ရန်သူနှင့် မိတ်ဆွေ ခွဲခြားရခက်သည်
Vol. 48 Ch. 648
လေသင်္ဘောမှာ မုန်တိုင်းထန်ပင်လယ်၏ လှိုင်းပုတ်ဒဏ်ကြောင့် လူးလွန့်နေသော လှေငယ်လေးတစင်းသဖွယ် ဖြစ်နေသည်။ ရုတ်တရက် ပြတင်းပေါက်များ ကျွတ်ထွက်သွား၏။
ဝေါ
ကြမ်းပြင်မှာလည်း တစစီ ပြုတ်ထွက်သွားပြီး လွင့်ထွက်သွားသည်။ ချင်မူနှင့် လင်ယွိရှို့မှာ အခန်းထဲရှိ တိုင်တစ်လုံးအား ကပျာကယာ ဖက်လိုက်ကြသော်လည်း တဖျောက်ဖျောက် မြည်သံများ ကြားလိုက်ရသည်။
“ငါ့ ခါး ဖက်ထား” ချင်မူ အော်ဟစ်လိုက်၏။
လင်ယွိရှို့မှာ သဲသဲကွဲကွဲ မကြားရပေ။ “ဘာရယ်”
“ငါ့ခါး ဖက်ထားလို့”
ဤတစ်ခေါက်မှ လင်ယွိရှို့ ကြားလိုက်ရ၍ တိုင်ကို လွှတ်ကာ ချင်မူ့ခါးအား တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ ချင်မူမှာ ကျောနောက်မှ အိအိစက်စက်အထိအတွေ့လေး နှစ်ခု ခံစားလိုက်ရသော်လည်း မည်သည့်အရာက အိစက်နေမှန်း တွေးရန် အချိန်မရှိပေ။
ကောင်းကင်မြေပြင်မုဒြာ။ လည်ပတ်နေသော ကောင်းကင်နှင့်မြေပြင် မပြောင်းလဲမည့်နှလုံးသား၊
ဤမုဒြာသိုင်းကွက် ထုတ်လွှတ်လိုက်သည့်အခါ လှိုင်းဂယက်များမှာ သူ၏လက်ဝါးနှစ်ဖက်ဆီသို့ ဆွဲငင်ခံလိုက်ရပြီး သူ့ကို လှည့်ပတ်စပြုလာသည်။ လှိုင်းဂယက်တို့၏ ဖိအားကြောင့် လက်နှစ်ဖက်လုံး ကျိုးတော့မလို ဖြစ်သွား၍ ချင်မူ ညည်းတွားလိုက်ရ၏။ သို့သော် ဆက်လက်တောင့်ခံရုံအပြင် ရွေးချယ်စရာမရှိပေ။
ရုတ်တရက် အခန်းကို ထောက်ကန်ထားသော တိုင်မှာ ဖြောင်းခနဲ ကျိုးသွား၍ အခန်းတစ်ခန်းလုံး ကြယ်တာရာကောင်းကင်ထဲ မြောက်တက်သွားတော့သည်။
လင်ယွိရှို့ ထိတ်လန့်သွားပြီး ချင်မူ့ကို တင်းကြပ်စွာ ဖက်လိုက်၏။
ချင်မူက ကောင်းကင်မြေပြင်မုဒြာသိုင်းကို အစွမ်းကုန် ထုတ်လွှတ်ရင်း လှိုင်းဂယက်များအား တောင့်ခံနိုင်သထက် တောင့်ခံလာနိုင်သည်။ လေသင်္ဘောမှာတော့ လည်နေဆဲဖြစ်ပြီး သင်္ဘောဦးရှိ မီးငှက်ခေါင်းလည်း ပြုတ်ထွက်သွားချေပြီ။ ပျဉ်ချပ်များက တဂျောင်းဂျောင်း တဂျုန်းဂျုန်း မြည်လျက် ကျွတ်ထွက်နေ၏။ သင်္ဘောတစ်စင်းလုံး ရစရာမရှိတော့ပေ။
ဗြုန်း
