← Chapters

တဏှာအိုကြီး

Vol. 42 Ch. 626

တဏှာအိုကြီး

Vol. 42 Ch. 626

“ နင်…နင်က ဒီဆိုင်ပိုင်ရှင်လား..” ဟန်ဖေး မယုံကြည်နိုင်သည့် လေသံဖြင့် မေးလိုက်ပြီး

“ အဲ့လိုတော့ မဖြစ်နိုင်ပါဘူးနော…”

လင်းရီကတော့ ထိုနှစ်ယောက်ကို ခေါင်းထဲပင် ထည့်မနေချေ။ မနက်တုန်းက ကိစ္စကို လင်းရီမှာ မေ့လုမေ့ခင် ဖြစ်နေလေပြီ။

“ ဒါပေါ့…”

“ မီနူးထဲက ဟာတွေအကုန် မှာလို့ရတယ်.. စားချင်တာမှာကြ…”

သူမတို့ မီနူးကို ကြည့်လိုက်ကြသည်။ အစားအသောက်များမှာ ဈေးမပေါသော်လည်း သူမတို့ တတ်နိုင်ကြလေသည်။

“ ဥထမင်းကြော်နှစ်ပွဲ.. ဝက်ရုံရိုးပြောင်းစွပ်ပြုတ်.. ပြီးတော့ မုန်လာဥချဉ်တစ်ပွဲ…”

“ အိုကေ…ခနလေး စောင့်ပေးပါ..”

လင်းရီ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်ကို မြင်တော့ ဟန်ဖေး ရွှီးဝမ်၏ နားထဲသို့ တီးတိုးပြောလိုက်၏။

“ ရှောင်ဝမ်.. ဘာတွေလဲ ဖြစ်နေတာ.. သူက ဒီဆိုင်ရဲ့ စားဖိုမှူးလား… အဲ့တာဆို ဘာလို့ အင်ကျူဘေးရှင်းစင်တာမှာ အထပ်လာငှားနေတာ…. ဒီရဲ့ နယ်ပယ်နှစ်ခုက ဘာမှ မအပ်စပ်ဘူးလေ…”

ရွှီးဝမ် စဉ်းစားလိုက်ပြီး ယခုလို ပြောလိုက်၏။ “ သူ အဲ့မှာ ကန်သင်းလုပ်မလို့များလား…”

“ အာ… ဖြစ်နိုင်တာပဲ…” ဟန်ဖေးပြောလိုက်ပြီး “ ပုံမှန်ဆို အဲ့လို အဆောက်အဦးမျိုးတွေထဲမှာ ကန်သင်းတစ်ခု ရှိတာက ပုံမှန်ပဲ… ပြီးတော့ သူက စားဖိုမှူးဆိုတော့ ပိုပြီးတောင် ဖြစ်နိုင်သေးတယ်…”

“ အဲ့လိုဆိုရင်တော့ ငါတို့မှာ အခွင့်အရေး မရှိတော့ဘူးထင်တယ်..”ရွှီးဝမ် ပြောလိုက်ပြီး “ ကန်သင်းတည်မယ်ဆို အထပ်ကြီးတစ်ခုလုံး နေရာယူသွားမှာ… ပြီးတော့ ဈေးလည်း ပေါမှာမဟုတ်လောက်ဘူး….”

ရွှီးဝမ်၏ စကားကို ထောက်ခံစွာဖြင့် ဟန်ဖေး ခေါင်းညိမ့်လိုက်ပြီး “ အထပ်တစ်ခုလုံးကို ငှားပေးနိုင်တဲ့အထိ အမ်းနိုင်တယ်ဆိုတော့…အဲ့ဒီ နေကာမျက်မှန်နဲ့ အမျိုးသမီးက တော်တော်လေး ချမ်းသာတယ်နဲ့တူတယ်နော်…”

“ ဘယ်တတ်နိုင်မှာ… သူကလည်း အရမ်းချောနေတာကိုး…”

