မင်းက ဒီလာပြီး ရှိုးလာပြနေတာလား
Vol. 42 Ch. 624
“ အကြံကောင်းပဲ….”
“ ဆိုးတာက အပြင်မှာ တန်းစီနေတဲ့ လူတွေက များနေတာ.. ငါမစောင့်ချင်ဘူး…”
“ လွယ်ပါတယ်…” နေသန် အပြုံးလေးဖြင့် ပြောလိုက်ပြီး ရှေ့ဆုံးတွင် တန်းစီနေသည့် လူငယ်စုံတွဲနား လမ်းလျှောက်သွားလိုက်၏။
နေသန် ရောက်လာသည်ကို မြင်တော့ လူငယ်စုံတွဲမှာ အေးခဲသွားခဲ့ပြီး တခဏ ကြာတော့မှ နေသန်နှင့် လူးဝစ်ကို မှတ်မိသွားလေသည်။
သူတို့လည်း ကျိုးဟိုင် နည်းပညာ တက္ကသိုလ်မှ ဖြစ်ပြီး နေသန်နှင့် လူးဝစ်ကို သိကြ၏။
“ ငါ့နာမည်က နေသန်…. ယူအက်စ်ကနေ ပညာတော်သင်လာတဲ့ နိုင်ငံတကာကျောင်းသားပဲ… ငါတို့ ဒီဆိုင်မှာ စားချင်လို့ မင်းတို့ နေရာ ဖယ်ပေးလို့ရလား…”
“ ငါတို့ရဲ့ နေရာကို ဖယ်ပေးရမယ်…”
ကောင်လေးမှာ မျက်နှာမလှတော့ချေ။ သူ၏ ချစ်သူကောင်မလေးမှာ သူ့နံဘေးတွင် ရှိနေလေသည်။ အကယ်၍ သူသာ ဒီတိုင်း သပ်သပ် နေရာဖယ်ပေးလိုက်မည်ဆိုပါက မျက်နှာပျက်လိမ့်မည် မဟုတ်ပါလော။
“ ငါတို့ ဒီခုလို ရှေ့တန်းရောက်ဖို့ နာရီဝက်လောက် တန်းစီထားရတာကွ… ဘာလို့ မင်းတို့တောင်းတိုင်း ဖယ်ပေးရမှာ…”
နေသန်ကြက်သေသေသွားခဲ့သည်။ သူ၏ တောင်းဆိုမှုကို အနှီ ကောင်လေးမှ ငြင်းပယ်လိုက်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ ငါ ဘာကောင်လဲ သိလား…” နေသန်ပြောလိုက်ပြီး “ ပြီးတော့ လူးဝစ်ရဲ့ အဖေက ပရော်ဖက်ရှင်နယ် ဘောက်ဆင်သမားဆိုတာလည်း မမေ့နဲ့…”
“ အဲ့တော့ ဘာလုပ်ပေးရမှာ…” ကောင်လေးမှ မလျော့စတမ်း ပြောလိုက်ပြီး “ မင်းစားချင်ရင် နောက်မှာ သွားတန်းစီ… ငါတို့ နေရာရဖို့တော့ စဉ်းတောင်မစဉ်းစားနဲ့….”
“ ဟမ့်… ငါတို့ကို အာခံရဲတယ်ဆိုတော့ တော်တော်ဇရှိတဲ့နေတယ်ပေါ့လေ….” လူးဝစ်ပြောလိုက်ပြီး “ အဆင်ပြေရင် စကားပြောချင်လို့ မင်း... ငါတို့နောက် လိုက်ခဲ့ရဲလား…”
“ ဘာလို့ မရဲရမှာ… မင်းလို မျက်နှာဖြူကောင်ကို ကြောက်တယ်များ ထင်နေလား….”
“ ကိုကို… နင့်အဆင့်အတန်းကို သူတို့နဲ့ တန်းတူဖြစ်အောင် နိမ့်ချမနေနဲ့..” ကောင်မလေးမှ ကောင်လေးလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ ချစ်သူမှ ရန်ဖြစ်လိုက်မည်ကို စိုးရွံ့နေရှာသည်။
လူးဝစ်နှင့် နေသန်တို့မှာ မကောင်းသတင်းဖြင့် ကျော်စောလျက်ရှိပြီး တကယ်တမ်း ရန်ဖြစ်ကြမည်ဆိုပါက သူမကောင်လေးမှာ ၎င်းတို့၏ ပြိုင်ဘက်ဖြစ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ကျောင်းမှ ထိုအကြောင်း သိသွားလျှင်တောင် အဆိုပါ နိုင်ငံခြားသားများကို အရေးယူပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မပတ်သက်သည်က ကောင်း၏။
“ သွားကြမယ်… ဘေဘီတို့ နောက်နေ့မှ လာစားလို့လည်း ရတယ်… သူတို့ကို လျစ်လျူရှုထားလိုက်….”
