← Chapters

အခြားသူများအံ့အားသင့်စေရန်

Vol. 78 Ch. 1097

အခြားသူများအံ့အားသင့်စေရန်

Vol. 78 Ch. 1097

အခန်း (၁၀၉၇) အခြားသူများအံ့အားသင့်စေရန်

သိုင်းသူတော်စင် ဒဿမအဆင့်ကို လူသားနတ်ဘုရား သို့မဟုတ် လူသားအထွတ်ထိပ်အဆင့်ဟု ခေါ်ဆိုကြသည်။

ယခု ချန်ချန်းဟွာက “လူသားအထွတ်ထိပ်” အဆင့်ဟု ပြောဆိုရန် အသင့်တော်ဆုံး ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ အထက်ရပ်ထိပ်တန်းအရှင်သခင်ကိုကြည့်ရင်း လုံးဝ စိတ်မချမ်းသာခဲ့ပေ။

သူက နဖူးကိုလက်ဖြင့်ရိုက်လိုက်ရင်း...

“မိတ်ဆွေကောင်းတစ်ယောက်နဲ့ာဆို သေရည်ခွက်ပေါင်းတစ်ထောင်သောက်ရလည်း နည်းတယ်လို့ထင်ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်...”

ရန်ကျောက်ကဲက ချန်ချန်းဟွာကို စူးစိုက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

“ဒါပေမဲ့... ဘယ်လိုမှပေါင်းလို့သင်းလို့မရတဲ့သူနဲ့ သောက်စကားတစ်ခွန်းတောင် မပြောချင်ဘူး”

ချန်ချန်းဟွာကတော့ ပိုးသားဧကရာဇ်ကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။ ပိုးသားဧကရာဇ်က ချန်ချန်းဟွာ ရောက်လာသည်ကို အရေးမစိုက်သည့်အလား မျက်လုံးများမှေးမှိတ်ပြီး ငြိမ်သက်စွာ ထိုင်နေဆဲပင်။

“ဟမ်...”

ချန်ခန်းဟွာက ခဏမျှအကဲခတ်ပြီးနောက် ပိုးသားဧကရာဇ်ကို အာရုံမစိုက်တော့ဘဲ ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်သည်။

“မင်း ပိုးသားဧကရာဇ်အတွက် အတော်လေး ကြိုးစားပေးထားတာပဲ”

ရန်ကျောက်ကဲက နှာတစ်ချက်မှုတ်ရင်း...

“ကြည့်ရတာ မင်းက ပိုးသားဧကရာဇ်အတွက် အတော်စိတ်ပူပေးနေတာပဲ...”

ချန်ချန်းဟွာက ခေါင်းတွင်တွင်ခါယမ်းရင်း…

“မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ၊ အဲဒါက အရင်က ကိစ္စတွေပါ...”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“အခု... ငါ့စိတ်ထဲမှာ မင်းက သူ့ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပြီ”

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်စဉ် ချန်ချန်းဟွာက အရင်ဦးအောင် စကားဖြတ်ပြောလိုက်၏။

“အရင်တုန်းကတော့ ပိုးသားဧကရာဇ် ပြောင်းလဲမသွားဘဲ ဆက်ပြီးရူးသွပ်နေမယ်ဆိုရင် အကောင်းဆုံးပဲလို့ တွေးခဲ့မိတယ် ၊ ဘာလို့လဲဆိုတော့ မင်းတို့အားလုံးက သူ့ကို ဒီလိုပုံစံမျိုး မဖြစ်စေချင်ကြဘူးလေ...”

ချန်ချန်းဟွာက ဟားတိုက်ရယ်မောလိုက်ရင်း...

