ချိတ်တံဆိပ်ထဲ ကျသွားသော ကောင်းကင်နယ်စားမင်း
Vol. 48 Ch. 644
လူငယ်လေးများမှာ စိတ်လှုပ်ရှားလာကြပြီး အလင်းထဲသို့ ကပျာကယာ ကြည့်လိုက်သည်။ ကောင်းကင်နယ်စားမင်း၏ မျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်ချင်ကြသော်လည်း အလင်းမှအပ တခြားမည်သည်ကိုမျှ မမြင်ရပေ။
လင်ယွိရှို့ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဒီသင်္ဘောက ကောင်းကင်နယ်စားမင်းရဲ့ မျက်လုံးတစ်လုံးစလုံး မြင်ရဖို့ နှစ်ရက် ရွက်လွှင့်ရမယ်ဆို ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်လောက်တောင် ကြီးတာလဲ”
“မြေအောက်ဘုံအရှင်သခင်နဲ့ အတူတူလောက် ဖြစ်မယ်”
ချင်မူက ပြောလိုက်သည်။ “ငါ မြေအောက်ဘုံအရှင်သခင်ရဲ့ ကိုယ်အစစ်ကို အရင်က မြင်ဖူးတယ်... သူ့ချိုတွေက ပျက်စီးသွားတဲ့ ကမ္ဘာတွေနဲ့ ဖွဲ့တည်ထားတာ... သူ့ချိုတွေကတင် ခန့်မှန်းမရလောက်အောင် ကြီးနေပြီ... ဒီလို သဘာဝအလျောက် မွေးဖွားလာတဲ့ နတ်ဘုရားမျိုးတွေမှာ သာမန်လူတွေ တွေးတောင်မကြည့်နိုင်တဲ့ အစွမ်းအစတွေ ရှိတယ်”
ချိရှီက ပြောသည်။ “ကောင်းကင်နယ်စားမင်းရဲ့ ရုပ်သွင်အစစ်ကို မင်းတို့ မြင်နိုင်ရင် သူ့ခန္ဓာကိုယ်ထဲမှာ ကွယ်ဝှက်နေတဲ့ နေတွေကိုလည်း မြင်နိုင်လိမ့်မယ်”
သင်္ဘောသည် စူးရှတောက်ပနေသော ကောင်းကင်နယ်စားမင်း၏ မျက်လုံးထဲတွင် ပျံသန်းနေ၏။ သင်္ဘော၏အလျင်က အတိုင်းထက်အလွန် မြန်ပါသော်လည်း ကောင်းကင်နယ်စားမင်း၏ မျက်လုံးက ကြီးမားလွန်းလေသည်။ နှစ်ရက်နှစ်ည ရွက်လွှင့်ပြီးနောက် ချင်မူနှင့် ကျန်ရှိသူများ နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နယ်စားမင်း၏ မျက်လုံးကောက်ကြောင်းအား မြင်ကြရသည်။
မျက်လုံးကြီးက တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်နေပြီး အရွယ်အစားချင်း ယှဉ်လိုက်လျှင် သူတို့၏လေသင်္ဘောမှာ မပြောပလောက်တော့ပေ။
သို့တိုင်အောင် ကောင်းကင်နယ်စားမင်းအား အပြည့်အစုံ မမြင်ကြရသေးပေ။
ချင်မူ မျက်လုံးကြီးကို ကြည့်၍ အံ့အားသင့်နေသည်။ ရုတ်တရက် တတိယမျက်လုံးပေါ်ရှိ ရွှေရောင်မိုးမခသစ်ရွက်မှာ လေအဝှေ့ကြောင့် ကွာသွားပြီး မျက်ခုံးနှစ်ဖက်ကြားမှ ပြုတ်ကျသွား၏။
ချင်မူ အထိတ်ထိတ်အလန့်လန့်ဖြင့် ရွှေရောင်မိုးမခသစ်ရွက်အား အလျင်အမြန် လှမ်းဆွဲလိုက်သည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ခု သူ၏တတိယမျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရလေသည်။
ဝင်ရောက်သွားသည်က အလင်းတန်းတစ်တန်း ဖြစ်၏။
ချင်မူ စိတ်ရှုပ်ထွေးသွားပြီး မူလဝိညာဉ်ဖြင့် လိုက်ရှာကြည့်သော်လည်း တတိယမျက်လုံးထဲတွင် မူမမှန်သည့်အရာ မတွေ့ရပေ။
“မှားမြင်မိတာပဲလား” ချင်မူ ရွှေရောင်မိုးမခသစ်ရွက်ကို ပြန်ကောက်၍ မျက်ခုံးနှစ်ဖက်ကြားအပေါ် ပြန်ကပ်လိုက်သည်။
ထိုအချိန်တွင် သူ၏တတိယမျက်လုံးထဲ၌ ...
