← Chapters

တောင်နဲ့မြစ်တို့ ခြားထားရင်တောင် ကိုယ်မင်းရှိတဲ့ နေရာဆီ ရောက်အောင်လာခဲ့မှာ...

Vol. 42 Ch. 630

တောင်နဲ့မြစ်တို့ ခြားထားရင်တောင် ကိုယ်မင်းရှိတဲ့ နေရာဆီ ရောက်အောင်လာခဲ့မှာ...

Vol. 42 Ch. 630

“ လွဲချော်သွားခဲ့တယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းလေသံ နားထောင်ရသလောက်တော့ သေချာပေါက် ဇာတ်လမ်းတစ်ပုဒ်တော့ ရှိမယ်ထင်တယ်…”

ကျီချင်းရန် သူမ၏ ရှည်လျားသည့် ဆံနွယ်တို့ကို ဖြည်ချလိုက်ပြီး လင်းရီ ဘေး၌ထိုင်ကာ “ ယွမ်ယွမ်ရဲ့ အချစ်ဦးက အထက်တန်းကျောင်းသူ ဘဝတုန်းကလေ…”

“ နေ နေစမ်းပါဦး.… မဖြစ်နိုင်လိုက်တာ….” လင်းရီ အကြီးအကျယ် အံ့အားသင့်သွားခဲ့ပြီး

“ အဲ့လောက် ငယ်ငယ်လေးနဲ့ စိတ်ကစားတာတောင် ရန်တက္ကသိုလ် တက်နိုင်သေးတယ်ပေါ့…. အထင်ကြီးလောက်စရာပဲ….”

“ အဲ့လိုမျိုးမဟုတ်ဘူးဟ…”

“ အဲ့ဒီအချိန်တုန်းက ယွမ်ယွမ်ရဲ့ ကောင်လေးကလည်း စာတော်တယ်… ဒါပေမယ့် ယွမ်ယွမ်လောက်တော့ မတော်ဘူးပေါ့… တကယ်လို့ သူသာ ကြိုးစားမယ်ဆိုရင် ချင်းဟွာ တက္ကသိုလ်မှာ တက်နိုင်တယ်…. တစ်ခြားတစ်ဖက်မှာကျတော့ ယွမ်ယွမ်က အသာလေး.. ဘာအားမှ စိုက်ထုတ်စရာမလိုပဲနဲ့ တက်နိုင်တယ်… ဒါကြောင့်မို့ အထက်တန်း တတိယနှစ် စာမေးပွဲ ဖြေတုန်းက အမှတ်လျော့အောင်ဆိုပြီးတော့ သင်္ချာနောက်ဆုံးအပုဒ်ကို တမင်မဖြေလိုက်ဘူးလေ… အဲ့တာမှ သူ့ကောင်လေးနဲ့ တစ်ကျောင်းတည်း အတူတူတက်ခွင့် ရမှာကိုး…”

“ အဲ့တော့… သူတို့ ဘယ်နှစ်မှတ် ရလိုက်တာ…”

“ အဲ့ကောင်လေးက 672 မှတ်… ယွမ်ယွမ်က 673 မှတ်…”

“ တစ်မှတ်တည်း ကွာတာလား…မဆိုးပါဘူး… အဲ့တာနဲ့ပဲ တစ်ကျောင်းတည်း ကျသွားရောတဲ့လား…”

ထိုအခိုက်အတန့်တွင် လင်းရီစိတ်ထဲ၌ ထိပ်တန်းကျောင်းသားနဲ့ ဆိုးသွမ်းသည့် ကျောင်းသားကြား ကွာခြားချက်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားလေသည်။

ထိပ်တန်းကျောင်းသားများမှာ ၎င်းတို့လိုချင်သည့် အမှတ်ကို အလွယ်လေး ရနိုင်ချိန်တွင် ဆိုးသွမ်းသည့် ကျောင်းသားများ၏ အမှတ်ကောင်း ရရှိရေးကတော့ ဘေးချင်းကပ် ထိုင်သည့်သူပေါ်တွင် မူတည်နေလေသည်။

ကွာခြားချက်ကြီးကလည်း ငိုးကျလောက်အောင်ပဲ…

ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်ပြီး “ မကျဘူး…”

“ ဝှက်သယ်ဖက်ခ်… တစ်မှတ်တည်းကွာတာကို အတူမကျဘူးတဲ့လား…”

