← Chapters

ထိပ်ဆုံးနေရာ ဆယ်ခု

Vol. 1 Ch. 9

ထိပ်ဆုံးနေရာ ဆယ်ခု

Vol. 1 Ch. 9

 ကြားနေမှုကို ချိုးဖျက်ဖို့ ဆုံးဖြတ်လိုက်တာလား...”

ချီပျစ်ခဲခြင်း ဒုတိယ အဆင့် “နူးညံ့စွာ စီးဆင်းခြင်း”၌ ရှိနေသည့် အပြင်စည်း အမျိုးသမီး အကြီးအကဲ တစ်ယောက်က ငြီးငြူလိုက်သည်။ အကြီးအကဲကျိသည် အဓိက တပည့်များ၏ အဖွဲ့များနှင့် ဆက်စပ်မှု နည်းပါးသည့် ကြားနေ အဓိက အကြီးအကဲ တစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အား ဤပြိုင်ပွဲ၌ ကြီးကြပ်ရေးမှူးနှင့် ကာကွယ်သူအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အခြားအချက်တစ်ခုက သူ၏ ကျင့်ကြံခြင်း အခြေခံ ဖြစ်သည်။ အကြီးအကဲ အားလုံးသည် အနည်းဆုံး အသက် ငါးဆယ်ကျော်ခဲ့ပြီး ဖြစ်သည်။ ယေဘုယျအားဖြင့် အပြင်စည်း အကြီးအကဲများသည် ချီပျစ်ခဲခြင်း ပထမနှင့် ဒုတိယ အဆင့်များတွင် ရှိနေကြသည်။ သူတို့သည် အတွင်းစည်း၏ အဆင့်မြင့် တပည့်များ၊ အဓိက တပည့်များထဲမှ အဆင့်နိမ့် တပည့်များနှင့် ကျင့်ကြံခြင်း အဆင့် တူညီကြသည်။ ဝေ့ဝူယင်သည် အဓိက တပည့် အဆင့်ကို လွန်ခဲ့သော သုံးနှစ်နီးပါး၊ ချီပျစ်ခဲခြင်း ဒုတိယ အဆင့်တွင် ရှိစဥ်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အတွင်းစည်း အကြီးအကဲများမှာမူ အနည်းငယ် ခြားနားသည်။ သူတို့ အားလုံးသည် ချီပျစ်ခဲခြင်း တတိယ အဆင့် “ဒြပ်စင်မွေးဖွားခြင်း” ၌ ရှိနေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ “ယင်ဖွဲ့စည်းခြင်း” အဆင့်သို့ ရောက်ရှိပါက အဓိက အကြီးအကဲ အဖြစ် တိုက်ရိုက် ခန့်ထားခြင်းကို ခံရသည်။ အကြီးအကဲကျိသည် ချီပျစ်ခဲခြင်း အဆင့် ၅ “ယန်ဖွံ့ဖြိုးခြင်း” အဆင့်သို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် ဂိုဏ်းတစ်ခုလုံး၏ အဓိက အကြီးအကဲများထဲ၌ ထိပ်ဆုံး သုံးယောက် စာရင်းပင် ဝင်ပေသည်။

ထိုကဲ့သို့သော လူတစ်ယောက်က ရုတ်ချည်းပင် တစ်စုံတစ်ယောက်ဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်လိုက်ခြင်းမှာ အားလုံး၏ အတွေးကို ကျော်လွန်နေပေသည်။

“မဖြစ်နိုင်ဘူး... အကြီးအကဲကျိက သူ့ရဲ့ ကြားနေ မူဝါဒကို နောက်ဆုံး အဓိက တပည့် မျိုးဆက်မှာတောင် စောင့်ထိန်းထားခဲ့တာ... သူ ပြောင်းလဲစရာ အကြောင်းမရှိဘူး”

တစ်ယောက်က ငြင်းဆန်ရန် ကြိုးစား၏။ သို့သော်လည်း မြင်တွေ့နေရသော အဖြစ်အပျက်များက သူ၏ မျက်နှာကို ဖြတ်ရိုက်နေသယောင် ရှိသည်။ သူသည် ထိုအရာကို အမှားတစ်ခု ဖြစ်ရန်သာ မျှော်လင့်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ ပိုမို ထင်ရှား ပေါ်လွင် လာနေခဲ့သည်။