“ဒါပေမဲ့ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး ၊ ပိုးသားဧကရာဇ် ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာ ပြောရခက်တယ် ၊ ခံစားချက်ရှိတဲ့သူလား ဒါမှမဟုတ် ခံစားချက်ကင်းမဲ့တာလား ၊ မတူညီတဲ့လူတွေမှာ မတူညီတဲ့အစီအစဉ်တွေ ရှိနေမှာပဲလေ”

ချန်ချန်းဟွာ အကြည့်က ရန်ကျောက်ကဲနှင့်မန်ဝမ်ကြား ဖြတ်သန်းသွားသည်။

“ပြီးတော့ မင်းရဲ့အစီအစဉ်က...”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ကြည့်ရတာ မင်းက ခံစားချက်ကင်းမဲ့တဲ့ ပိုးသားဧကရာဇ်ကို မတွေ့မြင်ချင်ဘူးထင်တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

“မင်း လေသံကြည့်ရတာ... မင်းက ပိုးသားဧကရာဇ်ကို ခံစားချက်ကင်းမဲ့တဲ့လမ်းကို လျှောက်လှမ်းစေချင်တာလား”

ချန်ချန်းဟွာက ခေါင်းညိတ်ရင်း...

“အမှန်ပဲ...”

ပိုးသားဧကရာဇ် မည်သည့်လမ်း လျှောက်လှမ်းပါစေ ချန်ချန်းဟွာက အရေးမစိုက်ပေ။

သူပြောသလိုပင် ယခု သူစိတ်ဝင်စားနေသူမှာ ရန်ကျောက်ကဲဖြစ်ပြီး ပိုးသားဧကရာဇ် မဟုတ်တော့ပေ။

သူက ပိုးသားဧကရာဇ်ကို စိတ်ဝင်စားသည်ဆိုလျှင် ပိုးသားဧကရာဇ်နှင့် တိုက်ခိုက်မည် ဖြစ်သည်။ ပိုးသားဧကရာဇ်အား ရူးသွပ်နေသည့် အခြေအနေတွင် ထိန်းထားစေရန် တတ်နိုင်သမျှ ကြိုးစားမည် ဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲက ပိုးသားဧကရာဇ်ထက် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိသည့်အခါ ရန်ကျောက်ကဲနှင့် ဆန့်ကျင်ဘက်ပြုရန်အတွက် ပိုးသားဧကရာဇ်အား ခံစားချက်ကင်းမဲ့သည့်လမ်းစဉ် လျှောက်လှမ်းစေရန်ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

ချန်ချန်းဟွာနှင့် ရန်ကျောက်ကဲ၏ကစကားပွဲတွင် ပိုးသားဧကရာဇ်က နယ်ရုပ်တစ်ခုပမာ ဖြစ်လာပေသည်။

ပုံမှန်ဆိုလျှင် အစစ်အမှန်နတ်ဘုရားတစ်ပါးကို ထိုသို့နှယ် အသုံးချချင်နေသော ချန်ချန်းဟွာမှာ မောက်မာပြီး မာနကြီးသည်ဟုဆိုခြင်းထက် အရူးတစ်ယောက်ဟုသာ ခေါ်ဆိုသင့်သည်။

ချန်ချန်းဟွာက...

“အခုလောလောဆယ်... ငါ သတ်ချင်နေတဲ့သူက မင်းမဟုတ်ဘူး”

ထို့နောက် သူက မန်ဝမ်ကို လှမ်းကြည့်လိုက်ပြီး...

“ငါ ဒီမိန်းကလေးကို သတ်ချင်နေတာ... ၊ သူနဲ့ ဖုထင်ကိုသာ သတ်လိုက်ရင်... ပိုးသားဧကရာဇ်က အတားအဆီးမရှိဘဲ ခံစားချက်ကင်းမဲ့တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်မှာပဲ”

“ဘာလဲ... မင်းက သူ့ကိုကာကွယ်ပေးမှာလား ၊ ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ...”

ချန်ချန်းဟွာက စိတ်လှုပ်ရှားစွာဖြင့် ရန်ကျောက်ကဲနှင့် မန်ဝမ်ကို ကြည့်လိုက်သည်။

ထို့နောက် အော်ဟစ်ရယ်မောလိုက်ရင်း...

“စိတ်စေရာမိုးကြိုးစွမ်းအားက ငါ့ကိုတိုက်ခိုက်ဖို့ အသုံးဝင်မယ်လို့တော့ မထင်လိုက်နဲ့...”

