← Chapters

နင်က အရမ်းကြမ်းတာပဲ.. အဲ့လောက် မဆိုးနဲ့လေ

Vol. 42 Ch. 623

နင်က အရမ်းကြမ်းတာပဲ.. အဲ့လောက် မဆိုးနဲ့လေ

Vol. 42 Ch. 623

အဆောက်အဦးထဲမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ လျန်ရူရွှယ်ကို မြို့တော်ဝန်ရုံးသို့ လိုက်ပို့ပေးလိုက်သည်။ သို့သော်လည်း မီတာနှစ်ရာမျှ လိုတော့သည့် အကွာအဝေးသို့ ရောက်သောအခါ လျန်ရူရွှယ်မှ ကားရပ်ရန် တောင်းဆိုလာခဲ့၏။ သူမတို့ နှစ်ယောက်အကြောင်းကို အများသူငါမှ အတင်းပြောကြမည်ကို စိုးရွံ့သောကြောင့် ထိုနေရာမှတစ်ဆင့် လမ်းလျှောက်သွားခဲ့‌လေသည်။

လျန်ရူရွှယ်ကို လိုက်ပို့ပြီးနောက် လင်းရီ ဆိုင်သို့ မောင်းထွက်လာခဲ့၏။

မစ်ရှင်ပြီးမြောက်ပြီး ဖြစ်သောကြောင့် လင်းရီ၏ စိတ်အခြေအနေမှာ တော်တော်လေးကို တိုးတက်ကောင်းမွန်နေလေသည်။

‘ ဒီနေ့တော့ ရသလောက်လေး ရောင်းရမယ်…’

ဆိုင်ပြန်ဖွင့်ပြီးနောက် ကတ်စတန်မာ အများအပြား တံခါးလာခေါက်ကြသည်။

များပြားလှသည့် စားသုံးသူတို့မှာ သူ၏ နာမည်ဂုဏ်သတင်းကြောင့် လာရောက်အားပေးကြကြောင်း လင်းရီ သတိပြုမိလိုက်၏။ထို့အထဲတွင် ကြွယ်ဝသည့် အပျိုကြီးမမများလည်း ပါဝင်လေသည်။ သူမတို့မှာ တစ်ခါတစ်ခါ မှာလိုက်လျှင် အနည်းဆုံး ယွမ်တစ်ထောင်မျှရှိပြီး ယင်းက သေးငယ်သည့် ပမာဏမဟုတ်ချေ။

“ သူဌေး.. ကျွန်မ ဒီနေ့ ပိုက်ဆံအိတ်မေ့လာခဲ့လို့ ဥထမင်းကြော် စားလို့ရသေးလား…”

“ E cup ဆိုရင်တော့ အဝသာစားသွား…”

“ E cup လည်း မရှိဘူးဆိုတော့ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ပေးဆပ်လို့ မရဘူးလား…”

“ ဒီဆိုင်ထဲက မိန်းကလေးတွေအကုန်လုံး သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပေးဆပ်ချင်နေကြတာကို မင်းက ကိုယ့်ကိုယ်ကို ဘာထင်…. ဟမ်…”

ချက်ရင်း ပြုတ်ရင်း စကားပြောနေသည့် လင်းရီမှာ တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်၏။

ဒီလေသံက ငါနဲ့ အတော်လေး ရင်းနှီးနေသလိုပဲဟ…

လင်းရီ လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် သူ့ကို ပြုံးလျက်ကြည့်နေသည့် ဝမ်ရင်းကို မြင်သွားခဲ့၏။

သူမမှာ ရင့်ကျက်သည့် အမျိုးသမီးကဲ့သို့ အဖြူရောင် ရှပ်နှင့် အမျိုးသမီး ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အောက်ဘက်ခြမ်းတွင်တော့ အသားရောင် စတော်ကင်နှင့် စကတ်အနက်ကို ဝတ်ဆင်ထားသည်။

ထိုမှတစ်ဆင့် ကုမ္ပဏီကနေ အဝတ်အစားမလဲပဲ သူ့ဆီ တန်းလာခဲ့ကြောင်း တပ်အပ် ပြောနိုင်လေသည်။