“ အဲ့လို ပြောလို့တော့ ဘယ်ရမှာ…” ဟန်ဖေး ပြောလိုက်ပြီး “ နင်လည်း အရမ်းလှတာပဲလေ… အဲ့တာတောင် နင့်ဒူးနင်ချွန်ပြီး အောင်မြင်လာခဲ့တာပဲ မဟုတ်ဘူးလား…”

“ လူတိုင်းမှာ မတူကွဲပြားတဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေ ရှိကြတယ်… ကိုယ်နဲ့ အမြင်မတူတိုင်း သူများတွေကို လိုက်မဝေဖန်ရဘူး…” ရွှီးဝမ် ညင်သာသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူက ဒီမှာ စားသောက်ဆိုင် လာဖွင့်ထားတယ်ဆိုတော့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နေတယ်လို့ ပြောလို့ရတယ်လေ…ပြီးတော့ အပျော်လင် လုပ်တယ်ဆိုတာကလည်း သူ့မှာ ရှိတဲ့ အစွမ်းအစနဲ့ ဘဝနေထိုင်ရပ်တည်နေတာပဲ မဟုတ်ဘူးလား…”

“ သူက ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေတယ်ဆိုရင်တောင် ချမ်းသာတဲ့ အမျိုးသမီးရဲ့ လင်ငယ်လုပ်ပြီး ပိုက်ဆံရှာတာလောက်တော့ သေချာပေါက် ဝင်ငွေကောင်းမှာ မဟုတ်ဘူး…” ဟန်ဖေး ပြောလိုက်ပြီး “ မဟုတ်လို့ကတော့ သူ့ရဲ့ ဝင်ငွေလေးနဲ့ တစ်သက်လုံး အလုပ်ကြိုးစားရင်တောင် အင်ကျူဘေးရှင်းစင်တာမှာ အထပ်တစ်ထပ် ငှားနိုင်မှာမဟုတ်ဘူး…”

“ တိုးတိုးပြောစမ်းပါဟဲ့… တော်နေကြာ သူများတွေ ကြားကုန်ဦးမယ်…”

မကြာမီ လင်းရီ မှာထားသည့် အစားအသောက်များကို ယူလာပေးလေသည်။

“ သူဌေး… နင် ဒီနေ့မနက်တုန်းက အင်ကျူဘေးရှင်း စင်တာကို ရောက်ဖြစ်သေးတယ်မလား… အဲ့ဒီ ထိပ်ဆုံးထပ်ကို တကယ်ကြီး စိတ်ဝင်စားနေတာလားဟင်…” ဟန်ဖေး မေးလိုက်သည်။

“ဟုတ်တယ်... ဘာလဲဖြစ်လို့…”

“ ကျွန်မတို့လည်း အဲ့ဒီ ထိပ်ဆုံးထပ်ကို စိတ်ဝင်စားနေတာ.. ဆိုတော့ ညှိနှိုင်းကြမလား…”

ဟန်ဖေး၏ ရှုထောင့်အမြင်မှ ကြည့်မည်ဆိုပါက အကယ်၍ လင်းရီ အင်ကျူဘေးရှင်းစင်တာ၌ ကန်သင်းဖွင့်ချင်ပါက ထိပ်ဆုံးထပ် မဖြစ်လည်း ရလေသည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သဘောတူညီမှု ရသွားပါက သူမတို့ ကျိုးဇီကို ဆက်သွယ်ဖို့ရာ လိုအပ်လိမ့်မည် မဟုတ်တော့ချေ။

“ မရဘူး.. မင်းတို့ တခြား အထပ်တွေကို ကြည့်တာကောင်းမယ်…” လင်းရီ ကြည့်ပင် မကြည့်ပဲ ပြောလိုက်၏။

“ ကောင်းပြီလေ… အဲ့တာဆိုလည်း မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့….”