ဟုတ်ပေ၏။

ကျင့်ကြံခြင်းသွေဖယ်သွားသဖြင့် ရူးသွပ်သွားရသော ပိုးသားဧကရာဇ်နှင့်မတူညီစွာ ချန်ချန်းဟွာက ဝမ်းတွင်းရူးတစ်ယောက် မဟုတ်ပါလား။

ချန်ချန်းဟွာ လုပ်သမျှ ကမောက်ကမလုပ်ရပ်တိုင်းက သူ၏ပင်ကိုယ်ဗီဇမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူ၏စိတ်ဝိညာဉ်နှင့် ကျင့်ကြံခြင်းတွင် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

စိတ်စေရာမိုးကြိုးစွမ်းအားကို အသုံးပြုပြီး သူ့နှလုံးသားထဲမှ ကိုယ်တွင်းမိစ္ဆာကို ထွက်ပေါ်လာစေချင်ပါက သူ့ထက် ကျင့်ကြံခြင်းအဆင့် သိသိသာသာမြင့်မားမှသာ ပြုလုပ်နိုင်ပေမည်။

ပြီးတော့ ရန်ကျောက်ကဲ နက်နက်ရှိုင်းရှိုင်းသံသယဝင်မိသည်မှာ ချန်ချန်းဟွာလိုလူမျိုးက သေချာပေါက် ကိုယ်တွင်းမိစ္ဆာ အကြီးစားကို ပိုင်ဆိုင်ထားမည်ဆိုသောအချက်ပင်။

ပိုးသားဧကရာဇ် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီ ဖြစ်သည်။

သို့သော် ချန်ချန်းဟွာက တစ်ချက်ကြည့်လိုက်ရုံဖြင့် စိတ်စေရာမိုးကြိုးစွမ်းအားကြောင့် ပိုးသားဧကရာဇ် အခက်တွေ့နေခြင်းဖြစ်ကြောင်း ပိုင်းခြားသိမြင်ခဲ့သည်ဖြစ်ရာ ၊ ထိုအချက်က ရန်ကျောက်ကဲကို စိုးရိမ်ပူပန် သွားစေသည်။

ချန်ချန်းဟွာ၏ တောက်ပနေသော မျက်ဝန်းများကိုကြည့်ရင်း သာမန်ထက် တစ်ခုခုထူးခြားနေကြောင်း ယောင်ဝါးဝါးခံစားလိုက်ရသဖြင့် ရန်ကျောက်ကဲ၏စိတ်အစဉ် တုန်လှုပ်သွားသည်။

ထိုအကြောင်း သူ စဉ်းစားနေချိန် ချန်ချန်းဟွာက သူနှင့် မန်ဝမ်ရှိရာသို့ လျှောက်လာရင်း ပြုံးလိုက်၏။

“ငါ မင်းကို မသတ်ဘူး ရန်ကျောက်ကဲ... မင်းမရှိရင် ဒီကမ္ဘာကြီးက မွဲခြောက်ခြောက်နဲ့ ပျင်းစရာကောင်းနေလိမ့်မယ်...”

သူက ဆက်ပြောသည်။

“ကဲ... ဒီမိန်းကလေးကို မင်း ဘယ်လိုကာကွယ်ပေမးလဲ ကြည့်ရအောင်... ၊ ငါ့အတွက် အံ့သြပျော်ရွှင်စရာလေး တစ်ဖြတ်ပေါ့”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ပင့်မြှောက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် မန်ဝမ်၏ဦးခေါင်းအား ရိုက်နှက်ချလိုက်သည်။

ချန်ချန်းဟွာ၏တိုက်ခိုက်မှု တန်ခိုးစွမ်းအားက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရန်ကျောက်ကဲနှင့် တိုက်ခိုက်စဉ်ကနှင့် လုံးဝ မတူညီပေ။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက်တွင် မိုးမြေတစ်ခုလုံး ပြောင်းဆန်သွားသည့်ပမာ ထင်မှတ်ရသည်။

ရန်ကျောက်ကဲက ချန်ချန်းဟွာကို တည်ငြိမ်စွာကြည့်ရင်း...