သင်္ဘောပဲ့ခန်းဆီမှ တံခါး လွင့်ထွက်သွား၍ အခန်းထဲမှ ပန်ကုန်းစုန်၏ အလန့်တကြား အော်သံ ထွက်လာသည်။ လင်ယွိရှို့မှာ သူ့အသံကို ကြားလျှင် သူမဘာသာ တွေးလိုက်မိသည်။ ‘ပန်ကုန်းစုန်က တော်တော်လျင်တာပဲ... သင်္ဘောပဲ့ခန်းထဲမှာ အစောကြီးသွားပုန်းနေတယ်... အန္တရာယ်ကို ကြိုမြင်လို့များလား’
ပန်ကုန်းစုန်မှာ လင်ဗန်းထဲက လောက်စလုံးလို ဟိုတိုက်၊ သည်တိုက် လိမ့်နေသည်။ ရုတ်တရက် လှိုင်းဂယက်များ ရပ်တန့်သွားသော်လည်း သင်္ဘောမှာ စကြာလို လဲနေဆဲပင်။ မည်သည့်အချိန်မှ ရပ်တည်မည်လဲ မသိပေ။
ချင်မူက လက်နှစ်ဖက်လုံး ကြက်ခြေခတ်ထား၍ ‘မဟာဘူတ ဓာတ်ငါးပါး၏အဆုံးအဖြတ်’ မုဒြာသိုင်းကွက်သို့ ပြောင်းလဲလိုက်သည်။ တခဏကြာသော် လေသင်္ဘောမှာ တဖြည်းဖြည်း ရပ်တန့်သွားသည်။ ချင်မူ့မျက်နှာမှာ နီရဲနေပြီး အရေပြားအား အက်ကွဲနေသော်လည်း နောက်ဆုံးတော့ သင်္ဘောအား ထိန်းနိုင်လိုက်၏။
ချင်မူ ကောင်းကင်မြေပြင်မုဒြာအား ဖယ်ရှားလိုက်သည်။ သူ့ခြေထောက်နှစ်ဖက်လုံး တဆတ်ဆတ် တုန်နေဆဲ ဖြစ်ပြီး လက်နှစ်ဖက်လုံးလည်း မမြှောက်နိုင်တော့အောင် ကိုက်ခဲနေသည်။ ခါးမှာလည်း လင်ယွိရှို့၏ ဖက်ထားမှုကြောင့် နှစ်ပိုင်းပြတ်တော့မည့်အလား နာကျင်နေ၏။ ချင်မူ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရသည်။
သင်္ဘောမှာ ပျက်စီးနေချေပြီ။ တောင်ပံခြောက်စုံမှ သုံးစုံသာ ကျန်တော့၏။ မီးငှက်ခေါင်းလည်း မရှိတော့။ ရွက်တိုင်များလည်း လဲကျလျက်။ ရွက်များတွင်လည်း အပေါက်များ ဗလပွ။ အခန်းတစ်ခန်းလုံးလည်း ပြုတ်ထွက်သွားခဲ့သည်။ သင်္ဘောမှ လေများ စိမ့်ထွက်နေပြီး လျင်မြန်စွာ လျော့ကျနေသည်။ ဤလေသင်္ဘောပေါ်ရှိ ချီစွမ်းအင်အကာအကွယ် ပေါက်ပြဲသွားခြင်း ဖြစ်လိမ့်မည်။
ချင်မူ အားထည့်ပြီး ရှေ့တစ်လှမ်း လှမ်းလိုက်သည်။ သူက လေသင်္ဘော၏ ချီစွမ်းအင်အကာအကွယ်ဆီသို့ ဦးတည်သွားပြီး အပေါက်အပြဲများ ဖာလိုက်၏။ တခဏကြာသော် အောက်ဆင်း၍ သက်ပြင်းချသည်။ “တခဏတော့ ခံလောက်ပါသေးတယ်... ပထမလူသားဧကရာဇ် ဘယ်လိုနေလဲ မသိဘူး... ယွိရှို့၊ ငါ့ကို လွှတ်လို့ရပြီနော်”
လင်ယွိရှို့ မျက်နှာ နီရဲသွားပြီး သူ့ခေါင်းကို ကပျာကယာ လွှတ်ပေးလေသည်။
အပေါက်များ ဖာနေတုန်းက သူမ သူ့ကို မလွှတ်ပေးခဲ့၍ ချင်မူမှာ သူမနှင့်အတူ လှုပ်ရှားနေခဲ့ရလေသည်။
