← Chapters

စုမေ့ (၂)

Vol. 1 Ch. 8

စုမေ့ (၂)

Vol. 1 Ch. 8

“ခွေးမ... သောက်ကောင်မ...”

အသက်လတ် အမျိုးသမီး တစ်ယောက်သည် အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ညစ်ပတ်ပေရေနေသော မိန်းကလေး တစ်ဦးကို ဆံပင်မှ ကိုင်၍ ဆွဲခေါ်လာသည်။ ထိုအသက်လတ် အမျိုးသမီး၏ ရိုင်းစိုင်း ကြမ်းတမ်းလွန်းသော အပြုအမူတွင် မိန်းကလေးလေး၏ ဆံပင်ချည်ထွေး အချို့ ပင်လျှင် ပြတ်ထွက်ကုန်သည်။

သူတို့၏ ပတ်ဝန်းကျင်တွင် အသက် နှစ်ဆယ်မှ သုံးဆယ်ခန့် ရှိသည့် အမျိုးသမီး တစ်စု ရှိ၏။ သူတို့သည် ဂိုဏ်း၏ အမည်ခံ တပည့် အဝတ်အစားများကို ဝတ်ဆင်ထားကာ ရယ်မော လှောင်ပြောင်နေကြသည်။ အနီးကပ် ကြည့်ပါက သူတို့၏ ဆံပင်အရောင်၊ မျက်လုံး အရောင်နှင့် အသားအရောင်တို့မှာ တူညီသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအချက်ကို ကြည့်၍ သူတို့သည် ဆွေမျိုး တော်စပ်ကြောင်း၊ သို့မဟုတ် မျိုးနွယ်စု တစ်ခုတည်းမှ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

မိန်းကလေးသည် သူ၏ ဆံပင်များကို ဆွဲထားသည့် အမျိုးသမီး၏ လက်များကို ဖယ်ရန် ကြိုးစားနေ၏။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူမ၏ ခွန်အားလေးမှာ မလုံလောက်ခဲ့ချေ။

“တောင်းပန်ပါတယ်ရှင်... တော်ပါတော့...”

မိန်းကလေးမှာ အော်ဟစ်ရင်း မျက်ရည်များ စီးကျလာသည်။

“တော်ပါတော့ ဟုတ်လား... နင့်ရုပ်ရည်၊ နင့်ခန္ဓာကိုယ်နဲ့ နင်က ငါတို့ထက် ပိုပြီး ရအောင် ယူနိုင်တယ်လို့ ထင်နေတာလေ... ခု နင် ဘာတတ်နိုင်သေးလဲ”

အသက်လတ် အရွယ် အမျိုးသမီးမှာ အခြေအနေကြောင့် ပို၍ ဒေါသထွက်လာပုံ ပေါ်သည်။ သူမသည် မိန်းကလေး၏ ဝတ်စုံ အစိတ်အပိုင်း အချို့ကို ဆွဲဖြဲ ပစ်လိုက်သည်။

“နင်က ခွေးမက လွဲလို့ ဘာမှ မဟုတ်ဘူး... သောက်ကောင်မ”

သူမ၏ ‌ဒေါသကား ရပ်တန့်မည့်ပုံ မရချေ။ အခြား အမျိုးသမီးများမှာလည်း ရယ်ကာမောကာ ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများမှာ ကြင်နာသနားခြင်း အစား မုန်းတီးခြင်း၊ စက်ဆုပ်ခြင်းများနှင့်သာ ပြည့်နှက်နေသည်။

ထိုအနီးအနား ပတ်ဝန်းကျင် နေရာတစ်ခု၏ ကောင်းကင်၌ လူငယ်လေး တစ်ဦးသည် သိမ်းငှက်ကြီး တစ်ကောင်ကို စီးနင်းကာ ပျံသန်းနေသည်။ သူသည် စိတ်ဝင်တစားဖြင့် အောက်သို့ ငုံ့ကာ ကြည့်နေခဲ့၏။ သူ၏ နံဘေးတွင်မူ ဝတုတ်တုတ်၊ မုတ်ဆိတ် ပရပျစ်နှင့် လူတစ်ယောက်ပါသည်။