“ အစ်မရင်း .. ဘာလို့ ဒီရောက်လာခဲ့တာ…” လင်းရီ ပြုံးလိုက်ပြီး “ အလုပ်အားမှ လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား…”

လင်းရီ ဤနေရာတွင် ဆိုင်ဖွင့်ထားကြောင်း လင်းရီ သိသော်လည်း အလုပ်များနေသောကြောင့် မလာဖြစ်ခဲ့ပေ။ သို့သော်လည်း မနေ့က ဝမ်လုသူမကို ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြီးသည့် နောက်တွင်တော့ ဝမ်ရင်း မနေနိုင်တော့ပဲ သူမ၏ နေ့လည်စာ နားတစ်ခိုက် လင်းရီထံ အပြေးလာတွေ့လေသည်။

“ ဘာလို့လဲဆိုတော့ နင့်ဆိုင်စီးပွားရေးက အဲ့လောက်ကောင်းမယ်မှန်း ထင်မထားလို့လေ.. လုလုပြောတာ နင် ဆိုင်ကို တစ်ယောက်တည်း မနိုင်တော့ဘူးတဲ့… အဲ့တာကြောင့် အစ်မလည်း လာကူညီပေးတာလေ…”

ပြောပြီးနောက် ဝမ်ရင်း သူမအိတ်ကို ရေခဲသေတ္တာပေါ် တင်ကာ လင်းရီထံ တီးတိုးပြောလိုက်၏။

“ အစ်မ မလာခင် အတွင်းရေးမှူးချိုးနား မေးထားခဲ့ပြီးသား… ဥက္ကဌကျီက ရာလော့ဒီဇိုင်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာကွမ်းနဲ့ ဝမ်ကျန်း ဆိပ်ကမ်းအကြောင်း ဆွေးနွေးနေတာ… ဒီတော့ အချိန်တိုအတွင်း လာနိုင်သေးဦးမှာ မဟုတ်ဘူး..ဆိုတော့ တို့နှစ်ယောက်ကို ဖမ်းမိမှာကို စိတ်ပူမနေနဲ့…”

“ အစ်မရင်းက အရမ်းသိတတ်တာပဲ…”

ဝမ်ရင်း ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း “ တကယ်လို့ အဲ့လောက်လေးမှ မသိတတ်ရင်လည်း အစ်မက နင့်ရဲ့ မျက်လုံးထဲကို ဝင်နိုင်ပါ့မလားလို့…”

“ အဲ့လိုမပြောနဲ့လေ… အစ်မရင်းလို ဖောင်းဖောင်းတင်းတင်း … ဒါပေမယ့် ဝတာမျိုးလည်း မဟုတ်တဲ့သူကို ဘယ်သူက သဘောကျပဲ နေမှာ…”

“ မပူနဲ့.. သူများတွေက ကြည့်လို့ပဲရမှာ… ဒါပေမယ့် မောင်လေးရီကတော့ ကြိုက်သလို စားလို့ရတယ်နော်…” ဝမ်ရင်း လင်းရီပါးကို အနမ်းပေးလိုက်ရင်း ကလူကျီစယ်စွာ ပြောလိုက်၏။

လင်းရီ ဝမ်ရင်း၏ ခါးကို ဖက်လိုက်ပြီး စွင့်ကားနေသည့် တင်ပါးကို ဖျစ်ညစ်လိုက်ကာ “ အမှတ်ပြည့် ‌ပေးတယ်…”

“ အာ့..မောင်လေးရီက အရမ်းကြမ်းတာပဲ… အဲ့လောက် မဆိုးနဲ့လေ…” ဝမ်ရင်း ညုတုတု ပြောလိုက်ပြီး “ မြန်မြန်ချက်… အစ်မလည်း ကူညီပေးမယ်…”

“ အင်း.. ဒါနဲ့ အစ်မရင်း နေ့လည်စာကော စားပြီးပြီလား… မစားရသေးရင် ကြိုက်တာမှာလိုက်လေ… ကျွန်တော်လုပ်ပေးမယ်…”

“ ငါ့ကို ဘာမှစိတ်ပူမနေနဲ့… အပြင်က ဧည့်သည်တွေ ကုန်သွားမှပဲ အဲ့အကြောင်း ပြောကြတာပေါ့…”

