← Chapters

ပြိုင်ပွဲ

Vol. 1 Ch. 6

ပြိုင်ပွဲ

Vol. 1 Ch. 6

နေသွေးနီနီဂိုဏ်းသည် ဂိုဏ်း၏ အရင်းအမြစ်များကို ခွဲဝေရန် အတွက် ပြိုင်ပွဲများ ကျင်းပကာ ဆုံးဖြတ်၏။ ပြိုင်ပွဲများကို အပြင်စည်း၊ အတွင်းစည်းနှင့် အဓိက တပည့် ပြိုင်ပွဲများဟူ၍ ခွဲခြားထားသည်။ သို့သော်လည်း အပြင်စည်း၊ အတွင်းစည်း ပြိုင်ပွဲများနှင့် မတူညီစွာပင် အဓိက တပည့် နေရာမှာ ကိုးခုသာလျှင် ရှိ၏။

အနိုင်ရရှိသူသည် ပိုမို မြင့်မားသော အဆင့်အတန်း တစ်ခုသို့ တက်လှမ်းရန် သို့မဟုတ် ဆုလာဒ်များ လက်ခံ ရရှိရန် အခွင့်အရေး ရှိပေသည်။ ဥပမာအားဖြင့် အပြင်စည်း တပည့်ပြိုင်ပွဲ၌ ထိပ်ဆုံး ဆယ်ယောက်နေရာ ရရှိသူသည် အတွင်းစည်း တပည့် အဖြစ် တိုးမြှင့်ခံရသည်။ အတွင်းစည်း ပြိုင်ပွဲ၏ ထိပ်ဆုံး သုံးယောက်မှာမူ အဓိက တပည့် အဖြစ် တက်လှမ်းခွင့် ရကြသည့် အပြင် လျှို့ဝှက်သွေး‌ရေကန်ကိုပါ ခုနစ်ရက်ကြာ ဝင်ရောက်ခွင့် ရကြသည်။

လျှို့ဝှက်သွေးရေကန်သည် သွေးချီများ စုဆောင်းထားသော နေရာ ဖြစ်ပြီး ယင်၊ ယန် ကဲ့သို့ သဘာဝ ဒြပ်စင်များကို နှိုးထရန် အသုံးပြုနိုင်သည်။ ၎င်းသည် ကျင့်ကြံသူများ၏ ချီနှလုံးသားကို အဆင့်မြင့် ပုံသဏ္ဌာန် တစ်ခု ဖြစ်သော သွေးချီဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

လျှို့ဝှက်သွေးရေကန်မှ သွေးချီသည် တောင်ထိပ်ရှိ သွေးနီရောင် ချီများထက် အဆထောင်ကျော် ပိုမို အကျိုးရှိပေသည်။ ထို့ကြောင့်ပင် ထိုနေရာ၌ နေ့တစ်ဝက်မျှ ကျင့်ကြံခြင်းမှာ အပြင်တွင် သုံးနှစ်ကြာ ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။ ထိုကဲ့သို့သော အကြောင်းရင်းများကြောင့် လျှို့ဝှက်သွေးရေကန်၏ ဖြစ်တည်မှုသည် ထူးကဲကာ ဂိုဏ်းတွင်း ယှဥ်ပြိုင်မှုများကို ပိုမို အသက်ဝင် ပြင်းထန်စေသည်။

ဝေ့ဝူယင်သည် အပြင်စည်းနှင့် အတွင်းစည်း တပည့်ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်ဖူးခဲ့ပြီး တတိယနှင့် ဒုတိယ နေရာများကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏ အဆင့်အတန်းသည် အဓိက တပည့် တစ်ဦး အဖြစ် တိုးမြင့် လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဓိက တပည့်တစ်ဦး ဖြစ်ရန်မှာ အတွင်းစည်း တပည့် ပြိုင်ပွဲတွင် ထိပ်ဆုံး သုံးယောက်ဝင်ရုံမျှဖြင့် မရချေ။ မူလ ရှိပြီးသား အဓိက တပည့် တစ်ယောက်ကို အနိုင်ယူကာ သူ၏ နေရာအား လုယူရန် လိုအပ်ပေသေးသည်။  အကယ်၍ သူသာ လုပ်ကြံမှုတွင် ကျဆုံးသွားပါက သူ၏ အဓိက တပည့် နေရာနှင့် ပိုင်ဆိုင်ခွင့်များကို အခြား တစ်ယောက်က သိမ်းပိုက်သွားလိမ့်မည် ဖြစ်သည်။

“ဟူး... ဟူး...”