ဂိုဏ်းအတွင်း၌ အဓိက အကြီးအကဲများသည် မကြာခဏဆိုသလို အဖွဲ့များဘက်တွင် ရပ်တည်လေ့ ရှိသည်။ ဥပမာအားဖြင့် ကျူးလန်သည် သူမ၏ အဖွဲ့၌ အဓိက အကြီးအကဲ နှစ်ယောက်ကို စည်းရုံးထားနိုင်သည်။ သို့သော်လည်း သူတို့မှာ အဆင့်နိမ့် အဓိက အကြီးအကဲများသာ ဖြစ်သည်။ အခြား အဓိက တပည့်များသည်လည်း အဓိက အကြီးအကဲ အချို့ကို စည်းရုံးထားနိုင်သည့်တိုင် ထိုအထဲမှ မည်သူကမျှ အဆင့်မြင့် အဓိက အကြီးအကဲ မဟုတ်ပါချေ။

အဘယ်ကြောင့်ဆိုသော် အဓိက တပည့်များ ကမ်းလှမ်းသည့် မည်သည့် အရာကမှ သူတို့အား မဆွဲဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုအရာမှာ ကျင့်ကြံခြင်း လမ်းစဥ်၏ ခက်ခဲမှုလည်း ဖြစ်ပေသည်။ ကျူးရန်သည် အဆင့်မြင့် အဓိက အကြီးအကဲ တစ်ယောက်၏ ကျောထောက်နောက်ခံကို ရရှိရန် နီးကပ်ခဲ့ဖူးသည်။ ဝေ့ဝူယင် အပါအဝင် လူတိုင်းသည် ထိုသတင်း စတင် ပျံ့နှံ့သည့် အချိန်၌ နှလုံးသားများ တင်းကြပ်နေခဲ့ကြသည်။ သို့သော်လည်း ကံကောင်းစွာပင် ထိုအကြီးအကဲသည် ကျူးလန် ပေးရန် ဆန္ဒ မရှိသည့် သူမ၏ မူလ ယင်နှင့် ခန္ဓာကို တောင်းဆိုခဲ့သည်။ ထိုအကြောင်းကြောင့်ပင် သူတို့ နှစ်ဦး၏ မဟာမိတ်မှာ ပျက်ပြယ်ခဲ့ရသည်။

အကယ်၍ သူမသာ ထိုအကြီးအကဲ၏ ‌နောက်ခံကို ရပါက ဝေ့ဝူယင်မှာ သေဆုံး နေ‌လောက်ပြီ ဖြစ်သည်။ သူသာလျှင်မက သူမ၏ အခြား ရန်သူ အားလုံးမှာလည်း အသက်ရှင်လိမ့်မည် မဟုတ်ပါချေ။ ထိုအချက်ကို ဝေ့ဝူယင် သံသယ မရှိပါချေ။ ထိုအရာမှာ အဆင့်မြင့် အဓိက အကြီးအကဲ တစ်ယောက်၏ စွမ်းအားနှင့် လွှမ်းမိုးမှု ဖြစ်ပေသည်။

ယခုတွင်မူ အကြီးအကဲကျိသည် သူ၏ လုပ်ဆောင်ချက်မှ တစ်ဆင့် သဘောထားကို ထုတ်ဖော် ကြေညာခဲ့သည်။ သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ ဝေ့ဝူယင်မှာ ပြန်လည် ခေါင်းညိတ်ပြလိုက်၏။ သူ၏ မျက်လုံးများမှာ အဓိပ္ပာယ် အဖော်ဆောင်နိုင်သည့် အမျိုးမျိုးသော ပုံရိပ်များဖြင့် တောက်ပနေသည်။

သူတို့နှစ်ဦးကြားမှ တုံ့ပြန်မှုသည် များစွာသော အကြီးအကဲများ၏ သိချင်စိတ်ကို စိုးမိုးသွားသည်။ စာတိုပေါင်းများစွာမှာ ဆက်သွယ်ရေး သလင်းကျောက်ထဲသို့ ဝင်ရောက် လာခဲ့သော်လည်း အကြီးအကဲကျိမှာ ဖြေကြားခြင်း မပြုချေ။ သူက အားလုံးနှင့် ဆက်သွယ်မှုကိုပင် ပိတ်ချ ပစ်လိုက်၏။ သူ၏ မျက်လုံးများက တည်ငြိမ်နေကာ ကြီးကြပ် ကာကွယ်သူ အလုပ်ကိုသာ ဆက်လက် လုပ်ဆောင် နေခဲ့သည်။

