← Chapters

ရဲတွေက ဒီလိုပဲ ပြန်သွားကြတာလား

Vol. 42 Ch. 625

ရဲတွေက ဒီလိုပဲ ပြန်သွားကြတာလား

Vol. 42 Ch. 625

“ မဟုတ်ဘူး… ငါတို့ ရဲခေါ်ဖို့လိုတယ်…” လူးဝစ် အားတက်သရော ပြောလိုက်၏။

“ မဟုတ်ဘူးနော်… သူဌေး… ရှင် ရဲခေါ်လို့မရဘူး…” ဆံပင်အရှည်နှင့် မိန်းကလေးမှ ပြောလိုက်သည်။

“ အဲ့တာ ငါတို့ ကိစ္စ …သောက်ကောင်မ… မင်းစောက်ပါးစပ်ကို ပိတ်ထားစမ်း…”

ဝှစ်….

လင်းရီ လူးဝစ် သောက်ခွက်ကို ထပ်မံ ဖြတ်ကန်လိုက်၏။

“ မင်းငါ့ ကတ်စတန်မာကို ဘယ်လိုလေသံနဲ့ ပြောနေတာတုန်းကွ…”

“ ဟုတ် ဟုတ် …. ငါ စကားပြောသွားမှားသွားတာ….”

အကန်ခံရပြီးနောက် လူးဝစ်မှာ ချက်ချင်း အပိုးကျိုးသွားကာ အသံတစ်သံပင် မထွက်ရဲတော့ပဲ ကြမ်းပြင်ပေါ်၌ လဲလျောင်းနေတော့၏။

“ သူဌေး …ငါ့စကားကိုနားထောင်… ငါတို့ ရဲခေါ်လို့မရဘူး…”

“ အဆင်ပြေပါတယ်… တရားမျှတမှုက လူတိုင်းရဲ့ ရင်ဘက်ထဲမှာ ရှိပြီးသားပဲ… ငါတို့က ဒီကိစ္စမှာ မှန်တဲ့ဘက်က… ဆိုတော့ ဘာကြောက်စရာရှိလို့…”

အမှန်ပင်။ သို့သော်လည်း ဆိုင်ထဲရှိ ကျောင်းသား/သူများကတော့ အနည်းငယ် စိုးရိမ်ပူပန်နေကြသေး၏။

သူဌေးက ငယ်သေးတော့ အဲ့လို ကိစ္စမျိုးတွေ တွေ့ကြုံဖူးသေးမှာ မဟုတ်ဘူး… ဒါကြောင့်မို့ အခြေအနေတွေက ဘယ်လောက်ဆိုးလဲဆိုတာ နားမလည်သေးတာနေမှာ…

များမကြာမီ ဆိုင်အပြင်၌ ရဲကားသံများ ထွက်ပေါ်လာပြီး ခရိုင်ရဲဌာနမှ ရဲအရာရှိများ ဝင်ရောက်လာကြသည်။

“ ဘဒို ရဲတွေလာနေပြီ….”

ရဲတွေကို မြင်တော့ လူးဝစ်နှင့် နေသန်တို့မှာ ၎င်းတို့၏ ကယ်တင်ရှင်ကို တွေ့မြင်လိုက်ရသည့်အလား အူးယားဖားယား ပြေးတိုင်ကြတော့၏။

“ ရဲအရာရှိကြီး… ဒီဟွာရှန့်ကောင် ငါတို့ကို ရိုက်တယ်… ပြီးတော့ စတိတ်ခ် အတုနဲ့ ဝိုင်တွေ ချပေးပြီးတော့ ငါတို့ဆီက ယွမ် တစ်သိန်းကျော်တောင် လာညစ်နေတာ…. မင်း ဒီကိစ္စကို သေချာဖြေရှင်းပေးရမယ်….”