ဝေ့ဝူယင်သည် သူ၏ ကြိုးကြာထက်၌ ထိုင်ကာ ကောင်းကင်ကို ဖြတ်သန်း ပျံသန်းနေသည်။ သူ၏ ပတ်ဝန်းကျင်တွင် သိမ်းငှက်စီးနင်း ပျံသန်းနေသော လူများကို တွေ့ရသည်။ သူတို့သည် ဂိုဏ်း၏ အတွင်းစည်း တပည့်များပင် ဖြစ်ကြ၏။

အဓိက တပည့်များသည် သူတို့၏ ကိုယ်ပိုင် အင်အားကို အတွင်းစည်း တပည့်များနှင့် အပြင်စည်း တပည့်များ ကြားတွင် တည်ဆောက်ထားကြသည်။ အဓိက တပည့်များကဲ့သို့ အတွင်းစည်း တပည့်များမှာလည်း ကိုယ်ပိုင် အင်အားကို တည်ဆောက်ထားလေ့ရှိ၏။ အကယ်၍ အဓိက တပည့်တစ်ယောက်မှာ အတွင်းစည်း တပည့်များကို သိမ်းသွင်းနိုင်ပါက သူတို့၏ အင်အားများမှလည်း အကျိုးကျေးဇူးများ ရရှိလာနိုင်ပေသည်။

အဓိက တပည့် နောက်ဆုံးဖြစ်လာသည့် ဝေ့ဝူယင်ပင်လျှင် အတွင်းစည်း တပည့်များထဲမှ ခုနစ် ရာခိုင်နှုန်းကို ကိုယ်ပိုင်အင်အား အနေဖြင့် စုစည်းထားနိုင်ခဲ့သည်။ ထို့အပြင် အပြင်စည်းဂိုဏ်း၏ အလားအလာရှိသည့် တပည့် အများအပြားကိုလည်း သူစည်းရုံးထားနိုင်ခဲ့သည်။

ကျင့်ကြံခြင်းသည် အလွန် ခက်ခဲလှသည်။ များစွာသော လူများဆိုလျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်၏ ပထမ အဆင့် ဖြစ်သည့် ခန္ဓာကိုယ် သန့်စင်ခြင်းကိုပင် မဖြတ်ကျော်နိုင်ကြချေ။ ကျင့်ကြံခြင်း အတွက် လိုအပ်သော ရင်းမြစ်ပမာဏမှာ များစွာသော တပည့် တစ်ယောက်ချင်းစီ၏ စွမ်း‌ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထိုပြဿနာကို ဖြေရှင်းရန် အတွက် အဓိက တပည့်များသည် အုပ်စုဖွဲ့ခြင်း ယန္တရားကို သုံးကာ အင်အား တိုးပွားရန်နှင့် ရင်းမြစ်များ ရရှိရန် ကြိုးစားကြသည်။

ဝေ့ဝူယင်သည် တိုက်ပွဲကျင်းပရာ ကွင်းပြင်ဆီသို့ ချဥ်းကပ်လာသည့် တပည့်များကို လှမ်းကြည့်လိုက်သည်။ နေသွေးနီနီဂိုဏ်း၏  အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာရန် အနိမ့်ဆုံးလိုအပ်ချက်မှာ ထျန်းတျန် တည် ဆောက်ခြင်း အဆင့် ဖြစ်ပြီး ချီပျစ်ခဲခြင်း အဆင့်မှာမူ တစ်ရာ ရာခိုင်နှုန်း သေချာသော အာမခံတစ်ခု ဖြစ်သည်။ သို့သော် စိတ်၊ ရုပ်၊ ဝိညာဉ်နှင့် အမတေကို့ကို ပေါင်းစပ်၍ နှလုံးသားချီ ဖွဲ့စည်းခြင်းမှာမူ အမှန်ပင် မလွယ်ကူလှသော အလုပ် ဖြစ်သည်။