“ မဟုတ်ဘူး… ကိုတို့ ဒီနေ့ ဒီဆိုင်မှာ စားဖြစ်အောင်ကို စားမှာ….”
“ အိုက်ယား… ကိုကိုက ဘေဘီ့စကားကိုတောင်မှ နားမထောင်တော့ဘူးပေါ့…” မိန်းကလေးမှ ဆောင့်အောင့်ပြီး ပြောလိုက်ကာ သူမကောင်လေးကို အစွမ်းကုန်အားထုတ်၍ ထိုနေရာမှ ခေါ်ထုတ်သွားခဲ့လေသည်။
လူးဝစ်နှင့် နေသန်တို့ကတော့ ထိုမြင်ကွင်းကို လှောင်ရယ်လိုက်ကြသည်။
“ ဟားဟား… လကြောက်ကြီး ….”
လူငယ်စုံတွဲထွက်ခွာသွားပြီးနောက် နှစ်ယောက်မှာ အရှက်ကင်းမဲ့စွာဖြင့် စောနက နေရာတွင် ဝင်ရောက်တန်းစီလိုက်ကြလေသည်။
နောက်တွင် အလှည့်ကျ စောင့်ဆိုင်းနေသူများကတော့ ရွံရှာစက်ဆုပ်သည့် အမူအရာများကို ထုတ်ဖော်ပြထားကြ၏။
သို့သော်လည်း မလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်ရန်အတွက် မည်သူကမျှ သူတို့နှင့် အချင်းမများခဲ့ကြချေ။
မကြာမီ ကတ်စတန်မာများ အပြင်သို့ ထွက်လာခဲ့ကြပြီး လူးဝစ်နှင့် နေသန်တို့ ဆိုင်ထဲ ဝင်သွားခဲ့ကြ၏။
“ ဘော့စ်…”
ဆိုင်ထဲသို့ ဝင်ရောက်ပြီးနောက် လူးဝစ် အသံအကျယ်ကြီး အော်ခေါ်လိုက်သည်။ ၎င်း၏ အပြုအမူက ဆိုင်ထဲရှိ စားသုံးသူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်သွားစေကာ ပို၍ပင် ရွံရှာ စက်ဆုပ်သွားခဲ့ကြ၏။
ယခုနေရာမှာ ပြင်ပစားသောက်ဆိုင် ဖြစ်သော်လည်း စည်းမျဉ်းများကတော့ ကျောင်းကန်သင်းနှင့် ဆင်တူလေသည်။ သင် အော်ဒါမှာရမည့် အလှည့်သို့ရောက်ရန် စောင့်ဆိုင်းရမည်ဖြစ်၏။ သို့သော်လည်း ထိုနှစ်ကောင်ကတော့ အာရုံစူးစိုက်မှု ရရှိရန်အတွက် စူးစူးဝါးဝါး အော်ဟစ်နေကြလေသည်။
ရွံဖို့ကောင်းလိုက်တဲ့ကောင်တွေ….
ဒါလား စည်းကမ်းသိပ်ရှိလှပါတယ်ဆိုတဲ့ နိုင်ငံခြားသားတွေ….