“ နင်တို့အတွက်တော့ တစ်မှတ်က ဘယ်လောက်မှ မကွာဘူးဆိုပေမယ့် သူတို့နှစ်ယောက် အတွက်ကျတော့ တစ်မှတ်က မိုင်ပေါင်း ၁၃၀၀ လောက်နဲ့ ညီမျှတယ်…”

“ အဲ့ဒီနှစ် ရန်တက္ကသိုလ်ရဲ့ အနိမ့်ဆုံး ဝင်ခွင့်အမှတ်က 673မှတ် … ယွမ်ယွမ်က အနိမ့်ဆုံးအမှတ်နဲ့ ဝင်ခွင့်ရသွားတယ်ဆိုပေမယ့် သူ့ကောင်လေးကျတော့ 672 မှတ်နဲ့ ဟာပင်းတက္ကသိုလ်ကို ရောက်သွားတာ….”

ကျီချင်းရန် သက်ပြင်းချလိုက်ပြီး သူမလက်ပေါ် မေးတင်ကာ နှလုံးသားတစ်ခုလုံး လေးလံနေလေသည်။

“ နောက်တော့ကော… ဇာတ်လမ်းက အဲ့လောက်လေးနဲ့ အဆုံးသတ်သွားတာတော့ မဖြစ်နိုင်ဘူးမလား…. ယွမ်ယွမ်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အဲ့လောက် လွယ်လွယ်လေးနဲ့ လက်လျော့လိုက်မှာမဟုတ်ပါဘူး…” လင်းရီ ပြောလိုက်၏။

“ သေချာပေါက် ဘယ်အဆုံးသတ်မှာ…”

“ အဲ့ဒီတုန်းက ငါ ယွမ်ယွမ်နဲ့ နိုင်ငံခြား ဘာသာစကား ကလပ်မှာ ဆုံခဲ့တာလေ… ပြီးတော့ အဲ့အချိန်ကတည်းကရင် ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းမွန်ခဲ့တာ…. ဒီအကြောင်းတွေကိုလည်း သူမကိုယ်တိုင် ပြောပြတာပဲ… မှတ်မိပါသေးတယ် ပထမနှစ်ဝက်စာမေးပွဲပြီးတော့ ငါတို့နှစ်ယောက် တုံးပေဆီ ရောက်လာပြီး ဟာပင်း တက္ကသိုလ်ဆီကို ဟင်း………”

ထိုအချိန်တွင် ကျီချင်းရန် ရင်ထဲ စိတ်မကောင်းမှုတို့နှင့်အတူ မျက်ဝန်းများက မျက်ရည်များဖြင့် ရီဝေလာလေသည်။

“ အဲ့ဒီနေ့……… မြို့ထဲမှာ ငွေရောင်နှင်းမှုန်တွေက သိပ်သည်းအောင် ကျဆင်းနေပြီးတော့ လမ်းတစ်ခုလုံးလည်း အဖြူရောင်နှင်းတွေနဲ့ သိုင်းခြုံလို့… ဘယ်တော့မှ မေ့လိုမရမယ့် မြင်ကွင်းလေးပေါ့… ငါတို့ ကျောင်းဂိတ်ပေါက်ဝကို ဖြတ်ကျော်ကျော်ပြီးချင်းပဲ တိုက်တိုက်ဆိုင်ဆိုင် ယွမ်ယွမ်ရဲ့ ငယ်ချစ်နဲ့ ပက်ပင်းတိုးပါလေရော…”

“ အဲ့နောက်ကော.. သူတို့ ဘာတွေပြောကြတာ…. ကိုးရီးယားကားတွေထဲကလို တစ်ယောက်နာမည်တစ်ယောက် အော်ပြီး ပြေးဖက်ကြတာလား….. ပြီးတော့ မင်းကို ထားပစ်ပြီး နှစ်ယောက်ပျော်ပျော်ကြီး ဟိုတယ် သွားခဲ့ကြတာမလား…”

“ တစ်ခုမှမဟုတ်ဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ ကောင်လေးပြောတာက ‘ မတွေ့တာကြာပြီနော်တဲ့..’ အဲ့တာလေးပဲ… ပြီးတော့ သူတို့နှစ်ယောက်က ဘာမှ မဖြစ်ထားတဲ့ အတိုင်းပဲ…”

ကျီချင်းရန် ပြန်တမ်းတနေဟန်ဖြင့် “ အဲ့ဒီတစ်မှတ်လေးကြောင့်သာမဟုတ်ရင် ပျော်ရွှင်ဖွယ်အဆုံး အသတ်လေး ဖြစ်သွားရမှာ..”