ထို့ကြောင့်ပင် အတွင်းစည်း တပည့်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ထျန်းတျန် တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိနေကြခြင်း ဖြစ်သည်။ ဂိုဏ်းမှ ပေးအပ်သော ရင်းမြစ်များကို အသုံးချ၍ အချိန်များစွာ ယူလျှင်ပင် အဆင့်တက်ရန်မှာ ခက်ခဲလွန်းလှသည်။

အတွင်းစည်း တပည့်ပြိုင်ပွဲတွင် ထိပ်ဆုံး သုံးဦး အဆင့်ကို ဝင်လိုပါက ချီပျစ်ခဲခြင်း ဒုတိယ အဆင့် သိမ်မွေ့စွာ စီးဆင်းခြင်းသို့ ရောက်ရှိနေရန်မှာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထိုအရာသည် ဝေ့ဝူယင် ပြိုင်ပွဲတွင် ဒုတိယဆုချိတ်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။

ချီပျစ်ခဲခြင်း အဆင့်က်ု ကိုးဆင့် ခွဲခြားထားပြီး တစ်ဆင့်ချင်းစီမှာ ကွဲပြားခြားနား လှသည်။ ချီ၏ ပထမဆုံး အဆင့်မှာ ချီဖန်တီးခြင်း ဖြစ်သည်။ ထိုအဆင့်၌ ကျင့်ကြံသူသည် စိတ်၊ ရုပ်၊ ဝိညာဉ်နှင့် အမတေကို့ကို ပေါင်းစပ်၍ နှလုံးသားချီကို ဖွဲ့စည်းရသည်။

ထျန်းတျန် တည်ဆောက်ခြင်း အဆင့်များမှာ  သဘာဝလွန် စွမ်းအားကို ပိုင်ဆိုင်ထားသည် ဆိုလျှင် ချီဖန်တီးခြင်း အဆင့်များသည် မွန်းစတားများ ဖြစ်ကြသည်။ သူတို့သည် ကျောက်တုံးများကို လက်များဖြင့် ဆွဲဖဲ့နိုင်ကာ အရွယ်ရောက် ဝက်ဝံများကိုပင် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဖျက်ဆီးနိုင်သည်။

ချီပျစ်ခဲခြင်း ဒုတိယ အဆင့်မှာ နူးညံ့စွာ စီးဆင်းခြင်း အဆင့် ဖြစ်သည်။ ချီကို ၎င်း၏ အပြည့်အဝ ဖွံ့ဖြိုးပြီး အဆင့်သို့ ပျစ်ခဲစေခြင်း သို့မဟုတ် သန်မာစေခြင်းဖြင့် ချီသည် အခြေခံ အကျဆုံးနည်းဖြင့် ခန္ဓာကိုယ် အပြင်ဘက်သို့ စီးဆင်းနိုင်သည်။ ၎င်းသည် ကျင့်ကြံသူ တစ်ယောင်၏ ဆဋ္ဌမ အာရုံဖြစ်သည့် ဝိညာဉ်အာရုံကို နိုးထလာစေ၏။

ချီပျစ်ခဲခြင်း အလွှာ၏ အဆင့်တစ်ခုစီတိုင်းသည် ဝိညာဉ်ပိုင်းဆိုင်ရာ အာရုံများအပါအဝင် လူတစ်ဦး၏ ရုပ်ခန္ဓာနှင့် စိတ်အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေသည်။