သူတို့ကား ဝေ့ဝူယင်နှင့် တုလင်တို့ပင် ဖြစ်လေသည်။

"အဲဒါဘာတွေ ဖြစ်နေတာလဲ…"

ဝေ့ဝူယင်က မေးလိုက်၏။ သူသည် မကြာသေးမီကပင် အဓိက တပည့် အဖြစ် တက်လှမ်း နိုင်ခဲ့လေရာ ဂိုဏ်းမှ ပေးအပ်သည့် စီးတော် ကြိုးကြာငှက်ကို လက်ခံ ရယူရန် သွားနေခြင်း ဖြစ်သည်။

တုလင်က အောက်သို့ တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။

"သခင်လေး ကြားဖူးမှာပေါ့… ဆိုရိုး တစ်ခု ရှိတယ်… အမြင့်ကို ပျံချင်ရင် နဂါးရဲ့ ရင်ခွင်မှာ ခိုလှုံဖို့ လိုတယ် ဆိုတာ… ကြည့်ရတာ ဒီတစ်ဖက်သတ် ရန်ပွဲက မနာလိုမှုကြောင့် ဖြစ်ပေါ်လာပုံ ရတယ်"

ကျင့်ကြံခြင်း လောက၏ "အမြင့်ကို ပျံချင်ရင် နဂါးရဲ့ ရင်ခွင်မှာ ခိုလှုံဖို့ လိုတယ်" ဟူသော ဆိုရိုးတွင် အဓိပ္ပာယ် အမျိုးမျိုး ရှိပေသည်။ သို့သော်လည်း များသောအားဖြင့် ထိုဆိုရိုးအား တစ်စုံတစ်ခုကို ရယူရန် ခန္ဓာကိုယ်နှင့် တိုက်ရိုက် အလဲအလှယ်လုပ်သော ကိစ္စများတွင် သုံးနှုန်းလေ့ ရှိသည်။ ထိုကဲ့သို့ ကိစ္စမျိုးကို အမျိုးသမီး ကျင့်ကြံသူများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။

ဥပမာအားဖြင့်…

ထိုအမျိုးသမီး အားလုံးသည် တူညီသော အသားအရေနှင့် အသွင်အပြင်များ ရှိကြပြီး သူတို့သည် ထိုအရည်အချင်းများကြောင့်ပင် ရွေးချယ်ခံများ ဖြစ်လာဟန် တူသည်။ အထူးသဖြင့် မြင့်မားသော အဆင့်အတန်း ရှိသည့် ယောက်ျားများသည် သူတို့၏ ဂုဏ်သိက္ခာနှင့် စိတ်ကျေနပ်မှုကို နာမည်ခံ တပည့်များ အကြား၌ တည်ဆောက်လေ့ ရှိသည်။ ယခုတွင်မူ ထိုကိစ္စ၌ အငြင်းပွားမှု တစ်ခု ပေါ်လာဟန် ရသည်။

"ကြည့်ရတာ ဟိုကောင်မလေးက ရွေးချယ်ခံ မောင်းမ အသစ် ဖြစ်မယ့်ပုံ ရတယ်… အခြားလူတွေက အဲဒါကို သဘောမကျကြဘူး"

တုလင်က သနားသော အမူအရာဖြင့် ခေါင်းအား ခါယမ်းလိုက်၏။

ကျင့်ကြံခြင်း လောက၌ အရင်းအမြစ်မှာ ရှားပါးလှကာ ကျင့်ကြံခြင်းမှာ ခက်ခဲလွန်းသည်။ လူတိုင်းသည် ကိုယ်ပိုင် စွမ်းအား မြင့်တက်လာရန် အတွက် မည်သည်ကို မဆို လုပ်ရဲသည့် သတ္တိရှိရန် လိုအပ်သည်။

မောင်းမစံအိမ် တစ်ခုကို ရင်းမြစ် တစ်ခု အနေဖြင့် ထားရှိခြင်း၊ ချီအား နိုးထစေရန် အတွက် လိင်စွမ်းအင်ကို အသုံးပြုခြင်း၊ မွေးရာပါ ဒြပ်စင်စွမ်းအင်များ ဖန်တီးခြင်း၊ ယင်ကို ဖွဲ့စည်း၍ ယန်ကို တိုးပွားစေခြင်း... စသည်ဖြင့်။

