မဟာနေဧကရာဇ်၏ လျှို့ဝှက်ချက်
Vol. 48 Ch. 646
ချင်မူ့ခေါင်းမပြတ်သွားကြောင်း မြင်မှ ပထမလူသားဧကရာဇ်မှာ သက်ပြင်းချပြီး အလေးအနက် သတိပေးလိုက်သည်။ “ဒီဓားမက အန္တရာယ်များတယ်... ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ရဲ့ ခေါင်းနဲ့ သွန်းထားတာ... မလိုအပ်သရွေ့ မသုံးတာ အကောင်းဆုံးပဲ”
လင်ယွိရှို့မှာ အံ့အားသင့်နေဆဲဖြစ်ပြီး သူမကိုယ်သူမ ထိကြည့်နေသည်။ ခေါင်းမပြတ်သေးကြောင်း တွေ့မှ စိတ်အေးလက်အေး ဖြစ်သွား၏။ ပန်ကုန်းစုန်လည်း သူ့ခေါင်းသူ ထိကြည့်ရင်း သက်ပြင်းချနေသည်။
“နှမြောစရာပဲ... မှော်ဆရာကြီးကို မသတ်လိုက်ရဘူး...”
ချင်မူ ဘူးလေးကို ထောင်ကျယ်အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်၍ မီးကျီးကန်းနတ်ဘုရား၏ အလောင်းကို လေ့လာနေ၏။ ဤနတ်ဘုရား ခေါင်းဖြတ်ခံလိုက်ရသော နေရာတွင် သွေးမထွက်ပေ။ ဖြတ်ခံလိုက်ရသည့် တခဏ၌ သွေးအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ သူ့တစ်ကိုယ်လုံး ခြောက်ကပ်နေသည်။
“တကယ် အန္တရာယ်များပြီး အင်အားကြီးတဲ့ ဓားမပဲ”
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ “ဓားမနဲ့ ထိလိုက်လို့ကတော့ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ကြောက်စရာအကောင်းဆုံးက ဒီဓားမအနေနဲ့ ရန်သူကို မထိသွားရင် ပိုင်ရှင့်ခေါင်းကို ဖြတ်ပစ်လောက်တယ်... ဒါပေမဲ့ တော်တော်လေးတော့ အသုံးဝင်ပါတယ်... နတ်ဘုရားတစ်ယောက်ကို ဟင်းရွက်လှီးလိုက်သလို သတ်ပစ်နိုင်တယ်”
ပထမလူသားဧကရာဇ်မှာ ဇဝေဇဝါ ဖြစ်နေပြီး မေးလေသည်။ “မင်း ငါ့မုဒြာသိုင်းကွက်တွေ ကျင့်တာလည်း မမြင်မိပါဘူး... သိုင်းကွက်တွေ ထွင်ခဲ့တဲ့ ငါ့ကိုတောင် ညွှန်ကြားနိုင်တဲ့အထိ ဘာလို့ ကျွမ်းနေတာလဲ...”
ချင်မူ ထရပ်ကာ အကြောဆန့်လိုက်၏။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာလေ ... ဘာမဆို ခဏလေးနဲ့ တတ်တယ်”
ပထမလူသားဧကရာဇ်၏မျက်နှာ ညိုးကျသွားပြီး စိတ်ဓာတ်ကျသွားပုံပေါ်လာသည်။
ချင်မူ ကမန်းကတန်း ပြောလိုက်ရသည်။ “ကျွန်တော် တိုက်ရိုက်မကျင့်ခဲ့ပေမယ့် စိတ်နဲ့ ကျင့်ထားတာ အကြိမ်တစ်ထောင် မကတော့ပါဘူး... ပထမဘိုးဘေးကြီး၊ ခင်ဗျားရဲ့ မုဒြာသိုင်းကွက်တွေက မဆိုးပေမယ့် ခင်ဗျားက အတွေ့အကြုံမရှိဘူး ... ရန်သူ့စစ်ကြောင်းထဲ ထိုးဖောက်ပြီး သူတို့ရဲ့သိုင်းကွက်ဝင်္ကပါကို အမြန်ဆုံး ဘယ်လိုဖျက်စီးရမလဲ ကျွန်တော် ခင်ဗျားကို သင်ပေးနိုင်ပါတယ်... ဝင်္ကပါချိုးဖျက်နည်းတွေကိုတော့ ဘိုးဘိုးထော့ကျိုးဆီတာ သင်ထားတာ... ကျွန်တော်က စစ်ပွဲအတော်များများလည်း ကျော်ဖြတ်ဖူးတာကြောင့်ပါ”
ပထမလူသားဧကရာဇ်မှာ သူ့စကားကို ကြားပြီး ပို၍ပင် စိတ်ဓာတ်ကျသွားတော့သည်။ “မင်းက ငါ့ကို သင်ပေးမယ်တဲ့လား...”