အတားအဆီးအစီအရင်များအကြား၊ အမှောင်ထုထဲ၌ ကျောက်စိမ်းလည်ဆွဲသဏ္ဍာန် မြေပြင်တစ်ခုသည် လွင့်မျောနေ၏။ မြေပြင်ကို ချုပ်နှောင်ထားသော သံကြိုးများက ‘ချင်’ ဆိုသည့် စာလုံးအသွင် ရှိနေသည်။
မြေပြင်၏အပေါ် ကောင်းကင်ယံ၌ ဗုဒ္ဓရှင်တော်မြတ်တစ်ပါး၏ တရားသံ ပျံ့လွင့်နေပြီး ဤမြေပြင်ထဲတွင် ချုပ်နှောင်ခံထားသော သတ္တဝါအား ဖိနှိပ်နေသည်။
ဤအချိန်မှာပင် အလင်းတန်းတစ်တန်း ဝင်လာသဖြင့် အမှောင်ထုမှာ လင်းထိန်သွားသည်။ အလင်းတန်းက ကောင်းကင်ယံတွင် ရွေ့လျားနေပြီး ‘ချင်’စာလုံး သဏ္ဍာန် ချိတ်တံဆိပ်ကို တစ်ပတ်ပတ်နေ၏။
ချင်စာလုံးသဏ္ဍာန် ချိတ်တံဆိပ်၏ အလယ်တွင် မယုံနိုင်လောက်အောင် ကြီးမားသော ကလေးကြီးတစ်ယောက် ပျင်းရိပျင်းတွဲ လှဲနေသည်။ သူက ခြေမကို ကိုင်ပြီး ပါးစပ်ထဲ ထည့်ကာ ကလေးတစ်ယောက်လို တခစ်ခစ် အော်ရင်း ဆော့ကစားနေသည်။
ဤကလေးသည် ချင်ဖုန်းကျင့်အပြင် မည်သူဖြစ်နိုင်မည်နည်း။
သူက အလင်းတန်းကို မြင်လျှင် ပါးစပ်ထဲမှ ခြေမကို ထုတ်ပြီး ချွန်ထက်နေသော သွားများ ဖြဲပြလိုက်၏။ “ဟေ့ ကောင်ကြီး ဘာကြည့်နေတာလဲ... ဆက်ကြည့်နေရင် စားပစ်လိုက်မယ် ဘာမှတ်”
“ငါက မင်းကို ဒီတိုင်း ကြည့်နေတာပါကွယ်”
အလင်းတန်းက အလင်းလုံးလေးတစ်လုံးအဖြစ် စုသွားပြီး အိုမင်းနေသောအသံတစ်သံ ထွက်လာသည်။ “စိတ်ဝင်စားစရာ သတ္တဝါပဲ... ယိုတုက မင်းလို ဆိုးသွမ်းတဲ့ ဝိညာဉ်မျိုး တကယ် မွေးဖွားပေးခဲ့တာပါလား... ကြည့်ရတာ မြေအောက်အရှင်သခင်ရဲ့ အာဏာ လျော့ရဲလာပုံပေါ်တယ်”
ချင်ဖုန်းကျင့်က ငေါက်ခနဲ ထရပ်သည်။ သူက ခုန်ပြီး အလင်းလုံးလေးအား ဖမ်းရန် ကြိုးစား၏။
အလင်းလုံးက သူ့ကို ရှောင်ကာ ပြောသည်။ “ငါက ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်လို နတ်ဘုရားမျိုး... မင်း ငါ့ကို ဘာမှလုပ်လို့မရဘူး... ငါက မင်းကို ကြည့်ချင်လို့လာ တာ စိတ်ဝင်စားစရာ သတ္တဝါလေးရဲ့...”