ချင်မူက တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်ကို သည်းခံရင်း သူတို့၏ တည်နေရာနှင့် အရပ်မျက်နှာကို စစ်ဆေးလိုက်သည်။ ကြယ်တာရာကောင်းကင်တွင် အပေါ်အောက် မသဲကွဲသည့်အပြင် အရပ်ခြောက်မျက်နှာ မရှိပေ။ သူ အဝေးသို့ လှမ်းကြည့်သည့်အခါ ပထမလူသားဧကရာဇ်နှင့် မဟာနေဧကရာဇ်တို့၏ တိုက်ပွဲအား မမြင်ရပေ။
တိုက်ပွဲသာမက လေသင်္ဘောအနားရှိ နေလုံးကြီးကိုပင် မမြင်ရတော့ပေ။
ချင်မူ ရင်ထဲ စိမ့်အေးသွားသည်။ သူက လည်ပင်းပေါ်ရှိ ဉာဏပုတီးစေ့များကို အလျင်အမြန် ဆုပ်ကိုင်ပြီး နှစ်ကြိမ် ပွတ်သပ်လိုက်၏။ ထို့နောက် စိတ်အားပြန်တင်းကာ ပြောလိုက်သည်။ “ငါတို့ လျှောက်မသွားတာ အကောင်းဆုံးပဲ... ဒီမှာပဲ နေပြီး ပထမလူသားဧကရာဇ်နဲ့ ချိရှီ ရောက်လာမှာပဲ စောင့်သင့်တယ်”
လင်ယွိရှို့က ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုး မေးလေသည်။ “သူတို့ ငါတို့ကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ.. အကယ်လို့...”
“သူတို့ ငါတို့ကို ရှာမတွေ့နိုင်ဘူး... ရှာမတွေ့ခင် ငါတို့ အသက်ရှူနိုင်တဲ့ လေ ကုန်သွားလိမ့်မယ်”
ချင်မူက ထောင်ကျယ်အိတ်ထဲမှ ဆေးမျိုးစေ့များနှင့် မြေကြီးတချို့ ထုတ်လိုက်သည်။ သူက မြေကြီးပေါ်တွင် မျိုးစေ့များ ကြဲကာ ကမ္ဘာမြေမှုန်ဖန်ဆင်းပညာ ထုတ်လွှတ်လိုက်၏။ မျိုးစေ့များမှာ လျင်မြန်စွာ အပင်ပေါက်လာပြီး ကြီးထွားလာကြသည်။ မကြာမီ သင်္ဘောအပေါ်တွင် ဆေးခြံလေးတစ်ခြံ ဖြစ်လာ၏။
သူ လက်ခေါင်းချောင်းဖြန့်ကားလိုက်သည့်အခါ သူ၏လက်ဝါးထဲမှ မီးလုံးတစ်လုံး ထွက်လာသည်။ မီးလုံးသည် သန့်စင်သော ယန်ချီဖြင့် ဖွဲ့တည်ထားသော အသေးစားနေတစ်စင်း ဖြစ်၏။ ချင်မူ နေရောင်ခြည်တို့အား အစိမ်းရောင်သစ်ပင်များအပေါ် ဖြာကျစေလိုက်သည်။ သူ၏သန့်စင်သော ယန်ချီမှာ အခြားသူများထက် များစွာ သိပ်သည်းလေသည်။ အဘယ်ကြောင့်ဆိုသော ချုံဧကရာဇ်သို့ အချိန်နောက်ပြန်သွားခဲ့တုန်းက နတ်ဘုရားတစ်ပါးက သူ့ကို ကောင်းကင်ချီတန်းနှစ်တန်း လက်ဆောင်ပေးခဲ့သောကြောင့် ဖြစ်၏။ တစ်တန်းက သန့်စင်ယန်ချီ၊ နောက်တစ်တန်းက သန့်စင်ယင်ချီ ဖြစ်ခဲ့သည်။
နေအသေးလေး ဖွဲ့တည်ပြီးနောက် ချင်မူက နောက်တစ်ဖက်ဖြင့် လအသေးလေးတစ်စင်း ဖွဲ့တည်လိုက်သည်။ “အချိန်တစ်ခုတော့ ခံပါစေ မျှော်လင့်ရတာပဲ”