အပြင်ဘက်မှ အော်ဟစ်သံများကို ကြားတော့ ဝမ်ရင်း သူမလက်ကို ပုဝါဖြင့် သုတ်လိုက်ပြီး “ နင် လုပ်စရာရှိတာ ဆက်လုပ်…ငါတစ်ချက်သွားကြည့်ကြည့်လိုက်မယ်…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘာမျှ ပြန်မပြောချေ။
“ ဘာစားမလဲ…” ဝမ်ရင်း ထွက်လာပြီးနောက် မေးလိုက်၏။
လူးဝစ်မှာ လင်းရီကို ကြည့်ရန် ရောက်လာသော်လည်း ဝမ်ရင်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင်တော့ ကြက်သေသေသွားကာ မည်သို့မျှ အကြည့်မခွာနိုင်တော့ချေ။
အမေရိကားတွင် ကိုးရီးယားကဲ့သို့ ပိန်ပိန်ချပ်ချပ် မိန်းကလေးများက နာမည်မကြီးပဲ ထိုအစား တုတ်တုတ်ခိုင်ခိုင်နှင့် ကျန်းမာရေးကောင်းသည့် အယ်စတုံကြီးများကို လူကြိုက်များကြလေသည်။
ဝမ်ရင်း၏ ကိုယ်လုံးကိုယ်ပေါက်မှာ အမေရိကားနှင့် ဥရောပရှိ အမျိုးသမီးများနှင့် ယှဉ်ပါက ဝဖိုင့်သည်ဟု မဆိုသာသော်လည်း ပိန်သင့်သည့် နေရာပိန်၍ ဖောင်းသင့်သည့် နေရာတွင် ဖောင်းလေသည်။ အနှီအာရှသူလေး၏ အလှတရားကား အနောက်ဥရောပနိုင်ငံသားတို့ကပင် မျက်ကွယ်မပြုနိုင်သည့် ပြိုင်စံရှား အလှလေးဖြစ်၏။
“ အလှလေး… ဒီမှာ prime-grade စတိတ်ခ်ရလား…” (အကောင်းဆုံးအဆင့် အမဲသား)
“ ရတယ်…” ဝမ်ရင်း ပြောလိုက်ပြီး “ တခြား ဘာလိုချင်သေးလဲ…”
သူမ အရောင်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ဈေးကြီးသည့် စားသောက်ဆိုင်များသို့ မကြာခဏရောက်ဖူးသောကြောင့် Prime-grade စတိတ်ခ်မှာ အကောင်းဆုံးဖြစ်ကြောင်း သိလေသည်။
ယခုဆိုင်တွင် Prime-grade စတိတ်ခ် အော်ဒါမှာ၍ ရသောကြောင့် နှစ်ယောက်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ ဟွာရှ၌ နေထိုင်သည်မှာ နှစ်ဝက်ကျော်ပြီးဖြစ်သော်လည်း Prime-grade စတိတ်ခ် စစ်စစ်ကိုတော့ မစားဖူးသေးချေ။
“ ဒီမှာ ဝိုင်နီကော ရလား..” လူးဝစ် မေးလိုက်၏။
“ ရတယ်… ဝိုင်နီက မီနူးပေါ်မှာ မရှိဘူးဆိုတော့ ဝိုင်သိုလှောင်ခန်းထဲမှာ နင်တို့ ကြိုက်တဲ့ တံဆိပ် သွားရွေးလို့ရတယ်…”
“ ဒါဆို ဒီက အလှလေးကပဲ ရွေးပေးပါလား… မင်းဘယ်လောက်ထိ ကျွမ်းကျင်လဲ တစ်ခါတည်း သိရတာပေါ့…” လူးဝစ် စနောက်လိုက်၏။
“ ဆောရီးပဲ… ကျွန်မ ဝိုင်နီအကြောင်း ဘာမှ မသိဘူး… ဒီတော့ နင်တို့ သောက်ချင်တဲ့ ဝိုင်သာ သောက်ကြ…”
သူမ စက်ဆုပ်အထင်မြင်သေးနေသော်လည်း ဝမ်ရင်း သူမမျက်နှာပေါ်တွင် မပေါ်အောင် ကျွမ်းကျင်စွာ ဖုံးကွယ်ထားသည်။
ယင်းကလည်း သူမ လင်းရီ၏ စီးပွားရေးကို ထိခိုက်မှာ စိုးသောကြောင့် ဖြစ်၏။
လူးဝစ် ပခုံးတွန့်လိုက်ပြီး “ ဒါဆိုလည်း ကိုယ့်ဘာကိုယ် ကျပန်း တစ်ပုလင်း ရွေးလိုက်တာပေါ့..”