သူ့ပုံစံမှာ တက်နင်းခံလိုက်ရသည့် ခရမ်းသီးကဲ့သို့ သနားစရာကောင်းနေသည်။
ချင်မူ ပြောလိုက်သည်။ “ဝင်္ကပါတစ်ခုကို ချိုးဖျက်ဖို့ ကိုယ်က အားလုံးထက် သာတယ်လို့ အရင်တွေးထားရမယ်.. စောစောက မီးကျီးကန်းဝင်္ကပါက အင်မတန် အင်အားကြီးတဲ့အပြင် မီးကျီးကန်းနတ်ဘုရားလေးထောင့်ရှစ်ရာက ဝင်္ကပါကို အဆက်မပြတ် ပြောင်းလဲနေခဲ့တယ်... ထိပ်တိုက်ရင်ဆိုင်ရင် အမြှီးက ခင်ဗျားကို ရိုက်လိမ့်မယ်... အမြှီးကို ရင်ဆိုင်ရင် ခေါင်းက ဝင်တိုးလိမ့်မယ်... ဒီလိုဝင်္ကပါမျိုးထဲ ရောက်သွားတဲ့အခါ ပျာယာခတ်သွားပြီး အာရုံမစိုက်နိုင်ဘူး ဖြစ်တတ်တယ်... အဓိက,က ရန်သူကို နံပါတ်တွေလို သဘောထားတတ်ဖို့ပဲ... လေးထောင့်ရှစ်ရာ၊ အဲဒီနံပါတ်တွေ နေရာပြောင်းတဲ့အချိန်ကျ သူတို့ရဲ့ဝင်္ကပါအစီအစဉ်ကို ခင်ဗျား မြင်သွားလိမ့်မယ်”
ပထမလူသားဧကရာဇ် တမုဟုတ်ချင်း စိတ်ဝင်စားသွား၏။ သူက စောစောက တိုက်ပွဲကို ပြန်တွေးကြည့်ပြီး မီးကျီးကန်းဝင်္ကပါက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ မီးကျီးကန်းနတ်ဘုရားတို့ကို နံပါတ်များဖြင့် အစားထိုးလိုက်သည့်အခါ သိုင်းကွက်ဝင်္ကပါအစီအစဉ်ကို သူ မြင်နိုင်သွား၏။
မီးကျီးကန်းဝင်္ကပါတွင် လိုက်နာရသည့် စည်းကမ်းတစ်ခု ရှိနေသည်။
“သူတို့ဝင်္ကပါရဲ့ အပြောင်းအလဲတွေက မြန်လွန်းတယ်... အချင်းချင်း စိတ်ချင်းဆက်သွယ်နိုင်တော့ ဝင်္ကပါရဲ့ဟာကွက်က ခဏလေးပဲ ပေါ်တော့တယ်... ငါ အဲဒီဝင်္ကပါကို ဘယ်လိုချိုးဖျက်ရမလဲ” ပထမလူသားဧကရာဇ်က မူမမှန်သည့်အချက်ကို မြင်သွား၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချင်မူက သူ့ကို ဖြည်းဖြည်းချင်း လမ်းကြောင်းပေးသည်။ “ဘာသိုင်းကွက်နဲ့ ဝင်္ကပါကို ဖျက်စီးခဲ့လဲ”
“လည်ပတ်နေသော ကောင်းကင်မြေပြင်၊ မပြောင်းလဲမည့် နှလုံးသား”
ပထမလူသားဧကရာဇ် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။ “ကမ္ဘာလည်သွားတဲ့အခါ ဟင်းလင်းပြင် ဖရိုဖရဲ ဖြစ်သွားပြီး နံပါတ်အစီအစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တယ်... အဲဒါကြောင့် ဝင်္ကပါပျက်စီးသွားတာပဲ.... ငါ မြင်နိုင်ပြီ”
ချင်မူ ပြုံးလိုက်မိ၏။ “အခု နားလည်ပြီလား”
“တပည့် နားလည်....”