ချင်ဖုန်းကျင့်က စိတ်လှုပ်ရှားစွာ နှုတ်ခမ်းပါးနား သပ်နေသည်။ “မြေအောက်ဘုံအရှင်သခင်လောက် ကြီးတယ်ပေါ့... ခင်ဗျားကို ကုန်အောင် စားဖို့ ဘယ်လောက်ကြာလောက်မလဲ...” သူက ထိုသို့ပြောရင်း အလင်းလုံးကို ဖမ်းရန် ခုန်လိုက်ပြန်သည်။ ခုန်ရင်းခုန်ရင်း အမြင့်ရောက်လာသည့်အခါ ချိတ်တံဆိပ်သည် သူ့ကို ပြန်ရိုက်ချ၏။
ကောင်းကင်နယ်စားမင်း၏ အသံက အလင်းလုံးထဲမှ ထွက်လာသည်။ “မင်းက ခေါင်းမာတဲ့ ကောင်စုတ်လေးပဲ... ချုပ်ထားခံရတာ အံ့ဩစရာမရှိဘူး... ငါက မင်းကို ကြည့်ဖို့ လာတာ... အခုပြန်တော့မယ်”
ချင်ဖုန်းကျင့်က သူ့ကို စားချင်၍ ခုန်ဆွခုန်ဆွဖြင့် အသည်းအသန် လိုက်ဖမ်းနေသည်။ အလင်းလုံးမှာ ထွက်ခွာရန် လှည့်လိုက်သော်လည်း မိုးမခသစ်ရွက်တစ်ရွက်၏ အကြောများ ပေါ်လာပြီး ထွက်ပေါက်ကို ပိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ဤမြေပြင်မှ နတ်ဆိုးအလင်းတန်းနှင့် နတ်ဆိုးချီများ ပေါ်ထွက်လာကာ ကောင်းကင်ယံကို လွှမ်းခြုံလိုက်လေသည်။
“သေစမ်း ငါတော့ အတားအဆီးအစီအရင်ထဲ ကျသွားပြီ”
ရှေးဆန်းသောအသံက အလင်းလုံးထဲမှ ထွက်လာသည်။ “သူ့ကို ချုပ်ဖို့ မြေအောက်ဘုံအရှင်သခင်က သူ့ချိုကြီးတောင် သုံးခဲ့တာပဲဟ... မိုးမခသစ်ရွက် အဲဒီမျက်လုံးကို ဖုံးလိုက်ရင် မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုစွမ်းအားကို အသက်သွင်းပေးလိမ့်မယ်... ငါက ကိုယ်ပွားဆိုတော့ ရုန်းထွက်ဖို့ မှော်စွမ်းအင်မရှိဘူး”
သူ ဤသို့ပြောနေစဉ် ဗုဒ္ဓအလင်းတန်းများ ဖြာကျလာပြီး ရွှေရောင်မိုးမခသစ်ရွက်နှင့် မြေအောက်ဘုံအရှင်သခင်၏ ချိုဖြင့် ချိတ်ဆက်သွားသည်။
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ တမုဟုတ်ချင်း အပေါ်မှ ဖိချလိုက်ရ၍ ချင်စာလုံးသဏ္ဍာန် ချိတ်တံဆိပ်ထဲ ကျသွားပြီး ဝတ်ရုံအဖြူဖြင့် အဘိုးကြီးတစ်ယောက်အသွင် ပြောင်းသွားတော့သည်။ သူ့တွင် အဖြူရောင်မျက်ခုံးမွှေးများ၊ အဖြူရောင်မုတ်ဆိတ်များနှင့် အဖြူရောင်ဆံပင်များ ရှိ၏။ သူက ချင်ဖုန်းကျင့်ကို မော့ကြည့်ကာ တစ်ယောက်တည်း ပြောနေသည်။ “ဗြဟ္မတံဆိပ်တော်လည်း ရှိနေတယ်... ဟုတ်သား၊ ရွှေရောင်မိုးမခသစ်ရွက်နဲ့ မြေအောက်ဘုံအရှင်သခင်ဂြိုဟ်ကို ဆက်သွယ်ပေးလိုက်တာ ဗြဟ္မပဲ.... သူ့ကြောင့် ရွှေရောင်မိုးမခသစ်ရွက်က မြေအောက်ဘုံအရှင်သခင်ရဲ့ ချိတ်တံဆိပ်ကို အသက်သွင်းပြီး ငါ့ကို ပိတ်မိသွားစေတာ”
ချင်ဖုန်းကျင့်မှာ အကြီးအကျယ် စိတ်လှုပ်ရှားသွားပြီး ဝတ်ရုံအဖြူနှင့် အဘိုးကြီးကို ဖမ်းလိုက်သည်။
လေသင်္ဘောအပေါ်၌...
ချင်မူ သူ၏မျက်ခုံးနှစ်ဖက်ကြား နေရာ ဖောင်းလာသည်ကို ခံစားလိုက်ရသည်။ အနည်းငယ် နာကျင်လာသဖြင့် မျက်ခုံးနှစ်ဖက်ကြားသို့ အလျင်အမြန် လှမ်းဖိလိုက်မိ၏။
“ဘာဖြစ်တာလဲ” ပထမလူသားဧကရာဇ်က စိတ်ပူစွာ မေးသည်။
“မျက်ခုံးနှစ်ဖက်ကြားက နာလို့”
နာကျင်မှုက ပိုမိုပြင်းထန်လာသည်။ သူ့လက်ဝါးမှာလည်း တုန်ရီနေသဖြင့် ပထမလူသားဧကရာဇ်က ကမန်းကတန်း ပြောလေသည်။ “လက်ချပြီး ငါ့ ပြကြည့်”
ချင်မူ လက်ချလိုက်သည်နှင့် ပထမလူသားဧကရာဇ် ကြည့်လိုက်သည့်အခါ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်အောက်တွင် တစ်စုံတစ်ခု လိမ့်နေသကဲ့သို့ ရွေ့လျားနေကြောင်း မြင်လိုက်ရသည်။ တစ်ချက်တစ်ချက် ၎င်းကြောင့် မိုးမခသစ်ရွက်မှာ ဖောင်းလာပြီး အဆက်မပြတ် လှုပ်ရှားနေသယောင် ထင်ရ၏။
“ကောင်းကင်မြေပြင်မုဒြာ၊ ကောင်းကင်နှင့်မြေပြင်ကို မှောက်ခုံလှန်မည်”
ပထမလူသားဧကရာဇ်က မာန်သွင်းအော်ဟစ်၍ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ အသာအယာ ဖိလိုက်သည်။ သူ၏မုဒြာသိုင်းက သစ်ရွက်ကို ဖြတ်ကျော်ပြီး ချင်မူ၏တတိယမျက်လုံးအား ထိမှန်သွား၏။ ကောင်းကင်နှင့်မြေပြင်ကို မှောက်ခုံလှန်မည့် လက်ဝါးက တိုးထွက်နေသော ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားကို ရိုက်ချလိုက်လေသည်။