ဆိုင်ထဲရှိ ရုန်းရင်းဆန်ခက်ကို မြင်တွေ့လိုက်ရသည့်‌ ကျောင်းသူ/သားတိုင်း ၎င်းမြင်ကွင်းကို အေးစက်စွာ မျက်မှောင်ကြုတ်ရင်း ကြည့်နေကြ၏။

ကိစ္စများကတော့ သူတို့ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာချေပြီ။

ဤလူများမှ စတင်ရန်ရှာကြောင်း ရှင်းလင်းနေပါသော်လည်း ခံရသူနေရာမှ နေ၍ မျက်ရည်ထိုးခံ စကားပြောနေကြသည်။

မည်မျှ ရှက်ဖို့ ကောင်းလိုက်ပါသနည်း။

“ ရဲအရာရှိကြီး.. သူတို့ပြောတာတွေ တစ်ခုမှ မဟုတ်ဘူး…” ဝမ်ရင်း မတ်တပ်ရပ်၍ ရှင်းပြလိုက်ပြီး “ သူတို့က ဆိုင်ထဲမှာ ဆေးလိပ်အရင်သောက်တာ… ကျွန်မတို့ဆိုင်က စည်းမျဉ်းတွေကိုလည်း မလိုက်နာဘူး… ပြီးတော့ ကျွန်မတို့ဆိုင်က အစားအသောက်တွေ ဈေးကြီးတယ်ဆိုပေမယ့် လုံးဝ စစ်မှန်တယ်…. ယွမ် တစ်သိန်းကျော် ကျတယ်ဆိုတာ သာမန်ပဲ….”

“ စစ်မှန်တယ်… မင်းထင်နေတာ မီချယ်လင်းကြယ်သုံးပွင့်ဆိုင် ထင်နေတာလား…” နေသန်ပြောလိုက်ပြီး “ ငါ ယေရှုရဲ့ အမည်နာမကို တိုင်တည်ပြီးတော့ ကျိန်ရဲတယ်… အဲ့ဒီ စတိတ်ခ်က အတုတွေ…. ပြီးတော့ ဝိုင်ကောပဲ… နှစ်ခုကုန်ကျစရိတ်က ယွမ် ၅၀ တောင် မကျော်သင့်တာကို မင်းတို့က တကယ်ကြီး ယွမ် တစ်သိန်းကျော် လိုချင်နေတယ်ပေါ့လေ.. ဒါကြီးက လွန်ကျူးသွားပြီ…. နေ့ခင်းကြောင်တောင် ဓားပြနေတာပဲ…. ဘုရားက မင်းတို့ကောင်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”

နေသန်၏ အရှက်တရား ကင်းမဲ့လွန်းလှသည့် စကားလုံးများကို ကြားတော့ အခြားကျောင်းသားများမှာ မည်သို့မျှ သည်းမခံနိုင်တော့ပဲ “ အရာရှိကြီးတို့… ဒီကောင်တွေ လိမ်နေတာ… ဆိုင်ရှင် မမှားဘူး… ဒီကောင်တွေ ဆေးလိပ်အရင်ဆုံး စသောက်တာ….”

“ ဟုတ်တယ်… ကျွန်တော်တို့ သက်သေခံပေးလို့ရတာ… အဲ့ နိုင်ငံခြားသားနှစ်ယောက်က ဆေးလိပ်အရင်စသောက်တာ….”

“ ရပ် ရပ် ရပ်… အားလုံး တိတ်ကြ…” အမျိုးသား ရဲအရာရှိမှ ပြောလိုက်ပြီး “ ငါတို့ ဒီကိစ္စကို သေချာလေး စုံစမ်းစစ်ဆေးသွားမယ်…”

“ ဘာမှ စုံစမ်းစစ်ဆေးနေစရာ မလိုဘူး…” လင်းရီ ပြောပြီးနောက် လူးဝစ်နှင့် နေသန်ကို ကြည့်ကာ “ ငါ ရဲခေါ်လိုက်တယ်ဆိုတာက အချိန်ကုန်သက်သာအောင်လို့…အဲ့ဒါမှ ငါ ဈေးဆက်ရောင်းလို့ရမှာ… ဒါပေမယ့် ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်နေတဲ့ မင်းတို့က နည်းနည်းလေး ယောက်ျားမဆန်သလိုပဲ…. မင်းမှာ ဘောတွေပါတယ်ဆိုရင် အမှန်ကို အမှန်အတိုင်း ဝန်ခံလိုက်….”