“ မဆိုင်ပါဘူး…”

“ ဘာလဲဖြစ်လို့….”

“ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ကို တောင်နဲ့မြစ်တွေ ခြားထားရင်တောင် ဖြတ်ကျော်လို့ ရတယ် မဟုတ်ဘူးလား…”

“ လူချင်းမတူတာကြောင့်လည်း ဖြစ်နိုင်တာပဲလေ…”

“ အဲ့အချိန်ကစပြီးတော့ ယွမ်ယွမ် သူမနောက် လိုက်ပိုးပန်းနေတဲ့ ထူးချွန်တဲ့ ကောင်လေးတွေကိုတောင်မှ ငြင်းဆန်ပြီးတော့ သူမရဲ့ အာရုံတွေ အကုန်လုံးကို စာလေ့လာတဲ့အပေါ်မှာပဲ လုံးလုံးလျားလျား အာရုံစိုက်ထားတာ…. နောက်ဆုံး သူမရဲ့ မေဂျာကိုပါ ပြောင်းပြီး ငါနဲ့အတူ တီချယ်တစ်ယောက်ရဲ့ လက်အောက်မှာ မာစတာဒီဂရီနဲ့ ဒေါက်တာဘွဲ့ယူခဲ့ကြတာလေ… ဒါပေမယ့် ယွမ်ယွမ်ကတော့ ခုထိ စင်ဂယ်ပဲ…”

“ အင်း…. အဲ့လိုအခြေအနေမျိုးက တကယ်မလွယ်ဘူး… မင်းက မြင်းကို ရေရှိတဲ့ နေရာ ခေါ်သွားလို့ရတယ်… ဒါပေမယ့် ရေတော့အတင်းတိုက်လို့မရဘူး..”လင်းရီ ပြောလိုက်ပြီး “ ခုလောလောဆယ်တော့ သူ့ကို တစ်ကိုယ်တည်း ဖြစ်ပါစေဦး…”

“ ဒါပေမယ့် အချိန်အကြာကြီး ဆွဲနေရင်တော့ မကောင်းဘူးထင်တာပဲ..” ကျီချင်းရန် သူမ ဆံပင်ကို နားအနောက်သို့ သပ်လိုက်ပြီး “ အစက သူနဲ့ ချီရှန်းကျောက်ကြားမှာ မီးပွားလေးတွေ ရှိလာပြီထင်တာ… ဒါပေမယ့် ဘာမှ ထူးခြားမလာဘူးလို့တော့ မျှော်လင့်မထားဘူး…”

“ ချီကြီးရဲ့ ကျောက်ရုပ်လို စရိုက်နဲ့ဆိုရင် ယွမ်ယွမ်ဘက်က မစဘူးဆို ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး…ဒါပေမယ့် ခုတော့ အရမ်းနောက်ကျသွားပြီ… တခြားတစ်ယောက်က ဦးသွားပြီလေ…”

“ အွန်း… အဲ့တာကြောင့်မို့ ငါအရမ်း စိုးရိမ်နေတာ… တကယ်လို့ ယွမ်ယွမ်သာ တစ်သက်လုံး တစ်ကိုယ်တည်းဘဝနဲ့ အရိုးထုတ်သွားရမယ်ဆိုရင် ရင်လေးစရာပဲ…”

“ ဟင်း… သူ့လို စွာကျယ်စွာကျယ် မိန်းကလေးက အဲ့လို ဇာတ်လမ်းတွေ ရှိနေလိမ့်မယ်လို့တောင် ထင်မထားဘူး…”

ကျီချင်းရန်၏ အမူအရာမှာ ဝမ်းနည်းမှုတို့ဖြင် ပြည့်နှက်နေပြီး ယွမ်ယွမ့်ရင်ထဲရှိ အနှီနှောင်ထုံးမှာ ဘယ်ခါမှ ပြေလျော့မလဲဆိုတာကို သူမလည်း မပြောတတ်ချေ။