လိင်ဆက်ဆံခြင်းနှင့် စုံတွဲကျင့်ကြံခြင်းသည် ချီပျစ်ခဲခြင်း အဆင့်သို့ တက်လှမ်းသည့် အခြေခံ တည်ဆောက်ခြင်း အဆင့် တစ်ခုလုံးအတွက် တစ်နည်းနည်းဖြင့် အကူအညီ ဖြစ်စေသည်။ များသောအားဖြင့် “နဂါး”များသည် ကျင့်ကြံခြင်း အခြေခံ မြင့်မားသူများ ဖြစ်ရာ ကျင့်ကြံခြင်း အတွက် ပိုမို ကောင်းမွန်သည့် စွမ်းအားများကို ထုတ်ပေးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် မောင်းမဆောင်ရှိ အမျိုးသမီးများသည် တစ်စုံတစ်ယောက်၏ ချစ်ခင်မှုနှင့် အာရုံ စူးစိုက်မှုကို ရရှိရန် အတွက် မကြာခဏဆိုသလို အငြင်းအခုန် ဖြစ်တတ်ကြသည်။

ဝေ့ဝူယင်သည် ချက်ချင်းပင် နားလည်လိုက်၏။ သူသည် ထိုကဲ့သို့သော အရာများကို သူ၏ မျိုးနွယ်တွင်းနှင့် ဂိုဏ်းပတ်ဝန်းကျင်၌ များစွာ ကြုံဆုံခဲ့ဖူးသည်။ သူသည် ထိုကဲ့သို့ ပြဿနာကို အဘယ်ကြောင့် အများ သူငါ မြင်ကွင်း၌ ဖြေရှင်းနေရသည်ကို သိလိုပေသည်။ ထို “နဂါး” ကရော သူ၏ အချစ်တော်ကို ထိုကဲ့သို့ ဆက်ဆံနေခြင်း အတွက် ဒေါသမထွက်သည်လော။

ဝေ့ဝူယင်က ရက်စက်စွာ အနိုင်ကျင့်ခံနေရသည့် မိန်းက‌လေးကို ကြည့်လိုက်၏။ သူမ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေကာ အရေပြားနှင့် ရင်သားများပင်လျှင် ပေါ်နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ အရှက်ရမှုသည် သူမအား တစ်ဘဝလုံး ခေါင်းမဖော်နိုင်ရန်ပင် လုံ‌လောက်သည်။ ကွင်းပြင်ထဲ၌ ကြည့်ရှုသူများမှာ ပို၍ ပို၍ များပြား လာနေခဲ့လေ၏။

ဝေ့ဝူယင်သည် သူတော်ကောင်း မဟုတ်ချေ။ သူပင်လျှင် ကျင့်ကြံခြင်း အတွက် လိုအပ်ပါက မိန်းမများကို အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့်ပင် သူသည် ထိုကဲ့သို့ မြင်ကွင်းကို မြင်ရခြင်း အတွက် ခံပြင်းခြင်း၊ ဒေါသထွက်ခြင်းမျိုး မဖြစ်မိချေ။ သို့သော်လည်း ထိုအမျိုးသမီးကိုမူ....

ဝေ့ဝူယင်သည် သူမအား ကြည့်ရင်း ရင်ဘတ်အတွင်း၌ ထူးဆန်းသော ခံစားချက် တစ်မျိုးကို ခံစား လိုက်ရ၏။ ထိုအရာမှာ ထူးဆန်းပြီး တစ်စုံတစ်ခုကို ပြုလုပ်ရန် လှုံ့ဆော်နေသယောင် ထင်ရသည်။

“ဟင်...”

တုလင်သည် တစ်စုံတစ်ခုကို သတိထားလိုက်မိ၏။ သူ၏ မျက်လုံးများက လူအုပ်အတွင်း၌ ပေါင်မုန့်စားနေသည့် ယောက်ျား တစ်ယောက်ထံ ကျရောက်သွားသည်။ ထိုယောက်ျားသည် ထျန်းတျန် တည်ဆောက်ခြင်း အဆင့်၌ ရှိသည့် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်ပေသည်။

“ကျွန်တော်တော့ သူတို့ရဲ့ နဂါးက အဲဒီကောင်လို့ပဲ ထင်တယ်... ဟဲဟဲ...”