မုဒြာသိုင်းကွက် ဆင်းသက်လာသည့်အခါ ကောင်းကင်သည် ကောင်းကင်မဟုတ်တော့၊ မြေပြင်သည် မြေပြင်မဟုတ်တော့။ ချင်စာလုံးမြေပြင်မှာ မှောက်ခုံလန်သွားပြီး ကောင်းကင်နယ်စားမင်းမှာ ရိုက်ချက်ကြောင့် အင့်ခနဲ ညည်းတွားလိုက်ရသည်။
ပထမလူသားဧကရာဇ်က လက်ပြန်ရုတ်၍ စိုးရိမ်စွာ မေးသည်။ “ဘယ်လိုနေသေးလဲ”
ချင်မူ တအံ့တဩ ပြောလိုက်မိ၏။ “မနာတော့ဘူး... တကယ် မနာတော့ဘူး”
ပထမလူသားဧကရာဇ်က အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒါက ကောင်းကင်မြေပြင်မုဒြာသိုင်းရဲ့ စွမ်းအားပဲ.. များများကျင့်၊ ငါ့သင်ပေးထားတာတွေ အလကားမဖြစ်စေနဲ့”
ချင်မူက ‘ဟုတ်ကဲ့’ဟုသာ ပြောပြီး လင်ယွိရှို့နှင့်အတူ မူလဝိညာဉ်ကျင့်ရန် ပြေးထွက်သွားသည်။ ပထမလူသားဧကရာဇ်မှာ သက်ပြင်းချရင်း ကျန်ခဲ့၏။
ချင်မူ၏တတိယမျက်လုံးထဲတွင် ချင်ဖုန်းကျင့်က ကောင်းကင်နယ်စားမင်းကို ခြေထောက်မှ ကိုင်ဆွဲပြီး နံပြားရိုက်သကဲ့သို့ မြေပြင်ပေါ် ရိုက်ချနေသည်။ သူက ဝတ်ရုံအဖြူနှင့် အဘိုးအိုကို စကြာလို လှည့်နေ၍ အဘိုးအို ခေါင်းမူးနေသည့်အချိန် တစ်ကိုက်ကိုက်ကြည့်လိုက်၏။
“ဖွီ အရသာလည်း မရှိဘူး”
ချင်ဖုန်းကျင့် အူတူတူဖြစ်သွားပြီး သူ ကိုက်လိုက်သည်မှာ အလင်းလုံးတစ်လုံးသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အရသာတစ်စက်မှ မရှိသောကြောင့် သူက ဝတ်ရုံအဖြူနှင့် အဘိုးအိုကို ဘေးသို့ လွှင့်ပစ်ကာ စိတ်မဝင်စားတော့ပေ။
အဘိုးအိုမှာ ကုန်းထပြီး ခါးကို ပွတ်နေသည်။ သူ့တစ်ကိုယ်လုံး ကိုင်ပေါက်ခံထားရ၍ နာကျင်နေသော်လည်း အလင်းလုံးတစ်လုံးသာ ဖြစ်၍ လျင်မြန်စွာ သက်သာလာလေသည်။
“စိန်ပြေးလိုက်တမ်း ကစားကြမလား”
ချင်ဖုန်းကျင့်က စိတ်ဝင်စားလာပြန်သည်။ သူက လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပုပုတိုတို ခြေထောက်များဖြင့် ခုန်ရင်း ကလေးအသံနှင့် ပြော၏။ “မင်း ပုန်း၊ ငါ ဖမ်းမယ်... ငါ မင်းကို ဖမ်းမိရင် မင်းလက်နဲ့ ခြေထောက်တွေကို ဆွဲဖြဲမယ်... မင်းလက်တွေ ခြေတွေက ပြန်ပေါက်လာနိုင်မှတော့ ငါတို့အကြာကြီး ဆော့လို့ရတယ်”
အပြင်တွင်..
