိုက်ကြသော်လည်း ထိုနာမည်နှင့် မရင်းနှီး ဖြစ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် သူမတို့မှာ သရုပ်ဆောင် ဌာနမှ ဖြစ်ပြီး ရန်ရွှေက အခြားဌာနရှိ ပရောဖက်ဆာဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် အကယ်ဒမီတစ်ခုတည်းမှ ဖြစ်နေလျှင်တောင် အခြားဌာနရှိ ဆရာမများကို မသိသည်က အမှားမဟုတ်ပေ။ နှစ်ယောက်လုံး ရန်ရွှေကို မသိကြသည်က သဘာဝသာဖြစ်၏။

“ ဘယ်သူကြီးလဲ… ငါတော့ တစ်ခါမှ မကြားဖူးဘူး… နင်ကော…” စုန့်ယွိထင် ရေရွတ်လိုက်၏။

“ တစ်ခြား အကယ်ဒမီတစ်ခုက တီချယ်တစ်ယောက်ယောက်နေမှာပေါ့…”

All Chapters