ပန်ကုန်းစုန်က ပဲ့အခန်းထဲမှ လေးဖက်ထောက် ထွက်လာပြီး ချင်မူ လုပ်သမျှ မြင်သွားသည်။ ချင်မူ ထောင်ကျယ်အိတ်ထဲမှ မြေကြီးများ ထုတ်လိုက်သည်ကို သတိထားမိသည့်အခါ သူက အော်မေး၏။ “ဂိုဏ်းသခင်ချင်၊ မင့်ထောင်ကျယ်အိတ်ထဲမှာ မြေကြီးတွေတောင် ရှိတယ်လား”
“လိုရမယ်ရ ဆောင်ထားတာပါ”
ချင်မူက အသေးစား နေနှင့်လကို လက်ဝါးထဲမှ ထုတ်လွှတ်လိုက်သည့်အခါ နေနှင့်လသည် ဆေးခြံလေးအား လှည့်ပတ်နေ၏။ “ကန္တာရလို နေရာမျိုးမှာ ဆေးပင် စိုက်လို့မရမှာစိုးလို့ ဆောင်ထားတာလေ... ဒီမှာ သုံးရမယ် မထင်ထားဘူး”
ပန်ကုန်းစုန်၏ အမူအရာမှာ ထူးဆန်းနေပြီး သူက သက်ပြင်းချသည်။ “မင်းကို ဘာလို့ မသတ်နိုင်တာလဲ ငါ သိပါပြီ”
ချင်မူက တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည်ကို ခုခံကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါ့ကို သတ်နိုင်ဖို့ အသာထား... နိုင်တောင် နိုင်လို့လား”
ပန်ကုန်းစုန်၏မျက်နှာ မည်းမှောင်သွားပြီး ပါးစပ်ပိတ်သွားသည်။
ချင်မူက တခဏ စဉ်းစားကာ ပြောလိုက်၏။ “သုံးယောက် လေရှူနေတာက နှစ်ယောက် လေရှူတာထက် ပိုပြီးအကုန်မြန်တယ်.... ဒီတော့...”
ပန်ကုန်းစုန်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ ထွက်ပြေးရန် ပြင်လိုက်စဉ် သင်္ဘောက ရုတ်တရက် နိမ့်ဆင်းသွား၏။ သုံးယောက်သား ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့်အရာကြောင့် မျက်နှာများ ဖြူဆုတ်သွားသည်။ တစ်ကိုယ်လုံး အပေါက်များ ပြည့်နေသည့် မဟာနေဧကရာဇ်က သင်္ဘောအမြှီးတွင် ရပ်နေသည်။ သူ၏တောင်ပံတစ်ဖက်က ကျိုးနေပြီး ခြေထောက်များလည်း လိမ်ဖယ်နေသည်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာများ ဖုံးနေသည့်အပြင် မျက်လုံးသုံးလုံးအနက် နှစ်လုံးမှာ ကန်းသွားပုံရ၏။ သူ့အခြေအနေမှာ အလွန်ဆိုးရွားနေသည်။
အဟွတ် အဟွတ်
သူက ချောင်းတဟွတ်ဟွတ် ဆိုး၍ မီးအကျိအချွဲများ ထွေးထုတ်လိုက်သည်။ အကျိအချွဲများက သင်္ဘောကြမ်းပြင်ပေါ် ကျလာပြီးနောက်တွင်ပင် တမြေ့မြေ့ လောင်ကျွမ်းနေ၏။
“ပြင်းထန်လိုက်တဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်သိုင်း...”