ထိုညနှောင်းပိုင်းတွင်တော့ လင်းရီ စာကြည်ခန်းထဲ၌ အလုပ်လုပ်နေပြီး ကျီချင်းရန်ကတော့ သူမ၏ လုပ်လက်စ အလုပ်များကို အပြီးသတ်လေသည်။

ညသန်းခေါင်ယံ အချိန်သို့ နီးကပ်လာသောအခါ နှစ်ယောက်လုံး အခန်းကိုယ်စီသို့ ပြန်၍ အနားယူလိုက်ကြ၏။

အကယ်၍ တစ်ခြားအချိန်များတွင် ချင်းဟန် မက်ထရိုပိုလစ်သို့ ဖိတ်ခေါ်လာပါက လင်းရီ လက်ခံလိုက်မည်ဖြစ်သော်လည်း အလုပ်အကိုင်အသစ်မှာ ယနေ့ ညသန်းခေါင်၌ ပွင့်လာပေတော့မည်။

ထိုအခိုက်အတန့်ကို သူမလွဲချော်ချင်သောကြောင့် လင်းရီ ငြင်းဆန်လိုက်ရခြင်းဖြစ်၏။

နာရီလက်တံ ဆယ့်နှစ်သို့ ရောက်သည်နှင့် လင်းရီစိတ်ထဲတွင် စနစ်၏ အချက်ပေးသံမှာ မြည်ဟီးလာလေသည်။

[အလုပ်အသစ် (အသက်သွင်းမည်/မသွင်းပါ)]

[တွေ့ကြုံရမည့် အလုပ်အကိုင် : အွန်လိုင်း စထွင်မာ ]

[အလုပ်ပြီးမြောက်နှုန်း : 0 % ]

[စနစ်ရှင် ကျေးဇူးပြုပြီး အလုပ်အသစ်အတွက် လက်ဆောင်ထုပ် 10 မီလီယမ်ယွမ်ကို လက်ခံပေးပါ ]

[ဆုလဒ် : ဆိုလာဆဲလ်ဖုန်း ]

“ ဟမ်… အွန်လိုင်း စထွင်မာ..”

ဒီအလုပ်က တော်တော်လေးတော့ စိတ်ဝင်စားဖို့ကောင်းသား …

လင်းရီ မေးစေ့ပွတ်၍ တွေးတောလိုက်သည်။

စနစ်မှ ခေတ်စားသည့်အရာများကို ရှေ့ကြိုမြင်နေသကဲ့သို့ပင်။

လင်းရီအလုပ်စလုပ်ပါပြီဆိုကတည်းက အွန်လိုင်းတိုက်ရိုက်ထုတ်လွင့်ခြင်းများကို ကြည့်ရှုသည်က မရှိသလောက် ရှားလေသည်။ သို့သော်လည်း ကျောင်းတက်စဉ်အခါတုန်းကတော့ တစ်ချို့တစ်ချို့သော တိုက်ရိုက်ထုတ်လွင့်မှုများကို ကြည့်ရှုဖူးသောကြောင့် ထိုနယ်ပယ်ရှိ အကြောင်းအရာများကို အနည်းငယ်မျှ နားလည်သဘောပေါက်သည်ဟု ဆို၍ ရသည်။ သို့သော်လည်း အနည်းအကျဉ်းမျှသာ။

အလုပ်သစ် လက်ဆောင်ထုပ်မှ လွဲ၍ စနစ်မှ အခြားအကြောင်းအရာများကို အတိအလင်း ဖော်ပြသွားခြင်းမရှိချေ။

ယင်းက သူ အလုပ်အသစ်ကို စတင်အသက်သွင်းသည့် အချိန်မှ ရှင်းပြသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

..........