သူက အနည်းငယ် ရယ်မောလိုက်သည်။ ဝေ့ဝူယင်က ယောက်ျားအား ကြည့်လိုက်၏။ ထိုလူသည် အသက်လတ် အရွယ်ဖြစ်ကာ သူ၏ မျက်နှာထက်တွင် လှောင်ပြောင်သော အပြုံးတစ်ခု နေရာယူ နေခဲ့သည်။

“မင်းဟာ သေချာလှချည်လား...”

ဝေ့ဝူယင်က မျက်ခုံးပင့်လိုက်၏။

“ကျွန်တော် သူ့ကို မှတ်မိနေလို့ပါ... နောက်ပြီး ဟိုတစ်ယောက်ရော...”

တုလင်က မတ်တပ်ရပ်ကာ ကြည့်ရှုနေသည့် မိန်းမငယ်များထဲမှ တစ်ယောက်ကို လက်ညိုးထိုး ပြလိုက်သည်။

“သူတို့နှစ်ယောက်က အတူတူပဲ”

“အတူတူ....”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။

“အင်း... ငါသဘောပေါက်ပြီ”

ထို့နောက် သူက သိမ်းငှက်ကို လူအုပ်ဆီသို့ ဦးတည်စေလိုက်သည်။

“သခင်လေး...”

တုလင်က အံ့သြစွာဖြင့် ခေါ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က မတုန့်ပြန်ချေ။ ထို့အစား သူက လူအုပ်ထဲသို့ ခုန်ဆင်းကာ အားလုံးကို စူးရဲစွာ ကြည့်လိုက်သည်။

နာမည်ခံ ဂိုဏ်းသူများမှာ ထိတ်လန့်ကြောက်ရွံ့ကာ နောက်သို့ သူ့ထက်ငါခေါင် ဆုတ်ခွာ သွားကြသည်။ ဝေ့ဝူယင်က ဘာမှ မပြောပဲ မိန်းမငယ်လေးနှင့် သူမအား နှိပ်စက်နေသည့် အသက်လတ် အမျိုးသမီးထံသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ တုန့်ဆိုင်းခြင်း အလျင်းမရှိပါပဲ သူ၏ လက်သီးမှာ အသက်လတ် အမျိုးသမီး၏ ရင်ဘတ်ဆီသို့ ကျဆင်းသွားသည်။ သူမမှာ သွေးတစ်လုတ် အန်လိုက်ရကာ နောက်သို့ လွင့်စဥ် သွားလေ၏။

ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ သေသည်၊ ရှင်သည်ကို မည်သူမျှ မသိနိုင်ချေ။ ထိုအရာက လူတိုင်းကို ကြောက်လန့်သွားစေ၏။ သူတို့သည် မဆိုင်းမတွပဲ ထွက်ပြေးကြတော့သည်။ သို့သော်လည်း အချို့မှာမူ ခပ်လှမ်းလှမ်း နေရာများမှနေ၍ မည်သည့် အရာများ ဖြစ်လာမည်ကို ဆက်လက် စောင့်ကြည့်နေကြသည်။

မိန်းမငယ်မှာလည်း ထိတ်လန့်နေ၏။ သူမသည် ဝေ့ဝူယင်အား ကြည့်လိုက်ရာ ငွေရောင် မျက်လုံးများနှင့် ချော‌မောသော ရုပ်သွင်တို့ကို မြင်လိုက်ရသည်။ သူမသည် စကားမပြောနိုင်ပဲ ဆွံ့အ သွား၏။

“နင်အရှက်ခွဲ ခံနေရတဲ့ အချိန်မှာတောင် နင့်လူက ဒီအတိုင်း ကြည့်နေခဲ့တယ်”

ဝေ့ဝူယင်က ခံစားချက် ကင်းမဲ့သော‌ လေသံဖြင့် ပြောလိုက်သည်။ မိန်းမငယ်လေးသည် ခပ်လှမ်းလှမ်းရှိ လူအုပ်ထဲသို့ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူ၏ လူမှာမူ ဖနှောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်သွားသော်လည်း ချက်ချင်းပင် ဝမ်းနည်းခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ အသွင် ပြောင်းလဲသွား၏။

ထိုမြင်ကွင်းကို ကြည့်ကာ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“မင်း ဗိုက်ဆာနေလား...”