“ ငါ လချီးကို ဝန်ခံပါလား… မင်းငါ့ကို အရင်ထိုးတာ မဟုတ်ဘူးလား… ငါတို့က ဘာမှပြန်မလုပ်ဘူး…အဲ့တော့ အပြစ်ကင်းတယ်…” လူးဝစ် ပြောလိုက်၏။

“ ဟမ့် ရဲတွေ မလာခင်တုန်းက ဖင်တုန်အောင်ကြောက်နေတဲ့ကောင်ကများ ခု ပြန်ပြောရဲနေတယ်ဆိုတော့….ဘာလဲ… မင်းထင်နေတာ ရဲတွေရောက်လာတာနဲ့ပဲ မင်းကို ကျောက်ထောက်နောက်ခံ ပြုပေးမယ်လို့ ထင်နေတာလား…”

“ ငါက အမေရိကားသားကွ… ရဲတွေက သေချာပေါက် ကူညီပေးမှာပဲ… ငါတို့ခုလို ဟွာရှမှာ အနိုင်ကျင့်ခံနေရမှန်း နိုင်ငံက သိရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ…”

လင်းရီ ဒေါသထွက်စွာ ရယ်မောလိုက်ပြီး “ငါ အသက်ရှင်လာတာ အနှစ်နှစ်ဆယ်ကျော်ပြီ… ဒါပေမယ့် မင်းလောက် သူရဲဘောကြောင်တဲ့ကောင်တော့ ခုမှ မြင်ဖူးတာပဲ…”

“ အဲ့တော့ ဘာဖြစ်လဲကွာ..... ဘာပဲဖြစ်ဖြစ် ရဲတွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး…”

လင်းရီ ရဲအရာရှိ နှစ်ယောက်ရှေ့သို့ ရောက်လာခဲ့ပြီး အပြုံးလေးဖြင့် “ ငါ ဘယ်သူလဲသိလား…”

“ သိ..သိတာပေါ့…”

အမျိုးသား ရဲအရာရှိမှာ စိတ်တုန်လှုပ်နေပြီး မလွယ်ကူသယောင် ခံစားလိုက်ရသည်။

ငါတို့က ဒါရိုက်တာကို မသိဘူးဆိုရင်တောင်မှ မင်းကိုတော့ သိတယ်ကွ….

ကျိုးဖန့် ပြဿနာရှာစဉ်တုန်းက လျန်ရူရွှယ်မှ လင်းရီကို ကျောထောက်နောက်ခံ ပြုပေးခဲ့လေသည်။

ကိစ္စများမှာ အပေါ်ယံ၌ တည်ငြိမ်နေသယောင် ရှိသော်လည်း ခရိုင်ရဲဌာနက အဖြစ်အပျက်များကို အမှောင်ထဲမှ တိတ်တဆိတ် စောင့်ကြည်ကြ၏။ တစ်ခုခုကြီးကြီးမားမား ဖြစ်ပျက်သွားမည်ကို စိုးရွံ့နေကြလေသည်။

“ သိရင် အပြင်အရင်ဆုံးထွက်သွားလိုက်… ငါခေါ်မှ ပြန်လာခဲ့…”

“ ကောင်းပြီ…. ကျွန်တော်တို့ အရင် ထွက်သွားလိုက်မယ်… တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက်နော် သူဌေး…”

ထိုသို့ပြောပြီးနောက် ရဲအရာရှိနှစ်ဦးမှာ ထွက်ခွာသွားကြလေသည်။ လူးဝစ်နှင့် နေသန်တို့ကတော့ ရှုပ်ထွေးမှုပေါင်း သောင်းခြောက်ထောင်နှင့်အတူ နေရာ၌ ငူငူငိုင်ငိုင်ကြီး ရပ်တန့်နေခဲ့ကြ၏။

ဘာဖြစ်နေလဲဆိုတာကို သူတို့ လိုက်မမှီတော့ချေ။

သူတို့က အဲ့လိုပဲ ပြောပြီး ပြန်ထွက်သွားကြတယ်လား…

ကြည့်ရှုနေကြသူများလည်း ထူးမခြားနားပင်။

‘ မင်းက ရဲတွေကို အဲ့လိုမျိုး စကားတစ်ခွန်းတည်းနဲ့ မောင်းထုတ်လိုက်တယ်ပေါ့လေ…’

အဲ့ဒီရဲဌာနကကော ဒီရဲ့ သူဌေးချောလေး ပိုင်တာများလား…

လင်းရီ လူးဝစ်နှင့် နေသန်ကို ကြည့်လိုက်ပြီး “ မင်းတို့ပြော… ငါ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရှေ့ဆက်ရမှာလား… ဒါမှမဟုတ် ကိုယ်ထိလက်ရောက် အရေးယူရမှာလား..”