“ဟာ... အဲ့လိုလုပ်လို့ ဘယ်ရမှာ.. ရောက်လာမှတော့ အစ်မရင်းကို ဗိုက်ဆာအောင် ထားလို့ ဘယ်ဖြစ်မှာ…”

“ သိပါတယ်ရီရဲ့ .. အစ်မ တကယ်ကြီး ဗိုက်မဆာလို့ပါ… ဆာရင် ပြောမှာပေါ့.. အားနာ မနေပါဘူး…” ဝမ်ရင်း ပြောလိုက်ပြီး “ ခုတော့ အရင်ဆုံး အလုပ်လုပ်ကြရအောင်လေနော်…”

“ ကောင်းပြီလေ… တကယ်လို့ ဗိုက်ဆာရင် ကျွန်တော့်ကို ပြောနော်… အားနာမနေနဲ့….”

“ အွန်း…”

လင်းရီ၏ မျက်လုံးထဲတွင်တော့ ဝမ်ရင်းမှာ ဟွာရှန့်အမျိုးသမီးများ၏ ကောင်းခြင်းအဖြာဖြာတို့ကို ဆက်ခံရရှိထားသည်။

သူမမှာ လှပပြီး မိန်းမသားပီသသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသော်လည်း သူမနှစ်သက်သည့် တစ်စုံတစ်ယောက်ကို တွေ့သွားသည်နှင့် တစ်ပြိုင်နက် သူမဘဝတစ်ခုလုံးကို မိသားစုနှင့် သူမအမျိုးသားပေါ်တွင်သာ အာရုံစိုက်ထားလေသည်။

ဒီလိုမျိုး အမျိုးသမီးကောင်းတွေက တကယ့်ကို ရှားမှရှားပဲ…

ဝမ်ရင်း၏ ရောက်ရှိလာမှုက လင်းရီအပေါ် ဖိအားများစွာကို သက်သာသွားစေခဲ့သည်။

သူမ၏ ဓားကိုင်သည့် စွမ်းရည်မှာ ကျီချင်းရန်ထက် အများကြီး ကောင်းမွန်သောကြောင့် လင်းရီပို၍ သက်တောင့်သက်သာ ဖြစ်နေပြီး ချက်ပြုတ်ခြင်းတစ်ခုတည်းကိုသာ အေးဆေး အာရုံစိုက်နိုင်လေသည်။

ထိုအကြောင်းပြချက်ကြောင့်ပဲ စားသောက်ဆိုင်၏ အစားအသောက်များ ရရှိသည့် နှုန်းတို့မှာ ပို၍ မြန်ဆန်လာခဲ့၏။

သို့သော်လည်း ၀င်လာမဆဲနိုင်အောင် စိတ်အားထက်သန်နေကြသည့် ကတ်စတန်မာများကို ခုခံရန်ကတော့ ခက်ခဲနေဆဲပင်။ ထို့ကြောင့် အပြင်ဘက်တွင် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည့် လူနှစ်ဆယ်ကျော် ကျန်ရှိနေသေးလေသည်။

အချို့မှာ လင်းရီ၏ အစာအသောက်ကို မြည်းစမ်းချင်သောကြောင့် ဖြစ်ပြီး အချို့ကတော့ လင်းရီ၏ ရုပ်ရည်ကို မရိုးသားသည့် စိတ်အခံတို့ဖြင့် ကြည့်ရှုရန်ပင်။

ထိုအခိုက်အတန့်တွင် ကျိန်းရန်လမ်းပေါ်၌ နိုင်ငံခြားသားနှစ်ဦး လင်းရီ၏ ဆိုင်ဘက်သို့ ဦးတည် လမ်းလျှောက်လာနေခဲ့ကြ၏။

၎င်းတို့၏ နာမည်မှာတော့ လူးဝစ်နှင့် နေသန်ဖြစ်ပြီး လက်စ်ဗီးဂတ်၊ နီဗာဒါမှ ဘွဲ့ရကျောင်းသားများဖြစ်ကာ လက်ရှိ ကျိုးဟိုင်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေကြလေသည်။