ပထမလူသားဧကရာဇ်မှာ သတိပြန်ဝင်သွား၍ ကပျာကယာ ပါးစပ်ပိတ်လိုက်သည်။ သူ့မျက်နှာမှာ နီရဲလာပြီး သူက အင်္ကျီလက်အိုးဖြင့် မျက်နှာကို ကာလိုက်လေသည်။
ချင်မူ ရှင်းပြသည်ကို နားထောင်ရင်း ဆရာတစ်ယောက် သူ့ကို သင်ကြားလမ်းပြပေးနေသလို သူ ခံစားလိုက်ရ၏။ ထို့ကြောင့် ‘တပည့် နားလည်ပါပြီ’ ဟု အလိုလို ပြောလိုက်မိခြင်းဖြစ်သည်။ အချိန်မှီ ဘရိတ်အုပ်နိုင်၍ တော်သေးသည်။
ချိရှီက သင်္ဘောကို ရှင်းလင်းပြီး ကြမ်းပြင်တွင် စိုက်နေသော ရတနာများအား သိမ်းလိုက်သည်။ သူက မီးကျီးကန်းနတ်ဘုရားအလောင်းများကို သင်္ဘောပေါ်မှ ပစ်ချပြီး လမ်းလျှောက်လာ၏။ “မီးကျီးကန်းနတ်ဘုရားတွေက တစ်ယောက်နဲ့တစ်ယောက် အင်မတန် ဝေးကွာနေတာတောင် စိတ်ချင်းဆက်သွယ်နိုင်ကြတယ်... သူတို့ ငါတို့ကို ရှာတွေ့သွားပြီဆိုတော့ မဟာနေဧကရာဇ်လည်း သိပ်မဝေးလောက်တော့ဘူး... ကျန်တဲ့မီးကျီးကန်းနတ်ဘုရားတွေ ငါတို့ကို လိုက်မမှီနိုင်ပေမယ့် မဟာနေဧကရာဇ်ကတော့ လိုက်လာနိုင်တယ်... မြန်မြန်သွားစို့”
ချင်မူ ကုန်းပတ်ပေါ် တက်ပြီး အနောက်သို့ ကြည့်လိုက်သည်။ ပထမလူသားဧကရာဇ်ကြောင့် လွင့်ထွက်သွားသော မီးကျီးကန်းများက သူတို့နောက် လိုက်လာနေကြသေးသော်လည်း နေဆီ ပြန်၍ အရှိန်မငှားနိုင်သောကြောင့် သူတို့နှင့် သင်္ဘောကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကြီးမားလာသည်။
“သင်္ဘောကို ထားခဲ့ရမယ်”
ချင်မူ ရုတ်တရက် ပြောလိုက်သည်။ “မီးကျီးကန်းတွေ မမြင်နိုင်တဲ့ နေရာတစ်နေရာဆီ သွားကြမယ်... ပြီးရင် သင်္ဘောနောက်တစ်စင်း လဲမယ်... မဟာနေဧကရာဇ် လိုက်မလာနိုင်အောင် ဒီသင်္ဘောကို စွန့်ပစ်ခဲ့ဖို့ လိုတယ်... တခြားသင်္ဘော ရှိလား”
ချိရှီက ခေါင်းယမ်းပြသည်။ ပထမလူသားဧကရာဇ်လည်း ခေါင်းယမ်းပြ၏။
“ဆရာကြီးချိရှီ၊ ရန်သူတွေ ကျွန်တော်တို့နောက် လိုက်လာမယ်မှန်း သိရဲ့သားနဲ့ ဘာလို့ သင်္ဘောနောက်တစ်စင်း မပြင်ထားတာလဲ.... ဥပမာ ကျွန်တော်ဆို အဆိပ်ဖော်ရင် အရေးပေါ်အတွက် အပိုတစ်သုတ် အမြဲဆောင်ထားတယ်”
ချင်မူ ခေါင်းတယမ်းယမ်းဖြင့် ပြောနေမိသည်။ “ခင်ဗျားတို့ဗျာ အတွေ့အကြုံကို မရှိဘူး”
ပန်ကုန်းစုန်က စာအုပ်အသေးလေးတစ်အုပ် ကမန်းကတန်း ထုတ်ပြီး ချင်မူ့စကားများကို ချရေးရင်း တွေးနေသည်။ ‘သူ့အကြောင်း သိလေ၊ ရှင်းရ လွယ်လေပဲ’