မဟာနေဧကရာဇ်မှာ နာကျင်စွာ ညည်းတွားရင်း အသက်မနည်းရှူနေသည်။ သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျနေ၏။ သူက ဟက်ခနဲ ရယ်လိုက်လေသည်။ “သူ့ ငါ့အသက်ကို ယူနိုင်တော့မလို့ပဲ... ငါ ဘာပြောမလို့ပါလိမ့်... ဟုတ်သား... မင်းတော့ သေပြီသာမှတ်”
သူ၏ကျန်မျက်လုံးက ပွင့်လာပြီး အထဲ၌ ဧရာမနေလုံးကြီးတစ်လုံး တောက်ပလာသည့်အလား ထင်ရသည်။
ချင်မူ ဘူးလေးကို အလျင်အမြန် ဆွဲထုတ်၍ ဖွင့်လိုက်သည်။ သွေးရောင်အလင်းတန်းနှစ်တန်းက မဟာနေဧကရာဇ်ဆီ ပြေးထွက်သွားပြီး ပိုင်းချလိုက်၏။
မဟာနေဧကရာဇ်၏ စုတ်ပြတ်နေသော တောင်ပံများက ရုတ်တရက် စုပြီး သူ့ခန္ဓာကိုယ်ကို ကာလိုက်သည်။ သွေးရောင်အလင်းတန်းတို့သည် သူ့ခန္ဓာကိုယ် လွှမ်းခြုံလိုက်၍ ငှက်မွှေးများ ပိုင်းဖြတ်ခံလိုက်ရာ သွေးစက်များ ဖြာထွက်လာ၏။
“အား...” မဟာနေဧကရာဇ်၏ အံ့အားသင့်ပြီး ဒေါသထွက်နေသောအသံ တောင်ပံများနောက်မှ ထွက်လာသည်။
ချင်မူ ထိတ်လန့်သွားသည်။ နတ်ဘုရားစီရင်ရာဓားမက ဒဏ်ရာအပြင်းအထန် ရထားသော မဟာနေဧကရာဇ်ကို မသတ်နိုင်ပေ။ ပို၍ပင် မျှော်လင့်ချက်မဲ့သွားစေသည်ကား မဟာနေဧကရာဇ် ဤနေရာတွင် ပေါ်လာနိုင်သည်ဆိုလျှင် ပထမလူသားဧကရာဇ် သေသွားပြီဟု မဆိုလိုဘူးလော...
သွေးအလင်းတန်းနှစ်တန်းမှာ ပစ်မှတ်ကို မသုတ်သင်နိုင်ဘဲ ပြန်လှည့်လာပြီး ဘူးပြန်ပိတ်သွားသည်။
“နတ်ဘုရားစီရင်ရာစင်မြင့် မပါဘဲ နတ်ဘုရားစီရင်ရာဓားမလေးနဲ့ ငါ့ကို ဘာမှမလုပ်နိုင်ဘူး”
မဟာနေဧကရာဇ် တောင်ပံများ ပြန်ဖြန့်လိုက်ပြီး သွေးများစက်လက်စက်လက် ကျနေသည်။ သူ့သွေးများ ကုန်းပတ်ပေါ် ကျသည့်အခါ မီးများတမြေ့မြေ့ ကျွမ်းလောင်လာ၏။ တခဏကြာသော် သင်္ဘောတစ်စင်းလုံး မီးဟုန်းဟုန်းတောက်နေတော့သည်။
လေမှာ လျင်မြန်စွာ ကုန်ခမ်းနေ၍ များစွာမကြာလိုက်ဘဲ ချင်မူနှင့် လင်ယွိရှို့ အသက်ရှူရခက်လာသည်။
မဟာနေဧကရာဇ်က မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် လမ်းလျှောက်လာသည်။ “ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခေါင်းက အသတ်အဖြတ်စွမ်းအားအပြည့် ထုတ်လွှတ်ဖို့ နတ်ဘုရားစီရင်ရာစင်မြင့်ကို လိုသေးတယ်... မင်း အဲဒီတောင်ကို မရခဲ့တာ နှမြောစရာပဲ... အခုတော့ မင်းတို့ကောင်တွေ သေ...”