အော်ဒါမှတ်ပြီးနောက် ဝမ်ရင်း မီးဖိုချောင်ထဲသို့ ပြန်လာကာ လင်းရီကို ဆက်လက် ကူညီပေးလေသည်။ နှစ်ယောက်မှာ တက်ညီလက်ညီ အဆင်ပြေပြေနှင့် အလုပ်ဆက်လုပ်နေခဲ့ကြ၏။
“ စတိတ်ခ် အဆင်သင့်ဖြစ်ပြီ…”
“ အင်း…ငါ သွားပို့လိုက်မယ်…”
ဝမ်ရင်း စတိတ်ခ်ကို ဘေးတွင် ချထားလိုက်ပြီး နိုင်ငံခြားသားနှစ်ယောက်၏ ရိုင်းစိုင်းသည့် အကြည့်များကို ကာကွယ်ရန် အပေါ်ထပ် ကုတ်ကို ဝတ်ဆင်လိုက်သည်။
အစားအသောက်ကို သွားပို့ပေးပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ရောက်လာကာ ကုတ်အင်္ကျီကို တစ်ခါတည်း ချွတ်လိုက်၏။
အဖြစ်အပျက်များမှာ လျှင်မြန်လွန်း၍ လင်းရီပင် သတိမမူမိလိုက်ချေ။
အချိန်မည်မျှကြာမှန်းမသိအောင် ကုန်ဆုံးပြီးနောက် ဆိုင်ထဲတွင် လူတစ်ချို့ အငြင်းပွား အချင်းများနေကြလေသည်။ အသံများမှာ တစ်စထက်တစ်စ ကျယ်လောင်လာပြီး မီးဖိုချောင်ထဲမှ ကြားနိုင်သည်အထိ ဖြစ်ပျက်လာခဲ့၏။
“ဒါ အများပြည်သူ စားသောက်တဲ့နေရာ… ဒီနေရာမှာ ဆေးလိပ်လာမသောက်နဲ့…” ဆံပင်အရှည်နှင့် မိန်းကလေးမှာ သူမရှေ့ရှိ ဆေးလိပ်သောက်နေသူကို အထင်သေးစွာ ကြည့်ရင်း ပြောလိုက်၏။
“ ဒီမှာ ဆေးလိပ်မသောက်ရ ဆိုတဲ့ ဆိုင်းဘုတ် ကပ်ထားလား… မကပ်ထားဘူး… အဲ့တော့ ဆေးလိပ်သောက်လည်း ဘာမှ မဖြစ်ဘူးဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား..” လူးဝစ် ကတ်သီးကတ်သတ် စကားပြောလိုက်၏။
“ ဒါပေမယ့် ဒါက စားသောက်ဆိုင်လေ… ပြီးတော့ ဆိုင်ကလည်း သေးတယ်… နင်က ဆေးလိပ်သောက်နေမှတော့ သူများ ရောဂါအခံရှိတဲ့ သူတွေကို ဒုက္ခဖြစ်စေတာပေါ့…”
“ အဲ့တော့ ဘာဖြစ်လဲ… ငါဖြစ်တာမှ မဟုတ်တာ…” လူးဝစ် ပြောလိုက်ပြီး “ ဟွာရှန့်ဆိုင်လေးက ဘာမှတာ မဟုတ်တာ သောက်စည်းကမ်းတွေက ပေါသောနေတာပဲ…”
“ သူဌေး…. စားသောက်ဆိုင်ထဲမှာ ဆေးလိပ်သောက်နေလို့ လာပြောပေးပါဦး…”
ချက်ပြုတ်ပြီးနောက် လင်းရီ အပြင်သို့ ထွက်လာခဲ့သောအခါ ပြင်းထန်သည့် ဆေးလိပ်နံ့ကို ရရှိလိုက်၏။ ပုံမှန်ဆိုပါက အနံ့ သိပ်မပြင်းသော်လည်း သေးငယ်သည့် ဆိုင်အနေအထားနှင့် ဟင်းပွဲတို့၏ ရနံ့တို့ကြောင့် ဆေးလိပ်အနံ့မှာ ပို၍ စူးရှပြီး သိသာနေလေသည်။
“ သူဌေး… ဒီလူတွေ ဆိုင်ထဲ ဆေးလိပ်သောက်နေကြတာ တစ်ဆိုင်လုံးလည်း ဆေးလိပ်နံ့တွေချည်းပဲ…” ဆံပင်အရှည်နှင့် မိန်းကလေးမှ ပြောလိုက်၏။
လင်းရီ ထိုမိန်းကလေးကို ဘာမျှပြန်မပြောပဲ ထိုအစား လူးဝစ်နှင့် နေသန်တို့ကို ကြည့်ကာ “ ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့် မပြုထားဘူး…သောက်ချင် အပြင်မှာ သွားသောက်..” လင်းရီ ပြောလိုက်သည်။
“ မင်းဆိုင်ကလည်း စည်းကမ်းချက်တွေ များတာကွာ… တခြားဆိုင်တွေမှာဆို သောက်လို့ရပါတယ်…” လူးဝစ်ပြောလိုက်ပြီး” ပြီးတော့ ငါတို့က စားလို့တောင် မပြီးသေးတာကို မင်းက မောင်းထုတ်တော့မလို့လား…”
“ မင်း ဒီမှာ ဆက်စားမယ်ဆိုရင် စီးကရက်မီးကို ငြိမ်းလိုက်…”
“ ရတယ်… ဒါပေမယ့် ဆေးလိပ်က တစ်ဝက်ပဲ သောက်ရသေးတာဆိုတော့ ခု ငြိမ်းလိုက်မယ်ဆိုရင် နှမြောစရာကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား….” လူးဝစ် အပြုံးလေးဖြင့် ပြောလိုက်၏။ သူ့တွင် ဆေးလိပ်မီးငြိမ်းရန် ရည်ရွယ်ချက်ကား မရှိ။
"အဲ့တာဆို အပြင်ထွက်ပြီးသောက် ..."