ချိရှီက ပြောသည်။ “ငါတို့ ချိမင်နတ်ဘုရားနိုင်ငံတော်က ဖျက်စီးခံခဲ့ရတာလေ... သင်္ဘောတစ်စင်း ကျန်တာနဲ့တင် ကံကောင်းနေပြီ”
ပထမလူသားဧကရာဇ်က စဉ်းစားပြီး ပြော၏။ “သင်္ဘောကို ထားခဲ့လို့ မဖြစ်ဘူး... တိုက်ခိုက်ရမယ်... မဟာနေဧကရာဇ်က အင်အားကြီးပေမယ့် ငါတို့ကလည်း သာမန်မှ မဟုတ်တာ... ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး မဟာနေဧကရာဇ် ဒဏ်ရာရသွားအောင် လုပ်ရမယ်”
ချိရှီ သူ့ကို လှည့်ကြည့်ရင်း ချီတုံချတုံ ဖြစ်နေသည်။ ပထမလူသားဧကရာဇ်၏ စောစောက အပြုအမူအရ စစ်မြေပြင်သို့ တစ်ခါမှ မသွားခဲ့ဖူးကြောင်း ထင်ရှားသည်မဟုတ်ပါ၏လော။ သူ့မှာ သိုင်းကွက်ဝင်္ကပါကို ချင်မူ၏ညွှန်ကြားမှုဖြင့်သာ ဖြိုခွင်းနိုင်ခဲ့ပြီး ချင်မူ့ဆီမှပင် သင်ယူခဲ့ရသေးသည်။
မှန်သည်၊ ချိရှီကိုယ်တိုင်မှာလည်း စစ်သူကြီးမဟုတ်၍ သိုင်းကွက်ဝင်္ကပါအား မည်သို့ရင်ဆိုင်ရမှန်း မသိပေ။
စစ်ပွဲအတွေ့အကြုံ များပြားပြီး ပထမလူသားဧကရာဇ်၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ တတ်မြောက်ထားသော ချင်မူ့ကြောင့်သာ မဟုတ်လျှင် မီးကျီးကန်းဝင်္ကပါနှင့်တင် သူတို့အားလုံး အရူးမီးဝိုင်းခဲ့လိမ့်မည်။
မဟာနေဧကရာဇ်က ထင်ရှားကျော်ကြားသော နတ်ဘုရားတစ်ပါး ဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ နာမည်တစ်လုံးဖြင့် နေထိုင်ခဲ့သူဖြစ်၏။ သူ လိုက်မှီလာလျှင် ပထမလူသားဧကရာဇ်နှင့် ချိရှီ၏ အစွမ်းအစများဖြင့် ခုခံရန် အလွန်ခက်ခဲလိမ့်မည်။
ရုတ်တရက် လင်ယွိရှို့အသံ ထွက်လာသည်။ “နေကို ကြည့်”
သင်္ဘောပေါ်ရှိ လူတိုင်း လှမ်းကြည့်လိုက်ကြရာ ပြောင်းလဲနေသော နေလုံးကြီးအား မြင်လိုက်ကြရ၏။ နေမျက်နှာပြင်သည် အတွင်းထဲသို့ အထပ်ထပ် ချိုင့်ဝင်သွားပြီး ရှုပ်ထွေးသော စက်ကွင်းများ ပေါ်လာသည်။ အသေးစိတ်ကြည့်ပါက စက်ကွင်းများက ဆန်းပြားရှုပ်ထွေးသည့် အမှတ်အသားများဖြင့် ဖွဲ့တည်ထားသော ဝင်္ကပါသင်္ကေတများ ဖြစ်နေ၏။
တခဏကြာသော် မျက်လုံးကြီးတစ်လုံး ပေါ်လာသည်။
“မဟာနေဧကရာဇ် ရောက်လာပြီ” ချိရှီမှာ ပျာယာခတ်သွားတော့သည်။
ပထမလူသားဧကရာဇ်က အသက်ပြင်းပြင်းရှူ၍ သင်္ဘောအမြှီးတွင် ရပ်လိုက်သည်။ သူက အလေးအနက် ပြောလိုက်၏။ “ငါ တစ်ယောက်တည်းဆို သူ့ကို အနိုင်မယူနိုင်လောက်ဘူး... မဟာနေဧကရာဇ်ကို မျက်ခြေမဖြတ်နိုင်မှတော့ သူ ဒဏ်ရာရပြီး ထွက်ပြေးသွားအောင် လုပ်ရမယ်”