ရုတ်တရက် သင်္ဘော လှုပ်ယမ်းသွား၍ မဟာနေဧကရာဇ် တောင့်တင်းသွားသည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ ခပ်ပိန်ပိန်လူတစ်ယောက် ကောင်းကင်ဓားမတစ်လက် ကိုင်စွဲလျက် မီးတောက်များကြားမှ ဖြတ်လျှောက်လာသည်ကို မြင်လိုက်ရ၏။ ဓားထိပ်က ကုန်းပတ်ဆီသို့ ချိန်ထားသည်။
ဓားထိပ် ဖြတ်လာသည့် နေရာတိုင်းတွင် မီးတောက်မီးလျှံများ တမုဟုတ်ချင်း ငြိမ်းသေသွား၏။ ရွှေရောင်သွေးအိုင်များသာ ကျန်ခဲ့လေသည်။
“မသေသေးဘူးလား”
မကန်းသေးသော မဟာနေဧကရာဇ်၏ မျက်လုံးတွင် ကြောက်လန့်တုန်လှုပ်မှုတို့ ထင်ဟပ်လာပြီး သူက ဖြည်းဖြည်းချင်း ဆုတ်သွားသည်။ ထို့နောက် တောင်ပံများ ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။ ကျိုးနေသော တောင်ပံများကို ခတ်နေရသည့် နာကျင်မှုကြောင့် သူ့မှာ နာကျင်စွာ ညည်းတွားရင်း အဝေးသို့ ထွက်ပြေးသွားတော့သည်။
ပထမလူသားဧကရာဇ်၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ သူက လက်ကို ဆန့်တန်း၍ လက်သီးဆုပ်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်၏။ “မြစိမ်းချီစွမ်းအင် ဖန်ဆင်းပညာ”
သင်္ဘောသည် ရုတ်ခြည်းဆိုသလို သစ်ခြောက်ပင်အိုကြီးမှ အဖူးအပွင့်များ ပြန်ထွက်လာသကဲ့သို့ ပြောင်းလဲလာ၏။ သင်္ဘော၏ ပျဉ်ချပ်များတွင် အပင်ပေါက်လေးများ လျင်မြန်စွာ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမသစ်ပင်ကြီးများ ပေါက်လာရာ တောအုပ်တစ်အုပ်နှင့်ပင် တူနေတော့သည်။
လေသင်္ဘောက သစ်ပင်များ ပေါက်နေသော ဂြိုဟ်အသေးလုံးတစ်လုံးသဖွယ် ဖြစ်လာပြီး ကြယ်တာရာကောင်းကင်ထဲ၌ အဖော်မဲ့စွာ လွင့်မျောနေသည်။
ပထမလူသားဧကရာဇ်က ချင်မူတို့ဆီ လျှောက်လာကာ မှင်သေသေအသံဖြင့် ပြောလိုက်၏။ “အဆွေတော်ချိရှီ၊ အခုထိ ပုန်းနေတုန်းလား... ခင်ဗျားသာ ထွက်လာခဲ့ရင် မဟာနေဧကရာဇ်ကို ကျုပ်တို့ သေအောင် သတ်လို့ရတယ်”