ဝူဝေ့ဝူယင်သည် လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ ဖမ်းဆီးရင်း သံမဏိ အမတေ ရင်းမြစ် တစ်ခုကို  ကံကောင်းစွာပင် ရရှိခဲ့သည်။ ၎င်းသည် ဒြပ်စင် အမတေ၊ အဓိကအားဖြင့် မူလ သတ္တုမှ ဖြစ်ပေါ်လာကာ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသည့် အရည်တစ်မျိုး ဖြစ်သည်။  ထိုအရာကား လူနည်းစုသာလျှင် မျှော်လင့် ရရှိနိုင်သည့် ကံကောင်းခြင်း တစ်ခုပင် ဖြစ်သည်။

ထိုသံမဏိ အမတေ ရင်းမြစ်ကို အသုံးပြုခြင်းဖြင့် သူသည် ချီစွမ်းအားကို အားကောင်းစေပြီး မြေကြီး၊ မီး၊ ရေ၊ လေနှင့် အပိုဆု သတ္တုကိုပင် မွေးဖွားနိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏ ချီနှင့် ခန္ဓာကိုယ်သည် ပိုမို မာကျောလာခဲ့ပြီး မြင့်မားသော အပူချိန် ပြောင်းလဲမှုများကိုပင် ခံနိုင်ရည် ရှိလာခဲ့သည်။ သတ္တုချီကိုပါ ပိုင်ဆိုင်ထားလေရာ သူသည်   ခိုင်မာခြင်းနှင့် ထက်ရှခြင်း ဟူသော စွမ်းအင်များကိုပါ ပိုင်ဆိုင် လာခဲ့သည်။

သူ၏ ဒုတိယ ကံကောင်းမှုကား... ရှားပါးသည့် ယင်ဆုံမှတ်သုံးခု ပိုင်ရှင် မိန်းကလေး တစ်ယောက်အား လခရမ်းဂိုဏ်းမှ ရှာဖွေ တွေ့ရှိခဲ့ခြင်းပင်။ ထိုမိန်းကလေးအား လိင်မီးပြင်းဖို သဖွယ် အသုံးပြုခြင်းဖြင့် သူသည် သူမ၏ မူလ ယင်စုံတွဲ ကျင့်ကြံခြင်းကို ရယူကာ ချီပျစ်ခဲခြင်း စတုတ္ထ အဆင့် ယင်ဖွဲ့စည်းခြင်းသို့ လျှင်မြန်စွာ ထပ်မံ တက်လှမ်းခဲ့သည်။

သူသည် ဘဝ၏ ရည်မှန်းချက် အကြံအစည် အချို့ကို ကျော်လွှားနိုင်ခဲ့ခြင်း အတွက် ထိုမိန်းကလေးအား ကျေးဇူးတင်မိသည်။ လက်ရှိ ကျင့်ကြံမှုအရဆိုလျှင် သူသည် အဓိက တပည့် အားလုံးထက်ပင် ပို၍ သန်မာ နေခဲ့ပြီ ဖြစ်သည်။

ယခုပြိုင်ပွဲ၌ ဝေ့ဝူယင်သည် အာရုံစူးစိုက်မှုများကို ရယူရန် ခန့်မှန်းထားသည်။

ဝိညာဉ် အစီအရင် တစ်ခုဖြစ်သော သံမဏိ အမတေ မျက်လုံး၏ ဖေးမမှုကြောင့် ဝိညာဉ် စွမ်းအင် ဖြန့်ကျက်သွားသည်နှင့် သူ၏ ငွေရောင် မျက်လုံးများက တောက်ပလာသည်။ ၎င်းသည် လူများ၏ ဝိညာဉ်အာရုံကို နက်ရှိုင်းစွာ ထိုးဖောက်နိုင်ပြီး ကျင့်ကြံခြင်း အဆင့်ဆိုင်ရာ အချက်အလက်များကို စုစည်းနိုင်သည်။

"ကျင့်ကြံခြင်း သတ်မှတ်ချက်က ကျဆင်းသွားတာလား..."