"ဒါပေမယ့် ငါမှာထားတဲ့ စတိတ်ခ်က တစ်၀က်ကြီးများတောင် ကျန်သေး........."
"မင်းမေလင်သွားတွေက စောက်ရမ်းကောင်းနေတော့ လက်ဝါးလာတောင်းနေတာလား..."လင်းရီ စိတ်မရှည်တော့ပဲ ဆဲလိုက်လေသည်။
လင်းရီဆဲသည့်အသံကို ကြားတော့ လူး၀စ် ကြက်သေသေသွားပြီး အချိန်မှီ မတုံ့ပြန်နိုင်လိုက်ချေ။ ဆိုင်ရှင်မှ သူ့ကို ဆဲလာလိမ့်မည်လို့ သူ လုံး၀ ထင်မှတ်မထားပေ။
ယင်းဖြစ်ရပ်က ဆိုင်ထဲရှိ အမျိုးသမီး ကတ်စတန်မာများကို စိတ်လှုပ်ရှားသွားစေသည်။
ဆိုင်ရှင်က အရမ်း ယောက်ျားပီသတာပဲ.. ပြီးတော့ ဆွဲဆောင်မှုကလည်း အရမ်းရှိ...
"မင်းတို့ နှစ်ယောက်... ဆေးလိပ်မီးငြိမ်းမလား.. ဒါမှမဟုတ် ဆိုင်အပြင်မှာ ဆေးလိပ်သွားသောက်မလား...ယီးတီးယားတားတွေတော့ လာမပြောနဲ့.. ငါက သိပ်စိတ်ရှည်တဲ့ကောင်မဟုတ်ဘူး...."
လူး၀စ် ထိုင်ခုံနောက်ကျောသို့ မှီ၍ ခြေတင်ချိတ်လိုက်ပြီး လက်ထဲတွင်လည်း စီးကရက်ကို ကိုင်ကာ လင်းရီကို ရွှတ်နောက်နောက်လိုက်သည်။
"ငါက ဆေးလိပ်သောက်ရင်း စားချင်နေတယ်ဆိုရင်ကော... မင်း ဘာလုပ်မလဲ..."
"အဲ့တော့လည်း မင်းတောင်းဆိုတဲ့ အတိုင်းပဲပေါ့..."
လူး၀စ် ပြုံးလိုက်ကာ ဘေးစားပွဲဝိုင်းရှိ ဆံပင်ရှည်ရှည်နှင့် မိန်းကလေးကို ကြည့်ရင်း "မင်းမြင်လား... သူများတွေက ဒီမှာ ဆေးလိပ်သောက်လို့ မရဘူး.. ဒါပေမယ့် ငါကတော့ရတယ်... အဲ့တာ ကွာခြားချက်ပဲ... ဒီတော့ စကားများများ မပြောနဲ့.. ဒီဆိုင်က စတိတ်ခ်နဲ့ ဝိုင်က တကယ်မဆိုးဘူး.. ငါတို့ ဇိမ်နဲ့ စားသောက်......"
လူး၀စ် စကားတစ်၀က်တစ်ပျက်နှင့် ရပ်တန့်လိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် လင်းရီမှာ သူ့လက်ထဲရှိ ဆေးလိပ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး လက်ကျန် စတိတ်ခ်တစ်၀က်ပေါ်သို့ ဖိချေရင်း တရှဲရှဲမြည်သံများပင် ထွက်ပေါ်နေလေသည်။
လူတိုင်း ကြောင်အနေပြီး လင်းရီ၏ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေကြစဉ် လင်းရီ လူး၀စ်၏ ဆံပင်ကို အားနှင့် ဆွဲလိုက်ပြီး ပန်းကန်ပြားနှင့် တအား ဖိကပ်ပစ်လိုက်၏။
အား.....
ကွဲကြေသွားသည့် ပန်းကန်နှင့်အတူ ခွေးအကြီး လှည်းနင်းသကဲ့သို့ လူး၀စ်၏ နာကျင်စွာ အော်ညဉ်းသံက ထွက်ပေါ်လာခဲ့လေသည်။
ထိုအခါ စားသောက်နေကြသည့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။ လင်းရီ၏ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လှကာ မည်သူကမျှ မတုံ့ပြန်လိုက်နိုင်ချေ။
"ငါ့ကိုလွှတ်..."