“ကောင်းကင်နယ်စားမင်းရဲ့ အလင်းရောင်က ငါတို့သင်္ဘောရဲ့ အလင်းတန်းကို ဖုံးကွယ်ပေးထားတယ်... ကောင်းကင်နတ်ဘုံ ရှာတွေ့မှာ စိတ်မပူရတော့ဘူး”
ချိရှီက အနောက်သို့ ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “အခုတော့ ဘယ်သူမှ ငါတို့နောက် လိုက်မလာနိုင်တော့ဘူး”
ပန်ကုန်းစုန်မှာ သံသယဝင်နေသည်။ “လိုက်လာတဲ့လူ တကယ် ရှိလို့လား”
ပထမလူသားဧကရာဇ်က ခေါင်းညိတ်ပြသည်။ “ဒါက ချိမင်နတ်ဘုရားနိုင်ငံတော်ရဲ့ အသက်ရှင်ကျန်သူတွေကို ရှာတွေ့နိုင်မယ့် အကောင်းဆုံးအခွင့်အရေး မဟုတ်လား... ကောင်းကင်နတ်ဘုံက လက်လွှတ်ခံမှာမဟုတ်ဘူး... ငါတို့ လော့ဖူကောင်းကင်ဘုံက ထွက်လာကတည်းက စောင့်ကြည့်ခံနေခဲ့ရတာပဲ... မင်းတို့က သိုင်းအဆင့်နိမ့်လို့ မခံစားရပေမယ့် ငါတော့ ငါတို့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကို ခံစားနေရတယ်... ကောင်းကင်နယ်စားမင်းရဲ့ ရွှမ်တုထဲ ဝင်တော့မှ အဲဒီအကြည့်ကို မျက်ခြေဖြတ်နိုင်ခဲ့တာ”
ချိရှိက ပြော၏။ “ငါတို့နောက်လိုက်နေတဲ့ တစ်ယောက်က မဟာနေဧကရာဇ် ဖြစ်လောက်တယ်”
ပထမလူသားဧကရာဇ် အံ့အားသင့်သွားသည်။ “တကယ် သူလား... ကျုပ် ဒီမဟာနေဧကရာဇ်အကြောင်း ကောင်းကောင်း မသိပေမယ့် အဲဒီပြင်ပကောင်းကင်နတ်ဘုံဆီက မဟာနေဧကရာဇ်ရဲ့ အမြန်နှုန်းက တော်တော်မြန်မြန်လို့ ကြားဖူးတယ်... ဒါ့အပြင် သူ့လက်အောက်မှာလည်း နတ်ဘုရားတွေ အများကြီးရှိတယ်... သူသာ လိုက်လာရင် သေချာပေါက် ခါထုတ်ဖို့ ခက်မှာပဲ”
ချိရှီက ကြယ်မြေပုံကို ပြန်ထုတ်ပြီး ပြောသည်။ “လမ်းမှာ နေတွေကို ရှောင်သွားနိုင်ရင် ဒီနတ်ဘုရားကို မျက်ခြေဖြတ်နိုင်လောက်ပါတယ်”
ချင်မူနှင့် လင်ယွိရှို့၏ မူလဝိညာဉ်က လေထဲတွင် လျှောက်သွားနေပြီး ချင်မူ့မူလဝိညာဉ်သည် လှမ်းစပ်စု၏။ “ကျွန်တော် နေဧကရာဇ်ကို မြင်ဖူးတယ်... သူ့အစွမ်းအစတွေက သိပ်မမြင့်ပါဘူး... ကျွန်တော့်ဘိုးဘိုး သားသတ်သမားရဲ့ ဓားမတစ်ချက်နဲ့တင် သေသွားတယ်... ဒီမဟာနေဧကရာဇ်ဆိုတာ ဘယ်ကတုန်း”