ချင်မူက အဆက်မပြတ် ပြောင်းလဲနေသော နေလုံးကြီးကို ကြည့်ရင်း မှင်သက်နေသည်။ ရုတ်တရက် သူ၏ နေကျောက်စိမ်းမျက်လုံး ထုတ်၍ လေ့လာကြည့်လိုက်၏။ ထို့နောက် နေကို ပြန်ကြည့်ပြီး အော်လိုက်သည်။ “လာနေတဲ့လူက တကယ် မဟာနေဧကရာဇ်လား”
“သေချာပေါက် မဟာနေဧကရာဇ်ပဲ”
ချိရှီက ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို လေသင်္ဘောအပေါ် မြှောက်တင်လိုက်သည်။ သူက ပြာဿဒ်ထဲ ပြေးဝင်ပြီး အပေါ်ဆုံးအထပ်အထိ တက်ကာ အင်အားအကြီးဆုံး လက်နက်ကို ယူလိုက်၏။ “သူက လွဲလို့ ဘယ်သူမှ နေကို မထိန်းချုပ်နိုင်ဘူး”
ချင်မူ့အတွေးများ ကယောက်ကယက် ဖြစ်နေ၏။ “ဒါပေမဲ့ နေကျောက်စိမ်းမျက်လုံးထဲက ဝင်္ကပါတည်ဆောက်ပုံက ဘာလို့ ဒီနေရဲ့ ဝင်္ကပါတည်ဆောက်ပုံနှင့် တူနေတာလဲ... ဒီကျောက်စိမ်းမျက်လုံးက ချုံဧကရာဇ်ခေတ်က ရတနာ... မဟာနေဧကရာဇ်က နဂါးဟန်ခေတ်ကမလား.... ဘာလို့ ချုံဧကရာဇ်ခေတ်ရဲ့ ဝင်္ကပါစွမ်းရည်ကို သုံးနေတာလဲ”
လင်ယွိရှို့က ပြောသည်။ “မဟာနေဧကရာဇ်က ချုံဧကရာဇ်ကို ဖြတ်သန်းခဲ့ရတော့ သူတို့ရဲ့ ဝင်္ကပါကောင်းကင်နတ်သိုင်းကို သင်ခဲ့တာ နေမှာပေါ့.... ဘာထူးဆန်းလို့လဲ”
“မဟုတ်ဘူး အဲဒီလိုမဟုတ်သေးဘူး”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “ကောင်းကင်နတ်သိုင်းတွေက လမ်းစဉ်အပေါ် မူတည်တယ်... သိုင်းသမားတစ်ယောက်က ကိုယ်ပိုင်ကျင့်စဉ်ကို တည်ဆောက်ပြီးရင် သူ့လမ်းနဲ့သူ ဆက်သွားရတယ်... တခြားသူတွေရဲ့ ကောင်းကင်နတ်သိုင်းတွေကိုတော့ ဘယ်လောက်လေ့လာသင်ယူပါစေ ထိပ်ဆုံးအထိ မရောက်နိုင်ဘူး... ဥပမာ မှော်ဆရာကြီးပေါ့”
ပန်ကုန်းစုန် ပေါက်ကွဲသွားပြီး အော်လိုက်သည်။ “ခွေးသူတောင်းစားချင်၊ ဥပမာပေးရင် တစ်ဖက်လူရဲ့ ခံစားချက်ကို ထည့်တွက်ပေးလို့မရဘူးလား... မင်းနဲ့ငါက တစ်လှေတည်း စီးနေတာနော်”
“မှော်ဆရာကြီးက အစတုန်းက မှော်ဆရာအစီအရင်တွေကို ကျင့်ကြံတယ်... မှော်ဆရာအစီအရင်မှာ ရှားမှရှားတဲ့ မဟာဆရာသခင်တစ်ယောက် ဖြစ်ခဲ့တယ်... သူ့ရဲ့ ဝိညာဉ်နဲ့ မူလဝိညာဉ်ကျင့်စဉ်ကလည်း ဒီကမ္ဘာမှာ ရှားတယ်... ဒါပေမဲ့ သူက အလယ်မှာ သစ်ကိုင်းလွတ်သွားပြီး တာအိုဓားဂိုဏ်းရဲ့ တာအိုဓား၊ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဓမ္မ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကျင့်စဉ်တွေနဲ့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျင့်စဉ်ကိုလည်း သင်ချင်ခဲ့တယ်... ဒါကြောင့် သူ့အစွမ်းအစတွေက ဟိုမရောက် ၊ ဒီမရောက် ဖြစ်နေတာ”