လူး၀စ် လက်နှစ်ဖက်ဖြင့် အားကုန်ထုတ်၍ ဆံပင်ဆွဲထားသည့် လင်းရီလက်ကို ဆုပ်ကိုင်ရင်း ရုန်းကန်လိုက်သည်။
သူ လင်းရီလက်မှ လွတ်မြောက်ချင်နေလေသည်။ သို့သော်လည်း မကြာမီ အချည်းနှီးသာဖြစ်ကြောင်း သတိပြုမိလိုက်၏။
"မင်းပဲ စီးကရက်သောက်ရင်း စားချင်နေတာ မဟုတ်ဘူးလား... မင်းကို အဲ့လိုလုပ်နိုင်အောင် ဖန်တီးပေးလိုက်ပြီလေ... အဲ့မှာ စားစမ်း... "
" မင်း... မင်းတို့ ဘောမရှိတဲ့ ဟွာရှန့်တွေက ချုံခိုပဲ တိုက်ခိုက်တတ်တာလားကွ... အစွမ်းအစရှိရင် ပွင့်ပွင့်လင်းလင်း တိုက်စမ်း....."လူးဝစ် ရုန်းကန်ရင်း မခံချိမခံသာဖြစ်အောင် ပြောလိုက်သည်။
“ ရတယ်လေ…”လင်းရီ လူးဝစ်ကို လွှတ်ပေးလိုက်၏။ ထိုအခါ စတိခ်ပေါ်ရှိ အစာပလာတို့က လူးဝစ်မျက်နှာပေါ်တွင် အပြည့်ဖြစ်နေလေသည်။
ထိုအခိုက်အတန့်တွင်တော့ လူးဝစ်မှာ အမျက်ချောင်းချောင်းထွက်နေသည့် ကျားရိုင်းသားကောင်ကဲ့သို့ ဖြစ်နေပြီး လင်းရီကို ဝါးမျိုချင်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်၏။
“ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ… မင်းက သေချင်နေတာပဲကွ…”
ဘောက်ဆင်လေ့ကျင့်ထားသူပီပီ လူးဝစ် ညာဝိုက်လက်သီးဖြင့် လင်းရီကို ထိုးလိုက်၏။
ပထမအဆင့် တိုက်ခိုက်ရေးစွမ်းရည်နှင့် ပြီးပြည့်စုံသည့် ခန္ဓာတို့ကြောင့် လင်းရီ၏ တိုက်ပွဲဝင်စွမ်းအားမှာ ထိပ်တန်းအဆင့်သို့ရောက်ရှိနေချေပြီ။ လင်းရီ၏ ရှုထောင့်မှ ကြည့်လျှင်တော့ လူးဝစ်၏ တိုက်ကွက်က သုံးတန်းကလေးငယ် ရန်ဖြစ်ရင်း လျှောက်ဝှေ့ယမ်းနေသည့် အလားပင်။
သူ လူးဝစ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ဆောင့်ဆွဲလိုက်၏။ ထိုအခိုက်အတန့်တွင် လူးဝစ် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ လင်းရီအလိုကျရှေ့သို့ ပါလာခဲ့လေသည်။
ဒီလူက သူ့ထက်ပိုပြီး အားကောင်းတယ်…
လူးဝစ်ဟန်ချက်ပျက်သွားခဲ့ပြီး လင်းရီ သူ့နောက်ကျောကို ကန်ကာ မြေပြင်သို့ လဲသိပ်လိုက်၏။
“ အိုး ဘုရားရေ… သူဌေးက အရမ်းတော်တာပဲ…”
စားသောက်ဆိုင်ထဲရှိ လူတစ်ချို့မှာ လူးဝစ်နှင့် နေသန်တို့က သွားရှုပ်လို့ကောင်းသည့် လူများ မဟုတ်ကြောင်း သိလေသည်။ ယနေ့တွင်တော့ ထိုလူများက ခန့်ညားသည့် ဆိုင်သူဌေးလေး၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
ကြည့်ရတာ အရသာရှိလိုက်တာကွာ…
လူးဝစ် ခက်ခဲစွာ ကုန်းရုန်းထလိုက်ပြီး လင်းရီကို အကြောက်တရားတို့ ကြီးစိုးနေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။
“ မင်းက ဒီလာပြီး ရှိုးလာပြနေတာလား…” လင်းရီ အေးစက်စွာ ပြောလိုက်သည်။
“ ငါက အမေရိကန် နိုင်ငံသား… မင်း ဘယ်လိုတောင် ရိုက်ရဲတာလဲကွ…. ဒီကိစ္စ ဒီမှာတင် မပြီးသေးဘူး..”