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ အတွင်းစည်း တပည့်များထဲမှ အချို့မှာ  ထျန်းတျန် တည်ဆောက်ခြင်း အဆင့်ကို ယခုမှ ချိုးဖျက် ထားကြခြင်းဖြစ်ကြောင်း သူ သတိပြုမိသည်။ ထိုအချက်က ယခု အတွင်းစည်း တပည့်သတ်မှတ်ချက်က ယခင် ကျင့်ကြံခြင်း သတ်မှတ်များနှင့် ယှဉ်ပါက ကျဆင်းသွားသည်ကြောင်း ညွှန်ပြနေသည်။

"ငါ ဒီမှာ မရှိတုန်း တစ်ခုခု ဖြစ်သွားခဲ့တာလား..."

ဝေ့ဝူယင်သည် တုလင် ပြောပြခဲ့သည့် အကြောင်းအရာများကို ပြန်တွေးလိုက်သည်။ သို့သော်လည်း ကျင့်ကြံခြင်း သတ်မှတ်ချက် စံနှုန်း ကျဆင်းသွားခြင်း အကြောင်းကို အထူးတလှယ် ပြောပြထားခဲ့ခြင်းမျိုး မရှိချေ။

အမှန်တကယ်ဆိုလျှင် လခရမ်းဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် သတ်မှတ်ချက် စံနှုန်းမှာလည်း တိုးလာသင့်သည်။ ဂိုဏ်းများ အကြားမှ တိုက်ပွဲများမှာ အားနည်းသူကို တက်တက်စင် ပြောင်တလင်းခါစေကာ အားကြီးသူကို အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေသည့် တိုက်ပွဲများ ဖြစ်သည်။

ထိုအခိုက်တွင်ပင်...

"အရှင်ဝူယင်..."

အေးစက်သည့် မိန်းမသံတစ်ခုသည် အဝေးမှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်သည် အတွေးများကို ပြန်လည် ရုတ်သိမ်းကာ လှည့်ကြည့် လိုက်သည်။

သူမကား သူနှင့် အတူ စစ်မြေပြင်သို့ လိုက်ပါခဲ့သည့် အေးစက်ကာ တည်ငြိမ်သော အမျိုးသမီးပင်။ သူသည် သူမအား လီယင်ကို ဂရုစိုက်ပေးရန် အစောပိုင်းကပင် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။ ထိုအမျိုးသမီးသည် အပြင်စည်း တပည့် တစ်ဦးဖြစ်ကာ ဝေ့ဝူယင်၏ အဖွဲ့အစည်းထဲမှ ဖြစ်၏။ သူမ၏ နာမည်က စုမေ့ ဖြစ်သည်။

သူမသည် အတွင်းစည်း တပည့် တစ်ယောက်၊ အခြား အပြင်စည်း တပည့် လေးယောက်တို့နှင့် အတူ သိမ်းငှက်ကဲ့သို့ ငှက်ကြီးကို စီးနင်း လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် သူတို့ အားလုံးကို သူ၏ လက်အောက်ခံများ အဖြစ် အသိအမှတ် ပြုခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင်သည် သူတို့၏ ကျင့်ကြံခြင်း အဆင့်များကို ကြည့်ကာ ကျေနပ် သွားခဲ့၏။

စုမေ့သည် ချီပျစ်ခဲခြင်း အလွှာ၏ ပထမ အဆင့် ချီဖန်တီးခြင်း အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ အခြားလူများမှာမူ ထျန်းတျန် တည်ဆောက်ခြင်း အဆင့်၌ ရှိနေကြသည်။ အတွင်းစည်း တပည့် ပင်လျှင် ထိုအဆင့်၌သာ ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ အရ စုမေ့သည် ထိုအုပ်စု၏ ခေါင်းဆောင်သဖွယ် ဖြစ်သည်။ စုမေ့နှင့် အခြားလူများသည် ဝေ့ဝူယင်၏ ကြိုးကြာ၏ အောက်မှ တစ်ဆင့်နှိမ့် ပျံသန်းကာ အရိုအသေပေးလိုက်ကြသည်။ ဝေ့ဝူယင်က အသိအမှတ်ပြုဟန် သူတို့အား ခေါင်းညိတ်ပြ လိုက်သည်။