ချင်မူက ဆက်ပြောသည်။ “ငါသာ မဟာနေဧကရာဇ်ဆို ချုံဧကရာဇ်ခေတ်ရဲ့ ဝင်္ကပါပညာကို သင်ယူပြီး ငါ့အတွက် အသင့်တော်ဆုံးဖြစ်အောင် ပြောင်းလဲမယ်... ဒါပေမဲ့ ဒီမဟာနေဧကရာဇ်က ဘာမှမပြောင်းလဲထားတော့ ယုတ္တိမကျဘူး... ဒါ့အပြင် ဆရာကြီးချိရှီနဲ့ ပထမဘိုးဘေးကြီးရဲ့ ပြောပုံအရ သူက နေကနေ မွေးဖွားလာတဲ့ နတ်ဘုရားလေ.... ချုံဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာဖို့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်... သူ လုံးဝတတ်မှာ မဟုတ်ဘူး”
လင်ယွိရှို့ နားမလည်ပေ။ “ဘာလို့မတတ်တာလဲ”
“နေကနေ မွေးဖွားလာတာမလို့ သူ့ကိုယ်ထဲက တာအိုက မူသေဖြစ်နေပြီးပြီ.. ဒါပေမဲ့ ကောင်းကင်နတ်သိုင်းတွေကတော့ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲတိုးတက်လာတယ်မဟုတ်လား... ကောင်းကင်နတ်သိုင်းတွေ ပြောင်းလဲရင် ဥပဒေလည်း ပြောင်းလဲတယ်.. ဥပဒေ ပြောင်းလဲရင် လမ်းစဉ်ပြောင်းလဲတယ်... လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ ပြောင်းလဲတဲ့အခါ တာအိုလည်း ပြောင်းလဲသွားလိမ့်မယ်”
ချင်မူက ဆက်လက်ရှင်းပြ၏။ “မဟာနေဧကရာဇ်ရဲ့ တာအိုကတော့ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူး.. ဒါကြောင့် ပြောင်းလဲသွားတဲ့ လမ်းစဉ်၊ ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ဘယ်လေ့လာနိုင်တော့မလဲ... မြေအောက်ဘုံအရှင်သခင်လည်း သူ့လိုပဲ... ယမမင်းရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို မသင်နိုင်ဘူး”
နေကြီး၏ ဝင်္ကပါက တည်ဆောက်ပြီးပြီဖြစ်သည်။ အာကာသထဲမှ အလင်းတန်းတစ်တန်းက ဝှမ်ခနဲ ထွက်လာကာ လေသင်္ဘောဆီသို့ ပြေးဝင်လာ၏။
ထိုအလင်းတန်း ကြယ်တစ်လုံးကို ဖြတ်သန်းလာသည့်အခါ ကြယ်မှာ ထိုးဖောက်ခံလိုက်ရ၍ အပေါက်ကြီး ဖြစ်ကျန်ခဲ့သည်။
ဤစွမ်းအားက နေကျောက်စိမ်းမျက်လုံး၏ စွမ်းအားထက် အဆပေါင်းများစွာ ပြင်းထန်၏။
သင်္ဘောအမြှီးရှိ ပထမလူသားဧကရာဇ်နှင့် ချိရှီမှာ ရင်တဒိန်းဒိန်း ခုန်နေသော်လည်း ချင်မူကမူ မေးစေ့မှ မုတ်ဆိတ်မွှေးတိုတိုနှံ့နှံ့များကို ဆွဲနုတ်ရင်း ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ “ငါ ခန့်မှန်းတာ မှန်ရင် ဒီမဟာနေဧကရာဇ်က မူလနေဧကရာဇ်မဟုတ်ဘူး... ထိုက်ဧကရာဇ်ခေတ်တုန်းက နတ်ဘုရားတစ်ပါးပဲ ဖြစ်လိမ့်မယ်... အဲဒါဆို တကယ့် မဟာနေဧကရာဇ် ဘယ်ရောက်သွားလဲ... ပထမဘိုးဘေးကြီး၊ ကျွန်တော် လေ့လာချင်လို့ မဟာနေဧကရာဇ်ရဲ့ သွေးစက်တချို့ ရအောင် ယူပေးလို့ရမလား”