သို့သော်လည်း သူ၏ အတွင်းစိတ်မှာမူ ပြင်းထန်စွာ လှုပ်ရှားနေခဲ့လေ၏။

“သူက အသက်သုံးဆယ် မပြည့်ခင်မှာတင် ယင်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီ... မယုံနိုင်စရာ ကောင်းလောက်တဲ့ ကျင့်ကြံခြင်း ပါရမီမျိုးပဲ... နာမည်ခံ တပည့် အဖြစ်ကနေ အဓိက တပည့် အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ အပြင် သတ္တုချီကို မွေးဖွားပြီ ယင်ကို တည်ဆောက်နိုင်ခဲ့တယ်... ငါသာ သူ့ဘက်မှာ ရပ်တည်ခဲ့ရင် သူ့ရဲ့ အနာဂတ်က ချီပျစ်ခဲခြင်းမှာ အခက်ခဲဆုံး ဖြစ်တဲ့ အဆင့်ခြောက် “မှားသောအမှန်” ကိုတောင် ရောက်ဖို့ ဖြစ်နိုင်ချေ ရှိတယ်”

အကြီးအကဲကျိ၏ စိတ်အတွင်း အမျိုးမျိုးသော မြင်ကွင်းများက ဖြတ်ပြေးသွား၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာ၊ အဓိက တပည့် မျိုးဆက်လေးခု အတွင်း၌ ဝေ့ဝူယင်ကဲ့သို့သော အဓိက တပည့်မျိုး မရှိခဲ့ဖူးသည်ကို သူ သဘောပေါက်လိုက်သည်။

ထို့နောက်...

တိုက်ပွဲစင်မြင့်များထက်ရှိ သူ၏ မသိမသာ ဘက်လိုက်မှုမှာ ပြောင်ပြောင်တင်းတင်း အဖြစ် ပြောင်းလဲသွား၏။ စုမေ့သည် တိုက်ပွဲအတွင်း ထူးခြားမှု တစ်ခုကို ခံစားလိုက်ရသည်။ အမတေ စွမ်းအင်များမှာ သူမ၏ ခြေထောက်အောက်မှ နေ၍ စီးဝင်လာသည်ကို ခံစားလိုက်မိ၏။ ထိုစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ် အတွင်းဝင်ကာ ချီနှင့် ကြံ့ခိုင်မှုတို့ကို အားဖြည့်ပေးသည်။

“ဒါ ဗြောင်လိမ်နေတာပဲ...”

တောက်ကွေ့၏ အဖွဲ့ဘက်မှ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဗြောင်လိမ်တယ် ဟုတ်လား... ရှင်မျက်လုံးကန်းနေတာပဲ.... အကြီးအကဲကျိက ဘယ်တော့မှ မလိမ်ဘူး... သူက လုပ်သင့်တာကိုပဲ လုပ်နေတာ”

အပြင်စည်း အမျိုးသမီး အကြီးအကဲက မျက်နှာပြောင်တိုက်ရင်း အရှက်မဲ့စွာ ဆိုလိုက်၏။ သူမသည် ဝေ့ဝူယင်၏ အဖွဲ့မှ ဖြစ်လေရာ အကြီးအကဲကျိ၏ လုပ်ရပ်ကို ထောက်ခံသည်က မဆန်းချေ။

တိုက်ပွဲစင်မြင့်များမှ မြေကမ္ဘာ စွမ်းအင်များမှာ ဝေ့ဝူယင် အဖွဲ့သားများ၏ ခန္ဓာကိုယ် အတွင်း တရစပ် စီးဝင်နေကြ၏။ ရုတ်ချည်းပင် သူတို့သည် ပိုမို သန်မာလာကာ အကန့်အသတ်မဲ့ ခံနိုင်ရည်များဖြင့် ပြည့်နှက်လာသည်။ အကြီးအကဲကျိ၏ မမျှတသော ဘက်လိုက်မှုကို မည်သူမဆို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေသည်။

“လုံးဝကို အရှက်မရှိဘူး...”