တုလင်မှာ အနည်းငယ် အံ့သြသွားသော်လည်း ဘာမှ မပြောချေ။ သူ၏ မျက်လုံးများမှာမူ ခံစားချက်များဖြင့် ပြည့်လျှံသွားကာ မိန်းမငယ်အား မူလကနှင့် ခြားနားစွာ ကြည့်လိုက်သည်။

“ကျွန်... ကျွန်မ... ဗိုက်ဆာနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

မိန်းမငယ်လေးက တုန်လှုပ်ခြောက်ခြားစွာဖြင့် ခပ်တိုးတိုး ပြန်ဖြေသည်။

ဝေ့ဝူယင်က ပြုံးလိုက်သည်။

“ဒါဆို ငါနင့်ကို တစ်ခုခု စားလို့ရတဲ့ နေရာ ခေါ်သွားပေးမယ်...”

သူက အပေါ်ဝတ်ရုံကို ချွတ်ကာ သူမ၏ ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။

“နင့်နာမည် ဘယ်လိုခေါ်လဲ”

“အာ... စုမေ့ပါရှင်...”

...

ပါဝင်ယှဥ်ပြိုင်သူ အရေမတွက် လျှင်မြန်စွာ ကျဆင်းလာသည်နှင့် အမျှ အပြင်စည်း တပည့် ပြိုင်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ အပြန်အလှန်အားဖြင့် သေဆုံးသူ အရေအတွက်မှာ ကျဆင်းလာသည်။ အသက်ဘေးနှင့် ရင်ဆိုင်ရသည့် အချို့ ယှဥ်ပြိုင်သူများမှာ မဆိုင်းမတွပင် လက်နက်ချကြောင်း ကြေညာနေခဲ့သည်။

မြေကမ္ဘာချီလှိုင်း တစ်ခုမှာ လက်နက်ချပြီးသူများအား တိုက်ပွဲ စင်မြင့်ပေါ်မှ အသာအယာပင် ဆွဲချသွားသည်။ တစ်ခဏ အတွင်းမှာပင် သူတို့သည် ဥမင်လိုဏ်ခေါင်းကို ကျော်ဖြတ်ကာ စင်မြင့်များ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

ဝေ့ဝူယင်သည် ရှည်လျားသော မျှော်စင်တစ်ခုထက်မှ နေ၍ ပြိုင်ပွဲများကို ကြည့်နေသည့် အကြီးအကဲ တစ်ယောက်ကို သတိထားမိသည်။ ထိုအကြီးအကဲသည် မီးခိုး‌‌ရောင် ဆံပင်နှင့် ပိန်ပါးသော ခန္ဓာကိုယ် ရှိ၏။ သူ၏ ပုံစံသည် အိုမင်းဟန် ရသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် အရေးအကြောင်းမျှ ရှိမနေချေ။ သူ့အား ဆွဲဆောင်မှုရှိသူ တစ်ယောက်အဖြစ် မှတ်ယူနိုင်ပေသည်။

ဝေ့ဝူယင်သည် ထိုအကြီးအကဲနှင့် အဆက်အဆံ အချို့ ပြုလုပ်ခဲ့ဖူးသည်။ သူ၏ နာမည်သည် ကျိယွင်ဖြစ်ကာ ဂိုဏ်း၏ အဓိက အကြီးအကဲ တစ်ယောက်လည်း ဖြစ်သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်ငါး “ယန်ဖွံ့ဖြိုးခြင်း” ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည်။

အကြီးအကဲကျိသည် ပြိုင်ပွဲတစ်ခုလုံးကို ခြုံငုံကာ အညံ့ခံသူများကို လျှင်လျှင်မြန်မြန်ပင် ကာကွယ်ပေးနေခဲ့သည်။ စင်မြင့်များ အားလုံးကို အထူး အစီအရင် တစ်ခုဖြင့် ဖန်တီးထားကာ အကြီးအကဲကျိမှာ ထိုအစီအရင်ကို ထိန်းချုပ်ထားသည်။