ချိရှီမှာ လန့်လည်းလန့်၊ စိတ်လည်း တိုနေသည်။ “ငါတို့ မသေရင်တောင် ကံကောင်းနေပြီကွ”
ပထမလူသားဧကရာဇ်က အော်လိုက်သည်။ “အခန်းထဲ သွားပုန်း မြန်မြန်”
ချင်မူ အခန်းထဲ ပြေးလိုက်စဉ် လင်ယွိရှို့က အခန်းထဲ ရောက်နေပြီဖြစ်သည်။ ပန်ကုန်းစုန်က ချင်မူ့ကို အပြင်တွင် ပိတ်ထားရန် ပြင်လိုက်သော်လည်း လင်ယွိရှို့က သူ့ကို ဂုတ်မှ ဆွဲပြီး ကြမ်းပြင်ပေါ် ရိုက်ချလိုက်၏။
ချင်မူ အခန်းထဲ ခပ်သုတ်သုတ် ဝင်ပြီး တံခါးပိတ်တော့မည့်အချိန် ဘုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရသည်။ တုန်ခါလှိုင်းများကြောင့် သူတို့သုံးယောက်လုံး နံရံများဆီသို့ ပြေးရိုက်ကုန်ကြသည်။
သင်္ဘောအမြှီးတွင် ပထမလူသားဧကရာဇ်က ခါးမှ ဓားကို ဆွဲထုတ်ပြီး မှော်စွမ်းအင်အလုံးစုံဖြင့် ခုတ်ချလိုက်သည်။ ကျောက်စိမ်းလင်းရောင်ဓားက စူးရှတောက်ပသော အလင်းရောင်ကို ခွဲချလိုက်သော်လည်း တမုဟုတ်ချင်း နီရဲတောက်လာ၏။
ပထမလူသားဧကရာဇ် နောက်ဆုတ်နေရသည်။ ထိုစဉ် ချိရှီက အပေါ်ဆုံးထပ်ရှိ ရတနာကို ထုတ်လိုက်၏။ ရတနာက ကောင်းကင်ဓားခြောက်လက် ဖြစ်ပြီး နေအလင်းတန်းကို ပိုင်းချလိုက်သည်။ ချိရှီမှာ သိုင်းအဆင့်မမြင့်သော်လည်း ဓားခြောက်လက်၏ စွမ်းအားက ပြင်းထန်အားကောင်းလွန်း၍ သူ့သိုင်းစွမ်းအားကို လျင်မြန်စွာ မြင့်တက်လာစေသည်။
နှစ်ယောက်ပေါင်း၍ နေမျက်လုံးကြီးဆီမှ စွမ်းအားကို ဟန့်တားလိုက်၏။ ပူခြစ်နေသော မီးတောက်များနှင့် အလင်းတန်းများမှာ နှစ်ခြမ်းကွဲသွားပြီး သင်္ဘောဘေးနှစ်ဖက်သို့ ကားထွက်သွားသည်။ ၎င်းတို့ကြောင့် သင်္ဘောပေါ် တလက်လက် တောက်ပနေသော အတန်းရှည်ကြီးနှစ်တန်း အရာထင်ကျန်ခဲ့၏။
ဤအခိုက်အတန့်မှာပင် လေသင်္ဘောက တုံ့ခနဲ ရပ်သွားသည်။ ငှက်ခေါင်း၊ လူကိုယ် နတ်ဘုရားတစ်ယောက်၏ ခြေသုံးချောင်းက ကောင်းကင်အလင်းတန်းတစ်လျှောက် စီးနင်းလာပြီး သင်္ဘော၏အမြှီးအပေါ် ဆင်းလိုက်ချေပြီ။
သူကား မဟာနေဧကရာဇ်အပြင် တခြားမဟုတ်ပေ။
အခန်းထဲမှ ချင်မူက လှမ်းသတိပေးသည်။ “ပထမဘိုးဘေးကြီး၊ သူ့သွေး ရအောင် ယူဖို့ မမေ့နဲ့နော်”
“ပိတ်ထားစမ်း” ပထမလူသားဧကရာဇ် စိတ်တိုသွား၏။
၎
င
၎
၎