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ယောက်လုံး ထုံးစံအတိုင်း စားသောက်ပြီးနောက် အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြ၏။ သို့သော်လည်း လင်းရီ ဆိုင်ရှေ့သို့ ရောက်သောအခါ လူအများအပြားမှ ဆိုင်ရှေ့တွင် ဝိုင်းအုံ၍ တစ်စုံတစ်ခု အကြောင်းကို အသည်းအသန် ဆွေးနွေးနေကြကြောင်း မြင်တွေ့လိုက်ရသည်။

မည်သို့ပင် ကြည့်စေကာမူ ထိုသူတို့၏ အမူအရာက စားသောက်ရန်အတွက် ဝိုင်းအုံနေကြခြင်း မဟုတ်သည်တော့ သေချာလေသည်။

“ သူဌေး ရောက်လာပြီလား…”

လင်းရီ ရောက်လာသည်ကို မြင်တော့ ဝိုင်းအုံနေကြသည့် လူတိုင်း နှုတ်ဆက်ပြီး လမ်းရှင်းပေးလိုက်ကြလေသည်။

“ ဆိုင်က မဖွင့်သေးဘူးလေ… မင်းတို့က ဘာလို့ အဲ့လောက်ထိ ဇွဲကောင်းနေကြတာ… “ လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်၏။

“ သူဌေး.. ငါတို့က စားဖို့လာတာ မဟုတ်ဘူး.. မင်းဆိုင်တစ်ခုခု ဖြစ်သွားလို့… ဒီမှာ တစ်ချက် ကြည့်ကြည့်လိုက်…”

“ တစ်ခုခု ဖြစ်သွားတယ်…”

လင်းရီ အေးခဲသွားခဲ့ပြီး လူအုပ်ကိုကျော်၍ ဆိုင်ရှေ့သို့ ကမန်းကတမ်း ပြေးကြည့်လိုက်သောအခါ သူ့ဆိုင်သူ မမှတ်မိတော့သည်အထိ ဖြစ်ပျက်သွားခဲ့တော့၏။

တံခါးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကျိုးကြေကာ မှန်ပြတင်းပေါက်များလည်း တစ်စစီ ဖြစ်နေတော့၏။

စားပွဲနှင့် ကုလားထိုင်များအားလုံးလည်း ချေမွဖျက်ဆီး ခံထားရပြီး မီးဖိုချောင်ထဲရှိ အမယ်များအားလုံးလည်း သောင်းကြမ်းခံထားရကာ ကြမ်းပြင်ပေါ်၌ ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေလေသည်။ ဝိုင်ထားသည့် အခန်းထဲတွင်တော့ ဈေးကြီးသည့် နှစ်ချို့ ဝိုင်းပုလင်းများအားလုံး ရစရာမကျန်အောင် ပေါက်ခွဲခံထားရကာ ဖန်စဖန်နများဖြင့် ဝိုင်၏ သင်းရနံ့တို့က နေရာတစ်ခုလုံးသို့ ထုံသင်းနေလေသည်။ ဝိုင်ချစ်သူတစ်ဦးအဖို့ နှလုံးသားအောက်ခြေမှ နာကျင်ကိုက်ခဲဖွယ်ရာ မြင်ကွင်းကြီးပင်။

ကျီချင်းရန် ဝယ်ထားပေးသည့် လာဘ်ခေါ် ကြောင်ရုပ်လေးပင် အစိတ်အပိုင်းများအားလုံး တစ်စစီ ဖြစ်နေရှာသည်။

ထိုအခိုက်အတန့်တွင် လင်းရီ၏ အမူအရာကတော့ အံ့အားသင့်စရာကောင်းလောက်အောင် အေးစက်တည်ငြိမ်နေလေသည်။

သူ ဆိုင်ထဲသို့ ဝင်လာစဉ်ကတည်းကပင် အခြေအနေကို အကြမ်းဖျင်းခန့်မှန်းမိပြီး လက်သည် ဘယ်သူဆိုတာကိုလည်း တပ်အပ်သိ၏။

အနီးတစ်ဝိုက်ရှိ လူများအားလုံးမှာ သာမန်လူများ ဖြစ်ကြပြီး သူနှင့် ရန်ငြိုးရန်စ မရှိသောကြောင့် ယခုလို လုပ်ရန်မှာ မဖြစ်နိုင်ချေ။

ထို့ကြောင့် ယမန်နေ့က သူ သင်ခန်းစာပေးလိုက်သည့် လူးဝစ်နှင့် နေသန်တို့သာ ဖြစ်ရမည်။

ထိုအကြောင်း တွေးတောရင်း လင်းရီ အေးစက်စက်ရယ်မောလိုက်၏။

“ အဲ့လကြောက်တွေကို ဘယ်မြေနိုးက ဒီလိုလုပ်ဝံ့တဲ့ သတ္တိပေးလိုက်တာလဲကွ…”

All Chapters