ပထမလူသားဧကရာဇ်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “မဟာနေဧကရာဇ်က နေဧကရာဇ်နဲ့ မတူဘူး... နေဧကရာဇ်က အသုံးချခံ နယ်ရုပ်လေးပဲ... ခိုင်ဧကရာဇ်ခေတ်တုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ သာမန်နတ်ဘုရားတစ်ယောက်၊ နေထိန်းကျောင်းသူမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပါးပေါ့... နောက်ပိုင်း သူက သစ္စာဖောက်ပြီး ပြင်ပကောင်းကင်နတ်ဘုံရဲ့ ခွေးတစ်ကောင် ဖြစ်လာတာ... မဟာနေဧကရာဇ်ကတော့ နေကနေ မွေးဖွားလာပြီး အင်မတန် အင်အားကြီးမားတဲ့ နတ်ဘုရားလို့ ပြောကြတယ်... ရွှေကျီးကန်းဝိညာဉ်ခန္ဓာ၊ မီးနဂါးဝိညာဉ်ခန္ဓာ၊ မီးကျီးကန်းဝိညာဉ်ခန္ဓာ၊ အဲဒီခန္ဓာတွေက မဟာနေဧကရာဇ်အသွင်ကို ကျင့်ကြံကြတာပဲ... နတ်ဘုရားအဆင့်ရောက်ရင် သူတို့ရဲ့မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာက မဟာနေဧကရာဇ်အသွင် ဖွဲ့တည်ပေးတယ်.... နေဧကရာဇ်ရဲ့အသွင်ကလည်း မဟာနေဧကရာဇ်အသွင်လို့ ပြောလို့ရတယ်”
ချင်မူနှင့် လင်ယွိရှို့မှာ ခန္ဓာကိုယ်ထဲ ပြန်ဝင်ပြီး တုန်လှုပ်နေကြသည်။ ချင်မူက အော်လိုက်မိ၏။ “စနေဂြိုဟ်အရှင်သခင်လို ရှေးဟောင်းနတ်ဘုရားတစ်ပါးလား”
ပထမလူသားဧကရာဇ်က ပြောလေသည်။ “စနေဂြိုဟ်အရှင်သခင်ကို မင်း ဘယ်လိုသိလဲ... စနေဂြိုဟ်အရှင်သခင်က မဟာနေဧကရာဇ်အောက် တစ်ဆင့်၊ နှစ်ဆင့်လောက် နိမ့်တယ်... ဒါပေမဲ့ သူက ရှေးဟောင်းနတ်ဘုရားအဆင့် မဟုတ်ဘူး.... မဟာနေဧကရာဇ်လောက် ရှေးမကျသလို၊ တန်ခိုးလည်း မကြီးဘူး... မဟာနေဧကရာဇ်က ပြင်ပကောင်းကင်နတ်ဘုံမှာ အာဏာရှိတဲ့လူတစ်ယောက်... စနေဂြိုဟ်အရှင်သခင်ကတော့ နေရာတစ်နေရာမှာပဲ အာဏာရှိတာ”
ချင်မူနှင့် ကျန်ရှိသူများမှာ နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်နေကြသည်။
လေသင်္ဘော ကောင်းကင်နယ်စားမင်း၏ မျက်လုံးထဲမှ ထွက်သွားပြီးနောက်တွင် သင်္ဘောမှ ကျန်ခဲ့သော အလင်းစွပ်ကြောင်းအတိုင်း အလင်းတန်းတစ်တန်းက ရွှမ်တုထဲ ဝင်လာ၏။ သို့သော် ဤနေရာတွင် သင်္ဘော၏လမ်းကြောင်းက ပြတ်တောက်သွားလေသည်။
“ပိုက်ကွန်ထဲက ထွက်ပြေးသွားတဲ့ ဒီငါးတွေက တော်တော် ဉာဏ်များတာပဲ”
အလင်းတန်းက ရပ်သွားပြီး ငှက်တောင်ပံ၊ လူခန္ဓာနှင့် ခြေသုံးချောင်းရှိသော နတ်ဘုရားတစ်ပါးအသွင် ပြောင်းသွားသည်။ သူ၏ငှက်ခေါင်းတွင် မျက်လုံးသုံးလုံး ရှိပြီး နဖူးပေါ်၌ အဆုံးမဲ့မီးတောက်များ ကိန်းဝပ်နေသည့် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေ၏။ မျက်လုံးများထဲ၌ နေတစ်စင်း ပုန်းကွယ်နေသည့်အလား ထင်ရပေသည်။