ဟန်ဖေး၏ စိတ်ထဲတွင်တော့ လင်းရီဘေးရှိ သူဌေးမကြီးမှာ ကျိကျိတက် ချမ်းသာနေလျှင်တောင် ကျိုးဇီ၏ မိသားစုမှာလည်း မဆိုးလှချေ။ အကယ်၍ သူ၏ အဆက်အသွယ်များကို ကနေဦးကတည်းက လုံလောက်စွာ အသုံးပြုထားပါက ထိပ်ဆုံးထပ်ကို ရရန်မှာ သေချာသလောက် ဖြစ်နေချေပြီ။

ကျွတ်… သူများ အပျော်လင် လုပ်နေတဲ့သူကများ…. လာပြီး မာနကြီးနေသေး…

လင်းရီ ဟန်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး အနှီမိန်းကလေးမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရ၏။

'သူက ငါနဲ့ ယှဉ်ပြိုင်ချင်နေတယ်ပေါ့…

အဲ့ဒီ အင်ကျူဘေးရှင်းစင်တာ တစ်ခုလုံးက ငါ့အပိုင်ကွ…. ငါနဲ့ ပြိုင်လို့ နိုင်မယ်ထင်နေတာလား ညီမလေး…'

ထိပ်ဆုံးထပ် ငှားယူမှု ပြဿနာကြောင့် မိန်းကလေး နှစ်ဦးလုံးမှာ ဆက်လက်စားသောက်ချင်စိတ်များ ပျောက်ဆုံးသွားခဲ့ပြီး ပိုက်ဆံရှင်းပေးကာ ထွက်ခွာသွားခဲ့ကြလေသည်။

“ ဟွန့်...ဒီလူက အရမ်း ဟန်ကောင်းတာပဲ… နည်းနည်းလေး ချောတာနဲ့ပဲ အဲ့လောက် ဘဝင်ကိုင်ဖို့ လိုလို့လား… စကားပြောနေတာများ ငါတို့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး… အလေးမထားတဲ့ ပုံစံကြီးနဲ့… မုန်းဖို့ကောင်းလိုက်တာ…”

“ ငါတို့ကလည်း ခုမှ ကုမ္ပဏီ စတည်ထောင်မှာပဲလေ.. ဟိုလိုကြီး နာမည်ရှိနေတာလည်း မဟုတ်… သူက ဘာလို့ အလေးအနက် ထားနေရမှာ…”

“ ငါတို့က ခုမှ စတာဆိုတော့ သေးတာ ပုံမှန်ပါပဲ….” ဟမ်ဖေး ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့က ကိုယ်ပိုင် ခွန်အားနဲ့ မူကြမ်းကအစ ကိုယ်တိုင်ရေးဆွဲထားတာ..ဘာမှ ကလိမ်ကကျစ် မလုပ်ထားဘူး.. သူ့နောက်မှာကျတော့ ဘောစိသူဌေးမကြီး ရှိတယ်လေ… ဒီတော့ ငါသူ့ကို အထင်သေးတယ်…”

“ အဲ့လောက်ထိ ဒေါသထွက်နေဖို့ လိုလို့လားဟယ်…” ရွှီးဝမ် ပြောလိုက်ပြီး “ နင် ကြိုက်နေတဲ့ ဆယ်လီတွေလည်း ဘောစိသူဌေးမကြီးတွေဆီကနေ စပွန်ဆာယူပြီးတော့ စခဲ့တာပဲ မဟုတ်ဘူးလား… နင်ဆိုလည်း သူတို့ရဲ့ ပစ္စည်းတွေကို ဝယ်ပြီး အကြီးစားပံ့ပိုးနေတာပဲလေ.…”

“ အဲ့တာက မတူဘူး.. အဲ့ဒီ ကောလဟာလတွေက ငါ့ရဲ့ ကောကောတွေကို တမင် စော်ကားဖို့ ဝါဒဖြန့်ထားတဲ့ စကားတွေ… ဒါပေမယ့် အဲ့ဒီဆိုင်ရှင်နဲ့ ဟိုမိန်းမကြားထဲ ကိစ္စကျတော့ လူမြင်ကွင်းကြီးမှာကို.... တော်ပါ... ငါတို့လည်း ဘာဖြစ်လဲဆိုတာ မြင်လိုက်ရတာပဲမလား… ပြီးတော့ တစ်ထပ်လုံးတောင် ဘွတ်ကင်ယူဦးမယ်တဲ့… ငါတို့လို သုညကနေ စပြီး ကြိုးစားခဲ့တဲ့သူတွေက သူ့လို သကြားပေပီလေးကို ရှုံးသွားတယ်ဆို ဘယ်လိုတောင် ခံပြင်းဖို့ ကောင်းလိုက်လဲ….”