“မပူပါနဲ့... ငါ့ထက်ပိုပြီး မင်းကိုအံ့အားသင့်သွားအောင်လုပ်မယ့်သူ ရှိတယ်”

သူ့စကားအဆုံးတွင် ပိုးသားဧကရာဇ်၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“မိတ်ဆွေလေး’ချန်’ ... မင်း သိပ်ပြီးဘောင်ကျော်နေပြီလို့ မထင်ဘူးလား”

ချန်ချန်းဟွာက မျက်ခုံးတစ်ချက်ပင့်ရင်း ပိုးသားဧကရာဇ်ကို လှမ်းကြည့်လိုက်၏။

“ကျွန်တော်ထင်တာ မမှားဘူးဆိုရင်... ဧကရာဇ်မင်းရဲ့ သမီးနှစ်ယောက်လုံး ဒီလောကကြီးက ပျောက်ကွယ်သွားရမှာ မဟုတ်ဘူးလား ၊ သူတို့ကို ကျွန်တော် မသတ်လည်း ဧကရာဇ်မင်းကိုယ်တိုင် သတ်မှာပဲလေ”

စစ်ထိုက်ရှန်းထျန်းအလံအောက်တွင် တင်ပျဉ်ခွေထိုင်လျှက် မျက်လုံးများမှေးမှိတ်ထားသော ပိုးသားဧကရာဇ်က ရုတ်ချည်းပင် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

“အဲဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ...”

ပြောပြီးသည်နှင့် ပိုးသားဧကရာဇ်က ချန်ချန်းဟွာရှေ့သို့ ရောက်ရှိလာပြီး သူ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အား ပိတ်ဆို့လိုက်သည်။

ထိုက်ချင်အဆက်အနွယ်မှဆင်းသက်လာသည့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် ယွိချင်အဆက်အနွယ်မှ ဆင်းသက်လာသည့် စက်ဝန်းသံသံရာကောင်းကင်စည်းတံဆိပ်...။

ပိုးသားဧကရာဇ်၏ ပြင်းထန်သောတန်ခိုးစွမ်းအားကြောင့် ချန်ချန်းဟွာ ခန္ဓာကိုယ် လေထဲသို့ လွင့်ပျံသွားသည်။

“ဧကရာဇ်မင်းက အရင်ကထက်ပိုပြီး အများကြီး စိတ်ဝင်စားဖို့ ကောင်းလာတာပဲ”

ချန်ချန်းဟွာက မျက်နှာတစ်ချက်မပျက်ဘဲ ပိုးသားဧကရာဇ်ကို မျက်လုံးထောင့်ကပ်ကာ စွေကြည့်လိုက်သည်။

“ဧကရာဇ်မင်းသာ ခံစားချက်ကင်းမဲ့တဲ့ လမ်းကြောင်းပေါ်ရောက်သွားရင် လူတစ်ယောက်ကို သတ်ဖြတ်တဲ့အခါ စိတ်ခံစားချက်မရှိတော့ဘူး အကျိုးအမြတ်ကိုပဲ စဉ်းစားတော့မှာလေ...”

ပြောရင်း သူက အခြားလက်တစ်ဖက် ပင့်မြှောက်လိုက်ပြီး ‘ကမ္ဘာမြေမှောက်လှန်စည်းတံဆိပ်’ ကို ထုတ်ဖော်လိုက်သည်။

ကမ္ဘာမြေပမာ ကြီးကျယ်ခမ်းနားသော လက်ဝါးရိုက်ချက်က ကြီးကျယ်ခမ်းနားသည့် ထိုက်ကျိသင်္ကေတကားချပ်ကို အောက်သို့ ဖိနှိပ်ချလိုက်သည်။

လက်ဖဝါး (၃)ခု ရိုက်ခတ်မိသွားချိန် လေထုထဲတွင် ရှည်လျားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းက အဆုံးမရှိဟု ထင်မှတ်ရကာ ငရဲကိုးထပ်နယ်မြေ၏ မိုးမြေတစ်ခွင်ကို နှစ်ပိုင်းကွဲသွားစေသည်။

“ဧကရာဇ်မင်းလျှောက်မယ့်လမ်းကြောင်းက တဖြည်းဖြည်းချင်း ပုံပေါ်လာပြီလို့ ထင်ခဲ့မိတာ ၊ အခုတော့ ကြည့်ရတာ မရေမရာဖြစ်နေတုန်းပဲ”

ချန်ချန်းဟွာက ရုတ်တရက် အော်ဟစ်ရယ်မောရင်း...