သူ့ခြေထောက်များတွင် နဂါးကြေးခွံများ ဖုံးလွှမ်းနေပြီး တောင်ပံများတွင်မူ အနက်ရောင် မီးငှက်အမွှေးအတောင်များ ရှိသည်။ အနက်ရောင်အမွှေးအတောင်များဖြင့် သူ၏ရုပ်သွင်မှာ ခြေထောက်အထိ ကျနေသော အနက်ရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
ဤနတ်ဘုရားသည် အလွန်ကြီးမားသော်လည်း ကောင်းကင်နယ်စားမင်းနှင့် ယှဉ်သည့်အခါ မပြောပလောက်တော့ပေ။ သူက ကောင်းကင်နယ်စားမင်း၏ မျက်လုံးကို ကြည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်။ “ကောင်းကင်နယ်စားမင်းခင်ဗျား၊ သင်္ဘောတစ်စင်း ဒီနေရာက ဖြတ်သွားသေးလား မေးချင်လို့ပါ”
ကောင်းကင်နယ်စားမင်းမှာ ရွှမ်တုထဲတွင် အလွန်အလုပ်များနေပြီး ကမ္ဘာအမျိုးမျိုးရှိ ကြယ်တာရာတို့အား ကြီးကြပ်ကွပ်ကဲနေရသည်။ တခဏကြာသော် အလင်းလုံးတစ်လုံး ပေါ်လာကာ မျက်နှာမသဲမကွဲသော အလင်းလူသားတစ်ယောက်အဖြစ် ဖွဲ့တည်သွား၏။ သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ထွက်လာသည်။ “ငါ ကောင်းကင်ဘုံတွေရဲ့ ကြယ်တွေကို ကြီးကြပ်နေရလို့ မမြင်မိလိုက်ဘူး... ငါ့ရွှမ်တုထဲမှာ နတ်စစ်သည်တွေ၊ စစ်သူကြီးတွေ တစ်ပုံကြီး ရှိတယ်... သူတို့ကို မေးကြည့်လိုက်”
မဟာနေဧကရာဇ်က တောင်းပန်ပြီး ပြောလိုက်သည်။ “ကောင်းကင်နယ်စားမင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်... စိတ်မရှိပါနဲ့” ထိုသို့ပြောပြီးနောက် သူက တောင်ပံများ ခတ်ကာ ထွက်သွားသည်။
အလင်းလူသားလည်း ပျောက်ကွယ်သွား၏။
များစွာမကြာလိုက်ဘဲ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နေများ တောက်ပလင်းလက်လာပြီး နတ်ဘုရားသောင်းနှင့်ချီ ပျံထွက်လာသည်။ နတ်ဘုရားများဆီမှ ဖြာထွက်နေသော ကောင်းကင်အလင်းတန်းများသည် နေများသဖွယ် ချိတ်ဆက်နေပြီး သူတို့က သင်္ဘောအား ပိုက်စိပ်တိုက် ရှာနေကြ၏။
“အား အား အား....”
ထိုနတ်ဘုရားတို့က မီးကျီးကန်းနတ်ဘုရားများ ဖြစ်ကြသည်။ သူတို့တွင် ကျီးကန်းခေါင်းနှင့် လူခန္ဓာ ရှိကြ၏။ ကျောတွင်မူ အနီရောင် မီးတောင်ပံများ ပေါက်နေကြပြီး မြားကျည်တောက်များ လွယ်ထားကြသည်။ လက်ထဲ၌ အနီရောင်ဘူးသီးခြောက်များ ကိုင်ထားပြီး ငှက်ခြေထောက်သုံးဖက်၌ လေးကြီးများ ဆုပ်ထားကြသည်။ သူတို့အလျင်က လျှပ်စီးပမာ မြန်လေသည်။
၎
င
၎
၎