ချိရှီက ကောင်းကင်နှိမ်နင်းပြာဿဒ်ကို ဆွဲလျက် သင်္ဘောဦး၌ ပေါ်လာသည်။ သူ၏မျက်နှာသုံးဖက်နှင့် မျက်လုံးခြောက်လုံးသည် ပထမလူသားဧကရာဇ်ကို စိုက်ကြည့်နေ၏။ “ငါလည်း ဒဏ်ရာအပြင်းအထန် ရထားတယ်... သူ့ကို သေအောင် သတ်လို့ရပေမယ့် ငါလည်း ရှင်မှာ မဟုတ်ဘူး... သူ ထွက်ပြေးသွားပြီဆိုမှတော့ ပြန်မလာရဲတော့ပါဘူး... ပြန်လာရင်လည်း ငါတို့ကို လိုက်မမှီတော့ဘူး... ငါတို့အစီအစဉ် အောင်မြင်ပြီပဲမဟုတ်လား... အသက်စွန့်စရာအထိ မလိုပါဘူး.. မင့်ဒဏ်ရာတွေရော အခြေအနေ ဘယ်လိုလဲ”
သူ့လေသံက အနည်းငယ် စိတ်ပူနေသံပေါက်၍ ချင်မူ ကြောက်လန့်သွားမိသည်။ ‘ဒီတစ်ခေါက် ချိရှီ့မေးခွန်းက မူမမှန်ဘူး... သူက လုံးဝကောင်းတဲ့လူ မဟုတ်ဘူးပဲ... ပထမဘိုးဘေးကြီးကို သတ်နိုင်ရင် ချိမင်နတ်ဘုရားနိုင်ငံတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အလွယ်တကူ သိမ်းပိုက်နိုင်မှာဆိုတော့ ချိရှီ သတ်ချင်စိတ်တွေ ပေါ်လာတာ ဖြစ်မယ်’
ချိရှီ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမိတ်ဖွဲ့လိုခြင်းမှာ ပထမလူသားဧကရာဇ်၏ တည်ရှိမှုကြောင့် ဖြစ်သည်။ သူ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ချိမင်နတ်ဘုရားနိုင်ငံတော်ကို ပူးပေါင်းစေနိုင်သော အင်အားရှိ၏။
ပထမလူသားဧကရာဇ် သေသွားလျှင် မဟာမိတ်ဖွဲ့စရာ မလိုတော့ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အလွယ်တကူ သိမ်းပိုက်၍ရသည်။
ပထမလူသားဧကရာဇ်က ပြောလိုက်သည်။ “အခြေအနေ သိချင်လား ... စမ်းကြည့်လိုက်လေ သိမှာပေါ့”
ချင်မူက ဘူးလေးကို ကိုင်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဆရာကြီးချိရှီ၊ ကျွန်တော်တို့က မဟာမိတ်တွေပဲ မဟုတ်လား... အခုလိုအချင်းများတာ မကောင်းဘူး”
ချိရှီက သူ့လက်ထဲရှိ ဘူးလေးကို ကြည့်ကာ ပြုံးလိုက်၏။ “ဟုတ်တာပေါ့... ငါက စိုးရိမ်ရုံသက်သက်ပါ ... အန္တရာယ်ပြုဖို့ စိတ်ကူးမရှိပါဘူး... တပည့်လေး၊ လာဦး”
ပန်ကုန်းစုန်က သူ့အနားကပ်၍ ခပ်တိုးတိုး ပြောလေသည်။ “ပထမလူသားဧကရာဇ် ဒဏ်ရာအပြင်းအထန် ရထားတယ်... ကျွန်တော်တို့ နတ်ဘုရားစီရင်ရာဓားမကို ယူနိုင်ရင် သူတို့ကို ဘာမဆို လုပ်ပစ်လို့ရပြီ”
ချိရှီ ခေါင်းယမ်းလိုက်သည်။ “သူ့ဒဏ်ရာတွေ ပြင်းထန်မှန်း ငါ သိပေမယ့် ငါ့ဒဏ်ရာတွေကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး... နတ်ဘုရားစီရင်ရာဓားမကို ရင်ဆိုင်ဖို့ ယုံကြည်ချက်လည်း မရှိဘူး ... ငါ့ခန္ဓာကိုယ် သက်သာလာတာ အရင်စောင့်တာပေါ့”