အထူးသဖြင့် ဝေ့ဝူယင်သည် စုမေ့အား အလွန် သဘောကျသည်။ သူမသည် အသက် နှစ်ဆယ်ကျော် အရွယ် ရှိကာ ကြည်လင်သော မျက်ဝန်းနက်များနှင့် ဆံပင်တိုကို ပိုင်ဆိုင်ထားသည်။ သူမသည် ရုပ်ရည် ချောမောသည့် သာမန် မိန်းကလေး တစ်ယောက်သာ ဖြစ်ပေသည်။ သူမ၏ ရင်သား၊ တင်တို့မှာလည်း ပျမ်းမျှ အရွယ်အစားတွင်သာ ရှိကာ ပျမ်းမျှထက်ပင် လျော့နည်းကောင်း လျော့နည်းနိုင်ပေသည်။

ဝေ့ဝူယင်၏ အကြည့် စူးစူးကြောင့် စုမေ့မှာ အနည်းငယ် တုန်လှုပ်သွား၏။ သူမသည် စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေကို့ကို ပေါင်းစပ်ပြီးနောက် စိတ်ခွန်အားကို သိသာ ထင်ရှားစွာ မြှင့်တင်နိုင်ခဲ့သည်။ သို့သော်လည်း အဘယ်ကြောင့် မသိ။ ဝေ့ဝူယင်နှင့် မျက်လုံးချင်းဆုံမိသည့် အချိန်တိုင်း သူမသည် ခန္ဓာကိုယ် တစ်ခုလုံး အဝတ်ဗလာ ဖြစ်နေသလို ခံစားနေရဆဲ ဖြစ်သည်။ သူမ၏ အေးစက်ကာ တည်ငြိမ်သည့် မျက်နှာအမူအရာမှာ ရှက်သွေးဖြင့် အနည်းငယ် နီရဲသွား၏။

ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိရာ အနည်းငယ် ပြုံးလိုက်သည်။ သူသည် ငွေရောင် မျက်လုံးများနှင့် ချောမောခန့်ညားသူဟု လူသိများသူ ဖြစ်သည်။ သို့သော်လည်း သူသည် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ခြင်း သက်သက် အတွက် လက်အောက်ငယ်သားများကို ခေါ်မအိပ်ဖူးချေ။ အနည်းဆုံး သူ ယနေ့အထိ ထိုအရာကို စောင့်ထိန်းထားနိုင်ခဲ့သည်။

“အပြင်စည်း တပည့်ပြိုင်ပွဲက စတော့မှာ ဆိုတော့ ငါလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်... အဆင်ပြေလား...”

ဝေ့ဝူယင်က မေးလိုက်သည်။

အပြင်စည်း၊ အတွင်းစည်းနှင့် အဓိက တပည့် ပြိုင်ပွဲများကို တစ်ခုပြီးမှ တစ်ခု အစဥ်လိုက် ကျင်းပခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အပြင်စည်း ပြိုင်ပွဲ၌ ထိပ်ဆုံး ဆယ်ယောက်စာရင်း ဝင်သူများမှာ အတွင်းစည်း တပည့်ပြိုင်ပွဲတွင်ပါ ဝင်နွှဲနိုင်သောကြောင့် ဖြစ်သည်။ အတွင်းစည်း တပည့် ပြိုင်ပွဲ ထိပ်ဆုံး သုံးယောက်မှာ အဓိက တပည့် နေရာအတွက် မူလရှိပြီးသား အဓိက တပည့်များကို စိန်ခေါ်တိုက်ခိုက်နိုင်သည်။