“ ဟုတ်လား… ဆိုတော့ မျက်နှာဖြူကောင် ဘယ်နှစ်ကောင်တောင် ပို့ချင်သေးတာ…’
ပြောရင်း ဆိုရင်း လင်းရီ ခြေကန်ချက်တစ်ချက် ထုတ်လိုက်ကာ လူးဝစ် နှာခေါင်းရိုး ကျိုးသွားလေသည်။
အား……
အော်ဟစ်သံမှာ ဆိုင်ထဲတွင် စူးဝါးစွား ထွက်ပေါ်လာခဲ့ပြီး လူးဝစ် သူ့နှာခေါင်းကို အုပ်ရင်း ကြမ်းပြင်ပေါ်တွင် နာကျင်စွာဖြင့် လူးလိမ့်နေတော့၏။
“ ထပ်ပြောဦးလေ…ငါက အမေရိကန်နိုင်ငံသားလို့ …”
“ မ…မပြောတော့ဘူး…”
“ မင်းကကော…” လင်းရီ နေသန်ကို စိုက်ကြည့်လိုက်၏။
“ ငါ… ငါလည်း မပြောတော့ဘူး… ငါလည်း အမေရိကန် နိုင်ငံသားမဟုတ်ဘူး… မင်း လက်မလှုပ်နဲ့နော် …”
“ အမှိုက်တွေ….အချိန်လာဖြုန်းမနေနဲ့…” လင်းရီ စိတ်မရှည်စွာ ပြောလိုက်ပြီး “ မြန်မြန် ပိုက်ဆံပေးပြီး ဒီကလစ်တော့…”
“ဟုတ် ဟုတ် … ခုပဲ ပိုက်ဆံပေးပါ့မယ်…”
“ စုစုပေါင်း ယွမ် ၁၄၀,၀၀၀ ကျတယ်.. ငွေသားနဲ့ ပေးမလား.. ကတ်နဲ့ပေးမလား…”
“ ၁၄၀,၀၀၀….”
လူးဝစ်နှင့် နေသန်သာမက ဆိုင်ထဲရှိ လူတိုင်း ကြက်သေသေသွားကြလေသည်။
ဟင်းလျာတွေက ဈေးကြီးတယ်ဆိုပေမယ့် အဲ့လောက်ထိ ဈေးကြီးတာကတော့ မဖြစ်သင့်ဘူးမလား…
သူဌေးက ဒီလောက် ခန့်ညားနေတာကို ပွင့်ပွင့်လင်းလင်းကြီး ငွေညစ်နေတာလည်း မဖြစ်နိုင်ပါဘူး…
“ စတိတ်ခ်က ၂,၈၀၀ … ကျန်တာက ဝိုင်နီဖိုး… အဲ့တာ လေးနှစ်သက်တမ်းရှိတဲ့ Romanee Conti …. မင်းထင်နေတာ အဲ့ဝိုင်ကို ဈေးပေါတယ် ထင်နေတာလား…”
နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြ၏။ သူတို့ အထင်သေးပြီး ဘာမျှမကြည့်ပဲ ကြုံရာ ဆွဲထုတ်လိုက်သည့် ဝိုင်ပုလင်းက ထိုမျှ ဈေးကြီးနေသည်လော။
လင်းရီ၏ စကားလုံးများက ဆိုင်ထဲရှိ လူတိုင်းကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။
အဲ့လောက် ဈေးကြီးတဲ့ဝိုင်က ရှိသေးတာလားဟ…
သေချာတာကတော့ ငါတို့လို သာမန်လူတွေနဲ့ မအပ်ဆက်ဘူးဆိုတာပဲ….
“ ငါ… ငါတို့မှာ အဲ့လောက် ပိုက်ဆံ အများကြီး မရှိဘူး…”
“မင်းတို့မှာ ပိုက်ဆံမရှိဘူး..” လင်းရီ လေသံတင်းမာသွားပြီး “ ဒါဆို မင်းတို့က အလကားလာစားတာလား…”
“ မဟုတ်ပါဘူး.. ငါတို့ဆိုလိုတာ… ငါတို့ကို ရက်နည်းနည်းလောက်ပေး… ပိုက်ဆံစုပြီးလာပေးပါ့မယ်… ငါတို့ကို ဘာမှမလုပ်ပါနဲ့…” နေသန် အသံတုန်တုန်ဖြင့် ပြောလိုက်၏။
လူးဝစ် ဆိုးဆိုးရွားရွား အရိုက်ခံထားရသည်ကို မြင်တော့ နေသန် သေးထွက်ကျလုမတတ် ကြောက်ရွံ့သွားခဲ့လေသည်။
သူ့ခန္ဓာကိုယ်က လူးဝစ်လောက် မသန်မာချေ။ အကယ်၍ သူသာ ထိုကဲ့သို့ အရိုက်ခံရမည်ဆိုပါက ချက်ချင်း ဆေးရုံရောက်သွားနိုင်လေသည်။
“ လင်းရီ…”