“လူးဝစ် ဘဒို … ငါကြားတာတော့ ဒီနားဖွင့်ထားတဲ့ စားသောက်ဆိုင်အသစ်က တော်တော်လေး အရသာရှိတယ်ဆိုပဲ… သွားစားကြည့်ကြမလား…”

“ ငါယိုး.. အဲ့ဆိုင်လား… ကောင်းကောင်းကြီး သိတာပေါ့ကွာ…” လူးဝစ် ကျိန်ဆဲလိုက်ပြီး “ ရှေ့ရက်တုန်းက ငါ ဟွာရှန့် စကီလေးတစ်ပွေကို ပိုးပန်းနေတာ အောင်မြင်တော့မှာ… တစ်ကယ့်အချိန်ကျမှ အဲ့ဆိုင်သူဌေးက ဝင်ရှုပ်သွားတယ်လေ… ငါချီး ဝီချက်အကောင့်လေးတောင် မရလိုက်တော့ ခု အဆက်အသွယ်လည်း ပြတ်သွားပြီ…”

“ ငါလည်း ကြားမိတယ်… ခု ကျောင်းက ကောင်မလေးတွေလည်း အဲ့ဆိုင်ပိုင်ရှင်က တော်တော်လေး ကြည့်ကောင်းတယ်ဆိုပြီး တစ်ပြောတည်း ပြောနေကြတာ …ငါတော့ သောက်ပိုတွေ လုပ်နေတယ် ထင်တာပဲ..” နေသန် ပြောလိုက်ပြီး “ ဟွာရှန့်ကောင်တွေက မင်းလောက်တော့ ချောမှာမဟုတ်ပါဘူး…”

“ သဘောတူတယ်… သူတို့ရဲ့ အလှရသက ညံ့ဖျင်းတယ်ပဲ ဆိုရမှာပေါ့… ငါ့ကို ဘေးချိတ်ထားရင်တောင် ငါတို့ အမေရိကားက ကြိုက်တဲ့ လူဖြူတစ်ယောက်ကို ရွေးလိုက် … ဟွာရှသားတွေထက် အပုံကြီးသာတယ်…”

လူးဝစ် ပခုံးတွန့် ပြောလိုက်၏။ ဆဲဆိုပြီးနောက် သူ၏ ဒေါသမှာ တော်တော်လေး လျော့ကျသွားခဲ့လေသည်။

“ ငါ့လို ကောင်မျိုးကို ရွေးချယ်မယ့်အစား စားသောက်ဆိုင်ပိုင်ရှင်ကို ရွေးလိုက်တာက သူမရဲ့ အကြီးမားဆုံး နောင်တဖြစ်နေမှာ သေချာတယ်…”

“ ပြောတာကောင်းတယ်… ဒါပေမယ့် အဲ့တာကြီးကို ခေါင်းထဲ ထည့်မနေစမ်းနဲ့… ဒီနေရာမှာ ငါတို့က ဆရာကြီးပဲ.. ကြိုက်တဲ့ စကီလေးကို ကြိုက်သလို လိုက်လို့ရတယ်…”

“ အင်း… ဆိုင်အပြင်အဆင်လေးကတော့ မဆိုးဘူးပဲ… စတိတ်ခ် အစစ် စားနိုင်မလားတော့ မပြောတတ်ဘူး….”

“ မင်းကလည်း… ပိန်းချက်…. ဒါ ယူအက်စ်မဟုတ်ဘူးကွ… တကယ့် စတိတ်ခ် အစစ်ကို ရှာတွေ့ဖို့ဆိုတာ တကယ် မလွယ်ဘူး…” လူးဝစ် ပြောလိုက်ပြီး “ ပြီးတော့ ဝိုင်နီအစစ်တောင် မရှိတဲ့နေရာကြီး…. တကယ်လို့ ငါ့အဖေသာ ပွဲလာမထိုးဘူးဆိုရင် ဒီလို စုတ်ချာတဲ့ နေရာကြီးမှာ ငါ လခွီးမှတောင် ကျောင်းလာတက်မနေဘူး…”