ပုံမှန်အားဖြင့် ဆိုပါက အဓိက တပည့်များမှာ လိုအပ်သည့် အချိန်မရောက်မချင်း ပေါ်လာလေ့ မရှိချေ။ သို့သော်လည်း ဝေ့ဝူယင်မှာမူ အခြား အဓိက တပည့်များနှင့် ခြားနားစွာပင် ပြိုင်ပွဲကို အစကတည်းက ကြည့်ရန် ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲများကား ကိုယ်ပိုင် သြဇာအာဏာကို ဖြန့်ကျက်ရန် အကောင်းဆုံး နေရာများပင် ဖြစ်ပေသည်။

စုမေ့နှင့် အခြားလူများမှာ အံ့အားသင့် သွားကြသည်။ သို့သော်လည်း သူတို့သည် သူတို့၏ မူအရာများကို အလျှင်အမြန် ပြန်လည် ထိန်းသိမ်းလိုက်ကြသည်။ ဝေ့ဝူယင်သည် သူတို့ အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ သူတို့၏ အောင်မြင်မှုများကို ပံ့ပိုးပေးနိုင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် သူ့အား ဘယ်သောအခါတွင်မှ ငြင်းလိမ့်မည် မဟုတ်ပါချေ။

မကြာခင်မှာပင် သူတို့ နှစ်ဖွဲ့စည် ပြိုင်ပွဲစင်မြင့်ဆီသို့ သွားနေကြပြီ ဖြစ်သည်။ ထိုစဥ် အတောအတွင်း၌ အတွင်းစည်း တပည့်က စကားပြောလိုက်၏။

“အရှင်ဝေ့... အရှင်က ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်ရှိသွားပြီလို့ ကောလဟာလတွေ ပျံ့နေတယ်... အဲဒါ အမှန်ပဲလား...”

ထိုလူငယ်သည် အသွင်အပြင် အရ အသက် နှစ်ဆယ့် ငါးနှစ်ခန့် ရှိဟန် ရသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သူသည် သူ၏ ကျင့်ကြံခြင်း အခြေခံ အစစ်အမှန်ကို အခြားလူများအား တစ်ကြိမ်မျှ ပြောပြဖူးခြင်း မရှိပါချေ။ ထို့အပြင် သူသည် ခရမ်းဂိုဏ်း အကြွင်းအကျန်များကို လိုက်လံ ရှင်းလင်းသည့် တိုက်ပွဲများ အတွင်း၌ သတ္တုချီကိုပင် မဖော်ထုတ်ပဲ ချီ၏ အခြေခံ အကျဆုံး စွမ်းအားများကိုသာ အသုံးပြုခဲ့သည်။

သူ ပြန်ရောက်ရောက်ချင်း ကောလဟာလ ပျံ့ပွားသွားစရာ အကြောင်း မရှိပါချေ။ ကြည့်ရသည်က တစ်စုံတစ်ယောက်မှာ သူ့အကြောင်း အသေးစိတ် စုံစမ်း သိရှိကာ သတ်ဖြတ်လိုနေပုံ ရသည်။ သူသည် အချိန်အခါ မရွေး၊ နေရာမရွေး အသက်ဆုံးရှုံးသွားနိုင်ပေသည်။ ချူရန်သည် အစီအစဥ်ကြီး၏ အစိတ်အပိုင်း တစ်ခုသာလျှင် ဖြစ်သည်။

ဝေ့ဝူယင်က အတွင်းစည်း တပည့်၏ မေးခွန်းကို ပြန်မဖြေပဲ ဆိတ်ငြိမ်နေ၏။ လူငယ်မှာ ထပ်မံ ဖိအားပေးကာ မေးမြန်းခြင်း မရှိတော့ချေ။

သိပ်မကြာခင်မှာပင် သူတို့သည် အလွန် ကြီးမားသော တိုက်ခိုက်ရေး ကွင်းပြင်ကြီး တစ်ခုဆီသို့ ရောက်ရှိ လာခဲ့တော့သည်။

All Chapters