“ မင်း .. မင်း ဘာမှ လုပ်လို့မရဘူး… ငါတို့က အမေရိကန်နိုင်ငံသားတွေ… မင်းငါတို့ကို ထိရင် ခေါင်းခံရလိမ့်မယ်….”

“ မင်းမေလင်ခေါင်းကြီးပဲသွားခံ… ငါ ကြောက်မယ်များ ထင်နေလား…”

လင်းရီ နေသန်ခေါင်းကို ဆွဲပြီး ဒူးနှင့်တိုက်ချလိုက်၏။ သကောင့်သားမှာ လူးဝစ်နည်းတူ နှာခေါင်းရိုးကျိုးသွားခဲ့ပြီး မြေပြင်ပေါ်တွင် စူးစူးဝါးဝါး အော်ဟစ် လူးလိမ့်နေရလေသည်။

လူးဝစ် ကြောက်လန့်တကြား ဖြစ်သွားခဲ့ပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာ၍ စတင် တောင်းပန်တော့၏။

“ မလုပ်ပါနဲ့ .. ငါတို့ စမှားတာပါ… ငါတို့ ပေးပါ့မယ်… မလုပ်ပါနဲ့..”

“ ဟမ့်...ငကြောက်တွေ…”

လင်းရီ လက်ဖဝါးနှစ်ဖက်ကို ခါခပ်လိုက်ပြီး အပြင်ဘက်ရှိ ရဲသားနှစ်ယောက်ကို ဝင်လာရန် အချက်ပြလိုက်၏။

“ မစ္စတာလင်း ပြီးသွားပြီလား… ကျွန်တော်တို့‌ ခေါ်သွားပေးရတော့မယ်ဆိုရင် ပြောနော်…”

“ ပြန်ခေါ်သွားပြီး သေချာလေး စစ်ကြောရေး လုပ်လိုက်…. မင်းတို့ အဲ့ဒီ လုပ်ထုံးလုပ်နည်းကို ကျော်ပစ်လိုက်လို့ မရဘူး…”

“ ဟုတ် ဟုတ်… သေချာပေါက် လုပ်ရမှာပေါ့…” ရဲအရာရှိ နှစ်ဦးမှ ချွေးအေးများ သုတ်ရင်း ပြောလိုက်၏။

“ ပြီးတော့ ဒီကောင်တွေ စားစရိတ်နဲ့ ငါ့ဆိုင် ပစ္စည်းဖိုး ယွမ်နှစ်သိန်းကောပဲ… တကယ်လို့ မပေးဘူးဆိုရင် ပြန်မလွှတ်ပေးနဲ့….”

“ အိုကေ အိုကေ… ကျွန်တော်တို့ ပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်….”

“ အင်း… “ လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ သွားကြတော့..”

လင်းရီ ညွှန်ကြားသည့်အတိုင်း ရဲသားနှစ်ယောက်မှာ လူးဝစ်နှင့် နေသန်ကို ခေါ်ဆောင်သွားခဲ့ကြ၏။

ထိုအခါ ဆိုင်ထဲရှိ ကတ်စတန်မာများအားလုံး လင်းရီ မည်မျှအံ့အားသင့်ဖို့ ကောင်းကြောင်း မြင်တွေ့လိုက်ရလေသည်။ ရဲသားများ ရောက်လာပြီးနောက် သူဌေးချောလေးကို မြင်သည်နှင့် ရိုရိုကျိုးကျိုးဖြစ်သွားကာ ချက်ချင်းလက်ငင်း ပျူငှာသွားကြ၏။

ယင်းက အံ့အားသင့်စရာကြီးပင်။

“ အားလုံးပဲ… ငါတို့ရဲ့ ဒီနေ့မနက် ဝန်ဆောင်မှုပေးတဲ့အချိန်ကတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရ‌ေတာ့မယ်...” လင်းရီ ပြောလိုက်ပြီး “ မွန်းလွဲသုံးနာရီမှ ဆိုင်ပြန်ဖွင့်တော့မှာ…လူတိုင်းလည်း နားလည်မှာပါ… စိတ်တော့မကောင်းပါဘူး…”