ပထမလူသားဧကရာဇ်က တင်ပျဉ်ခွေထိုင်လိုက်သည်။ ချင်မူ သူ့ဒဏ်ရာများကို စစ်ဆေးပြီး မျက်မှောင်ကြုတ်သွား၏။
ပထမလူသားဧကရာဇ်၏ ဒဏ်ရာများက အလွန်ပြင်းထန်ဆိုးရွားနေသည်။ အချိန်မရွေး ကွဲကြေတော့မည့် ကြွေအိုးတစ်အိုးပမာ ဖြစ်နေ၏။ ဒဏ်ရာများ၏ အရင်းအမြစ်မှာတော့ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်’ပင်။
‘ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်’သည် အသုံးပြုသူ၏ ခန္ဓာကိုယ်ကို ပျက်စီးထိခိုက်စေသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ပထမလူသားဧကရာဇ် ဘယ်နှကွက် ထုတ်လွှတ်ခဲ့မှန်း မသိသော်လည်း သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ ဒဏ်ရာပြင်းထန်စွာ ရထားသည်။ ကောင်းကင်ရတနာများနှင့် ကောင်းကင်တံတား၏အဆုံးရှိ ကောင်းကင်နန်းဆောင်များပင် အက်ကွဲနေသည်။
ချင်မူ ကုသခဲ့ဖူးသည့် အပြင်းထန်ဆုံး ဒဏ်ရာမှာ ဧကရာဇ်အတိုင်ပင်ခံ ကျောက်စိမ်းဧကရာဇ်နှင့် တိုက်ခိုက်ခဲ့တုန်းက ရခဲ့သော ဒဏ်ရာ ဖြစ်သည်။ သို့သော် ဧကရာဇ်အတိုင်ပင်ခံ၏ ကောင်းကင်နန်းဆောင်မှာ မပျက်စီးခဲ့ပေ။ ပထမလူသားဧကရာဇ်မှာတော့ ကောင်းကင်နန်းဆောင်အထိ ဒဏ်ရာရထား၏။
ကောင်းကင်နန်းဆောင်အထိ ဆေးစွမ်းအင်ကို ပို့လွှတ်၍ ဒဏ်ရာကုသခြင်းမှာ ချင်မူ ယခုထက်ထိ မသင်ယူမလေ့လာရသေးသော နည်းလမ်းတစ်ခု ဖြစ်ချေသည်။
‘မီးစင်က ကြည့်က ရမှာပဲ... ဒဏ်ရာတွေကို အရင်ဆုံး ကုရမယ်.. ပြီးမှ ကောင်းကင်နန်းဆောင်ကို ဘယ်လိုကုသပေးရမလဲ စဉ်းစားရမယ်’
ချင်မူက လင်ယွိရှို့ဆီသို့ ဘူးလေးကို ပေးလိုက်ပြီး နတ်ဘုရားစီရင်ရာဓားမအား အသက်သွင်း၍ ထုတ်လွှတ်နည်း သင်ပေးလိုက်သည်။ သူက တိုးတိုးပြောလိုက်၏။ “ချိရှီ လျှောက်လာရင် ဘူးကို ဖွင့်လိုက်၊ မတွေဝေနဲ့”
လင်ယွိရှို့က ခေါင်းညိတ်ပြသည်။ သူက ဘူးလေးကို ကိုင်ရင်း ချင်မူ့ညွှန်ကြားချက်များ ပြန်စဉ်းစားနေ၏။
ချင်မူ အသက်ပြင်းပြင်းရှူကာ စွမ်းအင်ဆေးလုံးများ ဖော်ရန် ဆေးပင်များ စုလိုက်သည်။
၎
င
၎
၎