ဝမ်ရန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး “ နင့်ဒေါသကိုလည်း နည်းနည်းပါးပါးထိန်းဦး… သူတို့ကို ငါတို့ကိုယ်တိုင် ကိုင်တွယ်တာက မကောင်းဘူး...ရဲလက်ထဲပဲ လွှဲလိုက်ကြရအောင်…”
“ အင်း… အဲ့လိုလည်း ရတာပဲ…”
လင်းရီ ချက်ချင်းသဘောတူလိုက်၏။ ယင်းနည်းလမ်းက ယခုအခြေအနေနှင့် အသင့်တော်ဆုံးနည်းလမ်းပင်။ အနှီ ငနွားများကို ဆက်ထားနေပါကလည်း သူ၏ စီးပွားရေးကို နှောင့်နှေးထားသလို ဖြစ်ပေလိမ့်မည်။
အကယ်၍ သူတို့ကို ပြန်လွှတ်လိုက်ပြန်လျှင်လည်း စူဌလိပ် ရေထဲလွှတ်လိုက်သကဲ့သို့ ဖြစ်ပြန်ပေဦးမည်။
ထို့ကြောင့် ရဲများကို ကိုင်တွယ်ခိုင်းသည်က အကောင်းဆုံးနည်းလမ်းဖြစ်၏။
ဝမ်ရင်း သူမဖုန်းထုတ်၍ ရဲခေါ်ရန် ဟန်ပြင်လိုက်သည်။ သူမတို့ဘက်က မှန်ကန်နေသောကြောင့် ရဲများက သေချာပေါက် တရားမျှတမှုကို ရှာဖွေပေးပေမည်။
“ သူဌေး… နင် ရဲခေါ်လိုက်တာက အကြံကောင်းတော့ မဟုတ်ဘူးနော်…” ဆံပင်အရှည်နှင့် မိန်းကလေးမှ ပြောလိုက်၏။
“ အမ်… ဘာလို့တုန်းဟ…”
“ သူတို့က နိုင်ငံခြား ပညာတော်သင် ကျောင်းသားတွေလေ…. ရဲတွေက သူတို့ဘက်ကနေ သေချာပေါက် ရပ်တည်ပေးမှာ…” မိန်းကလေးမှ ပြောလိုက်ပြီး “ မှတိမိပါသေးတယ်...အရင်တုန်းက သူတို့ နိုင်ငံခြားကျောင်းသားတွေ ဒေသခံတွေနဲ့ ရန်ဖြစ်တော့ နာရီ၀က်လားပဲ ကြာတော့ ပြန်လွတ်လာခဲ့တာ… ပြီးတော့ တစ်ဖက်သူကတောင် သူတို့ကို လျော်ကြေး ပြန်ပေးလိုက်ရသေးတယ်…”
“ တကယ်…” လင်းရီ အံ့အားသင့်သွားခဲ့၏။
“ အမှန်ပဲ… ကျွန်တော် တစ်ယောက်လုံး အာမခံပေးလို့ရတယ်…” ကောင်လေးတစ်ယောက်မှ ပြောလိုက်ပြီး “ ကျွန်တော့်အမြင်ရတော့ ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီးတော့ သူတို့နှစ်ယောက်ကို ပိုက်ဆံ ပြန်ယူခိုင်းလိုက်တာ ကောင်းမယ်…”
“ သဘောတူတယ်…. မဟုတ်ရင် သူတို့ဘက်ကတောင် သူဌေးကို တရားမဝင်ဆိုင်ဖွင့်ပြီးတော့ ဈေးတွေ အဆမတန်တင်ထားပါတယ်ဆိုပြီး ပြန်စွပ်စွဲနေကြဦးမှာ… အဲ့လိုသာဆို ပိုက်ဆံ ပြန်မရတဲ့အပြင် ကိုယ်ကပါ ပြန်ပေးရကိန်း စိုက်နေဦးမယ်…”
ထိုစကားကို ကြားတော့ ကြမ်းပြင်တွင် လဲနေသည့် လူးဝစ် ပြုံးလိုက်၏။
လက်ရှိ အခြေအနေအရတော့ ရဲခေါ်လိုက်သည်က သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။ သူနှင့် နေသန်မှာ အမေရိကန်နိုင်ငံမှ ပညာတော်သင်ကျောင်းသားများဖြစ်ကြ၏။ ထို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးအရ ယခုကိစ္စကို အကျယ်ချဲ့ဝံ့မှာ မဟုတ်ပဲ သူတို့ဘက်ကပင် ရပ်တည်ပြောဆိုပေးကြမည်မှာ သေချာပေါက်ပင်။
ထိုအချိန်သည်ကား သူ လက်စားချေရန် အကောင်းဆုံးအချိန်ဖြစ်၏။