“အဲဒါ စိတ်စေရာမိုးကြိုးစွမ်းအားရဲ့ အကျိုးဆက် ဖြစ်နိုင်မလား”

ထို့နောက် သူက ရယ်မောရင်းဖြင့်ပင် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။

“အရင်တုန်းက ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းက အနိုင်ရနေပြီ ၊ ဒါပေမဲ့ အခုတော့ မရေမရာအခြေအနေကို ပြန်ရောက်သွားပြီ ၊ ဒါက မင်းမြင်ချင်တဲ့ အခြေအနေမျိုးလား ၊ ဒါကိုအမြတ်ထွက်တယ်ထင်လား... ဆုံးရှုံးမှုလို့ထင်လား”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...

“ပြောဖို့ စောပါသေးတယ်”

ပိုးသားဧကရာဇ်က...

“မင်း စကားသိပ်များလွန်းတယ်... မိတ်ဆွေလေး’ချန်’”

ပိုးသားဧကရာဇ်၏ လက်ဝါးထက်တွင် လည်ပတ်နေသည့် ထိုက်ကျိသင်္ကေတကားချပ်က ချန်ချန်းဟွာ၏ လက်ဝါးရိုက်ချက်များကို ထိန်းချုပ်ထားလိုက်သည်။

ထို့နောက် သူက ကျန်လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ချန်ချန်းဟွာအား ရိုက်ချလိုက်ဩ၏။

“ရန်ကျောက်ကဲပြောသလိုပဲ... ဧကရာဇ်မင်းက ကျွန်တော့်ကို တကယ်အံ့အားသင့်စေတာပဲ...”

ပြောနေရင်းပင် ချန်ချန်းဟွာ၏ ရုပ်သွင်က အစစ်အမှန်မှ ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားပြီး ပိုးသားဧကရာဇ်၏ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

သူက ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအား အသုံးပြုလိုက်ခြင်းပင်။

ပိုးသားဧကရာဇ်က စကားတစ်ခွန်းမဆိုဘဲ ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်သီးသိုင်းစည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။

ထိုစည်းတံဆိပ်ကြောင့် ချန်ချန်းဟွာမှာ ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြန်လည်ပြောင်းလဲလာသည်။

သို့သော် သူက ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအား ထုတ်ဖော်အသုံးပြုထားသော ပိုးသားဧကရာဇ်ထံသို့ ချက်ချင်းပင် ခုန်ဝင်သွားသည်။

ချန်ချန်းဟွာ ထူးဆန်းစွာ အော်ဟစ်ရယ်မောလိုက်ပြီး ပိုးသားဧကရာဇ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံး ရွှေရောင်မီးလျှံများ မြင့်တက်ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ပိုးသားဧကရာဇ် အံ့အားသင့်သွားပြီး...

“ကနဦးကောင်းကင်ခွဲဖြာမီးလျှံ အနှစ်သာရ... ၊ ကနဦးကောင်းကင် ခွဲဖြာမီးလျှံလက်ဝါးသိုင်း...”

“ကနဦးကောင်းကင် ခွဲဖြာမီးလျှံလက်ဝါးသိုင်း” ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က အထွတ်ထိပ်သိုင်းပညာတစ်ရပ် ဖြစ်သည်။ ဒဏ္ဍာရီအရ နတ်ဘုရားများအုပ်ဆိုးသည့် ခေတ်ကာလမှ တန်ခိုးစွမ်းအားရှင်တစ်ယောက်သော ‘တာအိုဆရာ’လုယာ’ ထံမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။

ချန်ချန်းဟွာ၏ လက်ဝါးရိုက်ချက်မှ ‘ကနဦးကောင်းကင်ခွဲဖြာမီးလျှံ အနှစ်သာရ’ ထွက်ပေါ်လာပြီး ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအားကို ဖြတ်ကျော်ကာ ပိုးသားဧကရာဇ်ရှေ့သို့ ရောက်ရှိလာလေ၏။

All Chapters