“ ဟင်း… ငါပြောပြီးပြီလေ… လူတိုင်းမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိပါတယ်လို့… အဲ့အကြောင်း ဆက်တွေးမနေနဲ့တော့ .. ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်ကြမယ်… ဒါနဲ့ သူလုပ်တဲ့ ဥထမင်းကြော်လေးက မဆိုးဘူးနော်… စားလို့တော့ကောင်းသား… နင့်ကြောင့်နဲ့ ဝအောင်တောင် မစားခဲ့လိုက်ရဘူး…”

ယောက်ျားရင့်မာကြီးဖြစ်ပါလျက်နှင့် လက်ကြောမတင်းသူတို့ကို ရွှီး၀မ်သဘောမတွေ့သော်လည်း ယင်းက သူမနှင့် ဘာမျှ မဆိုင်ကြောင်း သိလေသည်။ သူမဘက်မှ ဝင်စွက်ဖက်ပိုင်ခွင့်မရှိသလို မှတ်ချက်ပြုပိုင်ခွင့်လည်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းမှာ ဘဝကိုယ်စီနှင့် ဖြစ်ကြ၏။ တစ်ပါးသူ မည်သို့ တွေ့ကြုံခံစားနေရသည်ကို သူမလည်း မသိနိုင်ပေ။

“ အမှန်ဆို ငါလည်း အဲ့လောက် ဒေါသထွက်မနေပါဘူးဟာ… ခုဟာက သူ့ရဲ့ အရမ်းမောက်မာတဲ့ မျက်နှာထားကြီးကြောင့်ပဲ… မသိရင် အဲ့စင်တာကြီးတစ်ခုလုံး သူ့အပိုင်ကြီးကျလို့… တို့ကို စကားပြောနေတာများ မတူသလို မတန်သလိုနဲ့….”

ဟန်ဖေး ပြောလိုက်ပြီး “ ငါ ကျိုးဇီကို ခေါ်ပြီးတော့ သူ ထိပ်ဆုံးထပ် တစ်ထပ်လုံး ငှားနိုင်အောင် လုပ်ပေးနိုင်မလားလို့ မေးကြည့်ဦးမယ်… ပြီးရင် သူ့ရဲ့ တင်းထော်နေတဲ့ မျက်နှာကြီးကို အငှားစာချုပ်နဲ့ ကောက်ပေါက်ပစ်ဦးမယ်…ဟွန့်…”

.....

သူမတို့ နှစ်ယောက် ထွက်သွားပြီးနောက် မကြာမီ စားသောက်ဆိုင်မှာ တစ်ဖန် ပြန်လည် စည်ကားလာလေသည်။

သို့သော်လည်း မကြာမီ စားသောက်ဆိုင်၏ တံခါး၀မှာ ဒေါသတကြီးနှင့် တွန်းဖွင့်ချင်းကို ခံလိုက်ရ၏။

သက်လတ်ပိုင်း လူကြီးတစ်ယောက် ကျောင်းသူ နှစ်ဦးနှင့်အတူ အထဲသို့ ၀င်ရောက်လာလေသည်။

" ဘယ်မှာတုန်းကွ သူဌေး..."

"ဒါရိုက်တာလီ.. ဒီဆိုင်မှာ သူဌေးက တစ်ယောက်တည်းရယ်.. မီးဖိုချောင်ထဲမှာ နေမှာ..."မိန်းကလေး တစ်ယောက်မှ ပြောလိုက်၏။

"သွားစို့... အဲ့ကောင်ကို သွားရှာကြမယ်...."