“ နားလည်တာပေါ့ သူဌေးရဲ့..” ကောင်မလေးမှ လေးစားစွာဖြင့် ပြောလိုက်ပြီး “ သူဌေးက ကျွန်မတို့ကိုယ်စား ပညာပြပေးလိုက်တာလေ… အရမ်းပျော်တာပဲသိလား…”

“ အဟိ...ဘော့စ်က တိုက်တာခိုက်တာ ဒီလောက်ကောင်းမယ်လို့တောင် ထင်မထားဘူး…၀မ်းဗိုက် ပေါင်မုန့်တုံးကြီးတွေလည်း ရှိမှာပေါ့နော်… ကျွန်မ ထိကြည့်လို့ရလား…”

“ သေချာတာပေါ့… ဘယ်ရမှာ…”

“ ဟားဟား…”

ရယ်မောပြီးနောက် စားသောက်ဆိုင်ထဲရှိ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။

သို့သော်လည်း ဝမ်ရင်းကတော့ ထွက်မသွားသေးချေ။ ထိုအစား လင်းရီကို ဆိုင်သန့်ရှင်းရေး ကူလုပ်ပေးရင်း ကြမ်းပြင်ပေါ်ရှိ သွေးစသွေးနများကို ဆေးကြောတိုက်ချွတ်ပေးလေသည်။ အားလုံးလုပ်ပြီးမှသာ ထွက်ခွာသွားခဲ့၏။

မွန်းလွဲသုံးနာရီသို့ မရောက်သေးခင် အချိန်တစ်ချို့ ရသောကြောင့် လင်းရီ အနားယူချိန်ကို နေဆာလှုံရင်း အပြည့်အဝ ခံစားနေသည်။

စနစ်၏ နောက်တစ်ဆင့်မစ်ရှင်မှာ အလုပ်လုပ်နေစဉ်အတွင်း လျှပ်တစ်ပြက် ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် သူ ရပ်တန့်လိုက်၍ မဖြစ်ချေ။

မွန်းလွဲသုံးနာရီတွင်တော့ လင်းရီ 'ဆိုင်ပိတ်သည် ' ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ကတ်စတန်မာများကို စတင်လက်ခံလေသည်။

မကြာမီ ဆိုင်တံခါး ပွင့်ဟလာခဲ့ပြီး ရယ်မောဆည်းလည်းသံများက အရင်ဆုံး ပျံ့လွင့်လာသည်။

“ ရှောင်ဝမ်… ခုတလော ဒီတစ်ဝိုက်မှာ ဒီရဲ့ စားသောက်ဆိုင်က တော်တော်လေးကို နာမည်ကြီးနေတာ သိလား.. ပြီးတော့ သူဌေးလေးကလည်း အရမ်းချောတယ်ဆိုပဲ … စားကြည့်ကြည့်ကြတာပေါ့နော…”

စားသုံးသူ၏ အသံကို ကြားတော့ လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လိုက်၏။ ထိုအခါ သူ ဝင်လာသည့် မိန်းကလေး နှစ်ယောက်ကို သတိပြုမိလိုက်ပြီး ထူးဆန်းစွာဖြင့် သူနှင့် တစ်နေရာတွင် ဆုံဖူးကြောင်း ခံစားလိုက်ရ၏။

ကြည့်ရသလောက်တော့ နံနက်ပိုင်းတွင် သူနှင့် အဆောက်အဦး၌ ဆုံခဲ့သည့် မိန်းကလေး ဖြစ်ပုံရ၏။

ရွှီးဝမ်နှင့် ဟန်ဖေးတို့လည်း ထပ်တူညီစွာ အံ့အားသင့်သွားကြသည်။

သူမတို့ အပျော်လင်လေးကို ယခုလိုနေရာ၌ တွေ့လိုက်ရလိမ့်မည်လို့ မျှော်လင့်မထားချေ။

‘ သူက သူဌေးလား…’

အရမ်းချောတယ်ဆိုတော့ …..

အင်း... ဖြစ်နိုင်ပါတယ်….

All Chapters