“ ဒါပေမယ့် တစ်ခုကောင်းတာက စတိတ်ခ် အစစ် မရှိဘူးဆိုရင်တောင် အစားအသောက်တွေက ဈေးပေါတာပဲ… ပြီးတော့ စော်လေးတွေကလည်း တော်တော်လေးချောပြီး ငါတို့ဆို အထူးအခွင့်အရေးတွေလည်း ပေးတယ်…. အပြင်ထွက်ရင်ဆို ဝိုင်းကြည့်နေကြတာ ဆယ်လီတွေကျလို့… ငါတော့ ဒီလာပြီး အပမ်းဖြေခရီး ထွက်တယ်လို့ပဲ သဘောထားလိုက်တယ်…” နေသန်ပြောလိုက်၏။

“ ဘာပဲပြောပြော ငါတို့က ဒီမှာ အထူးလေးစားခံတွေလေကွာ… ဟားဟား….”

“ ဂျီးဆပ်စ်… မဖြစ်နိုင်လိုက်တာ… တကယ်ကြီး တန်းစီနေကြတာလားကွ..” လူးဝစ် အံ့အားတကြီး ရေရွတ်လိုက်၏။

နှစ်ယောက်သား ဆိုင်ဝင်ပေါက်သို့ ရောက်သောအခါ အပြင်ဘက်၌ လူအယောက်နှစ်ဆယ်ကျော် တန်းစီနေကြကြောင်း မြင်တွေ့လိုက်ရ၏။ သူတို့အားလုံး စားသောက်ရန်အလို့ငှာ အပြင်တွင် ရပ်စောင့်နေကြလေသည်။

“ ကျိန်းရန်လမ်းမှာ စားရဖို့ သောက်ရဖို့ကို တကယ်ကြီး တန်းစီရတဲ့ဆိုင် ရှိသေးတာလားဟ… ငါတော့ ဒီလို မြင်ဖူးတာ ပထမဆုံးပဲ..” နေသန် အံ့အားသင့်သွားခဲ့ပြီး “ ကြည့်ရတာတော့ အစားအသောက်တွေလည်း တော်တော်လေး ကောင်းတယ်နေမှာ… ငါတို့လာခဲ့လိုက်တာ မှန်သွားတယ်…”

လူးဝစ် ပခုံးတွန့်လိုက်ပြီး “ စားကောင်းရုံ ဆိုလောက်လေး နေမှာပါကွာ.. ဘာပဲဖြစ်ဖြစ် ငါတော့ တန်းမစီချင်ဘူး… စောင့်ရတဲ့အလုပ်က တော်တော်ကြီးကို စိတ်ပျက်ဖို့ကောင်းတယ်….”

“ တခြားဆိုင်သွားမယ်ဆိုရင်ကော…”

“ Nah… ဒီဆိုင်ပဲ စားမယ်…”

လူးဝစ် သူ့နှာခေါင်းကို ချွန်လိုက်ပြီး ဂျိုကာ အပြုံးဖြင့် “ ဒီဆိုင်ရဲ့ ဘော့စ်က ဘယ်လိုရုပ်ရှိလဲဆိုတာ တကယ်ပဲ သိချင်လာပြီ…”

“ ဟေ့ ဟေ့… အသာလုပ်ပါဟ…. မင်းရုပ်ကြည့်ရတာ လူသွားရိုက်တော့မယ့်စတိုင်နဲ့…” နေသန် ပြောလိုက်ပြီး “ မင်းက ဘောက်ဆင်တတ်ထားတယ်ဆိုရင်တောင် ဟွာရှမှာ လုံခြုံရေးက တော်တော်လေး တင်းကြပ်တယ်… ပြဿနာတက်ရင် မကောင်းဘူး..”

“ စိတ်မပူနဲ့…” လူးဝစ် လက်ဝှေ့ယမ်းကာ ထူးမခြားနားစွာ ပြောလိုက်ပြီး “ ငါ လူရိုက်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး… ပြီးတော့ ငဝိလေးတွေကို အနိုင်ကျင့်ရတာ ပျင်းဖို့ကောင်းတယ်..ဒီမှာ ရိုးရှင်းတဲ့ အစားအသောက်လေးတွေ မှာပြီးတော့ သူတို့ရဲ့ စတိတ်ခ်က ဘယ်လောက်တောင် အမှိုက်ဆန်လဲဆိုတာ အကဲဖြတ်ကြည့်ဦးမယ်….”

All Chapters