သက်လတ်ပိုင်းလူကြီးမှာ ကျိုးဟိုင် နည်းပညာစီမံခန့်ခွဲ‌ရေး ဌာန၏ ဒါရိုက်တာ လီကျစ်ဝေပင်။

သူ၏ ကျောင်းမှ နိုင်ငံခြား ပညာတော်သင် ကျောင်းသား နှစ်ယောက် အနိုင်ကျင့်ခံလိုက်ရသည့် သတင်းကြားပြီးနောက် ကျောင်းသူ နှစ်ယောက်ကို လမ်းပြခိုင်းပြီး ဤဆိုင်သို့ ရောက်လာခဲ့ခြင်းပင်။

"မစ္စတာလီ.. ဆိုင်ရှင်က အရမ်းစိတ်ဆတ်တာနော်.. သူ ရှင့်ရဲ့ စကားကို နားထောင်ပါ့မလား..."အမျိုးသမီးကျောင်းသူလေးမှ ပြောလိုက်၏။

"ငါက လေးစားထိုက်တဲ့ လူတစ်ယောက် ဖြစ်နေသေးတုန်းပဲ..."လီကျစ်ဝေ ပြောလိုက်ပြီး "အဲ့ကောင်ဆီကိုသာ‌ ခေါ်သွား...."

"နားလည်ပါပြီ..."

လီကျစ်ဝေ မီးဖိုချောင်ထဲသို့ ရောက်ရှိလာပြီး လင်းရီ ချက်ပြုတ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော်လည်း လင်းရီ၏ နောက်ကျောကိုသာ မြင်နေရ၍ လင်းရီကို မမှတ်မိချေ။

"တစ်စိတ်လောက်.. မင်းက ဒီဆိုင် ပိုင်ရှင်လား..."

တစ်စုံတစ်ယောက်မှ စကားပြောလာသည့် အသံကို ကြားတော့ လင်းရီ လှည့်ကြည့်လိုက်သည်။

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကျောင်း၏ စီမံခန့်ခွဲရေးဒါရိုက်တာ လီကျစ်ဝေဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။

"လင်းရီ... မင်း ဘာလို့ ဒီရောက်နေတာ...."

"ဒီဆိုင်က ကျုပ်ပိုင်တာလေ.. ဆိုတော့ ဒါပေါ့... ကျုပ်ရှိမှ ဖြစ်မှာပေါ့..."လင်းရီ ပြောလိုက်ပြီး "တီချယ်လီလည်း ဒီနေ့အရမ်းအားနေတော့ ကျုပ်ဆိုင်ကို လာအားပေးနေတာများလား..."

လင်းရီနှင့် လီကျစ်ဝေတို့မှာ အတိတ်က တွေ့ဖူးဆုံဖူး စကားပြောခဲ့ကြဖူးလေသည်။ လင်းရီ ကျောင်းတက်စဉ်အခါက ကျိုးဟိုင် နည်းပညာတက္ကသိုလ်၏ အမှုကြီးများတွင် မပါမဖြစ်သောကြောင့် မကြာခဏဆိုသလို လီကျစ်ဝေ၏ ရုံးခန်းထဲသို့ လက်ဖက်ရည်သောက် ဖိတ်ခံရဖူးသည်။

သို့သော်လည်း လင်းရီ၏ ပညာရေး ရလဒ်များမှာ မဆိုးလှသည့်အပြင် ပြဿနာတက်တိုင်း နောက်ဆုံးစည်းကို မကျော်လွန်သောကြောင့် နှစ်ယောက်မှာ ဉာဏ်ကစားပွဲ ကစားနေကြပြီး တစ်ဖက်သူ၏ ဂွင်ထဲကျလာမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။