မိုင်ပေါင်းများစွာ အကွာအဝေးမှ အကြည့်ကို သတိထားမိသည့်နှယ် အကြီးအကဲကျိမှာ ဝေ့ဝူယင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်က ပြုံးပြလိုက်သည်။ ထိုအခါ သူ၏ မျက်လုံးများသည် ငွေရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်ပသွား၏။ အကြီးအကဲကျိက တည်ငြိမ်စွာပင် ဝေ့ဝူယင်အား ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူ၏ သတိထားသော အကြည့်က အနည်းငယ် အံ့အားသင့်သွားဟန် ရ၏။

“သတ္တုချီ... ကြည့်ရတာ ကောလဟာလတွေ မှန်နေတဲ့ ပုံပဲ... သူက ယင်ဖွဲ့စည်းခြင်းနဲ့လည်း နီးစပ်နေနိုင်တယ်”

သူက တိုက်ပွဲစင်မြင့်များကို ပြန်လည် အာရုံစိုက်ရင်း တွေးလိုက်သည်။ မကြာခင်မှာပင် သူ၏ လုပ်ရပ်များမှာ ပြောင်းလဲသွား၏။ သူသည် တိုက်ပွဲစင်မြင့်များထက်ရှိ ဝေ့ဝူယင် အဖွဲ့သားများ၏ လုံခြုံဘေးကင်းရေးကို ဦးတည် ဆောင်ရွက်လာသည်။ သူသည် ဝေ့ဝူယင်၏ လက်အောက်ငယ်သား အချို့အား အမှတ်မထင် သေဆုံးမည့် အရေးမှ ကာကွယ်ပေးခြင်းမျိုးကိုပင် ပြုလုပ်ပေးလာသည်။

ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိရာ စိတ်ထဲမှ ကြိတ်ကာ ရယ်လိုက်မိသည်။ အကြီးအကဲကျိသည် အမြဲလိုလို ပါးနပ်သည့် မြေခွေးတစ်ကောင် ဖြစ်သည်။ သူသည် အခြေအနေကို လျှင်မြန်စွာ ကောက်ချက်ချကာ ရပ်တည်ချက်ကို လျှင်လျှင်မြန်မြန်ပင် ပြသခဲ့သည်။

ဝေ့ဝူယင်သည် အကြီးအကဲကျိအား သတ္တုချီ အရိပ်အငွေ့ အချို့ကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ သူ အနည်းဆုံး ချီပျစ်ခဲခြင်း တတိယ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်။ ထိုကျင့်ကြံခြင်း အဆင့်ကပင်လျှင် မျိုးဆက်တူ အဓိက တပည့်များကို ယှဥ်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

အကြီးအကဲကျိသည် အသက်တစ်ရာကျော် ရှင်သန်ခဲ့ပြီး ဝေ့ဝူယင်မှာမူ ယခုထိ သုံးဆယ် မပြည့်သေးချေ။ အစိတ်ခန့်တွင်သာ ရှိသေးသည်။ ပါရမီရှင့် စွမ်းရည်တို့ ခြားနားချက်သည် ရှင်းလင်းစွာပင် အဆင့်အတန်းကို အဓိပ္ပာယ် ဖော်ဆောင်သည်။ အဓိက တပည့် တစ်ဦး အနေဖြင့် သူသည် အတွင်းစည်း အကြီးအကဲ တစ်ယောက်နှင့် ညီမျှပေသည်။

စုမေ့နှင့် အတူ ပါလာသည့် တပည့်များနှင့် အခြား လက်အောက်ငယ်သားများမှာလည်း အမှတ်မထင် ကာကွယ်မှုများကို ရရှိကြ၏။ သူတို့သည် ဝေ့ဝူယင်အား လှမ်းကြည့်ကြရာ ပြုံးပြနေသည်ကိုသာ တွေ့မြင်ကြရသည်။ သူတို့၏ နှလုံးသားများမှာ အနည်းငယ် လှုပ်ရှားသွားကြ၏။

ကောလဟာများက မှန်နေသည်လော။

***

All Chapters