ကျူးလန်၏ လက်အောက်ငယ်သား အတွင်းစည်း အကြီးအကဲ တစ်ယောက်က ခံပြင်းစွာ အော်ဟစ်လိုက်သည်။ မြေကမ္ဘာ စွမ်းအင်များမှာ ဝေ့ဝူယင်၏ အဖွဲ့သားများကို ကူညီနေခြင်းသာလျှင် မကချေ။ သူတို့၏ အဖွဲ့သားများကိုပါ တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့သည် စွမ်းအင်များ ပြည့်ဝလာရမည့် အစား ကျောက်တုံးကြီးများ ပခုံးပေါ် ထမ်းထားရသလို လေးလံနှေးကွေး လာကြသည်။

အကျိုးဆက် အနေဖြင့် သူ၏ တပည့်များစွာမှာ အသတ်ခံ ခဲ့ရသည်။ ထိုအထဲမှ အချို့ဆိုလျှင် ‌တောက်ပသော အနာဂတ် ရှိသူများ ဖြစ်သည်။ အချို့ အဖွဲ့ဝင်များမှာ အညံ့ခံ နေကြသော်လည်း ကယ်ထုတ်ခံရသည့် အစား သေမင်း လက်နက်သားသာ သူတို့ အပေါ်သို့ ကျရောက်လာခဲ့သည်။

ဝေ့ဝူယင်မှာ မပြုံးပဲ မနေနိုင်တော့ချေ။ အကြီးအကဲကျိမှာ ပြတ်သားသူ ဟု သူမှတ်ချက်ချလိုက်မိ၏။ သူသည် ယနေ့ မတိုင်ခင်အထိ မည်သည့် အဓိက အကြီးအကဲ တစ်ဦး၏ ထောက်ခံမှုကိုမှ မရခဲ့ချေ။ သို့သော်လည်း ယခုချက်ချင်း ဆိုသလို အဆင့်မြင့် အဓိက အကြီးအကဲ တစ်ဦးက သူ့အား ပြောင်ပြောင်းတင်းတင်း ထောက်ခံ လာခဲ့သည်။ ထိုမြန်ဆန်သော အပြောင်းအလဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။

အပြင်စည်း တပည့် တိုက်ပွဲသည် ကမောက်ကမ ဖြစ်စရာ များစွာ ဖြစ်ပွားသွားခဲ့သော်လည်း မည်သူမျှ အကြီးအကဲကျိကို မေးခွန်း မထုတ်ရဲကြချေ။ ထိုကဲ့သို့ ပြုလုပ်ရန် သတ္တိမရှိခြင်းလည်း ဖြစ်နိုင်ချေ ရှိသည်။

ထိုပြိုင်ပွဲကို ကြည့်နေသည့် အဓိက အကြီးအကဲများ ပင်လျှင် တိတ်ဆိတ်နေကြ၏။ ထိုအရာက သူတို့၏ ဉာဏ်နည်းမှု ဖြစ်သည်။ အကယ်၍ အကြီးအကဲကျိသာ ဝေ့ဝူယင်၏ အဖွဲ့သား တစ်ယောက်မှန်း ကြိုတင်သိခဲ့ပါက သူတို့သည် သူ့အား တိုက်ပွဲများ၌ ကြီးကြပ်ရန် ရွေးချယ်ခဲ့လိမ့်မည် မဟုတ်ပါချေ။ သူ့အား ကြားနေသူ တစ်ယောက်ဟု ယူဆခဲ့သောကြောင့်သာ ဝိုင်းဝန်း မဲပေးခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲ၏ ပထမ အကြော့ကား မကြာခင် အဆုံးသတ်တော့မည် ဖြစ်သည်။ စုမေ့သည် တိုက်ပွဲ စင်မြင့်ထက်၌ ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်နေခဲ့၏။ သူမသည် တစ်ယောက်တည်း ဖြစ်ကာ လက်ထဲရှိ ဓားမှာမူ သွေးများဖြင့် ရွှဲနစ်နေသည်။ သူမ၏ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေကာ မာနဖြင့် ပြည့်နှက်နေသည်။