ထိုသို့သော ဆက်ဆံရေးမှာ လင်းရီ ဘွဲ့ရသည့် အချိန်ထိ ဆက်လက်တည်ရှိနေခဲ့၏။

ကျောင်းသူလေး နှစ်ယောက်ကတော့ အံ့အားသင့်သွားခဲ့ကြသည်။

ခန့်ညားသည့် သူဌေးလေးမှာ ကျိုးဟိုင် တက္ကသိုလ်မှ ဘွဲ့ရဖြစ်လိမ့်မည်လို့ ထင်မှတ်မထားချေ။ တစ်နည်းဆိုရသော် သူဌေးလေးက သူမတို့၏ စီနီယာ ဖြစ်နေသည် မဟုတ်ပါလော။

"မင်းက ဒီဆိုင် သူဌေးဆိုတော့ ပိုတောင် အဆင်ပြေသေး..."လီကျစ်ဝေ ပြောလိုက်ပြီး "မြန်မြန် ရဲစခန်းကို ဖုန်းဆက်ပြီးတော့ နိုင်ငံခြားကလာတဲ့ ကျောင်းသား နှစ်ယောက်ကို ပြန်လွှတ်ခိုင်းလိုက်... ပြီးရင် လျော်ကြေးလည်း မတောင်းနဲ့တော့... သူတို့ ပြန်လွှတ်လာရင် မင်း သူတို့ကို တောင်းပန်လို့ ရအောင် ငါစီစဉ်ပေးမယ်... အဲ့တာဆို ကိစ္စတွေက ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ပြီးဆုံးသွားလိမ့်မယ်...."

"ဟမ်...."လင်းရီ ကြောင်အသွားခဲ့ပြီး "ခင်များ ဘာတွေ လာယောင်နေတာ... မနေ့ညက အိပ်ရေးပျက်ခဲ့လို့လား..."

"လင်းရီ.. မင်း ဆရာတစ်ယောက်ကို ဘယ်လိုလေသံမျိုးနဲ့ စကားပြောနေတာတုန်းကွ..."

"ဆရာ... ကျုပ် ထင်တော့ ခင်များ အိပ်မက်လာယောင်နေတယ် ထင်တာပဲ......"လင်းရီ ပြောလိုက်ပြီး "ခင်များက အဲ့လိုပြောလိုက်တာနဲ့ပဲ အစားအသောက်တွေ အတွက် ပိုက်ဆံပေးစရာ မလိုတော့ဘူးလား..ကျုပ်ဆိုင်က ပစ္စည်းတွေ ပျက်စီးသွားတဲ့ တန်ဖိုးကို ဒီတိုင်း မေ့ပေးလိုက်ရတော့မှာလား.... "

"မင်းရောင်းတဲ့ ဈေးကိုလည်း မင်းပြန်ကြည့်လိုက်လေ.. .. စတိတ်ခ် တစ်ပွဲနဲ့ ဝိုင်တစ်ပုလင်းကို ယွမ် တစ်သိန်းလေးသောင်းဆိုတော့ ... အဲ့တာကြီးက သောက်အဓိပ္ပာယ်ကို မရှိတာ..."

"မင်း ဒီကိစ္စကို ဆက် အကျယ်ချဲ့နေမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးလာမှာဆိုးလို့ ငါက စေတနာနဲ့ ဖြန်ဖြေပေးနေတာ.. ဘာလို့ အဲ့ဒီ စေတနာတွေကို နားမလည်နိုင်ရတာ.."

"အဲ့စကား‌ကိုတော့ ကျုပ် သဘောမတူဘူး..."

လင်းရီ ပြောလိုက်ပြီး "ရေချိုးစင်တာတွေမှာ အနှိပ်ခံရင် ယွမ် ၈၀ လောက်ပဲကျတယ်... ဒါပေမယ့် ကလပ်က မိန်းမလှလေးတွေ နှိပ်ပေးမယ်ဆိုရင်တော့ တစ်ညကို ယွမ် ၈ ထောင်လည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်... အဲ့ နှစ်ခုက မတူဘူး.. ဒီတော့ ဈေးခြားနားတာ သဘာ၀ပဲ... ခင်များလို တဏှာအိုကြီးက ဒီလောက် ရိုးရှင်းတဲ့ သဘောတရားလေးတောင် နားမလည်ဘူးလား…”

All Chapters