ထိုကဲ့သို့ တိုက်ပွဲစင်မြင့် တစ်ခုချင်းစီ၏ အထက်၌ တစ်ဦးတည်း ရပ်တည်နေသည့် တပည့် ရာပေါင်းများစွာမှာ ‌နောက်တစ်ဆင့်သို့ တက်လှမ်းရမည် ဖြစ်သည်။ သူတို့အား အုပ်စုဆယ်ခု အဖြစ် ခွဲလိုက်၏။ ထို့နောက် တိုက်ပွဲစင်မြင့် ဆယ်ခုကို ပြင်ဆင်ကာ သူတို့အား ကျပန်း ဝင်ရောက်စေသည်။ ယခုတစ်ကြိမ် တိုက်ပွဲသည် ပိုမို ပြင်းထန်သော်လည်း အကြီးအကဲကျိ၏ ကျေးဇူးကြောင့် ဝေ့ဝူယင်၏ အဖွဲ့သည် ဆယ်နေရာတွင် လေးနေရာအထိ ရရှိလိုက်သည်။

ထိုဆယ်ယောက်သည် အတွင်းစည်း တပည့် အဖြစ် တိုးမြှင့်ခြင်းကို ခံခဲ့ရသည်။ သူတို့အားလုံးမှာ ကြီးစွာ စိတ်လှုပ်ရှား နေကြ၏။ တစ်ယောက်ဆိုလျှင် မြေပြင်သို့ ဒူးထောက်ချရင်း မျက်ရည်များ အဆက်မပြတ် ကျဆင်း နေခဲ့ပြီ ဖြစ်သည်။ အခြားတစ်ယောက်မှာမူ ခြင်္သေ့ကဲ့သို့ ဟိန်းကာ အောင်ပွဲခံ နေခဲ့၏။ စုမေ့က ဝေ့ဝူယင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝေ့ဝူယင်က သူမအား ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“မင်း ငါမျှော်လင့်ထားတာထက် ပိုပြီး လုပ်နိုင်ခဲ့ပါတယ်”

...

နေသွေးနီနီတောင်ကို အလွှာများစွာ ခွဲခြားထားသည်။ တောင်ခြေ အပါအဝင် အဆင့်နိမ့် အလွှာများမှာ သေမျိုးများနှင့် ကျင့်ကြံခြင်း မျိုးနွယ်စုများ နေထိုင်ရာ နေရာများ ဖြစ်သည်။ တောင်ပေါ်သို့ တက်ရန် အတွက်မူ တပည့်တစ်ယောက် သို့မဟုတ် အကြီးအကဲ တစ်ယောက်ဟုသော အဆင့်အတန်းကို လိုအပ်သည်။

အလယ်ဆင့် အလွှာများမှာမူ နာမည်ခံ တပည့်များ၊ အပြင်စည်းနှင့် အတွင်းစည်း တပည့်များ အတွက် ဖြစ်သည်။ အကြီးအကဲများနှင့် အဓိက တပည့်များ အတွက် အလုပ်လုပ်ပေးရသည့် အထူး နာမည်ခံ၊ အပြင်စည်း၊ အတွင်းစည်း တပည့်များမှာမူ သူတို့၏ သခင်များနှင့် အတူ အဆင့်မြင့် အလွှာများ၌ နေခွင့် ရရှိကြသည်။

ဝေ့ဝူယင်၏ ခြံဝန်းသည် ကောင်းကင်နှင့် မြေကြီး၏ အမ‌တေနှင့် သွေးချီ များစွာ ပိုမို ထူထပ်သည့် အဆင့်မြင့် အလွှာတွင် တည်ရှိသည်။ ထိုနေရာသည် ကျင့်ကြံခြင်း အတွက် အလွန် ကောင်းမွန်သော နေရာဖြစ်ရာ များစွာသော တပည့်များ၏ မနာလိုမှုကို ဆွဲဆောင်လျှက် ရှိသည်။

အဆင့်မြင့် အလွှာ၏ တစ်နေရာ၌ တန်ခိုးရှင် နန်းတော်အလား တည်ဆောက်ထားသည့် ခြံဝန်း တစ်ခု ရှိ၏။ ဝေ့ဝူယင်၏ စံအိမ်ခြံဝန်းနှင့် မတူညီစွာပင် ဤနေရာသည် စိမ်းလန်းစိုပြည်သည့် ရေပန်းများ၊ အရောင်အသွေးစုံလင်သည့် နတ်ပန်းများ၊ ခမ်းနားထည်ဝါသော ငွေသားနန်းတော်တို့ဖြင့် ဖွဲ့စည်းထားသည်။

ထိုအရာကား နေသွေးနီနီဂိုဏ်း အဓိက တပည့် ကိုးယောက်အနက် တစ်ယောက်ဖြစ်သည့် ကျူးလန်၏ စံအိမ်ပင် ဖြစ်လေသည်။

All Chapters